ေလဒီရွဴး-(yaoi story)

By YellowieSwan734

546K 52.4K 1.7K

ကၽြန္ေတာ္ႏွင့္ ကၽြန္ေတာ္ခ်စ္ေသာ ေလဒီရွဴးေကာင္ေလးတစ္ေယာက္အေျကာင္း... ကျွန်တော်နှင့် ကျွန်တော်ချစ်သော လေဒီရှူးက... More

ေလဒီရွဴး-1
ေလဒီရွဴး-2
ေလဒီရွဴး-3
ေလဒီရွဴး-4
ေလဒီရွဴး-5
ေလဒီရွဴး-6
ေလဒီရွဴး-7
ေလဒီရွဴး-8
ေလဒီရွဴး-9
ေလဒီရွဴး-10
ေလဒီရွဴး-11
ေလဒီရွဴး-12
ေလဒီရွဴ:-13
ေလဒီရွဴ:-14
ေလဒီရွဴး-15
ေလဒီရွဴး-16
ေလဒီရွဴး-17
ေလဒီရွဴး-18
ေလဒီရွဴး-19
ေလဒီရွဴး-20
ေလဒီရွဴး-21
ေလဒီရွဴး-22
ေလဒီရွဴး-23
ေလဒီရွဴး-23(2)
ေလဒီရွဴး-24
ေလဒီရွဴး-25
ေလဒီရွဴး-26
ေလဒီရွဴး-27
MY NOTIFICATION
ေလဒီရွဴး-28
ေလဒီရွဴး-29
ေလဒီရွဴး-30{final}
EXTRA-1
အဟမ္း!!!......အဟမ်း!!!
Extra-2
Just my words to Thank U
Book 2!!
Hi❤
ဒီတစ္ေခါက္ အတည္ေနာ္.../ဒီတစ်ခေါက် အတည်နော်...
Book!!
Hi~ Hi~

ေလဒီရွဴး-23

12.2K 1.1K 43
By YellowieSwan734

<zawgyi>

ေလဒီီရွဴး-23 (yaoi story)

''ယေသာ္ထက္…''

ႏႈတ္ခမ္းေလးကို စူလိုက္၊
ပြစိပြစ္ိေျပာလိုက္ လုပ္ေနတဲ႕ေကာင္ေလး…
သူ႔နာမည္ကို ရုတ္တရက္ ေခၚလိုက္ေတာ့ အူေျကာင္ေျကာင္ေလးလွည့္ျကည့္လာတယ္။

''ငါ ခုဏက မင္းရဲ႕အမေျပာတာေတြကို ဘာတခြန္းမွ ျပန္မေျပာႏိုင္ခဲ႕ဘူး…။
ဘာလို႕လဲဆိုတာ မင္းသိလား?''

''ခင္ဗ်ား အ,ေနလို႕ေနမွာေပါ့''
ငင့္!…
အေကာင္းေျပာမလို႕ပါဆိုမွ…ရွိတဲ႕ feelေလးပါ ေပ်ာက္ထြက္သြားရတယ္။

''ဟုတ္တယ္ေဟ့…ငါက အ,ေနလို႕ ဘာမွျပန္မေျပာတာ''
ငုတ္သြားတဲ႕feelကို ဘယ္လိုမွျပန္အစေဖာ္လို႕ မရေတာ့တာနဲ႕ ဝသုန္မာန္ ရြဲ႕ျပီးသာ ျပန္ေျဖလိုက္မိတယ္။

လူက feelအျပည့္နဲ႕ေျပာမယ့္အခ်ိန္မွာ ေျပာတာျကီးကိုက…

ဝသုန္မာန္လည္း အ,တာကကို မတတ္ေတာ့ဘူး။
မအ,ေျကာင္း ျပလိုက္ရရင္ေတာ့ေနာ္…

''ငါ အေကာင္းေျပာမလို႕ပါ…မင္းကလည္း…''
ဝသုန္႕မွာ သက္ေသျပခ်င္စိတ္ကို မနည္းထိန္းခ်ဳပ္ျပီး ေျပာရေသးတယ္

''ေျပာေလ။ခင္ဗ်ားဖာသာ မေျပာႏိုင္ေသးပဲနဲ႕''
ဒါေတာင္ အဲ႕ေကာင္ေလးက သူ႕အမေျပာတာကို ျငိမ္ခံခဲ႕ရပါ့မလားဆိုျပီး အခုထိ တင္းေနတဲ႕ပံုမ်ိဳးနဲ႕…
ေကာင္းျပီေလ။
ဘာေျကာင့္ဆိုတာ သိျပီးရင္ ထပ္တင္းႏိုင္မလား ျကည့္ရေသးတာေပါ့!

''မင္းေျကာင့္''

''ဘယ္လို?''

''ဟုတ္တယ္။မင္းေျကာင့္…ငါ ဘာမွျပန္မေျပာႏိုင္တာ''

''ဘာဆိုင္လို႕လဲ?''

မ်က္ေမွာင္ေလးျကဳတ္ျပီး ေမးလာေတာ့ ဝသုန္မာန္ သက္ျပင္းခ်ရင္း ျပံဳးလိုက္မိတယ္။
ဒီကေလးကို သူရွင္းျပဖို႕ ဘယ္လိုမ်ား စကားလံုးစီရမွာပါလိမ့္

''ငါ မင္းက္ို စ,ျကိုက္ခဲ႕မိတဲ႕အခ်ိန္ကစျပီး အခုခ်ိန္ထိ…
ငါ စိတ္ပူမိတာ တစ္ခုပဲရွိတယ္။
အဲ႕တာက…ငါ့ေျကာင့္ မင္းထိခိိုက္မွာကိုပဲ''

ယေသာ္ထက္ ဘာမွျပန္မေျပာပဲ ဝသုန္႕ကိုသာ ေငးျကည့္ေနလွ်က္…

''ငါ့လို ေယာက်ာ္းေလးတေယာက္ကို ေရြးခ်ယ္ခဲ႕လို႕ ပတ္ဝန္းက်င္က မင္းကို အျပစ္ေျပာျကမွာ ငါ စ္ိတ္ပူတယ္''

''ခင္ဗ်ားက လူေတြကဲ႕ရဲ႕မွာကို ေျကာက္လို႕လား''
ခပ္စူးစူးေလး ျပန္ေျပာလာတဲဲ႔အသံေလးနဲ႕အတူ စူပုတ္ပုတ္ျဖစ္လာတဲ႕ ယေသာ္ထက္ရဲ႕ မ်က္ႏွာေလး…

