(Zawgyi)
dongwoo's P.O.V,
"ေဟ့ေကာင္...ငါ့ကိုမနက္ကsoeunလာမေတြ႔ဘူး"
ဂနာမျငိမ္ျဖစ္ေနေသာwoohyunတစ္ေကာင္
က်ြန္ေတာ့္အားဤစကားေျပာသည္မွာဆယ္ၾကိမ္ပင္မက
ေတာ့
ေဘာပင္ကိုေတာင္လွည့္လိုက္ေျမာက္လွည့္လိုက္
စာအုပ္ကိုထုတ္လိုက္ထည့္လိုက္
ဖုန္းဖြင့္ျပီးkakaoထဲဝင္ၾကည့္လိုက္ျပန္ထြက္လိုက္
သူေတာ့မသိ ေဘးမွက်ြန္ေတာ္ကေတာ့ေတာ္ေတာ္ကိုမ်က္စိ
ေနာက္ေနျပီျဖစ္သည္
"မေန႔ကငါ သူ႔ကိုေအာ္လိုက္လို႔စိတ္မ်ားဆိုးသြားျပီလား မသိဘူး"
မ်က္နွာမွာမိုးျပိဳ ေတာ့မည့္အတိုင္းငိုမဲ႔မဲ႔နွင့္
"soeunလား မင္းကိုစိတ္ဆုိးမွာ...သူ႔ေလာက္မင္းကိုခ်စ္
တာသူပဲရွိတယ္...ပူမေနနဲ႔"
"မဟုတ္ဘူး...သူ ငါ့ကိုမနက္တိုင္းလာေတြ႔ေနက်...ဒီေန႔ လံုးဝကိုမလာတာ...သူ စိတ္မဆိုးရင္ငါ့ဆီလာမွာေပါ့"
မ်က္စိေနာက္ရံုပင္မဟုတ္ေတာ့ နားေတြပါျငီးလာသည္
အေရွ့ကprofessorရဲ႕စကားအစားသူ႔စကားေတြကို
အေယာင္ေယာင္အမွားမွားနွင့္စာအုပ္ထဲခ်ေရးမိကုန္သည္
"ေနာက္ေတာ့ လာမွာေပါ့ကြာ"
ူသူကေတာ့ အေရွ့မွအားၾကိဳးမာန္တက္သင္ေနရွာေသာ
professorအား ရွိတယ္လို႔ပင္ထင္ပံုမရ
လူကစာသင္ခန္းထဲမွာရွိေနေသာ္လည္းစိတ္ကေတာ့
soeunဆီသြားေနပံုရသည္
မကိုင္ရွာေသာဖုန္းအားေနာက္တစ္ၾကိမ္ၾကိဳ းစားပမ္းစား
ထပ္ဆက္ျပန္သည္
"ဖုန္းလည္းမကိုင္ဘူး"
"စာသင္ေနလို႔ေနမွာေပါ့...မင္းကလည္း"
"ဟိုေနာက္ကေက်ာင္းသားေတြ...စကားေျပာခ်င္ရင္အစထဲ
ကအတန္းလာမတတ္နဲ႔...အလကား ငါ့စာသင္ခ်ိန္ကို
အေနွာက္အယွက္လာေပးေနတယ္...မသင္ခ်င္ရင္ သြား
အျပင္ထြက္"
အတန္းသားမ်ားၾကားမွာဂုဏ္ယူစရာေကာင္းစြာအေအာ္
ခံထိျပီးေနာက္ က်ြန္ေတာ္တို႔နွစ္ေယာက္လြယ္အိတ္ေလး ပိုက္ကာကုတ္ကုတ္ကုတ္ကုတ္နွင့္အျပင္ထြက္လာခဲ႔ရသည္
ေတာ္ေတာ္ကိုဒုကၡေပးတဲ႔အေကာင္
သူလုပ္လို႔အေရးၾကီးတဲ႔အတန္းခ်ိန္ပ်က္လိုက္ရျပန္ျပီ
နဂိုထဲက စာအုပ္ထဲမွာစာမရွိပါဘူးဆိုမွ
"ငါ soeunဆီသြားလိုက္ဦးမယ္"
ေဇာင္းတန္းထဲကလြတ္လာတဲ႔ျမင္းလိုတရွိန္ထိုးေျပးထြက္သြားပံုအရ သူ႔ေၾကာင့္အတန္းထဲကေမာင္းထုတ္ခံလိုက္ရတဲ႔
က်ြန္ေတာ့္အားတစ္စက္ေလးမွအားနာသည့္ပံုမေပၚ
ေနစမ္းပါဦး သူဘာလို႔soeunကိုဒီေလာက္ထိစိတ္ပူေန
ရတာလဲ
အရင္ကဆိုလ်ွင္ သူမ ရည္းစားသာလုပ္ေနေပမယ့္
soeunအေၾကာင္းစိတ္မဝင္စားသလို ဂရုလည္းမစိုက္
soeunကသူ႔အေပၚဘယ္ေလာက္ပဲေကာင္းေကာင္း
သူမကိုတကယ္ခ်စ္ဖို႔ သူနည္းနည္းေလးမွစိတ္မတိမ္းညြတ္
ခဲ႔
သူမနွင့္ပတ္သက္လာလ်ွင္ အျမဲေအးတိေအးစက္နိုင္လြန္း
ေပမယ့္ ဒီေန႔သူ႔အျပဳ အမူေတြအနည္းငယ္ထူးဆန္းေန
သည္ အနည္းငယ္မဟုတ္ ေတာ္ေတာ္ကိုေျပာင္းလဲေနတာ
ျဖစ္သည္
မဟုတ္မွလြဲေရာ ဒီေကာင္ soeunအေပၚခံစားခ်က္မ်ားရွိေနျပီလား
...........................
