ခ်စ္စရာေကာင္းေသာ Email ဝင္လာသံႏွင့္
့္Point မိျခင္္းက ကြက္တိျဖစ္၍ ဖုန္း
ိုထုတ္ျကည့္ရန္ အခြင့္အေရးရသည္။
"ဘာေတြဒီေလာက္ အေရးျကီးလို့လဲ သားရယ္
ကားေမာင္းေနရင္းနဲ့ကို..."
ပို့လိုက္ေသာ Video ကို Download ခ်ရင္း
မွ ေမ့ကို လွည့္ျပံဳးျပလိုက္ျခင္းက ဘာလဲဟု
မေမးျဖစ္ရန္ တားလိုက္ေသာ ထမင္းရည္ပူ
စည္းတစ္ခုဆိုတာ ေမလည္း ခ်က္ခ်င္းရိပ္မိ
သည္။
ေတာင္းထားသူက တစ္ေယာက္ ေပးပို့သူက
တစ္ေယာက္ျဖစ္ေနတာေတာ့ ျပီးျပီးေရာ လ်စ္
လ်ဴရႈလိုက္လို့ရေသာ ကိစၥေတာ့မဟုတ္။
သိုေပမယ့္ မာတာမိခင္၏ ဌာနီျပန္ခရီးစဥ္
အႏၱရာယ္ကင္းေစမည့္ ရည္ရြယ္ခ်က္ေလာက္
ဘယ္အရာကမွ အေရးမျကီးဟန္ကို လုပ္ယူ
ထားလိုက္သည္။
ကားေမာင္းေနေသာ ကုုိယ့္ကို ေငးျကည့္ေန
ရင္းမွ ျကည့္မဝ၍ထင္ ေခါင္းကို ခပ္ဖြဖြပြတ္
သပ္ေပးေနေသး၏။ ကိုယ္ စိတ္ရႈပ္ဟန္မျပ
ျဖစ္။ ကိုယ္လည္း ေမနဲ့ေနရသည္ကို ေပ်ာ္ေန
ခဲ့တာပဲ။
ႏွစ္သက္ေနသည္ကို သိသာေစရန္ ျငိမ္ေပး
ရင္း ေမ့ဖက္မသိမသာ ေခါင္းေစာင္းေပး
မိသည္။
ပြိုင့္မိတိုင္းလည္း ေမ့ဖက္ကို ေမ့ဆီမွ
အေမြရထားေသာ အျပံဳးေပါင္းမ်ားစြာကိို အိမ္
ျပန္လက္ေဆာင္အျဖစ္လည္းရက္ရက္ေရာေရာ ေပးျဖစ္သည္။
အခ်ိန္အားျဖင့္ ညာဥ့္ဦးယံသို့ခ်ဥ္းကပ္ေနေသာ္
လည္း သုဝဏၰဘူမိေလဆိပ္က မီးေရာင္ ထိန္
ထိန္ညီးလ်က္ ျပန္သူ လာသူမ်ားႏွင့္စည္ကား
ေနသည္။
"ျပန္ရင္ေနာက္က်မယ့္ဟာကုိ လိုက္ပို့မယ္လူ
ေခၚလာတာ မဟုတ္ဘူး။ ျပန္ရင္အငွားယာဥ္
ေမာင္းတစ္ေယာက္ေလာက္ ေခၚလိုက္ပါလား
သား"
"ရပါတယ္။ ကိုယ္တိုင္ လိုက္ပို့ေပးခ်င္လို့။ ျပီး
ေတာ့ ေမ နဲ့ ကိုယ့္အတြက္ သီးသန့္အ ခ်ိန္ရွိခ်င္
တာေရာေျကာင့္"
"ေမ့သား တစ္ေနကုန္ ရိုက္ကူးေရးေတြနဲ့ ပင္
ပန္းေနတာကို...ေနာက္ျပီး သူမ်ားႏိုင္ငံမွာ သူ
မ်ားကားငွားလာျပီးေမာင္းလာေတာ့ စိတ္ပူ
တယ္။ ေမလည္း အသက္ေတြျကီးလာလို့လား
မသိဘူး။ အေတြးလြန္ျပီးစိုးရိမ္တတ္လာျပီ"
"P ဂ်င္းနီကား က ေမာင္းေနက်ပါ ကိစၥမရွိပါ
ဘူး။ စိုးရိမ္တာနဲ့ အသက္ျကီးလာတာနဲ့ မဆိုင္
ပါဘူး ေမ။ မစိုးရိမ္တတ္တဲ့ လူ ေနတတ္တဲ့ လူ
က အေနသာျကီးပဲ"
"သူ သားအေျကာင္းေတာ့ ေမးပါတယ္"
ရင္းႏွီးေသာ ေဖ ဟူေသာ နာမ္စားမပါေသာ္
လည္း စိတ္လႈပ္ရွားမိသည္ကို လက္ထဲကိုင္ထားခံရေသာ ေကာ္ဖီေဖာ့ဗူး အသိပင္ျဖစ္လိမ့္
မည္။ သို့ေသာ္ေမ့အား မည္သည္မွ ျပန္မေမး
မိ။ ခါးသက္သက္ႏွင့္ ကဖင္းႏွစ္ဆပါေသာ
အရည္က်ဲကိုသာ က်ိတ္မ်ိုခ်လိုက္သည္။
"ေနာက္ႏွစ္ေလာက္မွ ျပန္လာမယ့္ ပံုပဲ။ သား
ကိုေတာ့ သူ အျပစ္မေျပာပါဘူး။ သိတယ္မလား။ သူ့က ေမတို့ကို ေနေပ်ာ္သလိုေနျက
သူ့ လာအေႏွာက္ယွက္ရင္ ျပီးေရာ ဆုိတဲ့ ပံုစံ
ဆိုေတာ့..."
မိန္းမလွတစ္ပါး၏ ႏြမ္းလ်လ်အျပံဳး။ ေအာင္
ျမင္ေသာ မင္းသမီးဆိုသည့္ ဂုဏ္တစ္ခုႏွင့္အတူတူယွဥ္တြဲ မေနႏိုင္၍ တျခားမိန္းမတစ္ေယာက္ကို အပ္ႏွင္းထားရေသာ ဇနီးေကာင္းဟူေသာ
ဂုဏ္ကိုကိုယ္ မုန္းခ်င္မိသည္။
သို့ေသာ္လည္းကမၻာ့ေျမဆြဲအားနဲ့ မွ်ေျခညီ
ေစရန္ ျကိုးစားရပ္တည္ေနေသာ လူသား
ေမ့ အတြက္ က်န္သည့္အရာေတြပါ မွ်ေျခမိ
ေအာင္ ေနထိုင္ႏိုင္ဖို့ ခက္ခဲမွာေပါ့။
"ေမ...ေနာင္တရလား။"
"ဘာကိုလဲ သား"
"ေဖ့ကို လက္ထပ္ခဲ့မိတာေရာ ေနာက္ျပီး ကိုယ့္
ကို ေမြးမိခဲ့တာေရာ။ ကိုယ့္ ကို ကိုယ္ဝန္ရလို့
ေမ လုပ္ကြက္ရမယ့္ ရုပ္ရွင္ကားျကီးေတြ စြန့္
လႊတ္လိုက္ခဲ့ရတယ္ဆို"
"မဆိုင္ပါဘူး သားရယ္။ သားေရာ သူေရာ
ႏွစ္ေယာက္စလံုးက ေမေရြးခ်ယ္ခြင့္ရွိသလို
ျငင္းပယ္ခြင့္ရွိခဲ့တဲ့ လူေတြပဲေလ။ ေမ့ေရြးခ်ယ္
မႈအတြက္ ေမ ေနာင္တမရပါဘူး။ ေမ့သားကိို
ခုလိုေတြ႔ခြင့္ရေနတာကိုက ေမ မမွားခဲ့ဘူးဆို
တာ ပိုေသခ်ာေစတယ္။ သားေခ်ာေလးတစ္
ေယာက္ ေမ့ေျခရာနင္းႏိုင္တဲ့ သားတစ္
္ေယာက္ကို ရထားတာပဲ ေနာင္တလား NO
ပါ။ သူေရာက္လာရင္ သားအျပံဳးေတြနဲ့ ကန္
ထုတ္ခိုင္းလိုက္မွာ"
"ဟား ေျခြခ်က္ေတြဗ်ာ...ဒီပံုစံအတိုင္းဆို ေမ့
Skillကို မွီဖို့ ကိုယ္ဆယ္ႏွစ္ေလာက္ျကိုးစား
ရမယ့္ ပံုပဲ"
ရယ္ေမာေနေသာ ကိုယ့္ကို ခပ္ပါးပါးျပံဳးကာ
္ေငးေနရင္းမွ
"ေမ့သားက ပိုေတာ္ပါတယ္။ July ကို လက္
ေဆာင္အျဖစ္ေတာင္းထားတာပဲျကည့္ေလ"
"ဒါကလည္း ေမ့ဆီက သင္ယူထားတဲ့ ပညာပါ
ေမ့လက္ေဆာင္အတြက္ အဲ လက္ေဆာင္ထက္
Reward အတြက္ ေက်းဇူးပါ"
"ေနာက္ဆံုးအေနနဲ႕ July ကိို ဘာအတြက္
ေတာင္းထားတယ္ဆိုတာမိိ်ုး မေျပာျပခဲ့ခ်င္
ဘူးလား"
ေခါင္းေလးေစာင္းကာ ေမးပံုက ဒီေခတ္ ငခြ်တ္
မေလးေတြ ထက္ ပိုခ်စ္ဖို့ေကာင္းေနေသး၏
ဒါေတြေျကာင့္ ခုထိ ျမန္မာႏိုင္ငံမွာပါမက အာဆီယံ ပြဲေတြအထိ ပြဲလယ္တင့္ေနႏိုင္ေသးတာ
ေပါ့။
"ကိုယ့္ကို ေမပဲ ကတိေပးထားတာေလ။ Why
ဆိုတာမ်ိုး မေမးပါဘူးလို့"
"Ok ကိုယ့္ Manager ကို ထားခဲ့ရတာ စိတ္
ေတာ့ ဘယ္ေကာင္းပါ့မလဲ။ Julyက ေမ့အ
တြက္ သမီးလိုပဲေနာ္။ သားထက္လည္းအသက္
ျကီးလို့...ေမာက္ေမာက္မာမာ ဆိုတာမ်ိုးေတြ
မလုပ္မိပါေစနဲ့..."
