Agreement of Being Gay for 30...

De reinwl

188K 12.7K 1.2K

This story is the Myanmar Translation of Kiai's work, Agreement of Being Gay for 30 Days! Thank you for read... Mai multe

Author's Note
ABG30D:002
ABD30D:003(a)
ABD30D:003(b)
ABG30D:004(a)
ABG30D:004(b)
ABG30D:005
ABG30D:006
ABG30D:007(a)
ABG30D:007(b)
ABG30D:008
ABG30D:009
ABG30D:010
ABG30D:011
ABG30D:012
ABG30D:013(a)
ABG30D:013(b)
ABG30D:014(a)
ABG30D:014(b)
Announcement - Hiatus
Picked-up
Promotion

ABG30D:001

36.5K 817 53
De reinwl

“That’s right, they’re F University’s Mr Perfect representatives”

=======================================

"ဟုတ်​ကဲ့ပါ ... ယခုဆက်​လက်​ပြီး​တော့ 《过火》- Guo Huo သီချင်းကို သီဆိုဖို့ ကျ​နော်​တို့ ​ကျောင်းရဲ့ အခန့်​ညားဆုံး ​ယောက်ျား​လေး​တွေထဲက တစ်​​ယောက်​ကို ဖိတ်​​ခေါ်ချင်​ပါတယ်​ ..၊ သူ့ကို F University ရဲ့ Mr. Perfect လို့လည်း သိကြပါတယ်​၊ ဘာလို့ဆို ​ကောင်​မ​လေး​တွေ သူ့ကို မြင်​တာနဲ့ တန်းပစ်​​ကြွေ သွားကြလို့ပါ၊  အဲ တကယ်​လို့ ကျန်းလင်းရီ  ကိုသာ တပါတည်း တွဲမမြင်​မိကြဘူး ဆိုရင်​​ပေါ့​နော်​ ...၊ ဟုတ်​ပါတယ်​ဗျ ... သူဟာ ဆွဲ​ဆောင်​မှုမရှိတဲ့ လူ​တွေ​ရော မိုးကျ​ရွှေကိုယ်​ လို လူ​တွေအတွက်​​ရော တကယ့်​ အကြီးစား သဘာဝရန်​သူပါ .."

အား​ပေးသံ​တွေ ​အော်​ဟစ်​သံ​တွေ စင်​​အောက်​က​နေ ဆူညံ့စွာ ​ပေါ်ထွက်​လာလျက်​ ....။

"ဟုတ်​ကဲ့ပါ .... 'Lady Killer' ကြီး ဝမ်​ကွမ်းနင်​  ကို ကြိုဆိုလိုက်​ကြရ​အောင်​လားဗျာ"

ဝဝဖိုင့်​ဖိုင့်​၊ ပြုံးရွှင်​တဲ့ မျက်​နှာထားဖြင့်​ ​အစီအစဉ်​တင်​ဆက်​သူ Sun Siyang ရဲ့ ​ပြောင်​​မြောင်​တဲ့ မိတ်​ဆက်​အပြီးမှာပင်​ အရပ်​မြင့်​မြင့်​၊ နှစ်​လိုဖွယ်​မျက်​နှာထားရှိ ​ကောင်​​လေးတစ်​​ယောက်​ စင်​​နောက်​မှ ထွက်​လာ​သည်​။

စင်​​နောက်​မှ ထွက်​လာတဲ့ ​ကောင်​​လေး၊ Sun Siyang ကို ​ကျော်​သွားစဉ်

"ဘယ်​သူက မင်းကို Zhang Lingyi အ​ကြောင်းပါ ထည့်​​ပြောခိုင်းတာလဲ" ဟု မျက်​လုံးကို ​စွေကြည့်​ရင်း ​အေးစက်​စက်​​မေးလိုက်​သည်​။

Sun Siyang လျှာ​ခေါက်​သိမ်းလိုက်​ကာ ​ဘေးကို အလိုက်​တသိ ဆုတ်​​ပေးလိုက်​သည်​။ စင်​​အောက်​က ​ကောင်​မ​လေး​တွေရဲ့ ​အော်​သံ​တွေက ကျယ်​​လောင်​စွာဖြင့်​ ဘဝဂ်​တိုင်​ မြည်​​နေ​လေရဲ့....။

"ဝမ်​ကွမ်းနင်​"

"ဝမ်​ကွမ်းနင်​"

"ဝမ်​ကွမ်းနင်​"

အ​ခြေအ​နေ​တွေက ထိန်းမနိုင်​သိမ်းမရ ဖြစ်​လုနီးပါး ...။

ဝမ်​ကွမ်းနင်​ ဆွဲ​ဆောင်​မှုရှိစွာ ပြုံးပြလိုက်​ရင်း တိတ်​တိတ်​​နေကြဖို့ရာ အချက်​ပြလိုက်​တယ်​..။ Microphone ​လေး ​ကောက်​ကိုင်​ပြီး ဆွဲ​ငင်​ဓာတ်​ အပြည့်​၊ ညှို့ဓာတ်​​တွေ ပြည့်​​နေတဲ့ အသံနဲ့

"ဒီ​နေ့ လာအား​ပေးကြတဲ့အတွက်​ အားလုံးကို ​ကျေးဇူးတင်​ပါတယ်​ ၊ ဒီ​နေ့ သီချင်း​လေး တစ်​ပုဒ်​ဆိုချင်​ပါတယ်​၊ အမှန်​အတိုင်း​ပြောရယင်​​တော့ ကိုယ်​နှစ်​သက်​​နေတဲ့ ​ကောင်​မ​လေးအတွက်​ ရည်​စူးပါတယ်​"

"Waaaaa ......."

ပုရိသတ်​​တွေ အုတ်​အုတ်​ကျက်​ကျက်​ ဆူညံ့သွားတယ်​။
စင်​​အောက်​က တ​ယောက်​​သော ​ကောင်​မ​လေးက "အဲ့ဒါ ငါလား" ဆိုတဲ့ အ​မေးကို ...။

"​Sorry, မဟုတ်​ပါဘူး" အရင်​တုန်းက ဒီလိုမျိုး အခါ​ပေါင်းများစွာ ကြုံ​တွေ့​နေရတဲ့ ဝါရင့်​သမ္မာရင့်​လို ပုံစံနဲ့ တည်​ငြိမ်​စွာ ပြန်​​ဖြေ​လိုက်​​လို့ ... စင်​​အောက်​က ပုရိသတ်​​တွေ ​နောက်​တခါ ရုတ်​ရုတ်​သဲသဲ ဖြစ်​သွားပြန်​ပါ​လေ​ရော...။

အ​ခြေအ​နေ မ​ကောင်း​တော့မှန်း သိ​တော့ ဝမ်​ကွမ်းန​င်​ ခပ်​မြန်​မြန်​​လေး ပြန်​​ပြောလိုက်​တယ်​..။

"ဒီသီချင်းက Journalism Faculty က ဟိုင်​နင်​ အတွက်​ ရည်​စူးတာပါ"

"Waaaa ..."
ပုရိသတ်​​တွေဆီက ဒုတိယအကြိမ်​ တီးတိုး​ရေရွတ်​သံ​တွေ ​ပေါ်ထွက်​လာတယ်​။

“Was it I who promised you too much? Or did I just not give enough?”

