ေလဒီရွဴး-24(yaoi story)
ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ေလးရွိတဲ႕ျခံေလးက လူဝင္
လူထြက္မျပတ္…
ဝသုန္ ကားကိုျခံျပင္မွာရပ္လိုက္တယ္။
ယေသာ္တို႔ရဲ႕ျခံက က်ယ္သားပဲ…
အရင္က ေရာက္ဖူးတယ္ဆိုေပမယ့္ ေသခ်ာမျကည့္မိခဲ႕။
အခု ျခံထဲမွာ အလွဴပါ လုပ္လို႕ရတယ္ဆိုေတာ့ က်ယ္က်ယ္ဝန္းဝန္းရွိတာပဲ။
ဝသုန္ ပတ္ဝန္းက်င္ကို ေလ့လာေနမိတယ္။ မေလ့လာလ္ို႕လည္းမရ…
ေရာက္ေနတာ ေတာ္ေတာ္ေစာေနတာကိုး…
အျခားလုပ္စရာမွမရွိတာ။
အလွဴက 8:00am စတာကို…
ခုမွ 8:15…
ေယာကၡမေလာင္းျကီးကို ဟိုေကာင္ေလး
တေယာက္တည္းဖြင့္ေျပာရမွာ စိတ္ပူလို႔သာ
အတူတူေျပာျကမယ္ေျပာခဲ႕တာ
တကယ္တမ္းက်ေတာ့ စိတ္ကလႈပ္ရွားမိသား…
ျသ…သူ႕အေဖသူဖြင့္ေျပာေပမယ့္ ကိုယ္မွမေနႏိုင္
တာက္ို
ျပီးေတာ့ ဘာလို႕ဒီေန႕ကို ေရြးသလဲပဲ?
ထားပါ…သူေရြးထားတဲ႕ေန႕ပဲေလ
သူ႕အေျကာင္းနဲ႕ သူရွိမွာေပါ႔။
သူေတာ့ ဘယ္လိုေနမလဲမသိေပမယ့္ ကိုယ္ကေတာ့
တညလံုး အိပ္မရ…
စာေမးပြဲေတာင္ စိတ္ထဲမထည့္ပဲ ျကံဳသလိုဝဇင္ေျဖခဲ႕တဲ႕ ဝသုန္…
ခုက်ေတာ့ စာေမးပြဲေျဖရမွာလည္းမဟုတ္ပဲနဲ႔ ဝသုန္ စိတ္ေတြအေတာ္မျငိမ္တာ…
အဲ႕တာမို႔ ေစာေနမွန္းသိေပမယ့္ ကားေမာင္းထြက္လာတာ…
ဒါေပမယ့္ ခုထိတေရးမွမအိပ္ရေသးတာမို႔
ကားက ဟိုဆြဲခ်င္သလို…ဒီတိုက္ခ်င္သလိုနဲ႕…
ကံေကာင္းလို႔ ဒီေရာက္လာတာ…
ကားေပၚမွာ တေရးေလာက္ေမွးမယ္ျကံျပီး
ျခံဘက္လွည့္ရင္း စတီယာတိုင္ကို ေခါင္းအံုးလိုက္
ေတာ့မွ ျခံေရွ႕မွာထြက္ရပ္ေနတဲ႕ ယေသာ့္ကို
ေတြ႕ေတာ့မယ္။
ရွပ္အက်ီ ၤအျဖဴေလးဝတ္ျပီး အျပာႏုေရာင္
ဂ်င္းေဘာင္းဘီအက်ပ္ေလးနဲ႕…
ရပ္ေနတာေတာင္ လြတ္လြတ္လပ္လပ္မဟုတ္။
လက္ထဲမွာ ဟင္းရည္ခပ္တဲ႕ပုန္းျကီးနဲ႕…
ေတာ္ေတာ္အလုပ္ရႈပ္ေနပံုေပါက္တယ္
အဲ႕တာဆို ဘာလို႔ထြက္ရပ္ေနပါလိမ့္!!??
ဘာမ်ားျဖစ္ျပန္ျပီလဲမသိ???
စိတ္ပူပူနဲ႕ ကားထဲကထြက္ျပီး သူ႕ဆီသြားလိုက္
တယ္။
ဆံပင္ေလးေတြက နဖူးမွာ ေခ်ြးနဲ႕ကပ္ေနျပီး
ပါးေလးႏွစ္ဖက္က နီရဲရဲေလး…
က္ိုယ္ပဲထင္ေနတာလား…
သူကပဲ စူပုတ္ပုတ္ျဖစ္ေနလို႔လားပဲ…
ျဖစ္ေနတဲ႕ရုပ္က ႏႈတ္ခမ္းေလးဆူျပီး ဂ်စ္ကန္ကန္ရုပ္ေလးနဲ႕။
ႏႈတ္ခမ္းစူထားတာေတာင္ ဒီေကာင္ေလးကိုက
ခ်စ္ဖ္ို႔ေကာင္းေနေသး…
အျခားသူနဲ႕ဆိုရင္ ဘယ္လိုျဖစ္ေနလဲမသ္ိေပမယ့္
ကိုယ္နဲ႕ဆိုရင္ ရုပ္ကေလးက အျမဲစူပုတ္လို႔…
ခုလည္း စူပုတ္ပုတ္နဲ႕ဆိုေတာ့ ျပႆနာျကီးျကီး
မားမားေတာ့ရွိပံုမရ…
ဘာပဲျဖစ္ျဖစ္ ဒီရုပ္ကေလးျမင္တာေတာင္
လူက အိပ္ခ်င္စိတ္ေတြေျပသြားသလိုလို…
''ခင္ဗ်ားက အေစာျကီးဘာလာလုပ္တာလဲ!!??''