"ဟား ေမ တကယ္အသက္ျကီးေနျပီပဲ..."
"ဘာရယ္"
"ဆံုးမ မေနနဲ႔။ ေမ့သား အဲ့ေလာက္ မတံုးဘူး
လာ ထ။ အခ်ိန္နီးေနျပီ"
Coffeeဆိုင္ထဲမွ ဆြဲထူေခၚရင္း Passport စစ္
သည့္ေနရာထိ လိုက္ပို့ေပးျဖစ္သည္။
"မင္း ငါ့ကို အသက္ျကီးျပီ အိုျပီေျပာလည္း
ငါ ခံရမွာပဲ မိုးစက္ခ။ ငါ မင္းအေမျဖစ္တဲ့
အတြက္ ေျပာစရာရွိတာေတာ့ ေျပာရမယ္။
မင္း ေပါင္းတဲ့ ခ်ာတိတ္ေတြက ေကာင္းတဲ့
ကေလးေတြေတာ့ မဟုတ္ေပမယ့္ အဆက္အ
သြယ္ျဖတ္ထားတာမ်ိုးေတာ့မလုပ္နဲ့။ ခုေနာက္
မက်ေသးခင္ အဲ့ ကေလးေတြနဲ့ ျပန္ဆက္သြယ္
ေနာင္ ေအာင္ျမင္လာေလ ကိုယ့္ကို လူသိလာ
ေလ ကိုယ့္ရဲ႕ ေဘးမွာ အစစ္အမွန္ဆိုတာမ်ိုး
ေတြ နည္းနည္းလာတဲ့ အခ်ိန္မွာ ကိုယ့္ကို အရွိ
ကို အရွိတိုင္း ဆက္ဆံမယ့္ လူေတြဆိုတာ ကိုယ့္
ေဘာ္ဒါရင္းေတြေလာက္ပဲ ရွိေတာ့မွာ။ ေနာက္
တစ္ခုက ေအာင္ျမင္သြားလို့ ဘဝေမ့တယ္ ဆို
တဲ့ တံဆိပ္မ်ိုးလည္း အကပ္မခံရေစနဲ့။
အေပါင္းအသင္းေတြကို အဆက္အသြယ္ျပန္
္လုပ္ျကားလား မိုးစက္ခ တစ္ေယာက္တည္း
ေနေနတာ ရပ္ေတာ့ေနာ္။"
နာမည္အရင္းေခာ္ျပီး တကယ္ေလးေလးနက္
နက္ေျပာလာတည္းက ကိုယ့္အတြက္အေရးျကီး
တယ္ဆိုတာ သေဘာေပါက္၏။ အဆီပို မရွိ
ေသာ ေရဆင္းငါးလို ခႏၶာကိုယ္ေလးကို ေပြ႕
ဖက္ျပီး သူ့စကား အရာေအာင္ေျကာင္းေသ
ခ်ာေစလိုက္သည္။
"ဟုတ္ ကိုယ္ ဆက္သြယ္ပါ့မယ္။ကိုယ္လည္း
ျပန္ဆက္သြယ္မလို့ စဥ္းစားထားျပီးသားပါ။
ေမလည္း က်န္းမာေရး ဂရုစိုက္ေနာ္။
ေနာက္ျပီး ေဆးလိပ္လည္း ေလွ်ာ့ေသာက္ပါ"
"အရင္ကလိုေတာ့ မေသာက္ျဖစ္ေတာ့ပါဘူး
တစ္ခါတေလ စိတ္ညစ္မွ..."
"ရတယ္ အခု အခ်ိန္ရတုန္း ေသာက္ထားပါ။
ဒါေပမယ့္ တစ္ခုရွိတယ္။ ကိုယ့္ဘာသာကိုယ္
ျဖတ္ထားတာ ပိုေကာင္းမယ္ထင္တယ္။ေနာက္
မွ ကိုယ့္ေျကာင့္ ေသာက္ရမွာ ရွက္တတ္လာျပီးမွ ျဖတ္ရတာဆိုရင္ မေကာင္းဘူးေနာ္ ေမ။"
"ဘာလဲ သတိေပးေနတာလား စိမ္ေခၚေနတာ
လား။"
"ျကိုက္သလို ယူဆလို့ရတယ္။ ကဲ Have a
Safe Flight ..."
လွည့္ျကည့္လွည့္ျကည့္ႏွင့္ ဝင္သြားေသာ
ေက်ာျပင္။ အလာတုန္းကထက္ ပိုျပီး အထီး
က်န္ေနပါလား ဟု ျမင္မိတာက တစ္ကိုယ္
တည္း ျပန္လႊတ္လိုက္ရလို့လား။
ကိုယ္ေမ့ကို ခ်စ္ပါတယ္။ အားလည္းနာတယ္။
ဒါေပမယ့္ ကိုယ္ မေတာင္းပန္ခ်င္ဘူး။
ေမ တို့ ျဖိုခြဲလိုက္တဲ့ ကိုယ့္ကမၻာအတြက္ ဒီ
ေလာက္ေတာ့ အေလ်ာ္ျပန္ေပးပါ။
ပ်ံတက္သြားေသာ ေလယာဥ္ျကီးေမာ့ျကည့္ရ
ေလာက္ေအာင္လည္း ပိုက္ဆံရသည့္ MTV
ရိုက္ေနတာမဟုတ္ေတာ့ ကားေပၚတက္ရင္း
ပို့လိုက္ေသာ 1Mins ေက်ာ္ေက်ာ္သာရွိေသာ
Video ကိုဖြင့္ျကည့္ရမည္။
ေက်ေက်နပ္နပ္ျကီးကို ျပံဳးမိသည္။ တကယ္
ေတာ္တယ္ ကိုယ္လိုခ်င္တဲ့ အပိုင္းကြက္တိ
ကို ေပးလိုက္တာပဲ။
ခ်ီးက်ဴးစကားေလးေတာ့ ေျပာသင့္သည္မို့
"Hello P'K...ကိုယ္ပါ"
"အင္း Videoေရာက္တယ္မလား"
"ဟုတ္ကဲ့ ေက်းဇူးပဲဗ်ာ။ ဒါနဲ့ ကိုယ္ေတာင္း
ထားတာ P ဂ်င္းနီ ဆီကပါ။ ဘယ္လိုျဖစ္ျပီး..."
"ဂ်င္းနီက တကၠသိုလ္မွာေရာ အခုအလုပ္ထဲ
ေရာက္တဲ့ ထိေရာ ငါ့ Juniorေလ"
"အာ...ကိုယ္ သေဘာေပါက္ျပီ။ ေက်းဇူးပါ
Videoအတြက္"
"ဘယ္သူ့ကို ေပးမွာလဲ?"