''လူေတြကဲ႕ရဲ႕မွာကိုေျကာက္ရင္ ဘာလို႕ ကၽြန္ေတာ့္က္ို ျကိုက္ခဲ႕ေသးလဲ?
အစကတည္းက ဘာလို႔ ဖြင့္ေျပာေနခဲ႕ေသးတာလဲ''
သူ႕စကားကို အဓိပၸာယ္ေကာက္လြဲျပီး ေဒါသထြက္ေနတဲ႕ေကာင္းေလးကိုျကည့္ျပီး ဝသုန္မာန္ ျပံဳးမိျပန္တယ္။

ဒီေကာင္ေလးကေတာ့ေလ…
စိတ္ခ်ည္းပဲ…စကားကို ေသခ်ာနားမေထာင္ဘူး။

''ငါ ဂရုစိုက္တာက လူေတြကဲ႕ရဲ႕မယ့္ စကားကို မဟုတ္ဘူး…ယေသာ္ထက္။
မင္းကိုပဲ…''

ဟဟေလးပြင့္သြားတဲ႕ ႏႈတ္ခမ္းေလးေတြက
ဝသုန္ အလြတ္ရထားသလို အံ႕ျသသြားတယ္ဆိုတာကို ညႊန္ျပေနေတာ့…
ဝသုန္မာန္ ထိုႏႈတ္ခမ္းေလးေတြက္ို ထပ္ျပီးရွင္းျပခ်င္လာမိေလရဲ႕။

''ငါ အရင္က ေျပာခဲ႕သလိုပဲ…
အျခားလူေတြ ဘယ္ေလာက္ပဲ အျပစ္တင္၊
ကဲ႕ရဲ႕ေပမယ့္ ငါ ဂရုမစိုက္ဘူး။
ဘာလို႕လဲဆိုေတာ့ …
သူတို႕ဘယ္ေလာက္ ကဲ႕ရဲ႕ပါေစ
မင္းကို ခ်စ္ေနရရံုနဲ႕တင္ ငါ ေက်နပ္တယ္။

ငါ မင္းကို ခ်စ္ခဲ႕မိတယ္…
မင္းရဲ႕ခ်စ္သူျဖစ္ဖို႕ ျကိုးစားခဲ႕တယ္…
ငါ မင္းကို ခ်စ္ခဲ႕မိလို႕ ေနာင္တမရခဲ႕ဘူး ယေသာ္ထက္။
ငါ့မွာေနာက္ဆုတ္ဖို႕ အေတြးေကာ၊စိတ္ကူးေကာ မရွိဘူး…အဲ႕ဒါေျကာင့္…
ငါ စိတ္ပူတယ္ဆိုတာ အဲ႔ဒါေျကာင့္ပါ။

မင္းကို ငါ့ေျကာင့္နဲ႕…
ထိခိုက္မွာကို စိတ္ပူတယ္ ယေသာ္ထက္။
ငါ့ကို ေျပာမယ့္စကားေတြကို ခံႏိုင္ရည္ရွိေပမယ့္……''

''ခင္ဗ်ားကေကာ…ကၽြန္ေတာ့္ကို မယံုဘူးလား?
ပတ္ဝန္းက်င္ေျကာင့္ ကၽြန္ေတာ္လက္ေလ်ာ့လိုက္မယ္ထင္လို႕လား?''
အျကာျကီးျငိမ္နားေထာင္ေနခဲ႕ျပီးမွ ပထမဆံုး ျပန္ေျပာတဲ႕စကား…

''ငါ အဲ႕ဒီလိုေျပာတာမဟုတ္ဘူး ယေသာ္ထက္။
မင္းအတြက္ စ္ိတ္ပူေနမိရံု…''

''ဘယ္သူက စိတ္ပူခိုင္းလို႕လဲ?''
ရုုတ္တရက္ျကီး ေဒါသထြက္သြားတဲ႕ ယေသာ္ထက္ကို ထိုင္ျကည့္ေနရတာေတာ့ ဝသုန္႕အလွည့္ရယ္ပါ…
ဘာျဖစ္လို႕မ်ား ဒီေလာက္ စိတ္တိုရတာလဲ?

''ကၽြန္ေတာ္ ခင္ဗ်ားကို ေရြးခ်ယ္ခဲ႕ကတည္းက…
ေနာင္ျဖစ္လာမယ့္ကိစၥေတြကို မသိခဲ႕ဖူးလို႕ထင္လို႕လား?
ျကိုမေတြးခဲ႕ဖူးဘူးလို႕ ထင္လို႕လား?
ျဖစ္ႏိုင္တာေတြအကုန္လံုးကို ကၽြန္ေတာ္ ျကိုေတြးခဲ႕တယ္။အဲ႕ဒါေျကာင့္…လက္ခံဖို႕ အရမ္းခက္ခဲခဲ႕တယ္''

အင္း…ဟုတ္မွာေပါ့ေလ။
သူ႕အတြက္လည္း အရမ္းခက္ခဲခဲ႕မွာေပါ့…
ဝသုန္ ကိုယ့္ကိုကိုယ္ဝန္ခံဖို႕အတြက္ေတာင္မွ မလြယ္ကူခဲ႕ဘူးမဟုတ္လား။

''အဲ႕ဒါေျကာင့္မို႕လို႕…
လက္ခံဖို႕ အရမ္းခက္ခဲခဲ႕တာမို႕လို႕…
အခုအခ်ိန္မွေတာ့…ကၽြန္ေတာ္ လက္ေလ်ာ့မွာမဟုတ္ဘူး။
ျပီးေတာ့…ခင္ဗ်ား…''

တဖက္ကိုလွည့္ျပီးေျပာေနရာကေန ခ်က္ခ်င္းျကီး ကိုယ့္ဘက္ျပန္လွည့္ျကည့္လိုက္တာမို႕ ဝသုန္မာန္လန္႔ေတာင္သြားရတယ္…ဘာျဖစ္ရျပန္တာလဲဟ!??

''ကၽြန္ေတာ့္အတြက္ စိတ္မပူနဲ႕…''

''ဘာလို႕လဲ?''

