အပိုင်း ၂၇-၂

30.2K 4K 215
                                    

အပိုင်း ၂၇-၂

စာရွက်ကြည့်ပြီး ပြောရခြင်းမျိုးမဟုတ်သင့်အတွက် အစီအစဉ်မကျမှာနှင့် ပြောရမည့် အကြောင်းအရာတွေ မကျန်ခဲ့စေရန် သေချာအာရုံစိုက်ထားရသည်။ ဆရာဝန်အစစ်မဟုတ်သည့်အတွက် ဆေးပညာအသုံးအနှုန်း

များကိုလည်း အသံထွက်မှန်ဖို့ အားစိုက်ထုတ်ရသေး၏။ ကျွန်တော်က မိုးစက်လောက်အသံထွက် မကောင်း။

"အခုကျွန်တော်တို့ လိုအပ်တဲ့ သန့်ရှင်းမှုတွေအကြောင်း ပြောပြီးသည့်နောက် ဆက်ဆံပြီးချိန်မှာ ဖြစ်ပေါ်လာမယ့် နာကျင်မှုတွေကနေ သက်သာစေမယ့် ကုသမှုတွေအကြောင်းဆွေးနွေးပါ့မယ်။ ဆက်ဆံတဲ့ အချိန်နဲ့ ဆက်ဆံတဲ့ ပုံစံကိုလိုက်ပြီး နာကျင်မှုအနည်းအများရှိနိုင်တယ်...တစ်ယောက်နှင့်တစ်ယောက်မ

တူပေမယ့် ဆက်ဆံပြီးချိန်မှာလည်း သန့်ရှင်းသေချာပြန်လုပ်ဖို့လိုအပ်ပါတယ်။ သန့်ရှင်းရေးမလုပ်ဘဲ အိပ်စက်လိုက်တာမျိုးတွေကြောင့်နောက်တစ်နေ့မှာ နာကျင်မှုတွေပိုဆိုးလာနိုင်ပြီး မထိုင်နိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကဆက်ဆံပြီးချိန်မှာ ကိုယ့်ချစ်တဲ့လူကို ကိုယ်တွင်းအင်္ဂါထဲ အချိန်ကြာကြာလက်ခံထားခြင်းမျိုးတွေ လည်း ရှောင်ရှားသင့်ပါတယ်။ ဒါဟာရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်စေနို်င်ပါတယ်။"

ပွင့်လင်းလှသော အပြောတစ်ခုကြောင့် နောက်မှ အသည်းယားသံတွေ ထွက်လာသလို ရှေ့နားဆီမှ ဆရာကြီးများသည်လည်း အတတ်နိုင်ဆုံး ရှေ့မျက်နှာနောက်ထားပြီး ပြောပေးနေသော ကောင်လေးကို သဘောကျသလို ခပ်တိုးတိုးရယ်ပြီးလက်ခုပ်တီးအားပေးကြသည်။ညီက ကိုယ့်ကိုသာမရှက်တာ ဒီလိုမျိုးတွေအတွက် သင်နေရတည်းက အတန်းထဲမှာ ရှက်နေတတ်တာ။ ကြည်လင်နေသော ပါးနှစ်ဖက်မှ သွေးကြောမျှင်မျှင်တွေ ပိုအရောင်တောက်လာခြင်းကိုလည်း ထိုင်းကနေမှ မြန်မာထိလိုက်ပါလာသော Knight fansite adminတွေက အလွတ်မခံ။ သူတို့ ကင်မရာကြီးတွေကိုင်ပြီး ရိုက်နေတာမြင်ပြီး ကိုယ်ပါ ပိုးကြွတယ်။ တစ်ခါတလေ ဘယ်ထောင့်က ရိုက်ရင် ပိုလှနိုင်တယ်ဆိုတာမျိုး ထပြောချင်စိတ်တွေ တဖွားဖွားပဲ။ ကလေးမတွေ လိုသေးတယ်။ Portrait ရိုက်နည်းပညာတွေ လိုသေးတယ်။

PRO ||Season 2||  Where stories live. Discover now