soeun's P.O.V,
"🎵🎼🎵🎼🎵🎼🎶🎼🎶🎼"
ရုတ္တရက္ထျမည္လာေသာဖုန္းမွႏႈိးစက္သံနွင့္အတူ အေမွာင္က်ေနေသာျမင္ကြင္းမွာတစ္ဖန္ျပန္လင္းလာသည္
ဘယ္အခ်ိန္ဘယ္အခါကအိပ္ေပ်ာ္သြားသည္မသိေတာ့
စာလုပ္ဖို႔စာၾကည့္တိုက္ထဲလာခဲ႔ေသာ္ျငားစာအုပ္နွင့္လက္
နွင့္ထိမိခ်ိန္မွစ၍တခ်ိ ဳ းတည္းအိပ္ေပ်ာ္သြားခဲ႔ပံုရသည္
ႏုိးတစ္ဝက္ မနုိးတစ္ဝက္ ျဖစ္ေနေသာက်ြန္မ
ျမင္တစ္ဝက္ မျမင္တစ္ဝက္ျဖစ္ေနေသာျမင္ကြင္း
အလ်င္စလိုေျပးလာကာ က်ြန္မေရွ့ဝင္ထိုင္လိုက္ေသာ
တစ္စံုတစ္ေယာက္၏ပံုရိပ္မွာလည္း ေပၚတစ္ဝက္ မေပၚတစ္ဝက္
"soeunah...ဘာလို႔ဖုန္းမကိုင္တာလဲ...မနက္ကလည္း
ဘာလို႔ကိုယ့္ဆီမလာတာလဲ...ဘာလဲ...မေန႔ကကိုယ္ေအာ္
လိုက္လို႔စိတ္ဆိုးသြားတာလား"
ထိုပံုရိပ္မွာwoohyun oppaျဖစ္ေၾကာင္းသိလိုက္ရ
သည္နွင့္ခ်က္ခ်င္းဆိုသလို အိပ္ငိုက္ေျပသြားေတာ့သည္
ျမင္လိုက္ရတိုင္းက်ြန္မကိုစိတ္လႈပ္ရွားေအာင္လုပ္နိုင္သည့္ သူမဟုတ္လား
"မဟုတ္ပါဘူး...စိတ္မဆိုးပါဘူး...ဟိုဟာ...မနက္ထဲက ဒီမွာအိပ္ေပ်ာ္သြားလို႔ ဖုန္းေခၚတာမၾကားလိုက္မိဘူး...ဟီး"
ကိုယ္ကလိုက္ေခ်ာ့ရမယ္ထင္ထားေသာ္လည္းထူးထူး
ဆန္းဆန္းကိုယ့္ကိုအရင္လာေခ်ာ့ေသာေၾကာင့္ ဘာရယ္မဟုတ္ ေတာ္ေတာ္ေလးကိုေပ်ာ္သြားမိသည္
အေပ်ာ္လြန္ျပီးစပ္ျဖီးျဖီးျဖစ္ေနေသာမ်က္နွာပိုးကိုလည္း
မနည္းျပန္သတ္လိုက္ရသည္
"မသိပါဘူး...ကိုယ့္မွာစိတ္ပူလိုက္ရတာ"
"........."
စိတ္ပူတယ္!!!
Nam woohyunက???
က်ြန္မကို???
မေမ်ွာ္လင့္ထားတဲ႔စကားေၾကာင့္က်ြန္မ ခဏေလာက္... မဟုတ္ဘူး အခ်ိန္အၾကာၾကီးဆြံ႔အသြားသည္
တစ္ခ်ိန္တစ္ခါကေတာင့္တခဲ႔ဖူးတဲ႔ ထိုစကားေတြ
ေမ်ွာ္လင့္ခဲ႔ဖူးတဲ႔ ထိုအၾကည့္ေတြ
လိုခ်င္ခဲ႔ဖူးတဲ႔ ထိုအျပံဳ းေတြ
အရာရာဟာ ေဖာ္မျပနိုင္ေလာက္ေအာင္လွပလြန္းေနသည္
ရုတ္တရက္ က်ြန္မေခါင္းကိုခပ္ဖြဖြထိကိုင္လာတဲ႔သူ႔ရဲ႕လက္ဖဝါးႏုႏု
"ဆံပင္ေတြရႈပ္ပြေနတယ္"
သူကေတာ့ ရယ္ေမာရင္းေအးေအးေဆးေဆးျဖစ္ေနေသာ္
လည္းနွလံုးသားတစ္ခုလံုးဝုန္းဒိုင္းၾကဲေနေသာက်ြန္မ
ကေတာ့မတည္ျငိမ္နိုင္ေတာ့
ပထမဆံုးေသာskinship
ရည္းစားသက္တမ္း1ႏွစ္ရွိျပီျဖစ္ေသာ္လည္း သူနွင့္က်ြန္မပခံုးဖက္ဖို႔မေျပာနွင့္ လက္ေလးေတာင္မကိုင္
ဖူးခဲ႔
ယခု စာၾကည့္တိုက္ထဲတြင္ရွိေနေသာေက်ာင္းသူေက်ာင္း
သားေတြအားလံုးထက္ က်ြန္မ အေပ်ာ္ရႊင္ဆံုးျဖစ္ေနမည္မွာ
အတည္ျပဳစရာမလိုေတာ့ေလာက္ေအာင္ေသခ်ာေနသည္
စားပြဲေပၚကပ်ံ႕က်ဲေနတဲ႔စာအုပ္ေတြကအစ
စာအုပ္ေပၚကနားမည္နိုင္တဲ႔စာေတြအဆံုး က်ြန္မအတြက္ထျပီးလက္ခုပ္တီးေပးေနၾကသလို
ကိုယ္ခ်စ္တဲ႔သူဆီကဂရုစိုက္ခံရျခင္းဟာဒီေလာက္ထိ
ၾကည္ႏူးစရာေကာင္းမွန္းမသိခဲ႔
ဤအခိုက္အတန္႔သာအိပ္မက္တစ္ခုဆိုလ်ွင္က်ြန္မ
တစ္သက္လံုးႏႈိးထဖို႔ၾကိဳ းစားေတာ့မည္မဟုတ္
........................
