PRO ||Season 2||

By HsuChiKo365

1.5M 165K 7.6K

Boy Love Story Romance , Drama & other age limited feelings (unicode & zawgyi) More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၁၀
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္​း၁၆
အပိုင္​း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပို္င္း ၂၅
အပို္္င္း ၂၆
အပို္င္း ၂၇-၁
အပိုင္း ၂၇-၂
အပိုင္း ၂၈ -၁
အပိုင္း ၂၈-၂
အပိုင္း ၂၉
အပိုင္း ၃၀
အပိုင္း ၃၁
အပိုင္း ၃၂
အပိုင္း ၃၃
Ending Part One
Ending
ေက်းဇူးတင္လႊာ
Extra
Geisha

အပိုင္း ၉

36K 4.2K 213
By HsuChiKo365

"သက္သာသြားျပီလား Rain"

Make up ျပန္ေလွ်ာ့ခ်ေပးရင္း ႀကင္နာစြာေမး
လာေသာ P'Na ကို ျပံဳးရင္း ေခါင္းညိတ္ျပလိုက္
သည္။

ညီသည္ကား အနားမွ မခြာေသး။ စိုးရိမ္မႈမ်ား
လည္း  မေလ်ာ့က်ေသး၍

"ကိုယ္ Mood အဝင္လြန္သြားတာပါ ညီရ။ သိ
တယ္မလား ကိုဇက္ အေတြးေတြကို ဆရာေျပာ
တာထက္ ပိုျပီး ေတြးမိလိုက္တာ။ သူ႕ ဆံုးသြားတဲ့
ဘြားဘြားႀကီးလို ညီ ထြက္သြားမွာ ဆိုးေနတာ
အဲ့လိုေတြးမိရင္းက ကိုယ့္ ဘြားကို ပါ သတိရလာ
တာနဲ႔...လိုင္း ပူးသြားသလားပဲ"

"သားရယ္ ဟိုတစ္ခါလို Shock ရသြားရင္ ဘယ္လို လုပ္မလဲ"

ေမ မခ်ိတင္ခဲ ေရရြတ္သည္။

"ကြ်န္ေတာ္လည္း အဲ့ဒါစိုးရိမ္တာပဲ...ပထမဆံုး
Scene တည္းက ငါဘယ္ေလာက္လန္႔သြားရလဲ
မင္းသိလား။ ေမခ်ိဳ သိလား။ ဒီေကာင္ေလး
ေႀကာင့္ ကြ်န္ေတာ္ Psychoရေနျပီ။ အခု ႏွစ္ခါ
လံုး အနားမွာ ကြ်န္ေတာ္ရွိေနလို႕ရတယ္။ ေနာင္
အခါေတြမွာ သူ တျခားShootingေတြမွာ အဲ့လို
ျဖစ္ရင္ ဘယ္လိုေနမလဲ။ တြဲဖက္ေတြကေရာ ဂရု
စိုက္ေပးပါ့မလား အဲ့ဒါေတြပါ လိုက္ေတြးေနမိျပီ။
အဆိုးဆံုးက ကြ်န္ေတာ္ မရွိခ်ိန္ တစ္ခုခုျဖစ္သြား
မွာကိုပဲ။ Mae တုန္းကလည္း ကြ်န္ေတာ္ မရွိတဲ့
အခ်ိန္ေတြမွာပဲ Accidentေတြ ျဖစ္ခဲ့ေတာ့
့Rain အဲ့လိုျဖစ္မွာ ေတြးလန္႕ေနျပီ"

ညီ့ စကားဆံုးေတာ့ အနားမွာရပ္ေနေသာ ျမိဳင္
ကေလး ပါမက မပံု သည္လည္း သက္ျပင္းခပ္
ဖြဖြ ခ်သည္ကို ေတြ႔လိုက္ရသည္။ ညီ တစ္ခါမွ
Shootingမွာ အခုေလာက္ထိ စကားမ်ားမ်ား
မေျပာဖူးခ့ဲတာကိုလည္း သူတို႕သိေနသည္ပဲ။

"စိတ္ခ် ကိုယ္ ဘာမွ မျဖစ္ဘူး။ ညီ ထင္တာ
ထက္ ကိုယ္ က သန္မာပါတယ္"

"Rain ခ လည္း တအားႀကီးစိတ္မႏွစ္ထားပါနဲ႔
ပထမဆံုး Scene တုန္းက သမီး တို႔ Role
မပါလို႕ မျမင္လိုက္ရေပမယ့္ ဒီေန႔ေတာ့ သမီး
ေတာ္ေတာ္ လန္႔သြားတာ။"

ျမိဳင္ကေလး သည္ ေမ့ ကို ဦးတည္လ်က္ ရွင္းျပ
ေနေသးသည္။

"Hoy... ေမ့ကို စိတ္ပူေအာင္ မေျပာေနႀကပါနဲ႔
ေတာ္ႀကာ ကိုယ့္စိတ္မခ်လို႕ ဆိုျပီး ေမ မျပန္
ေတာ့ရင္ ေမ့ ကို ဘယ္သူေခၚထားမွာလဲ ေျပာ"

"သားရယ္ မိဘပဲ စိတ္မပူဘူးဆိုတာေတာ့ ရွိပါ့
မလား။ ယံုႀကည္တာက တစ္ပိုင္း ကိုယ့္ကေလး
တစ္ခုခုျဖစ္မွာ  စိုးရိမ္တာကေတာ့ မိဘတိုင္းပဲ
သားရဲ႕"

ဆံပင္ မ်ားကုိ ခပ္ဖြဖြသပ္ရင္းေျပာေနေသာ ေမ့ကို
ဒီအတိုင္းသား ေငးႀကည့္ ျပံဳးျပေနမိသည္။

"Scene.1 စေတာ့မယ္ေနာ္။ ျပီးရင္ေအာက္ထပ္
ဆင္းလာခဲ့လို႕ရပါျပီ"

ဇာတ္လမ္း၏ ပထမဆံုး Scene 1 ကို ခုမွရိုက္
ရျခင္းျဖစ္သည္။ ညီ့ ေမေမ အျဖစ္ သရုပ္ေဆာင္
ေသာ ေမႏွင့္ ရြယ္တူ အမ်ိဳးသမီးသရုပ္ေဆာင္
သည္လည္း မေန႔ညကမွ ေရာက္လာရ၍ ျဖစ္၏။

Over size Tee အနီရဲရဲႏွင့္ ညီ သည္ လန္း
ဆန္းတက္ႀကြေနဟန္ အျပည့္ယူထားရေတာ့
သည္။ ေသခ်ာေတြးႀကည့္ရင္ ကိုယ္တို႔ဘဝသည္
ဝင္ကစြပ္ေတြလိုပင္။ မူလသြင္ျပင္၊စိတ္အရင္းခံ
ခံစားခ်က္ စသည္မ်ားကို Action ဟူေသာ အမိန္႔ရသည္ႏွင့္ ေမာင္းထုတ္လိုက္ရသည္။

