"ဟင် ပယင်း"
လင်းသွားသော အဝါရောင်မီးအိမ်၏ အလင်း
ရောင်မှိန်မှိန်အောက်မှ နိုးထလာသူ။ နဂိုမှ
နူးညံ့သူဖြစ်၍ အခုပုံသည် ရေစိုနစ်နေသော
အဝတ်ပျော့လေးတစ်ခုပမာ ပျော့ခွေနေသည်။"ဘယ်တည်းက ရောက်နေတာလဲ? လာမယ်ဆို
ဖုန်းဆက်ထားရောပေါ့"Rain ခ ကိုယ်တိုင်ဝယ်ပေးလိုက်သော Brand
တံဆိပ်တပ် အိတ်မျိုးစုံကို ခုံပုလေးပေါ်တင်ပြီးမှ
ကုတင်ထက် ထိုင်လျက်ရှိနေသူကို ကြည့်မိ
သည်။"ဟင် ငိုထားတာလား။ ဘာလို့လဲ ဘာဖြစ်တာလဲ ပယင်း"
"ဟင့်အင်း မငိုထားပါဘူး"
ဖရိုဖရဲဖြစ်နေသော ဆံစများကို နားနောက်သို့
ပြီးစလွယ် သပ်တင်သည်။"ဘယ်အချိန်က ရောက်နေတာလဲ? လာမယ်ဆို
ဖုန်းဆက်လိုက်တာ မဟုတ်ဘူး။ ငါ စောစောပြန်
လာမှာပေါ့""ရပါတယ်။ နင်က အလုပ်နဲ့ပဲ..."
ခပ်တိုးတိုးပြောရင်း ခုတင်ပေါ်မှနေ၍ Rainခ
ဝယ်ပေးလိုက်သော အထုပ်များကို လှမ်းကြည့်
နေသည်။"ရောက်နေတာကြာပြီလား။ ဘာစားပြီးသွားပြီ
လဲ""အင်း ညနေတည်းက...မစားချင်တော့ဘူး။"
ညနေတည်းကရောက်နေသူ၏ အိပ်ချိန်ကို
အပြေးအလွှားတွက်ကြည့်လိုက်သည်။ ဒါ ပုံမှန်
လူ အိပ်တတ်သည့်အချိန်နှင့် အိပ်ချိန်မဟုတ်။"အင်း ဘာမှမစားရသေးဘူးမလား။ ခဏစောင့်
ငါ ရေချိုးပြီးရင် တစ်ခုခုထွက်စားရအောင်""အင်း..."
အိပ်ရာပေါ် ပြန်ခွေလိုက်သော သူကို ထပ်မမေး
သော ကိစ္စတွေက မေးလိုက်မှ ပိုဆိုးသွားတတ်
သော သဘောရှိသည်ကို သူမ သိနေ၍လည်း
ပါသည်။အိမ်ထောင်သက်တမ်း ရတုဆက်မတိုင်သေးခင်မုဆိုးဖိုဖြစ်ခဲ့ရသော ဖခင်နှင့် သူမသာရှိသော
အခန်းသည် ပယင်းအတွက် အရန်အတားဆို
တာမျိုးမရှိ။ Lock passwordလည်းသိနေသူ
မို့ သူမတို့အိမ်သည် ပယင်းအတွက်တော့ ဒုတိယ နားခိုရာ နေရာတစ်ခု။ တစ်ခုခုမှ ရှောင်
ရှားချင်တိုင်း မိသားစုတွေကြား ထွက်ပေါက်မရှိ
မွန်းကြပ်လာတိုင်း သူမအခန်းထဲ လာရောက်
ရင်ဖွင့်လေ့ရှိသည်။ သူမနှင့် သူမအခန်းနံရံတေသည် ပယင်း ငိုသံကို အများဆုံးကြားရသော
သူများဖြစ်သည်။
YOU ARE READING
PRO ||Season 2||
RomanceBoy Love Story Romance , Drama & other age limited feelings (unicode & zawgyi)