myungsoo's P.O.V,
busကားဂိတ္ကိုေရာက္လာတဲ႔သူမပံုစံဟာ မေန႔ကနဲ႔မတူ
အရမ္းကိုေပ်ာ္ျမဴ းေနပံုရသည္
မေန႔ကငိုထားတဲ႔မ်က္နွာမွာယေန႔ေတာ့ျပံဳ းျဖီးလို႔
"ဘာေတြအဲ႔ေလာက္ေတာင္ေပ်ာ္လာတာလဲ"
က်ြန္ေတာ့္ဘက္လွည့္ၾကည့္လာသည့္noonaမွာျပံဳ းေန၍
လားမသိ အရင္ေန႔ေတြကထက္ပိုလွေနသည္
"မေျပာျပပါဘူး...နင့္ကို"
မေျပာျပဘူးဆုိမွပိုသိခ်င္လာမိ
"ဘာလဲ...ေျပာျပပါ...noonaကလည္း"
"ဘာမွမဟုတ္ပါဘူး...woohyun oppaေၾကာင့္ပါ"
မၾကားခ်င္ဆံုးေသာထိုနာမည္နွင့္အတူမျမင္ခ်င္ဆံုးေသာ
ထိုမ်က္နွာကိုပါျမင္ေယာင္လာမိသည္
ေမးမိတဲ႔ကိုယ့္ပါးစပ္ကိုပင္ပိတ္ရိုက္လိုက္ခ်င္သည္
သူမအတြက္အရမ္းကိုအဓိပၸါယ္ရွိတဲ႔ျဖစ္တည္မႈတစ္ရပ္ျဖစ္တဲ႔သူ႔ကို သူမအတြက္ဘာမွမဟုတ္တဲ႔က်ြန္ေတာ္ မနာလိုျဖစ္
မိသည္
ေရွ့ဆက္မတိုးသင့္မွန္းသိေပမယ့္
သူမရဲ႕အခ်စ္ကိုမရနိုင္မွန္းသိေပမယ့္
ဒီထက္ပိုျပီးခံစားရမယ္မွန္းသိေပမယ့္
ေနာက္ဆံုးမွာ ဇာတ္သိမ္းမေကာင္းစြာနိဂံုးခ် ဳပ္ရမွန္း သိေပမယ့္
က်ြန္ေတာ္ဟာ အရူးတစ္ေယာက္လို သူမအနားမွာရွိေနခ်င္
မိသည္ ငယ္ငယ္တုန္းကလို သူမရဲ႕ဂရုစိုက္မႈေတြလိုခ်င္ေနမိ
သည္
အဲ႔ဒါေၾကာင့္ က်ြန္ေတာ္အခုအမွားေတြလုပ္ေနမိတယ္ဆို
ရင္ေတာင္တစ္ခ်ိန္မွာေနာင္တရဖို႔နည္းနည္းေလးမွဝန္ေလး
မိမွာမဟုတ္ဘူး
...........................
10years ago,
မိုးလင္းကေနမိုးခ် ဳ ပ္အလုပ္သြားေနရတဲ႔မိဘနွစ္ပါးဟာဒီေန႔
သူတို႔ရဲ႕တစ္ဦးတည္းေသာသားေလးေမြးေန႔ျဖစ္ေၾကာင္း
လံုးဝကိုသတိမရခဲ႔ၾက
မနက္မိုးလင္းထဲကmyungsooမွာေတာ့သူ႔ေမြးေန႔မို႔လို႔
ေခါင္းေလးတစ္ေထာင္ေထာင္နဲ႔သူ႔ေဖနဲ႔အေမဆီကတစ္ခုခုကိုေမ်ွာ္လင့္ေနရွာသည္
သူ႔ သူငယ္ခ်င္းေတြဆိုလ်ွင္ သူတို႔မိဘမ်ားက မီေယာဂုခ်က္
ေက်ြးသည္ ေမြးေန႔ပြဲၾကီးမ်ားက်င္းပေပးသည္ ေမြးေန႔ကိတ္
နွင့္ဂုဏ္ျပဳ ေပးသည္ ေမြးေန႔လက္ေဆာင္မ်ားေပးသည္
သို႔ေသာ္ ယခုေတာ့ သူ႔ေရွ႔တြင္ ထံုးစံအတိုင္း တူးေနသည့္
ေပါင္မုန္႔မီးကင္တစ္ခ်က္နွင့္ခပ္က်ဲက်ဲႏြားနို႔တစ္ခြက္သာရွိ
သည္
သူ မ်က္နွာေလးမႈိင္က် သြားတာကို
မ်က္ရည္ေတြစို႔လာတာကို
အလုပ္သြားဖို႔ျပင္ဆင္ေနတဲ႔မိဘႏွစ္ပါးကသတိမထားမိခဲ႔
"appa omma...ဒီေန႔ သားေမြးေန႔ေလ"
သနားစရာေကာင္းစြာ သူ႔စကားကိုပင္ၾကားသြားပံုမရ
ခပ္သုတ္သုတ္နွင့္အိမ္အျပင္သို႔ထြက္သြားၾကသည္
တိတ္ဆိတ္ျငိမ္သက္သြားတဲ႔ပတ္ဝန္းက်င္ဟာအထီးက်န္မႈတို႔ကိုသယ္ေဆာင္လာသည္