"အင္း ဒါေတာ့ ကိုယ္မေျပာျပခ်င္ေသးဘူး။
စိတ္ခ်ပါ ျပႆနာမေပာ္ေစရဘူး"
"ဒါနဲ့ Fanေတြက Knights ဆို ငါက ဘာလဲ
Rain"
"ဟား ေနာက္ျပီ Pရာ"
တကယ္ကို သေဘာတက်ရယ္မိသည္။ အရူး
ကြက္နင္းျပီး သူေမးလာသည့္ ေမးခြန္းကို ျပန္
မေျဖေပးေတာ့ပါ။ လိုမွ မလိုေသးပဲေလ။ ဒဲ့ျကီး
ေတြနဲ့ အကြက္လွလွပပ ေရႊ႕တတ္တဲ့ Pက
ေခ်ာင္ျကိုက္တတ္တာလည္း ရွိေနေတာ့ ကိုယ္
မေျပာလည္း ကိုယ့္ေနရာ ကိုယ္ရိပ္စားမိေန
ေလာက္ျပီပဲ။
ေနာက္ျပီး ကိုယ္ဖုန္းဆက္စရာရွိသည္က သူ
တစ္ေယာက္တည္းမွ မဟုတ္တာ။
"ဟဲလို မ"
"အင္း မိုးစက္ ေျပာေလ"
"အခန္းေနရတာ အဆင္ေျပရဲ႕လား"
"အင္း ေျပတယ္။ အန္တီေရာ ေလယာဥ္ေပာ္
တက္သြားျပီလား"
"အခုေလးတင္ပဲ။ မ ကို ကိုယ္ Videoပို့ထား
တယ္"
"Okok အစ္မျကည့္လိုက္မယ္။"
"ကူညီေပးလို့ေက်းဇူးပါ မ"
"ကူညီေပးတယ္ဆိုတာထက္ ဒါ အစ္မ အလုပ္
ပဲေလ...ကိုယ္တိုင္ဝါသနာပါလို့ လက္ခံ
လိုက္တဲ့ အလုပ္ပဲ။ သီးသန့္ေက်းဇူးတင္ေနစရာမလိုပါဘူး။ performance ေကာင္း
ရင္ေကာင္းသေလာက္ လစာသာ တိုးေပးေပါ့"
ျပံဳးမိျပန္သည္။ ေဒာ္စံပယ္ခ်ို၏ လူယံုျဖစ္လာ
တယ္ဆိုတဲ့ လူတစ္ေယာက္၏ skillကို ေလွ်ာ့
တြက္လို့ေတာ့မရ။
ဆက္ေျပာရင္လည္း အႏွစ္မရွိတဲ့ အပိုစကား
ေတြ ျဖစ္သြားမွာမို့ ဆိုခဲေစ ျမဲေစ မူကို ႏွလံုး
မူျပီး Good Night ဟုသာ ႏႈတ္ဆက္လိုက္
ေတာ့၏။
ေမွာင္ေနေသာ ကားထဲ မွ လင္းေနေသာ ဖုန္း
Screenမွ Wallpaper ကို ျကည့္ရင္း ႏွစ္ႏွစ္
ျခိုက္ျခိုက္ျပံဳးမိသည္။ ရွားပါးလွစြာေသာ
ရတုန္းရခိုက္ ကိုယ္ပိုင္ခ်ိန္ေလးကို အျပည့္အဝ
အသံုးခ်ျကည့္ခ်င္သည္။ မ်က္လံုးမ်ားကိို မွိတ္ထားရင္း ျငိမ္ျငိမ္ဆိမ္ဆိမ္ေနျခင္းျဖင့္ LIVE
Video တစ္ခုမွ အသံမ်ားကိို နားေထာင္ရင္း
တစ္ခဏတာ ျငိမ္းေအးမႈထဲ နစ္ဝင္ေနလိုက္
ေတာ့သည္။
"Rain ခ စိတ္ဆိုးေနရင္ ကြ်န္ေတာ္ဘယ္လိုမွ
ေနလို့ အဆင္မေျပဘူး။ Rainခ က Mood
Makerပဲ။ သူျငိမ္သြားရင္ ပတ္ဝန္းက်င္တစ္ခု
လံုး အုံ႕မႈိင္းသြားေစတယ္"
နားနဲ့ ဆက္ဆက္ျကားခဲ့ရေသာ စကားသံမ်ား
ျဖစ္ေပမယ့္ အခု ည ထုတ္လႊင့္မႈမွနားေထာင္
ေတာ့လည္း တစ္မ်ိုးဆန္းသစ္ေနျပန္ေရာ။
ႏႈတ္ခမ္းစြန္းႏွစ္ခုလံုးေကာ့ညႊတ္သြားေအာင္
ျပံဳးမိသည္။
"ညီ ကေတာ့ တစ္မ်ိုးတစ္ဘာသာ တစ္ကြက္
ဆန္းေနေတာ့တာပဲ"
>>>>>PRO<<<<<<
"အေမ့!"
လင္းသြားေသာ အခန္းထဲ ဝင္လာေသာကိုယ့္
ကို စိုက္ျကည့္ေနေသာ မ်က္ဝန္းတစ္စံု။
မေမွ်ာ္လင့္ထားသည္မို့ အေမ တမိသည္အထိ
ကိုယ္ တကယ္လန့္သြားတာ
"ညီ ႏိုးေနတာလား။ အဲ့ဒါဆိုလည္း မီးေလး
ဘာေလး ဖြင့္ျပီးထိုင္ေလဗ်ာ။ ေမွာင္ထဲမွာ ...
ေနဦး အဖ်ားက က်သြားျပီလား"
ႏွဖူးေပာ္မွကိုယ့္လက္ကို ပုတ္ထုတ္ျပီး ေမာ့
ျကည့္လာေသာ မ်က္လံုးတို့သည္ လက္က်န္
အဖ်ားေငြ႔ေငြ႕ေျကာင့္ ရဲေနတာမ်ိုးမဟုတ္
"ေမ့ခ်ို ကို သြားပို့တာ ငါ့ကို ဘာလို့မေျပာ
တာလဲ Rain"
"အာ...ညီ ေဆးေသာက္ျပီး အိပ္ဖို့လိုတယ္ေလ
ျပီးေတာ့ အေရးမွ မျကီးတာ"
"ေမ့ခ်ို့ျပန္တာကို လိုက္ပို့ေပးတာ အေရးမျကီး
တာလား Rain...သြားျကိုတုန္းက ငါတို့အတူတူ ျကိုခဲ့ျကတာမဟုတ္ဘူးလား"
"ဟုတ္ပါတယ္။ ခုလည္း ေမ့ကိို ညီဖ်ားေနလို့
လိုက္မပို့ျဖစ္တဲ့ အေျကာင္းေျပာလိုက္ပါတယ္
ညီ အိပ္ေပ်ာ္ေနေတာ့ ကိုယ္လည္း မႏႈိးခ်င္
ေတာ့လို့ ညီတကယ္ နားဖို့လည္းလိုေနတယ္
ေလ"
"မင္း ငါ့ကို စိတ္ဆိုးေနတုန္းပဲ မလား"
LIVE မွာေမးခဲ့ေသာ အျကည့္ အသံတို့နွင့္
ျခားနားစြာ ေမးလာေသာ ညီ။ မဟုတ္ဘူး
ဒါတကယ့္ ညီေစအံ့။
"ကိုယ္ေျပာျပီးျပီေလ။ ဒီမွာ ညီ့ကို ကိုယ္အခု
ျကံုတုန္းတစ္ခါတည္းေျပာမယ္။ ကိုယ္နဲ့ ညီ
ျပႆနာကို အလုပ္မွာ အသံုးခ်မေျဖရွင္းပါနဲ့
လား။ ဒါ professional မဆန္ဘူးေနာ္"
ပါးျပင္တစ္ဖက္ ရဲခနဲျဖစ္သြား၏္။
"ငါတို့မွာ personal ေတြကို သီးသန့္အခ်ိန္
ေပးေျဖရွင္းဖို့အခ်ိန္ေရာရွိေသးလို့လားRain"
"အခုရတယ္ေလ။ ကိုယ္တို့ အခု ႏွစ္ေယာက္
တည္းရွိေနခ်ိန္ ဘာ Cameraမွလည္း မရွိ
ခ်ိန္ေျပာေလ ညီ။ ညီ မေက်နပ္တာေတြ
ညီ ျဖစ္ေစခ်င္တာေတြ ေျပာလို့ရတယ္ေလ
ေျပာေရာ မေျပာခဲ့လို့လား။ ညီ လုပ္လည္း
လုပ္လို့မရခဲ့လို့လား။ ညီ အခု ကိုယ္တို့သီးသန့္
ေျပာလို့ရတဲ့ ကိစၥေတြမွာ Nine အံ့ ပံုစံနဲ့ ေျပာ
လာတာျကီးကို ျကည့္ျပီး ညီ့ကို သကာရည္
ဆမ္းထားသလို မ်က္ႏွာေပးနဲ့ ေသာက္ပိိုေတြ
ေျပာျပီး ရွင္းျပေနရတာျကီး ကိုယ္တကယ္
အဆင္မေျပဘူး ညီေစအံ့။ ေသာက္ရူးလို ခံစား
ရတာေရာ သိလား။ ကိုယ္ တကယ္အဆင္မ
ေျပဘူး။ ညီ ကိုယ့္ဖက္ကိုလည္း နည္းနည္း
ျကည့္ေလ"
အခန္းထဲမွ သက္ရွိလူသားႏွစ္ေယာက္သည္
အပူအေအး တစ္ဖက္တစ္ခ်က္စီျဖင့္ ျငိမ္သက္
သြားေတာ့၏။ ခ်ုပ္ထိန္းထားမႈမ်ား လြတ္ထြက္
ေပါက္ကြဲ လိုက္ရ၍ ခႏၶာကိုယ္တစ္ခုလံုး နိမ့္
ခ်ည္ျမင့္ခ်ည္ႏွင့္ ဆူပြတ္ေနေသာ ကိုယ့္ကို
ေရခဲပန္းပုတစ္ရုပ္လို ေအးစက္ေတာင့္တင္း
လ်က္ မလႈပ္မယွက္ေျကာင္ေငးေနေသာညီ။
"ေတာက္ ! အဲ့ ပံုျကီးမေနပါနဲ့ ဗ်ာ။ အဲ့ဒါ ကိုယ္
သိတဲ့ ညီေစအံ့ မဟုတ္ဘူး။ေျပာေလ ရိုက္ေလ
ကိုယ့္ကို အျကီးကိို ေသာက္ နဲ့ ေျပာရမလား
ဆိုျပီး..."
