PRO ||Season 2||

By HsuChiKo365

1.5M 165K 7.6K

Boy Love Story Romance , Drama & other age limited feelings (unicode & zawgyi) More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁၀
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္​း၁၆
အပိုင္​း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပို္င္း ၂၅
အပို္္င္း ၂၆
အပို္င္း ၂၇-၁
အပိုင္း ၂၇-၂
အပိုင္း ၂၈ -၁
အပိုင္း ၂၈-၂
အပိုင္း ၂၉
အပိုင္း ၃၀
အပိုင္း ၃၁
အပိုင္း ၃၂
အပိုင္း ၃၃
Ending Part One
Ending
ေက်းဇူးတင္လႊာ
Extra
Geisha

အပိုင္း ၁၁

36.9K 4.2K 139
By HsuChiKo365

"ေကာင္းလား?"

ထိုင္းဘာသာ စကားႏွင့္ေျပာဆိုေနေသာ အစ္ကို
ေခ်ာေခ်ာကို ကေလးမေလးေတြ မ်က္လံုးလဲ့လဲ့
ေလးမ်ားျဖင့္ၾကည့္ၾကသည္။

သူတို႔အေဆာင္ထဲ စဝင္လာတည္းက အစ္ကိုက
ျမန္မာႏိုင္ငံကေန မင္းတို႔ဆီ အလည္လာတာဟု
စတင္မိတ္ဆက္ၿပီး White Chocolateေတြ
အေရာင္စံု FOX Candy ေတြ ဗူးလိုက္လိုက္
ေဝသည့္ ထို အသားညိဳစိမ့္စိမ့္ႏွင့္အစ္ကို ေခ်ာေခ်ာသည္ သူတို႔ကိုလည္း ဓာတ္ပံု ႐ိုက္ေပး
ေသးသည္ေလ။ ေဆးရံုဝတ္စံုႏွင့္ျဖစ္ေနသည့္
အျပင္ သူတို႔ထဲမွ ေဆးဒဏ္မခံႏိုင္လို႔ ဆံပင္မ႐ွိ
ေတာ့တဲ့ေကာင္မေလးေတြေတာင္ အစ္ကိုေဆာင္း
ေပးသလို ေဆးရံုေခါင္းစြပ္ကို ျပင္ေဆာင္းၿပီး အစ္ကို ေနခိုင္းသည့္အတိုင္း ေနလိုက္ရံုျဖင့္ ဓာတ္
ပံုေတြထဲ လွေနသည္မို႔ သူတို႔အကုန္လံုး ေဆာင္
လံုးကြၽတ္ ရယ္သံေတြ ေဝေနတာ မဆန္းေတာ့။

ေရာဂါေၾကာင့္သာ ေဆးရံုမွာႏွစ္႐ွည္လမ်ားေနရ
ေပမယ့္ သူတို႔လည္း အျပင္ေလာက က သာမန္
ေကာင္မေလးေတြလိုပင္ ရင္ခုန္ၾကည္ႏူးတတ္
သည္။ ရုပ္သံ ဇာတ္လမ္းတြဲတိုင္း မလြတ္တမ္း
ျကည့္ရတာမ်ိဳးမရွိေပမယ့္လည္း အခုသူတို႕ေရွ႕
ေရာက္ေနတာသည္ သာမာန္လူေတြ  မဟုတ္တာ
ေလာက္ေတာ့ သူတို႕သိသည္။ သူတို႕ အားလံုး၏
ပ်မ္းမွ် အသက္သည္ ၁၂ ႏွစ္ဝန္းက်င္မွာ ရွိေနႀက
သည္ပဲ။ သူတို႕ က ၂၁ရာစုဖြား ေတြပဲ။ အဆင့္ဆင့္တိုးတက္လာေသာ ဥာဏ္စြမ္းရည္ျမင့္
အုပ္စုထဲကလူသားမ်ိဳးႏြယ္ျဖစ္တာေႀကာင့္ သူတို႕စိတ္ခံစားခ်က္မ်ားကို အရြယ္ေရာက္ေစာ
သည္ဟု ဘယ္သူမွ မစြပ္စြဲႀကပါ။

ျမန္မာအစ္ကိုႀကီးလုပ္သမ်ွ ေျပာသမွ် ကို သူတို႔
နားလည္ေစရန္ ဘာသာျပန္ေပးေနေသာ ခ်စ္စရာ အစ္ကိုသည္လည္း သူတို႔ထင္သလို ထိုင္းတ႐ုတ္
ကျပား မဟုတ္ပဲ...ရွမ္း ျမန္မာ ကျပား ထိုင္းႏိုင္ငံ
သား ဟူ၍ ေျပာမွ သူတို႔ အားလံုးဝမ္းသာရသည္။

အစ္ကိုေခ်ာေခ်ာႏွစ္ေယာက္မွာ တစ္ေယာက္
ေလာက္ေတာ့ သူတို႔ႏိုင္ငံသားျဖစ္ေနသည္ကိုက
သူတို႕အတြက္ ဂုဏ္ယူစရာပါ။

"Choco ေတြကို တစ္ျပိဳင္နက္တည္းအမ်ားႀကီး
ေတာ့ မစားေစခ်င္ဘူး။ မင္းတို႕ေလးေတြ
ေခ်ာင္းဆိုးရင္ ကိုယ့္ အျပစ္ဆိုျပီး ဆရာမေတြက
မင္းတို႕ကို လာေတြ႔ဖို႕ တားရင္ ကိုယ္ပဲ
အသည္းကြဲရမွာ"

"ကေလးေတြေနာ္ Rain..."

ဘာသာမျပန္ေပးခ်င္သလို လွည့္ရန္ေတြ႔ေနေသာ
ညီ။ ရိုးသားတဲ့ ဖိုးသခြားေလး လုပ္ျပေနျပန္ျပီ။

"ဘာလဲ ညီ သဝန္တိုေနျပန္ျပီလား?"

"ႀသ...ေအး ေအး။ ျပန္ရင္ ေဆးေသာက္ေနာ္"

အရယ္အေမာမျပတ္ႏွင့္ သြားႀကားထဲမွ ထြက္လာ
ေသာ ေလသံႏွင့္ ျပန္ရန္ေတြ႔ေသာ ညီ။
မႀကာပါဘူး။  ကိုယ္ေျပာသည့္အတိုင္း ေျပာလိုက္
တာ ေသခ်ာသည့္ အခါ ကေလးမမ်ားပါမက Nurse မ်ားပင္  Hoy ဆိုတာမ်ိဳး ထြက္ကုန္၏။

တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို ဧည့္ခန္းထဲရွိ TV
မွာ Nong: The Series ၏ Teaser လာ
ေတာ့ အေဆာင္တစ္ခုလံုး ဝက္ဝက္ကြဲ ထေအာ္
ႀကျပန္သည္။ မႀကာေသးခင္မွ Edition လုပ္
ထားျပီးေသာ Kissing သည္လည္း မရိုးမယြ
ျဖစ္ေအာင္ အနည္းအက်ဥ္း ထိ၏ မထိ၏ မေဝ
ခြဲႏိုင္ဟန္ ျပထား၍ Teaserသည္ပင္ ႀကည့္ရႈ
သူ မ်ားေနေတာ့၏။

"ေနာက္ထပ္ မိနစ္ ၂၀ ေလာက္ေနျပီးရင္ သြား
ဖို႕ ျပင္ရေတာ့မယ္။"

အနီးကပ္နားနားတိုးကာ သတိလာေပးေသာ
Staff အစ္မတစ္ေယာက္၏ စကားကို ေခါင္း
ညိတ္ ျပလိုက္ရင္း ေဆးရံုဝင္းထဲမွ ဆုတ္ခြာေရး
စစ္ဆင္ေရး အတြက္ ျပင္ဆင္ရေတာ့သည္။

                >>>>>PRO<<<<<
"Sa Wa De Ka, Nong: The Seriesမွာ
ဇိုင္းဇက္ အျဖစ္ ပါဝင္ထားတဲ့ Rain ခ ပါ ခင္ဗ်"

"Sa Wa De Ka, Nong: The Series
မွာ ေနေကာင္းျမတ္သူ အျဖစ္ ပါဝင္ထားတဲ့ Nine အံ့ ပါခင္ဗ်"

"Nong: The Series ကို အခု ေရာက္လာ
ေတာ့မည့္  ပထမဆံုး Sunday မွာ စတင္ထုတ္
္လႊင့္ပါေတာ့မယ္"

သြက္သြက္လက္လက္မ်ိဳး မဟုတ္ သလို Native သံ မဟုတ္ေသာ ကိုယ့္၏ မိတ္ဆက္
္ျဖင့္ စထားသည္ကိုက မသိေသးသူပင္ ဘာလဲဟ
ဆိုျပီး အာရံုစိုက္ႀကည့္ႏိုင္ေလာက္သည္။ အဲ့ေလာက္ထိ အေသးစိတ္က အစ မဟာဗ်ဴဟာ
က်က် စီစဥ္ထားေသာ Companyသည္ပင္။