အေမွာင္ရိပ္က်ေနတဲ႔အိမ္အက်ယ္ၾကီးဟာေအးစက္စက္
ေလထုေတြနဲ႔ျပည့္နွက္လာသည္
ေက်ာင္းပိတ္ရက္ျဖစ္သျဖင့္ ဤမိႈင္းထိုင္းထိုင္းအိမ္ၾကီး
အတြင္းမွာ သူတစ္ေယာက္တည္းပ်င္းစရာေကာင္းစြာ ကုန္ဆံုးရဦးမည္ျဖစ္သည္
မစားခ်င္တဲ႔မနက္စာကိုဆာေနတဲ႔ဗိုက္အတြက္ၾကိတ္မွိတ္
သြင္းရင္း
"Happy Birthday"
သူကိုယ္သူေမြးေန႔ဆုေတာင္းေပးေနရွာသည္
'တီး ေတာင္'
ရုတ္တစ္ရက္
တိတ္ဆိတ္မႈၾကားမွထြက္ေပၚလာတဲ႔ဘဲလ္သံ
တံခါးအားဆြဲအဖြင့္
ေပၚလာေသာ သူမ၏ပံုရိပ္
သူမေခါင္းေပၚတြင္ သံုးေထာင့္ခ်ြန္ေမြးေန႔ဦးထုပ္ေလး
သူမလက္ထဲတြင္ ေခ်ာကလက္ေမြးေန႔ကိတ္ေလး
"myungsooah Happy Birthday"
သူမကိုယ္တိုင္ထိုးထားသည့္ အနက္ေရာင္မာဖလာေလး
အားေမြးေန႔လက္ေဆာင္ေပးရင္း က်ယ္ေလာင္စြာဟစ္ေအာ္
လိုက္သည္
ခ်က္ခ်င္းဆိုသလို
myungsooမ်က္နွာမွာမ်က္ရည္ေတြအစားအျပံဳ းေတြနဲ႔
ျပည့္နွက္သြားသည္
သူမ သူ႔အေပၚဂရုစိုက္ေပးသည္ကိုၾကိတ္၍ေပ်ာ္ေနသည္
သူမ ေရာက္လာသည္နွင့္
ေျခာက္ေသြ႔ေနတဲ႔အိမ္ၾကီးကစိုစိုေျပေျပျဖစ္လာသည္
အထီးက်န္ဆန္ေနတဲ႔ေန႔ရက္ဟာလည္းသူမရွိရံုနွင့္ စည္စည္
ကားကားျဖစ္လာသည္
သူ႔ေမြးေန႔ဟာလည္း သူမေၾကာင့္လွလွပပျဖစ္လာသည္
သူမနွင့္အတူေပ်ာ္ရႊင္ၾကည္ႏူးမႈေတြပါလိုက္ပါလာၾကသည္
သူ႔အတြက္ သူမဟာ
အစ္မတစ္ေယာက္လို သူငယ္ခ်င္းတစ္ေယာက္လိုဆိုတာ
ထက္ပိုေလးနက္တဲ႔ျဖစ္တည္မႈတစ္ခု
"ဖေယာင္းတိုင္ေတြမႈတ္လိုက္ဦး...မႈတ္ျပီးရင္ကိုယ္အျဖစ္
ခ်င္ဆံုးဆႏၵတစ္ခုကိုဆုေတာင္းလိုက္"
သူမေျပာသည့္အတိုင္း သူ ဖေယာင္းတိုင္ေလးမ်ားအားတဖူး
ဖူးမႈတ္ျပီး မ်က္စိေလးမွိတ္ လက္ေလးနွစ္ဖက္ဆုပ္ကာ
တစ္စံုတစ္ခုကိုဆုေတာင္းလိုက္သည္
"noona...သား ဘာဆုေတာင္းလိုက္တယ္လို႔ထင္လဲ"
မ်က္နွာေလးစပ္ျဖီးျဖီးနွင့္soeunအားေမးခြန္းထုတ္ေလ
သည္
"အြန္း...ကားရုပ္အၾကီးၾကီးရပါေစလို႔လား"
"ဟုတ္ဘူး"
"စက္ရုပ္ၾကီးရပါေစ"
"ဟုတ္ဘူး"
"ဟိုဟာလား...ဂိမ္းစက္..."
"ဟုတ္ဘူး"
"ေအာ္...အတန္းထဲမွာအဆင့္1ရပါေစလို႔လား"
"ဟုတ္ဘူး"
"ဘာလဲ...အာ့ဆို"
"ေျပာျပရမလား"
စပ္ျဖီးျဖီးျဖစ္ေနေသာmyungsoo၏မ်က္နွာေၾကာမွာ
ယခုထိအပိုးမသတ္
"အင္း"
"noonaရဲ႕ခ်စ္သူျဖစ္ရပါေစလို႔"
သူမ အစကေတာ့ေၾကာင္သြားသည္
ေနာက္မွသတိျပန္ဝင္ကာ
"ဟမ္...လူကျဖင့္လက္ေတာက္ေလာက္ေလးပဲရွိေသး
တယ္...စကားေတြကတတ္ေနျပီ...နင္အတန္းထဲကေကာင္
မေလးေတြကိုလည္းအဲ႔လိုပဲလိုက္ေျပာေနတာမလား...
