ကျွန်​​တော်​Parkသိကြား နှင့်​...

By eaintphyu7

153K 20.2K 4.7K

မသိဘူး.. ငရဲမင်းကိုချစ်​တယ်​ ?? EaintPhyu7's 5th creation More

~~1~~
~~2~~
~ 3 ~
~4~
~5 ~
6YearsWithEXO
~6~
~7~
~8~
~9~
~10~
~11~
~12~
New Fic
~13~
~15~
16
~17~
~18~
~19~
~20~
614Day
~21~~
~21~[real]
~22~
~23~
plz read.
~24~
~25~
~26~
~27~
~28~
~29~
~29~ (Final)
~About Fic Book~
Season 2

~14~

3.6K 582 77
By eaintphyu7


သာယာလွန်း​သော နံနက်​ခင်း​လေး..

တစ်​ပတ်​မှာ တစ်​ရက်​တည်း​သော နားရက်
တနင်္ဂ​နွေ​နေ့​လေးမို့
သိကြားparkက​လေး  အိမ်​​ရှေ့ထွက်​ကာ
ပတ်​ဝန်းကျင်​ကို ပြုံးပြုံးကြီးရှုစား​နေလိုက်​သည်​...

ညက မိုးတစ်​​ဖြောက်​နှစ်​​ဖြောက်​ ရွာထားတာ​ကြောင့်
မြေသင်းနံ့သင်းသင်း​လေးက နှစ်​သက်​ဖွယ်​​ကောင်းလှသည်​..

Sehun က​တော့ အိပ်​လို့​ကောင်းတုန်း..

Luhan နဲ့ Baekhyun က​တော့
၆နာရီ​လောက်​တည်းက
ဈေးသွားပြီဖြစ်​သည်​..

Baby ​လေး ပြန်​အလာကို​စောင့်​ရင်း..
လူသား​တွေကို ​စောင့်​ကြည့်​ရင်း..
သီချင်း​လေးငြီး​နေမိသည်​...

''​ငွေ​ရောင်​နှင်းစက်​​လေး​တွေဖျန်းတဲ့ပန်းလို... အိုးဟိုး....
ရွှေ​ရောင်​ဝင်းတဲ့အသားနဲ့ လန်းတယ်​..အိုးဟိုး... 🎶🎶🎶 ''

ကြည့်​စမ်း...
လောကကြီးက ​နေတတ်​ရင်​ ​ကျေနပ်​စရာကြီး..

''မင်းက သီချင်းဘက်​မှာ ပါရမီပါသားပဲ
Chanyeol... ''

နောက်​​ကျောဘက်​ဆီမျဖ ထွက်​လာတဲ့ အသံပိုင်​ရှင်​ကို သိပြီးသားမို့
Chanyeol ​ကျေနပ်​ပြုံးကြီးပြုံးကာ
လှည့်​ကြည့်​လိုက်​သည်​..

''အင်း.. အဲ့လိုထင်​ရတယ်​​နော်​..
ငါလဲသိပါတယ်​... အင်း..
အရာရာတိုင်းနီးပါးမှာ ထူးချွန်​​နေ​တော့လဲ ခက်​သား.. ''

ခေါင်းတစ်​ခါခါဖြင့်​ စိတ်​ပင်​ပန်း​နေဟန်​ လုပ်​ပြ​နေတဲ့ Chanyeol ကို Sehun အသံတိတ်​ဆဲသည်​...

ထိုအချိန်​မှာပင်
ခြင်း​တွေ ပလုံး​တွေနဲ့ ပြန်​လာတဲ့
အပု​လေး နှစ်​​ကောင်​...

နှစ်​​ယောက်​သား​ပြေးဆင်းကာ
သူတို့လက်​ထဲက အထုတ်​​တွေကို 
ပြေးဆွဲလိုက်​​တော့ ဆုအ​နေနဲ့
အနမ်းတစ်​ချက်​စီရလိုက်​သည်​...

