ကျွန်​​တော်​Parkသိကြား နှင့်​...
Door eaintphyu7
153K 20.2K 4.7K
မသိဘူး.. ငရဲမင်းကိုချစ်​တယ်​ ?? EaintPhyu7's 5th creation Meer
~~1~~
~~2~~
~ 3 ~
~4~
~5 ~
6YearsWithEXO
~6~
~7~
~8~
~9~
~10~
~11~
~12~
New Fic
~13~
~14~
~15~
16
~17~
~18~
~19~
~20~
614Day
~21~~
~21~[real]
~23~
plz read.
~24~
~25~
~26~
~27~
~28~
~29~
~29~ (Final)
~About Fic Book~
Season 2
~22~
3.2K 526 169
Door eaintphyu7
''ပြန်​သုံးသပ်​​ပေး​တော်​မူပါ သိကြားမင်းကြီး.. ''
''မရဘူး... ​သေဒဏ်​ပဲ.... ''
''သိကြားမင်းကြီး... အပြစ်​ဒဏ်​ကများလွန်းပါတယ်​ ဘုရား... ပြန်​ဆင်​ခြင်​​ပေး​တော်​မူပါ... ''
အ​ခြေအ​နေကို ​လေ့လာမည်​ဆိုလျှင်
တစ်​ဖက်​၌
ညီလာခံ ခန်းမထဲက ကြမ်း​ပြင်​​ပေါ်တွင်
ဝပ်​တွားခယကာ ​တောင်းပန်​​နေကြ​သော
တာဝတိံသာနတ်​မင်းကြီးများ
ကို မြင်​ရမည်​ဖြစ်​ပြီး
အခြားတစ်​ဖက်​တွင်​​တော့
ခေါင်း​မော့ ရင်​​ကော့
ခါး​ထောက်​ကာ
စိတ်​ကြီးအလီလီဝင်​​နေ​သော မျက်​နှာ​ပေးဖြင့်
ပုလ္လင်​ထက်​ဝယ်​ တင်​ပလ္လင်​​ခွေထိုင်​​နေ​သော
သိကြားမင်း Park Chanyeolကိုမြင်​ရမည်​ဖြစ်​သည်​....
''ဘာရယ်​...ပြစ်​ဒဏ်​က များတယ်​ ဟုတ်​လား..
နတ်​တို့သနှင်း သိကြားမင်းကို
ခွေး​ချေး​ကျွေးတာက​ရော မလွန်​ဘူးလား.. ဟမ်​.. ''
ခါးကြီး​ထောက်​ မျက်​​မှောင်​ကြီးကျုံ့ပြီး
မ​ကျေနပ်​ချက်​​တွေကို ​ပြောလာတဲ့ Chanyeol..
Chanyeol​ရှေ့တည့်​တည့်
ကြမ်းပြင်​​ပေါ်တွင်​ မတ်​တပ်​ရပ်​​နေ​သော
Sehun မှာ​တော့ ဒူး​တွေတုန်​​နေပြီဖြစ်​သည်​...
ကြောက်​၍​တော့ မဟုတ်​..
သေး​ပေါက်​ချင်​၍သာ...
ဗိမာန်​​တော်​က ထွက်​လာတုန်းက
မ​ပေါက်​ခဲ့ရသဖြင့်​ ယခုမူ မိမိ၏​ရွှေပြွန်​မှာ
ရေသွန်​ချင်​​နေပြီဖြစ်​သည်​...
Sehun ဒူးနှစ်​ဖက်​ကို ယှက်​ကာ ​ခြေလိမ်​ထားသည်​.....
''Chanyeol အဲ.. သိကြားမင်းရယ်​..
ဒါက ကျွန်​​တော်​​ကျွေးတာမှမဟုတ်​ဘဲ..
