<zawgyi>
ေလဒီရွဴး-17(yaoi story)
တသက္နဲ႕တကိုယ္...
ေသသြားရင္ေကာင္းမယ္လို႕ ေတြးမိတာ ဝသုန္႕ဘဝမွာ တခါပဲ ရွိမယ္ထင္ပါတယ္။
အဲ႕ဒီတစ္ခါကေတာ့ စားပြဲေပၚဖိနပ္ဘူးထဲမွာ
ဇာအနားတြန္႔ဒီဇိုင္းနဲ႕ ထိပ္မွာ I love youလို႕ စာတန္းပါတဲ႕ ပန္းေရာင္ pencil heelကို ထိုင္ျကည့္ေနရတဲ႕ အခုအခ်ိန္ပဲ ျဖစ္ပါလိမ့္မယ္။
ဆိုင္က ဘယ္လိုေတာင္မွားျပီးထည့္ေပးလိုက္လို႕ ဒီဖိနပ္ျကီးပါလာတယ္ဆိုတာရဲ႕ အေသးစိတ္ကိုေတာ့ ဘုရားပဲသိမယ္ထင္ပါတယ္...
အဲ႕ဒါေျကာင့္ ဒီဖိနပ္က ဝသုန္ဝယ္လာတာမဟုတ္ဘူးဆ္ိုတာ အေရွ႕မွာ ထိုင္ေနတဲ႕ ယေသာ္ထက္ကို ဘယ္လိုစရွင္းျပရမယ္မွန္း မသ္ိပါ။
ဒါေပမယ့္ မရွင္းရင္လည္းမျဖစ္တာမို႕ ျကံဳသလိုပဲရွင္းျပဖို႕ ဝသုန္မာန္ ပါးစပ္ဟလိုက္ ခ်ိန္မွာေတာ့...
''ကၽြန္ေတာ္ ဘာလို႕ေလဒီရွဴးစီးလဲဆိုတာ ခင္ဗ်ားကို ေျပာျပဖူးတယ္မဟုတ္လား...''
ခပ္ေအးေအးေျပာလိုက္တဲ႕စကားနဲ႕အတူ ယေသာ္ထက္ရဲ႕မ်က္ႏွာေလးက ေတာ္ေတာ္တည္ေနတယ္ဆိုတာ ဝသုန္ျမင္လိုက္ရတယ္။
တည္ေနတဲ႕မ်က္ႏွာေလးက တျဖည္းျဖည္း အနီေရာင္ျဖစ္ခ်င္လာျပီဆိုေတာ့ ေဒါသထြက္လာပံုရတယ္။
ဝသုန္မာန္ မရွင္းျပလို႕ မရေတာ့တာမို႕...
''မဟုတ္ဘူး...ငါ ေျပာတာခဏနားေထာင္...''
''ဒီလိုေနာက္တာေတာ့ လြန္လြန္းတယ္လို႕ မထင္ဘူးလား''
ေနာက္ဖို႕တဲ႕...
တခါမွေတာင္ မေတြးဖူးပါဘူးဆို...
''ငါဝယ္လာတာ ဒါမဟုတ္ဘူး။
ငါ ေျပာတာကို နားေထာင္...''
''ဒီေန႕ တခါေလး ေမြးေန႕မွာဖိတ္ရံုနဲ႕ ဒီလိုမ်ိဳးေနာက္လို႕ရေကာလား''
ယေသာ္ထက္ရဲ႕အသံ က်ယ္လာတာေျကာင့္ထင္တယ္။
ဆိုင္ထဲကလူေတြ အခ်ိဳ႕ လွည့္ျကည့္ကုန္ျပီ။
ဝသုန္မာန္ ဖိနပ္ေလးမွားဝယ္ခဲ႕ရံုေလးပါ...
အဲ႕တာကို ဘာလို႕မ်ား ဒီေလာက္ စိတ္ဆိုးေနရတာလဲ?
''ငါေျပာတာ နားေထာင္ဦး...
ဒါ ဆိုင္က မွားထည့္ေပးလိုက္တာ။
မင္းမယံုရင္ ငါအခု ဆိုင္သြားျပီး...''
''ကိုလင္း...ကၽြန္ေတာ့္ကို ခြင့္ျပဳပါဦး''
ဝသုန္႕စကားေတာင္ ဆံုးေအာင္နားမေထာင္ပဲ ထထြက္သြားတဲ႕ယေသာ္ထက္...
ႏႈတ္ဆက္စကားေတာင္မွ လင္းထက္ကိုပဲ ကြက္ေျပာသြားေသးတယ္။
ဝသုန္မာန္ေခါင္းကိုသာ ဖိကုတ္ေနမိတယ္။
ျဖစ္ျပန္ျပီကြာ...ျပီးေတာ့ ဘာျဖစ္လို႕ အဲ႕လိုမ်ိဳးေတြ ခ်က္ခ်င္းျကီး ထထြက္သြားမွန္းလည္းမသိ?
သူသြားမွေတာ့ ကိုယ္လည္း လိုက္ရေတာ့မယ္လို႔ေတြးရင္း ဝသုန္မာန္ ထရပ္ေတာ့...
''ဟိတ္ေကာင္...ေနဦး''
အေနာက္ကေန အကီ်ၤျကီးဆြဲထားတဲ႕ လင္းထက္...
''အရင္တေခါက္ကလည္း ငါရွင္းရတာကြ...
အခုလည္း မင္းတို႕ေကာင္ေတြက...''
''$ေရးထဲ...မင္းကတမ်ိဳး''
လင္းထက္ကို ဝသုန္မာန္ ထိုမွ်သာေျပာႏိုင္ျပီး ေဘာင္းဘီအိတ္ထဲက ပိုက္ဆံအိတ္ထုပ္ၿပီး လက္ထဲ ထိုးထည့္ေပးခဲ႕ရတယ္။
အေရးျကီးေနပါတယ္ဆိုမွ ခြက္က်ေနရတယ္လို႕...
ဆိုင္ထဲမွာ က္ိုယ္ဝရုန္းသုန္းကားျဖစ္ေနတာကို ဝိုင္းျကည့္ေနတဲ႕လူေတြကို တြန္းတိုက္ရင္း ဆိုင္အျပင္ထြက္ျပီး ဟိုေကာင္ေလးကိုရွာျကည့္ေတာ့ ဟိုဖက္လမ္းေတာင္ ေရာက္ေနျပီ။
ျမန္လိုက္တာ...
