ေလဒီရွဴး-(yaoi story)

By YellowieSwan734

546K 52.4K 1.7K

ကၽြန္ေတာ္ႏွင့္ ကၽြန္ေတာ္ခ်စ္ေသာ ေလဒီရွဴးေကာင္ေလးတစ္ေယာက္အေျကာင္း... ကျွန်တော်နှင့် ကျွန်တော်ချစ်သော လေဒီရှူးက... More

ေလဒီရွဴး-1
ေလဒီရွဴး-2
ေလဒီရွဴး-3
ေလဒီရွဴး-4
ေလဒီရွဴး-5
ေလဒီရွဴး-6
ေလဒီရွဴး-7
ေလဒီရွဴး-8
ေလဒီရွဴး-9
ေလဒီရွဴး-10
ေလဒီရွဴး-11
ေလဒီရွဴး-12
ေလဒီရွဴ:-13
ေလဒီရွဴ:-14
ေလဒီရွဴး-15
ေလဒီရွဴး-16
ေလဒီရွဴး-17
ေလဒီရွဴး-18
ေလဒီရွဴး-19
ေလဒီရွဴး-20
ေလဒီရွဴး-21
ေလဒီရွဴး-22
ေလဒီရွဴး-23
ေလဒီရွဴး-23
ေလဒီရွဴး-23(2)
ေလဒီရွဴး-24
ေလဒီရွဴး-25
ေလဒီရွဴး-26
ေလဒီရွဴး-27
MY NOTIFICATION
ေလဒီရွဴး-28
ေလဒီရွဴး-29
ေလဒီရွဴး-30{final}
အဟမ္း!!!......အဟမ်း!!!
Extra-2
Just my words to Thank U
Book 2!!
Hi❤
ဒီတစ္ေခါက္ အတည္ေနာ္.../ဒီတစ်ခေါက် အတည်နော်...
Book!!
Hi~ Hi~

EXTRA-1

14.2K 1.4K 161
By YellowieSwan734

<zawgyi>

ေလဒီရွဴး(Extra-1)

ျခံေရွ႔မွာကားရပ္ျပီး ကားေရွ႔အံဆြဲထဲက ျခံေသာ့ယူေနတုန္း အေနာက္ခန္းမွာ အထုပ္သြားယူေနတဲ႕ ယေသာ္ထက္…
ျမန္လိုက္တာ…အခုမွရပ္တုန္းရွိေသး။
ဘယ္လိုဆင္းသြားတာလဲ?

အိမ္ထဲမဝင္ခင္ေလး ကားထဲမွာစကားေျပာျပီး roမယ့္ဝသုန္႕စိတ္ကူးေလး ျကက္ေပ်ာက္ဌက္ေပ်ာက္…
ထားပါေလ။
အိမ္ေရာက္ေနျပီပဲဟာ…
အမ်ားျကီး roခ်ိန္ရေသးတယ္။

အခုမွ ရန္ကုန္ေရာက္တာမို႕လား?
ေအးေဆးေပါ့ေလ…

''ေပးေလ…ငါ သယ္ေပးမယ္''

''ရတယ္…ဒီေလာက္က ကၽြန္ေတာ္လည္းသယ္ႏိုင္တယ္…
ခင္ဗ်ား အျကာျကီးကားေမာင္းလာရတာ ပင္ပန္းေနမွာေပါ့''

သူ႕အထုပ္သာမက ကိုယ့္အထုပ္ပါ မႏိုင္မနင္းသယ္သြားတဲ႕ ထိုေကာင္ေလးရဲ႕ေက်ာျပင္ကိုျကည့္ျပီး ဝသုန္ ဖက္နမ္းပလိုက္ခ်င္စိတ္ေတြ တဖြားဖြား…

ဘယ္တုန္းကမ်ား အဲ႕ေလာက္ခ်စ္ဖို႕ေကာင္းေအာင္ ေျပာတတ္သြားပါလိမ့္!
သူ႕ကို ေရဘူးနဲ႕ေကာက္ထုေနက် ေသာက္ခေလးမွဟုတ္ပါေလစ?

''ဟိုလူျကီး…ဘာရပ္လုပ္ေနတာလဲ?
တံခါးလာဖြင့္ေလ။
အထုပ္လည္း သယ္ေပးရေသးတာကို…
အလိုက္ကိုမသိဘူး''

ေဆာင့္ေဆာင့္ေအာင့္ေအာင့္အသံျကားမွပဲ ဝသုန္ ေတြေတြျကီးေတြးေနမိရာက ေသခ်ာသြားေတာ့တယ္။
ဟုတ္ပါတယ္…ဒီေလဒီရွဴးေလးပါပဲ…
အဲ႕လိုခ်စ္ဖို႕ေကာင္းေအာင္ ေျပာတတ္ရဲ႕သားနဲ႕ ဘာလို႔အျမဲလိုလိုထေအာ္ေနရပါလိမ့္ေနာ္?

ထေအာ္ေတာ့လည္း အသံစူးစူးေလးနဲ႕ ခ်စ္ဖို႕ေကာင္းသားပဲ!
အခုက မနက္ေျခာက္နာရီျကီးဆိုေတာ့ လမ္းေပၚမွာ လူလည္းမရွိေသး…
အမ်ိဳးမ်ိဳးခ်စ္ဖို႕ေကာင္းေနတဲ႕ ေကာင္ေလးကို ဆြဲနမ္းပလိုက္ရ!

အာ…ေနပါ
အခု အိမ္ထဲမွမေရာက္ေသးတာ။
စိတ္ဆိုးျပီး အေဆာင္ဆင္းသြားမွ ဒုကၡ…
ကိုယ္ေတာ္ေလးက စိတ္ျကီးပါရဲ႕သားနဲ႕။

ဝသုန္လည္း အိမ္ထဲအျမန္ေရာက္ေအာင္ တံခါးအျမန္ေသာ့ဖြင့္ေပးျပီး ယေသာ္ထက္ဝင္သြားေတာ့ ေသာ့ျပန္ပိတ္လိုက္သည္။
အိမ္း…အိမ္ထဲေရာက္ျပီဆိုေတာ့ အျကံအစည္ကို အေကာင္အထည္ေဖာ္ဖို႕ စိတ္ေတာ့ခ်ရျပီ။
(နမ္းရံုပဲေနာ္…ကြကိုယ္ အဆင့္ေတြေက်ာ္မေတြးရ! 0_0 )

အျကံေအာင္ခ်င္တာထက္ အထုပ္ႏွစ္ထုပ္သယ္ထားရတဲ႕ သူ႕လက္ေလးေတြ နာသြားမွာစိုးလို႔ အိမ္တံခါးပါ အျမန္ဖြင့္လိုက္ေတာ့…

''ဟာ…ဒါျကီးက!''
ဝသုန္ အလန္႕တျကားေအာ္လိုက္မိတယ္။

မေအာ္လို႕လည္းမရ…
အိမ္ထဲဝင္ဝင္ခ်င္း ဧည့္ခန္းအလယ္ကဆိုဖာမွာ မိန္႕မိန္႕ျကီးအိပ္ေနတဲ႕ လင္းထက္။
ဒင္းက ဘာလုပ္ေနရေသးတာလဲ?
အိမ္မျပန္ႏိုင္ေသးဘူးလားဟ?