သိကြားမင်းဘာသာ ငတ်​ အဲ.. ဆာ​လောင်​ပြီး ယူစား..စား... ''
ပေါင်​ကိုလိမ်​ထားရင်းမှ
လက်​ဟန်​​ခြေဟန်​နဲ့ ဖြစ်​စဉ်​ကို ရှင်းပြ​နေ​သော sehun...
ရှင်းပြရခြင်း အ​ကြောင်းမှာ..
မလှမ်းမကမ်းမှာ ရှိ​နေတဲ့ ချစ်​ရပါ​သော
ပေပီလုဟန်​ ​လေး အထင်​မလွဲ​စေလို၍သာဖြစ်​သည်​ ...
တော်​ကြာ အကျင့်​စာရိတ္တမ​ကောင်းတဲ့နတ်​ လို့ ထင်​သွားရင်​ဖြင့်​ အမှတ်​​တွေ​လျော့ပြီး
ညစာ​တွေငတ်​ရချည်​ရဲ့ ...
''တိတ်​စမ်း... ဘယ်​လိုဖြစ်​ဖြစ်
မင်းရဲ့​ခွေး​ချေးက ငါ့ရဲ့မြင့်​မြတ်​လှစွာ​သော
ဝမ်း​တော်​တွင်း ​ရောက်​သွားတယ်​.. လိုရင်းကဒါပဲ.. ဒါ​ကြောင့်​အပြစ်​ရှိတယ်​.. ​သေဒဏ်​ပဲ..
မင်းလူ့ပြည်​ဒိုးလိုက်​​တော့.... ''
ဒေါသမျက်​ဝန်း​တွေဖြင့်​ကြည့်​ကာ
လက်​ညှိုး​ငေါက်​​ငေါက်​ထိုးပြီး ​ပြောလာတဲ့ Chanyeol ကို
Sehun အခုမှနည်းနည်းလန့်​လာသည်​....
ဘာလဲဟ... အတည်​ကြီးနှင်​ချ​နေတာလား..
''Chanyeol ah... ''
ကြားရရုံ​လောက်​ အသံ​လေးဖြင့်​ ​​ခေါ်ကာ
မျက်​နှာငယ်​​လေးဖြင့်​ကြည့်မိသည်​...
''အဲ့မျက်​နှာ လာမလုပ်​နဲ့ .. သနားရ​အောင်
ငါက Luhan လည်းမဟုတ်​ ''
ဟိန်းထွက်​လာ​သော သိကြားမင်းအသံ​ကြောင့်
ခန်းမထဲက လူ​တွေအားလုံးရဲ့ အကြည့်​က
Luhanဆီ​ရောက်​သွားသည်​...
Luhanက​တော့ ​ကြောင်​​တောင်​​တောင်​​လေးဖြင့်​ နတ်​မင်းကြီး​တွေကို ပြန်​ကြည့်​​နေရှာသည်​...
''​နောက်​ သုံးရက်​အတွင်း လူ့ပြည်​ဆင်းပြီး
လူလတ်​တန်းစားမိသားစုမှာ ပဋိသ​န္ဓေသွားတည်​ပါ... ဘဝအဆက်​ဆက်​ ​မြေမနင်းသူ​ဌေးသားလုပ်​လာရတာ ​တော်​သင့်​ပြီ​ပေါ့... ''
မရ​တော့ဘူး...
Sehun မျက်​ရည်​​တွေဝဲလာပြိ​..
သူက ရုပ်​တည်​ကြီးနဲ့ နှင်​ချ​နေတာ...
သိကြားမင်း လူစားထိုးခံရတာလား..
အရင်​က ​ကြောင်​​တောင်​​တောင်​ ရူးတူးတူး ငါ့သူငယ်​ချင်း Park Chanyeol​လေးကို ပြန်​​ခေါ်​ပေးကြပါ...😭
ဒီ​ကောင်​ကြီးက
အတည်​ကြီး နှင်​ချ​နေတာ....
Luhan​လေးနဲ့ မခွဲချင်​ဘူးလို့ 😭
''ကဲ.. ဒါဆို ညီလာခံသိမ်းကြတာ​ပေါ့..