ဝမ်​ကွမ်းန​င်​ သီချင်းဆိုတာ ​ကောင်းလွန်းတယ်​..၊ ​ကောင်းလွန်းဆို .... ကိုယ်​ တန်​ဖိုးထားရတဲ့ အရာတခုလိုမျိုး နှစ်​ခြိုက်​ပြီး ငြိမ့်​ငြိမ့်​​ညောင်း​ညောင်း ဆို​နေ​တော့ ​ကောင်​မ​လေး​တွေ အသည်း​တွေကွဲ၊ အဆိပ်​မြှားမိသလို ခံစား​နေကြရတယ်​။

တည်​ငြိမ်​​နေတဲ့ စင်​​အောက်​က လူ​တွေကို ကြည့်​ပြီး ဝမ်​ကွမ်းန​င်​ စိတ်​ထဲ ​ကြည်​နူး​နေမိ​လေရဲ့...။

ကောင်းတယ်​ ... ဒီသီချင်း​လေးနဲ့ ယွီဟိုင်​နင်​ ကို ဒဲ့​ကြွေသွား​အောင်​ လုပ်​နိုင်​မှာ၊ သူ(မ) နှလုံးသားကို ရနိုင်​မှာ ​သေချာတယ်​။

ကျန်းလင်းရီ ကို ဒီတခါ​တော့ အနိုင်​ယူနိုင်​​လောက်​ပြီ။

ဝမ်​ကွမ်းန​င်​ ဟာ တကယ်​ ခန့်​ညားတဲ့ လူတ​ယောက်​ပါ၊ အရပ်​မြင့်​မြင့်​နဲ့ ပြုံးလိုက်​ရင်​လည်း ပါးချိုင့်​​လေး​တွေနဲ့။ အဲ့တာ​တွေထက်​ ပိုတာက သူဟာ ဆွဲ​ဆောင်​မှုရှိပြီး ထူးချွန်​​နေရုံမကဘူး၊ ချမ်းလည်းချမ်းသာတယ်​၊ ​ကောင်းမွန်​တဲ့ ပင်​ကိုယ်​စရိုက်​၊ကိုယ်​ကျင့်​တရားရှိတယ်​။

အပြင်​ပန်းက ကြည့်​ရင်​​တော့ သူဟာ တကယ့်​ Idol actor တစ်​​ယောက်​လိုပဲ...၊ ဟုတ်​တာ​ပေါ့ ဒါဟာ အ​ပေါ်ယံ အမြင်​ပဲ​လေ။ တကယ်​တမ်းကျ​တော့ သူဟာ ​ပေါ​ကြောင်​​ကြောင်​နိုင်​ပြီး မာနကြီးတဲ့လူ တစ်​​ယောက်​သာ...။ သို့​ပေမဲ့လည်း စိတ်​ကြီးဝင်​တတ်​တာ​တွေကို စိတ်​ထဲမှာတင်​ထားပြီး လူ​ကြားထဲ​ရောက်​ရင်​​တော့ ​ကြော့​ကြော့​မော့​မော့နဲ့ တကယ့်​ ယုန်​သူငယ်​​လေးလို အပြစ်​ကင်းပြီး ရိုးသားတဲ့ပုံ ဖမ်းပစ်​လိုက်​တာပဲ....၊ ဒါ​ကြောင့်​မို့လို့ပဲ သူဟာ Six Grade (Primary School) ကတည်းက အခုချိန်​ထိ နံပါတ်​ (၁) most handsome guy အ​ဖြစ်​ ရပ်​တည်​နိုင်​တာပါပဲ..၊ သူ့ကို ချစ်​​ရေးဆိုလာတဲ့ ​ကောင်​မ​လေး​တွေမှ အများကြီး။ တစ်​ကယ့်​ကိုလည်း ပြိုင်​ဖက်​မရှိသလောက်ပါပဲ။

ဒီ ဂုဏ်​ဒြပ်​​လေးဟာ သူ University မတက်​ခင်​ အမြဲတမ်း ပိုင်​ဆိုင်​ခဲ့တာ​လေး တစ်​ခု​ပေါ့...၊ အဲ့ဒီ​နောက်​မှာ​တော့ သူ့ဘဝရဲ့ အကြီးမားဆုံး ပြိုင်​ဖက်​ကြီးနဲ့ ဆုံ​တွေ့ရ​တော့တာပဲ...။

ကျန်းလင်းရီ

Department of Human Resources Management

သိရသ​ရွေ့​တော့ သူနဲ့ ကျန်းလင်းရီ ဟာ တူညီတဲ့ အတိတ်​ကံ​ကောင်းမှု​တွေ ပိုင်​ဆိုင်​ထားကြတာပါပဲ။ ​ကောင်းမွန်​တဲ့ ဂုဏ်​သတင်း​တွေ၊ ပြီး​တော့ ရုပ်​ရည်​​ချော​မောမှု​တွေ​ရော​ပေါ့....။

ကျန်းလင်းရီ ကလည်း သူ့ရဲ့ Xiao Cao* ​နေရာကို ဆက်​ပြီး ထိန်းသိမ်းဖို့ ​တောင်​ပိုင်းမှာရှိတဲ့ ဒီ F University ကို ​ရောက်​လာခဲ့တယ်​..။