လြန္ခဲ့ေသာ နာရီပိုင္းမ်ားကျဖင့္ ငိုထားရေသာ ဇိုင္းဇက္သည္ ခုခါတြင္ေတာ့ အိပ္ရာႏိုးထလာ
မည့္ ညီကို အပို႕အႀကိဳလုပ္ေပးသည့္ သူျဖစ္ေနရ
ျပီ။

ေရာဂါဆိုးႀကီးႏွင့္ ရင္ဆိုင္ေနရသည္ဟူေသာ ညီ
သည္လည္း ခုခါတြင္ေတာ့ လန္းဆန္းတက္ႀကြ
လ်က္ အေမျဖစ္သူ ႏွင့္ ဇက္ ၏ ရင္းႏွီးမႈအတိုင္း
အတာ ကို သဝန္ျပန္တိုေနရဟန္ျဖင့္ ေဆးစက္
က်ရာ အရုပ္ျပရျပန္သည္။ ဒါေတြေႀကာင့္ ေမ ေျပာဖူးတာ။ ေမ့ မွာ ကိုယ္ပိုင္ဘဝဆိုတာ ေပ်ာက္
ေနခဲ့တာ ႀကာျပီ။ မိသားစုနဲ႔ အတူတူ ေနရခ်ိန္
ခဏေလး ျပန္ရတဲ့ ဘဝအစစ္အမွန္က်ေတာ့
့လည္း ေမ စိတ္ခ်မ္းသာမႈ မရွိဘူးဆိုရင္ ေမ ရူး
သြားလိမ့္မယ္ တဲ့။ ဒါ ေဖ အိမ္ေပၚမွ မဆင္းခင္
ည က ေမ ရင္ဖြင့္ခဲ့ဖူးသည့္ စကားေတြပင္။ အခု
ကိုယ္ ေမ့ကို နားလည္စျပဳလာခဲ့ျပီ။

ကိုယ္ ဒီထက္ ပိုျပီး သန္မာေနဖို႕လိုသည္။ ကိုယ္
ေလွ်ာက္ရမယ့္ လမ္းေတြႏွင့္ ကိုယ္ရင္ဆိုင္ရမွာ
ေတြ အမ်ားႀကီးရွိေသးသည္ မဟုတ္လား။ ကိုယ္
သန္မာမႈ မရွိလွ်င္ ကိုယ္တည္ျငိမ္စြာ မထိန္းသိမ္း
ႏိုင္ရင္ ကိုယ္ လဲက်သြားလိမ့္မယ္။ ကိုယ္ လဲက်
သြားရင္ ကိုယ္အကုန္လံုးကို လက္လႊတ္လိုက္ရ
မွာ။ ဒါမ်ိဳး ဘယ္ေသာအခါမွ အျဖစ္မခံႏိုင္ပါ။

              >>>>>PRO<<<<<

အိပ္ခန္းတြင္း အေမွာင္သာဝင္ခြင့္ျပဳထားသလိုပင္
တိတ္ဆိတ္လ်က္ ေအးစိမ့္ေနေသာ အခန္းတြင္း
အိပ္ရာေပၚ စိတ္ႀကိဳက္လွိမ့္ဖို႕ပင္ အသံထြက္သြား
မည္ကို စိုးရိမ္ေနမိသည္။

Bangkok စံႏႈန္းျဖင့္ သတ္မွတ္လ်ွင္ ဤအခ်ိန္
သည္ အိပ္ခ်ိန္ျဖစ္ရန္ ေစာလြန္းေနေသး၏။ သို႕
ေသာ္ အခန္းျပန္ေရာက္တည္းက ပံုမွန္ျဖစ္စဥ္တစ္
ခုလို အတင္းဟန္ေဆာင္ထားျခင္းျဖင့္ အသီးသီး
အိပ္ရာ ဝင္ျဖစ္ခဲ့ႀကသည္။ ဤေနရာတြင္
တိုင္ပင္စရာပင္ မလို။

အရင္ကဆို အေပၚေအာက္ စကားေတြ သီတစ္
တန္းေျပာျဖစ္ႀကသည္။ ရိုက္ကြင္းမွ အေႀကာင္းအ
ရာ မ်ားႏွင့္ မထင္မရွား ဖြင့္ထားေသာ Social
accountေလးမွ ျမင္သမွ် ေတြ႔သမွ်အေႀကာင္း
အရာေတြႏွင့္ အနာဂတ္အိပ္မက္ေတြအေႀကာင္း
ေတြ ႏွင့္ အတိတ္က အမွတ္တရ တစ္ခ်ိဳ႕တြင္မတူ
ညီေသာ ဘဝျဖတ္သန္းမႈပံုစံမ်ားထဲမွ ရွားရွားပါး
ပါး တူညီတာေလးမ်ားကို တခုတ္တရ မွတ္သား
ႀကသည္။ အင္တာဗ်ဴးလာရင္ ေျဖစရာရွိရန္
ဟူေသာ ရည္ရြယ္ခ်က္ႀကီးႏွင့္ေပါ့။ ခုေတာ့...

ဒီေန႔ Night Sceneက B&W ျပကြက္တစ္
ခု ပမာ အာရံုထဲေရာက္လာျပန္၏။

မစခင္တည္းက ညီ သည္ ခံတြင္းသန္႔ရွင္းေတြ
အတြက္ ဗ်ာမ်ားေနသလို သူ႕သတက္မွ ေက်ာက္
ျပဳတ္ထြက္သြားရင္ ဒုကၡဟူ၍ လည္း P'Na ဆီမွ
စိတ္ေျဖရာ စကား သြားေတာင္းေနေသးသည္။

တကယ္တမ္းရိုက္ရသည္က ၅ခါေလာက္ရွိသည္။
အိက္မက္က ၂ခါေလာက္ မက္ထားသည္မို႕
Camera အယူအဆေတြအရ ငါးCutေလာက္
ရိုက္ေပးရသည္။ Colourless Dreamအေန
ျဖင့္ ယူဆ၍ Romance Sceneလည္းျဖစ္
တာကတစ္ေႀကာင္းမို႕ ႏွစ္ေယာက္လံုး Teeအျဖဴ
ေရာင္ကို ဆင္တူ ဝတ္ထားရသည္။ Middle
Cut ( ခါးေပၚပိုင္းသာ ျမင္ရေသာ ျမင္ကြင္း) ျဖင့္
ရိုက္ေသာေႀကာင့္ Cameraသည္ ေရွ႕တည့္
တည့္တြင္တစ္ခါ Above the shoulder(တစ္ေယာက္ ပုခံုးမွ ေက်ာ္၍ ျမင္ရ
ေသာ ျမင္ကြင္း) ျဖင့္ တစ္ေယာက္ခ်င္းစီ တစ္ခါ
ရိုက္ရသည္။