မျပန္ရင္ေတာင္ အခန္းထဲ ဝင္အိပ္ပါလား?
သူမ်ားသားသမီး feelငုတ္ေအာင္ အိမ္ေရာက္ေရာက္ခ်င္း သူ႕ရုပ္ျကီးျမင္ေနရတယ္လို႕…

''လင္းထက္…ဟိတ္ေကာင္!
ထဦးဟ…ထ''

''ဟင္…ဟင္''

''ထ…ငါ ျပန္ေရာက္ေနျပီ။မင့္အိမ္ျပန္ေတာ့…''
အခုမွသတိဝင္လာတဲ႕လူလို ေမးျကီးေငါ့ေမးေနတာမို႕ ဝသုန္ ထခိုင္းျပီး လိုရင္းကိုပဲေျပာလိုက္ေတာ့တယ္။
ဟုတ္တယ္…
ျပန္သင့္တာျကာျပီဆိုေပမယ့္ ဒီအခ်ိန္ကအျပန္သင့္ဆံုးပဲေလ။

''ဘာလဲ?…ယေသာ္ထက္က ဘာလို႕ဒီေရာက္ေနတာလဲ?''
မ်က္လံုးကသာ အျပည့္မပြင့္ေသးတာ…
ယေသာ္ထက္က်ေတာ့ တန္းျမင္သား။

''ငါ ေခၚလာတာ''

''ဘာ…မင္းခိုးလာတာ?!!?''
ကၽြတ္…မ်က္လံုးကသာ တန္းျမင္တယ္
နားကမႏိုးေသးဘူး။

''အာ…ေခၚလာတာဟ…သူ႕အေဖဆီက အထိုးခံျပီးေခၚလာတာ''

''ဦးေလးက မင္းကိုထိုးျပီး သူ႕သားနဲ႕လဲတယ္!?''

''အာာာာ…''
ဝသုန္ရွင္းမရလို႕ ေခါင္းကုတ္ျပီး ယေသာ္ထက္ကို လွည့္ျကည့္လိုက္ေတာ့ ေပါက္ကရအေျပာခံေနရလို႔ ေဒါသထြက္ေနသလိုနဲ႕ မ်က္ႏွာေတြနီတက္လာျပီမို႕ ဝသုန္အျမန္စကားဆက္ေျပာရတယ္။

''အဲ႕တာ ထားကြာ… အခုအေရးျကီးဆံုးက မင္းပစၥည္းေတြျပန္သိမ္းထား။ျပီးရင္ျပန္။
ဒီေလာက္ဆို မင္းမိန္းမလည္း စိတ္ဆိုးေျပေလာက္ျပီ၊
ယေသာ္ထက္အတြက္ အခန္းလိုတယ္…''

''ငါ့မိန္းမ စိတ္ဆိုးမေျပေသးရင္ေကာ?''
ဒီေလာက္ဆ္ို မႏိုးတာမဟုတ္ေတာ့မွန္း ဝသုန္သိလိုက္ျပီ။
တမင္ရစ္ေနတာ!…
ေျမြေျမြခ်င္းမို႕ ဒါဘာအခ်ိဳးခ်ိဳးမွန္း ေျချမင္ျပီးသား။
ဒီအခ်ိန္မွာ ကိုယ့္အိမ္အဲ႕ေလာက္ ကပ္ေနတာ သပ္သပ္ညစ္တာ…

''Hotelသြားအိပ္ကြာ…အဲ႔ေလာက္ေတာင္
ပိုက္ဆံမရွိလည္း ငါေပးမယ္''

''ခင္ဗ်ားတို႕ ျငင္းေနတာ ခဏထားျကပါဦး။
အခုေလာေလာဆယ္ ကၽြန္ေတာ္ အိပ္ခ်င္ေနျပီ…
အဲ႕တာ ဘယ္မွာ…''
သူတို႔ႏွစ္ေယာက္ျငင္းေနတာကို ရပ္ျကည့္ေနတဲ႕ယေသာ္ထက္က ထေမးေတာ့

''ငါ့ အခန္းထဲဝင္အိပ္လိုက္ေလ…
ဒီကေနသြားရင္ ညာဘက္အခန္း''
ဝသုန္ခ်က္ခ်င္းေျဖလိုက္မိတယ္…
ဒါေပမယ့္…

''ဘာကိုမင့္အခန္းလဲ?
အခုမွျပန္ေရာက္တာဆိုေတာ့ မင္းကေကာ မအိပ္မွာက်လို႕''
လင္းထက္ရဲ႕အဖ်တ္စကား…

''ဟို…ငါ့ကုတင္က ႏွစ္ေယာက္အိပ္…''

''လုပ္မေနစမ္းပါနဲ႕…ငါလည္း ႏိုးေနျပီပဲ။
ယေသာ္…အဲ႕ကေနသြားရင္ ဘယ္ဘက္က ငါ့အခန္းပဲ''

''အဲ႕တာဆို ကၽြန္ေတာ္ ကိုလင္းအခန္းမွာပဲ အိပ္လိုက္ေတာ့မယ္''

ျကည့္စမ္း…
ကိုယ့္အိမ္လာျပီး သူတို႕ေယာက္ဖေတြက အေပးအယူတည့္ေနတယ္။
ေနစမ္းပါဦး…အဲ႕ေလာက္ ကိုလင္းအခန္းမွ အိပ္မယ္ေျပာေနရေအာင္ ဝသုန္က ဘာလုပ္မွာမို႕လို႕လဲ?
(နမ္းရံုေလာက္ပါပဲဆို)
အိမ္ေပၚပဲေရာက္ေနျပီကိုမ်ား…ငါေနာ္…

''ယေသာ္ထက္ကို မင္းအခန္းမွာအိပ္ဆိုေတာ့ မင္းကပစၥည္းဘယ္လိုသ္ိမ္းမလဲ?''

ဝသုန္ေဟာက္လို႕ရတဲ႕ လင္းထက္ကိုပဲ လွည့္ေဟာက္ေနတုန္းမွာ သေကာင့္သားက ျပီတီတီျကီးျပန္ျကည့္လာရင္း…
''မင္းကေကာ…မင္းအခန္းေခၚျပီး ဘာလုပ္မလို႕လဲ?''

အေရးထဲ…ကိုယ့္ျပန္ေဟာက္ေနေသးတယ္

''မင္းေယာက္ဖကို ဘာလုပ္လို႕ရမွာမို႕လို႕လဲ?
ငါ ေက်ာ္သူဆီ ဖုန္းျကိုဆက္ထားရမွာေပါ့''
သူ႕ေယာက္ဖအေျကာင္း သူမသိတာလည္းမဟုတ္!

''အပိုေတြမေျပာနဲ႕ေတာ့ ေဟ့ေကာင္…
ယေသာ္ မင္းအိမ္ဘယ္လိုပါလာလဲပဲေျဖ။
ငါ အဲ႕တာမသိရရင္ မသြားႏိုင္ဘူး''
ဗိုလ္ေအာင္ဒင္ေလသံနဲ႕ အႏိုင္ပိုင္းသလို ေမးလာတာမို႔ ဝသုန္႕မွာ
ရြာေရာက္တာကအစ၊
မူးျပီးေပၚတာအလယ္…
အထိုးခံရတာအဆံုး…ေျပာျပရေတာ့တယ္

ေျပာျပီးတဲ႕အခ်ိန္မွာ ေနကအေတာ္ျမင့္ေနျပီ။
တေရးမွမအိပ္ရေသး…
ဒင္းကိုျပန္ေစခ်င္ေဇာနဲ႕သာ အျမန္ရွင္းေနရတာ
လူလည္း မ်က္လံုးေတြ ေမွးလာျပီ။

''ေအး…အခုေျပာျပီးျပီေနာ္…
ျပန္ေတာ့ ဟိတ္ေကာင္။ငါလည္း အိပ္ေတာ့မယ္''

ဝသုန္ထိုမွ်ပဲေျပာႏိုင္ျပီး အခန္းထဲ ဝင္အိပ္လိုက္ရတယ္။

ျပန္ႏိုးလာရင္ေတာ့ အေနာက္အယွက္ေတြ ထြက္သြားေလာက္ေလရဲ႕…

###################

''အဲ႕ေတာ့ကြာ…အကိုေျပာတာ နားလည္သြားျပီလား?''

''သိပ္ေတာ့မရွင္းေသးဘူး!''