အဲ့ဒါ​ကြောင့်​ ​ကောင်​​လေးနှစ်​​ယောက်​ဟာ သူတို့တစ်​ဦးတည်း၊ ကိုယ်​စီ ပိုင်​ဆိုင်​ခဲ့ကြတဲ့ Xiao Cao ​နေရာ​​လေးကို ဒီ University မှာ share ယူ​​နေရသလို ဖြစ်​​​နေတယ်​။ နှစ်​​ယောက်​လုံး အတွက်​ အဆင်​မ​ပြေတဲ့ အ​ခြေအ​နေတစ်​ရပ်​မို့ ဝမ်​ကွမ်းန​င်​ နဲ့ ကျန်းလင်းရီ ဟာ တက္ကသိုလ်​စတင်​ကတည်းက တစ်​​ယောက်​နဲ့တစ်​​ယောက်​ မသိမသာ​ရော သိသိသာသာ ​ရော ယှဉ်​ပြိုင်​မှု​တွေနဲ့ ဖြစ်​တည်​လာခဲ့ကြ​တော့တယ်​။

ပြောရယင်​ဖြင့်​ အကယ်​၍ ဝမ်​ကွမ်းန​င်​ ​ကျောင်းသားသမဂ္ဂ အဖွဲ့ထဲ ဝင်​ရင်​ ကျန်းလင်းရီ  ကလည်း ​ကျောင်းသားအဖွဲ့အစည်းထဲ ဝင်​သွားတာမျိုး ......၊ ဝမ်​ကွမ်းန​င်​ အ​နေနဲ့ သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်​လာရင်​ ကျန်းလင်းရီ  ကလည်း ကျောင်းသားအဖွဲ့အစည်းရဲ့ သဘာပတိ မ​ကြာခင်​မှာပဲ ဖြစ်​လာတာမျိုး.....။

တကယ်​လို့ ဝမ်​ကွမ်းန​င်​ ဟာ Marketing Department ရဲ့ First Grade Scholarship ရယင်​ ကျန်းလင်းရီ ကလည်း Human Resources Management Department ရဲ့ First Grade Scholarship ရသွားတာမျိုး။

အကယ်​လို့ ဒီ​နေ့ Finance Department က top beauty တစ်​​ယောက်​ ဝမ်​ကွမ်းန​င်​ ကို ချစ်​​ရေးဖွင့်​ဆိုခဲ့တယ်​ဆိုရင်​ ​နောက်​​နေ့ကျရင်​​တော့ အနီးနား တက္ကသိုလ်​တစ်​ခုက top beauty တစ်​​ယောက်​ ကျန်းလင်းရီ ကို activities ​တွေမှာ ပါဖို့ တရားဝင်​ ဖိတ်​​ခေါ်လိုက်​တာမျိုး....။

ကောင်​​လေးနှစ်​​ယောက်​ဟာ ကဏ္ဍ​ပေါင်းစုံက​နေ ယှဉ်​ပြိုင်​ကြတယ်​...။ ရုပ်​ရည်​အစ၊ ကိုယ်​​ရည်​ကိုယ်​​သွေး အလယ်​၊ ​အောင်​မြင်​​ကျော်​ကြားမှု အဆုံး ....။ F Uni က ​ကျောင်းသား​တွေ သိကြတာ​တော့ ဒီ Xiao Cao နှစ်​​ယောက်​ဟာ တကယ့်​ မီးနဲ့ ​ရေလိုပဲ၊ တ​ယောက်​နဲ့တ​ယောက်​ ကြည့်​လို့ မရကြတာကို​ပေါ့။

နှစ်​​ယောက်​သား လိုက်​ကြိုက်​ ပိုးပန်း​နေတဲ့ ​ကောင်​မ​လေးကလည်း တ​ယောက်​တည်းရယ်​ ...။

ယွီဟိုင်​နင်

Department of Journalism

ယွီဟိုင်​နင်​  ဟာ သူတို့နှစ်​​ယောက်​ထက်​ ငယ်​တယ်​ .... နှင်းပွင့်​လို ဖြူ​ဖွေး​နေတဲ့ အသားအ​ရေ၊ ပြီး အသံချိုချိုလွင်​လွင်​​လေးကိုလည်း ပိုင်​ဆိုင်​ထားတယ်​ ...... အလှ​လေး​တွေ စု​နေတဲ့ Journalism Faculty မှာ ကျန်​တဲ့​ကောင်​မ​လေး​တွေ ​ရှေ့မထွက်​ရဲ​အောင်​ကို ဖိနှိမ်​ထားနိုင်​တဲ့ သူ(မ)ရဲ့ အလှက​တော့ တကယ့်​ကို ပြိုင်​စံရှား ....။

F University ရဲ့ ​နောက်​ဆုံး Top Ten သီဆိုယှဉ်​ပြိုင်​ပွဲမှာ ယွီဟိုင်​နင်​  အ​နေနဲ့ အထူးဧည့်​သည်​​တော်​​နေရာက​နေ ဖိတ်​ကြားခံရတယ်​ ...

F University က ဘယ်​​ကောင်​မ​လေးကိုမှ မျက်​စိထဲမထည့်​တဲ့ ဝမ်​ကွမ်းနင်​ အတွက်​​တော့ ယွီဟိုင်​နင်​  လို တမူထူးခြားတဲ့ အစွမ်းအစ​တွေ ပိုင်​ဆိုင်​ထားတဲ့ မိန်းက​လေးမှ သူနဲ့ ထိုက်​တန်​တယ်​လို့ ယူဆ​လေရဲ့ ...၊ ဒါ​ကြောင့်​ ​ကောင်​မ​လေး​တွေ စိတ်​အားထက်​သန်​စွာ လိုက်​ပိုးပန်း​နေကြတဲ့ ဝမ်​ကွမ်းနင်​ ဟာ ပထမဆုံးအကြိမ်​အဖြစ်​ ​ကောင်​မ​လေးတ​ယောက်​ကို လိုက်​ပိုးပန်းဖို့ ဆုံးဖြတ်​ချက်​ချလိုက်​တယ်​ ..။

မ​မျှော်​လင့်​ထားတာက​တော့ ကျန်းလင်းရီ  ကလည်း ယွီဟိုင်​နင်​  ကို လိုက်​ပိုးပန်း​နေတာပါပဲ...၊ မနက်​ဖက်​မှာ ဝမ်​ကွမ်းနင်​ ဆီက​နေ ပန်းစည်းရယင်​ ​နေ့ခင်းဖက်​မှာ​တော့ ကျန်းလင်းရီ  ဆီက​နေ ​ချောကလက်​​လေး ​ရောက်​လာတတ်​တယ်​၊ အကယ်​၍ စ​နေ​နေ့မှာဝမ်​ကွမ်းနင်​ ဟာ ယွီဟိုင်​နင်​  နဲ့ စာကြည့်​တိုက်​သွားရင်​ တနင်္ဂ​နွေ ကျရင်​​တော့ ကျန်းလင်းရီ ဟာ ယွီဟိုင်​နင်​  ကို တက္ကသိုလ်​ထဲ လမ်း​လျှောက်​ထွက်​ ​ခေါ်သွားတတ်​တာမျိုး ...။ အရင်​က ပြိုင်​ဆိုင်​မှု​တွေလို အနိုင်​အရှုံး ​အရိပ်​မပြတဲ့ ယွီဟိုင်​နင်​  အ​ပေါ် သူတို့နှစ်​​ယောက်​ရဲ့ ပိုးပန်းခြင်းက​တော့ ရလဒ်​ထွက်​မလာဘဲ ရှိ​နေဆဲ ...။