"ငါ မင္းကို ေတာင္းပန္တယ္။ငါ တစ္ကိုယ္
ေကာင္းဆန္သလိုျဖစ္သြားလို့ ေတာင္းပန္တယ္
အျကီးတစ္ေယာက္အေနနဲ့ မလုပ္သင့္တာေတြ
လုပ္မိလိုက္သလိုပဲ။ ငါ့ကိုယ္ငါလည္း တကယ္
မသိတာ Rain။ ငါ ငါ ဒီရက္ပိုင္း တကယ္ေရာ
ေထြးေနတယ္။ မင္း ငါ့ကို စိတ္ဆိုးသြားတာ
သိေတာ့ ပိုဆိုးကုန္တာပဲ။ ငါ့ကိုယ္ငါ မသိလိုက္
ခင္ Personalေတြကို အလုပ္မွာ အသံုးခ်မိ
သြားတာ။ ဒါကိုလည္း ငါမွန္တယ္ထင္ေနခ့ဲတာ
Personalကို အေျခအေနနဲ့ ကိုက္ေအာင္
အသံုးခ်လိုက္ႏိုင္တာကို Professionalဆန္
တယ္လို့ ထင္ေနခဲ့မိတာ။ အဲ့ဒါ မင္း ကိုသြားထိ
မယ္ဆိုတာ မေတြးလိုက္မိဘူး။ ငါ တစ္ကိုယ္
ေကာင္းဆန္မိသြားတာပဲ။ ဒါေပမယ့္ Nineအံ့
အေနနဲ့ပဲ ျဖစ္ျဖစ္ ညီေစအံ့ အေနနဲ႕ပဲျဖစ္ျဖစ္
မင္း ငါ့ကို စိတ္ဆိုးေနတာ။ စကားမေျပာဘဲေန
ေနတာေတြကိုေတာ့ ငါ တကယ္မေနတတ္ဘူး
မိုးစက္။ င့ါကို ယံုျကည္ေပးတာ မင္းပဲရွိတာ
ငါယံုျကည္လို့ရတာလည္း မင္းပဲရွိတာ။ ငါယံု
ျကည္လို့ရတဲ့ တစ္ေယာက္တည္းေသာ မင္းက
ပါ ငါ့ကို စိတ္ဆိုးေနတယ္ မေခာ္မေျပာလုပ္ေန
တာက ငါ့အတြက္လည္း တကယ္အဆင္မေျပဘူး"
"အဆင္မေျပလည္း လဲေသလိုက္ေတာ့။ ဟုတ္
တယ္ ခင္ဗ်ားကို ယံုတယ္လို့ ကတိေပးျပီးသြား
တာကို ခင္ဗ်ားဟာ ခင္ဗ်ား ကိုယ့္ကို မိန္းမ
အေတြးေတြနဲ့ ယွဥ္ထိုးႏႈိင္းယွဥ္ျပီး ဆိုက္ကိုေတြ
ေဖာက္ေနတာကို ကိုယ္က ခခယယန့ဲ ယံုပါ
ကိုညီေစအံ့ရယ္ ဘာညာနဲ့ ေျပာေပးေနရမွာ
လား။ ေျပာမယ္ အခု ညီနဲ့ တစ္ခန္းတည္းေန
တယ္။ Screen Lover အျဖစ္ေနတယ္။ ကုန္ကုန္ေျပာမယ္ ကိုယ္တို့ မိနစ္ ၂၀မက နမ္းဖူး
တယ္။ အဲ့ဒါနဲ့ပဲ ကိုယ္က ညီ့ကို စိတ္ယိုင္လာ
မယ္ထင္ေနရင္ေတာ့ ညီ ကိုယ့္ကို အထင္ေသး
ေနတာပဲ။ ကိုယ္ တိမ္းလြယ္ယိမ္းလြယ္ရင္
ညီ့အရြယ္ေလာက္ဆို ကေလးအေဖျဖစ္ေန
ေလာက္ျပီ။"
"ငါ မင္းကို အဲ့လိုမထင္ဘူး Rain..."
"မထင္နဲ႕ ေလွ်ာက္ျပီး ညီ့သူငယ္ခ်င္း အြိုင္တို့
ပယင္းတို့ ထည့္တဲ့ ဆိုက္ကိုေတြေဖာက္ျပီး
ကိုယ့္ကိုပါ တစ္တန္းထဲ ဆြဲမသြင္းနဲ့ ...
ကိုယ့္ ေယာက်ာ္းသိကၡာက်တယ္။ ကိုယ္နဲ႕ေန
လို့ ညီ မွဲ႕တစ္ေပါက္မစြန္းေစရဘူး"
"အမ္ အဲ့ဒါ မိန္းကေလးေတြကို ေျပာရတဲ့
စကားျကီးကြ"
ေဒါသေတြေမာင္းတင္ျပီး ထြက္သမွ် လႊတ္တင္
ေနရင္းမွ ႏွစ္ေယာက္သား ထရယ္မိျကသည္။
"ေယာက်ာ္းေလးေတြ စကားမ်ားရင္ အဲ့လိုပဲ
ထိုးလိုက္ျကိတ္လိုက္မွ မဟုတ္ရင္ ဒီလိုေပါက္ကရေတြ ထြက္လာေရာ ခြီး...ရွက္စရာျကီးဗ်ာ"
ညီသည္ ကိုယ့္စကားကို သေဘာတက်ႏွင့္ တခြိ
ခြိရယ္ေနေတာ့၏။
"ေသာက္ကေလးေလး။ ျမန္မာကားလာဆန္
ေနတယ္ ဟား ဟား"
"ေတာ္ေလာက္ျပီညီ။
ကိုယ္စကားမွားသြားေပမယ့္ ညီ ဒါကုိ ေပါ့
ေသးေသး မထင္နဲ့။ ကိုယ္တကယ္ေျပာေနတာ
အခုခိ်န္ ညီ တစ္ကိုယ္လံုး ခ်ြတ္ျပီး ကိုယ္နဲ့
လာအိပ္ရင္ေတာင္ ဘာမွျဖစ္လာမွာ မဟုတ္
ဘူး။ ဒါေျကာင့္ ေပါက္ကရေတြ ေတြးျပီးဆိုက္
ကိုေဖာက္မေနနဲ႕...လာ"
ႏွစ္ေယာက္၏ ျပႆနာေတြရင္ဆိုင္ျပီးတိုင္း
လုပ္ေနက်အျပုအမူတစ္ခုျဖစ္ေသာ လက္သီး
ဆုပ္ကာ ထိုးေပးေတာ့ ခပ္ဖြဖြ ျပန္ထိုးေပး
သည္။
"ႀသ ေနာက္ျပီး လာထိုင္။ ကိုယ္ တစ္ခုစီစဥ္
ထားတယ္"
ညီ့ အိပ္ရာေပာ္တြင္ပင္ ထိုင္ခ်လ်က္
Laptop ဖြင့္ကာ ႏွစ္ေယာက္သား ေခါင္းပူး
မိသည္။
"ဒီမွာ"
"ဘာလဲ မင္း Offical Ig Acc ဖြင့္လိုက္ျပီလား
ဘယ္တုန္းကလဲ"
"ကိုယ့္ Accရယ္လို့လည္း မဟုတ္ဘူး။
Photo Studio သေဘာမ်ိုး ဖြင့္လိုက္တာ။
မဆိုးဘူး။ Followerေတြတက္လာျပီ"
"တကယ္ပဲ Knights'_NKha" လို့ ေပးထား
မွာလား။"
"အင္း ကိုယ္ ပထမဆံုး Postတင္မလို့။ ဘယ္လို
လဲ အဆင္ေျပလား"
"တင္ေပါ့ မင္း Accountပဲ မင္းတင္ခ်င္တာ
တင္ေပါ့။"
"Ok ညီ ေျပာတာေနာ္"
ခ်က္ခ်င္းဆိုသလို အဆင္သင့္ထားထားေသာ
ပံုကို ေကာက္တင္လိုက္ေတာ့သည္။
First Sight ဟူေသာ Captionေအာက္က ပံု
ကို ျကည့္ျပီး မ်က္လံုးျပူးတက္သြားေသာ ညီ
သည္ အဖ်ားခ်က္ခ်င္းတက္သလို စကားေတြ
ပါ ထစ္အကုန္ရေတာ့၏
"ဒါ...ဒါ ျမဘုရားမွာ တုန္းက ငါ့ပံုမလား။ မင္း
မင္း ရိုက္ထားတာလား"
"Bingo! ကိုယ္ညီ့ကို ပထမဆုံးစေတြ႔ဖူးတဲ့
ပံုေပါ့။ Roတယ္မလား။ ဒါ ညီ တင္ဆိုလို့ ကိုယ္တင္တာေနာ္ ညီ"
ခ်က္ခ်င္းဆိုသလို တက္လာေသာ အသည္း
နီနီအေရအတြက္ႏွင့္ ဘာသာစံု comments
ေပါင္းစံုကိုျကည့္ျပီး ညီ ပက္လက္လဲေတာ့၏။
"မင္းက ဂယက္ေကာင္ပဲ Rain...တကယ့္
ဂယက္ ထေအာင္ လုပ္တဲ့ အေကာင္ပဲ"
ပက္လက္ျကီးလဲလ်က္ ေရရြတ္ေနေသာ ညီ့ိကို
ငံု႔မိုးျကည့္ရင္း အားပါးတရ ျပံဳးျပျဖစ္သည္။
"ဒါ အစပဲရွိေသးတယ္ ညီ။ ေရွ႕ေလွ်ာက္ ကိုယ္
က ေရေရလည္လည္ ေျကြျပမွာမို့ ညီ့ဖက္က
ယိမ္းအက လွလွေလးေတြသာ ျကိုသင္ထား
ေပးပါ။ ေနာ္ ကိုယ့္ Kingေလး...ကိုယ့္ကို မ်ား
မ်ားေခ်ေပးေလ ျပီးမွ ပညာေလးေတြထုတ္သံုး"
ပက္လက္လွဲေနေသာ ညီ့ ဆံပင္မ်ားကို ခပ္ဖြဖြ
သပ္ခ်ျပီး ပါပီေပါက္ေလးသဖြယ္ျပုမူေတာ့
ခ်က္ခ်င္း ဆိုသလို ပုတ္ထုတ္၏။
"မင္းဟာေလ..." ဟုလည္း ေရ ရြတ္ေနေသး၏။
"ေနာက္ျပီး တစ္ခု ေျပာရဦးမယ္ P' အြိုင္ကို
ကိုယ့္ မန္ေနဂ်ာ လုပ္ေပးဖို့ ကိုယ္ ဖုန္းဆက္
ထားတယ္"
"ဘာ!"