ထင္သားပဲ…
စူပုတ္ပုတ္ျဖစ္ေနကတည္းက ေဟာက္ေတာ့မယ္
ဆိုတာ…
''အင္း…ငါအေစာျကီးႏိုးေနလို႔…''
ဝသုန္ အနီးစပ္ဆံုးသာေျဖလိုက္မိတယ္။
တညလံုးအိပ္မရဘူးဆိုရင္ ထပ္ေဟာက္တာ
ခံေနရဦးမယ္…
ဟိုေကာင္ေလးမေဟာက္တုန္းမွာ ဝသုန္ ေျခေထာက္ေတြအထိျကည့္မိေတာ့…
ေျခေထာက္ေလးေတြမွာ သူ႕မူပိုင္ျဖစ္တဲ႕ ေလဒီရွဳဳး
ဖိနပ္မရွိ…
''ဖိနပ္မစီးဘူးလား…''
ဝသုန္ေမးမိေတာ့ ယေသာ္ေခါင္းေလးခါျပျပီး…
''စီးမေနေတာ့ဘူး…အိမ္ထဲေကာ ျခံထဲေကာ
က်ြန္ေတာ္ပဲ စားပြဲထိုးေနရတာ။
စီးလိုက္ခ်ြတ္လိုက္
လုပ္ေနရရင္ အလုပ္ရႈပ္တာနဲ႕ ခ်ြတ္ထားတာ''
''အဲ႕ေလာက္အလုပ္မ်ားတာေတာင္ ဘာလို႔ထြက္လာ
တာလဲ…''
''ခင္ဗ်ားရဲ႕ကား ေတြ႕လိုက္လို႔ေလ… ''
ယေသာ္ေျပာရင္းနဲ႕ ေခါင္းေလးငံု႕လိုက္တယ္
''အခု…ေျပာမလို႔လား…''
ျသ…အခုေျပာရင္ေတာ့ ပြဲပါပ်က္သြားမွာေပါ့…
''ငါ…အလွဴျပီးမွလာခဲ႕မယ္ေလ။
ခုကားထဲမွာပဲေစာင့္…''
''အဲ႕တာ ဘယ္သူလဲ သား…''
အေနာက္က ျကားလိုက္ရတဲ႕အသံေျကာင့္
ႏွစ္ေယာက္သားလွည့္ျကည့္မိေတာ့
ခပ္ဝဝ…အသက္ျကီးျကီး လူတေယာက္…
''ေဖေဖ…ဟို…''
အေဖလား…ျသ…
ေယာကၡမေလာင္းျကီးကိုး
ဒါမို႔ စျမင္ကတည္းက စိတ္က သိပ္မျကည္ခ်င္တာ…
ဥပတိရုပ္က လူျကီးလူေကာင္းပီသေပမယ့္
ထိပ္နည္းနည္းေျပာင္ျပီး ႏွာေခါင္းနည္းနည္းပြခ်င္ေန
သလိုပဲ…
အင္း…ယေသာ့္အေမကေတာ့ အရမ္းေခ်ာခဲ႕လို႔
ဒီလိုသားေလးထြက္လာတာျဖစ္မယ္…
ယေသာ္က ဘာေျပာရမယ္မွန္းမသိျဖစ္္ေနေတာ့…
''က်ြန္ေတာ္က ယေသာ့္အသိ ပံုႏိုပ္တိုက္ ပိုင္ရွင္ပါ''
ဝသုန္ ပံုမွန္အတိုင္းသာ ေျဖလိုက္မိတယ္
ဟုတ္တယ္ေလ…
ဖြင့္ေျပာရင္ အေျပာခံရမယ့္
အတူတူ မ်က္ႏွာခ်ိဳေသြးမေနေတာ့…
ျပီးေတာ့ လူကလည္းမ်က္လံုးကို မနည္းျပဴးထား
ႊႊရတာ။
တညလံုးအိပ္ရေသးတာမဟုတ္ေတာ့ ဖားခ်င္စိတ္
လည္းမေပၚေသး…
ယေသာ့္ကိုေတြ႕တုန္းကသာ မ်က္လံုးနည္းနည္းျပဴးလာေပမယ့္ အခုသူ႕အေဖနဲ႕ေတြ႕ေတာ့ ျပန္ပိတ္ခ်င္လာျပီ။
''ဧည့္သည္ကို အထဲေခၚေလကြာ…သားကလည္း…
လာ ေမာင္ရင္ အထဲဝင္…''
ဆိုျပီး ဝသုန္႔ကို အတင္းျခံထဲဆြဲသြင္းေတာ့တာပဲ…
ယေသာ္ ဘာေျပာရမယ္မွန္းမသိခင္မွာ
ဟိုလူျကီးက ငူငူေငါင္ေငါင္ျကီးနဲ႕ အေဖ့ေနာက္ပါသြားတာ…
ယေသာ္ ဟင္းရည္ပုန္းေလးကိုင္လို႔ ေငးျကည့္ေနမိတုန္း…
အိ…
လူျကီးဝိုင္းမွာေတာင္ထိုင္ခိုင္းလို႔…
ျပႆနာပဲ…
ပံုႏိုပ္တိုက္ပိုင္ရွင္ဆိုလို႔ အေဖက အေရးတရာယူေနပံု
ရတယ္။
ပံုႏိုပ္တိုက္ပိုင္တာက ပိုင္တာပဲ
ကိုယ္နဲ႕ျကိုက္ေနတာမွန္းသာ
သိသြားလို႔ကေတာ့လား…!!!!!