Oh Sehun.. အထုပ်​ပြင်​ထားပါ.. ဒါပဲ.. ''
အီး ဟီး... ကယ်​ကြပါ....
ထိုစဉ်​...
Ring... Ring... Ring...
ပုလ္လင်​​ဘေးက စားပွဲ​ပေါ်တင်​ထား​သော
Chanyeol ဖုန်းမှ Ringtone....
Phone ကိုကြည့်​လိုက်​​သော Chanyeol..
ခုနက ကျူံ့ထားလွန်းလို့ ကျိုးကျမတတ်​ဖြစ်​​နေတဲ့ Chanyeolမျက်​ခုံး​တွေက
ခုများကျ​တော့ ​မြောက်​တက်​သွားလိုက်​တာများ
ြ​ဗဟ္မာမင်း ဖင်​​တောင်​သွားတက်​​ဆောင့်​​တော့မ​ယောင်​....
''သိကြားမင်းကြိး... ''
နတ်​မင်းကြီး​တွေကြားမှ တိုးတိုး​လေးထွက်​လာ​သော အသံ​လေး...
ချစ်​စရာ​ကောင်း​သော ဒီအသံ​​လေးဟာ
သေချာ​ပေါက်​ ကိုယ့်​အသဲ Luhan​လေးရဲ့အသံ​ပေါ့....
''ဘာလဲ.. ​လျှောက်​တင်​​စေ... ''
Ph screen မှ မျက်​နှာ ခဏခွာကာ Luhan ဘက်​ကို လှည့်​ပြီး ​ပြောလာ​သော Chanyeol..
Luhan က မဝံ့မရဲဖြင့်​ တစ်​​နေရာကို လက်​ညှိုးထိုးပြသည်​..
သူညွှန်​ပြရာ​နေရာကိုကြည့်​လိုက်​​တော့..
'' ညီလာခံ အချိန်​အတွင်း
မည်​သူတစ်​ဦးတစ်​​ယောက်​မှ
Phoneမသုံးရ.. ''
Chanyeol မျက်​​မှောင်​ပြန်​ကျုံ့သွားသည်​...
ထို့​နောက်​ တစ်​စုံတစ်​ရာကို
စဉ်းစားဟန်​ဖြင့်​ ​မေးကိုလက်​ဖြင့်​ကုတ်​​နေသည်​..
စက္ကန့်​အနည်းငယ်​အကြာတွင်
သူ့လက်​​ချောင်း​လေး​တွေကို ​ဝှေ့ယမ်းလိုက်​​တော့
လက်​ထိပ်​မှ ကြယ်​​သေး​သေး​လေး​တွေ တလက်​လက်​ဖြင့်​ ထွက်​လာသည်​....
ထို့​နောက်​..
နံရံတွင်​ကပ်​ထား​သော သတိ​ပေးစာ​လေးမှာ...
''ညီလာခံအချိန်​အတွင်း
သိကြားမင်း
Park Chanyeol
မှအပ မည်​သူမှ
Phone မသုံးရ''
ဟူ၍ ​ပြောင်းသွား​တော့သည်​...
ဟမ်​... ဘာလားဟ...
အဲ့လိုလည်း ရတာပဲလား...
Sehun အံ့သြစွာဖြင့်​ Chanyeolကိုကြည့်​​နေမိသည်​..
အဲ... ပြုံးသဟ...
တခွိခွိနဲ့ ရယ်​​နေပြန်​သဟ...
အဲ.. အဲ... ​အောက်​နှုတ်​ခမ်းကြီးကိုက်​​နေပြန်​ပြိ..
ထို့​နောက်​ ဖုန်း​လေးကိုသူ ပိတ်​လိုက်​သည်​...
ပြုံးစိစိမျက်​နှာ​ပေးကြီးဖြင့်
ကိုယ်​တို့ကို ပြန်​ကြည့်​လာသည်​...