ယွီဟိုင်​နင်​ က​တော့ ဝမ်​ကွမ်းနင်​ ဆီက ပန်းစည်းကိုလည်း ယူတယ်​၊ Zhang Lingyi ဆီက ​ချောကလက်​လည်း ယူတယ်​။ စ​နေ​နေ့မှာ တ​ယောက်​နဲ့ စာကြည့်​တိုက်​သွားသလို ​တနင်္ဂ​နွေမှာ နောက်​တ​ယောက်​နဲ့ လမ်း​လျှောက်​ထွက်​ အ​ဖော်​လိုက်​​ပေးတယ်​။

တခြား​သော ယှဉ်​ပြိုင်​မှု​တွေမှာ ​ကောင်​​လေးနှစ်​​ယောက်​ရဲ့ ဘယ်​သူနိုင်​တယ်​ ဘယ်​သူရှုံးတယ်​ ဆိုတဲ့ result ထွက်​​နေ​ပေမဲ့ ယွီဟိုင်​နင်​  နဲ့ ပတ်​သက်​လာတဲ့အခါ သူတို့ရဲ့ result က ထွက်​လာဖို့ မ​သေချာ​တော့သလိုလို ...။

ဝမ်​ကွမ်းနင်​ စဉ်းစားမိတာက သူ ယွီဟိုင်​နင်​ ကို Heart ထိ​,​အောင်​ မလုပ်​နိုင်​​သေးလို့ ဖြစ်​ရမယ်။ တစ်​​နေကုန်​နီးပါး Baidu² နဲ့ Weibo³ မှာ သ​ဝေထိုးပြီး​တော့ ​နောက်​ဆုံး ​ဆုံးဖြတ်​ချက်​​ကောင်းတစ်​ခု အ​တွေးထဲ ဝင်​​ရောက်​လာ​တော့တယ်​။

နှစ်​စဉ်​ December လတိုင်း F University ဟာ အားကစားခန်းမမှာ Fresher welcome နဲ့ Farewell Party ကျင်းပ​လေ့ရှိတယ်​။

ဝမ်​ကွမ်းနင်​ ​တွေးမိတာက အဲ့လို တ​ကျောင်းလုံး​ရှေ့မှာ ယွီဟိုင်​နင်​ ကို ချစ်​​ရေးဖွင့်​ဆိုရင်​ သူ(မ) သူ့ကို ပြန်​ချစ်​လာမှာပဲ ဆိုပြီး ​တွေးမိတယ်​ ..။

ဒီ နည်းလမ်းနဲ့ ကျန်းလင်းရီ ကိုလည်း ခါထုတ်​ပစ်​နိုင်​မယ်​လို့ ယုံကြည်​​နေမိတယ်​။

သမဂ္ဂမှာ လုပ်​ခဲ့စဉ်​က ရှိခဲ့တဲ့ အဆက်​အသွယ်​​တွေ၊ ရင်းနှီးမှု​တွေကို အသုံးချပြီး လက်​ရှိအ​ခြေအ​နေ (A/N သီချင်းဆိုပြိုင်​ပွဲ ) ကို အ​ကောင်​အထည်​​ဖော်​ဖို့ အသည်းအသန်​ ကြိုးစားခဲ့ရတယ်​..။

ဝမ်​ကွမ်းနင်​ သီချင်းဆိုအပြီးမှာပဲ Sun Siyang ရဲ့ စင်​​ပေါ်အတက်​ ခလုတ်​တိုက်​လဲကျအသံ က ကျယ်​​လောင်​စွာ ​ပေါ်လာတယ်​ ..

"​အားလုံးပဲ ... ကျွန်​​တော့ဆီမှာ သတင်း​ကောင်း​လေး တစ်​ခု ​ပြောဖို့ ရှိပါတယ်​ .. ခုန​လေးတင်​ကပဲ ​ကျောင်းသားတစ်​​ယောက်​ ကျွန်​​တော်​တို့ စီစဉ်​သူ​တွေကို ထပ်​​လောင်း အစီအစဉ်​တစ်​ခု ​တောင်းဆိုခဲ့ပါတယ်​"

ရေဗူးအဖုံးဖွင့်​ရင်း ဝမ်​ကွမ်းနင်​ စိတ်​ထဲ ထင့်​လာသလို ခံစားရတယ်​။ ​​သေချာသွားတာက​တော့ Sun Siyang ရဲ့ တုန်​တုန်​ယင်​ယင်​နဲ့ ​ကြေညာလိုက်​တဲ့ အသံ​ကြောင့်​ပါပဲ။

"အဲ့ ​ကျောင်းသား​လေးက​တော့ ဝမ်​ကွမ်းနင်​ နဲ့အတူ Xiao Cao ​နေရာကို အတူ share ထားပြီး သန်း​ပေါင်းများစွာတဲ့ မိန်းက​လေး​တွေရဲ့ အသည်းနှလုံးကို ပိုင်​ဆိုင်​ထားတဲ့ ကျန်းလင်းရီ ပဲ ဖြစ်​ပါတယ်​"

Sun Siyang လက်​ပြရာက​နေပြီး တဆက်​တည်းမှာပဲ ကျန်းလင်းရီ  စင်​​​နောက်​က​နေ ထွက်​လာတယ်​၊ ပုရိသတ်​ကို လှမ်းကြည့်​လိုက်​တာနဲ့ ​အား​ပေးသံ​တွေက စင်​​အောက်​က​နေ ကျယ်​​လောင်​စွာ ​ပေါ်ထွက်​လာတယ်​။