ဟမ္"
ေတြ႔ကရာစာအုပ္ဆြဲ၍လိုက္ရိုက္ေတာ့သည္
"မဟုတ္ပါဘူး...noonaကိုပဲေျပာတာ"
myungsooမွာ အရိုက္ခံရမည္စိုး၍အိမ္ကိုပတ္ေျပး
ေနသည္
"ကေလးကကေလးလိုမေနဘူး...ဟမ္"
"သား ကေလးမဟုတ္ေတာ့ဘူး...လူၾကီးျဖစ္ေနျပီ"
သူကေရွ့ကေျပး သူမကစာအုပ္တရြယ္ရြယ္နွင့္ေနာက္ကလိုက္ရင္း
ဆူညံခဲ႔ရသည့္ထိုေမြးေန႔ေလးဟာmyungsooအတြက္
အရမ္းတန္ဖိုးရွိတဲ႔အမွတ္တရေလးတစ္ခုဆိုတာ soeunသိနိုင္ပါ့မလား
.................................
sorry for my late update😓
(Unicode)
dongwoo's P.O.V,
"ဟေ့ကောင်...ငါ့ကိုမနက်ကsoeunလာမတွေ့ဘူး"
ဂနာမငြိမ်ဖြစ်နေသောwoohyunတစ်ကောင်
ကျွန်တော့်အားဤစကားပြောသည်မှာဆယ်ကြိမ်ပင်မကတော့
ဘောပင်ကိုတောင်လှည့်လိုက်မြောက်လှည့်လိုက်
စာအုပ်ကိုထုတ်လိုက်ထည့်လိုက်
ဖုန်းဖွင့်ပြီးkakaoထဲဝင်ကြည့်လိုက်ပြန်ထွက်လိုက်
သူတော့မသိ ဘေးမှကျွန်တော်ကတော့တော်တော်ကိုမျက်စိနောက်နေပြီဖြစ်သည်
"မနေ့ကငါ သူ့ကိုအော်လိုက်လို့စိတ်များဆိုးသွားပြီလား မသိဘူး"
မျက်နှာမှာမိုးပြို တော့မည့်အတိုင်းငိုမဲ့မဲ့နှင့်
"soeunလား မင်းကိုစိတ်ဆိုးမှာ...သူ့လောက်မင်းကိုချစ်တာသူပဲရှိတယ်...ပူမနေနဲ့"
"မဟုတ်ဘူး...သူ ငါ့ကိုမနက်တိုင်းလာတွေ့နေကျ...ဒီနေ့ လုံးဝကိုမလာတာ...သူ စိတ်မဆိုးရင်ငါ့ဆီလာမှာပေါ့"
မျက်စိနောက်ရုံပင်မဟုတ်တော့ နားတွေပါငြီးလာသည်
အရှေ့ကprofessorရဲ့စကားအစားသူ့စကားတွေကိုအယောင်ယောင်အမှားမှားနှင့်စာအုပ်ထဲချရေးမိကုန်သည်
"နောက်တော့ လာမှာပေါ့ကွာ"
သူကတော့ အရှေ့မှအားကြိုးမာန်တက်သင်နေရှာသောprofessorအား ရှိတယ်လို့ပင်ထင်ပုံမရ
လူကစာသင်ခန်းထဲမှာရှိနေသော်လည်းစိတ်ကတော့soeunဆီသွားနေပုံရသည်
မကိုင်ရှာသောဖုန်းအားနောက်တစ်ကြိမ်ကြို းစားပမ်းစားထပ်ဆက်ပြန်သည်
"ဖုန်းလည်းမကိုင်ဘူး"
"စာသင်နေလို့နေမှာပေါ့...မင်းကလည်း"
"ဟိုနောက်ကကျောင်းသားတွေ...စကားပြောချင်ရင်အစထဲကအတန်းလာမတတ်နဲ့...အလကား ငါ့စာသင်ချိန်ကိုအနှောက်အယှက်လာပေးနေတယ်...မသင်ချင်ရင် သွားအပြင်ထွက်"
အတန်းသားများကြားမှာဂုဏ်ယူစရာကောင်းစွာအအော်ခံထိပြီးနောက် ကျွန်တော်တို့နှစ်ယောက်လွယ်အိတ်လေး ပိုက်ကာကုတ်ကုတ်ကုတ်ကုတ်နှင့်အပြင်ထွက်လာခဲ့ရသည်
တော်တော်ကိုဒုက္ခပေးတဲ့အကောင်
သူလုပ်လို့အရေးကြီးတဲ့အတန်းချိန်ပျက်လိုက်ရပြန်ပြီ
နဂိုထဲက စာအုပ်ထဲမှာစာမရှိပါဘူးဆိုမှ
"ငါ soeunဆီသွားလိုက်ဦးမယ်"
ဇောင်းတန်းထဲကလွတ်လာတဲ့မြင်းလိုတရှိန်ထိုးပြေးထွက်သွားပုံအရ သူ့ကြောင့်အတန်းထဲကမောင်းထုတ်ခံလိုက်ရတဲ့ကျွန်တော့်အားတစ်စက်လေးမှအားနာသည့်ပုံမပေါ်
နေစမ်းပါဦး သူဘာလို့soeunကိုဒီလောက်ထိစိတ်ပူနေရတာလဲ
အရင်ကဆိုလျှင် သူမ ရည်းစားသာလုပ်နေပေမယ့်soeunအကြောင်းစိတ်မဝင်စားသလို ဂရုလည်းမစိုက်
soeunကသူ့အပေါ်ဘယ်လောက်ပဲကောင်းကောင်းသူမကိုတကယ်ချစ်ဖို့ သူနည်းနည်းလေးမှစိတ်မတိမ်းညွတ်ခဲ့
သူမနှင့်ပတ်သက်လာလျှင် အမြဲအေးတိအေးစက်နိုင်လွန်းပေမယ့် ဒီနေ့သူ့အပြု အမူတွေအနည်းငယ်ထူးဆန်းနေသည် အနည်းငယ်မဟုတ် တော်တော်ကိုပြောင်းလဲနေတာဖြစ်သည်
မဟုတ်မှလွဲရော ဒီကောင် soeunအပေါ်ခံစားချက်များရှိနေပြီလား
...........................
