<zawgyi>
ေလဒီီရွဴး-23:(2)(yaoi story)
ႏႈတ္ခမ္းလႊာေလးႏွစ္ခုက ျပန္လည္တုန္႕ျပန္မႈမရွိေပမယ့္ ျငင္းဆန္ျခင္းမဲ႕လို႕…
အံ႕ျသမွင္သက္ေနတဲဲ႕ ထိုအျဖဴထည္တုန္႕ျပန္မႈအနမ္းေလးကို ဝသုန္မာန္ ျမတ္ႏိုးမိတာအမွန္ပါ။
ဒီအခိုက္အတန္႕ေလးက္ို…
ႏႈတ္ခမ္းတစံုကို…
ပါးျပင္ေပၚ လာထိေနတဲ႔ ထိုေကာင္ေလးရဲ႕ အသက္ရွဴသံေလးေတြကို…အားလံုးကိုေပါ့ေလ။
မ်က္ႏွာေလးက္ိုဆြဲယူျပီးနမ္းေနမိရာက
ပါးျပင္ကို ရိုက္ခတ္လာတဲ႕ အသက္ရွဴသံေလးေတြရဲ႕ အရွိန္ ျမန္လာေတာ့မွ ဝသုန္ ရပ္လိုက္မိတယ္။
ႏႈတ္ခမ္းခ်င္းျပန္ခြာလိုက္ရင္း ျကည့္လိုက္မိေတာ့…
ထိုင္ခံုမွာထိုင္ေနတဲ႕ ေကာင္ေလးမ်က္ႏွာက
နီရဲတြတ္ေနျပီ။
အရင္တုန္းကငိုရင္ေတာင္ ဒီေလာက္နီတာမဟုတ္…
သူ စိတ္မ်ားဆိုးသြားျပီလား…
''မင္း စိတ္ဆိုးသြားလားဟင္…ငါ ကိုယ့္ကိုကိုယ္ မထိန္းလိုက္မိ…''
''အိမ္ျပန္မယ္…''
စကားေတာင္မဆံုးေသး။
အတိအက် ထြက္လာတဲ႕အသံ…
ျဖစ္ရျပန္ျပီ။
ခ်က္ခ်င္းျကီး…
''ျပန္မယ္…ခုျပန္မယ္။ခင္ဗ်ားလိုက္မပို႔ရင္ ကိုယ့္ဘာသာ ကိုယ္ျပန္မယ္''
ေျပာရင္းနဲ႕တံခါးျကီးဆြဲဖြင့္ေနတာမို႕
ဝသုန္လည္းတံခါးကို ျပန္ဆြဲထားလိုက္မိရင္း…
''ဟာ…ခုဏက မျပန္ခ်င္ေသးဘူးဆို''
''အခုျပန္မယ္…ခင္ဗ်ား အသားယူတာ
မ်ားေနျပီ။
မေန႔က ဖက္တယ္…ဒီေန႕ နမ္းတယ္။
ေနာက္ေန႕ခင္ဗ်ားဘာလုပ္မလဲ ေျပာရတာ မဟုတ္ဘူး!''
''အာ…ငါက ဘာလုပ္ရမွာလဲ???…''
ေျပာတာျကီးကိုက…
ဝသုန္မာန္ကပဲ……!