"ဒီလိုမျိုး ရုတ်​တရက်​ ဆုံးဖြတ်​ချက်​ ချလိုက်​ရတဲ့ အတွက်​ ​အားလုံးကို တောင်းပန်​ပါတယ်​၊ အားလုံး mood ဝင်​​နေတာ မပျက်​သွားဖို့ ​မျှော်​လင့်​ပါတယ်​၊ ကျွန်​​တော်​လည်း ဝမ်​ကွမ်းနင်​ လိုပါပဲ၊ ဒီလို ရခဲတဲ့ အခွင့်​အ​ရေးမှာ ကျ​​နော်​ ချစ်​ကြိုက်​​နေတဲ့ မိန်းက​လေး အတွက်​ သီချင်းဆိုချင်​ပါတယ်​၊ ဟိုင်​နင်​ ကိုယ်​​ပြောချင်​တာကို နားလည်​မယ်​လို့ ​မျှော်​လင့်​ပါတယ်​"

ပုရိသတ်​​တွေရဲ့ မိုးထိတိုင်​​အောင်​ အား​ပေးသံ​တွေက ​နောက်​တစ်​ခါ ထပ်​ပြီး ​ဆူညံစွာ ​ပေါ်ထွက်​လာတယ်​။ ကျန်းလင်းရီ ရဲ့ ကြည်​လင်​တဲ့အသံဟာ သူဆို​နေတဲ့ 《我的歌声里》- Wo De Ge Sheng Li ဆိုတဲ့ သီချင်းမှာ ​သာယာစွာ ​သီဆိုရင်း ​စီး​မျော​နေတယ်​။

ဝမ်​ကွမ်းနင်​ ဟာ စိတ်​ဆိုး​နေတယ်​။ သူ သတိထားပြီး ​သေချာစီစဉ်​ခဲ့တဲ့ အခွင့်​အ​ရေးကို ကျန်းလင်းရီ ကို ​ပေးပစ်​ရသလိုဖြစ်​​နေတယ်​။ တချို့အရာ​တွေက သည်းခံနိုင်​​ပေမဲ့ ခြွင်းချက်​တချို့မှာ​တော့ သည်းခံနိုင်​ဖို့ မဖြစ်​နိုင်​ဘူး။

ကျန်းလင်းရီ  စင်​​ပေါ်က ဆင်းလာတဲ့ လမ်းကို ပိတ်​ပြီး ရန်​မူတဲ့ အသံနဲ့ (spat - ptff တံ​တွေးမြည်​သံ)

"ကျန်းလင်းရီ  မင်း ​ယောက်ျား ဆိုရင်​ မနက်​ဖြန်​ ​နေ့ခင်း ၃ နာရီ၊ မြက်​ခင်းတုကွင်းပြင်​ထဲ လာခဲ့"

ဒါဟာ ပထမဆုံးအကြိမ်​ ဝမ်​ကွမ်းနင်​ နဲ့ ကျန်းလင်းရီ  တို့ တရားဝင်​ မျက်​နှာချင်းဆိုင်​ စိန်​​ခေါ်တဲ့ ပွဲဖြစ်​သွားတယ်​။ အရင်​တုန်းက​တော့ သူတို့ဟာ မရပ်​မနား တ​ယောက်​နဲ့ တ​ယောက်​ ယှဉ်​ပြိုင်​ခဲ့​ပေမဲ့ ထိပ်​တိုက်​​တွေ့တာမျိုး မရှိခဲ့ဘူး။ သမဂ္ဂနဲ့ ​ကျောင်းသားအဖွဲ့အစည်း အတူတူ ပူး​ပေါင်း​ဆောင်​ရွက်​ရမယ့်​ ပွဲ​တွေ၊ activities ​တွေ ရှိ​တော့ တ​ယောက်​နဲ့တ​ယောက်​ အ​ပေါ်ယံအားဖြင့်​ ဆက်​ဆံ​ရေး အဆင်​​ပြေ​နေတဲ့ပုံ ​ပေါ်​အောင်​ ​ပြုမူကြတယ်​။

ကျန်းလင်းရီ ရဲ့ သည်းမခံနိုင်​တဲ့ အပြုအမူ​ကြောင့်​ ဝမ်​ကွမ်းနင်​ သူရဲ့ smart ကျတဲ့ style ကို အပျက်​ခံပြီး ဒီလို အ​ခြေအ​နေကို ​ရောက်​ရှိခဲ့ရ​တော့တယ်​။

ကျန်းလင်းရီ  ​ခေါင်း​ကို ဂုဏ်​ယူဝင့်​ကြွားစွာ မော့ပြီး
"​ကောင်းပြီ​လေ၊ ငါ ​ယောက်ျားတစ်​​ယောက်​၊ ဒါ​ကြောင့်​ ငါ ဒီပြဿနာကို ​ယောက်ျား​တစ်​​ယောက်​လိုပဲ ​ဖြေရှင်းမယ်​"

*****

နောက်​​နေ့ ​နေ့လည်​ ၃ နာရီ တိတိမှာ ဝမ်​ကွမ်းနင်​ နဲ့ ကျန်းလင်းရီ  တို့ မြက်​ခင်းတုကွင်းပြင်​ထဲ ​ရောက်​လာကြတယ်​ ..၊ ဒီ မြက်​ခင်းတု က အမှန်​​တော့ F University ရဲ့ ​ဘောလုံးကွင်း နှစ်​ခုထဲက တစ်​ခု၊ တစ်​ခုက​တော့ မြက်​ခင်းအစစ်​နဲ့ .. ​ဒီတခုက​တော့ မြက်​ခင်းအတု​ပေါ့။

ဒီ မြက်​ခင်းတုကွင်းပြင်​ဟာ လူသွားလူလာ နည်းတယ်​ ..၊ ပြီး​တော့ အထိန်းအကွပ်​သိပ်​မရှိတဲ့ ​နေရာတစ်​ခုဖြစ်​လို့ ​ကျောင်းသား​တွေရဲ့ ရန်​ဖြစ်ဖို့ ပွဲစင်​တစ်​ခုလို ဖြစ်​​နေတယ်​..၊ ​ကျောင်းသား​တွေအ​နေနဲ့ မ​ကျေနပ်​တာရှိရင်​ ဒီမှာပဲ လာ​ဖြေရှင်းကြသလို တစ်​ခါတစ်​ရံ သင်​သာ ကံ​ကောင်းရင်​​တော့ ​ကောင်မ​လေး​​ချော​ချော​လေးတွေ ဆံပင်​​ဆောင့်​ဆွဲကြတဲ့ ပွဲ​လေး ​တွေ့ရမှာပါ။

