"သူငယ္ခ်င္းေတြ သြားျကိုမယ္ဆိုတာလည္းသူတို့ သိတာပဲလား"
ဖုန္းပြတ္ရင္း ပြစိပြစိလုပ္ေနေသာ P'အြိုင္ကို
ျပံဳး၍သာ ျကည့္ေနလိုက္သည္။
"ဒီ Knights' Mama ဆိုတဲ့ တစ္ေယာက္ကလည္း အခုေနာက္ပိုင္း တကယ္ ဆရာျကီးျဖစ္
လာတယ္။"
"ဟိုတေလာတုန္းက ေဆးရံုက videoတင္လိုက္တဲ့ တစ္ေယာက္လား"
"ေအး...သူေျပာတာ ေတာ္ေတာ္မ်ားမ်ားေထာက္ခံလာျကတာ မနည္းဘူး...သူ့ကိုသိလား Nong...သူ့လက္ထဲမယ္ Nongလည္းတကယ့္ တစ္ဖက္သတ္သမားျဖစ္ေနျပီ"
"ဒီလိုပါပဲ...Fanေတြထဲမွာ ကေလးေတြမ်ားေတာ့ တစ္ေယာက္ေယာက္က ေကာက္ခ်က္
ေတြဆြဲျပလို့ ခိုင္လံုတယ္ဆိုရင္ အဲ့လူကFandomထဲဆရာပဲ။ သူက အတြင္းထဲကလူလို ပံုစံျဖစ္ေနေတာ့ ပိုျပီးဝန္းရံျကတာေပါ့"
ကိုယ္၏ ဘာသာစကားကြ်မ္းက်င္မႈကို P'အြိုင္ေရွ႕ ထိမ္ခ်န္မေနေတာ့ပါ။
ဖုန္းပြတ္ရင္း သတင္းအခ်က္အလက္ မျပတ္ေလ့လာတတ္၍ အခ်ိန္အခါနဲ႕ ကိုက္ညီေအာင္
ေနတတ္ေနျပီျဖစ္ေသာ P'အြိုင္သည္ မန္ေနဂ်ာေကာင္းတစ္ေယာက္ျဖစ္ေနျပီ။
"P' အြိုင္ တို့ သူငယ္ခ်င္းေတြ စံုမယ့္ေန့ကိုေခၚထုတ္လာရတာ အားနာတယ္။ ဒါေပမယ့္
fanေတြပါ ရွိေနမယ္ျကားတာနဲ႔ ကိုယ္လည္းတစ္ေယာက္တည္း Airportသြားဖို့ အဆင္မ
ေျပႏိုင္လို့ ေခၚလိုက္ရတာ"
"ရပါတယ္။ ညီက မေတြ႔ရတဲ့လူမွ မဟုတ္တာအခုက သူ့မိသားစုနဲ႔ သူရွိေနမယ့္ ငါ့သူငယ္ခ်င္း
ထက္ ငါ့ မင္းသားက ပိုအေရးျကီးတယ္"
"ဟား...ရင္ေတာင္ခုန္ပါတယ္ဗ်ာ"
ကိုယ္သေဘာတက်ရယ္ေတာ့ သူမပါ လိိုက္ရယ္သည္။
"ဒါနဲ႔ အခ်ိန္ရရင္ Pတို့အိမ္မွာ ထမင္းဖိတ္ေကြ်းခ်င္တယ္...Paw က Nongကိိုေက်းဇူး
တင္စကားေသခ်ာေျပာခ်င္လို့တဲ့"
"အာ...မလိုပါဘူးဗ်ာ။ Pawသင္တန္းတက္ရတာ အဆင္ေျပတယ္တဲ့လား"
"အင္း ေပ်ာ္ေနတာပါပဲ။ ေလာေလာဆယ္ သူသင္တန္းမွာ လုပ္ျပီးသားေတြ သယ္လာျပီး
အတင္းေကြ်းေကြ်းေနလို့ ငါ ဗိုက္ေခါက္ေတာင္ထြက္ခ်င္ေနျပီ"
"ထြက္လာတဲ့ အေခါက္ကိုပါ လွီးျပီး ဒင္းဆန္းလုပ္ ဟား ဟား...ဟား ဟား"
ဒီတစ္ခါေတာ့ တကယ္ကို ကားမိုးေပါက္ထြက္ေအာင္ ေအာ္ရယ္မိသည္။ ထိုအခါ သူ့ကိုေလွာင္
သည္ ဟူေသာ ျပစ္ခ်က္ျဖင့္ ကားေမာင္းေနေသာ ကိုယ့္ကို တစ္ျဖတ္ျဖတ္လွမ္းရိုက္၏။
"P...ကားေမာင္းေနတာေနာ္။ ကား အသစ္စက္စက္ေလးနဲ႔ ေတာ့ မသာေခ်ာေခ်ာေလးမေပၚ
ခ်င္ဘူး"
ထိုအခါမွ ရိုက္တာရပ္သြားေတာ့သည္။
"ကားဝယ္တာလည္း ကေလးကစားစရာဝယ္သလိုကို သြားဝယ္လိုက္တာပဲ။"
"အင္း ေန့လည္က တစ္ေယာက္တည္းပ်င္းေနတာနဲ႔...အစက စမ္းေမာင္းျကည့္ရံုသြားေပမယ့္
တကယ္ေမာင္းျကည့္ေတာ့ ျကိုက္သြားတာနဲ႔ျသ...ဒါနဲ႔ P' အသိထဲမွာ အိမ္ျခံေျမ အက်ိုးေဆာင္ ရွိလည္း ေျပာပါဦး"
"ဘာလဲ Condo ဝယ္ခ်င္လို့လား"
"မဟုတ္ဘူး။ ျခံဝန္းန႔ဲ အိမ္တစ္လံုးေလာက္လိုခ်င္လို့"
"ျခံနဲ႔ အိမ္ေတြက တအားေစ်းျကီးတာေနာ္
P တို့ နိုင္ငံမွာပဲ ေနေတာ့မလို့လား။ အိမ္ေတြ
ကားေတြ ဝယ္ျပီး"
"ဟက္"
ေလဆိပ္ဝင္းထဲ ေရာက္ေနသည္ေရာ ကားParking ေနရာရွာေနသည္ကို
အေျကာင္းျပ၍ P'အြိုင္ ေမးခြန္းအား ျပန္မေျဖ
ျဖစ္ေတာ့။
"ကြက္တိပဲ...Landing ျဖစ္ေနျပီ"
ေလဆိပ္ထဲေရာက္သည္ႏွင့္ ျကိုေစာင့္
ေနေသာFan site Master မ်ားႏွင့္ ဆံုသည္။
လက္ေဆာင္ေတြကို ယူရင္း...