''ဘယ္သိမလဲ?…ဘာလုပ္မလဲဆိုတာ''
ျကည့္စမ္း!…
ဒီေကာင္ေလးကေတာ့ လူက္ို မယံုမျကည္နဲ႕…
မယံုခံရမယ့္အတူတူနဲ႕မ်ားေနာ္…။
ဟင္း…မျဖစ္ေသးပါဘူးေလ…
''အင္း…ငါ ေနာက္ဆို မင္းခြင့္ျပဳခ်က္မရွိပဲ ဘာမွမလုပ္ေတာ့ဘူး ဟုတ္ျပီလား…''
''မယံုပါဘူး…ခင္ဗ်ားက ယံုရတာမဟုတ္ဘူး''
က်ြတ္…လူကို အယံုခံခ်င္တယ္ထင္ေနလို႔လားပဲ။
အဲ႕ဒီ ရန္ေတြ႕ေနတဲ႕ ႏႈတ္ခမ္းေလးေတြကို ထပ္နမ္းပလိုက္ခ်င္ေပမယ့္လည္း…
ဒါေပမယ့္လည္းေပါ့ေလ…
(ဒီတေခါက္လည္း ကားထဲက ေရဘူးကို ဝသုန္ မထုတ္ထားခဲ႕မိျပန္ဘူးမဟုတ္လား ^_^)
''တကယ္ပါကြာ…တကယ္ေျပာတာ…''
ဝသုန္ အေတာ္ျကာျကာေျပာေတာ့မွ
တံခါးကို ဖြင့္ေနတဲ႕လက္ကေလး လႊတ္သြားတယ္။
နီေနတဲ႕မ်က္ႏွာေလးကေတာ့ ငံု႕ေနတုန္း…
ဒီေလာက္အသည္းယားဖို႕ေကာင္းေလာက္ေအာင္ ရွက္ျပေနတဲ႕ေကာင္ေလးကို ေနာက္တျကိမ္ထပ္နမ္းလိုက္ခ်င္ေပမယ့္လည္း ဒီတေခါက္ဆိုရင္ေတာ့ တကယ္စိတ္ဆိုးသြားေလာက္ေလရဲဲ႕…
''အဲ႕ေတာ့ အခု မုန္႔သြားစားမလား''
ဝသုန္ စကားလမ္းေၾကာင္းလႊဲေျပာလိုက္ေတာ့...
''အင္း…''
ေခါင္းေလးမေမာ႔ေသးပဲ ေျပာလိုက္တာက အခုထိ
ရွက္ေနေသးသလိုပဲ။
သူ႔ဖာသာသူေတာင္ေျဖလို႔ေျဖမိမွန္း သိပံုမရ…
အဲ႕လိုမွန္းသ္ိရင္ အျခားကိစၥေမးပါတယ္
ျသ…ရုပ္ရွင္ရံုသြားမလားတို႔…ေလွ်ာက္လည္မလားတို႔ပါ။
(အျခားမေတြးရ…!!! :p)
အင္းေပါ့…ေနာက္မွေမးလည္းရပါတယ္ေလ…
အခ်ိန္ေတြ အမ်ားျကီးက်န္ေသးတာပဲ…
##############
မုန္႔သြားစားတယ္။
ရုပ္ရွင္သြားျကည့္ျကတယ္။
ေလွ်ာက္လည္ခဲ႕တယ္။
ျပီးေတာ့ အိမ္ျပန္ပို႔ေပးခဲ႕တယ္။
သူ႕အေဖကိုေတာ့ လာမယ့္တနဂၤေႏြေန႔မွာ ဖြင့္ေျပာဖို႔စီစဥ္ခဲဲ႕တယ္။
အဲ႕ဒီေန႔က ယေသာ္တို႔အိမ္မွာ ဝါဆိုလျပည့္ေန႕အလွဴရွိတယ္တဲ႕။
အလွဴျပီးသြားရင္ေနခဲ႕ျပီးဖြင့္ေျပာဖို႔ပါ။
ဘာေတြအေျပာခံရဦးမလဲ မသိေပမယ့္
ကိုယ္ကေတာ့ ျပင္ဆင္ျပီးသားပါ။
အဲ႕တာေျကာင့္ ယေသာ္ တေယာက္တည္း
မရင္ဆိုင္ေစရဘူး…
ဘာေတြပဲအေျပာခံရပါေစ…
မင္းငါ့ဘက္မွာ ရွိေနေပးရင္ရပါျပီ…
စိတ္ထဲမွာ စကားလံုးေတြစီေနမိရင္း
အေပ်ာ္ေတြနဲ႕ျပန္လာတဲ႕ ဝသုန္႔ကို ေနဝင္ရီတေရာျကီးရဲ႕
ျခံဝမွာ အထုပ္ျကီးပိုက္ျပီး ထိုင္ေစာင့္ေနတဲ႕
လူျကီးတေယာက္…
''ဘုရား…ဘာျကီးလဲဲဟ''
ဝသုန္မာန္ ကားကိုေယာင္ယမ္းျပီး ဘရိတ္ဆြဲလိုက္မိေသးတယ္…
ဘာျကီးပါလိမ့္?