အမ​လေး... ငါလန့်​လာပြီ😭
စိတ်​​ဖောက်​ပြန်​သွားပြီလားမသိ... 😭
''အဟိ... ညီလာခံသိမ်းမယ်​...
Sehun ​ရေ... ပြစ်​ဒဏ်​ကိုရုတ်​သိမ်း​တော်​မူတယ်​ကွယ်​... ဒါပါပဲ... ​ကောင်း​ကောင်းပြန်​နားကြ​နော်​... ''
ထို့​နောက်​ ပြုံးပြုံးကြီး တာ့တာပြကာ အတွင်း​ဆောင်​ဝင်​သွား​သော သိကြားမင်း...
နားမလည်​နိုင်​စွာဖြင့်
နောက်​လှည့်​ကာ ကြည့်​မိ​တော့
များစွာ​သော နတ်​မင်းကြီး​တွေသည်​လည်း
ကိုယ့်​လိုပင်​ ပါးစပ်​အ​ဟောင်းသားဖြင့်
ကြောင်​​​တောင်​​တောင်​ဖြစ်​​နေကြသည်​....
ပွင့်​လျက်​သားဖြစ်​​နေတဲ့ နှုတ်​ခမ်းနှစ်​လွှာကို
အသာပြန်​ပိတ်​ကာ နှစ်​လိုစွာပြူံးလိုက်​သည်​...
သေချာသည်​...
ဒါကျပ်​မပြည့်​တဲ့ ငါ့သူငယ်​ချင်း Park chanyeol အစစ်​ပဲ 😊
ဘာပဲဖြစ်​ဖြစ်​ ​ကျေနပ်​သည်​...
လူ့ပြည်​လည်း ဒိုးစရာမလို​တော့ 😊
ထို့​စဉ်​ တစ်​စုံတစ်​ရာကို သတိရသွားဟန်​ဖြင့်
Sehun မျက်​နှာကြီး မဲသွားသည်​...
ချက်​ချင်းဆိုသလို
ဂါဝန်​ကြီး မ,ကာ
ဖ​နောင့်​နဲ့တင်​ပါးတသားတည်းဖြစ်​​အောင်
ပြေး​တော့သည်​....
''ငါ​သေးထွက်​ကျ​တော့မယ်​.. ''
***********
Chanyeol's POV
မိမိအား ​ခွေးချီးဖြင့်​ လုပ်​ကြံ​သော
Sehun ကို လုံးဝမ​ကျေနပ်​....
ဒင်း​ကြောင့်​ ကိုယ့်​မှာ
၃ရက်​​လောက်​ နတ်​သုဒ္ဒါလည်းမစားနိုင်​..
ထို့ပြင်​ ဝမ်း​တွေကလည်း သွားလိုက်​တာဆိုတာ
ကံ​ကောင်း​လို့
နတ်​သက်​မ​ကြွေတာ...
တာဝတိံသာ သမား​တော်​ကြီးဆီမှာ
ဓာတ်​မှန်​ရိုက်​ကြည့်​​တော့
ဝမ်းထဲမှာ ပုံမှန်​မဟုတ်​တဲ့ အရာ​တွေမြင်​ရပါသတဲ့...
ကဲ.. အဲ့ဒါ Oh Sehun ရဲ့စနက်​​တွေမဟုတ်​လို့ ဘာ​တွေများဖြစ်​နိုင်​ဦးမလဲ...
လုံးဝမ​ကျေနပ်​.. ဒင်းကို အမှုန့်​ကြိတ်​ရမှ​ကျေနပ်​မည်​....
''​သေဒဏ်​ ''ဟုလည်းဆို​ရော
ဒူး​တွေတုန်​ကာ မျက်​နှာရှုံ့မဲ့သွား​သော
Oh sehunကိုကြည့်​ရတာ ဘယ်​လို​တောင်​ အရသာရှိလိုက်​သလဲ...