"ေနာင္ တကူးတက မဝယ္နဲ႔...ကိုယ့္ မုန့္ဖိုးေတြကိုယ့္ဘာသာသံုး" စသည္ျဖင့္ ဆံုးမစကားေျပာ
ရေသးသည္။
အတူတူရပ္ေစာင့္ေနရင္းမွသူတို့၏ ရစ္လံုးေတြကို ေျဖရေသးသည္။ Seriesကလည္း တစ္
ဝက္ေလာက္ေရာက္ေနျပီမို့ ညီ နွင့္ kissingခန္းသည္လည္း ထုတ္လႊင့္ခ်ိန္နီးကပ္လ်က္ Ent official wesiteေတြမွေန၍ လည္း spoilerမ်ားတက္ေန၍ အားလံုးက အသည္းတယားယားႏွင့္ကို ေစာင့္ေမွ်ာ္ေနၾကခ်ိန္
အခုတည္းက ေရာက္ေလရာ အေမးခံေနရ
ေတာ့သည္။
''ေဟာဗ်ာ... ည့ီကို ေတြ႔မွ ေမးၾကေလဗ်ာ"
"ဟင့္အင္း ဇာတ္အရ P Rain အရင္စနမ္းတာလို႕ ေျပာထားတာP Rain အရင္ေျဖ"
ေခါင္းကုတ္ဖင္ကုတ္လုပ္ေနရသည္။ ေခါင္းငံု႕ကာ ရွက္ရယ္ရယ္ရသည္။
"ဘာ အရသာ ရွိလဲ ဟင္"
"ဘာကလဲ"
"ရိုးတယ္ကြယ္ P'Nineက ဘာအရသာရွိလဲ"
"ဟာ ဒါေတြေျဖလိုက္ရင္ အခန္းျပန္ေရာက္ရင္ ညီ့ P ကို သတ္မွာေပ့ါ...ညီ နဲ႔ အတူတူ မွေျဖမယ္ေနာ္"
"မရဘူး အခုေျဖ... ဒါသိခ်င္လို႔ အတူတူလာေစာင့္ေပးေနၾကတာ"
"ေဟာ...ဒါတကယ္ဆို P ေျကကြဲျပီ Nongတို႕ ။ P ကို စိတ္မခ်လို႕ လာေစာင့္ေပးၾကတာ မဟုတ္ဘဲ
P ကို အျကပ္ကိုင္ေမးဖို႕ ဆိုရင္ေတာ့ တကယ္ေျကကြဲျပီ"
ဖိနပ္ဦးခြ်န္ကို ျကမ္းျပင္ႏွင့္ ဖိက်ိတ္ရင္း ေခါင္းငံု႕ကာ ခပ္ေအးေအးေျပာလိုက္ျပီး အညွာကိုင္ျကည့္
လိုက္သည္။ ဒီကေလးမေတြ အသည္းအေျခအေန ကိုယ္အသိဆံုးေလ။ ခ်က္ခ်င္းဆိုသလို ဝိုင္း
ေတာင္းပန္ၾကသည္။
"P ဟိုမွာထြက္လာျကျပီ"
"အင္း...သြားျကိုလိုက္ဦးမယ္။ ေက်းဇူးျပဳျပီး ဒီ
ေကာင္ေတြေရွ႕မွာ ညီ့နဲ႕ Pအေၾကာင္းေတြ မ
ေမးနဲ႕ေနာ္။
သူငယ္ခ်င္းေတြ ေရွ႕မွာေတာ့ P ရွက္လို႕"
အားလံုးနားလည္ေၾကာင္းဝိုင္းေအာ္ၾက၍ ေဘးမွ ျဖတ္သြားေသာ ႏိုင္ငံျခားသားခရီးသည္ေတြပင္
လန္႕သြားၾကသည္။ တစ္ခ်ိဳ႕ကလည္း without makeup ႏွင့္ ကိုယ့္ကို မမွတ္မိရာမွ ျပန္လွည့္ၾကည့္ျပီးမွ
ကိုယ္မွန္းသိသြားၾကျပီး ဓာတ္ပံုလာရိုက္သူမ်ားလည္းရွိသည္။
"ဟာ... ပန္းစည္းေတြ ဘာေတြနဲ႕ေတာင္ ျကိဳဖို႕မလိုပါဘူး ငါ့သားရာ"
ျမင္ျမင္ခ်င္းထေဖာက္ေသာ ျဖိဳးေဇာ္သည္ လက္ထဲမွ ပန္းစည္းၾကီးကို လွမ္းယူဖို႕ၾကိဳးစားေန၍
ခ်က္ခ်င္းေနာက္မွာ ဖြက္လိုက္ရသည္။
"ေသေလ...ဒါ ငါ့ knights ေတြေပးထားတာ။"
"မင္း အသဲေလး မပါဘူးလား။"
"ရွဴး တိုးတိုး ဘယ္လိုျဖစ္ေနလဲ မင္းတို႕"
ပါးစပ္စည္းမေစာင့္ေသာ ေကာင္ေတြကိုို ဖေနာင့္တစ္ခ်က္စီေကြ်းလိုက္သည္။
"ေခ်ာလာလုိက္တာ ငါ့ေကာင္ေရ... ငါ ဒီကို မလာခင္ ငါ့ေစာ္အသစ္ေလးကို ျဖတ္ခဲ့တာ မွန္သြားျပီ"
"ေသမလို႕လား"
သူငယ္ခ်င္းမ်ားႏွင့္ လံုးေထြးေနေသာ ကိုယ့္အား ဓာတ္ပံုေတြ တျဖတ္ျဖတ္ရိုက္ေနၾကတာ ေတြ႕မွ ခုနက ေပါက္လြတ္ဗလဖြာ ေလွ်ာက္ေအာ္ေနၾကေသာ ေကာင္ေတြအကုန္ အာေစးမိကုန္ၾကေတာ့၏၊
"ငါတို႕က မင္းတစ္ေယာက္တည္း လာတယ္ထင္လို႕" ဘာညာေတြ ျဖစ္ကုန္ၾကေတာ့သည္။ ေျပာပါတယ္္ ကိုယ္က knights' ဆိုတဲ့ဆိုေသာ စကားေနာက္က ျဖစ္တည္ျခင္းကို လိုက္မေတြးႏို္င္ခင္ ကိုယ့္ကို မထိတာ အေကာင္းဆံုးပင္။
ပိုင္စိုးပိုင္နင္းႏွင့္ ပုခံုးဖက္ထားေသာ ေကာင္ေတာင္ လက္ပဲ ျပန္ရုတ္ရမလိုလို ျဖစ္သြားေလာက္သည္အထိ စစ္သမီးပ်ိဳမ်ား၏ အၾကည့္သည္ စူးရွလြန္းလွသည္။
"လာ...မိတ္ဆက္ေပးမလို႕ ဒါ င့ါ P...အိြဳင္ လို႕ ေခၚလို႕ရတယ္။ မင္းတို႕ ေခၚတတ္မွာလည္း မဟုတ္လို႔နာမည္ အျပည့္အစံုေတာ့ မေျပာေတာ့ဘူး။
အျမင္ကတ္တယ္ဟူေသာ အၾကည့္ေတြသည္ ဂိတ္မဆံုးခင္ မန္ေနဂ်ာ မမေခ်ာေခ်ာ၏ ဆာဝါဒီခ ေအာက္မ်က္လံုးတို႕ ပန္းဝင္သြားသည္။ ဟုတ္တယ္ ေသပန္းဝင္သြားၾကတာ။
"မိုးစက္...သူက သူက ဟိုႏွစ္က ကလပ္မွာ..."
ေတာ္ပါတယ္ ေမာင္ေျပသိမ္းေလးေရ...မင္း မွတ္ဥာဏ္ေလးေတာ့သံုးစားလို႕ရသား။ ဒါေၾကာင့္ ငါတို႕ Majorရဲ႕ roll one ကို ရက္ရက္ေရာေရာ ေပးထားလိုက္တာ။ အိြဳင္သည္လည္း ခုမွ အမွတ္ရသြားဟန္ျဖင့္ မ်က္လံုးတို႕ ဝို္င္းစက္သြားခ်ိန္ မည္သူမွ မတံု႕ျပန္ႏို္င္ခင္ အားလံုးကိုယ္စီ သိသြားၾကသည္ႏွင့္တစ္ျပိဳင္နက္ ဆာဝါဒီခ ပီ
လိုက္ၾကေတာ့ အိြဳင္လည္း ျပန္ ခ ရေတာ့သည္။
"P အိြဳင္...ကိုယ့္ကားယူသြားလိုက္ေနာ္။ Nong ဒီေကာင္ေတြနဲ႕ပဲ hotel ျပန္လိုက္ေတာ့မယ္"
"အင္...မဟုတ္တာ။ P လိုက္ပို႕ ေပးမယ္ေလ။ ဒီေန႕မွ ဝယ္ထားတဲ့ကားကို... "
"ရတယ္။ Pသြားစရာရွိတာသြားေလ။ သူငယ္ခ်င္းေတြနဲ႕ night out ထြက္ခ်င္လည္း ထြက္ေပါ့"
"P အိိမ္ကိုပဲ ျပန္မွာ ကားငွားလိုက္လည္း ရတာကို... "
"မငွားနဲ႕ Nong စိတ္မခ်ဘူး ။ ယူသြားလို္က္ မနက္မွ Hotel လာရင္းယူလာခဲ့လိုက္"
လက္ထဲ ကားေသာ့အတင္းထည့္ေပးေတာ့ ေက်းဇူးတင္ေသာ မ်က္လံုးမ်ားျဖင့္ ေမာ့ၾကည့္ေနေသာ အြိဳင္အား အားက်ေနေသာ အၾကည့္ပိုင္ရွင္ေလးေတြကိုလည္း တစ္ခုခုစီစဥ္ေပးရဦးမည္။
"Nong တို႕ ျပန္ျကမယ္။ ကားပါလာလား"
"မပါဘူး။ လိုင္စင္ေတာင္ မေအာင္ေသးဘူး"
စသည္ျဖင့္ ေအာ္ေနၾက၍ တိုးတိုးတိတ္တိတ္ေနၾကဖို႕ ဟန္႕ရေသးသည္။ အားလံုးၾကည့္ေတာ့ ၁၀စြန္းစြန္း။
"P ကားငွားေပးလိုက္မယ္ ျပန္ေတာ့။ လာ အားလံုးလာ"
ကေလးထိန္းျဖစ္ေနေသာ ကိုယ့္အား ဟိုသေကာင့္သားေတြအံ့ၾသေနၾကရွာသည္။ ဓာတ္ပံုေတြထဲမွာ မဟုတ္ဘဲ
ကိုယ္ေတြ႔ အေကာင္လိုက္ျမင္ေနရသျဖင့္ ဘာမွဝင္မပါရဲၾက။ သူ႕အရပ္ သူ႕ဇာတ္မွာ ကားလိပ္ဝင္ဆဲြရင္ ေသမွာ
သူတို႕သိတယ္ေလ။
"P...P Nine ကိုလည္း အဆက္အသြယ္လုပ္ေနာ္။ သူငယ္ခ်င္းေတြနဲ႕ ေပ်ာ္ေနျပီး P Nineကို ပစ္မထားနဲ႕ေနာ္
မိသားစုေတြ သူငယ္ခ်င္းေတြနဲ႕ ရွိေနလည္းသူ Pကို သတိရေနမွာ Pသိတယ္မလား"
တတြတ္တြတ္မွာၾကားေနသူေတြ စိတ္ေက်နပ္ေအာင္ ေခါင္းညိတ္ျပရင္း P အိြဳင္ကို အမွတ္မထင္ၾကည့္မိေတာ့
ေငးၾကည့္ေနေသာ မ်က္ဝန္းမ်ားႏွင့္ ဆံုသည္။ ကိုယ္ မရည္ရြယ္စြာေခါင္းငံု႕လိုက္မိရင္း ေျခလွမ္းေတြကိုသာ ပို၍ ခ်ဲေလွ်ာက္မိသည္။ အလိုက္သိေသာ သူငယ္ခ်င္းေတြသည္လည္း ကိုယ့္ေျခလွမ္းေတြႏွင့္ အမွီလိုက္ေပးသည္။ ဘာပဲေျပာေျပာ ဒီလိုေကာင္ေတြေဘးမွာရွိေနတာ ဘဝကိုေနေပ်ာ္ေစသည္။၏
မွန္ေရွ႕တြင္ ရွိေနေသာ ကိုယ့္ကိုကိုယ္ ျပန္ၾကည့္မိသည္။ ေသသပ္စြာ ျဖီးသင္စရာမလိုေလာက္ေအာင္ ပံုက်ေနေသာ ဆံပင္ နက္နက္ေတြသည္ ပံုေဖာ္ထားေသာ မ်က္ခံုးေပၚ တိတိရိရိႏွင့္ ညီညီညာညာ က်ေနေသးသည္။ Skincare ဗူးေတြ သယ္လာျဖစ္သည္အထိ ကြ်န္ေတာ္သည္ အလုပ္အေပၚရူးသြပ္လြန္းေနျပီလား
ကိုယ့္ကိုကို္ယ္ ျပစ္ခ်က္မရွိ ေနထို္င္ျခင္းကိုက ကြ်န္ေတာ္တို႕အလုပ္ေတြထဲက အလုပ္တစ္ခုျဖစ္ေနေလေတာ့...