''ကၽြန္ေတာ္ကိုယ္တိုင္ ေရြးခ်ယ္ခဲ႕ျပီးသား ဆံုးျဖတ္ခ်က္မို႕…
က်ြန္ေတာ့္ကို စိတ္ပူေနစရာမလိုဘူး။
အားနာေပးေနစရာလည္း မလိုဘူး။
ဒီအတ္ိုင္း…''
ေျပာေနရင္းနဲ႕ တဝက္တျပတ္စကားရပ္သြားလို႕ ဝသုန္ သူ႕မ်က္ႏွာကို ငံု႕ျကည့္ေတာ့လည္း ဆက္မေျပာ…

''ဒီအတိုင္း…!ဘာျဖစ္လဲ?''
ဝသုန္ စကားေထာက္လိုက္ေတာ့…

''အဲ႕တာ…ဟို…ဒီအတိုင္းပဲ…ကၽြန္ေတာ့္ေဘးနားမွာ ရွိေနေပးရင္ရျပီ…''
စကားဆံုးသြားေတာ့ အျကည့္လႊဲသြားျပီး မ်က္ေတာင္ေလးေတြ ပုတ္ခပ္လို႕…

ဟုတ္သားပဲ…
ကေလးဆန္တတ္လြန္းတဲ႔ဒီေကာင္ေလးရဲ႕ ရင့္က်က္ပံုေတြကို ဝသုန္မာန္ေမ့ေနခဲ႕မိတာပဲ။
အခုလည္း ဆူေနတာ လူျကီးတစ္ေယာက္နဲ႕ တူလိုက္တာ။…

ဒါေပမယ့္ သူေျပာျပီးသူဖာသာ ျပန္ရွက္ေနလိုက္တာမ်ား!

''ကၽြန္ေတာ့္အတြက္ စိတ္ပူေပးေနလို႕ဆိုျပီး ခုဏတုန္းကလိုမ်ိဳးဆိုရင္ အ,အျကီးလို ထိုင္ေနမွာလား?''
ျကည့္…
သူရွက္ေနတာေလး အသည္းယားေနတုန္းရွိေသးတယ္။

လုပ္ျပန္ျပီ…ဒီအ,အကိစၥ…
ဝသုန္မာန္ခဗ်ာမွာလည္း ကိုယ့္ဘက္က အခုထိ မေက်မနပ္ျဖစ္ေနလို႕ ေပ်ာ္တာေတာင္ အေကာင္းမေပ်ာ္ရဘူး။

''အဲ႔လို ထိုင္မေနနဲဲ႕ေျပာလို႕လည္း ဟိုတခါကလို ရန္ထ,မျဖစ္နဲ႕ဦး…''

ျသ…
အဲ႕ဒီေန႕ကလည္း ရန္ျဖစ္ျပီး ကားထဲလည္းျပန္ေရာက္ေကာ ဆူလိုက္တာဆိုတာ…
ဒါေပမယ့္လည္း က္ိုယ့္စိုးရိမ္ခဲ႕ပံုေလးေတြကို ဝသုန္မာန္မ်က္လံုးထဲကမထြက္။
အခုထိ ဒါကို ျပန္ေျပာေနေသးပံုေထာက္ရင္ေတာ့
ေနာက္တခါ ရန္ထပ္ျဖစ္မွာကို စိုးရိမ္ေနေသးတာပဲ

ဒီေကာင္ေလးကေတာ့ေလ…
လူကိုအမ်ိဳးမ်ိဳးအသည္းယားေနေအာင္ကို လုပ္တယ္။

ကိုယ့္ကို နည္းေပါင္းစံုစဥ္းစားျပီး ထိုင္ဆူေနတဲ႔ေကာင္ေလးကို ဝသုန္မာန္ ဘာမွျပန္မေျပာမိပါ။
ကိုယ့္အတြက္ လူျကီးတေယာက္လို ရင့္က်က္ေနေပးပံုေလးက တမ်ိဳးတဖံုခ်စ္ဖို႕ေကာင္းေနတယ္လို႕ ဝသုန္ထင္မိသည္ေလ…

''ခင္ဗ်ားက ဘာေတြအဲ႕ေလာက္ျကည့္ေနရတာလဲ?''
ဘယ္ေလာက္ျကာေအာင္ အျကည့္ေကာင္းသြားလဲမသိ?
ယေသာ္ထက္ ေျပာမွသာ ဝသုန္မာန္လည္း သတိဝင္လာေတာ့တယ္။

''ဘာျဖစ္လို႕လဲ?
ငါျကည့္လို႕မရဘူးလား''

''မျကည့္နဲ႕…
ကၽြန္ေတာ္ မနက္ကတည္းက ဘာမွစားရေသးတာမဟုတ္ဘူး ဗိုက္ဆာေနျပီ။ဆိုင္တဆိုင္လိုက္ပို႕''
ဒီေကာင္ေလးကေတာ့ေလ… ျကည့္တာေလးေတာင္ တြန္႕တိုေနတယ္!
ေတြ႕မယ္။
မုန္႕ဆိုင္မပို႕ခင္ ရသေလာက္ျကည့္ပစ္လိုက္ဦးမယ္။

''ဒါနဲ႕…မင္း အိမ္မျပန္ဘူးလား''

''အင္း…အိမ္မျပန္ခ်င္ေသးလို႕…''
သပ္ျပင္းေလးတခ်က္ခ်ျပီး ျပန္ေျဖလာေတာ့ ဝသုန္မာန္ ကားစက္ႏႈိးမလို႕ျပင္ထားတဲ႕လက္ကို ျပန္ခ်လိုက္မိတယ္…
ဘာလို႕ပါလိမ့္။

''မင္းရဲ႕အမဆူမွာစိုးလို႔လား?''

''မဟုတ္ပါဘူး။သူက အိမ္ျပန္သြားျပီ''

''အဲ႕တာဆို ဘာလို႕လဲ?''

''ကၽြန္ေတာ့္အေဖက္ို ဘယ္လိုဖြင့္ေျပာရမလဲမသိလို႕…''
ေျပာရင္းနဲ႕ ေခါင္းေလးငံု႕သြားတာမ်ား ခ်က္ခ်င္းကို ကေလးရုပ္ေလးနဲ႕…

''တကယ္လို႕ မင္းမေျပာရဲေသးရင္ အခုေလာေလာဆယ္မေျပာေသးနဲ႕ဦးေလ။
ေနာက္မွ…''

''ဟင့္အင္း…
ကၽြန္ေတာ္ အေဖ့ကို မဖံုးကြယ္ထားခ်င္လို႕…''
ေရာ္…ဒီေကာင္ေလးနဲ႕ေတာ့ ခက္ေနျပီ။

ျကိုက္တိုင္းသား အိမ္ကို ေျပာရေျကးဆိုရင္ ဝသုန္႕ဦးေလး အခုဆိုရင္ uniကမိန္းကေလး အကုန္လံုးနီးပါးနဲ႕ ေတြ႔ဖူးေနေလာပ္ပါျပီ။
(ဒါေပမယ့္လည္း အခုကေတာ့ မတူဘူးမဟုတ္လား…
ယေသာ္ထက္က အဲ႔ဒီမိန္းကေလးေတြမွ မဟုတ္တာေလ)