"ပထမတစ္ခါက ထိရံုေလာက္ပဲေနမယ္။ Nine
အံ့ က မတံု႕ျပန္နဲ႔။ ဒါက Rain ရဲ႕ အိပ္မက္မို႕
သူျဖစ္ခ်င္ေနတဲ့ သူ႕စိတ္လႈံေဆာ္မႈမို႕ သူပဲ ဦး
ေဆာင္မယ္။ Nine က ျငိမ္ေနေပးလိုက္။ Rain
နမ္းဖူးလား"

AD အေမးကို ေခါင္းသာ ခါျပလိုက္ရသည္။

"ႀကည့္ေတာ့ ႀကည့္ဖူးတယ္မလား။ Work shop တုန္းက အမ်ိဳးအစားခြဲျပထားဖူးတာ
မွတ္မိတယ္ မလား။ အဲ့တုန္းက အစ္မတို႕ သေဘာတူထားတဲ့ ပံုစံအတိုင္း လုပ္ရံုပဲ"

P'K သည္ သူမလုပ္ရတိုင္း တည္ျငိမ္ေနေတာ့၏။

Director ႀကီး၏ Action ဟူေသာ အသံကို
ျပန္ႀကားေယာင္သည့္ နည္းတူ ကိုယ့္ႏႈတ္ခမ္းကို
ျပန္ဖိထားမိသည္။ ဒီေန႔ ဘယ္ႏွစ္ႀကိမ္နမ္းခဲ့ႀက
သည္ကို ပင္ မမွတ္မိေတာ့။ တကယ္ ရူးေနလား
ကြာ။ ခ်စ္တာနဲ႔ နမ္းတာ ဆက္စပ္တယ္ဟု စတင္
ယူဆခဲ့တဲ့ အထီးလား အမ လားမသိတဲ့အႏွီ ပုဂၢိဳလ္ကိုသာ အဆက္မျပတ္ က်ိန္ဆဲလိုက္ေတာ့
၏။

တစ္ဖက္တည္း ေစာင္းအိပ္ရတာ ေညာင္းလာ၍
ဘယ္ဖက္သို႕ ခပ္ျဖည္းျဖည္ေစာင္းလွည့္ႀကည့္
သည္။

"Rain အိပ္မေပ်ာ္ေသးဘူးလား"

ေအာက္ထပ္မွ အသံတိုးတိုး။ ေစာင္ကို ေခါင္းထိ
ဆြဲျခံဳျပီးမွ မလိမ္ခ်င္ေတာ့၍ "အင္း" ဟုသာ
ခပ္တိုးတိုးျပန္ေျဖျဖစ္သြားသည္။

ဘာေျပာမလဲ ဟု၍ ျငိမ္၍သာေစာင့္နားေထာင္ေန
မိသည္။

"ငါ ဒီေန႔ မင္းကို အားနာေနတာ"

"ဟင္ ဘာကို အားနာတာလဲညီရ"

"First Kissမလား။ မင္းအတြက္"

"ဟာဗ်ာ..."

ကိုယ့္စကားကို ဘာသေဘာက်သည္ မသိ တခစ္
ခစ္ႏွင့္ ရယ္သည္။ ေယာက်ာ္းေလးရယ္သံမို႕ ျခဴ
သံေလးေတာ့ ဘယ္သာယာနာေပ်ာ္ဖြယ္ရွိပါ့မလဲ။

"ကိုယ္ အလုပ္လုပ္ေနတာပဲ။ အဲ့ဒါေတြစိတ္ထဲ မထားနဲ႔။ ညီ့ကိုေတာင္အားနာရမွာ ကိုယ္ သြား
ေတာင္ မတိုက္ဘဲ ပလုတ္ပဲက်င္းလိုက္ႏိုင္တာ ခြိ"

"ဘာမွ မျဖစ္ပါဘူးကြ။"

"ျပီးတာပဲ ဗ်ာ"

စကားစ ျပတ္ကာ ျငိမ္က်သြားျပီးေတာ့မွ

"ညီေရာ...First လား" ဟု ေမးမိျပီးမွ အားနာရ
ျပန္သည္။ မျဖစ္ႏိုင္တာ သိသိရက္နဲ႔...အဲ့ေလာက္
ထိ တံုးရလား မိုးစက္ခ ေရ။

"အင္း...ေယာက်ာ္းေလး နဲ႔ ဆိုရင္ေပါ့"

"ႀသ..."

"ဘာလဲကြ ႀသ ဆိုတာ"

"ဘာမွ မဟုတ္ပါဘူး။"

အေႀကာင္းမဲ့ မ်က္ႏွာေပၚမွ မ်က္ႏွာႀကပ္အျဖဴ
ေရာင္ကို ေမာ့ႀကည့္ရင္း ျငိမ္ေနမိသည္။

"ဒါနဲ႔ ေမးရဦးမယ္Directorႀကီး Action
ေအာ္တာနဲ႔ မင္းဘာေႀကာင့္ ထထရယ္တာလဲ
Rain။ Mood onေနရင္းနဲ႔လဲ သြားႀကီးျဖီးျဖီး
ခ်လာတာေရာ။ Cut ေအာ္မခံရေအာင္ ငါဘယ္
ေလာက္ လိုက္ထိန္းေနရလဲ...မင္းေတာ္ေတာ္
ေမႊတာပဲ Rain"

"မသိဘူး။ အလိုလိုရယ္ခ်င္လာလို႕။ ေျပာပါေရာ
လား Kissingကို ကိုယ္က Meaningless
ျဖစ္ေနတယ္လို႕ ထင္ေနတာ။ အဓိပၸါယ္မရွိတာ
ေတြ ျမင္ေနရရင္ အလိုလိုရယ္ခ်င္လာေရာ
အမွန္ေျပာရရင္ ကိုယ္ေတာ့ အဲ့လိုမနမ္းခ်င္ဘူး
ခ်စ္တာနဲ႔ နမ္းတာ ရဲ႕ ဆက္စပ္မႈကို ကိုယ္ သိပ္
လက္မခံခ်င္ဘူး။ ျပီးေတာ့ Kissingကိုလည္း ကိုယ္မႀကိဳက္ဘူး။ အဲ့ဒါ အခ်စ္ေႀကာင့္စတာ ျဖစ္
ေကာင္းျဖစ္ႏိုင္ေပမယ့္ ေနာက္ပိုင္းေရာက္ေလ
ဟိုမုန္းတံု႔ျပန္မႈကို ႏႈိးေဆာ္တာက ပိုမ်ားတဲ့ သေဘာပဲျဖစ္ေလာက္တယ္။"