"သားကေလ ထိရက္စရာမရွိဆိုတာမ်ိဳးလုို ျဖစ္ေနျပီ"
မရဲတရဲဆိုေသာ အမူအရာႏွင့္ တိုးလို႔ကပ္လာေသာ တီလတ္ကို ေထြးေပြ႔ေပးလိုက္သည္။ တကယ္တင္းတင္းၾကပ္ၾကပ္္ဖက္ထားေသာ ကိုယ့္လက္ေမာင္းေတြၾကား မေနတတ္စြာ ရုန္းေနေသးသည္က စိတ္မေကာင္းစရာပါ။
"တီလတ္ကိုယ္က ေခြ်းေတြနဲ႕ သားရဲ႕... "
ငယ္ငယ္တည္းက ထမင္းဝါးေကြ်းလာသူသည္ ခုေတာ့ ကိုယ့္နားကပ္ဖို႕ ပင္ တြန္႕ဆုတ္ဆုတ္ျဖစ္ေနပံုေတြ
ျမင္ရတာ မေန႔ကတည္းက အဆင္မေျပပါ။
"ကြ်န္ေတာ္က တီတို႕ရဲ႕ ကေလးပါပဲ...တီတို႕လက္ေပၚမွာ ၾကီးျပင္းခဲ့တဲ့ကေလးတစ္ေယာက္လိုပဲ ဆက္ဆံေပးပါ"
ထိုအခါမွ ခါးကေန သိမ္းက်ံဳးတိုးဖက္ရင္း...
"ငါ့သားကိုယ္က ေမႊးေနတာပဲ...တီလတ္က ၾကက္ေၾကာ္ေညွာ္န႕ံစြဲေနလိုု႕ သားကို အားနာေနတာ"
"ဘာျဖစ္လဲ တီလတ္ရာ ဒီအန႔ံကို ကြ်န္ေတာ္ ၾကိဳက္တယ္။"
ဒီငါးရက္အတြင္း အိမ္ရွိလူကုန္နဲ႕ အရင္လို ျပန္ျဖစ္ေအာင္ၾကိဳးစားဖို႕ အခ်ိန္ေလာက္မွေလာက္ပ့ါမလား။ မေန႕ညတည္းက ဒီအိမ္ရဲ႕ အထူးဧည့္သည္တစ္ေယာက္လိုေတာင္ မဟုတ္ အိမ္ရွင္လူၾကီးမင္းျပန္လာသည္ကို ၾကိဳဆိုၾကေသာ အိမ္ေစာင့္မိသားစုေလးလိုျဖစ္ေနၾကသည္။ ကိုယ့္အတြက္သီးသန္႕ထားထားေသာ အခန္းကို ဘယ္သူမွ အသံုးမျပဳၾကဘဲ ေမႏွင့္ ၾကီးေမသည္ သာ အတူတူတစ္ခန္းအိပ္လ်က္ တီလတ္ႏွင့္ တီငယ္သည္ ဧည့္ခန္းထဲတြင္သာ အခင္းခင္းျပီးအိပ္သည္ဆိုတာမ်ိဳးၾကားခ်ိန္ ဖြယ္ဖြယ္ရာရာ ခ်က္ျပဳတ္ျပင္ဆင္မႈမ်ားကို ျမိဳခ်၍ပင္ မရေတာ့။
ဒီငါးရက္ျပီးရင္ေရာ အားလံုးပံုမွန္ျပန္ျဖစ္သြားသည္ပဲထား...ကိုယ္ ဘယ္ေသာအခါမွ ဒီအိ္မ္ကို ျပန္လာရမွာလဲ ေနာင္ေျခာက္လလည္း ျဖစ္ႏို္င္သလို ေနာက္ထပ္တစ္ႏွစ္ၾကာသြားသည္မ်ိဳးလည္း ရွိႏိုင္သည္။ Rainေျပာဖူးသည္ကို သတိရသည္။ သူအိမ္ျပန္လည္း ၾကိဳေနမည့္သူ မရွိ၍ အခု ကိုယ့္ကို ၾကိဳေနေပးမည့္လူေတြရွိျခင္းက ညီ ကံေကာင္းလြန္းေနျပီဟု ေျပာခဲ့ဖူးသည္။ အမွန္ေတ့ာ... အိမ္ျပန္ရင္ ပံုမွန္အေျခအေနမွ ျပန္ျဖစ္ႏို္င္ပါ့မလား စိုးရိမ္ေနေသာ ကြ်န္ေတာ့္ကို ႏွစ္သိမ့္ေပးခဲ့ျခင္းပင္။
ဒီေကာင္ေလး အခုဘယ္ေလာက္ေတာင္ ကဲေနျပီလဲ။ Instagram မွာ Airport ကပံုေတြၾကည့္ျခင္းျဖင့္ ဘယ္ေလာက္ေပ်ာ္ေနလဲ သိသာသည္။ ဒါလည္း ငါ့အလုပ္မဟုတ္ဘူး။ လြမ္းေနမွာ ဘာညာနဲ႕ camera ေရွ႕မွာ လုိ မူးမူးနဲ႕ ေလွ်ာက္ေျပာတာ။ ဒီေကာင္လား ကြ်န္ေတာ့္သတိရမွာ
"တီလတ္ ပယင္းတို႕ အိမ္သြားရင္ ဒါဝတ္သြားမလို႔ အဆင္ေျပလား"
အျဖဴေရာင္ shirt ကို ၾကည့္ရင္း အားပါးတရ ေခါင္းညိတ္ျပသည္။
"ဘယ္အခ်ိန္သြားမွာလဲ...သား"
"တီငယ္ ျပန္လာတဲ့အခ်ိန္သြားမွာ... "
"သား ထမင္းစားလို႕ ရျပီ။ ေရခ်ိဳးျပီးျပီမလား"
အခန္းထဲဝင္လာေသာ ၾကီးေမသည္
"ဟယ္...ငါ့တို႕ သားေလးေမႊးေနတာပဲ"
ၾကီးေမကေတာ့ တီလတ္လို တြန္႕ဆုတ္ဆုတ္ျဖစ္မေန။ ခ်က္ခ်င္းကို လွမ္းဖက္ရင္း ခပ္ဖြဖြနမ္းေမႊးျခင္းသည္ ကြ်န္ေတာ္သိတတ္စ အရြယ္က အတိုင္းမေျပာင္းလဲေသး။
"ဘာေတြလိမ္းထားတာလဲ။ သစ္သီးနံ႕ေလး"
"ဘာမွ မလိမ္းထားပါဘူး ဗ်ာ။ ဆပ္ျပာနံ႔"
ထမင္းဝို္င္းထို္င္ေနေသာ္လည္း သူတို႔စားသည္က နည္းနည္းသာ။ အားလံုးက ကြ်န္ေတာ့္ ပန္းကန္ထဲကိုသာ အျပိဳင္ထည့္ေနၾကသလိုပင္။
Lineေပၚမွာပင္ အစေပ်ာက္ေအာင္ေသာင္းက်န္းေနသူကို ဖုန္းဆက္ေမးရရင္လည္း အဘိုးၾကီးနဲ႕တူတယ္ ဘာညာႏွင့္ ခနဲ႕တဲ့့တဲ့ေတြ ေျပာတာမခံႏို္င္၍ ဖုန္းကို အံဆြဲထဲ ထည့္ရင္း ေမ့နား ကပ္ေနမိသည္။
"သား ကို သူတို႕ေတြ ဘာေတြပဲေျပာေျပာ စိတ္ေအးေအးထားျပီး သာေနေနာ္။ ခ်ီးက်ဴးစကားပဲ ျဖစ္ျဖစ္ ဘာေတြပဲေျပာေျပာ အျပံဳးမပ်က္ေနေနာ္။"
"ဒီအတိုင္း သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ ညစာသြားစားတယ္ေလာက္ပဲ စိတ္ထဲထားထားတယ္"
ငံုံံ႔ၾကည့္ေနေသာ ေမ့ ကို အၾကည့္လႊဲခ်င္၍ ေမ့ ေပါင္ေပၚတြင္သာ ေခါင္းတင္ကာ မ်က္လံုးမ်ားမွိတ္ထားရင္း ဆံပင္ေတြၾကားမွ ေမ့လက္ေခ်ာင္းမ်ား၏ အေႏြးဓာတ္ကိုသာ ခံယူေနလိုက္သည္။
"ဒီကို ေျပာင္းလာျပီးတည္းက ကားသံေတြကို မၾကားရတာၾကာျပီ။ Medical checkup သြားလုပ္တဲ့ ေန႔ေတြဆိို လမ္းေပၚက ကားသံေတြက အရမ္းဆူေနသလိုပဲ"
"ေမ ဒီမွာေနရတာ ပ်င္းေနမွာေပါ့။ အရင္ရပ္ကြက္ထဲမွာလို ေမ့ကို စကားလာေျပာေပးမယ့္ အိမ္နီးခ်င္းေတြလည္း မရွိေတာ့... "
"ေမ တစ္ေယာက္တည္းမွ မဟုတ္တာ... ေန႕ခင္းဆို သားၾကီးေမ ရွိတယ္။ ညဆို ေလးေယာက္ျပန္ဆံုတာပဲ..