''ဒါေပမယ့္…''
ဒါေပမယ့္တဲ႕…

''ဒါေပမယ့္ ဘာျဖစ္လဲ!??''
ဝသုန္ စိတ္မရွည္ပဲ ငံု႔သြားတဲ႕မ်က္ႏွာေလးကို လိုက္ငံု႕ျကည့္ျပီးေမးေတာ့…

''က်ြန္ေတာ္…ဘယ္လိုဖြင့္ေျပာရမလဲမသိဘူး''

ျသ…
သူ စိတ္ပူေနတာပဲ

''မင္း ဘယ္လိုလုပ္ဖို႔ ေတြးထားလဲ''

''အင္း…အလြန္ဆံုးအေမြျဖတ္ရံုေပါ့''

အိ…
ဘယ္လိုလုပ္မလဲေမးတာကို…
အေမြျဖတ္ခံရတာက စေျပာေနတယ္။

''ဒါမွမဟုတ္လည္း ဆြဲထိုးရင္ထိုး…''

''ဟာ…ေဟ့…မရပါဘူး''
ဝသုန္ မ်က္လံုးျပဴးျပီးရုတ္တရက္ျကီးထေအာ္ေတာ့

''ဘာကိုမရတာလဲ…''

''မင္းက ဘာလို႔အထိုးခံရမွာလဲ…မရပါဘူး''

ယေသာ္ ရယ္ေတာင္ရယ္မိတယ္။
ဒီလူျကီးနဲ႕ေတာ့ ဒုကၡပါပဲ။
ဘယ္သူက အထိုးခံရမွာလဲ…
စကားအျဖစ္ေျပာတာကို…

ငယ္ငယ္ကတည္းက အရိုက္ခံရဖ္ုိ႕ေနေနသာသာ လက္နဲ႕ေတာင္အရြယ္မခံရဖူးတာမို႕ ယေသာ္ထက္ ဆြဲအထိုးခံရလိမ့္မယ္ေတာ့မထင္မိပါ။
ဒါေပမယ့္ တက္အပ္ေတာ့မသိ!
အဲ႕တာကို ဒီလူျကီးက မသိရင္ပဲ တကယ္မ်က္ကြင္းညိဳေတာ့မယ့္အတိုင္း ထ,ေအာ္ေနေသးတယ္။

''ခင္ဗ်ားက ဘာလုပ္လို႔ရမွာလဲ?…
က်ြန္႔ေတာ့္အေဖက က်ြြန္ေတာ့္ကိုထိုးရင္ ခင္ဗ်ားက ဘာလုပ္လို႔ရမွာမို႔…''

''ငါ မင္းအစား အထ္ိုးခံေပးမယ္''

ဝသုန္႕အေျဖေျကာင့္
ရယ္ေနမိတဲ႕ယေသာ္ အရယ္ရပ္သြားရတယ္။
ဘယ္လို…!

''မင္းက…ငါ့အတြက္ အမ်ားျကီးကို ရင္ဆိုင္ေပးခဲ႕ရတာ။အရမ္း ခက္ခဲခဲ႕ရတာ။
အဲ႕တာေျကာင့္ ဒီအခ်ိန္ကစျပီး…မင္းကိုတေယာက္
တည္း ရင္မဆိုင္ခိုင္းေတာ့ဘူး။
ငါ မင္းေရွ႕မွာ ရွိေပးမယ္။
ဘာကိစၥပဲ ျဖစ္ျဖစ္…ငါ မင္းကို ကာကြယ္ေပးမယ္။
တကယ္လို႔ မင္းအေဖကို ဖြင့္ေျပာမယ္ဆိုရင္
ငါတို႔ႏွစ္ေယာက္ အတူတူေျပာျကမယ္…''

ဝသုန္ စကားဆံုးတဲ႕အထိ ယေသာ္ ေျကာင္ျကည့္ေနမိတုန္း…
အံ႕ျသသြားမိလို႔လား…
ျကည္ႏူးသြားတာလား…မသိေပမယ့္

''ခင္ဗ်ားက စကားေတာ္ေတာ္အေျပာေကာင္း
တာပဲ''
နီလာတဲ႕မ်က္ႏွာကို တဖက္လွည့္ရင္း ယေသာ္ထက္ေျပာလိုက္မိတယ္…
''အဲ႕တာေျကာင့္ အရင္တုန္းက ရည္းစားေတြအမ်ားျကီး ထားလို႔ရ…''

ဝသုန္ တဖက္လွည့္ေနတဲ႕ မ်က္ႏွာေလးကို ဆြဲလွည့္လိုက္တယ္။

''အခုေတာ့ ငါရင္ထဲမွာ မင္းတေယာက္ပဲရွိေတာ့တယ္''

လႈပ္ရွားလာတဲ႕ႏႈတ္ခမ္းေလးေတြကို တစံုတရာ
ထပ္ေျပာခြင့္မေပးေတာ့ဘဲ ဝသုန္႕ႏႈတ္ခမ္းေတြက ပိတ္ပင္လိုက္မိတယ္။

ကားတံခါးကို လက္ေထာက္ျပီး ေခါင္းေလးကို
တယုတယ ဆြဲယူထိန္းလိုက္ရင္း…

ေႏြးေထြးေသာ…ႏူးညံ႕ေသာ…ျပီးေတာ့
ခ်ိဳျမိန္ေသာ ႏႈတ္ခမ္းလႊာေလးေတြကို ဝသုန္
မက္မက္ေမာေမာနမ္းေနမိတာအမွန္…

ဒီႏႈတ္ခမ္းေလးေတြက ရန္ေတြ႕တတ္လြန္းတယ္…
ဒီႏႈတ္ခမ္းေလးေတြက ကေလးဆန္လြန္းတယ္…
ဒီႏႈတ္ခမ္းေလးေတြက တခါတေလမွာ ရင့္က်က္လြန္းတယ္…
ဒီႏႈတ္ခမ္းေလးေတြက…
ဝသုန္႕အတြက္ေတာ့ ခ်ိဳျမိန္လြန္းေနခဲ႕ပါတယ္