ဟင့္ေနာ္…
ဟိုလူျကီးကလည္း ရုပ္တည္ျကီးနဲ႕…
နည္းနည္းပါးပါးေတာင္ မျငင္းပဲ ဧည့္ခံသမွ် ျငိမ္ေနရလား?
ေသသာေသလိုက္ခ်င္ေတာ့တယ္။
ယေသာ္ အေဖေတာ့ ေျကာက္တယ္…
ငယ္ငယ္ကတည္းက အုပ္ထိန္းလာတဲ႕အျပင္
အေဖေနရာကေကာ အေမေနရာကပါ ယေသာ့္
ကို ထိန္းလာတာဆိုေတာ့
အမထက္ အေနပိုနီးသည္…
အေဖက သေဘာေကာင္းသေလာက္
စိတ္ျမန္တာေနာ္…
ဖြင့္ေျပာတာေတာင္မွ မျဖစ္္မေနမို႔လို႔ ဒီေန႕ေရြးရတာ…
အလွဴလုပ္တဲဲ႕ေန႔ေတြဆို ေဖေဖက ေဒါသထြက္စရာရွိရင္ေတာ့ ေအာင့္ထားတတ္တယ္ေလ။
အဲ႕ဒါမို႕ ဒီေန႕ေျပာမလို႔ဟာ…
အခုေတာ့…ဟိုလူျကီးက…
''ယေသာ္…ဘာရပ္လုပ္ေနတုန္း…အထဲက ဝိုင္းမွာ
ဟင္းရည္ကုန္ေနျပီ…''
ျမတ္ယမံုသာ ေျကာင္ေတာင္ေတာင္နဲ႕ ႊရပ္ေနတဲ႕ယေသာ့္အနားေရာက္လာျပီး
ယေသာ္ျကည့္ေနတဲ႕ ေနရာကိုျကည့္လိုက္ေတာ့…
''ဟင္…ဟိုအေကာင္…နင့္အေကာင္…''
''အာ…အမကလည္း…ရွဴး…''
အမက ထေအာ္ေတာ့ ယေသာ့္မွာ တားရေသးတယ္
အဲ႕တာေတာင္…
''ဘာကိုရွဴးတာလဲ…နင္ေျပာေတာ့ အလွဴျပီးမွလာမွာ
ဆို…''
ျမတ္ယမံု စိတ္ညစ္ညစ္နဲ႕ ေလသံတ္ိုးလိုက္ရသည္…
ေျပာမႏိုင္တဲ႕အဆံုးမို႔ လႊတ္ေပးထားရတာကို
အခုဟာက…
''သူ…ေစာေရာက္လာတာ''
ယေသာ္က မ်က္ႏွာငယ္ေလးနဲ႕ျပန္ေျဖေတာ့
''ေအးဟာ…နင့္ဇာတ္ နင္ႏိုင္ရင္ျပီးတာပဲ…
အိမ္္ထဲက ဝိုင္းေတြမွာ ဟင္းရည္လိုေနတယ္
အဲ႕တာသြားျဖည့္လိုက္!.''
ျမတ္ယမံုေျပာေတာ့ ယေသာ္ေခါင္းေလးကုတ္ျပီး
အိမ္ထဲဝင္သြားတယ္
အိမ္ထဲေကာ အိမ္ျပင္မွာေကာ ျကမ္းျပင္ေပၚ ေကာေဇာျကီးေတြခင္းျပီး စားပြဲဝ္ိုင္းေတြနဲ႕
ေက်ြးတာပါ…
ယေသာ္တို႔အိမ္မွာ အျကီးအက်ယ္ တႏွစ္တခါလွဴတာဆိုလို႔ ဝါဆိုသဃၤန္းကပ္တာပဲ
ရွိတာ…
တႏွစ္တခါဆိုေပမယ့္ လက္မလည္…
ေက်ြးတာက မုန္႔ဟင္းခါးေပမယ့္လည္း တရပ္ကြက္လံုး အားေပးျကတာမို႔ ျမတ္ယမံုသာ
လာျပီးကူေနရတာ…
ျမတ္ယမံု တေယာက္တည္းေတာ့မဟုတ္…
အမ်ိဳးေနာက္ႏွစ္ေယာက္ပါ လာကူေပမယ့္
အလုပ္က မတြင္ခ်င္
အေပၚထပ္ကိိုေတာ့ ေနရာမခင္းေတာ့…
ပင့္တဲ႕ဆရာေတာ္ သံုးပါးစလံုးက သက္ေတာ္ျကီီးျပီမို႔ ေလွကားတက္ဖို႔လြယ္ကူမွာ မဟုတ္လို႔ ျခံထဲမွာသာ ကုတင္ကို စဥ္လိုေကာ္ဇာခင္းျပီး
ေနရာျပင္ေပးထားတာ…
အခုလည္း ပရိသတ္က ရံုအျပည့္အလွ်ံမို႔ လိုက္ပြဲက
ခ်လို႔မျပီးေတာ့…
ဆရာေတာ္ဝိုင္းကို အေအးကပ္ရဦးမယ္…
