''ဘာပြောတယ်... !!! ''
သီးသန့်ခန်းအတွင်း ဟိန်းထွက်သွားသော
အသံ....
''ဟုတ်တယ် Chanyeol..
ဒီပုံအတိုင်းသာဆို ငရဲပြည်ကို နောက်နှစ်ရက်အတွင်း သူတို့ရောက်လာလိမ့်မယ်... ''
Chanyeol ခြေမကိုင်မိ လက်မကိုင်မိဖြင့်
အံကြိတ်ကာသာ
ဟိုဟိုဒီဒီလျှောက်နေမိသည်...
ဘယ်လိုလုပ်ရမလဲ...
ဘယ်လိုဖြစ်ပြီး ဒီလောက်မြန်မြန်ကြီး ဖြစ်လာရတာလဲ....
ဒေဝယ္ခရဲ့အင်အားကို သိနှင့်နေပြီးသားဖြစ်နေသောကြောင့်
Chanyeol အလွန်အမင်းစိုးရိမ်နေမိသည်....
Light pearlကို သူတို့လက်ထဲမပါအောင် ထိန်းသိမ်းနိုင်ရင်
ရှုံးဖို့ရာခိုင်နှုန်းက 50 % ပဲရှိပေမယ့်
Light pearl သာသူတို့လက်ထဲပါသွားလျှင်
baekhyun တို့အရေးနိမ့်မည်မှာ
သေချာသလောက်ရှိသွားပေပြီ...
''Wu Yifan.. ''
ချက်ချင်းလှည့်ကြည့်လာသော yifan
မျက်ဝန်းတွေက
သူပြောမယ့်စကားတွေကို သိနေသောကြောင့်
ကြိုတင်တားမြစ်နေသည့် အရိပ်အယောင်တွေအပြည့်....
''အခုချက်ချင်း တပ်ကူတွေလွှတ်လိုက်ပါ.. ''
''Chanyeol !!! ''
အခန်းထဲရှိနေကြသော
Sehun,Suho hyung, Kai, Yifan တို့ ၄ယောက်လုံးစီမှ
အာမေဋိတ်သံထွက်လာကြသည်...
''ဒီလိုလုပ်လို့မဖြစ်ဘူးဆိုတာ မင်းသိတယ်လေ Chanyeol.... အောက်ဘုံနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အထက်ဘုံက ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာ မင်းသိသားနဲ့..
ပတ်သက်မိရင် ဘယ်လိုအပြစ်မျိုးဖြစ်မလဲဆိုတာ မတွေးမိဘူးလား ဟမ်... ''
စိုးရိမ်တကြီး သတိပေးလာတဲ့
Suho Hyung အသံကြောင့်
သူစိတ်တွေရှုပ်လာရပြန်သည်....
သူမသိသည်မဟုတ်...
ဒီလိုလုပ်ရင် ခံစားရမည့်အပြစ်သည်
ဆိုးရွားပြင်းထန်လွန်းကြောင်း သူသိသည်...
ပထမဆုံးအနေဖြင့်
နတ်အဖြစ်ကို စွန့်လွှတ်ရမည်..
ထို့နောက် ထိုသို့သော အပြစ်သားတို့အတွက်
သီးသန့်အပြစ်ပေးသော ငရဲတွင်
ကမ္ဘာတစ်သန်း ငရဲခံရမည်ဖြစ်ပြီး
ငရဲမှလွတ်မြောက်လျှင်လည်း
ဒုက္ခိတ လူသားဘဝကိုသာ ရရှိပေမည်..
ထို့မျှမက
ဘယ်သော အခါတွင်မှ နတ်စည်းစိမ်ကိုပြန်လည်ခံစားနိုင်တော့မည်မဟုတ်ဘဲ
လူ့ဘုံ ၊ တိရစ္ဆာန်ဘုံ နှင့် ငရဲ တို့တွင်သာ
သံသရာအဆက်ဆက်ကျင်လည်ရတော့မည်...