ေအာက္ထပ္မွ သက္ျပင္းသံ တိုးတိုးစထြက္လာ
သည္။

"ေရွးေရွး အစဥ္အလာတစ္ခုကုိ စမ္းသပ္ႀကည့္ႀက
ရင္းက ထံုးစံလို ျဖစ္သြားပံုရတယ္။" ဟုေတြးေတြး
ဆဆ ဟန္ျဖင့္ ျပန္ေျပာသည္။

ေနာက္မွ

"ေနပါဦး မင္းက မင္းရည္းစားရ ရင္ မနမ္းဘူး
ေပါ့ ဟုတ္လား...ဘာလဲ အလွႀကည့္ေနမွာလား"

ဟူ၍ စသလိုလိုေနာက္သလိုလိုႏွင့္ ေအာက္မွေန
၍  ကိုယ့္ အိပ္ရာကို လွမ္းကန္သည္။ စကားေျပာ
ရင္း အားပါလာရင္ လုပ္ေနက်အတိုင္း ေခါင္းရင္း
မွ အကာတန္းကို ေက်ာ္၍ ေအာက္ကို ငံု႔ႀကည့္
ေတာ့ အေမွာင္ထဲမွ ျပန္ေမာ့ႀကည့္ေသာ ညီ့
မ်က္လံုးနက္နက္တို႕ႏွင့္ဆံုသည္။

"မနမ္းခ်င္ဘူး။ ျမတ္ျမတ္ႏိုးႏိုးနဲ႔ပဲထားခ်င္တယ္။
ဒီအတိုင္း သူ႕ကို မထိရက္ မကိုင္ရက္ ေငးႀကည့္
ေနရ ရင္ကို ေက်နပ္ေနတဲ့ ပံုစံမ်ိဳးေပါ့။ စိတ္ထဲ
အရမ္း ခ်စ္လာမိရင္ ႏွဖူးေလးတို႕ ေခါင္းေလးတို႔
နမ္းတာေလာက္ပဲ လုပ္ခ်င္တယ္။ ညီ သိလား
ဆရာႀကီးေတြက ႏွဖူး နဲ႔ ေခါင္းပဲ နမ္းတယ္"

ႏွာေခါင္းရႈံ႕တာ ျမင္လိုက္ရသည္။

"အဲ့ေတာ့ မင္းက မင္းရဲ႕ PRO Skillကို ျပခ်င္
တာလား။ တကယ္ ျမတ္ႏိုးခ်င္တာလား"

"ျမတ္ႏိုးလို႕ အဲ့ေလာက္ထိ စဥ္းစားထားတာေပါ့
ညီရ။ အခ်စ္နဲ႔ အနမ္း ဆက္စပ္မႈ ကိုယ္မသိေပ
မဲ့ ဒီတစ္ခုေတာ့ ကိုယ္သိတယ္ ထင္တာပဲ အဟက္"

"ကံေကာင္းတယ္"

"ဘာကိုလဲ"

"မင္း ခ်စ္တာ ခံရမဲ့ ေကာင္မေလး"

"ဒါေပါ့"

မ်က္လံုးတစ္ခ်က္မွိတ္ျပရင္း ကိုယ္အိပ္ရာေပၚ
ျပန္လွဲ လိုက္ေတာ့သည္။

"ႀသ...ေမ့ေတာ့မလို႕။ဒီတစ္ခု ဇာတ္တိုက္ထား
ရေအာင္ ညီ။ ေမးလိမ့္မယ္ နမ္းတုန္းက ဘယ္လို
ခံစားရလဲ နဲ႔ ႏႈတ္ခမ္းက ဘာအရသာရွိလဲ အဲ့ဒါ
သူတို႕ MCေတြ ေမးေနက် ေမးခြန္း"

"ဘာေျဖရ မလဲ"

"ညီ အရင္ေျပာႀကည့္ပါလား။ အမွန္တရား
တစ္ဝက္ နဲ႔ Fan Service တစ္ဝက္ေပါ့"

"Milo အရသာ နဲ႔ ႏူးညံ့ေနတယ္။ အဲ့ဒါဆို ဘယ္လိုလဲ။"

"Milo ေႀကာ္ျငာသလိုျဖစ္ေနတယ္ မဟုတ္ဘူး
လား။ ကိုယ္ Miloေသာက္ထားတာ မွန္ေပမယ့္ အဲ့လိုေျပာလို႕Milo က ေခၚျပီး ေႀကာ္ျငာရိုက္ရင္
ေတာ္ေသး။ မဟုတ္ရင္ တျခား Companyေတြ
ပါ ေခၚမေႀကာ္ျငာေတာ့ရင္ အဲ့ Milk လိုင္းပိတ္
သြားမွာေပါ့။ ဒီအတိုင္း choco အနံ႕ရတယ္ေပါ့
ဒါဆို ကိုယ္ seme image ေပ်ာက္ႏိုင္လား"

"ေသာက္ ကေလး ေလာေလာဆယ္ငါ uke
ျဖစ္ေနတာလည္း အားနာဦး"

လွမ္းကန္ျပန္သည္။

"အဖက္ဖက္က စဥ္းစားထားမွ ေတာ္ကာက်မွာ
ေပါ့ညီရ။ ခုေခတ္က သရုပ္ေဆာင္ေကာင္းရံုနဲ႔
မျပီးဘူး။ ကိုယ့္စီးပြါးေရး ေစ်းကြက္ မပိတ္ေအာင္
လည္း ႀကည့္တတ္ရေသးတယ္။ ဘယ္လိုေျပာမွာ
လဲ တကယ္ပဲ Choco နံ႔ ေႏြးေထြးတယ္ confirm လား"

"ေအးကြာ အဲ့လိုပဲေျပာရမွာေပါ့။ မင္းေရာ ဘယ္
လိုေျဖမွာလဲ"

"သြားေတြ အႀကိမ္ႀကိမ္တိုက္ထား ပီေကေတြ
ဝါးထားမွွေတာ့ Fresh & Cool လို႕ ေျပာမယ္
ဗ်ာ။ အဲ့ဒါဆို uke သိပ္မဆန္ဘူးမလား။ ေက်နပ္
လား"

"ေအး ျပီးေရာကြာ ။ မနက္ျဖန္ ေဆးရံုမွာ အဆင္ေျပပါ့မလားပဲ။ လူနာေတြ နဲ႔ ငါတို႕က ရႈပ္
သလိုျဖစ္ေနမွာ အားနာတယ္"