ဘယ္လိုေတာင္ ေရာက္သြားသလဲပဲ...
ဝသုန္ အျမန္လိုက္ကူးေတာ့...
''က်ီြ...''
ေရွ႕မွာ လက္မတင္ေလး ထိုးရပ္သြားတဲ႕ ကားတစီး...
ကံေကာင္းလို႔ မေသတာ...
''ဟိတ္ေကာင္...မင္း ေသခ်င္ေနလားကြ''
ဝသုန္မာန္လသက္ျပင္းခ်လို႔မဆံုးေသး... ကားသမားက ျပတင္းေပါက္ကေန ေခါင္းထြက္ျပီးဆဲေတာ့သည္။
ဒါေပမယ့္ ဆဲေတာ့လည္း ကိုယ့္က ေမာင္းလာတဲ႕သူ႕ကားေရွ႕ကို ဘယ္၊ညာမျကည့္ပဲ ေျပးရပ္မိတာဆိုေတာ့ ျပန္ဆဲလို႔မျဖစ္...
သြားျဖီးရယ္ျပရင္းနဲ႕သာ လမ္းဆက္ကူးလာခဲ႕ရတယ္။
ဘယ္သူကေတာ့ ေသခ်င္ေနမွာလဲ?
ဒီမွာ ရွင္းျပရဦးမွာကို...
ဝသုန္ သိပ္ျကာျကာတင္းမေနႏိုင္ပဲ ဟိုဘက္ကားလမ္း ေရာက္,ေရာက္ခ်င္း ယေသာ္ထက္ကိုရွာျကည့္ေတာ့...
''ဟင္...''
သူ႔ကို ေငးျကည့္ရင္း မ်က္ႏွာျဖဴဖပ္ျဖဴေရာ္ျဖစ္ေနတဲ႕ ယေသာ္ထက္...
ဘာျဖစ္သြားရတာလဲ??
သူရပ္ျကည့္ေနရင္းနဲ႕ ယေသာ္ထက္ ယိုင္နဲ႕လဲသြားေတာ့...
''ဟာ...ယေသာ္ထက္''
ေျပးေပြ႕မိတဲ႕သူ႕လက္ေတြထဲမွာ ေကာင္ေလးတေယာက္ အလိုက္တသင့္...
################
ကားထဲေပြ႕ခ်ီလာတဲ႕အထိ ယေသာ္ထက္ စကားမေျပာႏိုင္ေသး...
အရင္တေခါင္ကလည္း ဒီလိုျဖစ္တာျမင္ဖူးေပမယ့္ ဝသုန္မာန္ စိတ္မပူပဲမေနႏိုင္ပါ။
ဒီတေခါက္က ပိုဆိုးသလိုပဲ...
ျပီးေတာ့ ဘာျဖစ္သြားတာလဲ?
ဆိုင္ကေန စိတ္ဆိုးျပီးထြက္သြားတာကစလို႕ အခုလိုျဖစ္သြားတဲ႕အထိ အေျခအေနေတြကို ဝသုန္မာန္နားမလည္ေပမယ့္ မေမးရေသး...
ယေသာ္ထက္ရဲ႕ပံုစံက အရမ္းေမာေနသလိုပဲ။
အေမာေဖာက္ေနသလို အသက္ကို ရႈိက္ရွဴေနရတာကို ဝသုန္မာန္ မျကည့္ရက္ေတာ့...
''အခု...ေဆးရံုသြားမယ္''
ျကည့္ေနရံုကလြဲရင္ ဘာမွလုပ္မေပးတတ္တာမို႕ ေဆးရံုသြားဖို႕ ကားေသာ့တပ္ျပီး စက္ႏိုးလိုက္ေတာ့...
''တ...တမင္...''
''ဟင္...ဘာလဲ''
အသံတိုးတိုးေလးကို မသဲကြဲတာေျကာင့္ ဝသုန္မာန္ ထပ္ေမးမိတယ္။
''ဖိနပ္က...ခင္ဗ်ား...တ...မင္ လုပ္တာ...''
အာ...ဒုကၡပဲ
စကားျဖင့္မေျပာႏိုင္ေသးဘူး။
လူကို ရန္ေတြ႕ေနျပီ...
ဒါေပမယ့္ ေလာေလာဆယ္ေတာ့ သူဘာမွမျဖစ္ဖို႕က အေရးအျကီးဆံုးျဖစ္ေနတာမို႕...
''အဲ႕တာ ထားလိုက္ဦး...အခု ေဆးရံုသြား...''
''အၤီး...ဟီးဟီး...''
င္ိုျပန္ပါျပီ!
''ဟ...ဘာ ျဖစ္လို႕ င္ို...''
''ကၽြန္ေတာ္ ခင္ဗ်ားကို ကၽြန္ေတာ့္အေမအေျကာင္း ေျပာဖူးတယ္...မဟုတ္လား...
အခု...တမင္...ဖိနပ္ဝယ္လာျပီး...ကားေရွ႕ဝင္ရပ္...
အီး...ဟီး...လူယုတ္မာျကီး''
ဝသုန္မာန္အခုမွ အျဖစ္အပ်က္ေတြကို ဆက္စပ္မိသြားရတယ္။
ဟုတ္သားပဲ...
သူ႕ဆယ္ႏွစ္ျပည့္ေမြးေန႕မွာ သူ႔အေမက ဖိနပ္မွားဝယ္ေပးတာကို စိတ္ဆိုးျပီးထြက္သြားတာ လိုက္ေခၚရင္း ကားနဲ႕တိုက္မိျပီး ဆံုးခဲ႕တာမဟုတ္လား။
ဒီေန႕ သူျဖစ္ခဲ႕တာေတြက မသိရင္ ယေသာ္ထက္ေျပာသလို တမင္အကြက္ခ်ခဲ့သလိုပါပဲ။
အခုလည္း ယေသာ္ထက္ရဲ႕ေမြးေန႕ပဲေလ...
လြန္ခဲ႕တဲ႕ ဆယ္ႏွစ္ေက်ာ္က အျဖစ္အပ်က္ကို ျပန္သတိရေအာင္ လုပ္ခဲ႕မိသလိုျဖစ္ေနတာပဲ...
ဟူး...
အဲ႕ဒါမို႕လို ဒီေကာင္ေလး ဒီလိုငိုေနရတာေပါ့
''မဟုတ္ပါဘူးကြာ...ငါ့ကို တကယ္ ဆိုင္ကမွားေပး...''