ဒါသူသိပြီးသားကိစ္စ....
သို့သော်ငြား
ငရဲပြည်သာ အရေးနိမ့်လျှင်
အုပ်ချုပ်သူ ငရဲမင်းသည်
ယခုကဲ့သို့ပင် ထပ်တူထပ်မျှသော အပြစ်ဒဏ်ကို
ခံစားရမည်ဖြစ်သည်.....
ဘယ်လိုပဲဖြစ်ဖြစ်...
ဘယ်လိုပဲတွေးတွေး ရင်နှင့်အမျှချစ်ရပါသော
အသက်သည်းညှာကို အပြစ်ဒဏ်မခံစားစေချင်ပါ.....
သူသာ ငရဲခံရလျှင် ....
ဆိုသည့်အတွေးသည် စိတ်ထဲတွေးကြည့်ရုံနှင့်ပင်လျှင် နာကျင်ရပါသည်....
မိမိအပေါ်သာ အပြစ်ဒဏ်ကျလျှင် ကျပါေ
စတော့.. ..
ချစ်သူကိုတော့ လွတ်မြောက်စေမည်....
''ကျွန်တော်သိတယ် Hyung .
ဒါပေမယ့်.. သူ.. သူ့ကိုတော့ ဒုက္ခ
မရောက်စေချင်ဘူး Hyung ရယ်.... ဒေဝယက္ခ
အကြောင်း Hyungလည်း သိရဲ့သားနဲ့ ''
ရင်မောစွာဖြင့် လေပူတစ်ချက်မှုတ်ထုတ်အပြီးမှာ အခန်းသည် ပကတိတိတ်ဆိတ်သွားသည်....
လူ့ဘဝကတည်းက ပေါင်းခဲ့ကြသော
သူငယ်ချင်းအရင်းကြီးတွေမို့
စိုးရိမ်ပူပန်မှုတွေက အားလုံးရဲ့မျက်နှာမှာ
အထင်းသား...
ဘယ်လိုစဉ်းစားစဉ်းစား တပ်ကူလွှတ်မှကိုရမည်....
Baekhyunအနေနှင့်
ဒေဝယက္ခ၏အင်အားကို ဘယ်နည်းနဲ့မှယှဉ်နိုင်မည်မဟုတ်....
သူ ချက်ချင်းပင် baekhyun ဆီဖုန်းခေါ်လိုက်သည်.....
ပထမတစ်ခါ
ဖုန်းဝင်သော်လည်း ဖုန်းမကိုင်...
ဒုတိယတစ်ခါ....
''တီ... ''ခနဲ မြည်သွားသော အသံလေးနှင့်အတူ
''Chan~ ''ဟူ၍ ထွက်လာသော
အသံလေးက သူ့စိတ်ထင် အရမ်းကို တိုးဖျော့နေသယောင်.....
''Baby...နေကောင်းရဲ့လား... '-
''အင်း.. နည်းနည်းတော့ပင်ပန်းနေတယ် Chan ရယ်... ငါစိတ်လည်း ပူနေတယ်.. သူ.. သူတို့က.... ''
ခပ်တိုးတိုးလေးသာ ကြားရသော အသံလေးကို
သူတကယ်အားမရပါ...
''အင်း.. ကိုယ်သိတယ်... အဲ့ဒါကြောင့်
ကိုယ်အခု တပ်ကူတွေလွှတ်လိုက်မယ်..'
''Chan !!! မင်းဘာပြောလိုက်တာ... မင်းဒီလိုလုပ်လို့မရဘူးဆိုတာမသိဘူးလား !! ငါ့ကိုဒေါသထွက်အောင်လုပ်နေတာလား Park Chanyeol!! ''
ခုနကထိ တိုးဖျော့လွန်းနေသော အသံသည်
တပ်ကူလွှတ်မည် ဟူသော သူ့စကားအဆုံး
ဒေါသသံသို့ ပြောင်းကာ ဝုန်းခနဲကျယ်လာခဲ့သည်.....