"Nong: The Series ကို အပတ္စဥ္
Sunday ညေန 6:30 PM တိတိမွာ Channelလိုင္းကေန ႀကည့္ရႈလို႕ ရပါတယ္...Sundayည မွာ LIVE မႀကည့္လိုက္ရသူေတြ အတြက္လည္းTue & Thu ည 9:00 PM ေတြမွာ Replyအေနျဖင့္ ျပန္လည္ ထုတ္လႊင့္
ေပးမည္ ျဖစ္ပါတယ္။ ႀကည့္ရႈအားေပး ေပးဖို႔
လည္း ေမွ်ာ္လင့္ပါတယ္။ ဆက္ဆက္ႀကည့္ေပး
ႀကေနာ္။ LIVEျပခ်ိန္ ကြ်န္ေတာ္ပါ အားလံုးနဲ႕
အတူတူႀကည့္ေနမွာပါ ခင္ဗ်"

အဆံုးသတ္တိုင္းတြင္ Khap အသံထြက္လ်က္
သြက္သြက္လက္လက္ေျပာေနေသာ ညီ့ကို ေဘး
မွေန၍ ျပံဳးရင္း ႀကည့္ေနေသာ ကိုယ့္ကို ထိုင္းတစ္ဝွမ္းလံုးက ညီ့ မ်က္ႏွာတြင္ ကိုယ့္မ်က္
လံုး ကပ္ေတာ့မည္ဟု ဟားေနႀကျပီ ျဖစ္သည္။

Nong: The Series စာတန္းပါ အဝါေရာင္
Tshirt ကိုက ညီရဲ႕ ျဖဴေဖြးေနေသာ အသားအ
ရည္ ကို ပို၍ လင္းထြက္ေနေအာင္ ပံ့ပိုးေပးထား
ႏိုင္သည္ေလ။ ကိုယ္က ညီ့ကို မေငးေနလို႔ ဘာလုပ္ရမည္လဲ။ ေရွ႕က Camera မည္းမည္း
ႀကီးကို ျပံဳးျပေနရမွာလား။

သူ႔ပံုသူျပန္ႀကည့္ျပီး ေရခဲပန္းပု ရုပ္လို ေတာင့္
တင္း ျငိမ္သက္ေနေသာ ညီ။ Monitar မွ
သူ႔ပံု သူျပန္ႀကည့္တိုင္း ထိုသို႔ခဏခဏ ျဖစ္တတ္
ျပီး တစ္ခါတေလ မေအာင့္ႏိုင္စြာ

"ဒါ ငါ ဆိုတာ တစ္ခါတေလ မယံုႏိုင္ဘူး" ဟူ၍
လည္း ႏွစ္ကိုယ္ႀကားေလသံျဖင့္လည္း ရင္ဖြင့္
တတ္ေသးသည္။

"ရင္ခုန္ေနတာလား ညီ"

လက္ဖမိုးကို ေက်ာ္လြန္ရင္း လက္ေခ်ာင္းဖ်ားမ်ား
ကို ထိႀကည့္မိသည္။ ေအးစက္စက္ရယ္။
ဒါဆို အေျဖျပန္ေပးစရာ မလိုျပီေႀကာင္း
သူတို႕ႏွစ္ဦးစလံုးသိသည္။

ကားအျပင္ဖက္မွ ညေနခင္း ေနေရာင္ မွိန္မွိန္ႏွင့္
ေရာယွက္ေနေသာ ဓာတ္ေငြ႔ ျဖဴျဖဴမ်ားေအာက္မွ
ယာဥ္ေႀကာတန္းႀကီးကို ေငးရင္း သက္ျပင္းခ်မိ
သည္။ ေပါ့ေပါ့ပါးပါး ဟုဆိုေသာ္လည္း ပြဲတက္
Make up ျပင္ဆင္ထားရ၍ ထင္သေလာက္
္ေတာ့ ေပါ့ပါးမေန။ ႏွစ္ဦးစလံုးက Make up
လိမ္းရသည္ကို မႀကိဳက္ဘဲ။ အခါအားေလ်ာ္စြာ
မ်က္ႏွာေျပာင္ျဖင့္သာ ေနခ်င္ႀကသူေတြ။ ခုေတာ့ Fan ေတြႏွင့္ ပထမဆံုး အနီးကပ္ေတြ႔ရ
ေတာ့မည္ ျဖစ္၍ P'Naက အေသးစိတ္ ျပင္ဆင္
ေပးထားသည္။ ညီ့ကိုဆိုလက္သည္းေတြက အစ အႀကည္ေရာင္ဆိုးေပးထားသည္သာႀကည့္ေတာ့။

အနီေရာင္ စကၠဴႏွင့္ ထုတ္ပိုးထားေသာ
ႏွင္းပန္းစည္းလို ျဖဴဥႏုနည္ေနေသာ ညီ့ကို
ျမင္တာႏွင့္  ဆြဲမည္ လြဲမည္ဟုႀကံစည္ထားသူမ်ား
ပင္ ညီ့ကို ျမင္သည္ႏွင့္ သူတို႔စိတ္ကူးကို စြန္႔လႊတ္
ႏိုင္သြားေလာက္၏။ ကိုယ္ပင္ ထိကိုင္ရမည္ကို
အားနာေနသလိုလို ပင္ျဖစ္မိသည္။

"ႀသ ဒီကေလးေတြႏွယ္ Air conဖြင့္ေပးထား
တာေတာင္ ေခြ်းစို့ေနတယ္"

P'Na ေျပာလည္းေျပာ တစ္ရွဴးျဖင့္ ႏွစ္ေယာက္
စလံုးကို ေခြ်းသိပ္ေပးသည္။

"ဘာမွ စိတ္မပူပါနဲ႕ Nong က Teaserထြက္
တည္းက ရလဒ္ေကာင္းပါတယ္။ အခုပြဲကလည္း
companyက လုပ္တာ မဟုတ္ဘဲFanေတြ
စီစဥ္ထားတဲ့ ပြဲပဲဟာကို...ႏွစ္ေယာက္လံုး စိတ္
ေအးေအးထား"

P'Na ႏွစ္သိမ့္သလိုပင္။ ပထမဆံုး ထုတ္လႊင့္
့္မည့္ အပိုင္း၁ ကို Square ေရွ႕မွ Board
တြင္ စုႀကည့္ႀကျခင္း။ ဒီပြဲဟာ ထိုင္းေရာက္ျမန္မာ
လူငယ္မ်ား ႏွင့္ ထိုင္း မွ လိင္တူစံုတြဲေထာက္ခံ သူ
တို႕၏ ပထမဆံုး ေပါင္းစည္းပြဲပင္။

သတင္းႀကားႀကားျခင္းက အံ့ႀသသြားတာေလာက္
ပဲ ရွိေသာ္လည္း CEOဖက္မွ မည္သို႕မွ မတံု႕ျပန္
ခဲ့။
သူက ရိုက္လက္စ Sceneမ်ား အျပတ္ျဖတ္၍
သူ႕Companyကို Sponsarေပးထားေသာ
မိတ္ဖက္ Company မ်ား၏ ေႀကာ္ျငာ
promotion ပြဲမ်ားကိုသာ တက္ခိုင္းဖို႔ အားသန္ေန၏။
ဒီေန႔ ေန႕ခင္းမွ ဘာစိတ္ကူး ေပါက္သည္မသိ။
ရိုက္ကြင္း မန္ေနဂ်ာကို သူ႔အတြင္းေရးမွဴးမွ ဖုန္း
ေခၚ၍ ဒီေန႔ ပြဲကို Surprise အေနျဖင့္ သြား
လိုက္ဟု ညႊန္ႀကား၍ ရိုက္ကြင္းဖ်က္ကာ အေျပး
အလႊား ျပင္ဆင္ျပီး ခုကဲ့သို႕ လာရျခင္းျဖစ္
သည္။

အဝတ္အစားကို Scene oneမွာ ဝတ္ထား
သည္မ်ားပင္ ျပန္ဝတ္လ်က္ Rain & Nine
အေနျဖင့္ မဟုတ္ပဲ ဇိုင္းဇက္ႏွင့္ ညီ Concept
ႏွင့္သြားရန္ ေနာက္ဆံုး ဆံုးျဖတ္ခ်က္ခ်ေပးလိုက္
ျခင္းျဖစ္သည္။

"စေတာ့မယ္။ ခဏ မဝင္နဲ႔ဦး ေစာင့္ဦး"