''အင္း…ခ်က္ခ်င္းေတာ့ ဘယ္သိမလဲ?
ေနာက္ျဖည္းျဖည္းခ်င္း သိလာမွာေပါ့။
ဝသုန္နမာန္႔ကိုလည္း ေမးေပါ့…အဲ႕ေကာင္က ဒါမ်ိဳးကၽြမ္းတာပဲ။
ျပီးေတာ့ ဒါလည္းေပးခဲ႕မယ္ေလ''

အခန္းထဲက ဝသုန္ အိပ္ရာႏိုးျပီးထလာလာခ်င္း ျကားရတဲ႕အသံေတြ…
ဘာေတြလဲဟ?!
ဘာကို ကၽြမ္းလို႕ ဘာေတြေပးေနတာလဲ???

ဝသုန္ မ်က္လံုးကိုလာအုပ္ေနတဲ႕ ဆံပင္ကိုသပ္တင္ျပီး ဧည့္ခန္းထဲဝင္လာေတာ့ ယေသာ္ထက္ကို လက္ဟန္ေျခဟန္ေတြနဲ႕ က်က်နနရွင္းျပေနတဲ႕ လင္းထက္…
ဒင္းက မျပန္ေသးပဲ ဘာေတြေပါက္ကရ ေျပာေနျပန္သလဲမသိ!

''မင္း မျပန္ေသးဘူးလား?''
ဝသုန္ ဧည့္ခန္းထဲဝင္သြားရင္း ေမးလိုက္ေတာ့…

''ခင္ဗ်ားကလည္း…ဘယ္လိုျဖစ္လို႕ ကိုလင္းကိုအတင္းျပန္ခိုင္းေနတာလဲ?''
သူ႕ေယာက္ဖဘက္က ေရွ႕ေနလိုက္ေပးေသာ ယေသာ္ထက္၏စကား…

''အဲ႕လိုပဲ…အဲ႕ေကာင္က စားျပီးနာမလည္။
အကူအညီယူျပီးရင္ ေက်းဇူးမတင္တက္ဘူး''
အခြင့္အေရးရရင္ ရသလို လင္းထက္ကလည္း ဝင္ဖဲ႕၏။
မျဖစ္…လင္းထက္မျပန္ရင္ ဝသုန္မာန္ရစရာရွိေတာ့မွာမဟုတ္ဘူး…

''ေက်းဇူးတင္လို႔ပဲ မင္းကိုအိမ္ေပၚ ႏွစ္ပါတ္လံုးလံုး စားတည္းၿငိမ္းတင္ထားတာေပါ့ကြ! ''
ျပီးေတာ့ စားျပီးနားမလည္တာက ပါလာေသး…
သူ႕လိုကေလးႏွစ္ေယာက္အေဖကို ဘယ္သူက စားေနလို႕လဲ?
ထြီ!…ဥပမာကိုက ရြံဖ္ို႕ေကာင္းေအာင္။

''ေအး…ေအး…ေနာက္အကူအညီေတာင္းရင္ ငါနဲ႕ေတြ႕တာေပါ့။ငါလည္း ျပန္ေတာ့မွာ…
မင္းအ္ိမ္မွာ မေနခ်င္ပါဘူး''
ေျပာရင္းနဲ႕ အထုပ္ဆြဲျပီး ထလာတဲ႔ပံုက ဝသုန္႔ဆီက ေဟာ္တယ္လခဆိုျပီး ပိုက္ဆံမေတာင္းသြားတာျကေနတာပဲ။
ကုန္းလည္းဆင္းေသး…ရုပ္ကလည္း အေပၚစီးက…
ဘာလို႕ဒီလိုေကာင္နဲ႕ သူငယ္ခ်င္းျဖစ္ေနမွန္းမသိ??!

''အာ…က္ိုလင္းကလည္း နည္းနည္းေလာက္ ထပ္ေနတာမဟုတ္ဘူး။
ကၽြန္ေတာ္မွ မတတ္ေသး…''

''ေတာ္ပါျပီကြာ…ဒီေကာင့္သင္ခိုင္းလိုက္ေတာ့''
အင္!ဒီေကာင္??ဝသုန္႕ကိုလား?

ဝသုန္ ဘာေျပာမွန္းမသိလို႕ ေျကာင္ေတာင္ေတာင္ရပ္ေနတုန္းမွာ မနက္က ျပီတီတီရုပ္ျကီးနဲပဲ အနားကပ္လာျပီး ပခံုးကိုလာပုတ္ရင္း ခပ္တိုးတိုးနဲ႕…
''မင္းပဲ သင္ေပးလိုက္ေပါ့ သားျကီးရာ…ဟြင္းဟြင္း''

ဘာေတြလား?
ဘာကိုသင္ေပးရမွာမို႕လို႕…အံမယ္…
သေကာင့္သားက မ်က္လံုးပါမွိတ္ျပသြားေသးတယ္။
ဟြင္းဟြင္းျကီးကလည္း ပါေသး…
ဘယ္လိုလားဟ!

လင္းထက္ထြက္သြားတဲ႕အထိ ဝသုန္ ေတာင့္ေတာင့္ျကီးက်န္ခဲ႕တုန္း…
ဒီေကာင္… ဘာေတြ…ေျပာ…

''ခင္ဗ်ားက အဲ႕မွာ ဘာရပ္လုပ္ေနရျပန္တာလဲ!''

''အမ္?''
ဆိုဖာေပၚက ယေသာ္ထက္ လွမ္းေအာ္ေတာ့မွ ဝသုန္သတိဝင္လာတယ္။

''ျသ…ဘာမွမဟုတ္ပါဘူး''
ဘာေျပာသြားမွန္းေသခ်ာကိုမသိတာ…

''မဟုတ္ရင္လည္း ခင္ဗ်ားအတြက္ ေခါက္ဆြဲေျကာ္ဝယ္ထားတာရွိတယ္။
အဲ႕တာ သြားစားလိုက္''

''မင္းေကာ…မစားဘူးလား?''
ဝသုန္မာန္ ယေသာ့္ေဘးနားဝင္ထိုင္ရင္း ေမးလိုက္ေတာ့…

''ကၽြန္ေတာ္ စားျပီးသြားျပီ။ကိုလင္းနဲ႕ ဆိုင္သြားစားလိုက္တာ''

''ဘယ္…ဘယ္တုန္းက?''

''၃နာရီေလာက္တုန္းကေလ…''

''ငါ့ကိုက်မႏိုးဘူး''

''ခင္ဗ်ားက အိပ္ေနလို႕ပဲ ညေန၅နာရီေက်ာ္မွႏိုးျပီးေတာ့မ်ား''

ျသ…အဲ႕မွာပဲ ႏိုးေတာ့မွာေပါ့။
မနက္၆နာရီေက်ာ္အထိ တညလံုးကားေမာင္းလာရတဲ႕အျပင္ အိမ္ေရာက္ေတာ့လည္း လင္းထက္ကို သံုးနာရီနီးပါး ျဖစ္ေျကာင္းကုန္စင္ေျပာေနရတာ!
ႏိုးလာတာေတာင္ကံေကာင္း…

ဟိုလင္းထက္လည္း ျပန္သြားတာပဲေကာင္းတယ္…
ဆိုင္သြားတာေတာင္ မႏိုးတဲ႕ေကာင္!
ငေမႊထိုးေကာင္!

''အဲ႕မွာ စားစရာရွိတာစား။
ျပီးရင္ လန္းသြားေအာင္ ေရေတြဘာေတြခ်ိဳး…ျပီးရင္ ကၽြန္ေတာ့္ကို သင္ေပး…''

''ဟမ္?''
လင္းထက္ကို ေမတၱာပို႕ေနတဲ႕ ဝသုန္႔စိတ္ကူးေလးေတြ ယေသာ့္စကားေျကာင့္ ဘယ္လႊင့္သြားမွန္းေတာင္မသိ။

ဘာျကီးကို သင္ရမွာလဲ???
ဝသုန္ ပါးစပ္မေဟာင္းသားနဲ႕ နားမလည္သလိုျကည့္လိုက္ေတာ့…

''အာ…ကိုလင္း ခင္ဗ်ားကို မေျပာသြားဘူးလား?
လုပ္…လုပ္စရာရွိတာလုပ္။ျပီးရင္ အခန္းထဲလိုက္ခဲ႕…
ကၽြန္ေတာ္ ေစာင့္ေနမယ္''

''ဟင္?''
ဟထားတဲ႕ပါးစပ္က ျပန္စိလို႕ကို မရေတာ့…
ဒီကေလး ဘာေတြေျပာေနရတာလဲ???!!!