ကားထဲကေန လွမ္းျကည့္ေတာ့လည္း ေသခ်ာမျမင္ရ…!
ဒီအခ်ိန္က ႏြားရိုင္းသြင္းခ်္ိန္ဆိုပဲ!
ဘာသြင္းသြင္းပါ…
ကိုယ္႕ျခံေရွ႕ အထုပ္ပိုက္ျပီး ငုတ္တုတ္ျကီးထိုင္ေနေတာ့လည္း ဝသုန္ ကားမီးထိုးျပီးျကည့္ရေတာ့သည္။
ေသခ်ာျကည့္မိေတာ့မွ…
''လင္းထက္…!!???''
ဘယ္လိုျဖစ္လို႔ အထုပ္ပိုက္ျပီး အိမ္ေရွ႕ေရာက္ေနရတာလဲ?
ကားေပၚက ဆင္းျပီးသြားျကည့္ေတာ့
ဟုတ္ပါတယ္။
လင္းထက္ပါ။
''မင္း ဘာျဖစ္တာလဲ''
''ငါ့မိန္းမ အိမ္ေပၚက ႏွင္ခ်လိုက္တာ''
အင္းေပါ့…
ဘာကိစၥေျကာင့္ ႏွင္ခ်ခံရတာလဲဆိုတာ ေမးဖို႔မွမလိုတာ။
သူတို႔ကို တားလို႔မႏ္ိုင္တာနဲ႕ ႏိုင္တဲ႕ကိုယ့္ေယာက်္ားကို
အိမ္ေပၚကႏွင္ခ်လိုက္တာေနမွာေပါ့။
သူ႔ေမာင္ကို မထိန္းရေကာင္းလား ဆိုျပီးေတာ့ေလ...
ကိုယ့္ေျကာင့္ျဖစ္တာဆိုေတာ့လည္း တင္ေက်ြးထား
ရေတာ့မွာေပါ့
#############
ဒီလိုနဲ႕ လင္းထက္လည္း ဝသုန္႔အိမ္မွာ ေသာင္တင္ေနေလရဲ႕
~~~~~~~~~~~~~
by Y.S
တိုသြားမွန္းသိပါတယ္ေနာ္…😁😁
အဲ႕ဒါမို႕လို႕ 24လို႔မေရးပဲ 23(2)လို႕ပဲ တပ္ထားပါတယ္။😁😁😁
အခုခ်ိန္ထိ အားေပးေနတာ ေက်းဇူးပါေနာ္။😘😘😘😘😍😍😍😍😍😗
#ဒီည sold to the gangsterေရးပါ႔မယ္လို႕
😁😁😁😁😁😁😁😁
<Unicode>
လေဒီရှူး-23:(2)(yaoi story)
နှုတ်ခမ်းလွှာလေးနှစ်ခုက ပြန်လည်တုန့်ပြန်မှုမရှိပေမယ့် ငြင်းဆန်ခြင်းမဲ့လို့…
အံ့သြမှင်သက်နေတဲ့ ထိုအဖြူထည်တုန့်ပြန်မှုအနမ်းလေးကို ဝသုန်မာန် မြတ်နိုးမိတာအမှန်ပါ။
ဒီအခိုက်အတန့်လေးကို…
နှုတ်ခမ်းတစုံကို…
ပါးပြင်ပေါ် လာထိနေတဲ့ ထိုကောင်လေးရဲ့ အသက်ရှူသံလေးတွေကို…အားလုံးကိုပေါ့လေ။
မျက်နှာလေးကိုဆွဲယူပြီးနမ်းနေမိရာက
ပါးပြင်ကို ရိုက်ခတ်လာတဲ့ အသက်ရှူသံလေးတွေရဲ့ အရှိန် မြန်လာတော့မှ ဝသုန် ရပ်လိုက်မိတယ်။
နှုတ်ခမ်းချင်းပြန်ခွာလိုက်ရင်း ကြည့်လိုက်မိတော့…
ထိုင်ခုံမှာထိုင်နေတဲ့ ကောင်လေးမျက်နှာက
နီရဲတွတ်နေပြီ။
အရင်တုန်းကငိုရင်တောင် ဒီလောက်နီတာမဟုတ်…
သူ စိတ်များဆိုးသွားပြီလား…
''မင်း စိတ်ဆိုးသွားလားဟင်…ငါ ကိုယ့်ကိုကိုယ် မထိန်းလိုက်မိ…''
''အိမ်ပြန်မယ်…''
စကားတောင်မဆုံးသေး။
အတိအကျ ထွက်လာတဲ့အသံ…
ဖြစ်ရပြန်ပြီ။
ချက်ချင်းကြီး…
''ပြန်မယ်…ခုပြန်မယ်။ခင်ဗျားလိုက်မပို့ရင် ကိုယ့်ဘာသာ ကိုယ်ပြန်မယ်''
ပြောရင်းနဲ့တံခါးကြီးဆွဲဖွင့်နေတာမို့
ဝသုန်လည်းတံခါးကို ပြန်ဆွဲထားလိုက်မိရင်း…
''ဟာ…ခုဏက မပြန်ချင်သေးဘူးဆို''
''အခုပြန်မယ်…ခင်ဗျား အသားယူတာ
များနေပြီ။
မနေ့က ဖက်တယ်…ဒီနေ့ နမ်းတယ်။
နောက်နေ့ခင်ဗျားဘာလုပ်မလဲ ပြောရတာ မဟုတ်ဘူး!''