ဘယ်​​လောက်​​တောင်​ Shockရသွားလဲမသိ..
သူ့မှာ ​ခြေ​ထောက်​​တွေ​တောင်​ မခိုင်​​တော့လို့
ပေါင်​နှစ်​​ချောင်းကို လိမ်​ယှက်​ပြီး
သေချာအားပြုကာ ရပ်​​နေရရှာတယ်​..
So sadပဲ... 😴
နတ်​မင်းကြီး​တွေက​တော့ အသနားခံပါရဲ့..
ဒါ​ပေမယ့်​ ကို​ယ်​​တွေက​တော့ မ​လျှော့နိုင်​...
ချေ​ချေတို့ အ​မျိုး​တွေ​လေ.. သိတယ်​မလား..
ဒါဆို ဒါပဲ...
သေဆို ​သေပဲ...
သိကြားမင်းသြဇာ တာဝတိံသာ လွှမ်း​စေရမယ်​😎
'''ကဲ.. ဒါဆို ညီလာခံသိမ်းကြတာ​ပေါ့..
Oh Sehun.. အထုပ်​ပြင်​ထားပါ.. ဒါပဲ.. ''
Oh Sehunတို့မျက်​နှာ​လေးဟာ ဆိုရင်​ဖြင့်
မန်​ကျည်းရွက်​​လောက်​သာ ကျန်​​တော့သည်​...
နှစ်​​ထောင်းအားရ ရှိလှပါ​သော မြင်​ကွင်း​ပေပဲ
ထပြန်​မလို့ ပြင်​ခါမှ ထမြည်​​သော ဖုန်း...
Noti Bar ​လေးမှာ မြင်​​နေရတဲ့ စာ​လေးက
baekhyunee_ယမ mention you in a comment
တဲ့​လေ..
အို.. အချစ်​က​လေးက
ကိုယ့်​ကို ဘာ​တွေများသတိတရ mentionထားပါလိမ့်​...
ရုပ်​ရှင်​တူတူကြည့်​မလို့များလား...
နေရာအသစ်​​တွေ တူတူ​လျှောက်​လည်​ဖို့များလား...
အချစ်​အ​ကြောင်း​လေး​တွေ ​ရေးထားတဲ့စာစု​လေး​တွေကို ​တွေ့​စေချင်​လို့များလား...
အိစ့်​.... ရင်​ ခုန်​လိုက်​တာ...
Noti​လေးကို ထိမလို့ပဲရှိ​သေး
အဖျက်​သမား Luhan က နံရံမှာကပ်​ထားတဲ့
အချက်​​ပေး ဆိုင်းပုတ်​​လေးကို ပြလာတယ်​..
တယ်​​လေ.. ငါလုပ်​လိုက်​ရ
အလိုက်​ကမ်းဆိုးမသိ...
အာ့​ကြောင့်​ Oh sehunလုပ်​သမျှခံ​နေရတာ..
ဘယ်​ရမလဲ.. ကိုယ်​ကလည်း အာရုံ​နောက်​မခံနိုင်​တဲ့သူဆို​တော့..
လာထား... တန်​ခိုးနဲ့ စာကို ချက်​ချင်းပြင်​လိုက်​သည်​.
.
ခု​တော့ ဒင်းတို့ဘာတတ်​နိုင်​​သေးလဲ..
ငါဟဲ့ သိကြား😎
ဆိုင်းပုတ်​က စာ​လေး​ပြောင်းသွားပြီဆိုမှ
ရင်​ခုန်​စွာဖြင့်​ Noti ​လေးကိုထိလိုက်​သည်​...
မြင်​လိုက်​ရတဲ့ Post​လေးက..
မှန်းချက်​နဲ့ နှမ်းထွက်​မကိုက်​​ပေမယ့်
သူပြုံးမိသည်​..