''ဘာ…ဘာလို႕ အခန္းထဲ…?''

''ျသ…ဒီမွာဆို လူျမင္မေကာင္းဘူးေလ''

အခုေတာ့ ဟေနတဲ႕ပါးစပ္ဆီက ဘာသံမွေတာင္ မထြက္ေတာ့…
ဘာေတြလား?
သင္ေပး…?
အခန္းထဲလိုက္ခဲ႕…?လူျမင္မေကာင္း…?

ဩ...ဝသုန္႕ကို အရမ္းရိုးသားတယ္မ်ား ထင္ေနလား?
ဒါ…ဘာေတြေျပာေနတာဆိုတာမွန္း အဲ႕ဟာေလး သိပါတယ္ေနာ္?

''အဲ႕တာဆို ျမန္ျမန္လုပ္…ကၽြန္ေတာ္ ေစာင့္ေနမယ္''

ယေသာ္ထြက္သြားျပီးအေတာ္အျကာမွာ ေခါက္ဆြဲဇလံုကို ရင္ဝယ္ပိုက္ျပီး ဇြန္းနဲ႕ေမႊေနမိတာ ဝသုန္မာန္ရယ္ပါ…
စားဖို႕လည္း သတိမရ!

အခုအခ်ိန္မွာ မ်က္စိအာရံုက လင္းထက္ရဲ႕ ျပီတီတီရုပ္ျကီးကိုပဲ ျမင္ေယာင္ျပီး…
နားအာရံုက ယေသာ္ထက္ရဲ႕စကားသာ။
ဘာ?
ေစာင့္ေတာင္ေနဦးမယ္တဲ႕…

ကိုယ္အိပ္ေနတုန္း လင္းထက္ကဘယ္လိုေတာင္ သင္တန္းဆင္းသြားလို႕ ဒါမ်ိဳးေတြျဖစ္ကုန္ရတာလဲ?
ေနပါဦး…
အဲ႕ေကာင္ေလးကို အေပၚကေနဖို႕ ေျမွာက္ေပးထားတာေတာ့ မဟုတ္ပါဘူးေနာ္?

အာ…ေျမွာက္ေပးလည္း ထားပါ။
ဒီအတိုင္းသာ ေသခ်ာရင္ သူေျမွာက္ေပးတာေတာင္ ဘယ္သူအေပၚကလဲဆိုတာ သိသာတာပဲ။
sizeခ်င္းက အသိသာျကီး…
အေရးျကီးတာ ေျမွာက္ေပးဖို႔ပဲ

ဝသုန္ ကိုယ့္ဖာသာေတြးရင္း လက္ထဲက ေခါက္ဆြဲဇလံုပစ္ခ်ျပီး ထရပ္လိုက္တယ္။
အဲ႕တာဆို ငါက ဒီေခါက္ဆြဲစားျပီး ဘာလုပ္ရမွာလဲ?
ေခါက္ဆြဲထပ္ပိုေကာင္းတာ စားမွာေပါ့!
ရူးေနတာမွမဟုတ္တာေလ…

အေတြးကို အေကာင္အထည္ေဖာ္ဖို႕ ေရခ်ိဳးခန္းထဲအျမန္ေျပး…ေရခ်ိဳး…
အဝတ္စားဝတ္…ေရေမႊးေလးဘာေလးဆြတ္ျပီး ယေသာ့္အခန္းဆီ ဦးတည္ခဲ႕တယ္။

ျသ…လင္းထက္…
မင္းကို အျပစ္တင္မ္ိတာေတြ ခြင့္လႊတ္ပါ သူငယ္ခ်င္းေရ…

###################

အခန္းတံခါးကို ဆြဲဖြင့္လိုက္ေတာ့ ယေသာ္ထက္ကုတင္ေပၚမွာ ေမွာက္ျပီး စာအုပ္ေတာင္ဖတ္ေနေသးတယ္…
ဘယ္လိုလား?
ဝသုန္ကသာ ေရခ်ိဳးျပီးတာေတာင္ ေခၽြးပ်ံသလိုျဖစ္ေနတာ…သူက ေအးေအးေဆးေဆး...

''ျသ…ဝင္လာေလ။ခင္ဗ်ားကလည္း…
ျကာလိုက္တာ''

''အာ…မင္း တကယ္ ေသခ်ာပါတယ္ေနာ္?''
ဝသုန္ နည္းနည္းေတာ့ လန္႕လာသလိုလို…

နမ္းတာေတာင္ မ်က္ႏွာတစ္ခုလံုး နီရဲေနတဲ႕ေကာင္ေလးက ေန႕တြင္းခ်င္းဘာေတြျဖစ္ျပီး တက္ျကြေနရတာလဲ?
ျကာတယ္ေတာင္ ျဖစ္ရေသးတယ္။
လင္းထက္ ဘာေတြေျပာသြားလို႕လဲ?

''အာ…ဘာျဖစ္လဲ?ကၽြန္ေတာ္ သင္ခ်င္လို႕ေလ…
ခင္ဗ်ားေတာင္ တတ္တယ္မဟုတ္လား?''

''အင္း''
ဟုတ္ျပီေလ…ဒီေလာက္ သူ႕ဘက္ကပါေနမွေတာ့လည္း ကိုယ္က ဝသုန္မာန္ပဲဟာ…
ဘာမွမေတြးေနေတာ့ဘူး။

ဝသုန္ကုတင္ေဘးသြားထိုင္လိုက္ေတာ့…

''ေနဦး…ကိုလင္းေပးသြားတာေတြ ယူလိုက္ဦးမယ္''

လင္းထက္က ပစၥည္းေတြပါေပးသြားတာလား?
ငါ့ေကာင္ကြာ…ကိုယ့္သူငယ္ခ်င္းအတြက္ တကယ္သိတဲ႕ေကာင္…

''အင့္ ဒီမွာ…''

ေက်းဇူးရွင္ကို ေက်းဇူးတင္မိေနတုန္းမွာ မ်က္လံုးေရွ႕ေရာက္လာတဲ႕အထုပ္ႏွစ္ထုပ္က…

''ဖဲထုပ္…?''
ေနပါဦး…ဖဲထုပ္ကို ဘယ္လိုသံုး…?

''အင္းေလ…ကိုလင္းေျပာသြားေပမယ့္ ကၽြန္ေတာ္သိပိမသိလို႕။ခင္ဗ်ား… ဖဲရိုက္တတ္တယ္မဟုတ္လား?
ကၽြန္ေတာ့္ကို သင္ေပး…''

ကိုလင္း…လင္းထက္…ဖဲရိုက္ဖို႕သင္ခိုင္း…

''ဘာာာာ???!!!''

''အာ…ထ,မေအာ္ပါနဲ႕။ခင္ဗ်ားကလည္း…
ကိုလင္းမေျပာသြားဘူးလား?''

ေျပာတယ္ေလ…
ေျပာတာမွ ဟြင္းဟြင္းေတာင္ ပါေသး။
ဒါ…တမင္... ေပါက္ကရထင္ေအာင္လုပ္သြားတာမဟုတ္လား?
ငါ…ကြာ....။

''က်ြန္ေတာ္ေရးေနတဲ႕ ဝတၳဳထဲ ထည့္ေရးဖို႕ နည္းနည္းသိရင္ရျပီ…
လုပ္စမ္းပါ…နည္းနည္းသင္ေပး။
ခင္ဗ်ားကိုေစာင့္ေနရတာလည္း အျကာျကီးပဲ…''

''ဒါနဲ႕…မင္းက ဘာလို႕ အိမ္ထဲမွာပဲ အတင္းသင္ခိုင္းေနတာလဲ?''
ေသာက္ခေလး…
လူကို တလြဲထင္ေအာင္လုပ္တာ သူပါ,ပါတယ္
ဒင္းတို႕ ေပါင္းျကံျကတာလားပဲ!