###############

မင္းေျပာခဲ႕တယ္…
ေဘးနားမွာ ရွိေနေပးရင္ လံုေလာက္ျပီ…လို႕။

ရင့္က်က္လြန္းတဲ႕ကေလးေရ…

ဘယ္ေတာ့မွ မခြဲဘူးဆိုတာ…
ငါ့ရဲ႕ကတိပါပဲ။

~~~~~~~~~~~~~

by Y.S

(Ukeေလးေတြက ေမာင္ေတာ္ရက်ိဳးနပ္လိုက္တာ…
#Author၏ opinion

:p ;p :p :p ဟုတ္လားေတာ့မသိဖူး😝😝😁😁)

အခ်စ္ဆံုးတို႕ေရ…😁😁
Yelliwie Swanတကယ္ စာပိေနတာပါ။😢
ခုမွစဖြင့္တာဆိုေပမယ့္လည္း tutoေတြ ဆက္ေနလို႔ပါေနာ္။😔

ျပီးေတာ့ေလ…
Maxiေလဆိပ္လည္းလိုက္ရ😁
(မမွီေပမယ့္လည္းေပါ့ေလ😭)
What the duckေလးလည္း ေစာင့္ရ…😄
2moon fan meetingလည္း ျကည့္ရ။😅
Sotus episodeလည္း ငမ္းရ😀ဆိုေတာ့ကား…
နည္းနည္း မအားဘူးျဖစ္သြားလို႕ပါေနာ္။

အျကာျကီးေစာင့္လိုက္ရတာ ေတာင္းပန္ပါတယ္ေနာ္။
🤧🤧🤧🤧🙏🙏🙏🙏🙏🙏🙏😥😥😥😥😢😢

အခုခ်္ိ္ထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဖတ္ေနၾကတဲ့သူေတြကိုလည္း ေက်းဇူးပါေနာ္
Love Uပါ
😘😘😍😍😍😍💙💚💛💜💓❤💘💕💖💗💞💝🖤🖤🖤🖤❣💟💌

<Unicode>

လေဒီရှူး-23 (yaoi story)

''ယသော်ထက်…''

နှုတ်ခမ်းလေးကို စူလိုက်၊
ပွစိပွစိပြောလိုက် လုပ်နေတဲ့ကောင်လေး…
သူ့နာမည်ကို ရုတ်တရက် ခေါ်လိုက်တော့ အူကြောင်ကြောင်လေးလှည့်ကြည့်လာတယ်။

''ငါ ခုဏက မင်းရဲ့အမပြောတာတွေကို ဘာတခွန်းမှ ပြန်မပြောနိုင်ခဲ့ဘူး…။
ဘာလို့လဲဆိုတာ မင်းသိလား?''

''ခင်ဗျား အ,နေလို့နေမှာပေါ့''
ငင့်!…
အကောင်းပြောမလို့ပါဆိုမှ…ရှိတဲ့ feelလေးပါ ပျောက်ထွက်သွားရတယ်။

''ဟုတ်တယ်ဟေ့…ငါက အ,နေလို့ ဘာမှပြန်မပြောတာ''
ငုတ်သွားတဲ့feelကို ဘယ်လိုမှပြန်အစဖော်လို့ မရတော့တာနဲ့ ဝသုန်မာန် ရွဲ့ပြီးသာ ပြန်ဖြေလိုက်မိတယ်။

လူက feelအပြည့်နဲ့ပြောမယ့်အချိန်မှာ ပြောတာကြီးကိုက…

ဝသုန်မာန်လည်း အ,တာကကို မတတ်တော့ဘူး။
မအ,ကြောင်း ပြလိုက်ရရင်တော့နော်…

''ငါ အကောင်းပြောမလို့ပါ…မင်းကလည်း…''
ဝသုန့်မှာ သက်သေပြချင်စိတ်ကို မနည်းထိန်းချုပ်ပြီး ပြောရသေးတယ်

''ပြောလေ။ခင်ဗျားဖာသာ မပြောနိုင်သေးပဲနဲ့''
ဒါတောင် အဲ့ကောင်လေးက သူ့အမပြောတာကို ငြိမ်ခံခဲ့ရပါ့မလားဆိုပြီး အခုထိ တင်းနေတဲ့ပုံမျိုးနဲ့…
ကောင်းပြီလေ။
ဘာကြောင့်ဆိုတာ သိပြီးရင် ထပ်တင်းနိုင်မလား ကြည့်ရသေးတာပေါ့!

''မင်းကြောင့်''

''ဘယ်လို?''

''ဟုတ်တယ်။မင်းကြောင့်…ငါ ဘာမှပြန်မပြောနိုင်တာ''

''ဘာဆိုင်လို့လဲ?''

မျက်မှောင်လေးကြုတ်ပြီး မေးလာတော့ ဝသုန်မာန် သက်ပြင်းချရင်း ပြုံးလိုက်မိတယ်။
ဒီကလေးကို သူရှင်းပြဖို့ ဘယ်လိုများ စကားလုံးစီရမှာပါလိမ့်

''ငါ မင်းကို စ,ကြိုက်ခဲ့မိတဲ့အချိန်ကစပြီး အခုချိန်ထိ…
ငါ စိတ်ပူမိတာ တစ်ခုပဲရှိတယ်။
အဲ့တာက…ငါ့ကြောင့် မင်းထိခိုက်မှာကိုပဲ''

ယသော်ထက် ဘာမှပြန်မပြောပဲ ဝသုန့်ကိုသာ ငေးကြည့်နေလျှက်…

''ငါ့လို ယောကျာ်းလေးတယောက်ကို ရွေးချယ်ခဲ့လို့ ပတ်ဝန်းကျင်က မင်းကို အပြစ်ပြောကြမှာ ငါ စိတ်ပူတယ်''

''ခင်ဗျားက လူတွေကဲ့ရဲ့မှာကို ကြောက်လို့လား''
ခပ်စူးစူးလေး ပြန်ပြောလာတဲ့အသံလေးနဲ့အတူ စူပုတ်ပုတ်ဖြစ်လာတဲ့ ယသော်ထက်ရဲ့ မျက်နှာလေး…

''လူတွေကဲ့ရဲ့မှာကိုကြောက်ရင် ဘာလို့ ကျွန်တော့်ကို ကြိုက်ခဲ့သေးလဲ?
အစကတည်းက ဘာလို့ ဖွင့်ပြောနေခဲ့သေးတာလဲ''
သူ့စကားကို အဓိပ္ပာယ်ကောက်လွဲပြီး ဒေါသထွက်နေတဲ့ကောင်းလေးကိုကြည့်ပြီး ဝသုန်မာန် ပြုံးမိပြန်တယ်။

ဒီကောင်လေးကတော့လေ…
စိတ်ချည်းပဲ…စကားကို သေချာနားမထောင်ဘူး။

''ငါ ဂရုစိုက်တာက လူတွေကဲ့ရဲ့မယ့် စကားကို မဟုတ်ဘူး…ယသော်ထက်။
မင်းကိုပဲ…''

ဟဟလေးပွင့်သွားတဲ့ နှုတ်ခမ်းလေးတွေက
ဝသုန် အလွတ်ရထားသလို အံ့သြသွားတယ်ဆိုတာကို ညွှန်ပြနေတော့…
ဝသုန်မာန် ထိုနှုတ်ခမ်းလေးတွေကို ထပ်ပြီးရှင်းပြချင်လာမိလေရဲ့။

''ငါ အရင်က ပြောခဲ့သလိုပဲ…
အခြားလူတွေ ဘယ်လောက်ပဲ အပြစ်တင်၊
ကဲ့ရဲ့ပေမယ့် ငါ ဂရုမစိုက်ဘူး။
ဘာလို့လဲဆိုတော့ …
သူတို့ဘယ်လောက် ကဲ့ရဲ့ပါစေ
မင်းကို ချစ်နေရရုံနဲ့တင် ငါ ကျေနပ်တယ်။

ငါ မင်းကို ချစ်ခဲ့မိတယ်…