အဟိ.. ​ပျော်​စရာကြီး​နော့..

''ဘာ​တွေဝယ်​လာတာလဲ Baby.. ''

''ကြက်​သား ဘူးသီး.. ကန်​စွန်းရွက်​.. ''

''အိ.. ငါ့အကြိုက်​​တွေ.. ''

သူ​တောင်​ဘာမှမ​ပြောရ​သေးခင်​..
Sehun တို့ ဝမ်းသာအားရ ထ​ပြောကာ
လျှာပင်​သပ်​လိုက်​​သေးသည်​..

မသိရင်​ နတ်​ပြည်​မှာ ငတ်​ပြတ်​လာတာကျလို့ 😑

''ကဲ.. ​စော​စောစီးစီး ချက်​ပြုတ်​လိုက်​ဦးမယ်​..
သြော်​.. Chan.. ငါ​ဈေးထဲက ဒါ​လေးဝယ်​လာတယ်​.. ဖတ်​မလား.. ''

Baekhyun လှမ်း​ပေး​သော စာရွက်​​လေးကို ကြည့်​လိုက်​​တော့ [ အင်္ကြန်​စာ ] ဆိုပဲ...

''ဒါဘာလဲ Baby.. ''

''မသိဘူးရယ်​..
အသက်​ကြီးကြီးအဘိုးတစ်​​ယောက်​​ရောင်း​နေတာ​တွေ့လို့.. သနားပြီးဝယ်​လာတာ.. ''

အကြင်​နာတရားနဲ့ ပြည့်​စုံလိုက်​တဲ့ ငရဲမင်း​လေး..

Baekhyun ဆီက စာရွက်​​လေးကို ကိုင်​ကာ
ကွပ်​ပျစ်​​ပေါ် တင်​ပလ္လင်​​ခွေထိုင်​လိုက်​သည်​..

''Sehun .. သင်္ကြန်​စာ တဲ့... ဖတ်​ကြည့်​ရ​အောင်​.. ''

''​အေး.. စိတ်​ဝင်​စားစရာ​လေး... ''

Sehun နဲ့အတူ စာရွက်​က​လေးကို ဖတ်​ကြည့်​​နေမိသည်​...

သိပ်​​တော့နားမလည်​...
ကိုယ်​မသိတဲ့ မြန်​မာစာလုံး​တွေဆို​ပေမယ့်
နတ်​အစွမ်းနဲ့ အကုန်​ ​ရေးနိုင်​ဖတ်​နိုင်​ ​ပြော​နိုင်​​နေတာ​တော့ အဆင်​​ပြေသည်​.

''အဲ...
ဒီနှစ်​သင်္ကြန်​ သိကြားမင်းက ဘီလူးစီးပြီးဆင်းမယ်​ဆိုပါလား... ''

Chanyeol မျက်​လုံးပြူးရပြီ...

သူကဖြင့်​ လူ့ပြည်​မှာ ​ရောက်​​နေတာ
၃လ​လောက်​ရှိပြီ..

အခု ဒီစာထဲမှာ​ရေးထားတဲ့ပုံအရ
သိကြားမင်းက ဘီလူးစိးပြီးဆင်းလာမယ်​ဆို​တော့ကာ.....

မဟုတ်​မှ..
နတ်​ပြည်​မှာ သိကြားမင်းအသစ်​ တင်​​မြှောက်​လိုက်​ပြီလား.. 😨

ဘုရား​ရေ... ဒါဆို...
ငါ ... ရာထူးပြုတ်​​တော့မှာလား... 😱

''Sehun ​လေး​ရေ.. ~ 😢 ''

''အင်း... 😢 ''

မျက်​နှာငယ်​​လေးနဲ့ ​ခေါ်လိုက်​​တော့
သူကလည်း သိ​နေတဲ့အလား
ပြန်​ပြီး မျက်​ရည်​ဝဲပြသည်​..