''ျသ…ျခံေရွ႕က လွမ္းျမင္သြားရင္ ရဲဖမ္းမွာေပါ့!
ခင္ဗ်ားနဲ႕လည္း…''

တကယ့္ကို…
ေျပာစရာစကားကုန္တယ္ဆိုတာ ဒါမ်ိဳးျဖစ္္မယ္ထင္တယ္

ဒီခံစားခ်က္မ်ိဳးကေလ…
နတ္ျပည္ေရာက္ျပီးေတာ့မွ 'မင့္ကို လူမွားေခၚတာကြ။
မင္းသြားရမွာ အဝီစိ'ဆိုျပီး ဖုတ္ခနဲအကန္ခ်ခံရသလို…

အဲဲ႔ခံစားခ်က္ကို ဝသုန္မေဖာ္ျပတတ္ေတာ့ပါ။

''ကဲ…အဲ႕တာဆို က်ြန္ေတာ္ ဖဲေဝလိုက္ေတာ့မယ္''

ေရွ႕ကဟာေလးကေတာ့ အရမ္းေတြ တက္ျကြေနေလရဲ႕ေလ…

ဤသို႕ျဖင့္…
ယေသာ္ထက္ ဦးဦးဖ်ားဖ်ားအိမ္ေရာက္တဲ႕ ပထမဆံုးညမွာ....
ဝသုန္မာန္တေယာက္...
လင္းထက္ကို ေမတၱာထိုင္ပို႔ရင္း မိုးလင္းေပါက္ ဖဲထိုင္ရိုက္ခဲ႕ရေလ၏…

~~~~~~~~~~~~~~~~~
by Y.S

အဟဲ…
mentမွာ voteခြဲျကည့္ရေအာင္…😁😁😁

ဝသုန္မာန့္ကို ဆနၵနဲ႕ဘြ…
တထပ္တည္းက်ေစခ်င္ပါသလား?
Yes or No! 😜😝😛


<Unicode>


လေဒီရှူး(Extra-1)

ခြံရှေ့မှာကားရပ်ပြီး ကားရှေ့အံဆွဲထဲက ခြံသော့ယူနေတုန်း အနောက်ခန်းမှာ အထုပ်သွားယူနေတဲ့ ယသော်ထက်…
မြန်လိုက်တာ…အခုမှရပ်တုန်းရှိသေး။
ဘယ်လိုဆင်းသွားတာလဲ?

အိမ်ထဲမဝင်ခင်လေး ကားထဲမှာစကားပြောပြီး roမယ့်ဝသုန့်စိတ်ကူးလေး ကြက်ပျောက်ဌက်ပျောက်…
ထားပါလေ။
အိမ်ရောက်နေပြီပဲဟာ…
အများကြီး roချိန်ရသေးတယ်။

အခုမှ ရန်ကုန်ရောက်တာမို့လား?
အေးဆေးပေါ့လေ…

''ပေးလေ…ငါ သယ်ပေးမယ်''

''ရတယ်…ဒီလောက်က ကျွန်တော်လည်းသယ်နိုင်တယ်…
ခင်ဗျား အကြာကြီးကားမောင်းလာရတာ ပင်ပန်းနေမှာပေါ့''

သူ့အထုပ်သာမက ကိုယ့်အထုပ်ပါ မနိုင်မနင်းသယ်သွားတဲ့ ထိုကောင်လေးရဲ့ကျောပြင်ကိုကြည့်ပြီး ဝသုန် ဖက်နမ်းပလိုက်ချင်စိတ်တွေ တဖွားဖွား…

ဘယ်တုန်းကများ အဲ့လောက်ချစ်ဖို့ကောင်းအောင် ပြောတတ်သွားပါလိမ့်!
သူ့ကို ရေဘူးနဲ့ကောက်ထုနေကျ သောက်ခလေးမှဟုတ်ပါလေစ?

''ဟိုလူကြီး…ဘာရပ်လုပ်နေတာလဲ?
တံခါးလာဖွင့်လေ။
အထုပ်လည်း သယ်ပေးရသေးတာကို…
အလိုက်ကိုမသိဘူး''

ဆောင့်ဆောင့်အောင့်အောင့်အသံကြားမှပဲ ဝသုန် တွေတွေကြီးတွေးနေမိရာက သေချာသွားတော့တယ်။
ဟုတ်ပါတယ်…ဒီလေဒီရှူးလေးပါပဲ…
အဲ့လိုချစ်ဖို့ကောင်းအောင် ပြောတတ်ရဲ့သားနဲ့ ဘာလို့အမြဲလိုလိုထအော်နေရပါလိမ့်နော်?

ထအော်တော့လည်း အသံစူးစူးလေးနဲ့ ချစ်ဖို့ကောင်းသားပဲ!
အခုက မနက်ခြောက်နာရီကြီးဆိုတော့ လမ်းပေါ်မှာ လူလည်းမရှိသေး…
အမျိုးမျိုးချစ်ဖို့ကောင်းနေတဲ့ ကောင်လေးကို ဆွဲနမ်းပလိုက်ရ!

အာ…နေပါ
အခု အိမ်ထဲမှမရောက်သေးတာ။
စိတ်ဆိုးပြီး အဆောင်ဆင်းသွားမှ ဒုက္ခ…
ကိုယ်တော်လေးက စိတ်ကြီးပါရဲ့သားနဲ့။

ဝသုန်လည်း အိမ်ထဲအမြန်ရောက်အောင် တံခါးအမြန်သော့ဖွင့်ပေးပြီး ယသော်ထက်ဝင်သွားတော့ သော့ပြန်ပိတ်လိုက်သည်။
အိမ်း…အိမ်ထဲရောက်ပြီဆိုတော့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ စိတ်တော့ချရပြီ။
(နမ်းရုံပဲနော်…ကွကိုယ် အဆင့်တွေကျော်မတွေးရ! 0_0 )

အကြံအောင်ချင်တာထက် အထုပ်နှစ်ထုပ်သယ်ထားရတဲ့ သူ့လက်လေးတွေ နာသွားမှာစိုးလို့ အိမ်တံခါးပါ အမြန်ဖွင့်လိုက်တော့…

''ဟာ…ဒါကြီးက!''
ဝသုန် အလန့်တကြားအော်လိုက်မိတယ်။

မအော်လို့လည်းမရ…
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းအလယ်ကဆိုဖာမှာ မိန့်မိန့်ကြီးအိပ်နေတဲ့ လင်းထက်။
ဒင်းက ဘာလုပ်နေရသေးတာလဲ?
အိမ်မပြန်နိုင်သေးဘူးလားဟ?

မပြန်ရင်တောင် အခန်းထဲ ဝင်အိပ်ပါလား?
သူများသားသမီး feelငုတ်အောင် အိမ်ရောက်ရောက်ချင်း သူ့ရုပ်ကြီးမြင်နေရတယ်လို့…

''လင်းထက်…ဟိတ်ကောင်!
ထဦးဟ…ထ''

''ဟင်…ဟင်''

''ထ…ငါ ပြန်ရောက်နေပြီ။မင့်အိမ်ပြန်တော့…''
အခုမှသတိဝင်လာတဲ့လူလို မေးကြီးငေါ့မေးနေတာမို့ ဝသုန် ထခိုင်းပြီး လိုရင်းကိုပဲပြောလိုက်တော့တယ်။
ဟုတ်တယ်…
ပြန်သင့်တာကြာပြီဆိုပေမယ့် ဒီအချိန်ကအပြန်သင့်ဆုံးပဲလေ။

''ဘာလဲ?…ယသော်ထက်က ဘာလို့ဒီရောက်နေတာလဲ?''
မျက်လုံးကသာ အပြည့်မပွင့်သေးတာ…
ယသော်ထက်ကျတော့ တန်းမြင်သား။

''ငါ ခေါ်လာတာ''

''ဘာ…မင်းခိုးလာတာ?!!?''
ကျွတ်…မျက်လုံးကသာ တန်းမြင်တယ်
နားကမနိုးသေးဘူး။

''အာ…ခေါ်လာတာဟ…သူ့အဖေဆီက အထိုးခံပြီးခေါ်လာတာ''