မင်းရဲ့ချစ်သူဖြစ်ဖို့ ကြိုးစားခဲ့တယ်…
ငါ မင်းကို ချစ်ခဲ့မိလို့ နောင်တမရခဲ့ဘူး ယသော်ထက်။
ငါ့မှာနောက်ဆုတ်ဖို့ အတွေးကော၊စိတ်ကူးကော မရှိဘူး…အဲ့ဒါကြောင့်…
ငါ စိတ်ပူတယ်ဆိုတာ အဲ့ဒါကြောင့်ပါ။

မင်းကို ငါ့ကြောင့်နဲ့…
ထိခိုက်မှာကို စိတ်ပူတယ် ယသော်ထက်။
ငါ့ကို ပြောမယ့်စကားတွေကို ခံနိုင်ရည်ရှိပေမယ့်……''

''ခင်ဗျားကကော…ကျွန်တော့်ကို မယုံဘူးလား?
ပတ်ဝန်းကျင်ကြောင့် ကျွန်တော်လက်လျော့လိုက်မယ်ထင်လို့လား?''
အကြာကြီးငြိမ်နားထောင်နေခဲ့ပြီးမှ ပထမဆုံး ပြန်ပြောတဲ့စကား…

''ငါ အဲ့ဒီလိုပြောတာမဟုတ်ဘူး ယသော်ထက်။
မင်းအတွက် စိတ်ပူနေမိရုံ…''

''ဘယ်သူက စိတ်ပူခိုင်းလို့လဲ?''
ရုုတ်တရက်ကြီး ဒေါသထွက်သွားတဲ့ ယသော်ထက်ကို ထိုင်ကြည့်နေရတာတော့ ဝသုန့်အလှည့်ရယ်ပါ…
ဘာဖြစ်လို့များ ဒီလောက် စိတ်တိုရတာလဲ?

''ကျွန်တော် ခင်ဗျားကို ရွေးချယ်ခဲ့ကတည်းက…
နောင်ဖြစ်လာမယ့်ကိစ္စတွေကို မသိခဲ့ဖူးလို့ထင်လို့လား?
ကြိုမတွေးခဲ့ဖူးဘူးလို့ ထင်လို့လား?
ဖြစ်နိုင်တာတွေအကုန်လုံးကို ကျွန်တော် ကြိုတွေးခဲ့တယ်။အဲ့ဒါကြောင့်…လက်ခံဖို့ အရမ်းခက်ခဲခဲ့တယ်''

အင်း…ဟုတ်မှာပေါ့လေ။
သူ့အတွက်လည်း အရမ်းခက်ခဲခဲ့မှာပေါ့…
ဝသုန် ကိုယ့်ကိုကိုယ်ဝန်ခံဖို့အတွက်တောင်မှ မလွယ်ကူခဲ့ဘူးမဟုတ်လား။

''အဲ့ဒါကြောင့်မို့လို့…
လက်ခံဖို့ အရမ်းခက်ခဲခဲ့တာမို့လို့…
အခုအချိန်မှတော့…ကျွန်တော် လက်လျော့မှာမဟုတ်ဘူး။
ပြီးတော့…ခင်ဗျား…''

တဖက်ကိုလှည့်ပြီးပြောနေရာကနေ ချက်ချင်းကြီး ကိုယ့်ဘက်ပြန်လှည့်ကြည့်လိုက်တာမို့ ဝသုန်မာန်လန့်တောင်သွားရတယ်…ဘာဖြစ်ရပြန်တာလဲဟ!??

''ကျွန်တော့်အတွက် စိတ်မပူနဲ့…''

''ဘာလို့လဲ?''

''ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့ပြီးသား ဆုံးဖြတ်ချက်မို့…
ကျွန်တော့်ကို စိတ်ပူနေစရာမလိုဘူး။
အားနာပေးနေစရာလည်း မလိုဘူး။
ဒီအတိုင်း…''
ပြောနေရင်းနဲ့ တဝက်တပြတ်စကားရပ်သွားလို့ ဝသုန် သူ့မျက်နှာကို ငုံ့ကြည့်တော့လည်း ဆက်မပြော…

''ဒီအတိုင်း…!ဘာဖြစ်လဲ?''
ဝသုန် စကားထောက်လိုက်တော့…

''အဲ့တာ…ဟို…ဒီအတိုင်းပဲ…ကျွန်တော့်ဘေးနားမှာ ရှိနေပေးရင်ရပြီ…''
စကားဆုံးသွားတော့ အကြည့်လွှဲသွားပြီး မျက်တောင်လေးတွေ ပုတ်ခပ်လို့…

ဟုတ်သားပဲ…
ကလေးဆန်တတ်လွန်းတဲ့ဒီကောင်လေးရဲ့ ရင့်ကျက်ပုံတွေကို ဝသုန်မာန်မေ့နေခဲ့မိတာပဲ။
အခုလည်း ဆူနေတာ လူကြီးတစ်ယောက်နဲ့ တူလိုက်တာ။…

ဒါပေမယ့် သူပြောပြီးသူဖာသာ ပြန်ရှက်နေလိုက်တာများ!

''ကျွန်တော့်အတွက် စိတ်ပူပေးနေလို့ဆိုပြီး ခုဏတုန်းကလိုမျိုးဆိုရင် အ,အကြီးလို ထိုင်နေမှာလား?''
ကြည့်…
သူရှက်နေတာလေး အသည်းယားနေတုန်းရှိသေးတယ်။

လုပ်ပြန်ပြီ…ဒီအ,အကိစ္စ…
ဝသုန်မာန်ခဗျာမှာလည်း ကိုယ့်ဘက်က အခုထိ မကျေမနပ်ဖြစ်နေလို့ ပျော်တာတောင် အကောင်းမပျော်ရဘူး။

''အဲ့လို ထိုင်မနေနဲ့ပြောလို့လည်း ဟိုတခါကလို ရန်ထ,မဖြစ်နဲ့ဦး…''

သြ…
အဲ့ဒီနေ့ကလည်း ရန်ဖြစ်ပြီး ကားထဲလည်းပြန်ရောက်ကော ဆူလိုက်တာဆိုတာ…
ဒါပေမယ့်လည်း ကိုယ့်စိုးရိမ်ခဲ့ပုံလေးတွေကို ဝသုန်မာန်မျက်လုံးထဲကမထွက်။
အခုထိ ဒါကို ပြန်ပြောနေသေးပုံထောက်ရင်တော့
နောက်တခါ ရန်ထပ်ဖြစ်မှာကို စိုးရိမ်နေသေးတာပဲ

ဒီကောင်လေးကတော့လေ…
လူကိုအမျိုးမျိုးအသည်းယားနေအောင်ကို လုပ်တယ်။

ကိုယ့်ကို နည်းပေါင်းစုံစဉ်းစားပြီး ထိုင်ဆူနေတဲ့ကောင်လေးကို ဝသုန်မာန် ဘာမှပြန်မပြောမိပါ။
ကိုယ့်အတွက် လူကြီးတယောက်လို ရင့်ကျက်နေပေးပုံလေးက တမျိုးတဖုံချစ်ဖို့ကောင်းနေတယ်လို့ ဝသုန်ထင်မိသည်လေ…

''ခင်ဗျားက ဘာတွေအဲ့လောက်ကြည့်နေရတာလဲ?''
ဘယ်လောက်ကြာအောင် အကြည့်ကောင်းသွားလဲမသိ?
ယသော်ထက် ပြောမှသာ ဝသုန်မာန်လည်း သတိဝင်လာတော့တယ်။

''ဘာဖြစ်လို့လဲ?
ငါကြည့်လို့မရဘူးလား''

''မကြည့်နဲ့…
ကျွန်တော် မနက်ကတည်းက ဘာမှစားရသေးတာမဟုတ်ဘူး ဗိုက်ဆာနေပြီ။ဆိုင်တဆိုင်လိုက်ပို့''
ဒီကောင်လေးကတော့လေ… ကြည့်တာလေးတောင် တွန့်တိုနေတယ်!