လူကလည္း ႏွစ္ကိုယ္ခြဲလို႔မရ
ယေသာ့္အေဖ(မိမိဦးေလး)ကို ျကည့္ေတာ့လည္း
လူျကီးေတြနဲ႕စကားေျပာေနတယ္။
မထူးေတာ့တာနဲ႕ပဲ ေရွ႕နားမွာထိုင္ေနတဲ႕
ဝသုန္မာန္ကို…
''ကိုဝသုန္…''
ေခၚသံျကားေတာ့ ဝသုန္ မစားပဲထိုင္ေနရာက
ေမာ့ျကည့္မိတယ္။
ေက်ြးတာက မုန္႔ဟင္းခါးဆိုေတာ့ စားလိုက္ရင္
ဗိုက္ေလးျပီး တခါတည္း အိပ္ေပ်ာ္သြားမွာစိုးလို႔ ဒီအတိုင္းသာ ကသိုင္းရႈေနရတာပါ…
အဲ႕တာကို ဘာေခၚလုပ္ျပန္တာလဲမသိ။
''ဒါေလး ဘုန္းျကီးဝိုင္းပို႔ေပးပါလား…''
ေျပာျပီးတာနဲ႕ လက္ထဲက အေအးဗန္းျကီး
ထိုးေပးျပီးထြက္သြားတယ္။
ျသ…
ကို္ယ္က မူးေနလို႔ထိုင္ေနပါတယ္ဆို။
သူက ဘာမဆိုင္ ညာမဆိုင္လာခိုင္းသြားေသးတယ္
သူ႕ေယာက်္ားလည္း အိမ္ေပၚတင္ထားရေသး…
တပတ္ေက်ာ္ျပီကို ျပန္လည္းမေခၚဘူး…
အေတာ္ႏိုင္စားတာပဲ။
ေအးေလ…သူ႔ေမာင္ကိိုျကိုက္မွေတာ့ သူႏိုင္တာ ခံရမွာေပါ့
ဝသုန္ အေအးဗန္းကိုကိုင္ျပီး ထရပ္ေတာ့ လူက
အေတာ္မူးေနမွန္း သတိထားမိတယ္
မူးေနတာကို သတိနဲ႕ထိန္း…
လူေတြကိုျဖတ္ေတာ့…ေတာ္ေသးတယ္
ဆရာေတာ္ေတြရွိတဲ႕ ဝိုင္းဆီေရာက္လာလို႔…
ဆရာေတာ္ေတြဆီမေရာက္ခင္ ေဘးမွာ သစ္ပင္ရွိတာေတာ့ ျမင္ရေသးသား…
မ်က္လံုးကိုျပဴးျပဲျပီး သစ္ျမစ္ေတြက္ို ေရွာင္ကြင္း
ေလွ်ာက္လာရာက…
ဘာမွန္းမသိတဲ႕ေပ်ာ့စိစ္ိကို နင္းအိေတာ့…
''အ…''ခနဲ…
ဟန္ခ်က္ပ်က္သြားျပီး
လက္ထဲက ဗန္းျကီးျဖင့္္ ဆရာေတာ္ေတြဆီတိုးဝင္
သြားရာက…
ေရွ႕ဆံုးမွာ ထိုင္ေနတဲ႕ဆရာေတာ္ရဲ႕ေခါင္းကို…
''ေဒါင္…''…
………!!!!!
''ဟင္…''
''ဟာ…''
ဆိုေသာ အသံမ်ားပလံုစီထြက္သြားျပီးေနာက္ေတာ့…
လူေတြလည္းထလာျကျပီး ဝသုန္႕လက္ထဲက
ဗန္းနဲ႕ေခါက္မိလို႔ သတိေမ႕သြားတဲ႕ ဆရာေတာ္ကို
ေျပးေပြ႕ျကမိတယ္…
''ဘာျဖစ္သြားတာလဲ…ေမ႕ေနတာလား…''
''ေဆးရံုပို႔ျကဟ…''
စသည္ျဖင့္…
ဝသုန္ ေျကာင္ေနမိရာက ျပဴးထြက္သြားတဲ႕
မ်က္လံုးေတြနဲ႕ ခုဏက ေပ်ာ့စိစိကို ျကည့္မိေတာ့
ဟင္…ေလဒီရွဴးေတြ…
အညိဳေရာင္မို႔ျမင္မလြယ္တဲ႕အျပင္ ကိုယ္က
မူးေနေသးတာကို…
ဘယ္လိုျဖစ္လို႕ ဒီေလဒီရွဴးနဲ႕ ပက္သတ္လာရင္ ျပႆနာက္ို တတ္ႏိုင္ရတာလဲ?
အခုလည္းတတ္သြားတဲ႕ျပႆနာက…
ငါ ကြာ…
ေတြးရင္း…ေဒါသထြက္ရင္းနဲ႕ အဲ႕ေလဒီရွဴးေတြကို
ပိုင္ရွင္မ်က္ႏွာမေထာက္ပဲ ကန္လိုက္မိတဲ႕ သကာလ…!