''အာ…ငါက ဘာလုပ်ရမှာလဲ???…''
ပြောတာကြီးကိုက…
ဝသုန်မာန်ကပဲ……!
''ဘယ်သိမလဲ?…ဘာလုပ်မလဲဆိုတာ''
ကြည့်စမ်း!…
ဒီကောင်လေးကတော့ လူကို မယုံမကြည်နဲ့…
မယုံခံရမယ့်အတူတူနဲ့များနော်…။
ဟင်း…မဖြစ်သေးပါဘူးလေ…
''အင်း…ငါ နောက်ဆို မင်းခွင့်ပြုချက်မရှိပဲ ဘာမှမလုပ်တော့ဘူး ဟုတ်ပြီလား…''
''မယုံပါဘူး…ခင်ဗျားက ယုံရတာမဟုတ်ဘူး''
ကျွတ်…လူကို အယုံခံချင်တယ်ထင်နေလို့လားပဲ။
အဲ့ဒီ ရန်တွေ့နေတဲ့ နှုတ်ခမ်းလေးတွေကို ထပ်နမ်းပလိုက်ချင်ပေမယ့်လည်း…
ဒါပေမယ့်လည်းပေါ့လေ…
(ဒီတခေါက်လည်း ကားထဲက ရေဘူးကို ဝသုန် မထုတ်ထားခဲ့မိပြန်ဘူးမဟုတ်လား ^_^)
''တကယ်ပါကွာ…တကယ်ပြောတာ…''
ဝသုန် အတော်ကြာကြာပြောတော့မှ
တံခါးကို ဖွင့်နေတဲ့လက်ကလေး လွှတ်သွားတယ်။
နီနေတဲ့မျက်နှာလေးကတော့ ငုံ့နေတုန်း…
ဒီလောက်အသည်းယားဖို့ကောင်းလောက်အောင် ရှက်ပြနေတဲ့ကောင်လေးကို နောက်တကြိမ်ထပ်နမ်းလိုက်ချင်ပေမယ့်လည်း ဒီတခေါက်ဆိုရင်တော့ တကယ်စိတ်ဆိုးသွားလောက်လေရဲ့…
''အဲ့တော့ အခု မုန့်သွားစားမလား''
ဝသုန် စကားလမ်းကြောင်းလွှဲပြောလိုက်တော့...