ျပူးက်ယ္ေနေသာ မ်က္လံုးဝိုင္းမ်ားကို ျမတ္ႏိုး
မႈႏွင့္ ျကည့္မဝ ျဖစ္ေနဟန္ ေငးျကည့္ျပီး ျပံဳး
ျပေနလိုက္ေတာ့သည္။
မလန့္နဲ့ ညီ။ အခုမွ ပြဲက စတာဗ်
Thank You All
(Unicode version)
/
/
/
ချစ်စရာကောင်းသော Email ဝင်လာသံနှင့်
့်Point မိခြင်းက ကွက်တိဖြစ်၍ ဖုန်း
ိုထုတ်ကြည့်ရန် အခွင့်အရေးရသည်။
"ဘာတွေဒီလောက် အရေးကြီးလို့လဲ သားရယ်
ကားမောင်းနေရင်းနဲ့ကို..."
ပို့လိုက်သော Video ကို Download ချရင်း
မှ မေ့ကို လှည့်ပြုံးပြလိုက်ခြင်းက ဘာလဲဟု
မမေးဖြစ်ရန် တားလိုက်သော ထမင်းရည်ပူ
စည်းတစ်ခုဆိုတာ မေလည်း ချက်ချင်းရိပ်မိ
သည်။
တောင်းထားသူက တစ်ယောက် ပေးပို့သူက
တစ်ယောက်ဖြစ်နေတာတော့ ပြီးပြီးရော လျစ်
လျူရှုလိုက်လို့ရသော ကိစ္စတော့မဟုတ်။
သိုပေမယ့် မာတာမိခင်၏ ဌာနီပြန်ခရီးစဉ်
အန္တရာယ်ကင်းစေမည့် ရည်ရွယ်ချက်လောက်
ဘယ်အရာကမှ အရေးမကြီးဟန်ကို လုပ်ယူ
ထားလိုက်သည်။
ကားမောင်းနေသော ကိုယ့်ကို ငေးကြည့်နေ
ရင်းမှ ကြည့်မဝ၍ထင် ခေါင်းကို ခပ်ဖွဖွပွတ်
သပ်ပေးနေသေး၏။ ကိုယ် စိတ်ရှုပ်ဟန်မပြ
ဖြစ်။ ကိုယ်လည်း မေနဲ့နေရသည်ကို ပျော်နေ
ခဲ့တာပဲ။
နှစ်သက်နေသည်ကို သိသာစေရန် ငြိမ်ပေး
ရင်း မေ့ဖက်မသိမသာ ခေါင်းစောင်းပေး
မိသည်။
ပွိုင့်မိတိုင်းလည်း မေ့ဖက်ကို မေ့ဆီမှ
အမွေရထားသော အပြုံးပေါင်းများစွာကို အိမ်
ပြန်လက်ဆောင်အဖြစ်လည်းရက်ရက်ရောရော ပေးဖြစ်သည်။
အချိန်အားဖြင့် ညာဉ့်ဦးယံသို့ချဉ်းကပ်နေသော်
လည်း သုဝဏ္ဏဘူမိလေဆိပ်က မီးရောင် ထိန်
ထိန်ညီးလျက် ပြန်သူ လာသူများနှင့်စည်ကား
နေသည်။
"ပြန်ရင်နောက်ကျမယ့်ဟာကို လိုက်ပို့မယ်လူ
ခေါ်လာတာ မဟုတ်ဘူး။ ပြန်ရင်အငှားယာဉ်
မောင်းတစ်ယောက်လောက် ခေါ်လိုက်ပါလား
သား"
"ရပါတယ်။ ကိုယ်တိုင် လိုက်ပို့ပေးချင်လို့။ ပြီး
တော့ မေ နဲ့ ကိုယ့်အတွက် သီးသန့်အ ချိန်ရှိချင်
တာရောကြောင့်"
"မေ့သား တစ်နေကုန် ရိုက်ကူးရေးတွေနဲ့ ပင်
ပန်းနေတာကို...နောက်ပြီး သူများနိုင်ငံမှာ သူ
များကားငှားလာပြီးမောင်းလာတော့ စိတ်ပူ
တယ်။ မေလည်း အသက်တွေကြီးလာလို့လား
မသိဘူး။ အတွေးလွန်ပြီးစိုးရိမ်တတ်လာပြီ"
"P ဂျင်းနီကား က မောင်းနေကျပါ ကိစ္စမရှိပါ
ဘူး။ စိုးရိမ်တာနဲ့ အသက်ကြီးလာတာနဲ့ မဆိုင်
ပါဘူး မေ။ မစိုးရိမ်တတ်တဲ့ လူ နေတတ်တဲ့ လူ
က အနေသာကြီးပဲ"
"သူ သားအကြောင်းတော့ မေးပါတယ်"
ရင်းနှီးသော ဖေ ဟူသော နာမ်စားမပါသော်
လည်း စိတ်လှုပ်ရှားမိသည်ကို လက်ထဲကိုင်ထားခံရသော ကော်ဖီဖော့ဗူး အသိပင်ဖြစ်လိမ့်
မည်။ သို့သော်မေ့အား မည်သည်မှ ပြန်မမေး
မိ။ ခါးသက်သက်နှင့် ကဖင်းနှစ်ဆပါသော
အရည်ကျဲကိုသာ ကျိတ်မျိုချလိုက်သည်။
"နောက်နှစ်လောက်မှ ပြန်လာမယ့် ပုံပဲ။ သား
ကိုတော့ သူ အပြစ်မပြောပါဘူး။ သိတယ်မလား။ သူ့က မေတို့ကို နေပျော်သလိုနေကြ
သူ့ လာအနှောက်ယှက်ရင် ပြီးရော ဆိုတဲ့ ပုံစံ
ဆိုတော့..."
မိန်းမလှတစ်ပါး၏ နွမ်းလျလျအပြုံး။ အောင်
မြင်သော မင်းသမီးဆိုသည့် ဂုဏ်တစ်ခုနှင့်အတူတူယှဉ်တွဲ မနေနိုင်၍ တခြားမိန်းမတစ်ယောက်ကို အပ်နှင်းထားရသော ဇနီးကောင်းဟူသော
ဂုဏ်ကိုကိုယ် မုန်းချင်မိသည်။
သို့သော်လည်းကမ္ဘာ့မြေဆွဲအားနဲ့ မျှခြေညီ
စေရန် ကြိုးစားရပ်တည်နေသော လူသား
မေ့ အတွက် ကျန်သည့်အရာတွေပါ မျှခြေမိ
အောင် နေထိုင်နိုင်ဖို့ ခက်ခဲမှာပေါ့။
"မေ...နောင်တရလား။"
"ဘာကိုလဲ သား"
"ဖေ့ကို လက်ထပ်ခဲ့မိတာရော နောက်ပြီး ကိုယ့်
ကို မွေးမိခဲ့တာရော။ ကိုယ့် ကို ကိုယ်ဝန်ရလို့
မေ လုပ်ကွက်ရမယ့် ရုပ်ရှင်ကားကြီးတွေ စွန့်
လွှတ်လိုက်ခဲ့ရတယ်ဆို"
"မဆိုင်ပါဘူး သားရယ်။ သားရော သူရော
နှစ်ယောက်စလုံးက မေရွေးချယ်ခွင့်ရှိသလို
ငြင်းပယ်ခွင့်ရှိခဲ့တဲ့ လူတွေပဲလေ။ မေ့ရွေးချယ်
မှုအတွက် မေ နောင်တမရပါဘူး။ မေ့သားကို
ခုလိုတွေ့ခွင့်ရနေတာကိုက မေ မမှားခဲ့ဘူးဆို
တာ ပိုသေချာစေတယ်။ သားချောလေးတစ်
ယောက် မေ့ခြေရာနင်းနိုင်တဲ့ သားတစ်
်ယောက်ကို ရထားတာပဲ နောင်တလား NO
ပါ။ သူရောက်လာရင် သားအပြုံးတွေနဲ့ ကန်
ထုတ်ခိုင်းလိုက်မှာ"
"ဟား ခြွေချက်တွေဗျာ...ဒီပုံစံအတိုင်းဆို မေ့
Skillကို မှီဖို့ ကိုယ်ဆယ်နှစ်လောက်ကြိုးစား
ရမယ့် ပုံပဲ"
ရယ်မောနေသော ကိုယ့်ကို ခပ်ပါးပါးပြုံးကာ
်ငေးနေရင်းမှ
"မေ့သားက ပိုတော်ပါတယ်။ July ကို လက်
ဆောင်အဖြစ်တောင်းထားတာပဲကြည့်လေ"
"ဒါကလည်း မေ့ဆီက သင်ယူထားတဲ့ ပညာပါ
မေ့လက်ဆောင်အတွက် အဲ လက်ဆောင်ထက်
Reward အတွက် ကျေးဇူးပါ"
"နောက်ဆုံးအနေနဲ့ July ကို ဘာအတွက်
တောင်းထားတယ်ဆိုတာမျိုး မပြောပြခဲ့ချင်
ဘူးလား"
ခေါင်းလေးစောင်းကာ မေးပုံက ဒီခေတ် ငချွတ်
မလေးတွေ ထက် ပိုချစ်ဖို့ကောင်းနေသေး၏
ဒါတွေကြောင့် ခုထိ မြန်မာနိုင်ငံမှာပါမက အာဆီယံ ပွဲတွေအထိ ပွဲလယ်တင့်နေနိုင်သေးတာ
ပေါ့။
"ကိုယ့်ကို မေပဲ ကတိပေးထားတာလေ။ Why
ဆိုတာမျိုး မမေးပါဘူးလို့"
"Ok ကိုယ့် Manager ကို ထားခဲ့ရတာ စိတ်
တော့ ဘယ်ကောင်းပါ့မလဲ။ Julyက မေ့အ
တွက် သမီးလိုပဲနော်။ သားထက်လည်းအသက်
ကြီးလို့...မောက်မောက်မာမာ ဆိုတာမျိုးတွေ
မလုပ်မိပါစေနဲ့..."