''တကယ်​လို့ ငါ့သိကြားမင်းရာထူးပြုတ်​သွားရင်
မင်းရဲ့ ​ဗိမာန်​မှာလာ​နေမယ်​​နော်​😢
ချစ်​တယ်​​လေ.. ​နော်... သူငယ်​ချင်း​လေး 😢 ''

Chanyeol ၏ ပုခုံးကို Sehun ဆွဲဖက်​လိုက်​ကာ
// ရပါတယ်​ကွာ.. အချင်းချင်း​တွေပဲ //
ဟု ငိုသံစွက်​ကာ ​ပြော​တော့
Chanyeolမျက်​ရည်​​တွေက ဝဲသထက်​ဝဲလာသည်​...

သူသာ ရာထူးပြုတ်​သွားရင်​..
Baby ကို ဘယ်​လိုတင်​​ကျွေးထားရပါ့မလဲ...

ရာထူးပြုတ်​သွားတဲ့ သူ့ကိုစိတ်​ပျက်​ပြီး
Babyပစ်​သွားရင်​ သူ​သေမှာ 😞

''Sehun... သိကြားမင်းက ၂ ​ယောက်​လုပ်​လို့မရဘူးလား.. 😞 ''

''ညှိကြည့်​ကြ​ပေါ့ကွာ.. 😞 မိဖုရား​တွေ အကုန်​​ပေးမယ်​လို့​ပြောကြည့်​​ပေါ့ကွာ.. ''

အင်း.. Sehun ​ပြောသလိုပဲ
ဘီလူးစီးပြီး ဆင်းလာမယ့်​ သိကြားမင်းအသစ်​ကို ဒီ​ရောက်​မှပဲ နည်းနည်းညှိကြည့်​ရမည်​.. 😢

Poor သိကြားpark ​လေး..
ထိုင်​ခုံ​တောင်​လှုပ်​​နေရှာပြီ 😭😭😭

>>>>>>>>>>>>>><<<<<<<<<<<<

''Hun.. ​နောက်​ ၃ ရက်​​နေရင်​ သင်္ကြန်​​ရောက်​ပြီလို့ ​ဒေါ်လှ​ပြောတယ်​ကွ... ''

၎​ယောက်​သားထမင်းစား​နေရင်းမှ
Luhan ထ​ပြော​သော စကား​ကြောင့်
Chanyeol ​ခေါင်း​မွှေး​တွေ​ထောင်​သွားသည်​..

နောက်​ ၃ ရက်​​နေရင်​...
ဒါဆို..
ဟို .. အသစ်​​ကောင်​ ​ရောက်​လာ​တော့မှာ​ပေါ့ 😓

''ငါ့အိမ်​မှာ​တော့ မထားနိုင်​ဘူး​နော်​..
သူ့ဘာသာ ဟိုတယ်​ သွား​နေပ​လေ့​စေ.. ''

''ဟမ်​... ''

''ဘာကြီးက.. ''

''အမ်​... ''

အဆက်​အစပ်​မရှိထ​ပြော​သော
သူ့စကား​ကြောင့်​ ကျန်​သုံး​ယောက်​လုံး ​ကြောင်​သွားကြသည်​..

''Chan.. ဘယ်​သူ့ကို hotel မှာ​နေခိုင်းမလို့လဲ.. ''

''Baby မသိဘူး..
သိုင်း​လောက က ရှုပ်​​ထွေးတယ်​...''

လက်​​ဆေးကာ ထမင်းစားပွဲမှ ထရင်း
ထိုင်​​နေကျ ကွပ်​ပျစ်​​လေး​တွင်
ဒူး​ထောင်​ပြီး ထိုင်​​နေလိုက်​သည်​..

ထမင်းစားမဝင်​​တော့ဘူး..
Park သိကြား​လေး ရင်​ခံသွားပြီ..