ကမာၻ႔အျပင္မလြင့္ရင္ေတာင္ ေတာ္ရာေတာ့ လြင့္သင့္ပါသည္။
အခုေတာ့…
မလြင့္ေသာ ဖိနပ္တရံမွာ…
ယေသာ့္အေဖ၏နဖူးျပင္ကို သြားမွန္ေတာ့…
''အား…''ခနဲ…
ထြက္လာတဲ႕အသံနဲ႕အတူ လူအားလံုးရဲ႕
အျကည့္က ယေသာ့္အေဖထံျပန္ေရာက္လာျပန္
သည္…
ဝသုန္ အေျခအေနကို လက္မခံႏိုင္စြာေငးေကာင္းတုန္း…
ယေသာ့္ကိုျကည့္ေတာ့ ပါးစပ္ေလး အေဟာင္းသားနဲ႕သာ…
သြားေလျပီ…
ျငိမ္မေနပဲ ကန္လိုက္မိတာ ျပႆနာက ႏွစ္ခုေတာင္ ဆင့္သြားေသးတယ္။
ဝသုန္ ဘုရားသာတမိေတာ့သည္။
ျမတ္စြာဘုရား…
တပည့္ေတာ္ကို ကယ္ေတာ္မူပါ…
~~~~~~~~~~~~
by Y.S
<Unicode>
လေဒီရှူး-24(yaoi story)
နှစ်ထပ်ပျဉ်ထောင်အိမ်လေးရှိတဲ့ခြံလေးက လူဝင်
လူထွက်မပြတ်…
ဝသုန် ကားကိုခြံပြင်မှာရပ်လိုက်တယ်။
ယသော်တို့ရဲ့ခြံက ကျယ်သားပဲ…
အရင်က ရောက်ဖူးတယ်ဆိုပေမယ့် သေချာမကြည့်မိခဲ့။
အခု ခြံထဲမှာ အလှူပါ လုပ်လို့ရတယ်ဆိုတော့ ကျယ်ကျယ်ဝန်းဝန်းရှိတာပဲ။
ဝသုန် ပတ်ဝန်းကျင်ကို လေ့လာနေမိတယ်။ မလေ့လာလို့လည်းမရ…
ရောက်နေတာ တော်တော်စောနေတာကိုး…
အခြားလုပ်စရာမှမရှိတာ။
အလှူက 8:00am စတာကို…
ခုမှ 8:15…
ယောက္ခမလောင်းကြီးကို ဟိုကောင်လေး
တယောက်တည်းဖွင့်ပြောရမှာ စိတ်ပူလို့သာ
အတူတူပြောကြမယ်ပြောခဲ့တာ
တကယ်တမ်းကျတော့ စိတ်ကလှုပ်ရှားမိသား…
သြ…သူ့အဖေသူဖွင့်ပြောပေမယ့် ကိုယ်မှမနေနိုင်
တာကို
ပြီးတော့ ဘာလို့ဒီနေ့ကို ရွေးသလဲပဲ?
ထားပါ…သူရွေးထားတဲ့နေ့ပဲလေ
သူ့အကြောင်းနဲ့ သူရှိမှာပေါ့။
သူတော့ ဘယ်လိုနေမလဲမသိပေမယ့် ကိုယ်ကတော့
တညလုံး အိပ်မရ…
စာမေးပွဲတောင် စိတ်ထဲမထည့်ပဲ ကြုံသလိုဝဇင်ဖြေခဲ့တဲ့ ဝသုန်…
ခုကျတော့ စာမေးပွဲဖြေရမှာလည်းမဟုတ်ပဲနဲ့ ဝသုန် စိတ်တွေအတော်မငြိမ်တာ…
အဲ့တာမို့ စောနေမှန်းသိပေမယ့် ကားမောင်းထွက်လာတာ…
ဒါပေမယ့် ခုထိတရေးမှမအိပ်ရသေးတာမို့
ကားက ဟိုဆွဲချင်သလို…ဒီတိုက်ချင်သလိုနဲ့…
ကံကောင်းလို့ ဒီရောက်လာတာ…
ကားပေါ်မှာ တရေးလောက်မှေးမယ်ကြံပြီး
ခြံဘက်လှည့်ရင်း စတီယာတိုင်ကို ခေါင်းအုံးလိုက်
တော့မှ ခြံရှေ့မှာထွက်ရပ်နေတဲ့ ယသော့်ကို
တွေ့တော့မယ်။
ရှပ်အကျီ ၤအဖြူလေးဝတ်ပြီး အပြာနုရောင်
ဂျင်းဘောင်းဘီအကျပ်လေးနဲ့…
ရပ်နေတာတောင် လွတ်လွတ်လပ်လပ်မဟုတ်။
လက်ထဲမှာ ဟင်းရည်ခပ်တဲ့ပုန်းကြီးနဲ့…
တော်တော်အလုပ်ရှုပ်နေပုံပေါက်တယ်
အဲ့တာဆို ဘာလို့ထွက်ရပ်နေပါလိမ့်!!??
ဘာများဖြစ်ပြန်ပြီလဲမသိ???