"ဘာမွ မျဖစ္ပါဘူး။ သူတို႕ေတာင္ စိတ္အေျပာင္း
အလဲ ျဖစ္ေသးတယ္။ ကိုယ္တို႕လဲ နယ္ပယ္
အသစ္ ရတာေပါ့။ အခ်ိန္ရ ရင္ကေလးေဆာင္ကို
သြားဦးမယ္။ ကေလးေတြကို သြားအားေပးျပီး
ဓာတ္ပံုရိုက္ေပးမလားလို႕"

"အားေပးခ်င္တာလား မင္း သမီးေတြကိို လူ႕
သဘာဝ မလြန္ဆိုင္ႏိုင္မႈေတြ ဘာညာဆိုျပီး
ႀကီးႀကီးက်ယ္က်ယ္ေတြ ေျပာျပခ်င္တာလား"

"ႏွစ္ခုလံုးပဲ။ ဘယ္သူ႕ေခၚသြားရေကာင္းမလဲညီ"

"အငယ္ဆံုးေလးပဲ ေခၚခဲ့ေပါ့"

"OK...Good night ညီ။ Have a sound sleep"

"You too...Thanks Kha~~"

တစ္စံုတစ္ေယာက္ေပါ့ ႏႈတ္ခမ္းေတြကို ခပ္ဖြဖြ
ထိေတြ႔ရင္း သြားတန္းေတြေပၚသည္အထိ ရယ္ေနမိသည့္ တစ္စံုတစ္ေယာက္ကေရာ Sound sleep ျဖစ္ႏိုင္ပါ့မလား

Thank You All

(Unicode version)

/

/

/

"သက်သာသွားပြီလား Rain"

Make up ပြန်လျှော့ချပေးရင်း ကြင်နာစွာမေး
လာသော P'Na ကို ပြုံးရင်း ခေါင်းညိတ်ပြလိုက်
သည်။

ညီသည်ကား အနားမှ မခွာသေး။ စိုးရိမ်မှုများ
လည်း မလျော့ကျသေး၍

"ကိုယ် Mood အဝင်လွန်သွားတာပါ ညီရ။ သိ
တယ်မလား ကိုဇက် အတွေးတွေကို ဆရာပြော
တာထက် ပိုပြီး တွေးမိလိုက်တာ။ သူ့ ဆုံးသွားတဲ့
ဘွားဘွားကြီးလို ညီ ထွက်သွားမှာ ဆိုးနေတာ
အဲ့လိုတွေးမိရင်းက ကိုယ့် ဘွားကို ပါ သတိရလာ
တာနဲ့...လိုင်း ပူးသွားသလားပဲ"

"သားရယ် ဟိုတစ်ခါလို Shock ရသွားရင် ဘယ်လို လုပ်မလဲ"

မေ မချိတင်ခဲ ရေရွတ်သည်။

"ကျွန်တော်လည်း အဲ့ဒါစိုးရိမ်တာပဲ...ပထမဆုံး
Scene တည်းက ငါဘယ်လောက်လန့်သွားရလဲ
မင်းသိလား။ မေချို သိလား။ ဒီကောင်လေး
ကြောင့် ကျွန်တော် Psychoရနေပြီ။ အခု နှစ်ခါ
လုံး အနားမှာ ကျွန်တော်ရှိနေလို့ရတယ်။ နောင်
အခါတွေမှာ သူ တခြားShootingတွေမှာ အဲ့လို
ဖြစ်ရင် ဘယ်လိုနေမလဲ။ တွဲဖက်တွေကရော ဂရု
စိုက်ပေးပါ့မလား အဲ့ဒါတွေပါ လိုက်တွေးနေမိပြီ။
အဆိုးဆုံးက ကျွန်တော် မရှိချိန် တစ်ခုခုဖြစ်သွား
မှာကိုပဲ။ Mae တုန်းကလည်း ကျွန်တော် မရှိတဲ့
အချိန်တွေမှာပဲ Accidentတွေ ဖြစ်ခဲ့တော့
့Rain အဲ့လိုဖြစ်မှာ တွေးလန့်နေပြီ"

ညီ့ စကားဆုံးတော့ အနားမှာရပ်နေသော မြိုင်
ကလေး ပါမက မပုံ သည်လည်း သက်ပြင်းခပ်
ဖွဖွ ချသည်ကို တွေ့လိုက်ရသည်။ ညီ တစ်ခါမှ
Shootingမှာ အခုလောက်ထိ စကားများများ
မပြောဖူးခဲ့တာကိုလည်း သူတို့သိနေသည်ပဲ။

"စိတ်ချ ကိုယ် ဘာမှ မဖြစ်ဘူး။ ညီ ထင်တာ
ထက် ကိုယ် က သန်မာပါတယ်"

"Rain ခ လည်း တအားကြီးစိတ်မနှစ်ထားပါနဲ့
ပထမဆုံး Scene တုန်းက သမီး တို့ Role
မပါလို့ မမြင်လိုက်ရပေမယ့် ဒီနေ့တော့ သမီး
တော်တော် လန့်သွားတာ။"

မြိုင်ကလေး သည် မေ့ ကို ဦးတည်လျက် ရှင်းပြ
နေသေးသည်။

"Hoy... မေ့ကို စိတ်ပူအောင် မပြောနေကြပါနဲ့
တော်ကြာ ကိုယ့်စိတ်မချလို့ ဆိုပြီး မေ မပြန်
တော့ရင် မေ့ ကို ဘယ်သူခေါ်ထားမှာလဲ ပြော"

"သားရယ် မိဘပဲ စိတ်မပူဘူးဆိုတာတော့ ရှိပါ့
မလား။ ယုံကြည်တာက တစ်ပိုင်း ကိုယ့်ကလေး
တစ်ခုခုဖြစ်မှာ စိုးရိမ်တာကတော့ မိဘတိုင်းပဲ
သားရဲ့"

ဆံပင် များကို ခပ်ဖွဖွသပ်ရင်းပြောနေသော မေ့ကို
ဒီအတိုင်းသား ငေးကြည့် ပြုံးပြနေမိသည်။

"Scene.1 စတော့မယ်နော်။ ပြီးရင်အောက်ထပ်
ဆင်းလာခဲ့လို့ရပါပြီ"

ဇာတ်လမ်း၏ ပထမဆုံး Scene 1 ကို ခုမှရိုက်
ရခြင်းဖြစ်သည်။ ညီ့ မေမေ အဖြစ် သရုပ်ဆောင်
သော မေနှင့် ရွယ်တူ အမျိုးသမီးသရုပ်ဆောင်
သည်လည်း မနေ့ညကမှ ရောက်လာရ၍ ဖြစ်၏။