ဟူး....
သက်​ပြင်းရှညိကြီး ချရင်း ဟိုဟိုဒီဒီကြည့်​လိုက်​မိသည်​..

ရပ်​ကွက်​ထဲက က​လေးအချို့ရဲ့ စာ​အော်​ကျက်​သံကလွဲရင်​ ပတ်​ဝန်းကျင်​က အနည်းငယ်​တိတ်​ဆိတ်​​နေသ​ယောင်​...

လမ်းရဲ့ တစ်​ဖက်​တစ်​ချက်
မျက်​နှာချင်းဆိုင်​ဆီက အပင်​ကြီးမှာ​တော့
အဝါ​ရောင်​ပန်း​လေး​တွေက အစုလိုက်​အပြုံလိုက်​...

''Chan.. မနက်​ဖြန်​ကျရင်​ ငါ့ကို ပန်းခူး​ပေးပါလား.. ''

ဘေးနားက ထွက်​လာ​သော
အသံ​လေးရဲ့ ပိုင်​ရှင်​ကို
ပြုံးပြီးကြည့်​လိုက်​ရင်း
လက်​ကိုဆွဲကာ သူ့ရင်​ခွင်​ထဲ ဝင်​ထိုင်​​စေလိုက်​သည်​..

''Baby ကဘာလုပ်​မလို့လဲ.. မိန်းက​လေးလည်းမဟုတ်​ဘဲနဲ့..
နောက်​ပြိး ပန်းခူးဖို့အတွက်​ ကိုယ့်​မှာ အ​တောင်​ပံ​တွေ မရှိ​တော့ဘူး​လေ ... ''

နှစ်​ကိုယ်​ကြား ကြားရရုံ အသံ​လောက်​နဲ့သာ
စကားဆို​နေဖြစ်​သည်​...

ငုံ့ကြည့်​လိုက်​ရင်
ထင်း​နေ​အောင်​မြင်​ရတဲ့ ပါး​ဖော်း​ဖောင်းအိအိ​လေးထက်​ နစ်​​နေ​အောင်​ ဖိကပ်​နမ်းလိုက်​​တော့
သ​ဘောတကျရယ်​သံ​လေးထွက်​လာသည်​..

''Chan ကလဲ... အ​တောင်​မရှိ​တော့လည်း
အပင်​​ပေါ်တက်​ခူး​ပေါ့.. ​နော်​.. ခူး​ပေးပါ​နော်​.. ဘုရားကိုပူ​ဇော်​ချင်​လို့ပါ.. ​''

နှုတ်​ခမ်း​လေး ဆူ​ကာ​ထော်​ကာ ​တောင်းဆိုလာ​တော့
ဒီလူက ဘာသားနဲ့ထုထားတာမို့လဲ​လေ..

လိုက်​​လျောရ​တော့မ​ပေါ့..

''Omm.. ခူး​ပေးမယ်​​လေ​နော်​.. ''

''အဟိ.. အဲ့ဒါ​တွေ​ကြောင့်​ အရမ်းချစ်​တာ ဒီကသိကြားမင်းကြီးကို.... ''

ရင်​ခွင်​ထဲ ပိုတိုးဝင်​လာတဲ့ ငရဲမင်း​လေးကို
Chanyeol တင်းကျပ်​​နေ​အောက်​ ဖက်​ထားလိုက်​သည်​..

''အခုအချိန်​မှာ.. တာဝတိံသာမှာဘာဖြစ်​​နေလဲမသိဘူး​နော်​... ''

''ဟုတ်​ပါရဲ့.. ငါ့ရဲ့ အဝီဇိလည်း ပြာကျပြီလားမသိပါဘူး... ''

နောက်​ဆံတင်း​ပေမယ့်
ဘာမှမတတ်​နိုင်​တဲ့​အ​ခြေအ​နေမို့ နှစ်​​ယောက်​သား သက်​ပြင်းသာ ပြိုင်​တူချမိသည်​..