Next Series တြင္ Nong ဟု ေႀကာ္ျငာစာ
တန္း ပါတာေလးႏွင့္ပင္ ထေအာ္ႀကေသာ Fan
မ်ား၏ အသံေႀကာင့္ ကိုယ္တို႕ ကားျပတင္းေပါက္
ေလးမွ ေခ်ာင္းႀကည့္ရသည္။

"ထင္ထားတာထက္ ပိုမ်ားတာပဲ"

ဟုတ္ပါသည္။ Square ရင္ျပင္တစ္ဝက္ကို ေန
ရာယူထားႀကေသာ Fanမ်ားႏွင့္ ဘာမ်ားလဲ ဟူ
၍ စူးစမ္းရပ္ႀကည့္ေနသူမ်ားေႀကာင့္ ရင္ျပင္သည္
ျပည့္ႀကပ္ေန၏။

"ဒီ လူအုပ္ႀကားထဲက သြားရမွာလား...ညီေတာ့
ဒုကၡပဲ။ လဲထားတဲ့ ဒူး ကလည္း သက္သာေသး
တာ မဟုတ္ဘူး"

"အမယ္ေလး  အေမႊစိန္ရယ္။ ရွင့္ဟာေလးနဲ႔ရွင့္
ကို ဒီအတိုင္းသြားခိုင္းမလား...Parkingကေန
ပတ္သြားျပီးမွ Square ထဲက ထြက္လာခိုင္းမွာ
ပါ"

"မင္းဟာေလ"

P'Na ဆူေတာ့ ညီကပါ အကဲမပိုနဲ႔ ဟူေသာ
ပံုျဖင့္ ခပ္တိုးတိုးဝင္ေျပာသည္။

"ကိုယ္က ကိစၥ မရွိဘူး။ ညီ့ကို စိုးရိမ္လို႕ေျပာ
တာ"

ထိုသို႕ "သူ႕ကို စိုးရိမ္တယ္။ ေစာင့္ေရွာက္မယ္"
ဟူေသာ စကားစုေတြအား သူဘယ္ေသာအခါ
မွ သေဘာမက်တတ္ပါ။ ထိုသို႕ေျပာတိုင္း
ခပ္တည္တည္ျပန္ႀကည့္တတ္သည္။ ထိုအႀကည့္
သည္ လူေတြေရွ႕တြင္ ထုတ္ျပတတ္ေသာ
ညီေစအံ့ ၏ တစ္ခုတည္းေသာ မူရင္း သြင္ျပင္။

ခုခါတြင္ေတာ့ ခပ္တည္တည္ျဖစ္ေနသည္ထက္
လဲ့ေနေသာ မ်က္ဆံအိမ္သည္ အားမနာတမ္း
ေျပာရလွ်င္ ေယာက်ာ္းတစ္ေယာက္ရွိသင့္သည္
ထက္ ပို၍ ပ်ိဳျမစ္ႏုနည္ေနလ်က္ ခပ္စူစူျဖစ္ေန
ေသးေသာ အေပၚႏႈတ္ခမ္းပါးေႀကာင့္ ကိုယ္ပင္
တန္႕သြားရသည္။ ဒါ ညီေစအံ့ လား Nine လား

"ကဲ လံုျခံဳေရးေတြ လာျပီ ဆင္းမယ္"

ဝတ္စံုျပည့္ႏွင့္ ခါးႀကားတြင္ လွ်ပ္စစ္နံပါတ္တုတ္
မ်ား ခ်ိတ္တြဲထားေသာ လံုျခံဳေရးဝန္ထမ္း
ေျခာက္ေယာက္သည္ ကိုယ္တို႕ႏွစ္ေယာက္ကား
ေပၚမွ ဆင္းသည္ႏွင့္ တစ္ဖက္တစ္ခ်က္ေနရာယူ
လိုက္ႀကသည္။

ညီႏွင့္ ေဘးခ်င္းယွဥ္ေလွ်ာက္ရင္း ပထမဆံုး
အႀကိမ္ Photo Shooting ကထက္ပိုေသာ
ခံစားမႈတစ္ခု ဝင္ေရာက္လာသည္။ ကိုယ္တို႕
တကယ္ မင္းသား ေတြ ျဖစ္လာႀကျပီ။ ကိုယ့္ႏိုင္ငံ
မွာလို မဟုတ္ဘဲ အားေပးမႈႀကမ္းတတ္ေသာ
ႏိုင္ငံမ်ိဳးတြင္ ပြဲဦးထြက္လာေသာ မင္းသားေတြ
ျဖစ္ေနျပီ။ ဒါသည္ တကယ္ျငင္းမရေသာ အမွန္တရား ျဖစ္သည္။ အိပ္မက္ မဟုတ္သည္
လည္း ေသခ်ာေသာ လက္ေတြ႔ဘဝျဖစ္၏။

"ရွင္းတယ္"

လံုျခံဳေရးႀကီးေတြ လမ္းရွင္းေပးထားသည္။ Square ဝင္ေပါက္ မွန္တံခါးမွ ရုတ္တရက္
ထြက္လာေသာ ကိုယ္တို႕အား ပြဲစီစဥ္သူမ်ားဟု
ယူဆရေသာ Fansite Admin မ်ား၏
စူးခနဲ ထေအာ္သံေႀကာင့္ ေလွ်ာက္လက္စေျခ
လွမ္းမ်ားပင္ တံု႕သြားရသည္။ ညီ ဆိုသည္လည္း
တစ္ခ်က္ပင္ တုန္တက္သြားေသး၏။

မေမွ်ာ္လင့္ထားႀကသည္မွာ သိသာလွသည္။
လက္အုပ္ခ်ီလ်က္ Sa Wa De Khapအဆက္
အျပတ္ေျပာရင္း ထြက္လာေသာ ကိုယ္တို႕ႏွစ္
ေယာက္ကို ျမင္သည္ႏွင့္ ရင္ျပင္ေရွ႕ ေအာ္ဟစ္
သံေတြ ဆူညံသြားရေတာ့သည္။

"Sa Wa De Khap, I'm Rain ခ...
Wooo so beautiful...Thanks Khap"

တစ္ဝန္းလံုးကို ေဝ့ႀကည့္ျပီးကိုယ္တို႔ ႏွစ္ေယာက္ နာမည္အတိုေကာက္မ်ားျဖင့္ မီးအလွဆင္ထား
ေသာ Banner မ်ားကိုႀကည့္ကာေျပာလိုက္
ေသာ ကိုယ့္စကားေႀကာင့္ ေအာ္သံေတြ
ဝက္ဝက္ကြဲ ထြက္လာေတာ့သည္။

"ရွဴး...ညီ့ ကို ႏႈတ္ဆက္ခြင့္လည္း ေပးပါဦး"

ျမန္မာမ်ားသည္ တိုက္ရိုက္နားလည္၍ အားခနဲ
ထေအာ္ႀကေသာ အခါ ထိုင္းမေလးမ်ားသည္
လည္း ေဘးဘီဝဲယာမွ ဘာသာျပန္ကို အသည္း
အသန္နားေထာင္ျပီး စကၠန္႔မျခား ထေအာ္ေတာ့
သည္။

"Sa Wa De Khap, Nine အံ့ ပါ...ဒီေန႔
အားလံုးနဲ႔ အတူတူႀကည့္ခ်င္လို႕ လာခဲ့တာပါ
အခုလို ေႏြးေႏြးေထြးေထြးႀကိဳဆိုေပးလို႕ ေက်းဇူး
တင္ပါတယ္"

ျပံဳးျပံဳးေလးျဖင့္ အယဥ္ေက်းဆံုးအသံုးအႏႈန္းမ်ား
သံုးလ်က္ မိုက္ မွ တစ္ဆင့္ ခပ္ေႏြးေႏြးထြက္လာ
ေသာ ထိုင္းဘာသာစကားေႀကာင့္ ဒီတစ္ခါ မ်က္
ရည္ဝဲမတတ္ ဝမ္းသာႀကေသာထိုင္းမေလးမ်ားကို
ေငးရင္း ညီ လည္း မ်က္ေတာင္ဖ်ားေတြ ပုတ္ခတ္
ပုတ္ခတ္ေလးျဖစ္ေနေတာ့သည္။ မငုိဘူးရယ္လို႔
သူေပးခဲ့ေသာ ကတိတည္ေစဖို႕ ေက်ာျပင္ကို အားေပးဟန္ျဖင့္ခပ္ဖြဖြပုတ္ေပးျခင္း ျဖင့္ ပါရမီ
ျဖည့္ေပးျဖစ္သည္။