''ဦးလေးက မင်းကိုထိုးပြီး သူ့သားနဲ့လဲတယ်!?''

''အာာာာ…''
ဝသုန်ရှင်းမရလို့ ခေါင်းကုတ်ပြီး ယသော်ထက်ကို လှည့်ကြည့်လိုက်တော့ ပေါက်ကရအပြောခံနေရလို့ ဒေါသထွက်နေသလိုနဲ့ မျက်နှာတွေနီတက်လာပြီမို့ ဝသုန်အမြန်စကားဆက်ပြောရတယ်။

''အဲ့တာ ထားကွာ… အခုအရေးကြီးဆုံးက မင်းပစ္စည်းတွေပြန်သိမ်းထား။ပြီးရင်ပြန်။
ဒီလောက်ဆို မင်းမိန်းမလည်း စိတ်ဆိုးပြေလောက်ပြီ၊
ယသော်ထက်အတွက် အခန်းလိုတယ်…''

''ငါ့မိန်းမ စိတ်ဆိုးမပြေသေးရင်ကော?''
ဒီလောက်ဆို မနိုးတာမဟုတ်တော့မှန်း ဝသုန်သိလိုက်ပြီ။
တမင်ရစ်နေတာ!…
မြွေမြွေချင်းမို့ ဒါဘာအချိုးချိုးမှန်း ခြေမြင်ပြီးသား။
ဒီအချိန်မှာ ကိုယ့်အိမ်အဲ့လောက် ကပ်နေတာ သပ်သပ်ညစ်တာ…

''Hotelသွားအိပ်ကွာ…အဲ့လောက်တောင်
ပိုက်ဆံမရှိလည်း ငါပေးမယ်''

''ခင်ဗျားတို့ ငြင်းနေတာ ခဏထားကြပါဦး။
အခုလောလောဆယ် ကျွန်တော် အိပ်ချင်နေပြီ…
အဲ့တာ ဘယ်မှာ…''
သူတို့နှစ်ယောက်ငြင်းနေတာကို ရပ်ကြည့်နေတဲ့ယသော်ထက်က ထမေးတော့

''ငါ့ အခန်းထဲဝင်အိပ်လိုက်လေ…
ဒီကနေသွားရင် ညာဘက်အခန်း''
ဝသုန်ချက်ချင်းဖြေလိုက်မိတယ်…
ဒါပေမယ့်…

''ဘာကိုမင့်အခန်းလဲ?
အခုမှပြန်ရောက်တာဆိုတော့ မင်းကကော မအိပ်မှာကျလို့''
လင်းထက်ရဲ့အဖျတ်စကား…

''ဟို…ငါ့ကုတင်က နှစ်ယောက်အိပ်…''

''လုပ်မနေစမ်းပါနဲ့…ငါလည်း နိုးနေပြီပဲ။
ယသော်…အဲ့ကနေသွားရင် ဘယ်ဘက်က ငါ့အခန်းပဲ''

''အဲ့တာဆို ကျွန်တော် ကိုလင်းအခန်းမှာပဲ အိပ်လိုက်တော့မယ်''

ကြည့်စမ်း…
ကိုယ့်အိမ်လာပြီး သူတို့ယောက်ဖတွေက အပေးအယူတည့်နေတယ်။
နေစမ်းပါဦး…အဲ့လောက် ကိုလင်းအခန်းမှ အိပ်မယ်ပြောနေရအောင် ဝသုန်က ဘာလုပ်မှာမို့လို့လဲ?
(နမ်းရုံလောက်ပါပဲဆို)
အိမ်ပေါ်ပဲရောက်နေပြီကိုများ…ငါနော်…

''ယသော်ထက်ကို မင်းအခန်းမှာအိပ်ဆိုတော့ မင်းကပစ္စည်းဘယ်လိုသိမ်းမလဲ?''

ဝသုန်ဟောက်လို့ရတဲ့ လင်းထက်ကိုပဲ လှည့်ဟောက်နေတုန်းမှာ သကောင့်သားက ပြီတီတီကြီးပြန်ကြည့်လာရင်း…
''မင်းကကော…မင်းအခန်းခေါ်ပြီး ဘာလုပ်မလို့လဲ?''

အရေးထဲ…ကိုယ့်ပြန်ဟောက်နေသေးတယ်

''မင်းယောက်ဖကို ဘာလုပ်လို့ရမှာမို့လို့လဲ?
ငါ ကျော်သူဆီ ဖုန်းကြိုဆက်ထားရမှာပေါ့''
သူ့ယောက်ဖအကြောင်း သူမသိတာလည်းမဟုတ်!

''အပိုတွေမပြောနဲ့တော့ ဟေ့ကောင်…
ယသော် မင်းအိမ်ဘယ်လိုပါလာလဲပဲဖြေ။
ငါ အဲ့တာမသိရရင် မသွားနိုင်ဘူး''
ဗိုလ်အောင်ဒင်လေသံနဲ့ အနိုင်ပိုင်းသလို မေးလာတာမို့ ဝသုန့်မှာ
ရွာရောက်တာကအစ၊
မူးပြီးပေါ်တာအလယ်…
အထိုးခံရတာအဆုံး…ပြောပြရတော့တယ်

ပြောပြီးတဲ့အချိန်မှာ နေကအတော်မြင့်နေပြီ။
တရေးမှမအိပ်ရသေး…
ဒင်းကိုပြန်စေချင်ဇောနဲ့သာ အမြန်ရှင်းနေရတာ
လူလည်း မျက်လုံးတွေ မှေးလာပြီ။

''အေး…အခုပြောပြီးပြီနော်…
ပြန်တော့ ဟိတ်ကောင်။ငါလည်း အိပ်တော့မယ်''

ဝသုန်ထိုမျှပဲပြောနိုင်ပြီး အခန်းထဲ ဝင်အိပ်လိုက်ရတယ်။

ပြန်နိုးလာရင်တော့ အနောက်အယှက်တွေ ထွက်သွားလောက်လေရဲ့…

###################

''အဲ့တော့ကွာ…အကိုပြောတာ နားလည်သွားပြီလား?''

''သိပ်တော့မရှင်းသေးဘူး!''

''အင်း…ချက်ချင်းတော့ ဘယ်သိမလဲ?
နောက်ဖြည်းဖြည်းချင်း သိလာမှာပေါ့။
ဝသုန်နမာန့်ကိုလည်း မေးပေါ့…အဲ့ကောင်က ဒါမျိုးကျွမ်းတာပဲ။
ပြီးတော့ ဒါလည်းပေးခဲ့မယ်လေ''

အခန်းထဲက ဝသုန် အိပ်ရာနိုးပြီးထလာလာချင်း ကြားရတဲ့အသံတွေ…
ဘာတွေလဲဟ?!
ဘာကို ကျွမ်းလို့ ဘာတွေပေးနေတာလဲ???

ဝသုန် မျက်လုံးကိုလာအုပ်နေတဲ့ ဆံပင်ကိုသပ်တင်ပြီး ဧည့်ခန်းထဲဝင်လာတော့ ယသော်ထက်ကို လက်ဟန်ခြေဟန်တွေနဲ့ ကျကျနနရှင်းပြနေတဲ့ လင်းထက်…
ဒင်းက မပြန်သေးပဲ ဘာတွေပေါက်ကရ ပြောနေပြန်သလဲမသိ!

''မင်း မပြန်သေးဘူးလား?''
ဝသုန် ဧည့်ခန်းထဲဝင်သွားရင်း မေးလိုက်တော့…

''ခင်ဗျားကလည်း…ဘယ်လိုဖြစ်လို့ ကိုလင်းကိုအတင်းပြန်ခိုင်းနေတာလဲ?''
သူ့ယောက်ဖဘက်က ရှေ့နေလိုက်ပေးသော ယသော်ထက်၏စကား…

''အဲ့လိုပဲ…အဲ့ကောင်က စားပြီးနာမလည်။
အကူအညီယူပြီးရင် ကျေးဇူးမတင်တက်ဘူး''
အခွင့်အရေးရရင် ရသလို လင်းထက်ကလည်း ဝင်ဖဲ့၏။
