အပိုင်း ၃၂

33.8K 3.8K 93
                                    

နှစ်ယောက်အိပ်ခုတင်ရလို့ ပျော်ရမယ်မကြံ
သေး။အခန်းထဲ နောက်ထပ် ခုတင်တစ်လုံး
ထပ်ရောက်လာ၍ တစ်ယောက်အိပ်မက
နှစ်ယောက်အိပ်မကျခုတင်တစ်လုံးနှင့် လဲလှယ်လိုက်ရသည်။
ထိုသို့ဖြစ်အောင် Psycho အကြီးကြီးဖောက်
လိုက်သူကတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကျနေ၏။

မီးအိမ်တင်ထားသော ခုံပုလေးကိုကျော်ကာ ခုတင်တစ်ဖက်မှ လူကို ကြည့်ပြီးပြုံးမိသည်။ အဝါရောင်ညအိပ်မီးမှိန်မှိန်အောက်တွင်မှာမှ
ဖြူဝင်းကြည်လင်နေသော အသားအရည်ပိုင်
ရှင်။
စောင်လွတ်နေသော လက်မောင်းတွေကို
စောင်ပြန်ဖုံးပေးရင်းမှ အလကားနေ Romance ဆန်ချင်နေသော ကိုယ့်ကိုကိုယ်
လည်း ရယ်ချင်သည်။
ပုံမှန်ဆို အဲ့လိုတွေလုပ်တာကို စောင်RS တွေ အပိုတွေလုပ်နေတာလို့ ထင်နေတတ်ပေမယ့် ဂရုစိုက်မှုအကျင့်တွေစွဲကုန်ချက်က လက်လန်တယ်။ သတိမထားမိ ခင်ကို ကိုယ်က လုပ်နှင့်
ပြီးနေပြီ။

လကွေးကွေးလေးသာ ရှိသော ညတွင် တစ်
ယောက်တည်း လမ်းထွက်လျှောက်မိသည်။ မင်းသားဖြစ်တော့မှ တော်တော်အနုပညာဆန်
ချင်လာတာပဲလားမသိ။ အခုလည်းကြည့် အိပ်မပျော်တာနဲ့ပဲ လရောင်ရေးရေးအောက် လမ်းထလျှောက်နေ၏။
အရင်ဆို ဆေးလိပ်တစ်လိပ် ဖွာနေမိမှာ။ အခုက
မူးယစ်ကင်းစင်သော Icon ဖြစ်နေ၍ ဒါတွေ
လည်းမလုပ်ဖြစ်တော့။
Studio တွေ အနီးဆုံးDormဖြစ်နေ၍ တခြား
ရိုက်ကူးရေး အဖွဲ့မှ လူသံ စက်သံနှင့် ရိုက်ကွင်းမှ အသံတွေကြားနေရသေးသည်။
ညလုံးပေါက်ရိုက်ခဲ့ရသောကာလများအ
ကြောင်းတွေးမိတော့လည်း အဲ့အချိန်တွေတုန်းက ပင်ပန်းတာကလွဲရင် စိတ်ညစ်မနေခဲ့ပါ။
အလုပ်ကို လေးလေးစားစားလုပ်တတ်သော ညီ
တစ်ယောက်နဲ့ဆို ညလုံးပေါက်ဖြစ်နေလည်း ကိုယ်ကငြီးငွေ့တယ်ရယ်လို့မရှိ။ Nong:The Seriesတစ်ဖွဲ့လုံးကိုက Hyper Activeဖြစ
်လွန်းသူတွေပင်။ ညလုံးပေါက်လည်း တစ်
ယောက်နဲ့တစ်ယောက် ဒဲ့တွေဆော်ရင်းဟာသမျိုးစုံနဲ့ ရယ်သံလှိုင်နေတတ်ခဲ့ကြတာ။

ရိုက်ကူးရေး နေ့ရက်တွေ အကြောင်းဟိုဟိုဒီဒီ
တွေးမိမှ ကိုယ်တို့ရဲ့ Setting Coffee
Shopလေးနားသွားချင်စိတ်ဖြစ်လာသည်။
ကိုယ်တို့နောက်ပိုင်း ဆေးရုံSceneတွေ ရိုက်ရတည်းကဒီဖက် ကို လုံးဝမလှည့်ဖြစ်တော့တာ။ Settingတွေ ဖြုတ်လိုက်ပြီလားတောင်မသိ။

PRO ||Season 2||  Where stories live. Discover now