''မဟုတ်သေးဘူး Baby.. ကိုယ်လုပ်မှဖြစ်တော့မယ်.. အခြေအနေကိုသိရဲ့သားနဲ့ ... ''
ညာလက်ဖြင့်ကိုယ်ထားသည့်ဖုန်းကို
ဘယ်လက်ဖြင့်ပြောင်းကိုင်ပြိး
အနီးဆုံးထိုင်ခုံတစ်လုံးတွင် ထိုင်ချလိုက်သည်...
''မလိုဘူး Park Chanyeol.. ငါ့အခြေအနေကို ငါထိန်းနိုင်တယ်.. အဲ့ဒါကြောင့် ငါ့အတွက်မင်း
အနစ်နာခံစရာမလိုဘူး ~ ''
အနားသတ်တုန်ခါသွားသော အသံလှိုင်းလေးကို သတိထားမိလိုက်သည်....
စစ်ပွဲအတွက်စိတ်ပူနေတဲ့ ချစ်သူကို
ပိုပြီး စိတ်ပင်ပန်းအောင် ကိုယ်ကပါ ထပ်လုပ်မိပြန်ပြီလား....
''ကိုယ်ပြောတာ လက်ခံပါ Babyရယ်... ကိုယ်သူတို့ကို အထက်ကမသိအောင် လျှို့ဝှက်ပြီးလွှတ်လိုက်မှာမို့ မစိုးရိမ်နဲ့နော်...
ကိုယ်. ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်လို့ပါ အချစ်ရယ်~~ ''
ကျလုဆဲဆဲ မျက်ရည်တွေကို မျက်တောင်မြန်မြန်ခတ်ကာ သိမ်းလိုက်သည်...
မိနစ်အနည်းငယ်လောက် တိတ်ဆိတ်သွားသော လေလှိုင်းလေး...
''Chan... ပင်မ ဝင်ပေါက်တွေကို ခံစစ်အတွက်ပြုပြင်ထားတယ်... ငါ့နန်းဆောင်ရှေ့နားကို တိုက်ရိုက်လာဖို့အတွက် Do D.O. ကိုလာကြိုခိုင်းလိုက်မယ် ပြီးမှ တပ်တွေအတွက်နေရာချတာပေါ့ ''
အဟား.. လက်ခံလိုက်ပြီ..
သူလက်ခံလိုက်ပြီပဲ...
Chanyeol ပျော်လွန်းလို့ မျက်ရည်တောင်ကျမိသည်..
နောက်ဆုံးတော့ သူကူညီခွင့်ရသွားပြီ....
''ဟုတ်ပြီ Baby... ကိုယ်အခုလွှတ်လိုက်မယ်... ''
''အထက်ကမသိစေနဲ့နော်... ''
''စိတ်ချ... ချစ်တယ်နော်... ''
''အင်း... ငါရော ပဲ... ''
ဖုန်းကျသွားသံအဆုံး သူသက်ပြင်းခပ်တိုးတိုးခိုးချမိသည်...
''Yifan...တပ်သား တစ်သိန်းခေါ်ပြီး လျှို့ဝှက်လမ်းကြောင်း ကနေ အခုဆင်းပါ... ''
''Chanyeol ... မဖြစ်.... ''
''ငါ သိကြားမင်း အမိန့်ပေးတယ်...
ကောင်းကင်စစ်သူကြီး အမိန့်နာခံစေ..
အခုချက်ချင်း တပ်သား တစ်သိန်းနဲ့အတူ
ငရဲပြည်ကို တပ်ကူအနေနဲ့ သွားစေ... ''
အမိန့်ဟူသော စကားအဆုံး
Wu Yifan ချက်ချင်းထကာ ဂါရဝပြုသည်.
''အမိန့်ကိုနာခံလျက်ပါ အရှင် ''
လှည့်ထွက်သွားသော Yifanကို
မျက်စိတစ်ဆုံးကြည့်နေမိသည်...