''ကိုယ်​သီချင်းဆိုပြမယ်​..
နား​ထောင်​မလား... ''

တိုးသွဲ့ညင်​သာလွန်းစွာ နားနားကပ်​​ပြောလိုက်​​တော့..

''Chan က ဆိုတတ်​တယ်​​ပေါ့ ?.''

''ဒါ​ပေါ့.. ဘယ်​သူမို့လဲ.. ​မနက်​က​တောင်​ ဂီတမှာ ပါရမီပါတယ်​လို့ Sehun ​ပြော​သေးတယ်​ ''

စိတ်​ကြီးဝင်​စွာဖြင့်
ငါးခူပြုံးကြီးပြုံးပြီး မျက်​နှာကို​မော့ထားလိုက်​သည်​..

အ​တွေးထဲမှာ​တော့
wu yifan ဆီက ​နေကာမျက်​မှန်​ကြီးခိုးကာ
တပ်​လိုက်​ပြီး iPhone X ပါ ကိုင်​ထားသည်​ 😎📱

''ဟုတ်​ပါပြီ.. အဲ့ဒါဆိုလည်း ဆိုပြ​​လေ.. ''

''အခုတစ်​​လော အရမ်းကို Hitဖြစ်​​နေတဲ့ သီချင်း​လေးဆိုပြမယ်​.. နား​ထောင်​​နော်​.. ''

Chanyeol ​ချောင်းတစ်​ချက်​ဟန့်​ကာ
သီချင်းဆိုရန်​အသင့်​ပြင်​လိုက်​သည်​...

''ငါက ​ဗိုလ်​​အောင်​ဒင်​.. နင်​က ဒါကိုမမြင်​..
ငါ့အသည်းကို ခလုတ်​တိုက်​သွားတယ်​..
မိန်းက​လေး​ရေ မင်းမိုက်​တယ်​..
တူနန့်​ တူ့နန်​ တူနန့်​တူ့နန်​ ဒန်​..

ဟေ့.. ငါက​ဗိုလ်​​အောင်​ဒင်​ .... 🎶🎶🎶 ''

ဗိုလ်​​အောင်​ဒင်​ သီချင်းကို အပီအပြင်​ ဟဲ​နေ​သောChanyeol ပုံစံက ကမ္ဘာ​ကျော်​ idol တစ်​​ယောက်​လိုပင်
Confidence အပြည့်​..

Baekhyun ​သေချင်​သွားသည်​..

ခုနက ro ​နေတဲ့ စိတ်​က​လေးနဲ့
ခုန်​​နေတဲ့ ရင်​ခုန်​သံ​လေး​တွေဆိုတာ
ဘယ်​​ဂျောင်​ကပ်​သွားမှန်းပင်​မသိ..

စိတ်ပျက်​လက်​ပျက်​သာ
Chanyeol ကို ​မေး​ထောက်​ပြီးကြည့်​​နေလိုက်​​သော်​လည်း
လဒက အထာမ​ပေါက်​စွာ..
ဆက်​ ဟဲ ​နေတုန်း...

နောက်​​နောင်​ ဘယ်​​တော့မှ
Park Chanyeol ဆို​သော
သောက်​တလွဲ​ကောင်​ကို
သီချင်းဆိုမပြခိုင်း​တော့ .. ဟူ၍
သံဒိဋ္ဌာန်​ ချရင်းသာ

အချစ်​တုံးကြီးအား
ဝမ်းနည်းစိတ်​ပျက်​စွာ ထိုင်​ကြည့်​​နေမိ​တော့သည်​....

************Parkသိကြား ********

Continue Reading

You'll Also Like

10K 2.3K 51
ඔහුගේ අත්වැරදීමෙන් සිදු වූ අපරාදයෙන් දරුවෙක් සමග තනි වූ තරුණයෙක්ගේ ජීවිතේ..🖤💔
316K 21.2K 36
Pᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language
32.4K 3K 23
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
64.3K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...