''အင်း…''
ခေါင်းလေးမမော့သေးပဲ ပြောလိုက်တာက အခုထိ
ရှက်နေသေးသလိုပဲ။
သူ့ဖာသာသူတောင်ဖြေလို့ဖြေမိမှန်း သိပုံမရ…
အဲ့လိုမှန်းသိရင် အခြားကိစ္စမေးပါတယ်
သြ…ရုပ်ရှင်ရုံသွားမလားတို့…လျှောက်လည်မလားတို့ပါ။
(အခြားမတွေးရ…!!! :p)
အင်းပေါ့…နောက်မှမေးလည်းရပါတယ်လေ…
အချိန်တွေ အများကြီးကျန်သေးတာပဲ…
##############
မုန့်သွားစားတယ်။
ရုပ်ရှင်သွားကြည့်ကြတယ်။
လျှောက်လည်ခဲ့တယ်။
ပြီးတော့ အိမ်ပြန်ပို့ပေးခဲ့တယ်။
သူ့အဖေကိုတော့ လာမယ့်တနင်္ဂနွေနေ့မှာ ဖွင့်ပြောဖို့စီစဉ်ခဲ့တယ်။
အဲ့ဒီနေ့က ယသော်တို့အိမ်မှာ ဝါဆိုလပြည့်နေ့အလှူရှိတယ်တဲ့။
အလှူပြီးသွားရင်နေခဲ့ပြီးဖွင့်ပြောဖို့ပါ။
ဘာတွေအပြောခံရဦးမလဲ မသိပေမယ့်
ကိုယ်ကတော့ ပြင်ဆင်ပြီးသားပါ။
အဲ့တာကြောင့် ယသော် တယောက်တည်း
မရင်ဆိုင်စေရဘူး…
ဘာတွေပဲအပြောခံရပါစေ…
မင်းငါ့ဘက်မှာ ရှိနေပေးရင်ရပါပြီ…
စိတ်ထဲမှာ စကားလုံးတွေစီနေမိရင်း
အပျော်တွေနဲ့ပြန်လာတဲ့ ဝသုန့်ကို နေဝင်ရီတရောကြီးရဲ့
ခြံဝမှာ အထုပ်ကြီးပိုက်ပြီး ထိုင်စောင့်နေတဲ့
လူကြီးတယောက်…
''ဘုရား…ဘာကြီးလဲဟ''
ဝသုန်မာန် ကားကိုယောင်ယမ်းပြီး ဘရိတ်ဆွဲလိုက်မိသေးတယ်…
ဘာကြီးပါလိမ့်?
ကားထဲကနေ လှမ်းကြည့်တော့လည်း သေချာမမြင်ရ…!
ဒီအချိန်က နွားရိုင်းသွင်းချိန်ဆိုပဲ!
ဘာသွင်းသွင်းပါ…
ကိုယ့်ခြံရှေ့ အထုပ်ပိုက်ပြီး ငုတ်တုတ်ကြီးထိုင်နေတော့လည်း ဝသုန် ကားမီးထိုးပြီးကြည့်ရတော့သည်။
သေချာကြည့်မိတော့မှ…
''လင်းထက်…!!???''
ဘယ်လိုဖြစ်လို့ အထုပ်ပိုက်ပြီး အိမ်ရှေ့ရောက်နေရတာလဲ?
ကားပေါ်က ဆင်းပြီးသွားကြည့်တော့
ဟုတ်ပါတယ်။
လင်းထက်ပါ။
''မင်း ဘာဖြစ်တာလဲ''
''ငါ့မိန်းမ အိမ်ပေါ်က နှင်ချလိုက်တာ''
အင်းပေါ့…
ဘာကိစ္စကြောင့် နှင်ချခံရတာလဲဆိုတာ မေးဖို့မှမလိုတာ။
သူတို့ကို တားလို့မနိုင်တာနဲ့ နိုင်တဲ့ကိုယ့်ယောကျ်ားကို
အိမ်ပေါ်ကနှင်ချလိုက်တာနေမှာပေါ့။
သူ့မောင်ကို မထိန်းရကောင်းလား ဆိုပြီးတော့လေ...
ကိုယ့်ကြောင့်ဖြစ်တာဆိုတော့လည်း တင်ကျွေးထား
ရတော့မှာပေါ့
#############
ဒီလိုနဲ့ လင်းထက်လည်း ဝသုန့်အိမ်မှာ သောင်တင်နေလေရဲ့
~~~~~~~~~~~~~
by Y.S
တိုသွားမှန်းသိပါတယ်နော်…😁😁
အဲ့ဒါမို့လို့ 24လို့မရေးပဲ 23(2)လို့ပဲ တပ်ထားပါတယ်။😁😁😁
အခုချိန်ထိ အားပေးနေတာ ကျေးဇူးပါနော်။😘😘😘😘😍😍😍😍😍😗
#ဒီည sold to the gangsterရေးပါ့မယ်လို့
😁😁😁😁😁😁😁😁