''အဲ႕တာ တမင္လုပ္တာေပါ့လို႕...ဖိနပ္မွားေပးျပီး ကၽြန္ေတာ့္အေမ...ျဖစ္သလို ကားေရွ႕မွာ...''
ေျပာရင္းနဲ႕ အသံက ရႈိက္ဝင္သြားျပန္တယ္။
ဝသုန္ပါ ငိုခ်င္လာျပီ...
တျခားေျကာင့္ေတာ့မဟုတ္...ရွင္းမရလို႕...
အခု ငိုေနတာက သူ႕အေမကို သတိရသြားလို႕ထက္ ကိုယ္က တမင္လုပ္ျပလို႕ ျဖစ္တဲ႕အမႈဆိုေတာ့ ဝသုန္မာန္ မရွင္းလို႔မရပါ။
ရွင္းလို႔လည္း မျပီးေတာ့ဘူးထင္တယ္
''တကယ္...မဟုတ္ပါဘူးကြာ
ငါက ကားကိုတကယ္မျမင္တာပါ''
ကိုယ့္မွာလည္း ကားတိုက္မခံရတာေတာင္ တမက္လုပ္သလိုျဖစ္လို႕...
နည္းနည္းေလးေလာက္ျဖစ္ျဖစ္ အတိုက္ခံလိုက္ရရင္ အေကာင္းသားလို႕ေတာင္ ဝသုန္မာန္ထင္ခ်င္လာတယ္။
''မေတာ္တဆ ျဖစ္သြားတာပါကြာ''
ငိုေနရတာ ေမာေနမွာစိုးလို႕
လက္ထဲကို ကားတံခါးကေရဘူးကမ္းေပးရင္း ေျပာလိုက္ေတာ့...
''အဲ႕တာ ျဖစ္စရာလားလို႕...''
''ဟာ!''
ေျပာရင္း ငိုရင္းနဲ႕...
လက္ထဲက ေရဘူးနဲ႕ တဖုန္းဖုန္း လာထုေနတာမို႕ ဝသုန္မာန္ ခံရတာ မသက္သာပါ။
အခု ထုဖို႔ေတာင္ အားရွိရင္ သိပ္ေတာ့ စိတ္ပူစရာမရွိဘူးထင္ပါတယ္ေလ။
အေမာေျပေလး ေရေသာက္ရေအာင္ လက္ထဲေရဘူးထည့္ေပးမိတာသာ ကိုယ့္အျပစ္!
ဒီေကာင္ေလးလည္း ရုပ္ကေလးနဲ႕မွမလိုက္ ကိုယ့္ဆိုတအားကိုႏိုင္တာ ဘယ္ဘဝက ေရစက္ေျကာင့္လည္းမသိ...
''ခင္ဗ်ား ေသသြားရင္ ကၽြန္ေတာ္က pencil-heel လိုက္စီးရမွာလား...လူယုတ္မာျကီးရဲ႕''
ကိုယ္ေသမယ့္အေျကာင္းကို အရင္ျကားရေပမယ့္ ဝသုန္မာန္ ေပ်ာ္သြားမိတယ္။
ကိုယ္ေသရင္ pencil-heelလိုက္စီးမယ္ဆိုေတာ့ ဒီေကာင္ေလး ကိုယ့္အေပၚ သံေယာစဥ္ေတာ့ ရွိသားပဲ...
ဒါေပမယ့္လည္း အျကာျကီးမေပ်ာ္ႏိုင္ပါ...
လာထုေနတဲ႕ အားက င္ိုရင္းထုေနတာေျကာင့္ သိပ္မျပင္းေပမယ့္ ေရဘူးနဲ႕ဆိုေတာ့ ျကာရင္ ကာထားတဲ႕လက္ က်ိဳးႏိုင္တာမို႕...
''ေအး...ဟုတ္ပါျပီ...ငါ့အမွားပါကြာ...
မငိုနဲ႕ေတာ့ ဟုတ္ျပီလား...''
အဲ႔လိုေျပာလိုက္ေတာ့မွ အငိုတတိတ္ျပီး အထုရပ္သြားလို႕ ေတာ္ေသးတယ္။
ဒါေပမယ့္...
''ဖိနပ္ေကာ...''
ငိုသံေလးေရာေနတဲ႔အေမး
''ဖိနပ္??ဖိနပ္က ဆိုင္မွာက်န္ခဲ႕တာေလ...
ဘာလုပ္မလို႕လဲ''
''သြားယူမလို႕...''
''အာ...ဘာလုပ္ဖို႕လဲ...''
''ဘာလုပ္ရမွာလဲ...ခင္ဗ်ားက တမင္လုပ္တာမွမဟုတ္တာ။ျပီးေတာ့ မွားေပးတယ္ဆိုေပမယ့္လည္း ေမြးေန႔မွာ ေပးတာပဲကို''
''ထားလိုက္ေတာ့...ငါေပးတာ အဲ႕တာမွမဟုတ္တာ...''
''မရပါဘူး...ခင္ဗ်ားပဲ တမင္လုပ္တာမဟုတ္ဘူးဆို''
အတင္းက္ိုသြားယူမယ္လုပ္ေနေတာ့...
''ကဲ...ငါ သြားယူေပးမယ္ ဟုတ္ျပီလား''
သူ႕ဖာသာသြားယူရင္လည္း ယိုင္တိုင္တိုင္ျဖစ္ေနမွာစိုးတာနဲ႕ ဝသုန္မာန္ပဲ ဆိုင္ထဲတေခါက္ ထပ္သြားျပီး စားပြဲေပၚက ဖိနပ္ဘူးျကီး မ,လာရတယ္။
လင္းထက္ဆိုတာကိုေတာ့ အရိပ္ေတာင္ မေတြ႕ေတာ့ဘူး။
ပိုက္ဆံအိတ္မျပီး လစ္ျပီထင္တယ္
ေကာင္းတယ္...မျမင္ရေလ ေအးေလပဲ။
လင္းထက္ကို မျမင္ရလို႕ ေက်ေက်နပ္နပ္နဲ႕ ဝသုန္ ကားဆီျပန္ေရာက္လာရင္း ကားထဲျပန္ေရာက္လို႕
တဖက္ခံုက ေကာင္ေလးကို ဖိနပ္ဘူးေပးရံုပဲရွိေသးတယ္
''ကၽြန္ေတာ္ ဘယ္ေလာက္လန္႕သြားလဲ သိလား''
ဖိနပ္ျကီးေကာက္ကိုင္ျပီးေမးရင္း...