ပထမပိုင္းက Skinshipေတြ သိပ္မပါ၍သာ
ေတာ္ေတာ့သည္။ Screenထဲတြင္ ႏွစ္ေယာက္
အတူတူ ေပၚလာသည္ႏွင့္ ထထ ေအာ္ႀကလြန္း
၍ ကိုယ္တို႔ ေခါင္းငံု႕ျပီး ရွက္ရယ္ရယ္ရသည္
လည္းအခါခါ။

"အခုလို Nong တို႔ နဲ႔ အတူတူရွိေနခြင့္ရခဲ့တဲ့
အတြက္ ေက်းဇူးတင္ပါတယ္"

အသက္ ၁၉ ႏွစ္အရြယ္ျဖစ္ေနေသာ ကိုယ္ထံမွ  Nong ေခၚခံရျခင္း ကို သေဘာတက်ရယ္ႀက
ေသာ P'မ်ားလည္းရွိသည္။ P' Nong ဆက္ဆံ
ေရး အထူးအေလးထားႀကေသာ ႏိုင္ငံေပမယ့္
ျမန္မာႏိုင္ငံဖြား ကိုယ့္ကို ခ်စ္စႏိုးျဖင့္ နားလည္ေပး
ထားႀကေတာ့သည္။

"ကြ်န္ေတာ့္ ဘဝမွာ မေမ့ႏိုင္တဲ့ ညတစ္ညျဖစ္
ခဲ့ပါျပီ။ပံုမွန္အတိုင္းဆို ကြ်န္ေတာ္ အရမ္းစိုးရိမ္ေန
တယ္။ ဒါေပမယ့္ အခုလို အားလံုးနဲ႔ အတူတူ
ထိုင္ႀကည့္ရတဲ့ အခါမွာေတာ့ အရင္က စိုးရိမ္ေန
တာေတြ မရွိေတာ့ပဲ ဒီထက္ ပိုျပီးႀကိဳးစားျပရမယ္
အခုလို ေလဟာျပင္မွာထဲေတာင္ ထိုင္ႀကည့္ျပီး
အားေပးေနသူေတြ ၆ လ ေလာက္အထိ ႀကာ
ေအာင္ စိတ္ရွည္လက္ရွည္ေစာင့္ေပးခဲ့သူေတြ
အတြက္ ကြ်န္ေတာ္ အေကာင္းဆံုး ႀကိဳးစားသြား
မွာပါ။ တကယ္ ကို ေက်းဇူးတင္ပါတယ္"

ေနာက္ဆံုး စကားတြင္ နစ္ဝင္သြားေသာ အသံႏွင့္
မိုက္ႏွင့္ပင္ အားလံုံုး၏ အႀကည့္မွကြယ္လိုက္
္ေသာ ညီ့ကို အလိုက္တသိ ေထြးေပြ႔အားေပး
လိုက္ရသည္။ ညီ့ ၏ အႀကီးမားဆံုးအားနည္းခ်က္
တစ္ခုသည္ FAN ေတြ ဆိုတာ သိခြင့္ရလိုက္
္္ျပီ။ ညီ သည္ ထင္မထားေလာက္ေအာင္ကို Fan
ေတြကို ခ်စ္ေနေတာ့၏။

"Rain ငါတို႔ သီခ်င္းတစ္ပုဒ္ေလာက္ ဆိုျပျပီး
မွ ႏႈတ္ဆက္ရေအာင္။ သူတို႕က ငါတို႕
ႏွစ္ေယာက္အတြက္ ဒီေလာက္ေတာင္ ျပင္ဆင္
ေပးထားတာ"

နားနားကပ္ကာတိုင္ပင္ေတာ့ ဒီေကာင္ ဘာျငင္း
ႏိုင္မွာလဲ။ ကိုယ့္ရဲ႕ အားနည္းခ်က္သည္ကိုက
Fan ေတြအေပၚထားသည့္ ညီ့ ခ်စ္ျခင္းျဖစ္ေန
ေတာ့...

ခ်က္ခ်င္းဆိုသလို ဂ်ာႀကီးကို အပူကပ္ကာ
Hollow ဂစ္တာႏွစ္လံုး စီစဥ္ခိုင္းလိုက္ရသည္။

"ကိုယ္တို႕ ႏွစ္ေယာက္ Campတစ္ေလွ်ာက္
ေလ့က်င့္ခဲ့တဲ့ သီခ်င္းေလး ဆိုျပျပီး အားလံုးကို
ႏႈတ္ဆက္ခ်င္ပါတယ္"

ညီ သည္ ထပ္ဆင့္ ဘာသာျပန္ေပးေတာ့ ေအာ္
ႀကျပန္သည္။ သူတို႕ ခင္မ်ာ ဇာတ္လမ္း၏  ငိုရ
မည့္ အပိုင္းမ်ား မေရာက္ခင္တည္းက ကိုယ္တို႕
က မ်က္ရည္လည္ရြဲျဖစ္ေအာင္လုပ္မိေနျပီ။

"ဒီသီခ်င္းကို Rain ခ ကိုယ္တိုင္ သင္ေပး
ထားတာပါ။"

Hoy ဆိုသည့္ အသံမ်ားကိို ဂစ္တာႀကိဳးညွိ
ေနရင္းမွ ရွက္ျပံဳးျပံဳးမိသည္။ ကိုယ္ ႀကိဳးညွိေပး
ထားေသာ ဂစ္တာကို ရင္ခြင္ထဲပိုက္ရင္း

" ဂစ္တာတီးကလည္း Rain ခ သင္ေပးတာပဲ
ဒါေပမယ့္ သူပဲ ဂစ္တာႀကိဳး ညွိေပးေနက်ဆို
ေတာ့ ကြ်န္ေတာ္က မညွိတတ္ဘူး။ သူညွိေပး
တာပဲ အဆင္သင့္တီးတာ။ အဲ့လို ပညာသား
ခ်န္ထားခံရတာ"

"ပညာသား ခ်န္တာ မဟုတ္ဘူး။ ညီ
ကိုယ္နဲ႔ကလြဲျပီးဘယ္သူနဲ႔ မွ ဂစ္တာ အတူတူတီး
လို႕မရေအာင္ လုပ္ထားတာ"

ေအာ္ႀကျပန္သည္။ အိမ္ျပန္ရင္ အသံေတြဝင္ျပီး
လည္ေခ်ာင္းေတြမနာေအာင္ ေရမ်ားမ်ားေသာက္
ဖို႕ မွာခဲ့ရဦးမည္။

"ကဲ...Nong တို႔ အားလံုး တိုးတိုးေနႀကပါ
Nong တို႔  အိမ္္ေရွ႕မွာ ဂစ္တာလာတီးေနသလို
ခံစားရေအာင္ ကိုယ္တို႕ Mic မသံုးပဲ မူရင္းအသံ
နဲ႔ ဆိုျပမွာ မို႕ Nong တို႕ က ျငိမ္ျငိမ္ေလးနား
ေထာင္မယ္မလား"

ညီသည္ ခ်စ္စရာေကာင္းေလာက္ေအာင္လည္း
လုပ္တတ္သည္။ သူဘာသာျပန္ေပးျပီးသည္ႏွင့္
ထြက္လာေသာ Oii Hoy စသည္မ်ား တိတ္က်
သြားေအာင္
ႏႈတ္ခမ္းေလးေပၚ လက္ညွိဳးေလးတင္  မ်က္လံုးေလး ျပဴးျပီး တိုးတိုး ဟူ၍ထပ္လုပ္ျပ
ေတာ့ ေအာက္မွ အကုန္လံုး တအိအိႏွင့္
ျဖစ္ကုန္ႀကသည္။

ျပံဳးရင္း ငဲ့ႀကည့္ကာ အသံတိတ္ Timing ေခၚေပးေသာ ညီ့၏ ႏူးညံ့သည့္ အမိန္႔ေတာ္ကို
ျခြင္းခ်က္ မရွိ နာခံမိသည္။

၄၅ မိနစ္ႀကာေအာင္ မွ်ေဝႀကျပီး ႏႈတ္ဆက္ခ်ိန္
ေရာက္ေတာ့ ဘယ္အခ်ိန္တည္းက စီစဥ္လိုက္
ႀကသည္မသိ ။ ပန္းစည္းမ်ား လက္ေဆာင္မ်ား
ေပးႀကသည္။ မႏိုင္ေတာ့ေလာက္ေအာင္ လက္ေဆာင္ေတြ မ်ားေသာ္လည္း တျခားလူမ်ား
လက္ထဲ မထည့္ဘဲ မရမက ႏိုင္ေအာင္သယ္
ေတာ့ အားလံုးက ဝမ္းသာေနႀကသည္။ ဒါသည္လည္း Commu တန္းမွာ သင္ႀကားခဲ့
ရေသာ Fan ႏွင့္ ကိုယ္ေတြႀကားထဲက ေကာင္း
မြန္ေသာ ဆက္သြယ္မႈေကာင္းတစ္ခုတည္
ေဆာက္ ျခင္း၏ အုတ္ျမစ္ေလးတစ္ခုျဖစ္သည္။

ညီသည္လည္း တီငယ့္ အရြယ္ အစ္မ
တစ္ေယာက္လာေဆာင္းေပးေသာ Flower
Crown ကို ကားေပၚေရာက္သည္အထိ မခြ်တ္
ေပ။ ကားမွန္ျပတင္းေပါက္ကေနျပီး ပါပီေပါက္စ
ေလးလို ေခါင္းထုတ္ျပီး တာတာ့ ျပေသာပံုမ်ား
သည္ ေသခ်ာပါတယ္။
မနက္ျဖန္ဆို Fansiteေတြ၏ အျပိဳင္အဆိုင္
တင္ႀကေတာ့မည့္ HQ မ်ားျဖစ္ေတာ့မည္။

"ဒီေလာက္ဆို Nong တို႔ႏွစ္ေယာက္လံုး Offical SNS သံုးသင့္ေနျပီ...ခု ေဝဖန္ေရး
ေတြကလည္း သရုပ္ေဆာင္ခ်က္ေတြ သက္ဝင္
တယ္လို႕ ခ်ီးက်ဴးေနႀကေတာ့..."

