Out fit ပြင်ဆင်ပြီးသည်နှင့် လူတွေနှင့်
ရှုပ်ယှက်ခတ်လျက် ဝင်လိုက်ထွက်လိုက်
ဖြစ်နေသော အခန်းထဲမှ ထွက်လာလိုက်
သည်။ ကိုယ်ပိုင်အချိန်လေး ရချင်လို့
တော့ မဟုတ်။ အလိုက်တသိ ထမ်းပေး
ချင်သော ဝန်တစ်ခုအတွက် P'ဂျင်းနီကို
လိုက်ရှာရသည်။ကိုယ်ပိုင် ရိုက်ကွင်းမဟုတ်၍Camera မကိုင်ရသော်လည်း P' ဂျင်းနီသည်
Personal photographer တာဝန်ယူထားသူမို့ camera က အမြဲလွယ်ထားရသည်။
အခန်းထောင့်လေးတစ်ခုတွင် စက်ဖျော်
ကော်ဖီတခွက်နှင့် အခန့်သင့်တွေ့သည်။
အနီးနားတွင် Dressing ခန်းလောက်
လည်း မျက်နှာမကျက်မိသော လူတွေမရှိ။"P Jim"
ခေါ်ရင်းနှင့် တစ်ခါတည်း အားပါးတရပြုံး
ပြတော့ ကြောင်တက်တက်ပြန်လှန်ကြည့်
သည်။ ဟုတ်သားပဲ သူက ကိုယ်တစ်နေကုန် စိတ်ကောက်နေတယ်။ အထူးသဖြင့်
ညီ နှင့် ကိုယ် စိတ်ကောက်နေသည်ဟု
သိထားသည်ကိုး။
ကိုယ်တို့မုန်တိုင်း၏ ဗဟိုရပ်ဝန်းတွင် နေသူမဟုတ်ပေမယ့် သူလည်း အဖျားခတ်တိုက်ခိုက်ခံနေရကြောင်း သူသိနေသည်
လေ။"P' ကို ကိုယ်လိုက်ရှာနေတာ"
"ဘာကိစ္စလဲ"
"ကိုယ် အကူအညီတစ်ခုတောင်းချင်တယ်
P...ထိုင်ပါဦး"နံရံလေးမှီပြီး ကော်ဖီတစ်ခွက်နှင့် ဇိမ်ယူ
နေသူကို အတင်းဆွဲချပြီး အနားမှ ခုံတန်း
တွင်ထိုင်ခိုင်းသော ကိုယ့်၏ လက်ရဲဇက်ရဲ
နိုင်မှုကို သူ အသားတော့ကျနေပြီ။"ဒီလို P"
သေချာနားစိုက်ထောင်ပေးရန်အသင့်ဖြစ်
နေသော Pဂျင်းနီ အား မျက်လုံးချင်းစုံ
အောင်ကြည့်လိုက်သည်။"ဒီနေ့ Live Interviewမှာ ဘယ်လိုရ
လဒ်တွေပဲ ထွက်လာလာ။ ကိုယ် ဒီကအ
ပြန် Companyရှေ့မှာ စောင့်နေတဲ့
Fanတွေနဲ့ စကားပြောပြီးတာနဲ့ Pက
videoလေးတစ်ခုတင်ပေးပါလား။""ဘာ Videoလဲ"
"ဆေးရုံ ကော်ရီဒါမှာ ညီ နဲ့ကိုယ် ကုန်းပိုး
ရင်း လဲကျတဲ့ video...အဲ့တုန်းက ကိုယ်တို့နား ပြေးလာသူတွေထဲ P မပါဘူး။
နောက်ပြီး အဲ့နေ့က Stand by ဖွင့်ထား
တဲ့ Cameraတွေထဲမှာ P ကိုင်ထားတဲ့
cameraပါတယ်လေ"
![](https://img.wattpad.com/cover/150531125-288-k927515.jpg)
CZYTASZ
PRO ||Season 2||
RomansBoy Love Story Romance , Drama & other age limited feelings (unicode & zawgyi)