ဒါေပမယ့္ သားကို ေန႕တိုင္းသတိရတယ္"
"ကြ်န္ေတာ္လည္း ေမ့ကို ေန႕တိုင္းလြမ္းတယ္။"
"သားေလးနဲ႔ အတူတူမေနႏိုိင္ေပမယ့္ သားေလးေနာက္မွာ ရွိေနေပးတယ္" ဟုေျပာခဲ့ေသာ အေမ
တစ္ေယာက္ကိုပါ သတိရလာသည္။ ေနာက္ျပီး ကြ်န္ေတာ္လည္းသိခ်င္သည္။
"ေမက ကြ်န္ေတာ္ရဲ႕ ဘယ္ေနရာမ်ိဳးမွာ ေနေနတာလဲ...ေရွ႕မွာလား။ ေနာက္မွာလား။"
"မိဘေတြမွာ သားသမီးေတြအတြက္ေနရာ အတိအက် မရွိဘူး သား။ မိဘက သားသမီးေတြရဲ႕ အရြယ္ေပၚမူတည္ျပီး သူ႕ေနရာနဲ႕သူ ေနတတ္ဖို႕ လိုတယ္လို႕ သားအဘိုးေျပာခဲ့ဖူးတယ္။ သားသမီးေတြေရွ႕ မွာ ကာကြယ္ေပးဖို႕ လိုတဲ့ အရြယ္ထိပဲ ကာကြယ္လို႕ရတယ္။ ေဘးမွာ ေနျပီး အျကံဥာဏ္ေပးရံုေလာက္ပဲ လိုေတာ့ရင္ ေဘးမွာပဲေနေတာ့ ေရွ႕ကေန ကာဆီးကာဆီးမလုပ္နဲ႔ေတာ့တဲ့...ခုေတာ့ ေမ သားေဘးမွာ ရပ္ေနေပးလို႕ ရေသးတယ္ထင္တာပဲ"
ႏိုင္ငံေရးအေတြးအေခၚဆက္ႏြယ္ေသာ လြတ္လပ္ေသာ အေတြးအျမင္မ်ားၾကား ၾကီးျပင္းခြင့္ရခဲ့ေသာ ေမသည္
ကြ်န္ေတာ့္အတြက္ ေဘးမွာရပ္ေနေပးခဲ့တာလား
"ဒါဆို အေနာက္မွာ ေနေပးတဲ့ မိဘေတြကေရာ"
"မိုးစက္ရဲ႕ အေမေျပာသြားတာကို သိခ်င္ေနတာေပါ့ ေမ့သားက"
ေမ သိတယ္။ ကိုယ္တို႕ Interview ေတြကို ေမ ၾကည့္တယ္ ဆိုတဲ့ အသိက...
နားသယ္စပ္ေလးေတြ ရဲလ်က္ ေခါင္းငံု႕ရင္းမွ ႏႈတ္ခမ္းရဲရဲတို႕ အနည္းငယ္ေကြးညႊတ္သြားေသာ သားငယ္
အျပစ္ဆိုတာမ်ိဳးေတြ မေနထိုင္ေနေသာ စိတ္ဝိညာဥ္ျဖဴလွလွေလးတစ္ခုႏွင့္ တင္စားခ်င္တယ္။ ဘယ္သူေတြ
ဘယ္လိုထင္ထင္ ဒီကေလးကို ခ်စ္တဲ့သူတိုင္္းအတြက္ သူမတို႕ အိမ္က သားေလးသည္ နတ္သားေလးပင္။
"မိဘ အေနာက္မွာ ေနလိုက္တယ္ဆိုတာ ဒီကေလးက သူတို႕ထက္ေတာ္ေနတယ္ဆိုတာမ်ိဳး ယံုၾကည္လို႕ လည္းျဖစ္ႏိုိ္င္သလို ဒီကေလး စိတ္ခ်မ္းသာတာ ဆက္လုပ္ပါေစ သူတို႕ကိုလိုအပ္လာခ်ိန္ ေနာက္ျပန္လွည့္ၾကည့္ေတာ့မွ အေကာင္းအဆိုးေတြ မွ်ေဝေပးေတာ့မယ္လို႕ သားသမီးကိုဦးစားေပးထားတာမ်ိဳးလည္းျဖစ္ႏို္င္တယ္"
"မိုးစက္က အကုန္သိေနသလို ပံုစံလုပ္ထားျပီး သူ႕ကိုဘယ္သူမွ နားမလည္ေအာင္ေနတတ္တယ္။ အဲ့လို ေနတာ ဒီေလာကအတြက္ ေကာင္းေပမယ့္ သူ႕အသက္အရြယ္နဲ႔ တန္တဲ့ ေပါ့ပါးမႈနဲ႕ ေနေစခ်င္တယ္။ ဒါသြားေျပာလည္း သူေနေနတာပဲလို႕ ျငင္းဦးမွာ။ ညီ့ ကိုယ့္ကို မသိလို႕လား ကိုယ့္အေၾကာင္းအကုန္သိေနတာပဲ ဘာညာနဲ႔ ကြ်န္ေတာ္ တစ္ခြန္းေလာက္ေျပာမိရင္ သူက မျပီးေတာ့ဘူး။ ၾကာသပေတးသားလို႕သာ ေျပာတယ္။ ေသာၾကာေန႕ပဲ ေမြးတယ္ထင္ေနတယ္"
ျပံဳးေနေသာ ေမ့ကို ေမာ့ၾကည့္မိမွ
"ဟာဗ်ာ" ဟု ထေအာ္မိသည္။
ေမေမသည္ သေဘာတက် တခစ္ခစ္ရယ္ရင္း...