P'Na သည္ ဂုဏ္ယူဖြယ္ေကာင္းေသာ အႀကံ
ဥာဏ္ကို ေပးလာသည္။

"ေနာက္မွေပါ့" ဟူေသာ ညီ့စကားအသြားအလာ
ကိို ကိုယ္သိေန၍

"မလိုေသးပါဘူး P" ရယ္ဟုသာ တံု႔ျပန္ျဖစ္သည္။

ညီ့ လက္ကို ျဖစ္ညွစ္ေတာ့ ညီက ကိုယ့္ဗိုက္ကို
ျပန္ထိုးရင္း ခပ္ဖြဖြ ျပံဳးျပသည္။

ဒါသည္ P'Na ႏွင့္ ဂ်ာႀကီးကို ဟန္ေဆာင္ျပေန
ျခင္း မဟုတ္ေပမဲ့ Real ကို Real လို႕
ထင္သြားသည္ကလည္း အရံႈးမွ မရွိတာပဲ

Thank You All

(Unicode version)

/

/

/

"ကောင်းလား?"

ထိုင်းဘာသာ စကားနှင့်ပြောဆိုနေသော အစ်ကို
ချောချောကို ကလေးမလေးတွေ မျက်လုံးလဲ့လဲ့
လေးများဖြင့်ကြည့်ကြသည်။

သူတို့အဆောင်ထဲ စဝင်လာတည်းက အစ်ကိုက
မြန်မာနိုင်ငံကနေ မင်းတို့ဆီ အလည်လာတာဟု
စတင်မိတ်ဆက်ပြီး White Chocolateတွေ
အရောင်စုံ FOX Candy တွေ ဗူးလိုက်လိုက်
ဝေသည့် ထို အသားညိုစိမ့်စိမ့်နှင့်အစ်ကို ချောချောသည် သူတို့ကိုလည်း ဓာတ်ပုံ ရိုက်ပေး
သေးသည်လေ။ ဆေးရုံဝတ်စုံနှင့်ဖြစ်နေသည့်
အပြင် သူတို့ထဲမှ ဆေးဒဏ်မခံနိုင်လို့ ဆံပင်မရှိ
တော့တဲ့ကောင်မလေးတွေတောင် အစ်ကိုဆောင်း
ပေးသလို ဆေးရုံခေါင်းစွပ်ကို ပြင်ဆောင်းပြီး အစ်ကို နေခိုင်းသည့်အတိုင်း နေလိုက်ရုံဖြင့် ဓာတ်
ပုံတွေထဲ လှနေသည်မို့ သူတို့အကုန်လုံး ဆောင်
လုံးကျွတ် ရယ်သံတွေ ဝေနေတာ မဆန်းတော့။

ရောဂါကြောင့်သာ ဆေးရုံမှာနှစ်ရှည်လများနေရ
ပေမယ့် သူတို့လည်း အပြင်လောက က သာမန်
ကောင်မလေးတွေလိုပင် ရင်ခုန်ကြည်နူးတတ်
သည်။ ရုပ်သံ ဇာတ်လမ်းတွဲတိုင်း မလွတ်တမ်း
ကြည့်ရတာမျိုးမရှိပေမယ့်လည်း အခုသူတို့ရှေ့
ရောက်နေတာသည် သာမာန်လူတွေ မဟုတ်တာ
လောက်တော့ သူတို့သိသည်။ သူတို့ အားလုံး၏
ပျမ်းမျှ အသက်သည် ၁၂ နှစ်ဝန်းကျင်မှာ ရှိနေကြ
သည်ပဲ။ သူတို့ က ၂၁ရာစုဖွား တွေပဲ။ အဆင့်ဆင့်တိုးတက်လာသော ဉာဏ်စွမ်းရည်မြင့်
အုပ်စုထဲကလူသားမျိုးနွယ်ဖြစ်တာကြောင့် သူတို့စိတ်ခံစားချက်များကို အရွယ်ရောက်စော
သည်ဟု ဘယ်သူမှ မစွပ်စွဲကြပါ။

မြန်မာအစ်ကိုကြီးလုပ်သမျှ ပြောသမျှ ကို သူတို့
နားလည်စေရန် ဘာသာပြန်ပေးနေသော ချစ်စရာ အစ်ကိုသည်လည်း သူတို့ထင်သလို ထိုင်းတရုတ်
ကပြား မဟုတ်ပဲ...ရှမ်း မြန်မာ ကပြား ထိုင်းနိုင်ငံ
သား ဟူ၍ ပြောမှ သူတို့ အားလုံးဝမ်းသာရသည်။

အစ်ကိုချောချောနှစ်ယောက်မှာ တစ်ယောက်
လောက်တော့ သူတို့နိုင်ငံသားဖြစ်နေသည်ကိုက
သူတို့အတွက် ဂုဏ်ယူစရာပါ။

"Choco တွေကို တစ်ပြိုင်နက်တည်းအများကြီး
တော့ မစားစေချင်ဘူး။ မင်းတို့လေးတွေ
ချောင်းဆိုးရင် ကိုယ့် အပြစ်ဆိုပြီး ဆရာမတွေက
မင်းတို့ကို လာတွေ့ဖို့ တားရင် ကိုယ်ပဲ
အသည်းကွဲရမှာ"

"ကလေးတွေနော် Rain..."

ဘာသာမပြန်ပေးချင်သလို လှည့်ရန်တွေ့နေသော
ညီ။ ရိုးသားတဲ့ ဖိုးသခွားလေး လုပ်ပြနေပြန်ပြီ။

"ဘာလဲ ညီ သဝန်တိုနေပြန်ပြီလား?"

"သြ...အေး အေး။ ပြန်ရင် ဆေးသောက်နော်"

အရယ်အမောမပြတ်နှင့် သွားကြားထဲမှ ထွက်လာ
သော လေသံနှင့် ပြန်ရန်တွေ့သော ညီ။
မကြာပါဘူး။ ကိုယ်ပြောသည့်အတိုင်း ပြောလိုက်
တာ သေချာသည့် အခါ ကလေးမများပါမက Nurse များပင် Hoy ဆိုတာမျိုး ထွက်ကုန်၏။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဧည့်ခန်းထဲရှိ TV
မှာ Nong: The Series ၏ Teaser လာ
တော့ အဆောင်တစ်ခုလုံး ဝက်ဝက်ကွဲ ထအော်
ကြပြန်သည်။ မကြာသေးခင်မှ Edition လုပ်
ထားပြီးသော Kissing သည်လည်း မရိုးမယွ
ဖြစ်အောင် အနည်းအကျဉ်း ထိ၏ မထိ၏ မဝေ
ခွဲနိုင်ဟန် ပြထား၍ Teaserသည်ပင် ကြည့်ရှု
သူ များနေတော့၏။

"နောက်ထပ် မိနစ် ၂၀ လောက်နေပြီးရင် သွား
ဖို့ ပြင်ရတော့မယ်။"

အနီးကပ်နားနားတိုးကာ သတိလာပေးသော
Staff အစ်မတစ်ယောက်၏ စကားကို ခေါင်း
ညိတ် ပြလိုက်ရင်း ဆေးရုံဝင်းထဲမှ ဆုတ်ခွာရေး
စစ်ဆင်ရေး အတွက် ပြင်ဆင်ရတော့သည်။

>>>>>PRO<<<<<
"Sa Wa De Ka, Nong: The Seriesမှာ
ဇိုင်းဇက် အဖြစ် ပါဝင်ထားတဲ့ Rain ခ ပါ ခင်ဗျ"