သူကြည့်နေစဉ်မှာပင်
အခန်းထဲက အလျှိုလျှိုထွက်သွားကြသော
သူ့သူငယ်ချင်းတွေ....
နောက်ဆုံးတော့
ဘယ်သူမှမရှိတော့သော အခန်းလေးတွင်
သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်....
စားပွဲပေါ်တင်ထားသော Baekhyunရဲ့ဓာတ်ပုံလေးက သူ့ကို ပြုံးပြနေသည်....
လှလိုက်တာ အချစ်ရယ်...
ငါ.. မင်းကို ချစ်လိုက်တာ.......
ဓာတ်ပုံလေးကို လက်မလေးနဲ့ အသာလေး
ပွတ်သပ်မိလိုက်စဉ်မှာပင်
ဓာတ်ပုံလေးပေါ် ကျရောက်လာသော
ရေစက်ကလေးတစ်စက်....
ထို့အတူ ပါးပြင်ပေါ်ခံစားနေရသော
ခပ်နွေးနွေးနဲ့ စိုစွတ်နေသော အထိအတွေ့လေး...
ချစ်တယ်...ဆိုသော စကားကို
သူ့အားနောက်တစ်ကြိမ်ပြောပြခွင့်
ရနိုင်ဦးမလား... ရနိုင်ပါ့မလားလေ...
အခွင့်အရေးရှိသေးရင်...
ပြန်တွေ့ဖြစ်ဦးမယ်ဆိုရင် ....
သေချာပေါက် ထပ်ပြောဦးမယ် Byun..
အဲ့ဒီ့အခါ
မင်းက နားညီးတယ်လို့ မပြောရဘူးနော်....
ထိုနေ့က လူ့လောကတစ်ခွင်
မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါ၏....
*********** **************
တပ်သားတစ်သိန်းကို ဦးဆောင်လာသော Yifan...
''စစ်သူကြီး... တာဝတိံသာက တပ်ကူတွေကို နေရာချပေးလိုက်ပါ...''
တပ်သားတွေကို လက်လွှဲယူပြီးနောက် Yifan ကိုခေါ်ကာ နန်းဆောင်ဆီသို လျှောက်လာခဲ့သည်....
''အရင်တစ်ခါကနဲ့မတူတော့ဘူးနော်... ''
ပတ်ပတ်လည်ကို လိုက်ကြည့်ကာ
ပြောသော Yifan...
''အင်း... ဘီလူးတွေရောက်လာတော့မှာဆိုတော့ နန်းဆောင်ကိုလည်း ပြန်ပြီးပြင်ရတယ်လေ... ဒီမှာ လျှို့ဝှက် လက်နက်တွေအများကြီးမြှုပ်ထားတယ်... အဲ့ဒါကြောင့် ငါ့နောက်ကပဲ အသာလိုက်ပါ.. မတော်တဆ ခလုတ်တွေနင်းမိမှာစိုးလို့.... ''
နောက်ကလိုက်လာသော Yifanကို စောင့်ခေါ်ရင်း ခပ်ဖြေးဖြေးသာ လျှောက်ဝင်သွားလိုက်သည်....
''မင်းပြန်ဦးမှာလား.. ''
ဧည့်ခန်းထဲထိုင်ရင်း မေးလိုက်တော့
Yifan က ခေါင်းငြိမ့်ပြသည်....
''ငါပြန်ရမှာပေါ့... ဟိုမှာ ငါမရှိရင် အကုန်ပေါ်ကုန်လိမ့်မယ်.. ''
Yifanစကားကို ထောက်ခံကာ
ခေါင်းကိုခပ်ဖြေးဖြေးညိမ့်နေမိသည်...
ဟုတ်တာပေါ့...စစ်သူကြီးမရှိလို့ဘယ်ဖြစ်မလဲ...
''မင်း လျှောက်ကြည့်ပေးမလား.. လိုအပ်တာလေးတွေ အကြံပေးလို့ရတာပေါ့... ''
''Okလေ.. ''
Yifan ကို ခေါ်ကာ အရင်ဆုံး နန်းတော်အပြင်ထွက်လိုက်သည်...
