အပိုင်း ၁၂

36.7K 4.3K 323
                                    

ရုပ်ရှင်အတူတူကြည့်လိုက်မိခြင်း၏ အကျိုးဆက်
သည် ရုပ်ရှင်ရိုက်ကူးရေးကို နှစ်ရက်နောက်ဆုတ်
ရစေသည်။ သို့ပေမယ့် Shooting ဖျက်လိုက်
ရခြင်း၏ ဆုံးရှုံးမှု စရိတ်သည် ကိုယ်တို့တက်ရ
သည့် ပွဲမှရသော အမြတ်ငွေ၏ အပိုင်းအစ
လောက်သာ ဖြစ်နေ၍ ထေမိသည်ထက် ပိုသည်။
အခုဆို Companyသည် ကိုယ်တို့နှစ်ယောက်
အား အန်းကုန်းဘိုးတော်ကြီးဘေးမှလာဘ်ကောင်
လေးနှစ်ယောက်လို ရှုမြင်စပြုနေပြီဖြစ်သည်။

နှစ်ရက်အတွင်း ရုပ်သံဌာန နှစ်ခုကို သွားရသည်။
Interview ခြင်းကိုပင် မရိုးသွားအောင် ပုံစံ
မျိုးစုံဖြင့် တင်ဆက်ခြင်းသာ ဖြစ်သည်။ တစ်ခုက
တည်တည်ငြိမ်ငြိမ်ဖြင့်သာ အေးအေးဆေးဆေး
ထိုင်ဖြေရသော အစီအစဉ်ဖြစ်ပြီး နောက်တစ်ခု
ကတော့ Game အနည်းငယ် ကစားပေးလိုက်
ရသည်။ ဒါကလည်း အထူးအဆန်းတော့ မဟုတ်
ကိုယ်တို့ စီစဉ်ထားဖူးသော တယ်လီပသီ ပုံစံ
ဖြစ်၍ ထုတ်လွှင့်ပါက တစ်ယောက်အကြောင်း
တစ်ယောက်အကုန် သိလှချည်လား ဟူ၍ နာမည်
ရလောက်သည်။

ကြိုတင်ကြံစည်ခြင်းသည် လှည့်စားခြင်းဟု မဆို
နိုင်သလို လိမ်ညာခြင်းထက်လည်း အဆင့်မြင့်
သည်ဟု ထင်သည်။ ဒါကြောင့်ရာဇဝတ်မှုတွေမှာ
အမြင့်ဆုံး စွဲချက်တင်ချင်ရင် ကြိုတင်ကြံစည်ဆို
တာသာ ထည့်လိုက်။ ဝင်စမ်း သံတိုင်ကြားထဲ။

ဝရန်ဒါမှ မှန်တံခါးအား ဆွဲပိတ်သံ။ သာမာန်ထက်
အားပါနေသော အသံဖြစ်၍ တံခါးဘောင်ကိုရိုက်
ခတ်သွားပုံအရ ဒါသည်ရိုးရိုး သတိလက်လွတ်ဆွဲ
ပိတ်လိုက်ခြင်းမျိုးမဟုတ်။ အိပ်တစ်ဝက်နိုးတစ်
ဝက်ဖြစ်လျက် အတွေးရေယာဉ်ထဲငြိမ့်နေသော
ကိုယ့်ကို ကိုယ် ပြန်ဆယ်မရင်း ပစ္စုပ္ပန်ကို တည့်
တည့်ရှုရတော့သည်။ စောလွန်းသေးသည်ဟု မဆိုသာသော မနက်ချိန်ခါသည် ညဥ့်နက်မှ အိပ်
ရာ ဝင်ဖြစ်သော သူအတွက်က အိပ်ရာထချိန်ဟူ
၍ လည်း သတ်မှတ်လို့မရသော အချိန်။

အောက်မဆင်းဖြစ်သေးဘဲ အိပ်စင်ပေါ်မှ ခြေတွဲ
လဲ ချကာ မှန်ချပ်မှတစ်ဆင့် ထွင်းဖောက်မြင်နေ
ရသော ညီ့ကျောပြင်ကို ကြည့်နေလိုက်သည်။
တစ်စုံတစ်ယောက်ထံ ဖုန်းခေါ်နေတာပဲ။ ဘယ်သူ
ဖြစ်မလဲ သူ့ Mae နှင့် တီငယ့်ကိုမဟုတ်ရင်
သူအရင် ဖုန်းစဆက်လေ့ရှိသူသော သူစိမ်းက ပယင်းသာ။

PRO ||Season 2||  Where stories live. Discover now