"Sa Wa De Ka, Nong: The Series
မှာ နေကောင်းမြတ်သူ အဖြစ် ပါဝင်ထားတဲ့ Nine အံ့ ပါခင်ဗျ"

"Nong: The Series ကို အခု ရောက်လာ
တော့မည့် ပထမဆုံး Sunday မှာ စတင်ထုတ်
်လွှင့်ပါတော့မယ်"

သွက်သွက်လက်လက်မျိုး မဟုတ် သလို Native သံ မဟုတ်သော ကိုယ့်၏ မိတ်ဆက်
်ဖြင့် စထားသည်ကိုက မသိသေးသူပင် ဘာလဲဟ
ဆိုပြီး အာရုံစိုက်ကြည့်နိုင်လောက်သည်။ အဲ့လောက်ထိ အသေးစိတ်က အစ မဟာဗျူဟာ
ကျကျ စီစဉ်ထားသော Companyသည်ပင်။

"Nong: The Series ကို အပတ်စဉ်
Sunday ညနေ 6:30 PM တိတိမှာ Channelလိုင်းကနေ ကြည့်ရှုလို့ ရပါတယ်...Sundayည မှာ LIVE မကြည့်လိုက်ရသူတွေ အတွက်လည်းTue & Thu ည 9:00 PM တွေမှာ Replyအနေဖြင့် ပြန်လည် ထုတ်လွှင့်
ပေးမည် ဖြစ်ပါတယ်။ ကြည့်ရှုအားပေး ပေးဖို့
လည်း မျှော်လင့်ပါတယ်။ ဆက်ဆက်ကြည့်ပေး
ကြနော်။ LIVEပြချိန် ကျွန်တော်ပါ အားလုံးနဲ့
အတူတူကြည့်နေမှာပါ ခင်ဗျ"

အဆုံးသတ်တိုင်းတွင် Khap အသံထွက်လျက်
သွက်သွက်လက်လက်ပြောနေသော ညီ့ကို ဘေး
မှနေ၍ ပြုံးရင်း ကြည့်နေသော ကိုယ့်ကို ထိုင်းတစ်ဝှမ်းလုံးက ညီ့ မျက်နှာတွင် ကိုယ့်မျက်
လုံး ကပ်တော့မည်ဟု ဟားနေကြပြီ ဖြစ်သည်။

Nong: The Series စာတန်းပါ အဝါရောင်
Tshirt ကိုက ညီရဲ့ ဖြူဖွေးနေသော အသားအ
ရည် ကို ပို၍ လင်းထွက်နေအောင် ပံ့ပိုးပေးထား
နိုင်သည်လေ။ ကိုယ်က ညီ့ကို မငေးနေလို့ ဘာလုပ်ရမည်လဲ။ ရှေ့က Camera မည်းမည်း
ကြီးကို ပြုံးပြနေရမှာလား။

သူ့ပုံသူပြန်ကြည့်ပြီး ရေခဲပန်းပု ရုပ်လို တောင့်
တင်း ငြိမ်သက်နေသော ညီ။ Monitar မှ
သူ့ပုံ သူပြန်ကြည့်တိုင်း ထိုသို့ခဏခဏ ဖြစ်တတ်
ပြီး တစ်ခါတလေ မအောင့်နိုင်စွာ

"ဒါ ငါ ဆိုတာ တစ်ခါတလေ မယုံနိုင်ဘူး" ဟူ၍
လည်း နှစ်ကိုယ်ကြားလေသံဖြင့်လည်း ရင်ဖွင့်
တတ်သေးသည်။

"ရင်ခုန်နေတာလား ညီ"

လက်ဖမိုးကို ကျော်လွန်ရင်း လက်ချောင်းဖျားများ
ကို ထိကြည့်မိသည်။ အေးစက်စက်ရယ်။
ဒါဆို အဖြေပြန်ပေးစရာ မလိုပြီကြောင်း
သူတို့နှစ်ဦးစလုံးသိသည်။

ကားအပြင်ဖက်မှ ညနေခင်း နေရောင် မှိန်မှိန်နှင့်
ရောယှက်နေသော ဓာတ်ငွေ့ ဖြူဖြူများအောက်မှ
ယာဉ်ကြောတန်းကြီးကို ငေးရင်း သက်ပြင်းချမိ
သည်။ ပေါ့ပေါ့ပါးပါး ဟုဆိုသော်လည်း ပွဲတက်
Make up ပြင်ဆင်ထားရ၍ ထင်သလောက်
်တော့ ပေါ့ပါးမနေ။ နှစ်ဦးစလုံးက Make up
လိမ်းရသည်ကို မကြိုက်ဘဲ။ အခါအားလျော်စွာ
မျက်နှာပြောင်ဖြင့်သာ နေချင်ကြသူတွေ။ ခုတော့ Fan တွေနှင့် ပထမဆုံး အနီးကပ်တွေ့ရ
တော့မည် ဖြစ်၍ P'Naက အသေးစိတ် ပြင်ဆင်
ပေးထားသည်။ ညီ့ကိုဆိုလက်သည်းတွေက အစ အကြည်ရောင်ဆိုးပေးထားသည်သာကြည့်တော့။

အနီရောင် စက္ကူနှင့် ထုတ်ပိုးထားသော
နှင်းပန်းစည်းလို ဖြူဥနုနည်နေသော ညီ့ကို
မြင်တာနှင့် ဆွဲမည် လွဲမည်ဟုကြံစည်ထားသူများ
ပင် ညီ့ကို မြင်သည်နှင့် သူတို့စိတ်ကူးကို စွန့်လွှတ်
နိုင်သွားလောက်၏။ ကိုယ်ပင် ထိကိုင်ရမည်ကို
အားနာနေသလိုလို ပင်ဖြစ်မိသည်။

"သြ ဒီကလေးတွေနှယ် Air conဖွင့်ပေးထား
တာတောင် ချွေးစို့နေတယ်"

P'Na ပြောလည်းပြော တစ်ရှူးဖြင့် နှစ်ယောက်
စလုံးကို ချွေးသိပ်ပေးသည်။

"ဘာမှ စိတ်မပူပါနဲ့ Nong က Teaserထွက်
တည်းက ရလဒ်ကောင်းပါတယ်။ အခုပွဲကလည်း
companyက လုပ်တာ မဟုတ်ဘဲFanတွေ
စီစဉ်ထားတဲ့ ပွဲပဲဟာကို...နှစ်ယောက်လုံး စိတ်
အေးအေးထား"

P'Na နှစ်သိမ့်သလိုပင်။ ပထမဆုံး ထုတ်လွှင့်
့်မည့် အပိုင်း၁ ကို Square ရှေ့မှ Board
တွင် စုကြည့်ကြခြင်း။ ဒီပွဲဟာ ထိုင်းရောက်မြန်မာ
လူငယ်များ နှင့် ထိုင်း မှ လိင်တူစုံတွဲထောက်ခံ သူ
တို့၏ ပထမဆုံး ပေါင်းစည်းပွဲပင်။

သတင်းကြားကြားခြင်းက အံ့သြသွားတာလောက်
ပဲ ရှိသော်လည်း CEOဖက်မှ မည်သို့မှ မတုံ့ပြန်
ခဲ့။
သူက ရိုက်လက်စ Sceneများ အပြတ်ဖြတ်၍
သူ့Companyကို Sponsarပေးထားသော
မိတ်ဖက် Company များ၏ ကြော်ငြာ
promotion ပွဲများကိုသာ တက်ခိုင်းဖို့ အားသန်နေ၏။
ဒီနေ့ နေ့ခင်းမှ ဘာစိတ်ကူး ပေါက်သည်မသိ။
ရိုက်ကွင်း မန်နေဂျာကို သူ့အတွင်းရေးမှူးမှ ဖုန်း
ခေါ်၍ ဒီနေ့ ပွဲကို Surprise အနေဖြင့် သွား
လိုက်ဟု ညွှန်ကြား၍ ရိုက်ကွင်းဖျက်ကာ အပြေး
အလွှား ပြင်ဆင်ပြီး ခုကဲ့သို့ လာရခြင်းဖြစ်
သည်။

အဝတ်အစားကို Scene oneမှာ ဝတ်ထား
သည်များပင် ပြန်ဝတ်လျက် Rain & Nine
အနေဖြင့် မဟုတ်ပဲ ဇိုင်းဇက်နှင့် ညီ Concept
နှင့်သွားရန် နောက်ဆုံး ဆုံးဖြတ်ချက်ချပေးလိုက်
ခြင်းဖြစ်သည်။

"စတော့မယ်။ ခဏ မဝင်နဲ့ဦး စောင့်ဦး"

Next Series တွင် Nong ဟု ကြော်ငြာစာ
တန်း ပါတာလေးနှင့်ပင် ထအော်ကြသော Fan
များ၏ အသံကြောင့် ကိုယ်တို့ ကားပြတင်းပေါက်
လေးမှ ချောင်းကြည့်ရသည်။