တွေ့မယ်။
မုန့်ဆိုင်မပို့ခင် ရသလောက်ကြည့်ပစ်လိုက်ဦးမယ်။

''ဒါနဲ့…မင်း အိမ်မပြန်ဘူးလား''

''အင်း…အိမ်မပြန်ချင်သေးလို့…''
သပ်ပြင်းလေးတချက်ချပြီး ပြန်ဖြေလာတော့ ဝသုန်မာန် ကားစက်နှိုးမလို့ပြင်ထားတဲ့လက်ကို ပြန်ချလိုက်မိတယ်…
ဘာလို့ပါလိမ့်။

''မင်းရဲ့အမဆူမှာစိုးလို့လား?''

''မဟုတ်ပါဘူး။သူက အိမ်ပြန်သွားပြီ''

''အဲ့တာဆို ဘာလို့လဲ?''

''ကျွန်တော့်အဖေကို ဘယ်လိုဖွင့်ပြောရမလဲမသိလို့…''
ပြောရင်းနဲ့ ခေါင်းလေးငုံ့သွားတာများ ချက်ချင်းကို ကလေးရုပ်လေးနဲ့…

''တကယ်လို့ မင်းမပြောရဲသေးရင် အခုလောလောဆယ်မပြောသေးနဲ့ဦးလေ။
နောက်မှ…''

''ဟင့်အင်း…
ကျွန်တော် အဖေ့ကို မဖုံးကွယ်ထားချင်လို့…''
ရော်…ဒီကောင်လေးနဲ့တော့ ခက်နေပြီ။

ကြိုက်တိုင်းသား အိမ်ကို ပြောရကြေးဆိုရင် ဝသုန့်ဦးလေး အခုဆိုရင် uniကမိန်းကလေး အကုန်လုံးနီးပါးနဲ့ တွေ့ဖူးနေလောပ်ပါပြီ။
(ဒါပေမယ့်လည်း အခုကတော့ မတူဘူးမဟုတ်လား…
ယသော်ထက်က အဲ့ဒီမိန်းကလေးတွေမှ မဟုတ်တာလေ)

''ဒါပေမယ့်…''
ဒါပေမယ့်တဲ့…

''ဒါပေမယ့် ဘာဖြစ်လဲ!??''
ဝသုန် စိတ်မရှည်ပဲ ငုံ့သွားတဲ့မျက်နှာလေးကို လိုက်ငုံ့ကြည့်ပြီးမေးတော့…

''ကျွန်တော်…ဘယ်လိုဖွင့်ပြောရမလဲမသိဘူး''

သြ…
သူ စိတ်ပူနေတာပဲ

''မင်း ဘယ်လိုလုပ်ဖို့ တွေးထားလဲ''

''အင်း…အလွန်ဆုံးအမွေဖြတ်ရုံပေါ့''

အိ…
ဘယ်လိုလုပ်မလဲမေးတာကို…
အမွေဖြတ်ခံရတာက စပြောနေတယ်။

''ဒါမှမဟုတ်လည်း ဆွဲထိုးရင်ထိုး…''

''ဟာ…ဟေ့…မရပါဘူး''
ဝသုန် မျက်လုံးပြူးပြီးရုတ်တရက်ကြီးထအော်တော့

''ဘာကိုမရတာလဲ…''

''မင်းက ဘာလို့အထိုးခံရမှာလဲ…မရပါဘူး''

ယသော် ရယ်တောင်ရယ်မိတယ်။
ဒီလူကြီးနဲ့တော့ ဒုက္ခပါပဲ။
ဘယ်သူက အထိုးခံရမှာလဲ…
စကားအဖြစ်ပြောတာကို…

ငယ်ငယ်ကတည်းက အရိုက်ခံရဖို့နေနေသာသာ လက်နဲ့တောင်အရွယ်မခံရဖူးတာမို့ ယသော်ထက် ဆွဲအထိုးခံရလိမ့်မယ်တော့မထင်မိပါ။
ဒါပေမယ့် တက်အပ်တော့မသိ!
အဲ့တာကို ဒီလူကြီးက မသိရင်ပဲ တကယ်မျက်ကွင်းညိုတော့မယ့်အတိုင်း ထ,အော်နေသေးတယ်။

''ခင်ဗျားက ဘာလုပ်လို့ရမှာလဲ?…
ကျွန့်တော့်အဖေက ကျွန်တော့်ကိုထိုးရင် ခင်ဗျားက ဘာလုပ်လို့ရမှာမို့…''

''ငါ မင်းအစား အထိုးခံပေးမယ်''

ဝသုန့်အဖြေကြောင့်
ရယ်နေမိတဲ့ယသော် အရယ်ရပ်သွားရတယ်။
ဘယ်လို…!

''မင်းက…ငါ့အတွက် အများကြီးကို ရင်ဆိုင်ပေးခဲ့ရတာ။အရမ်း ခက်ခဲခဲ့ရတာ။
အဲ့တာကြောင့် ဒီအချိန်ကစပြီး…မင်းကိုတယောက်
တည်း ရင်မဆိုင်ခိုင်းတော့ဘူး။
ငါ မင်းရှေ့မှာ ရှိပေးမယ်။
ဘာကိစ္စပဲ ဖြစ်ဖြစ်…ငါ မင်းကို ကာကွယ်ပေးမယ်။
တကယ်လို့ မင်းအဖေကို ဖွင့်ပြောမယ်ဆိုရင်
ငါတို့နှစ်ယောက် အတူတူပြောကြမယ်…''

ဝသုန် စကားဆုံးတဲ့အထိ ယသော် ကြောင်ကြည့်နေမိတုန်း…
အံ့သြသွားမိလို့လား…
ကြည်နူးသွားတာလား…မသိပေမယ့်

''ခင်ဗျားက စကားတော်တော်အပြောကောင်း
တာပဲ''
နီလာတဲ့မျက်နှာကို တဖက်လှည့်ရင်း ယသော်ထက်ပြောလိုက်မိတယ်…
''အဲ့တာကြောင့် အရင်တုန်းက ရည်းစားတွေအများကြီး ထားလို့ရ…''

ဝသုန် တဖက်လှည့်နေတဲ့ မျက်နှာလေးကို ဆွဲလှည့်လိုက်တယ်။

''အခုတော့ ငါရင်ထဲမှာ မင်းတယောက်ပဲရှိတော့တယ်''

လှုပ်ရှားလာတဲ့နှုတ်ခမ်းလေးတွေကို တစုံတရာ
ထပ်ပြောခွင့်မပေးတော့ဘဲ ဝသုန့်နှုတ်ခမ်းတွေက ပိတ်ပင်လိုက်မိတယ်။

ကားတံခါးကို လက်ထောက်ပြီး ခေါင်းလေးကို
တယုတယ ဆွဲယူထိန်းလိုက်ရင်း…

နွေးထွေးသော…နူးညံ့သော…ပြီးတော့
ချိုမြိန်သော နှုတ်ခမ်းလွှာလေးတွေကို ဝသုန်
မက်မက်မောမောနမ်းနေမိတာအမှန်…

ဒီနှုတ်ခမ်းလေးတွေက ရန်တွေ့တတ်လွန်းတယ်…
ဒီနှုတ်ခမ်းလေးတွေက ကလေးဆန်လွန်းတယ်…
ဒီနှုတ်ခမ်းလေးတွေက တခါတလေမှာ ရင့်ကျက်လွန်းတယ်…
ဒီနှုတ်ခမ်းလေးတွေက…
ဝသုန့်အတွက်တော့ ချိုမြိန်လွန်းနေခဲ့ပါတယ်

###############

မင်းပြောခဲ့တယ်…
ဘေးနားမှာ ရှိနေပေးရင် လုံလောက်ပြီ…လို့။

ရင့်ကျက်လွန်းတဲ့ကလေးရေ…

ဘယ်တော့မှ မခွဲဘူးဆိုတာ…
ငါ့ရဲ့ကတိပါပဲ။