"ေမ က ဘာေျပာလို႕ သားက ရွက္ရ ျပန္တာတုန္း"
"ေမေမ ရယ္တဲ့ပံု ကြ်န္ေတာ္သိတယ္"
"ေမ့သားေလးကေတာ့ ႏွစ္ႏိုင္ငံလံုး ဖူးဖူးမႈတ္ထားတယ္လို႕ ေျပာလည္းေျပာခ်င္စရာေလးပါလား၊ ဘယ္သူေတြကမ်ား ဒီေလာက္ထိခ်စ္ဖို႕ေကာင္းေအာင္ေနတတ္ဖို႕ သင္ေပးလုိက္တာလဲ"
"မဟုတ္ပါဘူး" ဟူေသာ စကားနဲ႕ပင္ ေမ့စကားေတြကို ေဝေဝဝါးဝါး နဲ႔ ခို္င္လံုျခင္းမဲ့စြာ ျငင္းခ်က္ထုတ္မိသည္။
"လူႏွစ္ေယာက္အတူတူေနတာ ၾကာလာရင္ အဲ့လိုပဲ တစ္ေယာက္ရဲ႕ အားေကာင္းလြန္းတဲ့ အက်င့္က တျခားတစ္ေယာက္ကိုပါ ကူးစက္ေစႏို္င္တယ္။"
"ကြ်န္ေတာ့္ရဲ႕ အက်င့္ေကာင္းေတြက သူ႕ရဲ႕ အခ်ိဳးမေျပတဲ့ အက်င့္ေတြကုိ မေက်ာ္ႏို္င္ခဲ့ပံုပဲ"
"သူ႕အရြယ္ေလးနဲ႕ သူေတာ့ လိမၼာရွာပါတယ္။ ခုေရာ ဖုန္းမဆက္ဘူးလား သားကို..."
"သားေရ ဒီမွာ ဖုန္းလာေနတယ္"
တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို အခန္းအံဆြဲထဲ ထည့္ခဲ့ေသာ ဖုန္းကို ဝရန္ဒါထိသယ္လာေပးေသာ ၾကီးေမ အနားမေရာက္ခင္
"မိုးစက္လား" ဟုေမးမိျပီ္းမွ...
"ငါပါ ပယင္းပါ" ဟူေသာ အေျဖစကားေၾကာင့္ ၾကီးေမေရာ ေမေမပါ မ်က္ႏွာလႊဲသြားၾကသည္။
အားနာေနဟန္မ်ားျဖင့္...
Thank you all
(Unicode version)
/
/
/
"သူငယ်ချင်းတွေ သွားကြိုမယ်ဆိုတာလည်းသူတို့ သိတာပဲလား"
ဖုန်းပွတ်ရင်း ပွစိပွစိလုပ်နေသော P'အွိုင်ကို
ပြုံး၍သာ ကြည့်နေလိုက်သည်။
"ဒီ Knights' Mama ဆိုတဲ့ တစ်ယောက်ကလည်း အခုနောက်ပိုင်း တကယ် ဆရာကြီးဖြစ်
လာတယ်။"
"ဟိုတလောတုန်းက ဆေးရုံက videoတင်လိုက်တဲ့ တစ်ယောက်လား"
"အေး...သူပြောတာ တော်တော်များများထောက်ခံလာကြတာ မနည်းဘူး...သူ့ကိုသိလား Nong...သူ့လက်ထဲမယ် Nongလည်းတကယ့် တစ်ဖက်သတ်သမားဖြစ်နေပြီ"
"ဒီလိုပါပဲ...Fanတွေထဲမှာ ကလေးတွေများတော့ တစ်ယောက်ယောက်က ကောက်ချက်
တွေဆွဲပြလို့ ခိုင်လုံတယ်ဆိုရင် အဲ့လူကFandomထဲဆရာပဲ။ သူက အတွင်းထဲကလူလို ပုံစံဖြစ်နေတော့ ပိုပြီးဝန်းရံကြတာပေါ့"
ကိုယ်၏ ဘာသာစကားကျွမ်းကျင်မှုကို P'အွိုင်ရှေ့ ထိမ်ချန်မနေတော့ပါ။
ဖုန်းပွတ်ရင်း သတင်းအချက်အလက် မပြတ်လေ့လာတတ်၍ အချိန်အခါနဲ့ ကိုက်ညီအောင်
နေတတ်နေပြီဖြစ်သော P'အွိုင်သည် မန်နေဂျာကောင်းတစ်ယောက်ဖြစ်နေပြီ။
"P' အွိုင် တို့ သူငယ်ချင်းတွေ စုံမယ့်နေ့ကိုခေါ်ထုတ်လာရတာ အားနာတယ်။ ဒါပေမယ့်
fanတွေပါ ရှိနေမယ်ကြားတာနဲ့ ကိုယ်လည်းတစ်ယောက်တည်း Airportသွားဖို့ အဆင်မ
ပြေနိုင်လို့ ခေါ်လိုက်ရတာ"
"ရပါတယ်။ ညီက မတွေ့ရတဲ့လူမှ မဟုတ်တာအခုက သူ့မိသားစုနဲ့ သူရှိနေမယ့် ငါ့သူငယ်ချင်း
ထက် ငါ့ မင်းသားက ပိုအရေးကြီးတယ်"
"ဟား...ရင်တောင်ခုန်ပါတယ်ဗျာ"
ကိုယ်သဘောတကျရယ်တော့ သူမပါ လိုက်ရယ်သည်။
"ဒါနဲ့ အချိန်ရရင် Pတို့အိမ်မှာ ထမင်းဖိတ်ကျွေးချင်တယ်...Paw က Nongကိုကျေးဇူး
တင်စကားသေချာပြောချင်လို့တဲ့"
"အာ...မလိုပါဘူးဗျာ။ Pawသင်တန်းတက်ရတာ အဆင်ပြေတယ်တဲ့လား"
"အင်း ပျော်နေတာပါပဲ။ လောလောဆယ် သူသင်တန်းမှာ လုပ်ပြီးသားတွေ သယ်လာပြီး
အတင်းကျွေးကျွေးနေလို့ ငါ ဗိုက်ခေါက်တောင်ထွက်ချင်နေပြီ"
"ထွက်လာတဲ့ အခေါက်ကိုပါ လှီးပြီး ဒင်းဆန်းလုပ် ဟား ဟား...ဟား ဟား"
ဒီတစ်ခါတော့ တကယ်ကို ကားမိုးပေါက်ထွက်အောင် အော်ရယ်မိသည်။ ထိုအခါ သူ့ကိုလှောင်
သည် ဟူသော ပြစ်ချက်ဖြင့် ကားမောင်းနေသော ကိုယ့်ကို တစ်ဖြတ်ဖြတ်လှမ်းရိုက်၏။
"P...ကားမောင်းနေတာနော်။ ကား အသစ်စက်စက်လေးနဲ့ တော့ မသာချောချောလေးမပေါ်
ချင်ဘူး"
ထိုအခါမှ ရိုက်တာရပ်သွားတော့သည်။
"ကားဝယ်တာလည်း ကလေးကစားစရာဝယ်သလိုကို သွားဝယ်လိုက်တာပဲ။"
"အင်း နေ့လည်က တစ်ယောက်တည်းပျင်းနေတာနဲ့...အစက စမ်းမောင်းကြည့်ရုံသွားပေမယ့်
တကယ်မောင်းကြည့်တော့ ကြိုက်သွားတာနဲ့သြ...ဒါနဲ့ P' အသိထဲမှာ အိမ်ခြံမြေ အကျိုးဆောင် ရှိလည်း ပြောပါဦး"
"ဘာလဲ Condo ဝယ်ချင်လို့လား"
"မဟုတ်ဘူး။ ခြံဝန်းနဲ့ အိမ်တစ်လုံးလောက်လိုချင်လို့"
"ခြံနဲ့ အိမ်တွေက တအားဈေးကြီးတာနော်
P တို့ နိုင်ငံမှာပဲ နေတော့မလို့လား။ အိမ်တွေ
ကားတွေ ဝယ်ပြီး"
"ဟက်"
လေဆိပ်ဝင်းထဲ ရောက်နေသည်ရော ကားParking နေရာရှာနေသည်ကို
အကြောင်းပြ၍ P'အွိုင် မေးခွန်းအား ပြန်မဖြေ
ဖြစ်တော့။
"ကွက်တိပဲ...Landing ဖြစ်နေပြီ"
လေဆိပ်ထဲရောက်သည်နှင့် ကြိုစောင့်
နေသောFan site Master များနှင့် ဆုံသည်။
လက်ဆောင်တွေကို ယူရင်း...