"ဟား မေ တကယ်အသက်ကြီးနေပြီပဲ..."
"ဘာရယ်"
"ဆုံးမ မနေနဲ့။ မေ့သား အဲ့လောက် မတုံးဘူး
လာ ထ။ အချိန်နီးနေပြီ"
Coffeeဆိုင်ထဲမှ ဆွဲထူခေါ်ရင်း Passport စစ်
သည့်နေရာထိ လိုက်ပို့ပေးဖြစ်သည်။
"မင်း ငါ့ကို အသက်ကြီးပြီ အိုပြီပြောလည်း
ငါ ခံရမှာပဲ မိုးစက်ခ။ ငါ မင်းအမေဖြစ်တဲ့
အတွက် ပြောစရာရှိတာတော့ ပြောရမယ်။
မင်း ပေါင်းတဲ့ ချာတိတ်တွေက ကောင်းတဲ့
ကလေးတွေတော့ မဟုတ်ပေမယ့် အဆက်အ
သွယ်ဖြတ်ထားတာမျိုးတော့မလုပ်နဲ့။ ခုနောက်
မကျသေးခင် အဲ့ ကလေးတွေနဲ့ ပြန်ဆက်သွယ်
နောင် အောင်မြင်လာလေ ကိုယ့်ကို လူသိလာ
လေ ကိုယ့်ရဲ့ ဘေးမှာ အစစ်အမှန်ဆိုတာမျိုး
တွေ နည်းနည်းလာတဲ့ အချိန်မှာ ကိုယ့်ကို အရှိ
ကို အရှိတိုင်း ဆက်ဆံမယ့် လူတွေဆိုတာ ကိုယ့်
ဘော်ဒါရင်းတွေလောက်ပဲ ရှိတော့မှာ။ နောက်
တစ်ခုက အောင်မြင်သွားလို့ ဘဝမေ့တယ် ဆို
တဲ့ တံဆိပ်မျိုးလည်း အကပ်မခံရစေနဲ့။
အပေါင်းအသင်းတွေကို အဆက်အသွယ်ပြန်
်လုပ်ကြားလား မိုးစက်ခ တစ်ယောက်တည်း
နေနေတာ ရပ်တော့နော်။"
နာမည်အရင်းခော်ပြီး တကယ်လေးလေးနက်
နက်ပြောလာတည်းက ကိုယ့်အတွက်အရေးကြီး
တယ်ဆိုတာ သဘောပေါက်၏။ အဆီပို မရှိ
သော ရေဆင်းငါးလို ခန္ဓာကိုယ်လေးကို ပွေ့
ဖက်ပြီး သူ့စကား အရာအောင်ကြောင်းသေ
ချာစေလိုက်သည်။
"ဟုတ် ကိုယ် ဆက်သွယ်ပါ့မယ်။ကိုယ်လည်း
ပြန်ဆက်သွယ်မလို့ စဉ်းစားထားပြီးသားပါ။
မေလည်း ကျန်းမာရေး ဂရုစိုက်နော်။
နောက်ပြီး ဆေးလိပ်လည်း လျှော့သောက်ပါ"
"အရင်ကလိုတော့ မသောက်ဖြစ်တော့ပါဘူး
တစ်ခါတလေ စိတ်ညစ်မှ..."
"ရတယ် အခု အချိန်ရတုန်း သောက်ထားပါ။
ဒါပေမယ့် တစ်ခုရှိတယ်။ ကိုယ့်ဘာသာကိုယ်
ဖြတ်ထားတာ ပိုကောင်းမယ်ထင်တယ်။နောက်
မှ ကိုယ့်ကြောင့် သောက်ရမှာ ရှက်တတ်လာပြီးမှ ဖြတ်ရတာဆိုရင် မကောင်းဘူးနော် မေ။"
"ဘာလဲ သတိပေးနေတာလား စိမ်ခေါ်နေတာ
လား။"
"ကြိုက်သလို ယူဆလို့ရတယ်။ ကဲ Have a
Safe Flight ..."
လှည့်ကြည့်လှည့်ကြည့်နှင့် ဝင်သွားသော
ကျောပြင်။ အလာတုန်းကထက် ပိုပြီး အထီး
ကျန်နေပါလား ဟု မြင်မိတာက တစ်ကိုယ်
တည်း ပြန်လွှတ်လိုက်ရလို့လား။
ကိုယ်မေ့ကို ချစ်ပါတယ်။ အားလည်းနာတယ်။
ဒါပေမယ့် ကိုယ် မတောင်းပန်ချင်ဘူး။
မေ တို့ ဖြိုခွဲလိုက်တဲ့ ကိုယ့်ကမ္ဘာအတွက် ဒီ
လောက်တော့ အလျော်ပြန်ပေးပါ။
ပျံတက်သွားသော လေယာဉ်ကြီးမော့ကြည့်ရ
လောက်အောင်လည်း ပိုက်ဆံရသည့် MTV
ရိုက်နေတာမဟုတ်တော့ ကားပေါ်တက်ရင်း
ပို့လိုက်သော 1Mins ကျော်ကျော်သာရှိသော
Video ကိုဖွင့်ကြည့်ရမည်။
ကျေကျေနပ်နပ်ကြီးကို ပြုံးမိသည်။ တကယ်
တော်တယ် ကိုယ်လိုချင်တဲ့ အပိုင်းကွက်တိ
ကို ပေးလိုက်တာပဲ။
ချီးကျူးစကားလေးတော့ ပြောသင့်သည်မို့
"Hello P'K...ကိုယ်ပါ"
"အင်း Videoရောက်တယ်မလား"
"ဟုတ်ကဲ့ ကျေးဇူးပဲဗျာ။ ဒါနဲ့ ကိုယ်တောင်း
ထားတာ P ဂျင်းနီ ဆီကပါ။ ဘယ်လိုဖြစ်ပြီး..."
"ဂျင်းနီက တက္ကသိုလ်မှာရော အခုအလုပ်ထဲ
ရောက်တဲ့ ထိရော ငါ့ Juniorလေ"
"အာ...ကိုယ် သဘောပေါက်ပြီ။ ကျေးဇူးပါ
Videoအတွက်"
"ဘယ်သူ့ကို ပေးမှာလဲ?"