ဒီ​နေ့ ရာသီဥတု အ​ခြေအ​နေ​ကောင်းတယ်​၊ ​ကောင်းဆို ရန်​ဖြစ်​လို့ ပို​တောင်​ကောင်း​နေသလို၊ ​အေးစိမ့်​စိမ့်​ ​လေ​​ပြေက​လေး တိုက်​ခတ်​သွားရာမှာ သစ်​ရွက်​​ခြောက်​​တွေ အလိုက်​သင့်​ ​​လေထဲ ပင့်​ပါသွားကြတယ်​။

မျက်​နှာချင်းဆိုင်​ ရပ်​ကြည့်​​နေကြတဲ့ လူနှစ်​​ယောက်​ ...၊ တစ်​ကယ်​​တော့ ဝမ်​ကွမ်းနင်​ က ကျန်းလင်းရီ  ထက်​ နည်းနည်း​လေး အရပ်​ပိုမြင့်​တယ်​၊ ဒါ​ပေမဲ့ နည်းနည်း​တော့ ပိန်​တယ်​။ ဝမ်​ကွမ်းနင်​ ကို ကြည့်​ပြီး ကျန်းလင်းရီ  ခန္ဓာကိုယ်​ကို ​တောင့်​တင်း​နေ​အောင်​ ပြင်​လိုက်​တယ်​.... 'ဘယ်​​နေရာမှာမှ အရှုံးမ​ပေးနိုင်​ဘူး ဆိုတဲ့ အမူအရာနဲ့'....

လေထဲ လွင့်​​နေတဲ့ အင်္ကျီစ​တွေနဲ့အတူ နှစ်​​ယောက်​သား တ​ယောက်​ကိုတ​ယောက်​ ခပ်​တည်​တည်​ကြီး ကြည့်​​နေကြတယ်​။

"ပထမအချက်​ ... မျက်​နှာကို မထိုးကြဖို့ သ​ဘောတူညီမှု ယူကြမယ်​" ဝမ်​ကွမ်းနင်​ က မျက်​စိ​မှေးကြည့်​ပြီး ​ပြောလိုက်​တယ်​။

"​ကောင်းပြီ​လေ" ပါးပါး​လေး ပြုံးပြလိုက်​ရင်း ​ပြန်​​ပြောလိုက်​သူက ကျန်းလင်းရီ.. ။

ကျန်းလင်းရီ  ​ပြောအပြီးမှာပဲ ဝမ်​ကွမ်းနင်​ သူ့​ဗိုက်​က​နေပြီး လက်​သီးတစ်​ချက်​မိသွားတာ ခံစားလိုက်​ရတယ်​။

“Shit!”

ကျန်းလင်းရီ လျစ်​လျူရှု လိုက်​ပြီး ​အသာရဖို့ ချက်​ချင်း ခြေ​ထောက်​​မြှောက်​တက်​လိုက်​တယ်​ ... ချက်​ချင်းပဲ နှစ်​​ယောက်​သား ရန်​ပွဲတစ်​ခုအတွင်း ကျ​ရောက်​သွားကြတယ်​ ... ဝမ်​ကွမ်းနင်​ က Basketball club အသင်းသားတစ်​ဦးဖြစ်​တယ်​ .... ကျန်းလင်းရီ  က 'Track and Field' အသင်းမှာ .... သူတို့နှစ်​​ယောက်​ဟာ လက်​ရည်​ညီကြပါတယ်​ .... ထိုးတဲ့​နေရာ​ရော ​ရှောင်​တဲ့​နေရာ​ရော .. မြန်​ချက်​ပဲ။

ရလဒ်​က​တော့ ခန့်​မှန်းဖို့ ခက်​​နေတယ်​ ... ဝမ်​ကွမ်းနင်​ ဟာ ဝမ်းဗိုက်​မှာ ဒဏ်​ရာတချို့ရထားလို့ အံကြိတ်​​နေတယ်​ ... ဆက်​လက်​မတိုက်​ခိုက်​နိုင်​​တော့မှာစိုးတာနဲ့ ဝမ်​ကွမ်းနင်​ ဟာ ကျန်းလင်းရီ  ကို ​လှဲချလိုက်​ပြီး သူ့ဗိုက်​​ပေါ် တက်​ခွထားလိုက်​တယ်​ ... ပြီး​တော့ လက်​သီးချက်​​တွေက တစ်​ဖက်​လူ မျက်​နှာဆီသို့ ....

"Fuck, မင်း ငါ့မျက်​နှာကို ထိုးတယ်​?"

ကျန်းလင်းရီ  ​ဒေါသထွက်​သွားပြီး ဝမ်​ကွမ်းနင်​ ကို ​မြေ​ပေါ်ပြန်​လှဲချလိုက်​တယ်​ ... ပြီး​တော့ တဖက်​လူ မျက်​နှာဆီကို လက်​သီး​တွေ ပစ်​သွင်းလိုက်​တယ်​ ... အ​စောတုန်းက သူတို့ရဲ့ သ​ဘောတူညီချက်​ ဖြစ်​တဲ့ 'မျက်​နှာမထိုးရ' ဆိုတာ​လေး ပျက်​သွား​တော့တယ်​..။

နှစ်​​ယောက်​သား တ​ယောက်​ကို တ​ယောက်​ကြည့်​ရင်း စိတ်​မသက်​သာ၊ အထူးသဖြင့်​ တခြားတ​ယောက်​က ကိုယ့်​မျက်​နှာမှာရှိတဲ့ ဒဏ်​ရာ​တွေနဲ့ တူညီစွာရှိ​နေတာကို​ပေါ့။ ကြိတ်​မနိုင်​ ခဲမရ ဖြစ်​​နေကြတယ်​။ အခု​တော့ သူတို့ရဲ့ အ​စောနက သ​ဘောတူညီချက်​ ပျက်​သွားပြီမို့ တ​ယောက်​မျက်​နှာ တ​ယောက်​ မမှတ်​မိ​လောက်​​အောင်​ အဆက်​မပြတ်​ ထိုးပစ်​​နေကြတယ်​။

နောက်​ဆုံး​တော့ လက်​သီးသံ​တွေ ​အော်​ညည်းသံ​တွေ မကြာခဏ ဆိုသလို ကွင်းပြင်​ထဲ ထွက်​​ပေါ်လာ​တော့တယ်​။

"အား .. မင်း ငါ့ မျက်​လုံး ထိုးတယ်​"

"မင်းလည်း ငါ့ညီ​လေးကို ကန်​ပစ်​တာပဲ​လေ"

"Fuck, မင်း ငါ့နှာ​ခေါင်း ထပ်​ထိရင်​ ငါသည်းမခံ​တော့ဘူး"

"မင်းကများ ................"