"ထင်ထားတာထက် ပိုများတာပဲ"

ဟုတ်ပါသည်။ Square ရင်ပြင်တစ်ဝက်ကို နေ
ရာယူထားကြသော Fanများနှင့် ဘာများလဲ ဟူ
၍ စူးစမ်းရပ်ကြည့်နေသူများကြောင့် ရင်ပြင်သည်
ပြည့်ကြပ်နေ၏။

"ဒီ လူအုပ်ကြားထဲက သွားရမှာလား...ညီတော့
ဒုက္ခပဲ။ လဲထားတဲ့ ဒူး ကလည်း သက်သာသေး
တာ မဟုတ်ဘူး"

"အမယ်လေး အမွှေစိန်ရယ်။ ရှင့်ဟာလေးနဲ့ရှင့်
ကို ဒီအတိုင်းသွားခိုင်းမလား...Parkingကနေ
ပတ်သွားပြီးမှ Square ထဲက ထွက်လာခိုင်းမှာ
ပါ"

"မင်းဟာလေ"

P'Na ဆူတော့ ညီကပါ အကဲမပိုနဲ့ ဟူသော
ပုံဖြင့် ခပ်တိုးတိုးဝင်ပြောသည်။

"ကိုယ်က ကိစ္စ မရှိဘူး။ ညီ့ကို စိုးရိမ်လို့ပြော
တာ"

ထိုသို့ "သူ့ကို စိုးရိမ်တယ်။ စောင့်ရှောက်မယ်"
ဟူသော စကားစုတွေအား သူဘယ်သောအခါ
မှ သဘောမကျတတ်ပါ။ ထိုသို့ပြောတိုင်း
ခပ်တည်တည်ပြန်ကြည့်တတ်သည်။ ထိုအကြည့်
သည် လူတွေရှေ့တွင် ထုတ်ပြတတ်သော
ညီစေအံ့ ၏ တစ်ခုတည်းသော မူရင်း သွင်ပြင်။

ခုခါတွင်တော့ ခပ်တည်တည်ဖြစ်နေသည်ထက်
လဲ့နေသော မျက်ဆံအိမ်သည် အားမနာတမ်း
ပြောရလျှင် ယောကျာ်းတစ်ယောက်ရှိသင့်သည်
ထက် ပို၍ ပျိုမြစ်နုနည်နေလျက် ခပ်စူစူဖြစ်နေ
သေးသော အပေါ်နှုတ်ခမ်းပါးကြောင့် ကိုယ်ပင်
တန့်သွားရသည်။ ဒါ ညီစေအံ့ လား Nine လား

"ကဲ လုံခြုံရေးတွေ လာပြီ ဆင်းမယ်"

ဝတ်စုံပြည့်နှင့် ခါးကြားတွင် လျှပ်စစ်နံပါတ်တုတ်
များ ချိတ်တွဲထားသော လုံခြုံရေးဝန်ထမ်း
ခြောက်ယောက်သည် ကိုယ်တို့နှစ်ယောက်ကား
ပေါ်မှ ဆင်းသည်နှင့် တစ်ဖက်တစ်ချက်နေရာယူ
လိုက်ကြသည်။

ညီနှင့် ဘေးချင်းယှဉ်လျှောက်ရင်း ပထမဆုံး
အကြိမ် Photo Shooting ကထက်ပိုသော
ခံစားမှုတစ်ခု ဝင်ရောက်လာသည်။ ကိုယ်တို့
တကယ် မင်းသား တွေ ဖြစ်လာကြပြီ။ ကိုယ့်နိုင်ငံ
မှာလို မဟုတ်ဘဲ အားပေးမှုကြမ်းတတ်သော
နိုင်ငံမျိုးတွင် ပွဲဦးထွက်လာသော မင်းသားတွေ
ဖြစ်နေပြီ။ ဒါသည် တကယ်ငြင်းမရသော အမှန်တရား ဖြစ်သည်။ အိပ်မက် မဟုတ်သည်
လည်း သေချာသော လက်တွေ့ဘဝဖြစ်၏။

"ရှင်းတယ်"

လုံခြုံရေးကြီးတွေ လမ်းရှင်းပေးထားသည်။ Square ဝင်ပေါက် မှန်တံခါးမှ ရုတ်တရက်
ထွက်လာသော ကိုယ်တို့အား ပွဲစီစဉ်သူများဟု
ယူဆရသော Fansite Admin များ၏
စူးခနဲ ထအော်သံကြောင့် လျှောက်လက်စခြေ
လှမ်းများပင် တုံ့သွားရသည်။ ညီ ဆိုသည်လည်း
တစ်ချက်ပင် တုန်တက်သွားသေး၏။

မမျှော်လင့်ထားကြသည်မှာ သိသာလှသည်။
လက်အုပ်ချီလျက် Sa Wa De Khapအဆက်
အပြတ်ပြောရင်း ထွက်လာသော ကိုယ်တို့နှစ်
ယောက်ကို မြင်သည်နှင့် ရင်ပြင်ရှေ့ အော်ဟစ်
သံတွေ ဆူညံသွားရတော့သည်။

"Sa Wa De Khap, I'm Rain ခ...
Wooo so beautiful...Thanks Khap"

တစ်ဝန်းလုံးကို ဝေ့ကြည့်ပြီးကိုယ်တို့ နှစ်ယောက် နာမည်အတိုကောက်များဖြင့် မီးအလှဆင်ထား
သော Banner များကိုကြည့်ကာပြောလိုက်
သော ကိုယ့်စကားကြောင့် အော်သံတွေ
ဝက်ဝက်ကွဲ ထွက်လာတော့သည်။

"ရှူး...ညီ့ ကို နှုတ်ဆက်ခွင့်လည်း ပေးပါဦး"

မြန်မာများသည် တိုက်ရိုက်နားလည်၍ အားခနဲ
ထအော်ကြသော အခါ ထိုင်းမလေးများသည်
လည်း ဘေးဘီဝဲယာမှ ဘာသာပြန်ကို အသည်း
အသန်နားထောင်ပြီး စက္ကန့်မခြား ထအော်တော့
သည်။

"Sa Wa De Khap, Nine အံ့ ပါ...ဒီနေ့
အားလုံးနဲ့ အတူတူကြည့်ချင်လို့ လာခဲ့တာပါ
အခုလို နွေးနွေးထွေးထွေးကြိုဆိုပေးလို့ ကျေးဇူး
တင်ပါတယ်"

ပြုံးပြုံးလေးဖြင့် အယဉ်ကျေးဆုံးအသုံးအနှုန်းများ
သုံးလျက် မိုက် မှ တစ်ဆင့် ခပ်နွေးနွေးထွက်လာ
သော ထိုင်းဘာသာစကားကြောင့် ဒီတစ်ခါ မျက်
ရည်ဝဲမတတ် ဝမ်းသာကြသောထိုင်းမလေးများကို
ငေးရင်း ညီ လည်း မျက်တောင်ဖျားတွေ ပုတ်ခတ်
ပုတ်ခတ်လေးဖြစ်နေတော့သည်။ မငိုဘူးရယ်လို့
သူပေးခဲ့သော ကတိတည်စေဖို့ ကျောပြင်ကို အားပေးဟန်ဖြင့်ခပ်ဖွဖွပုတ်ပေးခြင်း ဖြင့် ပါရမီ
ဖြည့်ပေးဖြစ်သည်။

ပထမပိုင်းက Skinshipတွေ သိပ်မပါ၍သာ
တော်တော့သည်။ Screenထဲတွင် နှစ်ယောက်
အတူတူ ပေါ်လာသည်နှင့် ထထ အော်ကြလွန်း
၍ ကိုယ်တို့ ခေါင်းငုံ့ပြီး ရှက်ရယ်ရယ်ရသည်
လည်းအခါခါ။

"အခုလို Nong တို့ နဲ့ အတူတူရှိနေခွင့်ရခဲ့တဲ့
အတွက် ကျေးဇူးတင်ပါတယ်"

အသက် ၁၉ နှစ်အရွယ်ဖြစ်နေသော ကိုယ်ထံမှ Nong ခေါ်ခံရခြင်း ကို သဘောတကျရယ်ကြ
သော P'များလည်းရှိသည်။ P' Nong ဆက်ဆံ
ရေး အထူးအလေးထားကြသော နိုင်ငံပေမယ့်
မြန်မာနိုင်ငံဖွား ကိုယ့်ကို ချစ်စနိုးဖြင့် နားလည်ပေး
ထားကြတော့သည်။