"အင်း ဒါတော့ ကိုယ်မပြောပြချင်သေးဘူး။
စိတ်ချပါ ပြဿနာမပော်စေရဘူး"
"ဒါနဲ့ Fanတွေက Knights ဆို ငါက ဘာလဲ
Rain"
"ဟား နောက်ပြီ Pရာ"
တကယ်ကို သဘောတကျရယ်မိသည်။ အရူး
ကွက်နင်းပြီး သူမေးလာသည့် မေးခွန်းကို ပြန်
မဖြေပေးတော့ပါ။ လိုမှ မလိုသေးပဲလေ။ ဒဲ့ကြီး
တွေနဲ့ အကွက်လှလှပပ ရွှေ့တတ်တဲ့ Pက
ချောင်ကြိုက်တတ်တာလည်း ရှိနေတော့ ကိုယ်
မပြောလည်း ကိုယ့်နေရာ ကိုယ်ရိပ်စားမိနေ
လောက်ပြီပဲ။
နောက်ပြီး ကိုယ်ဖုန်းဆက်စရာရှိသည်က သူ
တစ်ယောက်တည်းမှ မဟုတ်တာ။
"ဟဲလို မ"
"အင်း မိုးစက် ပြောလေ"
"အခန်းနေရတာ အဆင်ပြေရဲ့လား"
"အင်း ပြေတယ်။ အန်တီရော လေယာဉ်ပော်
တက်သွားပြီလား"
"အခုလေးတင်ပဲ။ မ ကို ကိုယ် Videoပို့ထား
တယ်"
"Okok အစ်မကြည့်လိုက်မယ်။"
"ကူညီပေးလို့ကျေးဇူးပါ မ"
"ကူညီပေးတယ်ဆိုတာထက် ဒါ အစ်မ အလုပ်
ပဲလေ...ကိုယ်တိုင်ဝါသနာပါလို့ လက်ခံ
လိုက်တဲ့ အလုပ်ပဲ။ သီးသန့်ကျေးဇူးတင်နေစရာမလိုပါဘူး။ performance ကောင်း
ရင်ကောင်းသလောက် လစာသာ တိုးပေးပေါ့"
ပြုံးမိပြန်သည်။ ဒော်စံပယ်ချို၏ လူယုံဖြစ်လာ
တယ်ဆိုတဲ့ လူတစ်ယောက်၏ skillကို လျှော့
တွက်လို့တော့မရ။
ဆက်ပြောရင်လည်း အနှစ်မရှိတဲ့ အပိုစကား
တွေ ဖြစ်သွားမှာမို့ ဆိုခဲစေ မြဲစေ မူကို နှလုံး
မူပြီး Good Night ဟုသာ နှုတ်ဆက်လိုက်
တော့၏။
မှောင်နေသော ကားထဲ မှ လင်းနေသော ဖုန်း
Screenမှ Wallpaper ကို ကြည့်ရင်း နှစ်နှစ်
ခြိုက်ခြိုက်ပြုံးမိသည်။ ရှားပါးလှစွာသော
ရတုန်းရခိုက် ကိုယ်ပိုင်ချိန်လေးကို အပြည့်အဝ
အသုံးချကြည့်ချင်သည်။ မျက်လုံးများကို မှိတ်ထားရင်း ငြိမ်ငြိမ်ဆိမ်ဆိမ်နေခြင်းဖြင့် LIVE
Video တစ်ခုမှ အသံများကို နားထောင်ရင်း
တစ်ခဏတာ ငြိမ်းအေးမှုထဲ နစ်ဝင်နေလိုက်
တော့သည်။
"Rain ခ စိတ်ဆိုးနေရင် ကျွန်တော်ဘယ်လိုမှ
နေလို့ အဆင်မပြေဘူး။ Rainခ က Mood
Makerပဲ။ သူငြိမ်သွားရင် ပတ်ဝန်းကျင်တစ်ခု
လုံး အုံ့မှိုင်းသွားစေတယ်"
နားနဲ့ ဆက်ဆက်ကြားခဲ့ရသော စကားသံများ
ဖြစ်ပေမယ့် အခု ည ထုတ်လွှင့်မှုမှနားထောင်
တော့လည်း တစ်မျိုးဆန်းသစ်နေပြန်ရော။
နှုတ်ခမ်းစွန်းနှစ်ခုလုံးကော့ညွှတ်သွားအောင်
ပြုံးမိသည်။
"ညီ ကတော့ တစ်မျိုးတစ်ဘာသာ တစ်ကွက်
ဆန်းနေတော့တာပဲ"
>>>>>PRO<<<<<<
"အမေ့!"
လင်းသွားသော အခန်းထဲ ဝင်လာသောကိုယ့်
ကို စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံ။
မမျှော်လင့်ထားသည်မို့ အမေ တမိသည်အထိ
ကိုယ် တကယ်လန့်သွားတာ
"ညီ နိုးနေတာလား။ အဲ့ဒါဆိုလည်း မီးလေး
ဘာလေး ဖွင့်ပြီးထိုင်လေဗျာ။ မှောင်ထဲမှာ ...
နေဦး အဖျားက ကျသွားပြီလား"
နှဖူးပော်မှကိုယ့်လက်ကို ပုတ်ထုတ်ပြီး မော့
ကြည့်လာသော မျက်လုံးတို့သည် လက်ကျန်
အဖျားငွေ့ငွေ့ကြောင့် ရဲနေတာမျိုးမဟုတ်
"မေ့ချို ကို သွားပို့တာ ငါ့ကို ဘာလို့မပြော
တာလဲ Rain"
"အာ...ညီ ဆေးသောက်ပြီး အိပ်ဖို့လိုတယ်လေ
ပြီးတော့ အရေးမှ မကြီးတာ"
"မေ့ချို့ပြန်တာကို လိုက်ပို့ပေးတာ အရေးမကြီး
တာလား Rain...သွားကြိုတုန်းက ငါတို့အတူတူ ကြိုခဲ့ကြတာမဟုတ်ဘူးလား"
"ဟုတ်ပါတယ်။ ခုလည်း မေ့ကို ညီဖျားနေလို့
လိုက်မပို့ဖြစ်တဲ့ အကြောင်းပြောလိုက်ပါတယ်
ညီ အိပ်ပျော်နေတော့ ကိုယ်လည်း မနှိုးချင်
တော့လို့ ညီတကယ် နားဖို့လည်းလိုနေတယ်
လေ"
"မင်း ငါ့ကို စိတ်ဆိုးနေတုန်းပဲ မလား"
LIVE မှာမေးခဲ့သော အကြည့် အသံတို့နှင့်
ခြားနားစွာ မေးလာသော ညီ။ မဟုတ်ဘူး
ဒါတကယ့် ညီစေအံ့။
"ကိုယ်ပြောပြီးပြီလေ။ ဒီမှာ ညီ့ကို ကိုယ်အခု
ကြုံတုန်းတစ်ခါတည်းပြောမယ်။ ကိုယ်နဲ့ ညီ
ပြဿနာကို အလုပ်မှာ အသုံးချမဖြေရှင်းပါနဲ့
လား။ ဒါ professional မဆန်ဘူးနော်"
ပါးပြင်တစ်ဖက် ရဲခနဲဖြစ်သွား၏်။
"ငါတို့မှာ personal တွေကို သီးသန့်အချိန်
ပေးဖြေရှင်းဖို့အချိန်ရောရှိသေးလို့လားRain"
"အခုရတယ်လေ။ ကိုယ်တို့ အခု နှစ်ယောက်
တည်းရှိနေချိန် ဘာ Cameraမှလည်း မရှိ
ချိန်ပြောလေ ညီ။ ညီ မကျေနပ်တာတွေ
ညီ ဖြစ်စေချင်တာတွေ ပြောလို့ရတယ်လေ
ပြောရော မပြောခဲ့လို့လား။ ညီ လုပ်လည်း
လုပ်လို့မရခဲ့လို့လား။ ညီ အခု ကိုယ်တို့သီးသန့်
ပြောလို့ရတဲ့ ကိစ္စတွေမှာ Nine အံ့ ပုံစံနဲ့ ပြော
လာတာကြီးကို ကြည့်ပြီး ညီ့ကို သကာရည်
ဆမ်းထားသလို မျက်နှာပေးနဲ့ သောက်ပိုတွေ
ပြောပြီး ရှင်းပြနေရတာကြီး ကိုယ်တကယ်
အဆင်မပြေဘူး ညီစေအံ့။ သောက်ရူးလို ခံစား
ရတာရော သိလား။ ကိုယ် တကယ်အဆင်မ
ပြေဘူး။ ညီ ကိုယ့်ဖက်ကိုလည်း နည်းနည်း
ကြည့်လေ"
အခန်းထဲမှ သက်ရှိလူသားနှစ်ယောက်သည်
အပူအအေး တစ်ဖက်တစ်ချက်စီဖြင့် ငြိမ်သက်
သွားတော့၏။ ချုပ်ထိန်းထားမှုများ လွတ်ထွက်
ပေါက်ကွဲ လိုက်ရ၍ ခန္ဓာကိုယ်တစ်ခုလုံး နိမ့်
ချည်မြင့်ချည်နှင့် ဆူပွတ်နေသော ကိုယ့်ကို
ရေခဲပန်းပုတစ်ရုပ်လို အေးစက်တောင့်တင်း
လျက် မလှုပ်မယှက်ကြောင်ငေးနေသောညီ။
"တောက် ! အဲ့ ပုံကြီးမနေပါနဲ့ ဗျာ။ အဲ့ဒါ ကိုယ်
သိတဲ့ ညီစေအံ့ မဟုတ်ဘူး။ပြောလေ ရိုက်လေ
ကိုယ့်ကို အကြီးကို သောက် နဲ့ ပြောရမလား
ဆိုပြီး..."