စိတ်ပူပူနဲ့ ကားထဲကထွက်ပြီး သူ့ဆီသွားလိုက်
တယ်။
ဆံပင်လေးတွေက နဖူးမှာ ချွေးနဲ့ကပ်နေပြီး
ပါးလေးနှစ်ဖက်က နီရဲရဲလေး…
ကိုယ်ပဲထင်နေတာလား…
သူကပဲ စူပုတ်ပုတ်ဖြစ်နေလို့လားပဲ…
ဖြစ်နေတဲ့ရုပ်က နှုတ်ခမ်းလေးဆူပြီး ဂျစ်ကန်ကန်ရုပ်လေးနဲ့။
နှုတ်ခမ်းစူထားတာတောင် ဒီကောင်လေးကိုက
ချစ်ဖို့ကောင်းနေသေး…
အခြားသူနဲ့ဆိုရင် ဘယ်လိုဖြစ်နေလဲမသိပေမယ့်
ကိုယ်နဲ့ဆိုရင် ရုပ်ကလေးက အမြဲစူပုတ်လို့…
ခုလည်း စူပုတ်ပုတ်နဲ့ဆိုတော့ ပြဿနာကြီးကြီး
မားမားတော့ရှိပုံမရ…
ဘာပဲဖြစ်ဖြစ် ဒီရုပ်ကလေးမြင်တာတောင်
လူက အိပ်ချင်စိတ်တွေပြေသွားသလိုလို…
''ခင်ဗျားက အစောကြီးဘာလာလုပ်တာလဲ!!??''
ထင်သားပဲ…
စူပုတ်ပုတ်ဖြစ်နေကတည်းက ဟောက်တော့မယ်
ဆိုတာ…
''အင်း…ငါအစောကြီးနိုးနေလို့…''
ဝသုန် အနီးစပ်ဆုံးသာဖြေလိုက်မိတယ်။
တညလုံးအိပ်မရဘူးဆိုရင် ထပ်ဟောက်တာ
ခံနေရဦးမယ်…
ဟိုကောင်လေးမဟောက်တုန်းမှာ ဝသုန် ခြေထောက်တွေအထိကြည့်မိတော့…
ခြေထောက်လေးတွေမှာ သူ့မူပိုင်ဖြစ်တဲ့ လေဒီရှုုး
ဖိနပ်မရှိ…
''ဖိနပ်မစီးဘူးလား…''
ဝသုန်မေးမိတော့ ယသော်ခေါင်းလေးခါပြပြီး…
''စီးမနေတော့ဘူး…အိမ်ထဲကော ခြံထဲကော
ကျွန်တော်ပဲ စားပွဲထိုးနေရတာ။
စီးလိုက်ချွတ်လိုက်
လုပ်နေရရင် အလုပ်ရှုပ်တာနဲ့ ချွတ်ထားတာ''
''အဲ့လောက်အလုပ်များတာတောင် ဘာလို့ထွက်လာ
တာလဲ…''
''ခင်ဗျားရဲ့ကား တွေ့လိုက်လို့လေ… ''
ယသော်ပြောရင်းနဲ့ ခေါင်းလေးငုံ့လိုက်တယ်
''အခု…ပြောမလို့လား…''
သြ…အခုပြောရင်တော့ ပွဲပါပျက်သွားမှာပေါ့…
''ငါ…အလှူပြီးမှလာခဲ့မယ်လေ။
ခုကားထဲမှာပဲစောင့်…''
''အဲ့တာ ဘယ်သူလဲ သား…''
အနောက်က ကြားလိုက်ရတဲ့အသံကြောင့်
နှစ်ယောက်သားလှည့်ကြည့်မိတော့
ခပ်ဝဝ…အသက်ကြီးကြီး လူတယောက်…
''ဖေဖေ…ဟို…''
အဖေလား…သြ…
ယောက္ခမလောင်းကြီးကိုး
ဒါမို့ စမြင်ကတည်းက စိတ်က သိပ်မကြည်ချင်တာ…
ဥပတိရုပ်က လူကြီးလူကောင်းပီသပေမယ့်
ထိပ်နည်းနည်းပြောင်ပြီး နှာခေါင်းနည်းနည်းပွချင်နေ
သလိုပဲ…
အင်း…ယသော့်အမေကတော့ အရမ်းချောခဲ့လို့
ဒီလိုသားလေးထွက်လာတာဖြစ်မယ်…
ယသော်က ဘာပြောရမယ်မှန်းမသိဖြစ်နေတော့…
''ကျွန်တော်က ယသော့်အသိ ပုံနိုပ်တိုက် ပိုင်ရှင်ပါ''
ဝသုန် ပုံမှန်အတိုင်းသာ ဖြေလိုက်မိတယ်
ဟုတ်တယ်လေ…
ဖွင့်ပြောရင် အပြောခံရမယ့်
အတူတူ မျက်နှာချိုသွေးမနေတော့…
ပြီးတော့ လူကလည်းမျက်လုံးကို မနည်းပြူးထား
ွှွှရတာ။
တညလုံးအိပ်ရသေးတာမဟုတ်တော့ ဖားချင်စိတ်
လည်းမပေါ်သေး…
ယသော့်ကိုတွေ့တုန်းကသာ မျက်လုံးနည်းနည်းပြူးလာပေမယ့် အခုသူ့အဖေနဲ့တွေ့တော့ ပြန်ပိတ်ချင်လာပြီ။
''ဧည့်သည်ကို အထဲခေါ်လေကွာ…သားကလည်း…
လာ မောင်ရင် အထဲဝင်…''
ဆိုပြီး ဝသုန့်ကို အတင်းခြံထဲဆွဲသွင်းတော့တာပဲ…
ယသော် ဘာပြောရမယ်မှန်းမသိခင်မှာ
ဟိုလူကြီးက ငူငူငေါင်ငေါင်ကြီးနဲ့ အဖေ့နောက်ပါသွားတာ…
ယသော် ဟင်းရည်ပုန်းလေးကိုင်လို့ ငေးကြည့်နေမိတုန်း…
အိ…
လူကြီးဝိုင်းမှာတောင်ထိုင်ခိုင်းလို့…
ပြဿနာပဲ…
ပုံနိုပ်တိုက်ပိုင်ရှင်ဆိုလို့ အဖေက အရေးတရာယူနေပုံ
ရတယ်။
ပုံနိုပ်တိုက်ပိုင်တာက ပိုင်တာပဲ
ကိုယ်နဲ့ကြိုက်နေတာမှန်းသာ
သိသွားလို့ကတော့လား…!!!!!