~~~~~~~~~~~~~

by Y.S

(Ukeလေးတွေက မောင်တော်ရကျိုးနပ်လိုက်တာ…
#Author၏ opinion

:p ;p :p :p ဟုတ်လားတော့မသိဖူး😝😝😁😁)

အချစ်ဆုံးတို့ရေ…😁😁
Yelliwie Swanတကယ် စာပိနေတာပါ။😢
ခုမှစဖွင့်တာဆိုပေမယ့်လည်း tutoတွေ ဆက်နေလို့ပါနော်။😔

ပြီးတော့လေ…
Maxiလေဆိပ်လည်းလိုက်ရ😁
(မမှီပေမယ့်လည်းပေါ့လေ😭)
What the duckလေးလည်း စောင့်ရ…😄
2moon fan meetingလည်း ကြည့်ရ။😅
Sotus episodeလည်း ငမ်းရ😀ဆိုတော့ကား…
နည်းနည်း မအားဘူးဖြစ်သွားလို့ပါနော်။

အကြာကြီးစောင့်လိုက်ရတာ တောင်းပန်ပါတယ်နော်။
🤧🤧🤧🤧🙏🙏🙏🙏🙏🙏🙏😥😥😥😥😢😢

အခုချိ်ထိ စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်နေကြတဲ့သူတွေကိုလည်း ကျေးဇူးပါနော်
Love Uပါ
😘😘😍😍😍😍💙💚💛💜💓❤💘💕💖💗💞💝🖤🖤🖤🖤❣💟💌

Continue Reading

You'll Also Like

50.2K 4.9K 14
ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိုယုတၲိမတန္တာကကြၽန္ေတာ့္ဆီမွာ တကယ္ျဖစ္လာေ...
1.2K 65 10
ချစ်တာကိုမေတ္တာတွေနဲ့ဖော်ပြရမှာပေါ့
152K 12.1K 47
မင်းသားတစ်ပါး၏ ပုံပြင် ဆိုသည့်အတိုင်း ဒီဇာတ်လမ်းပါ အကြောင်းအရာအားလုံးက ကျွန်တော့်ရဲ့ စိတ်ကူးယဥ် သပ်သပ်သာ ဖြစ်ပါတယ်။ ဒါဆိုရင် ဇာတ်လမ်းလေးကို စပြီး မိတ...
392K 42.2K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...