မဖြစ်…လင်းထက်မပြန်ရင် ဝသုန်မာန်ရစရာရှိတော့မှာမဟုတ်ဘူး…

''ကျေးဇူးတင်လို့ပဲ မင်းကိုအိမ်ပေါ် နှစ်ပါတ်လုံးလုံး စားတည်းငြိမ်းတင်ထားတာပေါ့ကွ! ''
ပြီးတော့ စားပြီးနားမလည်တာက ပါလာသေး…
သူ့လိုကလေးနှစ်ယောက်အဖေကို ဘယ်သူက စားနေလို့လဲ?
ထွီ!…ဥပမာကိုက ရွံဖို့ကောင်းအောင်။

''အေး…အေး…နောက်အကူအညီတောင်းရင် ငါနဲ့တွေ့တာပေါ့။ငါလည်း ပြန်တော့မှာ…
မင်းအိမ်မှာ မနေချင်ပါဘူး''
ပြောရင်းနဲ့ အထုပ်ဆွဲပြီး ထလာတဲ့ပုံက ဝသုန့်ဆီက ဟော်တယ်လခဆိုပြီး ပိုက်ဆံမတောင်းသွားတာကြနေတာပဲ။
ကုန်းလည်းဆင်းသေး…ရုပ်ကလည်း အပေါ်စီးက…
ဘာလို့ဒီလိုကောင်နဲ့ သူငယ်ချင်းဖြစ်နေမှန်းမသိ??!

''အာ…ကိုလင်းကလည်း နည်းနည်းလောက် ထပ်နေတာမဟုတ်ဘူး။
ကျွန်တော်မှ မတတ်သေး…''

''တော်ပါပြီကွာ…ဒီကောင့်သင်ခိုင်းလိုက်တော့''
အင်!ဒီကောင်??ဝသုန့်ကိုလား?

ဝသုန် ဘာပြောမှန်းမသိလို့ ကြောင်တောင်တောင်ရပ်နေတုန်းမှာ မနက်က ပြီတီတီရုပ်ကြီးနဲပဲ အနားကပ်လာပြီး ပခုံးကိုလာပုတ်ရင်း ခပ်တိုးတိုးနဲ့…
''မင်းပဲ သင်ပေးလိုက်ပေါ့ သားကြီးရာ…ဟွင်းဟွင်း''

ဘာတွေလား?
ဘာကိုသင်ပေးရမှာမို့လို့…အံမယ်…
သကောင့်သားက မျက်လုံးပါမှိတ်ပြသွားသေးတယ်။
ဟွင်းဟွင်းကြီးကလည်း ပါသေး…
ဘယ်လိုလားဟ!

လင်းထက်ထွက်သွားတဲ့အထိ ဝသုန် တောင့်တောင့်ကြီးကျန်ခဲ့တုန်း…
ဒီကောင်… ဘာတွေ…ပြော…

''ခင်ဗျားက အဲ့မှာ ဘာရပ်လုပ်နေရပြန်တာလဲ!''

''အမ်?''
ဆိုဖာပေါ်က ယသော်ထက် လှမ်းအော်တော့မှ ဝသုန်သတိဝင်လာတယ်။

''သြ…ဘာမှမဟုတ်ပါဘူး''
ဘာပြောသွားမှန်းသေချာကိုမသိတာ…

''မဟုတ်ရင်လည်း ခင်ဗျားအတွက် ခေါက်ဆွဲကြော်ဝယ်ထားတာရှိတယ်။
အဲ့တာ သွားစားလိုက်''

''မင်းကော…မစားဘူးလား?''
ဝသုန်မာန် ယသော့်ဘေးနားဝင်ထိုင်ရင်း မေးလိုက်တော့…

''ကျွန်တော် စားပြီးသွားပြီ။ကိုလင်းနဲ့ ဆိုင်သွားစားလိုက်တာ''

''ဘယ်…ဘယ်တုန်းက?''

''၃နာရီလောက်တုန်းကလေ…''

''ငါ့ကိုကျမနိုးဘူး''

''ခင်ဗျားက အိပ်နေလို့ပဲ ညနေ၅နာရီကျော်မှနိုးပြီးတော့များ''

သြ…အဲ့မှာပဲ နိုးတော့မှာပေါ့။
မနက်၆နာရီကျော်အထိ တညလုံးကားမောင်းလာရတဲ့အပြင် အိမ်ရောက်တော့လည်း လင်းထက်ကို သုံးနာရီနီးပါး ဖြစ်ကြောင်းကုန်စင်ပြောနေရတာ!
နိုးလာတာတောင်ကံကောင်း…

ဟိုလင်းထက်လည်း ပြန်သွားတာပဲကောင်းတယ်…
ဆိုင်သွားတာတောင် မနိုးတဲ့ကောင်!
ငမွှေထိုးကောင်!

''အဲ့မှာ စားစရာရှိတာစား။
ပြီးရင် လန်းသွားအောင် ရေတွေဘာတွေချိုး…ပြီးရင် ကျွန်တော့်ကို သင်ပေး…''

''ဟမ်?''
လင်းထက်ကို မေတ္တာပို့နေတဲ့ ဝသုန့်စိတ်ကူးလေးတွေ ယသော့်စကားကြောင့် ဘယ်လွှင့်သွားမှန်းတောင်မသိ။

ဘာကြီးကို သင်ရမှာလဲ???
ဝသုန် ပါးစပ်မဟောင်းသားနဲ့ နားမလည်သလိုကြည့်လိုက်တော့…

''အာ…ကိုလင်း ခင်ဗျားကို မပြောသွားဘူးလား?
လုပ်…လုပ်စရာရှိတာလုပ်။ပြီးရင် အခန်းထဲလိုက်ခဲ့…
ကျွန်တော် စောင့်နေမယ်''

''ဟင်?''
ဟထားတဲ့ပါးစပ်က ပြန်စိလို့ကို မရတော့…
ဒီကလေး ဘာတွေပြောနေရတာလဲ???!!!

''ဘာ…ဘာလို့ အခန်းထဲ…?''

''သြ…ဒီမှာဆို လူမြင်မကောင်းဘူးလေ''

အခုတော့ ဟနေတဲ့ပါးစပ်ဆီက ဘာသံမှတောင် မထွက်တော့…
ဘာတွေလား?
သင်ပေး…?
အခန်းထဲလိုက်ခဲ့…?လူမြင်မကောင်း…?

ဩ...ဝသုန့်ကို အရမ်းရိုးသားတယ်များ ထင်နေလား?
ဒါ…ဘာတွေပြောနေတာဆိုတာမှန်း အဲ့ဟာလေး သိပါတယ်နော်?

''အဲ့တာဆို မြန်မြန်လုပ်…ကျွန်တော် စောင့်နေမယ်''

ယသော်ထွက်သွားပြီးအတော်အကြာမှာ ခေါက်ဆွဲဇလုံကို ရင်ဝယ်ပိုက်ပြီး ဇွန်းနဲ့မွှေနေမိတာ ဝသုန်မာန်ရယ်ပါ…
စားဖို့လည်း သတိမရ!

အခုအချိန်မှာ မျက်စိအာရုံက လင်းထက်ရဲ့ ပြီတီတီရုပ်ကြီးကိုပဲ မြင်ယောင်ပြီး…
နားအာရုံက ယသော်ထက်ရဲ့စကားသာ။
ဘာ?
စောင့်တောင်နေဦးမယ်တဲ့…

ကိုယ်အိပ်နေတုန်း လင်းထက်ကဘယ်လိုတောင် သင်တန်းဆင်းသွားလို့ ဒါမျိုးတွေဖြစ်ကုန်ရတာလဲ?
နေပါဦး…
အဲ့ကောင်လေးကို အပေါ်ကနေဖို့ မြှောက်ပေးထားတာတော့ မဟုတ်ပါဘူးနော်?

အာ…မြှောက်ပေးလည်း ထားပါ။
ဒီအတိုင်းသာ သေချာရင် သူမြှောက်ပေးတာတောင် ဘယ်သူအပေါ်ကလဲဆိုတာ သိသာတာပဲ။