''ခင္ဗ်ားကို ေသျပီထင္ေနတာ''
''အင္းပါကြာ...''
ကိုယ့္မွာလည္း ေသျပီအထင္ခံရတာကေနကို မလြတ္ဘူး။
ကိုယ့္စိတ္ပူေပးလို႕ ေပ်ာ္ခ်င္တာေတာင္ ေျဖာင့္ေျဖာင့္မေပ်ာ္ရ...
''ျပီးေတာ့ ဒီစာတန္းျကီးက ဘာလဲ??''
ဖိနပ္ထိပ္က စာတန္းျကၤီးကို လက္ညွိဳးထိုးျပေတာ့
''မသိဘူးေလကြာ...''
ဒီဖိနပ္ဝယ္လာတာ မဟုတ္ပါဘူးဆိုမွ...
အခုထိ လာရစ္ေနေသးတာကို ဝသုန္ စိတ္မရွည္ပဲ ေျဖလိုက္မိတယ္။
သူ႕ဖာသာသူ ဘာဒီဇိုင္းလဲဆိုတာ ဒီဇိုင္နာပဲ သိမွာေပါ့...
''ဘာ...''
စိတ္ရွိတဲ႕အတိုင္း ေျဖလိုက္တာကို ဖိနပ္ျကီးေျမွာက္လာေတာ့
''ဟာ...မဟုတ္ဘူးေလကြာ...
ငါ ဝယ္လာတာ ဒါမွမဟုတ္တာ။ဒီစာက ဘာလို႕တပ္ထားလဲဆိုတာ ငါ ဘယ္သိမွာလဲ''
လို႕ ရွင္းျပလိုပ္ေတာ့မွ ဖိနပ္ျကီး ျပန္ခ်သြားတယ္။
ေတာ္ေသး...
pencil heelနဲ႕သာ ရိုက္လို႕ကေတာ့ တခ်က္တည္းနဲ႕တင္ ျကြေလာက္တယ္။
''ဒါနဲ႕...မင္းအခု သြားစရာရွိေသးလား...''
''ဟင့္အင္း...ဘာျဖစ္လို႔လဲ''
''ငါ့အေဒၚဆိုင္မွာ ဖိနပ္သြားထပ္ဝယ္မလို႕...
ျပီးေတာ့ ဟို ဖိနပ္မွားေရာင္းလိုက္တဲ႕ စာေရးမကို ျပႆနာသြားရွာမလို႕...''
''ဟင္...ဘာလို႔!??''
ယေသာ္ ခပ္ရဲရဲျဖစ္ေနေသးတဲ႕ မ်က္လံုးေလးေတြကို ျပဴးျပီးေမးေတာ့
''ဟ...ဘာျဖစ္ရမွာလဲ
ဒီေန႕ ျပႆနာျဖစ္တာ သူ႕ေျကာင့္ေလ''
''အဲ႕လိုေတာ့ မလုပ္နဲ႕ေလ...
သူ အလုပ္ျပဳတ္မွာေပါ့''
ကိုယ့္က်ေတာ့ ေရဘူးနဲ႕ထိုက္ထုေနျပီး သူမ်ားက် အလုပ္ျပဳတ္မွာ စိတ္ပူေပးေနတဲဲ႔ ထိုေကာင္ေလးကို ဝသုန္မာန္ ခဏေလာက္ တင္းသြားရတယ္...
ေတြ႕မယ္...
အဲ႕ေလာက္ေတာင္ စာနာတတ္တာ...
ဆ္ိုင္သြားမရစ္ရရင္ေတာ့ ခဏေလာက္ျဖစ္ျဖစ္ သူ႕ရစ္လိုက္ဦးမယ္
''ဘာျဖစ္လဲ...ျပဳတ္ပါေစေပါ့
ျပီးေတာ့ မင္းငိုထားရတာက္ို''
ဟုတ္တယ္။ဒီတစ္ခုကို ဝသုန္မာန္အတင္းဆံုးပဲ။
သူ ေတာ္ေတာ္ေလး လန္႕ျပီး ငိုထားရတာ...
''အာ ဘာျဖစ္လဲ...
က်ြန္ေတာ့္ဖာသာ ငိုတာကို''
ျကည့္...ေတာ္ေတာ္ကို စိတ္ေကာင္းရွိေနတာ...
ဝသုန္လည္း တင္းလာတာနဲ႕
''မင္းဖာသာမင္း ငိုလို႕ရမလား...
ငါက မင္းကိုျကိုက္ေနတာေလ။ကိုယ္ခ်စ္တဲ႕သူ ကိုယ့္ေရွ႕မွာ ငိုေနရတာကို ငါက ဘာမွမျဖစ္ရဘူးလား''
''ဟင္...''
ယေသာ္ထက္ ႏႈတ္ခမ္းေလးေတြဟျပီး အံ႕ျသသြားတာကိုျမင္ေတာ့ ဝသုန္မာန္ ျပံဳးလိုက္မိတယ္။
ဒီလို ကလန္ကဆန္ေကာင္ေလးကို ဖြင့္ေျပာလိုက္ရတာ ေက်ေတာ့ေက်နပ္မိသား...
ဒါေပမယ့္ ဒီေလာက္ေလး ေျပာလိုက္ရတာနဲ႕ေတာ့ လံုးဝျကီးမေက်နပ္ႏိုင္ေသး...
အဲ႕ဒီအံ႕ျသသြားတဲ႕ မ်က္ႏွာေလးကို ထပ္စ,ခ်င္စိတ္ ေပၚလာတာမို႕ ကားစက္ကိုႏႈိးမယ္လုပ္ေတာ့...
''မလုပ္နဲ႕...သူ အလုပ္ျပဳတ္လိမ့္မယ္ဆို''
''တကယ္ မလုပ္ရဘူးလား''
ဝသုန္ေမးေတာ့ ယေသာ္ ေျကာင္အ,အေလး ေခါင္းညိမ့္ျပမိတယ္။
ဟုတ္ျပီေလ...အကြက္ထဲေတာ့ ဝင္ျပီ
''အဲ႕တာဆို မုန္႕ဝယ္ေကၽြး...''