soeun's P.O.V,
"🎵🎼🎵🎼🎵🎼🎶🎼🎶🎼"
ရုတ်တရက်ထမြည်လာသောဖုန်းမှနှိုးစက်သံနှင့်အတူ အမှောင်ကျနေသောမြင်ကွင်းမှာတစ်ဖန်ပြန်လင်းလာသည်
ဘယ်အချိန်ဘယ်အခါကအိပ်ပျော်သွားသည်မသိတော့
စာလုပ်ဖို့စာကြည့်တိုက်ထဲလာခဲ့သော်ငြားစာအုပ်နှင့်လက်နှင့်ထိမိချိန်မှစ၍တချိ ု းတည်းအိပ်ပျော်သွားခဲ့ပုံရသည်
နိုးတစ်ဝက် မနိုးတစ်ဝက် ဖြစ်နေသောကျွန်မ
မြင်တစ်ဝက် မမြင်တစ်ဝက်ဖြစ်နေသောမြင်ကွင်း
အလျင်စလိုပြေးလာကာ ကျွန်မရှေ့ဝင်ထိုင်လိုက်သောတစ်စုံတစ်ယောက်၏ပုံရိပ်မှာလည်း ပေါ်တစ်ဝက် မပေါ်တစ်ဝက်
"soeunah...ဘာလို့ဖုန်းမကိုင်တာလဲ...မနက်ကလည်းဘာလို့ကိုယ့်ဆီမလာတာလဲ...ဘာလဲ...မနေ့ကကိုယ်အော်လိုက်လို့စိတ်ဆိုးသွားတာလား"
ထိုပုံရိပ်မှာwoohyun oppaဖြစ်ကြောင်းသိလိုက်ရသည်နှင့်ချက်ချင်းဆိုသလို အိပ်ငိုက်ပြေသွားတော့သည်
မြင်လိုက်ရတိုင်းကျွန်မကိုစိတ်လှုပ်ရှားအောင်လုပ်နိုင်သည့် သူမဟုတ်လား
"မဟုတ်ပါဘူး...စိတ်မဆိုးပါဘူး...ဟိုဟာ...မနက်ထဲက ဒီမှာအိပ်ပျော်သွားလို့ ဖုန်းခေါ်တာမကြားလိုက်မိဘူး...ဟီး"
ကိုယ်ကလိုက်ချော့ရမယ်ထင်ထားသော်လည်းထူးထူးဆန်းဆန်းကိုယ့်ကိုအရင်လာချော့သောကြောင့် ဘာရယ်မဟုတ် တော်တော်လေးကိုပျော်သွားမိသည်
အပျော်လွန်ပြီးစပ်ဖြီးဖြီးဖြစ်နေသောမျက်နှာပိုးကိုလည်းမနည်းပြန်သတ်လိုက်ရသည်
"မသိပါဘူး...ကိုယ့်မှာစိတ်ပူလိုက်ရတာ"
"........."
စိတ်ပူတယ်!!!
Nam woohyunက???
ကျွန်မကို???
မမျှော်လင့်ထားတဲ့စကားကြောင့်ကျွန်မ ခဏလောက်... မဟုတ်ဘူး အချိန်အကြာကြီးဆွံ့အသွားသည်
တစ်ချိန်တစ်ခါကတောင့်တခဲ့ဖူးတဲ့ ထိုစကားတွေ
မျှော်လင့်ခဲ့ဖူးတဲ့ ထိုအကြည့်တွေ
လိုချင်ခဲ့ဖူးတဲ့ ထိုအပြုံ းတွေ
အရာရာဟာ ဖော်မပြနိုင်လောက်အောင်လှပလွန်းနေသည်
ရုတ်တရက် ကျွန်မခေါင်းကိုခပ်ဖွဖွထိကိုင်လာတဲ့သူ့ရဲ့လက်ဖဝါးနုနု
"ဆံပင်တွေရှုပ်ပွနေတယ်"
သူကတော့ ရယ်မောရင်းအေးအေးဆေးဆေးဖြစ်နေသော်လည်းနှလုံးသားတစ်ခုလုံးဝုန်းဒိုင်းကြဲနေသောကျွန်မကတော့မတည်ငြိမ်နိုင်တော့
ပထမဆုံးသောskinship
ရည်းစားသက်တမ်း1နှစ်ရှိပြီဖြစ်သော်လည်း သူနှင့်ကျွန်မပခုံးဖက်ဖို့မပြောနှင့် လက်လေးတောင်မကိုင်ဖူးခဲ့
ယခု စာကြည့်တိုက်ထဲတွင်ရှိနေသောကျောင်းသူကျောင်းသားတွေအားလုံးထက် ကျွန်မ အပျော်ရွှင်ဆုံးဖြစ်နေမည်မှာအတည်ပြုစရာမလိုတော့လောက်အောင်သေချာနေသည်
စားပွဲပေါ်ကပျံ့ကျဲနေတဲ့စာအုပ်တွေကအစ
စာအုပ်ပေါ်ကနားမည်နိုင်တဲ့စာတွေအဆုံး ကျွန်မအတွက်ထပြီးလက်ခုပ်တီးပေးနေကြသလို
ကိုယ်ချစ်တဲ့သူဆီကဂရုစိုက်ခံရခြင်းဟာဒီလောက်ထိကြည်နူးစရာကောင်းမှန်းမသိခဲ့
ဤအခိုက်အတန့်သာအိပ်မက်တစ်ခုဆိုလျှင်ကျွန်မတစ်သက်လုံးနှိုးထဖို့ကြို းစားတော့မည်မဟုတ်
........................