"နောင် တကူးတက မဝယ်နဲ့...ကိုယ့် မုန့်ဖိုးတွေကိုယ့်ဘာသာသုံး" စသည်ဖြင့် ဆုံးမစကားပြော
ရသေးသည်။
အတူတူရပ်စောင့်နေရင်းမှသူတို့၏ ရစ်လုံးတွေကို ဖြေရသေးသည်။ Seriesကလည်း တစ်
ဝက်လောက်ရောက်နေပြီမို့ ညီ နှင့် kissingခန်းသည်လည်း ထုတ်လွှင့်ချိန်နီးကပ်လျက် Ent official wesiteတွေမှနေ၍ လည်း spoilerများတက်နေ၍ အားလုံးက အသည်းတယားယားနှင့်ကို စောင့်မျှော်နေကြချိန်
အခုတည်းက ရောက်လေရာ အမေးခံနေရ
တော့သည်။
''ဟောဗျာ... ည့ီကို တွေ့မှ မေးကြလေဗျာ"
"ဟင့်အင်း ဇာတ်အရ P Rain အရင်စနမ်းတာလို့ ပြောထားတာP Rain အရင်ဖြေ"
ခေါင်းကုတ်ဖင်ကုတ်လုပ်နေရသည်။ ခေါင်းငုံ့ကာ ရှက်ရယ်ရယ်ရသည်။
"ဘာ အရသာ ရှိလဲ ဟင်"
"ဘာကလဲ"
"ရိုးတယ်ကွယ် P'Nineက ဘာအရသာရှိလဲ"
"ဟာ ဒါတွေဖြေလိုက်ရင် အခန်းပြန်ရောက်ရင် ညီ့ P ကို သတ်မှာပေ့ါ...ညီ နဲ့ အတူတူ မှဖြေမယ်နော်"
"မရဘူး အခုဖြေ... ဒါသိချင်လို့ အတူတူလာစောင့်ပေးနေကြတာ"
"ဟော...ဒါတကယ်ဆို P ကြေကွဲပြီ Nongတို့ ။ P ကို စိတ်မချလို့ လာစောင့်ပေးကြတာ မဟုတ်ဘဲ
P ကို အကြပ်ကိုင်မေးဖို့ ဆိုရင်တော့ တကယ်ကြေကွဲပြီ"
ဖိနပ်ဦးချွန်ကို ကြမ်းပြင်နှင့် ဖိကျိတ်ရင်း ခေါင်းငုံ့ကာ ခပ်အေးအေးပြောလိုက်ပြီး အညှာကိုင်ကြည့်
လိုက်သည်။ ဒီကလေးမတွေ အသည်းအခြေအနေ ကိုယ်အသိဆုံးလေ။ ချက်ချင်းဆိုသလို ဝိုင်း
တောင်းပန်ကြသည်။
"P ဟိုမှာထွက်လာကြပြီ"
"အင်း...သွားကြိုလိုက်ဦးမယ်။ ကျေးဇူးပြုပြီး ဒီ
ကောင်တွေရှေ့မှာ ညီ့နဲ့ Pအကြောင်းတွေ မ
မေးနဲ့နော်။
သူငယ်ချင်းတွေ ရှေ့မှာတော့ P ရှက်လို့"
အားလုံးနားလည်ကြောင်းဝိုင်းအော်ကြ၍ ဘေးမှ ဖြတ်သွားသော နိုင်ငံခြားသားခရီးသည်တွေပင်
လန့်သွားကြသည်။ တစ်ချို့ကလည်း without makeup နှင့် ကိုယ့်ကို မမှတ်မိရာမှ ပြန်လှည့်ကြည့်ပြီးမှ
ကိုယ်မှန်းသိသွားကြပြီး ဓာတ်ပုံလာရိုက်သူများလည်းရှိသည်။
"ဟာ... ပန်းစည်းတွေ ဘာတွေနဲ့တောင် ကြိုဖို့မလိုပါဘူး ငါ့သားရာ"
မြင်မြင်ချင်းထဖောက်သော ဖြိုးဇော်သည် လက်ထဲမှ ပန်းစည်းကြီးကို လှမ်းယူဖို့ကြိုးစားနေ၍
ချက်ချင်းနောက်မှာ ဖွက်လိုက်ရသည်။
"သေလေ...ဒါ ငါ့ knights တွေပေးထားတာ။"
"မင်း အသဲလေး မပါဘူးလား။"
"ရှူး တိုးတိုး ဘယ်လိုဖြစ်နေလဲ မင်းတို့"
ပါးစပ်စည်းမစောင့်သော ကောင်တွေကို ဖနောင့်တစ်ချက်စီကျွေးလိုက်သည်။
"ချောလာလိုက်တာ ငါ့ကောင်ရေ... ငါ ဒီကို မလာခင် ငါ့စော်အသစ်လေးကို ဖြတ်ခဲ့တာ မှန်သွားပြီ"
"သေမလို့လား"
သူငယ်ချင်းများနှင့် လုံးထွေးနေသော ကိုယ့်အား ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်နေကြတာ တွေ့မှ ခုနက ပေါက်လွတ်ဗလဖွာ လျှောက်အော်နေကြသော ကောင်တွေအကုန် အာစေးမိကုန်ကြတော့၏၊
"ငါတို့က မင်းတစ်ယောက်တည်း လာတယ်ထင်လို့" ဘာညာတွေ ဖြစ်ကုန်ကြတော့သည်။ ပြောပါတယ် ကိုယ်က knights' ဆိုတဲ့ဆိုသော စကားနောက်က ဖြစ်တည်ခြင်းကို လိုက်မတွေးနိုင်ခင် ကိုယ့်ကို မထိတာ အကောင်းဆုံးပင်။
ပိုင်စိုးပိုင်နင်းနှင့် ပုခုံးဖက်ထားသော ကောင်တောင် လက်ပဲ ပြန်ရုတ်ရမလိုလို ဖြစ်သွားလောက်သည်အထိ စစ်သမီးပျိုများ၏ အကြည့်သည် စူးရှလွန်းလှသည်။
"လာ...မိတ်ဆက်ပေးမလို့ ဒါ င့ါ P...အွိုင် လို့ ခေါ်လို့ရတယ်။ မင်းတို့ ခေါ်တတ်မှာလည်း မဟုတ်လို့နာမည် အပြည့်အစုံတော့ မပြောတော့ဘူး။
အမြင်ကတ်တယ်ဟူသော အကြည့်တွေသည် ဂိတ်မဆုံးခင် မန်နေဂျာ မမချောချော၏ ဆာဝါဒီခ အောက်မျက်လုံးတို့ ပန်းဝင်သွားသည်။ ဟုတ်တယ် သေပန်းဝင်သွားကြတာ။
"မိုးစက်...သူက သူက ဟိုနှစ်က ကလပ်မှာ..."
တော်ပါတယ် မောင်ပြေသိမ်းလေးရေ...မင်း မှတ်ဉာဏ်လေးတော့သုံးစားလို့ရသား။ ဒါကြောင့် ငါတို့ Majorရဲ့ roll one ကို ရက်ရက်ရောရော ပေးထားလိုက်တာ။ အွိုင်သည်လည်း ခုမှ အမှတ်ရသွားဟန်ဖြင့် မျက်လုံးတို့ ဝိုင်းစက်သွားချိန် မည်သူမှ မတုံ့ပြန်နိုင်ခင် အားလုံးကိုယ်စီ သိသွားကြသည်နှင့်တစ်ပြိုင်နက် ဆာဝါဒီခ ပီ
လိုက်ကြတော့ အွိုင်လည်း ပြန် ခ ရတော့သည်။
"P အွိုင်...ကိုယ့်ကားယူသွားလိုက်နော်။ Nong ဒီကောင်တွေနဲ့ပဲ hotel ပြန်လိုက်တော့မယ်"
"အင်...မဟုတ်တာ။ P လိုက်ပို့ ပေးမယ်လေ။ ဒီနေ့မှ ဝယ်ထားတဲ့ကားကို... "
"ရတယ်။ Pသွားစရာရှိတာသွားလေ။ သူငယ်ချင်းတွေနဲ့ night out ထွက်ချင်လည်း ထွက်ပေါ့"
"P အိမ်ကိုပဲ ပြန်မှာ ကားငှားလိုက်လည်း ရတာကို... "
"မငှားနဲ့ Nong စိတ်မချဘူး ။ ယူသွားလိုက် မနက်မှ Hotel လာရင်းယူလာခဲ့လိုက်"
လက်ထဲ ကားသော့အတင်းထည့်ပေးတော့ ကျေးဇူးတင်သော မျက်လုံးများဖြင့် မော့ကြည့်နေသော အွိုင်အား အားကျနေသော အကြည့်ပိုင်ရှင်လေးတွေကိုလည်း တစ်ခုခုစီစဉ်ပေးရဦးမည်။
"Nong တို့ ပြန်ကြမယ်။ ကားပါလာလား"
"မပါဘူး။ လိုင်စင်တောင် မအောင်သေးဘူး"
စသည်ဖြင့် အော်နေကြ၍ တိုးတိုးတိတ်တိတ်နေကြဖို့ ဟန့်ရသေးသည်။ အားလုံးကြည့်တော့ ၁၀စွန်းစွန်း။
"P ကားငှားပေးလိုက်မယ် ပြန်တော့။ လာ အားလုံးလာ"
ကလေးထိန်းဖြစ်နေသော ကိုယ့်အား ဟိုသကောင့်သားတွေအံ့သြနေကြရှာသည်။ ဓာတ်ပုံတွေထဲမှာ မဟုတ်ဘဲ
ကိုယ်တွေ့ အကောင်လိုက်မြင်နေရသဖြင့် ဘာမှဝင်မပါရဲကြ။ သူ့အရပ် သူ့ဇာတ်မှာ ကားလိပ်ဝင်ဆွဲရင် သေမှာ
သူတို့သိတယ်လေ။
"P...P Nine ကိုလည်း အဆက်အသွယ်လုပ်နော်။ သူငယ်ချင်းတွေနဲ့ ပျော်နေပြီး P Nineကို ပစ်မထားနဲ့နော်
မိသားစုတွေ သူငယ်ချင်းတွေနဲ့ ရှိနေလည်းသူ Pကို သတိရနေမှာ Pသိတယ်မလား"
တတွတ်တွတ်မှာကြားနေသူတွေ စိတ်ကျေနပ်အောင် ခေါင်းညိတ်ပြရင်း P အွိုင်ကို အမှတ်မထင်ကြည့်မိတော့
ငေးကြည့်နေသော မျက်ဝန်းများနှင့် ဆုံသည်။ ကိုယ် မရည်ရွယ်စွာခေါင်းငုံ့လိုက်မိရင်း ခြေလှမ်းတွေကိုသာ ပို၍ ချဲလျှောက်မိသည်။ အလိုက်သိသော သူငယ်ချင်းတွေသည်လည်း ကိုယ့်ခြေလှမ်းတွေနှင့် အမှီလိုက်ပေးသည်။ ဘာပဲပြောပြော ဒီလိုကောင်တွေဘေးမှာရှိနေတာ ဘဝကိုနေပျော်စေသည်။၏
မှန်ရှေ့တွင် ရှိနေသော ကိုယ့်ကိုကိုယ် ပြန်ကြည့်မိသည်။ သေသပ်စွာ ဖြီးသင်စရာမလိုလောက်အောင် ပုံကျနေသော ဆံပင် နက်နက်တွေသည် ပုံဖော်ထားသော မျက်ခုံးပေါ် တိတိရိရိနှင့် ညီညီညာညာ ကျနေသေးသည်။ Skincare ဗူးတွေ သယ်လာဖြစ်သည်အထိ ကျွန်တော်သည် အလုပ်အပေါ်ရူးသွပ်လွန်းနေပြီလား
ကိုယ့်ကိုကိုယ် ပြစ်ချက်မရှိ နေထိုင်ခြင်းကိုက ကျွန်တော်တို့အလုပ်တွေထဲက အလုပ်တစ်ခုဖြစ်နေလေတော့...