''ဟင္...ဘာမွလည္း မဆိုင္ဘူး''
''ဟ...ဆိုင္တာေပါ့။ငါ ခုဏက ဘာမွစားရေသးတာ မဟုတ္ဘူး။ျပီးေတာ့လည္း လင္းထက္ကို ပိုက္ဆံရွင္းဖို႕ ငါ့ပိုက္ဆံအိတ္ေပးခဲ႕ရတာ။
ဘာလဲ...မေကၽြးခ်င္ဘူးလား?ရတယ္ေလ...
အဲ႕ဒါဆိုလည္း...''
''အာ...မလုပ္နဲ႕ေလ။
ဝယ္ေကၽြးမယ္...ဒီဆိုင္မွာပဲ စားမလား?''
''ဒီဆိုင္မွာေတာ့ မစညးေတာ့ဘူး။
ခုဏကတည္းက လူေတြဝိုင္းျကည့္ေနတာ...
အျခားဆိုင္သြားမယ္''
ဝသုန္မာန္ ကားကိုေကြ႕လိုက္ေတာ့ ေဘးထိုင္ခံုက ေကာင္ေလး ဘာမွမေျပာပဲ ျငိမ္ျငိမ္ေလးထိုင္ရင္း လိုက္လာတယ္။
အခု လင္းထက္မပါပဲ ႏွစ္ေယာက္တည္း ဆိုင္သြားရျပီ...
ယေသာ့္ကို ဖြင့္ေျပာခြင့္ေတာင္ ရလိုက္ေသးတယ္။
တခါတေလ...
အဆိုးေတြကေန အေကာင္းျဖစ္တတ္တယ္ဆိုတာ ဝသုန္မာန္ ယံုလိုက္မိပါတယ္...
~~~~~~~~~~~~~~
by Y.S
<Unicode>
လေဒီရှူး-17(yaoi story)
တသက်နဲ့တကိုယ်...
သေသွားရင်ကောင်းမယ်လို့ တွေးမိတာ ဝသုန့်ဘဝမှာ တခါပဲ ရှိမယ်ထင်ပါတယ်။
အဲ့ဒီတစ်ခါကတော့ စားပွဲပေါ်ဖိနပ်ဘူးထဲမှာ
ဇာအနားတွန့်ဒီဇိုင်းနဲ့ ထိပ်မှာ I love youလို့ စာတန်းပါတဲ့ ပန်းရောင် pencil heelကို ထိုင်ကြည့်နေရတဲ့ အခုအချိန်ပဲ ဖြစ်ပါလိမ့်မယ်။
ဆိုင်က ဘယ်လိုတောင်မှားပြီးထည့်ပေးလိုက်လို့ ဒီဖိနပ်ကြီးပါလာတယ်ဆိုတာရဲ့ အသေးစိတ်ကိုတော့ ဘုရားပဲသိမယ်ထင်ပါတယ်...
အဲ့ဒါကြောင့် ဒီဖိနပ်က ဝသုန်ဝယ်လာတာမဟုတ်ဘူးဆိုတာ အရှေ့မှာ ထိုင်နေတဲ့ ယသော်ထက်ကို ဘယ်လိုစရှင်းပြရမယ်မှန်း မသိပါ။
ဒါပေမယ့် မရှင်းရင်လည်းမဖြစ်တာမို့ ကြုံသလိုပဲရှင်းပြဖို့ ဝသုန်မာန် ပါးစပ်ဟလိုက် ချိန်မှာတော့...
''ကျွန်တော် ဘာလို့လေဒီရှူးစီးလဲဆိုတာ ခင်ဗျားကို ပြောပြဖူးတယ်မဟုတ်လား...''
ခပ်အေးအေးပြောလိုက်တဲ့စကားနဲ့အတူ ယသော်ထက်ရဲ့မျက်နှာလေးက တော်တော်တည်နေတယ်ဆိုတာ ဝသုန်မြင်လိုက်ရတယ်။
တည်နေတဲ့မျက်နှာလေးက တဖြည်းဖြည်း အနီရောင်ဖြစ်ချင်လာပြီဆိုတော့ ဒေါသထွက်လာပုံရတယ်။
ဝသုန်မာန် မရှင်းပြလို့ မရတော့တာမို့...
''မဟုတ်ဘူး...ငါ ပြောတာခဏနားထောင်...''
''ဒီလိုနောက်တာတော့ လွန်လွန်းတယ်လို့ မထင်ဘူးလား''
နောက်ဖို့တဲ့...
တခါမှတောင် မတွေးဖူးပါဘူးဆို...
''ငါဝယ်လာတာ ဒါမဟုတ်ဘူး။
ငါ ပြောတာကို နားထောင်...''
''ဒီနေ့ တခါလေး မွေးနေ့မှာဖိတ်ရုံနဲ့ ဒီလိုမျိုးနောက်လို့ရကောလား''
ယသော်ထက်ရဲ့အသံ ကျယ်လာတာကြောင့်ထင်တယ်။
ဆိုင်ထဲကလူတွေ အချို့ လှည့်ကြည့်ကုန်ပြီ။
ဝသုန်မာန် ဖိနပ်လေးမှားဝယ်ခဲ့ရုံလေးပါ...
အဲ့တာကို ဘာလို့များ ဒီလောက် စိတ်ဆိုးနေရတာလဲ?
''ငါပြောတာ နားထောင်ဦး...
ဒါ ဆိုင်က မှားထည့်ပေးလိုက်တာ။
မင်းမယုံရင် ငါအခု ဆိုင်သွားပြီး...''
''ကိုလင်း...ကျွန်တော့်ကို ခွင့်ပြုပါဦး''
ဝသုန့်စကားတောင် ဆုံးအောင်နားမထောင်ပဲ ထထွက်သွားတဲ့ယသော်ထက်...
နှုတ်ဆက်စကားတောင်မှ လင်းထက်ကိုပဲ ကွက်ပြောသွားသေးတယ်။
ဝသုန်မာန်ခေါင်းကိုသာ ဖိကုတ်နေမိတယ်။
ဖြစ်ပြန်ပြီကွာ...ပြီးတော့ ဘာဖြစ်လို့ အဲ့လိုမျိုးတွေ ချက်ချင်းကြီး ထထွက်သွားမှန်းလည်းမသိ?
သူသွားမှတော့ ကိုယ်လည်း လိုက်ရတော့မယ်လို့တွေးရင်း ဝသုန်မာန် ထရပ်တော့...
''ဟိတ်ကောင်...နေဦး''
အနောက်ကနေ အကျီၤကြီးဆွဲထားတဲ့ လင်းထက်...