myungsoo's P.O.V,
busကားဂိတ်ကိုရောက်လာတဲ့သူမပုံစံဟာ မနေ့ကနဲ့မတူအရမ်းကိုပျော်မြူ းနေပုံရသည်
မနေ့ကငိုထားတဲ့မျက်နှာမှာယနေ့တော့ပြုံ းဖြီးလို့
"ဘာတွေအဲ့လောက်တောင်ပျော်လာတာလဲ"
ကျွန်တော့်ဘက်လှည့်ကြည့်လာသည့်noonaမှာပြုံ းနေ၍လားမသိ အရင်နေ့တွေကထက်ပိုလှနေသည်
"မပြောပြပါဘူး...နင့်ကို"
မပြောပြဘူးဆိုမှပိုသိချင်လာမိ
"ဘာလဲ...ပြောပြပါ...noonaကလည်း"
"ဘာမှမဟုတ်ပါဘူး...woohyun oppaကြောင့်ပါ"
မကြားချင်ဆုံးသောထိုနာမည်နှင့်အတူမမြင်ချင်ဆုံးသောထိုမျက်နှာကိုပါမြင်ယောင်လာမိသည်
မေးမိတဲ့ကိုယ့်ပါးစပ်ကိုပင်ပိတ်ရိုက်လိုက်ချင်သည်
သူမအတွက်အရမ်းကိုအဓိပ္ပါယ်ရှိတဲ့ဖြစ်တည်မှုတစ်ရပ်ဖြစ်တဲ့သူ့ကို သူမအတွက်ဘာမှမဟုတ်တဲ့ကျွန်တော် မနာလိုဖြစ်မိသည်
ရှေ့ဆက်မတိုးသင့်မှန်းသိပေမယ့်
သူမရဲ့အချစ်ကိုမရနိုင်မှန်းသိပေမယ့်
ဒီထက်ပိုပြီးခံစားရမယ်မှန်းသိပေမယ့်
နောက်ဆုံးမှာ ဇာတ်သိမ်းမကောင်းစွာနိဂုံးချ ုပ်ရမှန်း သိပေမယ့်
ကျွန်တော်ဟာ အရူးတစ်ယောက်လို သူမအနားမှာရှိနေချင်မိသည် ငယ်ငယ်တုန်းကလို သူမရဲ့ဂရုစိုက်မှုတွေလိုချင်နေမိသည်
အဲ့ဒါကြောင့် ကျွန်တော်အခုအမှားတွေလုပ်နေမိတယ်ဆိုရင်တောင်တစ်ချိန်မှာနောင်တရဖို့နည်းနည်းလေးမှဝန်လေးမိမှာမဟုတ်ဘူး
...........................
10years ago,
မိုးလင်းကနေမိုးချ ု ပ်အလုပ်သွားနေရတဲ့မိဘနှစ်ပါးဟာဒီနေ့သူတို့ရဲ့တစ်ဦးတည်းသောသားလေးမွေးနေ့ဖြစ်ကြောင်းလုံးဝကိုသတိမရခဲ့ကြ
မနက်မိုးလင်းထဲကmyungsooမှာတော့သူ့မွေးနေ့မို့လို့ခေါင်းလေးတစ်ထောင်ထောင်နဲ့သူ့ဖေနဲ့အမေဆီကတစ်ခုခုကိုမျှော်လင့်နေရှာသည်
သူ့ သူငယ်ချင်းတွေဆိုလျှင် သူတို့မိဘများက မီယောဂုချက်ကျွေးသည် မွေးနေ့ပွဲကြီးများကျင်းပပေးသည် မွေးနေ့ကိတ်နှင့်ဂုဏ်ပြု ပေးသည် မွေးနေ့လက်ဆောင်များပေးသည်
သို့သော် ယခုတော့ သူ့ရှေ့တွင် ထုံးစံအတိုင်း တူးနေသည့်ပေါင်မုန့်မီးကင်တစ်ချက်နှင့်ခပ်ကျဲကျဲနွားနို့တစ်ခွက်သာရှိသည်
သူ မျက်နှာလေးမှိုင်ကျ သွားတာကို
မျက်ရည်တွေစို့လာတာကိုအလုပ်သွားဖို့ပြင်ဆင်နေတဲ့မိဘနှစ်ပါးကသတိမထားမိခဲ့
"appa omma...ဒီနေ့ သားမွေးနေ့လေ"
သနားစရာကောင်းစွာ သူ့စကားကိုပင်ကြားသွားပုံမရခပ်သုတ်သုတ်နှင့်အိမ်အပြင်သို့ထွက်သွားကြသည်
တိတ်ဆိတ်ငြိမ်သက်သွားတဲ့ပတ်ဝန်းကျင်ဟာအထီးကျန်မှုတို့ကိုသယ်ဆောင်လာသည်
အမှောင်ရိပ်ကျနေတဲ့အိမ်အကျယ်ကြီးဟာအေးစက်စက်လေထုတွေနဲ့ပြည့်နှက်လာသည်
ကျောင်းပိတ်ရက်ဖြစ်သဖြင့် ဤမှိုင်းထိုင်းထိုင်းအိမ်ကြီးအတွင်းမှာ သူတစ်ယောက်တည်းပျင်းစရာကောင်းစွာ ကုန်ဆုံးရဦးမည်ဖြစ်သည်
မစားချင်တဲ့မနက်စာကိုဆာနေတဲ့ဗိုက်အတွက်ကြိတ်မှိတ်သွင်းရင်း