***

နှစ်​​ယောက်​သား ထိုးကြိတ်​ကြတာ ၂နာရီ​လောက်​ကြတယ်​ ... ​နောက်​ဆုံး နှစ်​​ယောက်​သား ​မြေကြီး​ပေါ် လှဲချပစ်​လိုက်​ကြတယ်​ ... ​လေကို အငမ်းမရ ရှူသွင်း​နေကြတယ်​ ... သူတို့ မျက်​နှာက​တော့ ​ခြောက်​ခြားဖွယ်​အတိ ...၊ ဒဏ်​ရာ ဒဏ်​ချက်​ ​တွေနဲ့ မျက်​နှာတပြင်​လုံးကို ​ရောင်​စုံ ဆိုးထားသလိုပဲ .... သူတို့ ကိုယ်​ သူတို့ မ​ရွေ့နိုင်​ကြ​လောက်​​အောင်​ နင်​ကျင်​မှု​တွေနဲ့ ပင်​ပန်း​စွာ လဲ​လျောင်း​နေကြတယ်​။

"ဒီကိစ္စ မပြီး​သေးဘူး ... Loazi (A/N: မင်းအ​ဖေ,ငါ) ခဏ​နေ အားပြန်​ပြည့်​ရင်​ ဆက်​ထိုးကြမယ်​" ... အသက်​ပြင်းပြင်းရှူရင်း ဝမ်​ကွမ်းနင်​ ​ပြောလိုက်​တယ်​။ သူ့ ​လေသံက မာ​နေ​ပေမဲ့ မျက်​လုံးက​တော့ ​ကောင်းကင်​ကို ​မော့ကြည့်​​နေရင်း ​ရန်ဆက်​​ဖြစ်​ဖို့ အာသီသ ကင်းမဲ့​နေတယ်​။

"​အေး....  မင်း ... အ​ဖေ ... လည်း .....ခဏ.... ​နေ မင်းညီ​လေးကို အဆုံးသတ်​​ ..... ပေးမယ်​" ....  စကား​တောင်​ မပီ​တော့ပဲ တဝက်​တပျက်​နဲ့ ကျန်းလင်းရီ  ပြန်​​ပြောလိုက်​တယ်​။

အချိန်​​အ​တော်​ကြသည်​ အထိ နှစ်​​ယောက်​သား စကားဆက်​မ​ပြောဖြစ်​ကြ ... တစ်​ကိုယ်​လုံး နာကျင်​ကိုက်​ခဲ​နေမှု​ကြောင့်​ ပြန်​ထချင်​စိတ်​ပင်​ ​မရှိ။ ​ပြောချင်​တာ ​ပြောပြီးကြသည်​နှင့်​ တ​ယောက်​မှ ဘာမှ ... ထပ်​​ပြောချင်​စိတ်​မရှိ​တော့။

ည​နေ ​နေဝင်​ရီတ​ရော အချိန်​ပင်​ ​ရောက်​လာပြီ၊ လူသူအရိပ်​အ​ခြေကင်းမဲ့​နေတဲ့ ကွင်းပြင်​ထဲ ​လေပြင်းတချက်​က ​နှစ်​​ယောက်​သား ပင်​ပန်း​နေမှုကို ​ဖြေ​ဖျောက်​ဖို့ ​တိုက်​ခတ်​ဝင်​​ရောက်​လာသလိုလို။

"Honey, ဘာလို့ ​နောက်​ကျ​နေတာလဲ .... ဒီမှာ ​စောင့်​​နေရတာ ကြလှပြီ"

ယွီဟိုင်​နင်​ ရဲ့ ကလူ၏မြူ၏ မည်​တဲ့ အသံချိုချို​လေး က  ​ပေါ်ထွက်​လာတယ်​။

"ကိုယ်​ ခဏ​လေးပဲ ကြာသွားတာပါကွာ .. ကိုယ်​ ​နေ့တိုင်း Dinner Party တက်​ရတယ်​ဆိုတာ အချစ်​​လေးကလည်း သိရဲ့သားနဲ့ကို .. ကိုယ်​ အခုပဲ မြို့​တော်​ဝန်​နဲ့ ဝိုင်​အတူ​သောက်​ရင်း project အ​ကြောင်း ​ဆွေး​နွေးလာကြတာ .. အဲ့ project က သန်း ၁၀၀ တန်​တယ်​ကွ" ... ကြို့ထိုး​နေသလိုလို ​အရက်​သမားမူး​နေသလိုလို ဗလုံးဗ​ထွေး အသံနဲ့ အမျိုးသားတစ်​​ယောက်​ ပြန်​​ပြောသံ ကြား​နေရတယ်​။ အဲ့အမျိုးသား အသံပြဲနဲ့ ​ပြော​နေတာကို နား​ထောင်​ကြည့်​တာနဲ့ အချိန်​အတန်​ကြာအထိ အရက်​​သောက်​​နေမယ်​ဆိုတာရယ်​၊ ​ဆေးလိပ်​ကိုလည်း ​တော်​​တော်​ ​သောက်​မယ်​ ဆိုတာ ခန့်​မှန်းနိုင်​တယ်​။

နှလုံးသားကို ဖျစ်​ညှစ်​ခံလိုက်​ရသလိုပဲ ဝမ်​ကွမ်းနင်​ နဲ့ ကျန်းလင်းရီ တို့ တ​ယောက်​နဲ့ တ​ယောက်​ ဖျတ်​ခနဲ ကြည့်​မိလိုက်​ကြတယ်​ ... တခဏအတွင်းမှာပဲ အ​ခြေအ​နေကို နားလည်​သွားသလိုနဲ့ နှစ်​​ယောက်​သား ဖြည်းဖြည်းထပြီး ​ခြေသံလုံလုံနဲ့ အသံထွက်​လာတဲ့ ​နေရာကို ချည်းကပ်​သွားကြတယ်​။

ကွင်းပြင်​ရဲ့ အပြင်​ဖက်​မှာ ရှည်​လျားတဲ့ နိုင်လွန်​ကတ္တရာလမ်း တည်​ရှိတယ်​ .. ပြီး​တော့ ဒီ​နေရာက အထိန်းအကွပ်​ သိပ်​မရှိတာ​ကြောင့်​ လူ​တွေ လာ​လေ့မရှိကြဘူး .. ကား ဖြတ်​သွားဖြတ်​လာ​တောင်​ သိပ်​မရှိသ​လောက်​ပင်​။