"သားကလေ ထိရက်စရာမရှိဆိုတာမျိုးလို ဖြစ်နေပြီ"
မရဲတရဲဆိုသော အမူအရာနှင့် တိုးလို့ကပ်လာသော တီလတ်ကို ထွေးပွေ့ပေးလိုက်သည်။ တကယ်တင်းတင်းကြပ်ကြပ်ဖက်ထားသော ကိုယ့်လက်မောင်းတွေကြား မနေတတ်စွာ ရုန်းနေသေးသည်က စိတ်မကောင်းစရာပါ။
"တီလတ်ကိုယ်က ချွေးတွေနဲ့ သားရဲ့... "
ငယ်ငယ်တည်းက ထမင်းဝါးကျွေးလာသူသည် ခုတော့ ကိုယ့်နားကပ်ဖို့ ပင် တွန့်ဆုတ်ဆုတ်ဖြစ်နေပုံတွေ
မြင်ရတာ မနေ့ကတည်းက အဆင်မပြေပါ။
"ကျွန်တော်က တီတို့ရဲ့ ကလေးပါပဲ...တီတို့လက်ပေါ်မှာ ကြီးပြင်းခဲ့တဲ့ကလေးတစ်ယောက်လိုပဲ ဆက်ဆံပေးပါ"
ထိုအခါမှ ခါးကနေ သိမ်းကျုံးတိုးဖက်ရင်း...
"ငါ့သားကိုယ်က မွှေးနေတာပဲ...တီလတ်က ကြက်ကြော်ညှော်နံ့စွဲနေလို့ သားကို အားနာနေတာ"
"ဘာဖြစ်လဲ တီလတ်ရာ ဒီအနံ့ကို ကျွန်တော် ကြိုက်တယ်။"
ဒီငါးရက်အတွင်း အိမ်ရှိလူကုန်နဲ့ အရင်လို ပြန်ဖြစ်အောင်ကြိုးစားဖို့ အချိန်လောက်မှလောက်ပ့ါမလား။ မနေ့ညတည်းက ဒီအိမ်ရဲ့ အထူးဧည့်သည်တစ်ယောက်လိုတောင် မဟုတ် အိမ်ရှင်လူကြီးမင်းပြန်လာသည်ကို ကြိုဆိုကြသော အိမ်စောင့်မိသားစုလေးလိုဖြစ်နေကြသည်။ ကိုယ့်အတွက်သီးသန့်ထားထားသော အခန်းကို ဘယ်သူမှ အသုံးမပြုကြဘဲ မေနှင့် ကြီးမေသည် သာ အတူတူတစ်ခန်းအိပ်လျက် တီလတ်နှင့် တီငယ်သည် ဧည့်ခန်းထဲတွင်သာ အခင်းခင်းပြီးအိပ်သည်ဆိုတာမျိုးကြားချိန် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပြင်ဆင်မှုများကို မြိုချ၍ပင် မရတော့။
ဒီငါးရက်ပြီးရင်ရော အားလုံးပုံမှန်ပြန်ဖြစ်သွားသည်ပဲထား...ကိုယ် ဘယ်သောအခါမှ ဒီအိမ်ကို ပြန်လာရမှာလဲ နောင်ခြောက်လလည်း ဖြစ်နိုင်သလို နောက်ထပ်တစ်နှစ်ကြာသွားသည်မျိုးလည်း ရှိနိုင်သည်။ Rainပြောဖူးသည်ကို သတိရသည်။ သူအိမ်ပြန်လည်း ကြိုနေမည့်သူ မရှိ၍ အခု ကိုယ့်ကို ကြိုနေပေးမည့်လူတွေရှိခြင်းက ညီ ကံကောင်းလွန်းနေပြီဟု ပြောခဲ့ဖူးသည်။ အမှန်တေ့ာ... အိမ်ပြန်ရင် ပုံမှန်အခြေအနေမှ ပြန်ဖြစ်နိုင်ပါ့မလား စိုးရိမ်နေသော ကျွန်တော့်ကို နှစ်သိမ့်ပေးခဲ့ခြင်းပင်။
ဒီကောင်လေး အခုဘယ်လောက်တောင် ကဲနေပြီလဲ။ Instagram မှာ Airport ကပုံတွေကြည့်ခြင်းဖြင့် ဘယ်လောက်ပျော်နေလဲ သိသာသည်။ ဒါလည်း ငါ့အလုပ်မဟုတ်ဘူး။ လွမ်းနေမှာ ဘာညာနဲ့ camera ရှေ့မှာ လို မူးမူးနဲ့ လျှောက်ပြောတာ။ ဒီကောင်လား ကျွန်တော့်သတိရမှာ
"တီလတ် ပယင်းတို့ အိမ်သွားရင် ဒါဝတ်သွားမလို့ အဆင်ပြေလား"
အဖြူရောင် shirt ကို ကြည့်ရင်း အားပါးတရ ခေါင်းညိတ်ပြသည်။
"ဘယ်အချိန်သွားမှာလဲ...သား"
"တီငယ် ပြန်လာတဲ့အချိန်သွားမှာ... "
"သား ထမင်းစားလို့ ရပြီ။ ရေချိုးပြီးပြီမလား"
အခန်းထဲဝင်လာသော ကြီးမေသည်
"ဟယ်...ငါ့တို့ သားလေးမွှေးနေတာပဲ"
ကြီးမေကတော့ တီလတ်လို တွန့်ဆုတ်ဆုတ်ဖြစ်မနေ။ ချက်ချင်းကို လှမ်းဖက်ရင်း ခပ်ဖွဖွနမ်းမွှေးခြင်းသည် ကျွန်တော်သိတတ်စ အရွယ်က အတိုင်းမပြောင်းလဲသေး။
"ဘာတွေလိမ်းထားတာလဲ။ သစ်သီးနံ့လေး"
"ဘာမှ မလိမ်းထားပါဘူး ဗျာ။ ဆပ်ပြာနံ့"
ထမင်းဝိုင်းထိုင်နေသော်လည်း သူတို့စားသည်က နည်းနည်းသာ။ အားလုံးက ကျွန်တော့် ပန်းကန်ထဲကိုသာ အပြိုင်ထည့်နေကြသလိုပင်။
Lineပေါ်မှာပင် အစပျောက်အောင်သောင်းကျန်းနေသူကို ဖုန်းဆက်မေးရရင်လည်း အဘိုးကြီးနဲ့တူတယ် ဘာညာနှင့် ခနဲ့တဲ့တဲ့တွေ ပြောတာမခံနိုင်၍ ဖုန်းကို အံဆွဲထဲ ထည့်ရင်း မေ့နား ကပ်နေမိသည်။
"သား ကို သူတို့တွေ ဘာတွေပဲပြောပြော စိတ်အေးအေးထားပြီး သာနေနော်။ ချီးကျူးစကားပဲ ဖြစ်ဖြစ် ဘာတွေပဲပြောပြော အပြုံးမပျက်နေနော်။"
"ဒီအတိုင်း သူငယ်ချင်းတစ်ယောက်အိမ်မှာ ညစာသွားစားတယ်လောက်ပဲ စိတ်ထဲထားထားတယ်"
ငုံံံ့ကြည့်နေသော မေ့ ကို အကြည့်လွှဲချင်၍ မေ့ ပေါင်ပေါ်တွင်သာ ခေါင်းတင်ကာ မျက်လုံးများမှိတ်ထားရင်း ဆံပင်တွေကြားမှ မေ့လက်ချောင်းများ၏ အနွေးဓာတ်ကိုသာ ခံယူနေလိုက်သည်။
"ဒီကို ပြောင်းလာပြီးတည်းက ကားသံတွေကို မကြားရတာကြာပြီ။ Medical checkup သွားလုပ်တဲ့ နေ့တွေဆို လမ်းပေါ်က ကားသံတွေက အရမ်းဆူနေသလိုပဲ"
"မေ ဒီမှာနေရတာ ပျင်းနေမှာပေါ့။ အရင်ရပ်ကွက်ထဲမှာလို မေ့ကို စကားလာပြောပေးမယ့် အိမ်နီးချင်းတွေလည်း မရှိတော့... "
"မေ တစ်ယောက်တည်းမှ မဟုတ်တာ... နေ့ခင်းဆို သားကြီးမေ ရှိတယ်။ ညဆို လေးယောက်ပြန်ဆုံတာပဲ..