"ငါ မင်းကို တောင်းပန်တယ်။ငါ တစ်ကိုယ်
ကောင်းဆန်သလိုဖြစ်သွားလို့ တောင်းပန်တယ်
အကြီးတစ်ယောက်အနေနဲ့ မလုပ်သင့်တာတွေ
လုပ်မိလိုက်သလိုပဲ။ ငါ့ကိုယ်ငါလည်း တကယ်
မသိတာ Rain။ ငါ ငါ ဒီရက်ပိုင်း တကယ်ရော
ထွေးနေတယ်။ မင်း ငါ့ကို စိတ်ဆိုးသွားတာ
သိတော့ ပိုဆိုးကုန်တာပဲ။ ငါ့ကိုယ်ငါ မသိလိုက်
ခင် Personalတွေကို အလုပ်မှာ အသုံးချမိ
သွားတာ။ ဒါကိုလည်း ငါမှန်တယ်ထင်နေခဲ့တာ
Personalကို အခြေအနေနဲ့ ကိုက်အောင်
အသုံးချလိုက်နိုင်တာကို Professionalဆန်
တယ်လို့ ထင်နေခဲ့မိတာ။ အဲ့ဒါ မင်း ကိုသွားထိ
မယ်ဆိုတာ မတွေးလိုက်မိဘူး။ ငါ တစ်ကိုယ်
ကောင်းဆန်မိသွားတာပဲ။ ဒါပေမယ့် Nineအံ့
အနေနဲ့ပဲ ဖြစ်ဖြစ် ညီစေအံ့ အနေနဲ့ပဲဖြစ်ဖြစ်
မင်း ငါ့ကို စိတ်ဆိုးနေတာ။ စကားမပြောဘဲနေ
နေတာတွေကိုတော့ ငါ တကယ်မနေတတ်ဘူး
မိုးစက်။ င့ါကို ယုံကြည်ပေးတာ မင်းပဲရှိတာ
ငါယုံကြည်လို့ရတာလည်း မင်းပဲရှိတာ။ ငါယုံ
ကြည်လို့ရတဲ့ တစ်ယောက်တည်းသော မင်းက
ပါ ငါ့ကို စိတ်ဆိုးနေတယ် မခော်မပြောလုပ်နေ
တာက ငါ့အတွက်လည်း တကယ်အဆင်မပြေဘူး"
"အဆင်မပြေလည်း လဲသေလိုက်တော့။ ဟုတ်
တယ် ခင်ဗျားကို ယုံတယ်လို့ ကတိပေးပြီးသွား
တာကို ခင်ဗျားဟာ ခင်ဗျား ကိုယ့်ကို မိန်းမ
အတွေးတွေနဲ့ ယှဉ်ထိုးနှိုင်းယှဉ်ပြီး ဆိုက်ကိုတွေ
ဖောက်နေတာကို ကိုယ်က ခခယယနဲ့ ယုံပါ
ကိုညီစေအံ့ရယ် ဘာညာနဲ့ ပြောပေးနေရမှာ
လား။ ပြောမယ် အခု ညီနဲ့ တစ်ခန်းတည်းနေ
တယ်။ Screen Lover အဖြစ်နေတယ်။ ကုန်ကုန်ပြောမယ် ကိုယ်တို့ မိနစ် ၂၀မက နမ်းဖူး
တယ်။ အဲ့ဒါနဲ့ပဲ ကိုယ်က ညီ့ကို စိတ်ယိုင်လာ
မယ်ထင်နေရင်တော့ ညီ ကိုယ့်ကို အထင်သေး
နေတာပဲ။ ကိုယ် တိမ်းလွယ်ယိမ်းလွယ်ရင်
ညီ့အရွယ်လောက်ဆို ကလေးအဖေဖြစ်နေ
လောက်ပြီ။"
"ငါ မင်းကို အဲ့လိုမထင်ဘူး Rain..."
"မထင်နဲ့ လျှောက်ပြီး ညီ့သူငယ်ချင်း အွိုင်တို့
ပယင်းတို့ ထည့်တဲ့ ဆိုက်ကိုတွေဖောက်ပြီး
ကိုယ့်ကိုပါ တစ်တန်းထဲ ဆွဲမသွင်းနဲ့ ...
ကိုယ့် ယောကျာ်းသိက္ခာကျတယ်။ ကိုယ်နဲ့နေ
လို့ ညီ မှဲ့တစ်ပေါက်မစွန်းစေရဘူး"
"အမ် အဲ့ဒါ မိန်းကလေးတွေကို ပြောရတဲ့
စကားကြီးကွ"
ဒေါသတွေမောင်းတင်ပြီး ထွက်သမျှ လွှတ်တင်
နေရင်းမှ နှစ်ယောက်သား ထရယ်မိကြသည်။
"ယောကျာ်းလေးတွေ စကားများရင် အဲ့လိုပဲ
ထိုးလိုက်ကြိတ်လိုက်မှ မဟုတ်ရင် ဒီလိုပေါက်ကရတွေ ထွက်လာရော ခွီး...ရှက်စရာကြီးဗျာ"
ညီသည် ကိုယ့်စကားကို သဘောတကျနှင့် တခွိ
ခွိရယ်နေတော့၏။
"သောက်ကလေးလေး။ မြန်မာကားလာဆန်
နေတယ် ဟား ဟား"
"တော်လောက်ပြီညီ။
ကိုယ်စကားမှားသွားပေမယ့် ညီ ဒါကို ပေါ့
သေးသေး မထင်နဲ့။ ကိုယ်တကယ်ပြောနေတာ
အခုချိန် ညီ တစ်ကိုယ်လုံး ချွတ်ပြီး ကိုယ်နဲ့
လာအိပ်ရင်တောင် ဘာမှဖြစ်လာမှာ မဟုတ်
ဘူး။ ဒါကြောင့် ပေါက်ကရတွေ တွေးပြီးဆိုက်
ကိုဖောက်မနေနဲ့...လာ"
နှစ်ယောက်၏ ပြဿနာတွေရင်ဆိုင်ပြီးတိုင်း
လုပ်နေကျအပြုအမူတစ်ခုဖြစ်သော လက်သီး
ဆုပ်ကာ ထိုးပေးတော့ ခပ်ဖွဖွ ပြန်ထိုးပေး
သည်။
"သြ နောက်ပြီး လာထိုင်။ ကိုယ် တစ်ခုစီစဉ်
ထားတယ်"
ညီ့ အိပ်ရာပော်တွင်ပင် ထိုင်ချလျက်
Laptop ဖွင့်ကာ နှစ်ယောက်သား ခေါင်းပူး
မိသည်။
"ဒီမှာ"
"ဘာလဲ မင်း Offical Ig Acc ဖွင့်လိုက်ပြီလား
ဘယ်တုန်းကလဲ"
"ကိုယ့် Accရယ်လို့လည်း မဟုတ်ဘူး။
Photo Studio သဘောမျိုး ဖွင့်လိုက်တာ။
မဆိုးဘူး။ Followerတွေတက်လာပြီ"
"တကယ်ပဲ Knights'_NKha" လို့ ပေးထား
မှာလား။"
"အင်း ကိုယ် ပထမဆုံး Postတင်မလို့။ ဘယ်လို
လဲ အဆင်ပြေလား"
"တင်ပေါ့ မင်း Accountပဲ မင်းတင်ချင်တာ
တင်ပေါ့။"
"Ok ညီ ပြောတာနော်"
ချက်ချင်းဆိုသလို အဆင်သင့်ထားထားသော
ပုံကို ကောက်တင်လိုက်တော့သည်။
First Sight ဟူသော Captionအောက်က ပုံ
ကို ကြည့်ပြီး မျက်လုံးပြူးတက်သွားသော ညီ
သည် အဖျားချက်ချင်းတက်သလို စကားတွေ
ပါ ထစ်အကုန်ရတော့၏
"ဒါ...ဒါ မြဘုရားမှာ တုန်းက ငါ့ပုံမလား။ မင်း
မင်း ရိုက်ထားတာလား"
"Bingo! ကိုယ်ညီ့ကို ပထမဆုံးစတွေ့ဖူးတဲ့
ပုံပေါ့။ Roတယ်မလား။ ဒါ ညီ တင်ဆိုလို့ ကိုယ်တင်တာနော် ညီ"
ချက်ချင်းဆိုသလို တက်လာသော အသည်း
နီနီအရေအတွက်နှင့် ဘာသာစုံ comments
ပေါင်းစုံကိုကြည့်ပြီး ညီ ပက်လက်လဲတော့၏။
"မင်းက ဂယက်ကောင်ပဲ Rain...တကယ့်
ဂယက် ထအောင် လုပ်တဲ့ အကောင်ပဲ"
ပက်လက်ကြီးလဲလျက် ရေရွတ်နေသော ညီ့ိကို
ငုံ့မိုးကြည့်ရင်း အားပါးတရ ပြုံးပြဖြစ်သည်။
"ဒါ အစပဲရှိသေးတယ် ညီ။ ရှေ့လျှောက် ကိုယ်
က ရေရေလည်လည် ကြွေပြမှာမို့ ညီ့ဖက်က
ယိမ်းအက လှလှလေးတွေသာ ကြိုသင်ထား
ပေးပါ။ နော် ကိုယ့် Kingလေး...ကိုယ့်ကို များ
များချေပေးလေ ပြီးမှ ပညာလေးတွေထုတ်သုံး"
ပက်လက်လှဲနေသော ညီ့ ဆံပင်များကို ခပ်ဖွဖွ
သပ်ချပြီး ပါပီပေါက်လေးသဖွယ်ပြုမူတော့
ချက်ချင်း ဆိုသလို ပုတ်ထုတ်၏။
"မင်းဟာလေ..." ဟုလည်း ရေ ရွတ်နေသေး၏။
"နောက်ပြီး တစ်ခု ပြောရဦးမယ် P' အွိုင်ကို
ကိုယ့် မန်နေဂျာ လုပ်ပေးဖို့ ကိုယ် ဖုန်းဆက်
ထားတယ်"
"ဘာ!"
ပြူးကျယ်နေသော မျက်လုံးဝိုင်းများကို မြတ်နိုး
မှုနှင့် ကြည့်မဝ ဖြစ်နေဟန် ငေးကြည့်ပြီး ပြုံး
ပြနေလိုက်တော့သည်။
မလန့်နဲ့ ညီ။ အခုမှ ပွဲက စတာဗျ
Thank You All