sizeချင်းက အသိသာကြီး…
အရေးကြီးတာ မြှောက်ပေးဖို့ပဲ

ဝသုန် ကိုယ့်ဖာသာတွေးရင်း လက်ထဲက ခေါက်ဆွဲဇလုံပစ်ချပြီး ထရပ်လိုက်တယ်။
အဲ့တာဆို ငါက ဒီခေါက်ဆွဲစားပြီး ဘာလုပ်ရမှာလဲ?
ခေါက်ဆွဲထပ်ပိုကောင်းတာ စားမှာပေါ့!
ရူးနေတာမှမဟုတ်တာလေ…

အတွေးကို အကောင်အထည်ဖော်ဖို့ ရေချိုးခန်းထဲအမြန်ပြေး…ရေချိုး…
အဝတ်စားဝတ်…ရေမွှေးလေးဘာလေးဆွတ်ပြီး ယသော့်အခန်းဆီ ဦးတည်ခဲ့တယ်။

သြ…လင်းထက်…
မင်းကို အပြစ်တင်မိတာတွေ ခွင့်လွှတ်ပါ သူငယ်ချင်းရေ…

###################

အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ ယသော်ထက်ကုတင်ပေါ်မှာ မှောက်ပြီး စာအုပ်တောင်ဖတ်နေသေးတယ်…
ဘယ်လိုလား?
ဝသုန်ကသာ ရေချိုးပြီးတာတောင် ချွေးပျံသလိုဖြစ်နေတာ…သူက အေးအေးဆေးဆေး...

''သြ…ဝင်လာလေ။ခင်ဗျားကလည်း…
ကြာလိုက်တာ''

''အာ…မင်း တကယ် သေချာပါတယ်နော်?''
ဝသုန် နည်းနည်းတော့ လန့်လာသလိုလို…

နမ်းတာတောင် မျက်နှာတစ်ခုလုံး နီရဲနေတဲ့ကောင်လေးက နေ့တွင်းချင်းဘာတွေဖြစ်ပြီး တက်ကြွနေရတာလဲ?
ကြာတယ်တောင် ဖြစ်ရသေးတယ်။
လင်းထက် ဘာတွေပြောသွားလို့လဲ?

''အာ…ဘာဖြစ်လဲ?ကျွန်တော် သင်ချင်လို့လေ…
ခင်ဗျားတောင် တတ်တယ်မဟုတ်လား?''

''အင်း''
ဟုတ်ပြီလေ…ဒီလောက် သူ့ဘက်ကပါနေမှတော့လည်း ကိုယ်က ဝသုန်မာန်ပဲဟာ…
ဘာမှမတွေးနေတော့ဘူး။

ဝသုန်ကုတင်ဘေးသွားထိုင်လိုက်တော့…

''နေဦး…ကိုလင်းပေးသွားတာတွေ ယူလိုက်ဦးမယ်''

လင်းထက်က ပစ္စည်းတွေပါပေးသွားတာလား?
ငါ့ကောင်ကွာ…ကိုယ့်သူငယ်ချင်းအတွက် တကယ်သိတဲ့ကောင်…

''အင့် ဒီမှာ…''

ကျေးဇူးရှင်ကို ကျေးဇူးတင်မိနေတုန်းမှာ မျက်လုံးရှေ့ရောက်လာတဲ့အထုပ်နှစ်ထုပ်က…

''ဖဲထုပ်…?''
နေပါဦး…ဖဲထုပ်ကို ဘယ်လိုသုံး…?

''အင်းလေ…ကိုလင်းပြောသွားပေမယ့် ကျွန်တော်သိပိမသိလို့။ခင်ဗျား… ဖဲရိုက်တတ်တယ်မဟုတ်လား?
ကျွန်တော့်ကို သင်ပေး…''

ကိုလင်း…လင်းထက်…ဖဲရိုက်ဖို့သင်ခိုင်း…

''ဘာာာာ???!!!''

''အာ…ထ,မအော်ပါနဲ့။ခင်ဗျားကလည်း…
ကိုလင်းမပြောသွားဘူးလား?''

ပြောတယ်လေ…
ပြောတာမှ ဟွင်းဟွင်းတောင် ပါသေး။
ဒါ…တမင်... ပေါက်ကရထင်အောင်လုပ်သွားတာမဟုတ်လား?
ငါ…ကွာ....။

''ကျွန်တော်ရေးနေတဲ့ ဝတ္ထုထဲ ထည့်ရေးဖို့ နည်းနည်းသိရင်ရပြီ…
လုပ်စမ်းပါ…နည်းနည်းသင်ပေး။
ခင်ဗျားကိုစောင့်နေရတာလည်း အကြာကြီးပဲ…''

''ဒါနဲ့…မင်းက ဘာလို့ အိမ်ထဲမှာပဲ အတင်းသင်ခိုင်းနေတာလဲ?''
သောက်ခလေး…
လူကို တလွဲထင်အောင်လုပ်တာ သူပါ,ပါတယ်
ဒင်းတို့ ပေါင်းကြံကြတာလားပဲ!

''သြ…ခြံရှေ့က လှမ်းမြင်သွားရင် ရဲဖမ်းမှာပေါ့!
ခင်ဗျားနဲ့လည်း…''

တကယ့်ကို…
ပြောစရာစကားကုန်တယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်

ဒီခံစားချက်မျိုးကလေ…
နတ်ပြည်ရောက်ပြီးတော့မှ 'မင့်ကို လူမှားခေါ်တာကွ။
မင်းသွားရမှာ အဝီစိ'ဆိုပြီး ဖုတ်ခနဲအကန်ချခံရသလို…

အဲ့ခံစားချက်ကို ဝသုန်မဖော်ပြတတ်တော့ပါ။

''ကဲ…အဲ့တာဆို ကျွန်တော် ဖဲဝေလိုက်တော့မယ်''

ရှေ့ကဟာလေးကတော့ အရမ်းတွေ တက်ကြွနေလေရဲ့လေ…

ဤသို့ဖြင့်…
ယသော်ထက် ဦးဦးဖျားဖျားအိမ်ရောက်တဲ့ ပထမဆုံးညမှာ....
ဝသုန်မာန်တယောက်...
လင်းထက်ကို မေတ္တာထိုင်ပို့ရင်း မိုးလင်းပေါက် ဖဲထိုင်ရိုက်ခဲ့ရလေ၏…

~~~~~~~~~~~~~~~~~
by Y.S

အဟဲ…
mentမှာ voteခွဲကြည့်ရအောင်…😁😁😁

ဝသုန်မာန့်ကို ဆန္ဒနဲ့ဘွ…
တထပ်တည်းကျစေချင်ပါသလား?
Yes or No! 😜😝😛

Continue Reading

You'll Also Like

683K 82.7K 40
စာအေရးအသားအရမ္းနုပါတယ္ အရမ္းစာဖတ္သက္တမ္းႀကာသူ စာေရြးသူမ်ား ဖတ္ဖို ့စဥ္းစားေစခ်င္ပါသည္။ စာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖ...
146K 11.6K 94
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...
2.2M 148K 104
Doctor Handsome & Medical Student
170K 6K 25
လူငယ် BL Fiction စာရေးဆရာလေး ပြည့်စုံစွမ်းနှင့် ဟိုတယ် ပိုင်ရှင်ကြီး ဦးတေဇာစည်သူ တို့၏ အချစ်ဇာတ်လမ်း၌ ပြည့်စုံစွမ်း ၏ အမေက အမွှေကလေး နည်းနည်းပါးပါး ဝ...