''အရင်တခေါက်ကလည်း ငါရှင်းရတာကွ...
အခုလည်း မင်းတို့ကောင်တွေက...''
''$ရေးထဲ...မင်းကတမျိုး''
လင်းထက်ကို ဝသုန်မာန် ထိုမျှသာပြောနိုင်ပြီး ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်ထုပ်ပြီး လက်ထဲ ထိုးထည့်ပေးခဲ့ရတယ်။
အရေးကြီးနေပါတယ်ဆိုမှ ခွက်ကျနေရတယ်လို့...
ဆိုင်ထဲမှာ ကိုယ်ဝရုန်းသုန်းကားဖြစ်နေတာကို ဝိုင်းကြည့်နေတဲ့လူတွေကို တွန်းတိုက်ရင်း ဆိုင်အပြင်ထွက်ပြီး ဟိုကောင်လေးကိုရှာကြည့်တော့ ဟိုဖက်လမ်းတောင် ရောက်နေပြီ။
မြန်လိုက်တာ...
ဘယ်လိုတောင် ရောက်သွားသလဲပဲ...
ဝသုန် အမြန်လိုက်ကူးတော့...
''ကျွီ...''
ရှေ့မှာ လက်မတင်လေး ထိုးရပ်သွားတဲ့ ကားတစီး...
ကံကောင်းလို့ မသေတာ...
''ဟိတ်ကောင်...မင်း သေချင်နေလားကွ''
ဝသုန်မာန်လသက်ပြင်းချလို့မဆုံးသေး... ကားသမားက ပြတင်းပေါက်ကနေ ခေါင်းထွက်ပြီးဆဲတော့သည်။
ဒါပေမယ့် ဆဲတော့လည်း ကိုယ့်က မောင်းလာတဲ့သူ့ကားရှေ့ကို ဘယ်၊ညာမကြည့်ပဲ ပြေးရပ်မိတာဆိုတော့ ပြန်ဆဲလို့မဖြစ်...
သွားဖြီးရယ်ပြရင်းနဲ့သာ လမ်းဆက်ကူးလာခဲ့ရတယ်။
ဘယ်သူကတော့ သေချင်နေမှာလဲ?
ဒီမှာ ရှင်းပြရဦးမှာကို...
ဝသုန် သိပ်ကြာကြာတင်းမနေနိုင်ပဲ ဟိုဘက်ကားလမ်း ရောက်,ရောက်ချင်း ယသော်ထက်ကိုရှာကြည့်တော့...
''ဟင်...''
သူ့ကို ငေးကြည့်ရင်း မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ ယသော်ထက်...
ဘာဖြစ်သွားရတာလဲ??
သူရပ်ကြည့်နေရင်းနဲ့ ယသော်ထက် ယိုင်နဲ့လဲသွားတော့...
''ဟာ...ယသော်ထက်''
ပြေးပွေ့မိတဲ့သူ့လက်တွေထဲမှာ ကောင်လေးတယောက် အလိုက်တသင့်...
################
ကားထဲပွေ့ချီလာတဲ့အထိ ယသော်ထက် စကားမပြောနိုင်သေး...
အရင်တခေါင်ကလည်း ဒီလိုဖြစ်တာမြင်ဖူးပေမယ့် ဝသုန်မာန် စိတ်မပူပဲမနေနိုင်ပါ။
ဒီတခေါက်က ပိုဆိုးသလိုပဲ...
ပြီးတော့ ဘာဖြစ်သွားတာလဲ?
ဆိုင်ကနေ စိတ်ဆိုးပြီးထွက်သွားတာကစလို့ အခုလိုဖြစ်သွားတဲ့အထိ အခြေအနေတွေကို ဝသုန်မာန်နားမလည်ပေမယ့် မမေးရသေး...
ယသော်ထက်ရဲ့ပုံစံက အရမ်းမောနေသလိုပဲ။
အမောဖောက်နေသလို အသက်ကို ရှိုက်ရှူနေရတာကို ဝသုန်မာန် မကြည့်ရက်တော့...
''အခု...ဆေးရုံသွားမယ်''
ကြည့်နေရုံကလွဲရင် ဘာမှလုပ်မပေးတတ်တာမို့ ဆေးရုံသွားဖို့ ကားသော့တပ်ပြီး စက်နိုးလိုက်တော့...
''တ...တမင်...''
''ဟင်...ဘာလဲ''
အသံတိုးတိုးလေးကို မသဲကွဲတာကြောင့် ဝသုန်မာန် ထပ်မေးမိတယ်။
''ဖိနပ်က...ခင်ဗျား...တ...မင် လုပ်တာ...''
အာ...ဒုက္ခပဲ
စကားဖြင့်မပြောနိုင်သေးဘူး။
လူကို ရန်တွေ့နေပြီ...
ဒါပေမယ့် လောလောဆယ်တော့ သူဘာမှမဖြစ်ဖို့က အရေးအကြီးဆုံးဖြစ်နေတာမို့...
''အဲ့တာ ထားလိုက်ဦး...အခု ဆေးရုံသွား...''
''င်္အီး...ဟီးဟီး...''
ငိုပြန်ပါပြီ!
''ဟ...ဘာ ဖြစ်လို့ ငို...''
''ကျွန်တော် ခင်ဗျားကို ကျွန်တော့်အမေအကြောင်း ပြောဖူးတယ်...မဟုတ်လား...
အခု...တမင်...ဖိနပ်ဝယ်လာပြီး...ကားရှေ့ဝင်ရပ်...
အီး...ဟီး...လူယုတ်မာကြီး''
ဝသုန်မာန်အခုမှ အဖြစ်အပျက်တွေကို ဆက်စပ်မိသွားရတယ်။
ဟုတ်သားပဲ...
သူ့ဆယ်နှစ်ပြည့်မွေးနေ့မှာ သူ့အမေက ဖိနပ်မှားဝယ်ပေးတာကို စိတ်ဆိုးပြီးထွက်သွားတာ လိုက်ခေါ်ရင်း ကားနဲ့တိုက်မိပြီး ဆုံးခဲ့တာမဟုတ်လား။
ဒီနေ့ သူဖြစ်ခဲ့တာတွေက မသိရင် ယသော်ထက်ပြောသလို တမင်အကွက်ချခဲ့သလိုပါပဲ။
အခုလည်း ယသော်ထက်ရဲ့မွေးနေ့ပဲလေ...