"ကျွန်တော့် ဘဝမှာ မမေ့နိုင်တဲ့ ညတစ်ညဖြစ်
ခဲ့ပါပြီ။ပုံမှန်အတိုင်းဆို ကျွန်တော် အရမ်းစိုးရိမ်နေ
တယ်။ ဒါပေမယ့် အခုလို အားလုံးနဲ့ အတူတူ
ထိုင်ကြည့်ရတဲ့ အခါမှာတော့ အရင်က စိုးရိမ်နေ
တာတွေ မရှိတော့ပဲ ဒီထက် ပိုပြီးကြိုးစားပြရမယ်
အခုလို လေဟာပြင်မှာထဲတောင် ထိုင်ကြည့်ပြီး
အားပေးနေသူတွေ ၆ လ လောက်အထိ ကြာ
အောင် စိတ်ရှည်လက်ရှည်စောင့်ပေးခဲ့သူတွေ
အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားသွား
မှာပါ။ တကယ် ကို ကျေးဇူးတင်ပါတယ်"

နောက်ဆုံး စကားတွင် နစ်ဝင်သွားသော အသံနှင့်
မိုက်နှင့်ပင် အားလုံံး၏ အကြည့်မှကွယ်လိုက်
်သော ညီ့ကို အလိုက်တသိ ထွေးပွေ့အားပေး
လိုက်ရသည်။ ညီ့ ၏ အကြီးမားဆုံးအားနည်းချက်
တစ်ခုသည် FAN တွေ ဆိုတာ သိခွင့်ရလိုက်
်ပြီ။ ညီ သည် ထင်မထားလောက်အောင်ကို Fan
တွေကို ချစ်နေတော့၏။

"Rain ငါတို့ သီချင်းတစ်ပုဒ်လောက် ဆိုပြပြီး
မှ နှုတ်ဆက်ရအောင်။ သူတို့က ငါတို့
နှစ်ယောက်အတွက် ဒီလောက်တောင် ပြင်ဆင်
ပေးထားတာ"

နားနားကပ်ကာတိုင်ပင်တော့ ဒီကောင် ဘာငြင်း
နိုင်မှာလဲ။ ကိုယ့်ရဲ့ အားနည်းချက်သည်ကိုက
Fan တွေအပေါ်ထားသည့် ညီ့ ချစ်ခြင်းဖြစ်နေ
တော့...

ချက်ချင်းဆိုသလို ဂျာကြီးကို အပူကပ်ကာ
Hollow ဂစ်တာနှစ်လုံး စီစဉ်ခိုင်းလိုက်ရသည်။

"ကိုယ်တို့ နှစ်ယောက် Campတစ်လျှောက်
လေ့ကျင့်ခဲ့တဲ့ သီချင်းလေး ဆိုပြပြီး အားလုံးကို
နှုတ်ဆက်ချင်ပါတယ်"

ညီ သည် ထပ်ဆင့် ဘာသာပြန်ပေးတော့ အော်
ကြပြန်သည်။ သူတို့ ခင်မျာ ဇာတ်လမ်း၏ ငိုရ
မည့် အပိုင်းများ မရောက်ခင်တည်းက ကိုယ်တို့
က မျက်ရည်လည်ရွဲဖြစ်အောင်လုပ်မိနေပြီ။

"ဒီသီချင်းကို Rain ခ ကိုယ်တိုင် သင်ပေး
ထားတာပါ။"

Hoy ဆိုသည့် အသံများကို ဂစ်တာကြိုးညှိ
နေရင်းမှ ရှက်ပြုံးပြုံးမိသည်။ ကိုယ် ကြိုးညှိပေး
ထားသော ဂစ်တာကို ရင်ခွင်ထဲပိုက်ရင်း

" ဂစ်တာတီးကလည်း Rain ခ သင်ပေးတာပဲ
ဒါပေမယ့် သူပဲ ဂစ်တာကြိုး ညှိပေးနေကျဆို
တော့ ကျွန်တော်က မညှိတတ်ဘူး။ သူညှိပေး
တာပဲ အဆင်သင့်တီးတာ။ အဲ့လို ပညာသား
ချန်ထားခံရတာ"

"ပညာသား ချန်တာ မဟုတ်ဘူး။ ညီ
ကိုယ်နဲ့ကလွဲပြီးဘယ်သူနဲ့ မှ ဂစ်တာ အတူတူတီး
လို့မရအောင် လုပ်ထားတာ"

အော်ကြပြန်သည်။ အိမ်ပြန်ရင် အသံတွေဝင်ပြီး
လည်ချောင်းတွေမနာအောင် ရေများများသောက်
ဖို့ မှာခဲ့ရဦးမည်။

"ကဲ...Nong တို့ အားလုံး တိုးတိုးနေကြပါ
Nong တို့ အိမ်ရှေ့မှာ ဂစ်တာလာတီးနေသလို
ခံစားရအောင် ကိုယ်တို့ Mic မသုံးပဲ မူရင်းအသံ
နဲ့ ဆိုပြမှာ မို့ Nong တို့ က ငြိမ်ငြိမ်လေးနား
ထောင်မယ်မလား"

ညီသည် ချစ်စရာကောင်းလောက်အောင်လည်း
လုပ်တတ်သည်။ သူဘာသာပြန်ပေးပြီးသည်နှင့်
ထွက်လာသော Oii Hoy စသည်များ တိတ်ကျ
သွားအောင်
နှုတ်ခမ်းလေးပေါ် လက်ညှိုးလေးတင် မျက်လုံးလေး ပြူးပြီး တိုးတိုး ဟူ၍ထပ်လုပ်ပြ
တော့ အောက်မှ အကုန်လုံး တအိအိနှင့်
ဖြစ်ကုန်ကြသည်။

ပြုံးရင်း ငဲ့ကြည့်ကာ အသံတိတ် Timing ခေါ်ပေးသော ညီ့၏ နူးညံ့သည့် အမိန့်တော်ကို
ခြွင်းချက် မရှိ နာခံမိသည်။

၄၅ မိနစ်ကြာအောင် မျှဝေကြပြီး နှုတ်ဆက်ချိန်
ရောက်တော့ ဘယ်အချိန်တည်းက စီစဉ်လိုက်
ကြသည်မသိ ။ ပန်းစည်းများ လက်ဆောင်များ
ပေးကြသည်။ မနိုင်တော့လောက်အောင် လက်ဆောင်တွေ များသော်လည်း တခြားလူများ
လက်ထဲ မထည့်ဘဲ မရမက နိုင်အောင်သယ်
တော့ အားလုံးက ဝမ်းသာနေကြသည်။ ဒါသည်လည်း Commu တန်းမှာ သင်ကြားခဲ့
ရသော Fan နှင့် ကိုယ်တွေကြားထဲက ကောင်း
မွန်သော ဆက်သွယ်မှုကောင်းတစ်ခုတည်
ဆောက် ခြင်း၏ အုတ်မြစ်လေးတစ်ခုဖြစ်သည်။

ညီသည်လည်း တီငယ့် အရွယ် အစ်မ
တစ်ယောက်လာဆောင်းပေးသော Flower
Crown ကို ကားပေါ်ရောက်သည်အထိ မချွတ်
ပေ။ ကားမှန်ပြတင်းပေါက်ကနေပြီး ပါပီပေါက်စ
လေးလို ခေါင်းထုတ်ပြီး တာတာ့ ပြသောပုံများ
သည် သေချာပါတယ်။
မနက်ဖြန်ဆို Fansiteတွေ၏ အပြိုင်အဆိုင်
တင်ကြတော့မည့် HQ များဖြစ်တော့မည်။

"ဒီလောက်ဆို Nong တို့နှစ်ယောက်လုံး Offical SNS သုံးသင့်နေပြီ...ခု ဝေဖန်ရေး
တွေကလည်း သရုပ်ဆောင်ချက်တွေ သက်ဝင်
တယ်လို့ ချီးကျူးနေကြတော့..."

P'Na သည် ဂုဏ်ယူဖွယ်ကောင်းသော အကြံ
ဉာဏ်ကို ပေးလာသည်။

"နောက်မှပေါ့" ဟူသော ညီ့စကားအသွားအလာ
ကို ကိုယ်သိနေ၍

"မလိုသေးပါဘူး P" ရယ်ဟုသာ တုံ့ပြန်ဖြစ်သည်။

ညီ့ လက်ကို ဖြစ်ညှစ်တော့ ညီက ကိုယ့်ဗိုက်ကို
ပြန်ထိုးရင်း ခပ်ဖွဖွ ပြုံးပြသည်။

ဒါသည် P'Na နှင့် ဂျာကြီးကို ဟန်ဆောင်ပြနေ
ခြင်း မဟုတ်ပေမဲ့ Real ကို Real လို့
ထင်သွားသည်ကလည်း အရှုံးမှ မရှိတာပဲ

Thank You All

Continue Reading