ဂိတ်ဝရောက်တော့ လက်ထဲကိုင်လာတဲ့
iPadလေးကိုဖွင့်ကာ နံပါတ်အချို့ကိုနှိပ်လိုက်တော့
သူတို့လျှောက်လာတဲ့ လမ်းကနေ ဓားတွေမိုးပေါ်ထောင်ထွက်လာသည်....
အခြားနံပါတ်အစီအစဉ်တစ်ခုကို နှိပ်လိုက်ပြန်တော့ တံတားကြီးချက်ချင်းပျောက်သွားသည်...
တံတားအောက်မှ အသင့်ရှိနေတဲ့ ချော်ရည်ပူတွေက နီရဲကာ ပွက်ပွက်ဆူလျက်....
Yifan ကြက်သီးထသလို ပုခုံးတွန့်သွားတော့
သူတစ်ချက်ရယ်မိသည်....
ထို့နောက် အခြားနေရာတွေကိုပါ ခေါ်သွားကာ
ပြင်ဆင်ထားသော အခြေအနေတို့ကိုရှင်းပြတော့
လိုအပ်ချက်တို့ကို အကြံပေးသော Yifan...
အချိန်အတော်ကြာ သူတို့စစ်ဆေးစရာရှိတာစစ်ဆေးပြီးနောက် Yifan က နှုတ်ဆက်ကာ
ပြန်တော့မည့်ဟန်ပြင်သည်...
သူသတိရလိုက်သည်က Chanyeol...
''Yifan.. '
''အင်း.. baekhyun.. ''
''Chan.... Chan လေ.. သူအဆင်ပြေပါ့မလားဟင်..... ''
ကျွန်တော့်အမေးကို သူက သက်ပြင်းတစ်ချက်ဖြင့် အရင်တုံ့ပြန်သည်...
''မပြောတတ်ဘူး Baekhyun.. သူက ခေါင်းမာတယ်... ငါတားသေးတယ်.. ဒီလိုမလုပ်ဖို့.. ဒါပေမယ့်.. သူ..ဘာပြောလဲသိလား...''
'ဘာ ပြောလဲ.....''
Yifan သက်ပြင်းထပ်ချသည်...
ထို့နောက် ကမ်းပါးတစ်ခုဆီမှ အရှိန်အဟုန်ဖြင့်စိးကျနေသည့် ချော်ရည်ပူတွေဘက်မျက်နှာလှည့်ကာ.....
''သူရယ်လေ....
မင်းကိုဘာမှမဖြစ်စေချင်လို့ပါ တဲ့..
သူမင်းကို သိပ်ချစ်ရှာတာ... ''
ကိုယ်ခံရမယ့် အပြစ်ဒဏ်ကို သိရဲ့သားနဲ့
ငါ့ကို ကူညီရသလား Chanရယ်....
အဲ့သလောက် မချစ်ပြစမ်းပါနဲ့..
တစ်ယောက်တည်းထားခဲ့ရမှာကို
စိတ်မချအောင် မလုပ်စမ်းပါနဲ့....
Yifan ဘယ်အချိန်ထွက်သွားသလဲတောင်
မသိလိုက်အောင် ထိုနေရာတွင်ပင်
သူငိုင်ကာ ရပ်နေမိသည်...
ရှုံးဖို့ 60%သေချာနေတဲ့
စစ်ပွဲကို ငါအသေခံတိုက်ရမှာ Chan...
အကယ်၍များ...
ငါ ရှုံးခဲ့ရင်...
ငါပျောက်ကွယ်သွားတဲ့အခါ ...
မင်းကတော့ သေချာပေါက် ဆက်ပြီး ရှင်သန်နေရမယ်နော်....
ကြံ့ခိုင်နေပေးပါ Chan....
. ခံနိုင်ရည်ရှိပေးပါ.....
ငါစိတ်ချ ချင်လို့ပါ...
*********Park သိကြား **********