Over size Tee အနီရဲရဲနှင့် ညီ သည် လန်း
ဆန်းတက်ကြွနေဟန် အပြည့်ယူထားရတော့
သည်။ သေချာတွေးကြည့်ရင် ကိုယ်တို့ဘဝသည်
ဝင်ကစွပ်တွေလိုပင်။ မူလသွင်ပြင်၊စိတ်အရင်းခံ
ခံစားချက် စသည်များကို Action ဟူသော အမိန့်ရသည်နှင့် မောင်းထုတ်လိုက်ရသည်။

လွန်ခဲ့သော နာရီပိုင်းများကဖြင့် ငိုထားရသော ဇိုင်းဇက်သည် ခုခါတွင်တော့ အိပ်ရာနိုးထလာ
မည့် ညီကို အပို့အကြိုလုပ်ပေးသည့် သူဖြစ်နေရ
ပြီ။

ရောဂါဆိုးကြီးနှင့် ရင်ဆိုင်နေရသည်ဟူသော ညီ
သည်လည်း ခုခါတွင်တော့ လန်းဆန်းတက်ကြွ
လျက် အမေဖြစ်သူ နှင့် ဇက် ၏ ရင်းနှီးမှုအတိုင်း
အတာ ကို သဝန်ပြန်တိုနေရဟန်ဖြင့် ဆေးစက်
ကျရာ အရုပ်ပြရပြန်သည်။ ဒါတွေကြောင့် မေ ပြောဖူးတာ။ မေ့ မှာ ကိုယ်ပိုင်ဘဝဆိုတာ ပျောက်
နေခဲ့တာ ကြာပြီ။ မိသားစုနဲ့ အတူတူ နေရချိန်
ခဏလေး ပြန်ရတဲ့ ဘဝအစစ်အမှန်ကျတော့
့လည်း မေ စိတ်ချမ်းသာမှု မရှိဘူးဆိုရင် မေ ရူး
သွားလိမ့်မယ် တဲ့။ ဒါ ဖေ အိမ်ပေါ်မှ မဆင်းခင်
ည က မေ ရင်ဖွင့်ခဲ့ဖူးသည့် စကားတွေပင်။ အခု
ကိုယ် မေ့ကို နားလည်စပြုလာခဲ့ပြီ။

ကိုယ် ဒီထက် ပိုပြီး သန်မာနေဖို့လိုသည်။ ကိုယ်
လျှောက်ရမယ့် လမ်းတွေနှင့် ကိုယ်ရင်ဆိုင်ရမှာ
တွေ အများကြီးရှိသေးသည် မဟုတ်လား။ ကိုယ်
သန်မာမှု မရှိလျှင် ကိုယ်တည်ငြိမ်စွာ မထိန်းသိမ်း
နိုင်ရင် ကိုယ် လဲကျသွားလိမ့်မယ်။ ကိုယ် လဲကျ
သွားရင် ကိုယ်အကုန်လုံးကို လက်လွှတ်လိုက်ရ
မှာ။ ဒါမျိုး ဘယ်သောအခါမှ အဖြစ်မခံနိုင်ပါ။

>>>>>PRO<<<<<

အိပ်ခန်းတွင်း အမှောင်သာဝင်ခွင့်ပြုထားသလိုပင်
တိတ်ဆိတ်လျက် အေးစိမ့်နေသော အခန်းတွင်း
အိပ်ရာပေါ် စိတ်ကြိုက်လှိမ့်ဖို့ပင် အသံထွက်သွား
မည်ကို စိုးရိမ်နေမိသည်။

Bangkok စံနှုန်းဖြင့် သတ်မှတ်လျှင် ဤအချိန်
သည် အိပ်ချိန်ဖြစ်ရန် စောလွန်းနေသေး၏။ သို့
သော် အခန်းပြန်ရောက်တည်းက ပုံမှန်ဖြစ်စဉ်တစ်
ခုလို အတင်းဟန်ဆောင်ထားခြင်းဖြင့် အသီးသီး
အိပ်ရာ ဝင်ဖြစ်ခဲ့ကြသည်။ ဤနေရာတွင်
တိုင်ပင်စရာပင် မလို။

အရင်ကဆို အပေါ်အောက် စကားတွေ သီတစ်
တန်းပြောဖြစ်ကြသည်။ ရိုက်ကွင်းမှ အကြောင်းအ
ရာ များနှင့် မထင်မရှား ဖွင့်ထားသော Social
accountလေးမှ မြင်သမျှ တွေ့သမျှအကြောင်း
အရာတွေနှင့် အနာဂတ်အိပ်မက်တွေအကြောင်း
တွေ နှင့် အတိတ်က အမှတ်တရ တစ်ချို့တွင်မတူ
ညီသော ဘဝဖြတ်သန်းမှုပုံစံများထဲမှ ရှားရှားပါး
ပါး တူညီတာလေးများကို တခုတ်တရ မှတ်သား
ကြသည်။ အင်တာဗျူးလာရင် ဖြေစရာရှိရန်
ဟူသော ရည်ရွယ်ချက်ကြီးနှင့်ပေါ့။ ခုတော့...

ဒီနေ့ Night Sceneက B&W ပြကွက်တစ်
ခု ပမာ အာရုံထဲရောက်လာပြန်၏။

မစခင်တည်းက ညီ သည် ခံတွင်းသန့်ရှင်းတွေ
အတွက် ဗျာများနေသလို သူ့သတက်မှ ကျောက်
ပြုတ်ထွက်သွားရင် ဒုက္ခဟူ၍ လည်း P'Na ဆီမှ
စိတ်ဖြေရာ စကား သွားတောင်းနေသေးသည်။

တကယ်တမ်းရိုက်ရသည်က ၅ခါလောက်ရှိသည်။
အိက်မက်က ၂ခါလောက် မက်ထားသည်မို့
Camera အယူအဆတွေအရ ငါးCutလောက်
ရိုက်ပေးရသည်။ Colourless Dreamအနေ
ဖြင့် ယူဆ၍ Romance Sceneလည်းဖြစ်
တာကတစ်ကြောင်းမို့ နှစ်ယောက်လုံး Teeအဖြူ
ရောင်ကို ဆင်တူ ဝတ်ထားရသည်။ Middle
Cut ( ခါးပေါ်ပိုင်းသာ မြင်ရသော မြင်ကွင်း) ဖြင့်
ရိုက်သောကြောင့် Cameraသည် ရှေ့တည့်
တည့်တွင်တစ်ခါ Above the shoulder(တစ်ယောက် ပုခုံးမှ ကျော်၍ မြင်ရ
သော မြင်ကွင်း) ဖြင့် တစ်ယောက်ချင်းစီ တစ်ခါ
ရိုက်ရသည်။