ဒါပေမယ့် သားကို နေ့တိုင်းသတိရတယ်"
"ကျွန်တော်လည်း မေ့ကို နေ့တိုင်းလွမ်းတယ်။"
"သားလေးနဲ့ အတူတူမနေနိုင်ပေမယ့် သားလေးနောက်မှာ ရှိနေပေးတယ်" ဟုပြောခဲ့သော အမေ
တစ်ယောက်ကိုပါ သတိရလာသည်။ နောက်ပြီး ကျွန်တော်လည်းသိချင်သည်။
"မေက ကျွန်တော်ရဲ့ ဘယ်နေရာမျိုးမှာ နေနေတာလဲ...ရှေ့မှာလား။ နောက်မှာလား။"
"မိဘတွေမှာ သားသမီးတွေအတွက်နေရာ အတိအကျ မရှိဘူး သား။ မိဘက သားသမီးတွေရဲ့ အရွယ်ပေါ်မူတည်ပြီး သူ့နေရာနဲ့သူ နေတတ်ဖို့ လိုတယ်လို့ သားအဘိုးပြောခဲ့ဖူးတယ်။ သားသမီးတွေရှေ့ မှာ ကာကွယ်ပေးဖို့ လိုတဲ့ အရွယ်ထိပဲ ကာကွယ်လို့ရတယ်။ ဘေးမှာ နေပြီး အကြံဉာဏ်ပေးရုံလောက်ပဲ လိုတော့ရင် ဘေးမှာပဲနေတော့ ရှေ့ကနေ ကာဆီးကာဆီးမလုပ်နဲ့တော့တဲ့...ခုတော့ မေ သားဘေးမှာ ရပ်နေပေးလို့ ရသေးတယ်ထင်တာပဲ"
နိုင်ငံရေးအတွေးအခေါ်ဆက်နွယ်သော လွတ်လပ်သော အတွေးအမြင်များကြား ကြီးပြင်းခွင့်ရခဲ့သော မေသည်
ကျွန်တော့်အတွက် ဘေးမှာရပ်နေပေးခဲ့တာလား
"ဒါဆို အနောက်မှာ နေပေးတဲ့ မိဘတွေကရော"
"မိုးစက်ရဲ့ အမေပြောသွားတာကို သိချင်နေတာပေါ့ မေ့သားက"
မေ သိတယ်။ ကိုယ်တို့ Interview တွေကို မေ ကြည့်တယ် ဆိုတဲ့ အသိက...
နားသယ်စပ်လေးတွေ ရဲလျက် ခေါင်းငုံ့ရင်းမှ နှုတ်ခမ်းရဲရဲတို့ အနည်းငယ်ကွေးညွှတ်သွားသော သားငယ်
အပြစ်ဆိုတာမျိုးတွေ မနေထိုင်နေသော စိတ်ဝိညာဉ်ဖြူလှလှလေးတစ်ခုနှင့် တင်စားချင်တယ်။ ဘယ်သူတွေ
ဘယ်လိုထင်ထင် ဒီကလေးကို ချစ်တဲ့သူတိုင်းအတွက် သူမတို့ အိမ်က သားလေးသည် နတ်သားလေးပင်။
"မိဘ အနောက်မှာ နေလိုက်တယ်ဆိုတာ ဒီကလေးက သူတို့ထက်တော်နေတယ်ဆိုတာမျိုး ယုံကြည်လို့ လည်းဖြစ်နိုင်သလို ဒီကလေး စိတ်ချမ်းသာတာ ဆက်လုပ်ပါစေ သူတို့ကိုလိုအပ်လာချိန် နောက်ပြန်လှည့်ကြည့်တော့မှ အကောင်းအဆိုးတွေ မျှဝေပေးတော့မယ်လို့ သားသမီးကိုဦးစားပေးထားတာမျိုးလည်းဖြစ်နိုင်တယ်"
"မိုးစက်က အကုန်သိနေသလို ပုံစံလုပ်ထားပြီး သူ့ကိုဘယ်သူမှ နားမလည်အောင်နေတတ်တယ်။ အဲ့လို နေတာ ဒီလောကအတွက် ကောင်းပေမယ့် သူ့အသက်အရွယ်နဲ့ တန်တဲ့ ပေါ့ပါးမှုနဲ့ နေစေချင်တယ်။ ဒါသွားပြောလည်း သူနေနေတာပဲလို့ ငြင်းဦးမှာ။ ညီ့ ကိုယ့်ကို မသိလို့လား ကိုယ့်အကြောင်းအကုန်သိနေတာပဲ ဘာညာနဲ့ ကျွန်တော် တစ်ခွန်းလောက်ပြောမိရင် သူက မပြီးတော့ဘူး။ ကြာသပတေးသားလို့သာ ပြောတယ်။ သောကြာနေ့ပဲ မွေးတယ်ထင်နေတယ်"
ပြုံးနေသော မေ့ကို မော့ကြည့်မိမှ
"ဟာဗျာ" ဟု ထအော်မိသည်။
မေမေသည် သဘောတကျ တခစ်ခစ်ရယ်ရင်း...
"မေ က ဘာပြောလို့ သားက ရှက်ရ ပြန်တာတုန်း"
"မေမေ ရယ်တဲ့ပုံ ကျွန်တော်သိတယ်"
"မေ့သားလေးကတော့ နှစ်နိုင်ငံလုံး ဖူးဖူးမှုတ်ထားတယ်လို့ ပြောလည်းပြောချင်စရာလေးပါလား၊ ဘယ်သူတွေကများ ဒီလောက်ထိချစ်ဖို့ကောင်းအောင်နေတတ်ဖို့ သင်ပေးလိုက်တာလဲ"
"မဟုတ်ပါဘူး" ဟူသော စကားနဲ့ပင် မေ့စကားတွေကို ဝေဝေဝါးဝါး နဲ့ ခိုင်လုံခြင်းမဲ့စွာ ငြင်းချက်ထုတ်မိသည်။
"လူနှစ်ယောက်အတူတူနေတာ ကြာလာရင် အဲ့လိုပဲ တစ်ယောက်ရဲ့ အားကောင်းလွန်းတဲ့ အကျင့်က တခြားတစ်ယောက်ကိုပါ ကူးစက်စေနိုင်တယ်။"
"ကျွန်တော့်ရဲ့ အကျင့်ကောင်းတွေက သူ့ရဲ့ အချိုးမပြေတဲ့ အကျင့်တွေကို မကျော်နိုင်ခဲ့ပုံပဲ"
"သူ့အရွယ်လေးနဲ့ သူတော့ လိမ္မာရှာပါတယ်။ ခုရော ဖုန်းမဆက်ဘူးလား သားကို..."
"သားရေ ဒီမှာ ဖုန်းလာနေတယ်"
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အခန်းအံဆွဲထဲ ထည့်ခဲ့သော ဖုန်းကို ဝရန်ဒါထိသယ်လာပေးသော ကြီးမေ အနားမရောက်ခင်
"မိုးစက်လား" ဟုမေးမိပြီ်းမှ...
"ငါပါ ပယင်းပါ" ဟူသော အဖြေစကားကြောင့် ကြီးမေရော မေမေပါ မျက်နှာလွှဲသွားကြသည်။
အားနာနေဟန်များဖြင့်...
Thank you all