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဖြစ်အပျက်ကို ပြန်သတိရအောင် လုပ်ခဲ့မိသလိုဖြစ်နေတာပဲ...
ဟူး...
အဲ့ဒါမို့လို ဒီကောင်လေး ဒီလိုငိုနေရတာပေါ့
''မဟုတ်ပါဘူးကွာ...ငါ့ကို တကယ် ဆိုင်ကမှားပေး...''
''အဲ့တာ တမင်လုပ်တာပေါ့လို့...ဖိနပ်မှားပေးပြီး ကျွန်တော့်အမေ...ဖြစ်သလို ကားရှေ့မှာ...''
ပြောရင်းနဲ့ အသံက ရှိုက်ဝင်သွားပြန်တယ်။
ဝသုန်ပါ ငိုချင်လာပြီ...
တခြားကြောင့်တော့မဟုတ်...ရှင်းမရလို့...
အခု ငိုနေတာက သူ့အမေကို သတိရသွားလို့ထက် ကိုယ်က တမင်လုပ်ပြလို့ ဖြစ်တဲ့အမှုဆိုတော့ ဝသုန်မာန် မရှင်းလို့မရပါ။
ရှင်းလို့လည်း မပြီးတော့ဘူးထင်တယ်
''တကယ်...မဟုတ်ပါဘူးကွာ
ငါက ကားကိုတကယ်မမြင်တာပါ''
ကိုယ့်မှာလည်း ကားတိုက်မခံရတာတောင် တမက်လုပ်သလိုဖြစ်လို့...
နည်းနည်းလေးလောက်ဖြစ်ဖြစ် အတိုက်ခံလိုက်ရရင် အကောင်းသားလို့တောင် ဝသုန်မာန်ထင်ချင်လာတယ်။
''မတော်တဆ ဖြစ်သွားတာပါကွာ''
ငိုနေရတာ မောနေမှာစိုးလို့
လက်ထဲကို ကားတံခါးကရေဘူးကမ်းပေးရင်း ပြောလိုက်တော့...
''အဲ့တာ ဖြစ်စရာလားလို့...''
''ဟာ!''
ပြောရင်း ငိုရင်းနဲ့...
လက်ထဲက ရေဘူးနဲ့ တဖုန်းဖုန်း လာထုနေတာမို့ ဝသုန်မာန် ခံရတာ မသက်သာပါ။
အခု ထုဖို့တောင် အားရှိရင် သိပ်တော့ စိတ်ပူစရာမရှိဘူးထင်ပါတယ်လေ။
အမောပြေလေး ရေသောက်ရအောင် လက်ထဲရေဘူးထည့်ပေးမိတာသာ ကိုယ့်အပြစ်!
ဒီကောင်လေးလည်း ရုပ်ကလေးနဲ့မှမလိုက် ကိုယ့်ဆိုတအားကိုနိုင်တာ ဘယ်ဘဝက ရေစက်ကြောင့်လည်းမသိ...
''ခင်ဗျား သေသွားရင် ကျွန်တော်က pencil-heel လိုက်စီးရမှာလား...လူယုတ်မာကြီးရဲ့''
ကိုယ်သေမယ့်အကြောင်းကို အရင်ကြားရပေမယ့် ဝသုန်မာန် ပျော်သွားမိတယ်။
ကိုယ်သေရင် pencil-heelလိုက်စီးမယ်ဆိုတော့ ဒီကောင်လေး ကိုယ့်အပေါ် သံယောစဉ်တော့ ရှိသားပဲ...
ဒါပေမယ့်လည်း အကြာကြီးမပျော်နိုင်ပါ...
လာထုနေတဲ့ အားက ငိုရင်းထုနေတာကြောင့် သိပ်မပြင်းပေမယ့် ရေဘူးနဲ့ဆိုတော့ ကြာရင် ကာထားတဲ့လက် ကျိုးနိုင်တာမို့...
''အေး...ဟုတ်ပါပြီ...ငါ့အမှားပါကွာ...
မငိုနဲ့တော့ ဟုတ်ပြီလား...''
အဲ့လိုပြောလိုက်တော့မှ အငိုတတိတ်ပြီး အထုရပ်သွားလို့ တော်သေးတယ်။
ဒါပေမယ့်...
''ဖိနပ်ကော...''
ငိုသံလေးရောနေတဲ့အမေး
''ဖိနပ်??ဖိနပ်က ဆိုင်မှာကျန်ခဲ့တာလေ...
ဘာလုပ်မလို့လဲ''
''သွားယူမလို့...''
''အာ...ဘာလုပ်ဖို့လဲ...''
''ဘာလုပ်ရမှာလဲ...ခင်ဗျားက တမင်လုပ်တာမှမဟုတ်တာ။ပြီးတော့ မှားပေးတယ်ဆိုပေမယ့်လည်း မွေးနေ့မှာ ပေးတာပဲကို''
''ထားလိုက်တော့...ငါပေးတာ အဲ့တာမှမဟုတ်တာ...''
''မရပါဘူး...ခင်ဗျားပဲ တမင်လုပ်တာမဟုတ်ဘူးဆို''
အတင်းကိုသွားယူမယ်လုပ်နေတော့...
''ကဲ...ငါ သွားယူပေးမယ် ဟုတ်ပြီလား''
သူ့ဖာသာသွားယူရင်လည်း ယိုင်တိုင်တိုင်ဖြစ်နေမှာစိုးတာနဲ့ ဝသုန်မာန်ပဲ ဆိုင်ထဲတခေါက် ထပ်သွားပြီး စားပွဲပေါ်က ဖိနပ်ဘူးကြီး မ,လာရတယ်။
လင်းထက်ဆိုတာကိုတော့ အရိပ်တောင် မတွေ့တော့ဘူး။
ပိုက်ဆံအိတ်မပြီး လစ်ပြီထင်တယ်
ကောင်းတယ်...မမြင်ရလေ အေးလေပဲ။
လင်းထက်ကို မမြင်ရလို့ ကျေကျေနပ်နပ်နဲ့ ဝသုန် ကားဆီပြန်ရောက်လာရင်း ကားထဲပြန်ရောက်လို့
တဖက်ခုံက ကောင်လေးကို ဖိနပ်ဘူးပေးရုံပဲရှိသေးတယ်
''ကျွန်တော် ဘယ်လောက်လန့်သွားလဲ သိလား''
ဖိနပ်ကြီးကောက်ကိုင်ပြီးမေးရင်း...