"ပထမတစ်ခါက ထိရုံလောက်ပဲနေမယ်။ Nine
အံ့ က မတုံ့ပြန်နဲ့။ ဒါက Rain ရဲ့ အိပ်မက်မို့
သူဖြစ်ချင်နေတဲ့ သူ့စိတ်လှုံဆော်မှုမို့ သူပဲ ဦး
ဆောင်မယ်။ Nine က ငြိမ်နေပေးလိုက်။ Rain
နမ်းဖူးလား"

AD အမေးကို ခေါင်းသာ ခါပြလိုက်ရသည်။

"ကြည့်တော့ ကြည့်ဖူးတယ်မလား။ Work shop တုန်းက အမျိုးအစားခွဲပြထားဖူးတာ
မှတ်မိတယ် မလား။ အဲ့တုန်းက အစ်မတို့ သဘောတူထားတဲ့ ပုံစံအတိုင်း လုပ်ရုံပဲ"

P'K သည် သူမလုပ်ရတိုင်း တည်ငြိမ်နေတော့၏။

Director ကြီး၏ Action ဟူသော အသံကို
ပြန်ကြားယောင်သည့် နည်းတူ ကိုယ့်နှုတ်ခမ်းကို
ပြန်ဖိထားမိသည်။ ဒီနေ့ ဘယ်နှစ်ကြိမ်နမ်းခဲ့ကြ
သည်ကို ပင် မမှတ်မိတော့။ တကယ် ရူးနေလား
ကွာ။ ချစ်တာနဲ့ နမ်းတာ ဆက်စပ်တယ်ဟု စတင်
ယူဆခဲ့တဲ့ အထီးလား အမ လားမသိတဲ့အနှီ ပုဂ္ဂိုလ်ကိုသာ အဆက်မပြတ် ကျိန်ဆဲလိုက်တော့
၏။

တစ်ဖက်တည်း စောင်းအိပ်ရတာ ညောင်းလာ၍
ဘယ်ဖက်သို့ ခပ်ဖြည်းဖြည်စောင်းလှည့်ကြည့်
သည်။

"Rain အိပ်မပျော်သေးဘူးလား"

အောက်ထပ်မှ အသံတိုးတိုး။ စောင်ကို ခေါင်းထိ
ဆွဲခြုံပြီးမှ မလိမ်ချင်တော့၍ "အင်း" ဟုသာ
ခပ်တိုးတိုးပြန်ဖြေဖြစ်သွားသည်။

ဘာပြောမလဲ ဟု၍ ငြိမ်၍သာစောင့်နားထောင်နေ
မိသည်။

"ငါ ဒီနေ့ မင်းကို အားနာနေတာ"

"ဟင် ဘာကို အားနာတာလဲညီရ"

"First Kissမလား။ မင်းအတွက်"

"ဟာဗျာ..."

ကိုယ့်စကားကို ဘာသဘောကျသည် မသိ တခစ်
ခစ်နှင့် ရယ်သည်။ ယောကျာ်းလေးရယ်သံမို့ ခြူ
သံလေးတော့ ဘယ်သာယာနာပျော်ဖွယ်ရှိပါ့မလဲ။

"ကိုယ် အလုပ်လုပ်နေတာပဲ။ အဲ့ဒါတွေစိတ်ထဲ မထားနဲ့။ ညီ့ကိုတောင်အားနာရမှာ ကိုယ် သွား
တောင် မတိုက်ဘဲ ပလုတ်ပဲကျင်းလိုက်နိုင်တာ ခွိ"

"ဘာမှ မဖြစ်ပါဘူးကွ။"

"ပြီးတာပဲ ဗျာ"

စကားစ ပြတ်ကာ ငြိမ်ကျသွားပြီးတော့မှ

"ညီရော...First လား" ဟု မေးမိပြီးမှ အားနာရ
ပြန်သည်။ မဖြစ်နိုင်တာ သိသိရက်နဲ့...အဲ့လောက်
ထိ တုံးရလား မိုးစက်ခ ရေ။

"အင်း...ယောကျာ်းလေး နဲ့ ဆိုရင်ပေါ့"

"သြ..."

"ဘာလဲကွ သြ ဆိုတာ"

"ဘာမှ မဟုတ်ပါဘူး။"

အကြောင်းမဲ့ မျက်နှာပေါ်မှ မျက်နှာကြပ်အဖြူ
ရောင်ကို မော့ကြည့်ရင်း ငြိမ်နေမိသည်။

"ဒါနဲ့ မေးရဦးမယ်Directorကြီး Action
အော်တာနဲ့ မင်းဘာကြောင့် ထထရယ်တာလဲ
Rain။ Mood onနေရင်းနဲ့လဲ သွားကြီးဖြီးဖြီး
ချလာတာရော။ Cut အော်မခံရအောင် ငါဘယ်
လောက် လိုက်ထိန်းနေရလဲ...မင်းတော်တော်
မွှေတာပဲ Rain"

"မသိဘူး။ အလိုလိုရယ်ချင်လာလို့။ ပြောပါရော
လား Kissingကို ကိုယ်က Meaningless
ဖြစ်နေတယ်လို့ ထင်နေတာ။ အဓိပ္ပါယ်မရှိတာ
တွေ မြင်နေရရင် အလိုလိုရယ်ချင်လာရော
အမှန်ပြောရရင် ကိုယ်တော့ အဲ့လိုမနမ်းချင်ဘူး
ချစ်တာနဲ့ နမ်းတာ ရဲ့ ဆက်စပ်မှုကို ကိုယ် သိပ်
လက်မခံချင်ဘူး။ ပြီးတော့ Kissingကိုလည်း ကိုယ်မကြိုက်ဘူး။ အဲ့ဒါ အချစ်ကြောင့်စတာ ဖြစ်
ကောင်းဖြစ်နိုင်ပေမယ့် နောက်ပိုင်းရောက်လေ
ဟိုမုန်းတုံ့ပြန်မှုကို နှိုးဆော်တာက ပိုများတဲ့ သဘောပဲဖြစ်လောက်တယ်။"

အောက်ထပ်မှ သက်ပြင်းသံ တိုးတိုးစထွက်လာ
သည်။

"ရှေးရှေး အစဉ်အလာတစ်ခုကို စမ်းသပ်ကြည့်ကြ
ရင်းက ထုံးစံလို ဖြစ်သွားပုံရတယ်။" ဟုတွေးတွေး
ဆဆ ဟန်ဖြင့် ပြန်ပြောသည်။

နောက်မှ

"နေပါဦး မင်းက မင်းရည်းစားရ ရင် မနမ်းဘူး
ပေါ့ ဟုတ်လား...ဘာလဲ အလှကြည့်နေမှာလား"