"Happy Birthday"
သူကိုယ်သူမွေးနေ့ဆုတောင်းပေးနေရှာသည်
'တီး တောင်'
ရုတ်တစ်ရက်
တိတ်ဆိတ်မှုကြားမှထွက်ပေါ်လာတဲ့ဘဲလ်သံ
တံခါးအားဆွဲအဖွင့်
ပေါ်လာသော သူမ၏ပုံရိပ်
သူမခေါင်းပေါ်တွင် သုံးထောင့်ချွန်မွေးနေ့ဦးထုပ်လေးသူမလက်ထဲတွင် ချောကလက်မွေးနေ့ကိတ်လေး
"myungsooah Happy Birthday"
သူမကိုယ်တိုင်ထိုးထားသည့် အနက်ရောင်မာဖလာလေးအားမွေးနေ့လက်ဆောင်ပေးရင်း ကျယ်လောင်စွာဟစ်အော်လိုက်သည်
ချက်ချင်းဆိုသလို myungsooမျက်နှာမှာမျက်ရည်တွေအစားအပြုံ းတွေနဲ့ပြည့်နှက်သွားသည်
သူမ သူ့အပေါ်ဂရုစိုက်ပေးသည်ကိုကြိတ်၍ပျော်နေသည်
သူမ ရောက်လာသည်နှင့်
ခြောက်သွေ့နေတဲ့အိမ်ကြီးကစိုစိုပြေပြေဖြစ်လာသည်
အထီးကျန်ဆန်နေတဲ့နေ့ရက်ဟာလည်းသူမရှိရုံနှင့် စည်စည်ကားကားဖြစ်လာသည်
သူ့မွေးနေ့ဟာလည်း သူမကြောင့်လှလှပပဖြစ်လာသည်
သူမနှင့်အတူပျော်ရွှင်ကြည်နူးမှုတွေပါလိုက်ပါလာကြသည်
သူ့အတွက် သူမဟာအစ်မတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လိုဆိုတာ
ထက်ပိုလေးနက်တဲ့ဖြစ်တည်မှုတစ်ခု
"ဖယောင်းတိုင်တွေမှုတ်လိုက်ဦး...မှုတ်ပြီးရင်ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကိုဆုတောင်းလိုက်"
သူမပြောသည့်အတိုင်း သူ ဖယောင်းတိုင်လေးများအားတဖူးဖူးမှုတ်ပြီး မျက်စိလေးမှိတ် လက်လေးနှစ်ဖက်ဆုပ်ကာတစ်စုံတစ်ခုကိုဆုတောင်းလိုက်သည်
"noona...သား ဘာဆုတောင်းလိုက်တယ်လို့ထင်လဲ"
မျက်နှာလေးစပ်ဖြီးဖြီးနှင့်soeunအားမေးခွန်းထုတ်လေသည်
"အွန်း...ကားရုပ်အကြီးကြီးရပါစေလို့လား"
"ဟုတ်ဘူး"
"စက်ရုပ်ကြီးရပါစေ"
"ဟုတ်ဘူး"
"ဟိုဟာလား...ဂိမ်းစက်..."
"ဟုတ်ဘူး"
"အော်...အတန်းထဲမှာအဆင့်1ရပါစေလို့လား"
"ဟုတ်ဘူး"
"ဘာလဲ...အာ့ဆို"
"ပြောပြရမလား"
စပ်ဖြီးဖြီးဖြစ်နေသောmyungsoo၏မျက်နှာကြောမှာယခုထိအပိုးမသတ်
"အင်း"
"noonaရဲ့ချစ်သူဖြစ်ရပါစေလို့"
သူမ အစကတော့ကြောင်သွားသည်
နောက်မှသတိပြန်ဝင်ကာ
"ဟမ်...လူကဖြင့်လက်တောက်လောက်လေးပဲရှိသေးတယ်...စကားတွေကတတ်နေပြီ...နင်အတန်းထဲကကောင်မလေးတွေကိုလည်းအဲ့လိုပဲလိုက်ပြောနေတာမလား...ဟမ်"
တွေ့ကရာစာအုပ်ဆွဲ၍လိုက်ရိုက်တော့သည်
"မဟုတ်ပါဘူး...noonaကိုပဲပြောတာ"
myungsooမှာ အရိုက်ခံရမည်စိုး၍အိမ်ကိုပတ်ပြေးနေသည်
"ကလေးကကလေးလိုမနေဘူး...ဟမ်"
"သား ကလေးမဟုတ်တော့ဘူး...လူကြီးဖြစ်နေပြီ"
သူကရှေ့ကပြေး သူမကစာအုပ်တရွယ်ရွယ်နှင့်နောက်ကလိုက်ရင်းဆူညံခဲ့ရသည့်ထိုမွေးနေ့လေးဟာmyungsooအတွက်အရမ်းတန်ဖိုးရှိတဲ့အမှတ်တရလေးတစ်ခုဆိုတာ soeunသိနိုင်ပါ့မလား
.................................
sorry for my late update😓