ဟင့်နော်…
ဟိုလူကြီးကလည်း ရုပ်တည်ကြီးနဲ့…
နည်းနည်းပါးပါးတောင် မငြင်းပဲ ဧည့်ခံသမျှ ငြိမ်နေရလား?
သေသာသေလိုက်ချင်တော့တယ်။
ယသော် အဖေတော့ ကြောက်တယ်…
ငယ်ငယ်ကတည်းက အုပ်ထိန်းလာတဲ့အပြင်
အဖေနေရာကကော အမေနေရာကပါ ယသော့်
ကို ထိန်းလာတာဆိုတော့
အမထက် အနေပိုနီးသည်…
အဖေက သဘောကောင်းသလောက်
စိတ်မြန်တာနော်…
ဖွင့်ပြောတာတောင်မှ မဖြစ်မနေမို့လို့ ဒီနေ့ရွေးရတာ…
အလှူလုပ်တဲ့နေ့တွေဆို ဖေဖေက ဒေါသထွက်စရာရှိရင်တော့ အောင့်ထားတတ်တယ်လေ။
အဲ့ဒါမို့ ဒီနေ့ပြောမလို့ဟာ…
အခုတော့…ဟိုလူကြီးက…
''ယသော်…ဘာရပ်လုပ်နေတုန်း…အထဲက ဝိုင်းမှာ
ဟင်းရည်ကုန်နေပြီ…''
မြတ်ယမုံသာ ကြောင်တောင်တောင်နဲ့ ွှရပ်နေတဲ့ယသော့်အနားရောက်လာပြီး
ယသော်ကြည့်နေတဲ့ နေရာကိုကြည့်လိုက်တော့…
''ဟင်…ဟိုအကောင်…နင့်အကောင်…''
''အာ…အမကလည်း…ရှူး…''
အမက ထအော်တော့ ယသော့်မှာ တားရသေးတယ်
အဲ့တာတောင်…
''ဘာကိုရှူးတာလဲ…နင်ပြောတော့ အလှူပြီးမှလာမှာ
ဆို…''
မြတ်ယမုံ စိတ်ညစ်ညစ်နဲ့ လေသံတိုးလိုက်ရသည်…
ပြောမနိုင်တဲ့အဆုံးမို့ လွှတ်ပေးထားရတာကို
အခုဟာက…
''သူ…စောရောက်လာတာ''
ယသော်က မျက်နှာငယ်လေးနဲ့ပြန်ဖြေတော့
''အေးဟာ…နင့်ဇာတ် နင်နိုင်ရင်ပြီးတာပဲ…
အိမ်ထဲက ဝိုင်းတွေမှာ ဟင်းရည်လိုနေတယ်
အဲ့တာသွားဖြည့်လိုက်!.''
မြတ်ယမုံပြောတော့ ယသော်ခေါင်းလေးကုတ်ပြီး
အိမ်ထဲဝင်သွားတယ်
အိမ်ထဲကော အိမ်ပြင်မှာကော ကြမ်းပြင်ပေါ် ကောဇောကြီးတွေခင်းပြီး စားပွဲဝိုင်းတွေနဲ့
ကျွေးတာပါ…
ယသော်တို့အိမ်မှာ အကြီးအကျယ် တနှစ်တခါလှူတာဆိုလို့ ဝါဆိုသင်္ဃန်းကပ်တာပဲ
ရှိတာ…
တနှစ်တခါဆိုပေမယ့် လက်မလည်…
ကျွေးတာက မုန့်ဟင်းခါးပေမယ့်လည်း တရပ်ကွက်လုံး အားပေးကြတာမို့ မြတ်ယမုံသာ
လာပြီးကူနေရတာ…
မြတ်ယမုံ တယောက်တည်းတော့မဟုတ်…
အမျိုးနောက်နှစ်ယောက်ပါ လာကူပေမယ့်
အလုပ်က မတွင်ချင်
အပေါ်ထပ်ကိုတော့ နေရာမခင်းတော့…
ပင့်တဲ့ဆရာတော် သုံးပါးစလုံးက သက်တော်ကြီးပြီမို့ လှေကားတက်ဖို့လွယ်ကူမှာ မဟုတ်လို့ ခြံထဲမှာသာ ကုတင်ကို စဉ်လိုကော်ဇာခင်းပြီး
နေရာပြင်ပေးထားတာ…
အခုလည်း ပရိသတ်က ရုံအပြည့်အလျှံမို့ လိုက်ပွဲက
ချလို့မပြီးတော့…
ဆရာတော်ဝိုင်းကို အအေးကပ်ရဦးမယ်…
လူကလည်း နှစ်ကိုယ်ခွဲလို့မရ
ယသော့်အဖေ(မိမိဦးလေး)ကို ကြည့်တော့လည်း
လူကြီးတွေနဲ့စကားပြောနေတယ်။
မထူးတော့တာနဲ့ပဲ ရှေ့နားမှာထိုင်နေတဲ့
ဝသုန်မာန်ကို…
''ကိုဝသုန်…''
ခေါ်သံကြားတော့ ဝသုန် မစားပဲထိုင်နေရာက
မော့ကြည့်မိတယ်။