ဟူ၍ စသလိုလိုနောက်သလိုလိုနှင့် အောက်မှနေ
၍ ကိုယ့် အိပ်ရာကို လှမ်းကန်သည်။ စကားပြော
ရင်း အားပါလာရင် လုပ်နေကျအတိုင်း ခေါင်းရင်း
မှ အကာတန်းကို ကျော်၍ အောက်ကို ငုံ့ကြည့်
တော့ အမှောင်ထဲမှ ပြန်မော့ကြည့်သော ညီ့
မျက်လုံးနက်နက်တို့နှင့်ဆုံသည်။

"မနမ်းချင်ဘူး။ မြတ်မြတ်နိုးနိုးနဲ့ပဲထားချင်တယ်။
ဒီအတိုင်း သူ့ကို မထိရက် မကိုင်ရက် ငေးကြည့်
နေရ ရင်ကို ကျေနပ်နေတဲ့ ပုံစံမျိုးပေါ့။ စိတ်ထဲ
အရမ်း ချစ်လာမိရင် နှဖူးလေးတို့ ခေါင်းလေးတို့
နမ်းတာလောက်ပဲ လုပ်ချင်တယ်။ ညီ သိလား
ဆရာကြီးတွေက နှဖူး နဲ့ ခေါင်းပဲ နမ်းတယ်"

နှာခေါင်းရှုံ့တာ မြင်လိုက်ရသည်။

"အဲ့တော့ မင်းက မင်းရဲ့ PRO Skillကို ပြချင်
တာလား။ တကယ် မြတ်နိုးချင်တာလား"

"မြတ်နိုးလို့ အဲ့လောက်ထိ စဉ်းစားထားတာပေါ့
ညီရ။ အချစ်နဲ့ အနမ်း ဆက်စပ်မှု ကိုယ်မသိပေ
မဲ့ ဒီတစ်ခုတော့ ကိုယ်သိတယ် ထင်တာပဲ အဟက်"

"ကံကောင်းတယ်"

"ဘာကိုလဲ"

"မင်း ချစ်တာ ခံရမဲ့ ကောင်မလေး"

"ဒါပေါ့"

မျက်လုံးတစ်ချက်မှိတ်ပြရင်း ကိုယ်အိပ်ရာပေါ်
ပြန်လှဲ လိုက်တော့သည်။

"သြ...မေ့တော့မလို့။ဒီတစ်ခု ဇာတ်တိုက်ထား
ရအောင် ညီ။ မေးလိမ့်မယ် နမ်းတုန်းက ဘယ်လို
ခံစားရလဲ နဲ့ နှုတ်ခမ်းက ဘာအရသာရှိလဲ အဲ့ဒါ
သူတို့ MCတွေ မေးနေကျ မေးခွန်း"

"ဘာဖြေရ မလဲ"

"ညီ အရင်ပြောကြည့်ပါလား။ အမှန်တရား
တစ်ဝက် နဲ့ Fan Service တစ်ဝက်ပေါ့"

"Milo အရသာ နဲ့ နူးညံ့နေတယ်။ အဲ့ဒါဆို ဘယ်လိုလဲ။"

"Milo ကြော်ငြာသလိုဖြစ်နေတယ် မဟုတ်ဘူး
လား။ ကိုယ် Miloသောက်ထားတာ မှန်ပေမယ့် အဲ့လိုပြောလို့Milo က ခေါ်ပြီး ကြော်ငြာရိုက်ရင်
တော်သေး။ မဟုတ်ရင် တခြား Companyတွေ
ပါ ခေါ်မကြော်ငြာတော့ရင် အဲ့ Milk လိုင်းပိတ်
သွားမှာပေါ့။ ဒီအတိုင်း choco အနံ့ရတယ်ပေါ့
ဒါဆို ကိုယ် seme image ပျောက်နိုင်လား"

"သောက် ကလေး လောလောဆယ်ငါ uke
ဖြစ်နေတာလည်း အားနာဦး"

လှမ်းကန်ပြန်သည်။

"အဖက်ဖက်က စဉ်းစားထားမှ တော်ကာကျမှာ
ပေါ့ညီရ။ ခုခေတ်က သရုပ်ဆောင်ကောင်းရုံနဲ့
မပြီးဘူး။ ကိုယ့်စီးပွါးရေး ဈေးကွက် မပိတ်အောင်
လည်း ကြည့်တတ်ရသေးတယ်။ ဘယ်လိုပြောမှာ
လဲ တကယ်ပဲ Choco နံ့ နွေးထွေးတယ် confirm လား"

"အေးကွာ အဲ့လိုပဲပြောရမှာပေါ့။ မင်းရော ဘယ်
လိုဖြေမှာလဲ"

"သွားတွေ အကြိမ်ကြိမ်တိုက်ထား ပီကေတွေ
ဝါးထားမှတော့ Fresh & Cool လို့ ပြောမယ်
ဗျာ။ အဲ့ဒါဆို uke သိပ်မဆန်ဘူးမလား။ ကျေနပ်
လား"

"အေး ပြီးရောကွာ ။ မနက်ဖြန် ဆေးရုံမှာ အဆင်ပြေပါ့မလားပဲ။ လူနာတွေ နဲ့ ငါတို့က ရှုပ်
သလိုဖြစ်နေမှာ အားနာတယ်"

"ဘာမှ မဖြစ်ပါဘူး။ သူတို့တောင် စိတ်အပြောင်း
အလဲ ဖြစ်သေးတယ်။ ကိုယ်တို့လဲ နယ်ပယ်
အသစ် ရတာပေါ့။ အချိန်ရ ရင်ကလေးဆောင်ကို
သွားဦးမယ်။ ကလေးတွေကို သွားအားပေးပြီး
ဓာတ်ပုံရိုက်ပေးမလားလို့"

"အားပေးချင်တာလား မင်း သမီးတွေကို လူ့
သဘာဝ မလွန်ဆိုင်နိုင်မှုတွေ ဘာညာဆိုပြီး
ကြီးကြီးကျယ်ကျယ်တွေ ပြောပြချင်တာလား"

"နှစ်ခုလုံးပဲ။ ဘယ်သူ့ခေါ်သွားရကောင်းမလဲညီ"

"အငယ်ဆုံးလေးပဲ ခေါ်ခဲ့ပေါ့"

"OK...Good night ညီ။ Have a sound sleep"

"You too...Thanks Kha~~"

တစ်စုံတစ်ယောက်ပေါ့ နှုတ်ခမ်းတွေကို ခပ်ဖွဖွ
ထိတွေ့ရင်း သွားတန်းတွေပေါ်သည်အထိ ရယ်နေမိသည့် တစ်စုံတစ်ယောက်ကရော Sound sleep ဖြစ်နိုင်ပါ့မလား

Thank You All

Continue Reading

You'll Also Like

386K 35.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
293K 16.9K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
114K 11.4K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
48.6K 8.1K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...