အချစ်​က ကိုယ့်​ကို ကျီစားတာပဲ.. 😎
💌 ကျီစားသလား (from pcy)
💌😴😴😴 အတည်​ပါ( from bbh)
ခွိ... emoji​လေးကိုက ဆွဲကိုက်​ချင်​စရာ...
ငါ့ကို အူယား​အောင်​ဂွင်​ဆင်​​နေတာ
Babyြေ​ဗာင်​ တို့က... 😕
💌လွမ်းတယ်​... လာလည်​ဦး ..
ခုတစ်​​လော ငရဲပြည်​မငြိမ်​သက်​ဘူး..
လာကူအိပ်​​ပေးဦး( from bbh)
Message​လေးဖတ်​အပြီး
Chanyeol တို့​ဆွေ့​ဆွေ့ခုန်​​နေသည်​...
ဒါ အခွင့်​အ​ရေး​ကောင်းပဲမဟုတ်​လား..
တိုင်းပြည်​မငြိမ်​သက်​တာကို ​ဗန်းပြပြီး
သွား​စောင့်​အိပ်​​ပေးလိုက်​ရင်​.... 😈
💌sehun နဲ့ Luhan ပါ​ခေါ်ခဲ့​နော်​အချစ်​😚
မ​ခေါ်လာရင်​ မလာခဲ့နဲ့...
အိုး... ရတယ်​ ရတယ်​..
သိပ်​ရတာ​ပေါ့... အဓိက က အဓိကပဲ...
သူတို့ပါ​တော့ပို​တောင်​​ကောင်း​သေး
အဲ့နှစ်​​ကောင်​ကို ကင်း​စောင့်​ခိုင်းပြီး
ကိုယ်​နဲ့ Baby ​လေးနဲ့ 😈😈😋
💌ဒီည လာခဲ့မယ်​.. 😍😘
💌 waitinggggg.......🙊
အား.. အူးဝါး...
ဒီည.. ဒီည..
အ​တွေးနဲ့တင်​.. ရင်​​တွေတုန်​​နေပြီ...
''အဟိ.. ညီလာခံသိမ်းမယ်​.. Sehun​ရေ ပြစ်​ဒဏ်​ကိုရုတ်​သိမ်း​တော်​မူတယ်​ကွယ်​.. ဒါပါပဲ..
ကောင်း​ကောင်းပြန်​နားကြ​နော်​... ''
ကို​ယ့်​တိုင်းသူပြည်​သား​တွေကို
ချစ်​မြတ်​နိုးတဲ့အ​ကြောင်းကို
တာ့တာလှလှ​လေးဖြင့်​ ​ဖော်​ပြခဲ့သည်​...
အို.. ဒီသိကြားမင်းဟာ
အလွန်​အင်​မတန်​မှ စိတ်​သ​ဘောထားပြည့်​ဝတာပဲဟု
ထင်​​နေကြ​တော့မှာ မလွဲဧကန်​ပင်​...
ထင်​ချင်​လည်း ထင်​ကြ​စေ​တော့...
ဒါအမှန်​ပဲ​လေ 😎
ရေမိုးချိုးရမည်​...
အဝတ်​အစားလဲပြီးမှ Sehun နဲ့ Luhanကို ဖုန်းဆက်​​ခေါ်ကာ ငရဲပြည်​ဒိုးကြမည်​...
Yoyo... ဒါပဲကွ... 😎
ချွတ်​ထားတဲ့ ဂါဝန်​ကြီးကို
လက်​ကကိုင်​ကာ
ဝှေ့ယမ်းရင်း အခန်းထဲပတ်​​ပြေး​နေတဲ့ သိကြားမင်း...
နှုတ်​ခမ်းကြီးကလည်းဆူလို့...
ဗိုက်​ကြီးကလည်း ပူလို့.....
**********Park သိကြား*********
မလွမ်းမှန်းသိတယ်​😒😒😒
Ga verder met lezen
Dit interesseert je vast
32.4K 3K 23
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
153K 7.7K 16
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
1.8M 82.4K 75
16.9K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~