ကျွေးတာက မုန့်ဟင်းခါးဆိုတော့ စားလိုက်ရင်
ဗိုက်လေးပြီး တခါတည်း အိပ်ပျော်သွားမှာစိုးလို့ ဒီအတိုင်းသာ ကသိုင်းရှုနေရတာပါ…
အဲ့တာကို ဘာခေါ်လုပ်ပြန်တာလဲမသိ။
''ဒါလေး ဘုန်းကြီးဝိုင်းပို့ပေးပါလား…''
ပြောပြီးတာနဲ့ လက်ထဲက အအေးဗန်းကြီး
ထိုးပေးပြီးထွက်သွားတယ်။
သြ…
ကိုယ်က မူးနေလို့ထိုင်နေပါတယ်ဆို။
သူက ဘာမဆိုင် ညာမဆိုင်လာခိုင်းသွားသေးတယ်
သူ့ယောကျ်ားလည်း အိမ်ပေါ်တင်ထားရသေး…
တပတ်ကျော်ပြီကို ပြန်လည်းမခေါ်ဘူး…
အတော်နိုင်စားတာပဲ။
အေးလေ…သူ့မောင်ကိုကြိုက်မှတော့ သူနိုင်တာ ခံရမှာပေါ့
ဝသုန် အအေးဗန်းကိုကိုင်ပြီး ထရပ်တော့ လူက
အတော်မူးနေမှန်း သတိထားမိတယ်
မူးနေတာကို သတိနဲ့ထိန်း…
လူတွေကိုဖြတ်တော့…တော်သေးတယ်
ဆရာတော်တွေရှိတဲ့ ဝိုင်းဆီရောက်လာလို့…
ဆရာတော်တွေဆီမရောက်ခင် ဘေးမှာ သစ်ပင်ရှိတာတော့ မြင်ရသေးသား…
မျက်လုံးကိုပြူးပြဲပြီး သစ်မြစ်တွေကို ရှောင်ကွင်း
လျှောက်လာရာက…
ဘာမှန်းမသိတဲ့ပျော့စိစိကို နင်းအိတော့…
''အ…''ခနဲ…
ဟန်ချက်ပျက်သွားပြီး
လက်ထဲက ဗန်းကြီးဖြင့်် ဆရာတော်တွေဆီတိုးဝင်
သွားရာက…
ရှေ့ဆုံးမှာ ထိုင်နေတဲ့ဆရာတော်ရဲ့ခေါင်းကို…
''ဒေါင်…''…
………!!!!!
''ဟင်…''
''ဟာ…''
ဆိုသော အသံများပလုံစီထွက်သွားပြီးနောက်တော့…
လူတွေလည်းထလာကြပြီး ဝသုန့်လက်ထဲက
ဗန်းနဲ့ခေါက်မိလို့ သတိမေ့သွားတဲ့ ဆရာတော်ကို
ပြေးပွေ့ကြမိတယ်…
''ဘာဖြစ်သွားတာလဲ…မေ့နေတာလား…''
''ဆေးရုံပို့ကြဟ…''
စသည်ဖြင့်…
ဝသုန် ကြောင်နေမိရာက ပြူးထွက်သွားတဲ့
မျက်လုံးတွေနဲ့ ခုဏက ပျော့စိစိကို ကြည့်မိတော့
ဟင်…လေဒီရှူးတွေ…
အညိုရောင်မို့မြင်မလွယ်တဲ့အပြင် ကိုယ်က
မူးနေသေးတာကို…
ဘယ်လိုဖြစ်လို့ ဒီလေဒီရှူးနဲ့ ပက်သတ်လာရင် ပြဿနာကို တတ်နိုင်ရတာလဲ?
အခုလည်းတတ်သွားတဲ့ပြဿနာက…
ငါ ကွာ…
တွေးရင်း…ဒေါသထွက်ရင်းနဲ့ အဲ့လေဒီရှူးတွေကို
ပိုင်ရှင်မျက်နှာမထောက်ပဲ ကန်လိုက်မိတဲ့ သကာလ…!
ကမ္ဘာ့အပြင်မလွင့်ရင်တောင် တော်ရာတော့ လွင့်သင့်ပါသည်။
အခုတော့…
မလွင့်သော ဖိနပ်တရံမှာ…
ယသော့်အဖေ၏နဖူးပြင်ကို သွားမှန်တော့…
''အား…''ခနဲ…
ထွက်လာတဲ့အသံနဲ့အတူ လူအားလုံးရဲ့
အကြည့်က ယသော့်အဖေထံပြန်ရောက်လာပြန်
သည်…
ဝသုန် အခြေအနေကို လက်မခံနိုင်စွာငေးကောင်းတုန်း…
ယသော့်ကိုကြည့်တော့ ပါးစပ်လေး အဟောင်းသားနဲ့သာ…
သွားလေပြီ…
ငြိမ်မနေပဲ ကန်လိုက်မိတာ ပြဿနာက နှစ်ခုတောင် ဆင့်သွားသေးတယ်။
ဝသုန် ဘုရားသာတမိတော့သည်။
မြတ်စွာဘုရား…
တပည့်တော်ကို ကယ်တော်မူပါ…
~~~~~~~~~~~~
by Y.S