နှစ်​​ယောက်​သား ​ထောင့်​နား​လေးမှာ ပုန်း​နေကြပြီး အာရုံစူးစိုက်​ ကြည့်​​နေကြတယ်​။ လမ်း​ဘေးမှာ ရပ်​​နေတဲ့ Mercedes-Benz ကား​လေးက ​​​သူ​ဋ္ဌေးလက်​သစ်​​လေး တဖြစ်​ ... ​ကား​လေး နား ရပ်​​နေတာက အဆီတဝင်းဝင်း မျက်​နှာနှဲ့ ခပ်​ဝဝ လူတ​ယောက်​ .. လက်​က​တော့ ယွီဟိုင်​နင်​ ရဲ့ တင်​ပါး​ပေါ်​ရောက်​​နေတယ်​ ..။
ယွီဟိုင်​နင်​ က ဝမ်​ကွမ်းနင်​ နဲ့ ကျန်းလင်းရီ တို့ကို ​ကျော​ပေးထားတာ​ကြောင့်​ ဟို လူကြီးလက်​နဲ့ ပယ်​ပယ်​နယ်​နယ်​ ဆုပ်နှယ်​​နေတာကို အတိုင်းသား မြင်​​နေရတယ်​။

ယွီဟိုင်​နင်​ နှုတ်​ခမ်းကို စူလိုက်​ရင်း ဟိုလူကြီး လက်​​မောင်းကို ခပ်​ဖွဖွ​လေး ရိုက်​လိုက်​တယ်​။

"Honey မ​ကောင်းဘူး၊ အရင်​တ​ခေါက်​ ​ပြော​တော့ ​နောက်​ခါ Project ​တွေမှာ ​ခေါ်သွားမယ်​ဆို၊ ခုဘာလို့ တ​ယောက်​တည်း သွားတာလဲ ..."

"အာ ... မင်းက သိပ်​လှတယ်​​လေ ... ​တော်​ကြာ မြို့​တော်​ဝန်​က မင်းကို လိုချင်သွားရင်​ ကိုယ်​ ဘယ်​လိုလုပ်​ရမှာလဲ .....
ဪ ပြီး​တော့ မင်း​လေးက University မှာ ​တော်​​တော်​ popular ဖြစ်​​နေတယ်​ဆို? xiao cao နှစ်​​ယောက်​​တောင်​ မင်းအတွက်​နဲ့ ပြိုင်​ဆိုင်​​နေကြတယ်​ ​ပြောတယ်​" ... လူဝကြီးက ယွီဟိုင်​နင်​ တင်​ပါးကို ဖိညှစ်​ဆုပ်​နယ်​​ရင်း ​ပြောလိုက်​တယ်​။

ငွေခြူ​သံ​​လေးလို အသံစာစာ​လေးနဲ့ ယွီဟိုင်​နင်​ တခစ်​ခစ်​ ရယ်​ရင်း .......

"Honey, အခုထိ နားမလည်​​သေးဘူးလား ... Haining က Honey လို အ​ခြေတကျဖြစ်​ပြီး ရင့်​ကျက်​တဲ့လူကိုပဲ စိတ်​ဝင်​စားတာ .. အဲ့လိုမျိုး အ​တွေ့အကြုံမရှိတဲ့ ​ကောင်​​လေး​တွေ စိတ်​မဝင်​​စားဘူး"

"အာ ... သိပြီ .. ​ကောင်​​လေး​တွေ ပိုက်​ဆံအိတ်​ထဲ ​ပိုက်​ဆံသိပ်​ရှိမှာ မဟုတ်​ဘူး ... သွားရ​အောင်​ .... ဒီည Dai Hong မှာ ဘိုကင်​လုပ်​ထားတယ်​ ... ဒီ​တော့​တော့ ကိုယ့်​ကို ​ကောင်း​ကောင်း အ​ဖော်​ပြု​ပေးရမယ်​​နော်​" Yu Haining ကို ကားထဲ ​ခေါ်သွင်းရင်း လူကြီးက ​ပြောလိုက်​တယ်​။

Dai Hong ဆိုတာ ဒီ​​နေရာမှာ​တော့ နာမည်​ကြီး ကြယ်​ငါးပွင့်​ရ ဟိုတယ်​ကြီး တစ်​ခု​ပေါ့ ...။

--------------------------------

Translation Note

*Xiao Cao = The number one most attractive guy of the school လို့ ပြန်​ထားပါတယ်​။ ​နောက်​ပိုင်း ဆက်​တိုက်​ ထပ်​ပါလာမှာမို့ မှတ်​ထား​​စေလိုပါတယ်​။

² Baidu = တရုတ်​နိုင်​ငံက search engine တစ်​ခုပါ၊ နိုင်​ငံတကာမှာ​တော့ Google ကို သုံးတာ များပါတယ်​။

³Weibo = social network တစ်​ခုပါပဲ၊ facebook လိုပါ၊ သို့​ပေမဲ့ facebook ထက်​ security ပိုင်း ပိုအားသာပါတယ်​၊ နိုင်​ငံရဲ့ social network ပိုင်းမှာ ပြဿနာ​တွေကို အစိုးရက အလွယ်​တကူထိန်းချုပ်​နိုင်​အောင်​ ပြုလုပ်​ထားပါတယ်​။

Loazi - စိတ်​ဆိုးပြီး ငါ, မင်းအ​ဖေ ... လို့ သုံးနှုန်းတာပါ။

Dai Hong - အင်​ပါယာ သို့ ဧကရာဇ်​၊ ​တော်​ဝင်​ဆန်​​သော၊ စွဲလန်းမှု။        

_____________________________________
End of 001
TBC®

Continuă lectura

O să-ți placă și

101K 4.1K 17
Warning ပေးပါသည် ဒါဒါတို့ မျှော်နေတဲ့ ဦးရှိန်းနဲ့ နောင်လေးရဲ့ အချစ်ဇတ်လမ်းလေးပါနော် ဒီတစ်ခါ ကျနော်ficကိုပြန်ပြောင်းရေးမယ် ukeရဲ့မကျေနပ်ချက်တွေနဲ့ချေ...
410K 12.8K 22
အချစ်ကြမ်းသူလူဆိုးကြီး သူရသစ် နှင့် ခွန်းရသတို့ရဲ့အချစ်လမ်းခရီးကဖြောင့်ဖြူးလေမလား ဒါဒါတို့ဖတ်ခြင်ကြလား ကြိုပြောပါမယ် 18+ပါပါမယ်နော် အချစ်ကြမ်းသူလူဆို...
829K 126K 200
This is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.
878K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...