''ခင်ဗျားကို သေပြီထင်နေတာ''
''အင်းပါကွာ...''
ကိုယ့်မှာလည်း သေပြီအထင်ခံရတာကနေကို မလွတ်ဘူး။
ကိုယ့်စိတ်ပူပေးလို့ ပျော်ချင်တာတောင် ဖြောင့်ဖြောင့်မပျော်ရ...
''ပြီးတော့ ဒီစာတန်းကြီးက ဘာလဲ??''
ဖိနပ်ထိပ်က စာတန်းင်္ကြီးကို လက်ညှိုးထိုးပြတော့
''မသိဘူးလေကွာ...''
ဒီဖိနပ်ဝယ်လာတာ မဟုတ်ပါဘူးဆိုမှ...
အခုထိ လာရစ်နေသေးတာကို ဝသုန် စိတ်မရှည်ပဲ ဖြေလိုက်မိတယ်။
သူ့ဖာသာသူ ဘာဒီဇိုင်းလဲဆိုတာ ဒီဇိုင်နာပဲ သိမှာပေါ့...
''ဘာ...''
စိတ်ရှိတဲ့အတိုင်း ဖြေလိုက်တာကို ဖိနပ်ကြီးမြှောက်လာတော့
''ဟာ...မဟုတ်ဘူးလေကွာ...
ငါ ဝယ်လာတာ ဒါမှမဟုတ်တာ။ဒီစာက ဘာလို့တပ်ထားလဲဆိုတာ ငါ ဘယ်သိမှာလဲ''
လို့ ရှင်းပြလိုပ်တော့မှ ဖိနပ်ကြီး ပြန်ချသွားတယ်။
တော်သေး...
pencil heelနဲ့သာ ရိုက်လို့ကတော့ တချက်တည်းနဲ့တင် ကြွလောက်တယ်။
''ဒါနဲ့...မင်းအခု သွားစရာရှိသေးလား...''
''ဟင့်အင်း...ဘာဖြစ်လို့လဲ''
''ငါ့အဒေါ်ဆိုင်မှာ ဖိနပ်သွားထပ်ဝယ်မလို့...
ပြီးတော့ ဟို ဖိနပ်မှားရောင်းလိုက်တဲ့ စာရေးမကို ပြဿနာသွားရှာမလို့...''
''ဟင်...ဘာလို့!??''
ယသော် ခပ်ရဲရဲဖြစ်နေသေးတဲ့ မျက်လုံးလေးတွေကို ပြူးပြီးမေးတော့
''ဟ...ဘာဖြစ်ရမှာလဲ
ဒီနေ့ ပြဿနာဖြစ်တာ သူ့ကြောင့်လေ''
''အဲ့လိုတော့ မလုပ်နဲ့လေ...
သူ အလုပ်ပြုတ်မှာပေါ့''
ကိုယ့်ကျတော့ ရေဘူးနဲ့ထိုက်ထုနေပြီး သူများကျ အလုပ်ပြုတ်မှာ စိတ်ပူပေးနေတဲ့ ထိုကောင်လေးကို ဝသုန်မာန် ခဏလောက် တင်းသွားရတယ်...
တွေ့မယ်...
အဲ့လောက်တောင် စာနာတတ်တာ...
ဆိုင်သွားမရစ်ရရင်တော့ ခဏလောက်ဖြစ်ဖြစ် သူ့ရစ်လိုက်ဦးမယ်
''ဘာဖြစ်လဲ...ပြုတ်ပါစေပေါ့
ပြီးတော့ မင်းငိုထားရတာကို''
ဟုတ်တယ်။ဒီတစ်ခုကို ဝသုန်မာန်အတင်းဆုံးပဲ။
သူ တော်တော်လေး လန့်ပြီး ငိုထားရတာ...
''အာ ဘာဖြစ်လဲ...
ကျွန်တော့်ဖာသာ ငိုတာကို''
ကြည့်...တော်တော်ကို စိတ်ကောင်းရှိနေတာ...
ဝသုန်လည်း တင်းလာတာနဲ့
''မင်းဖာသာမင်း ငိုလို့ရမလား...
ငါက မင်းကိုကြိုက်နေတာလေ။ကိုယ်ချစ်တဲ့သူ ကိုယ့်ရှေ့မှာ ငိုနေရတာကို ငါက ဘာမှမဖြစ်ရဘူးလား''
''ဟင်...''
ယသော်ထက် နှုတ်ခမ်းလေးတွေဟပြီး အံ့သြသွားတာကိုမြင်တော့ ဝသုန်မာန် ပြုံးလိုက်မိတယ်။
ဒီလို ကလန်ကဆန်ကောင်လေးကို ဖွင့်ပြောလိုက်ရတာ ကျေတော့ကျေနပ်မိသား...
ဒါပေမယ့် ဒီလောက်လေး ပြောလိုက်ရတာနဲ့တော့ လုံးဝကြီးမကျေနပ်နိုင်သေး...
အဲ့ဒီအံ့သြသွားတဲ့ မျက်နှာလေးကို ထပ်စ,ချင်စိတ် ပေါ်လာတာမို့ ကားစက်ကိုနှိုးမယ်လုပ်တော့...
''မလုပ်နဲ့...သူ အလုပ်ပြုတ်လိမ့်မယ်ဆို''
''တကယ် မလုပ်ရဘူးလား''
ဝသုန်မေးတော့ ယသော် ကြောင်အ,အလေး ခေါင်းညိမ့်ပြမိတယ်။
ဟုတ်ပြီလေ...အကွက်ထဲတော့ ဝင်ပြီ
''အဲ့တာဆို မုန့်ဝယ်ကျွေး...''
''ဟင်...ဘာမှလည်း မဆိုင်ဘူး''
''ဟ...ဆိုင်တာပေါ့။ငါ ခုဏက ဘာမှစားရသေးတာ မဟုတ်ဘူး။ပြီးတော့လည်း လင်းထက်ကို ပိုက်ဆံရှင်းဖို့ ငါ့ပိုက်ဆံအိတ်ပေးခဲ့ရတာ။
ဘာလဲ...မကျွေးချင်ဘူးလား?ရတယ်လေ...
အဲ့ဒါဆိုလည်း...''
''အာ...မလုပ်နဲ့လေ။
ဝယ်ကျွေးမယ်...ဒီဆိုင်မှာပဲ စားမလား?''
''ဒီဆိုင်မှာတော့ မစညးတော့ဘူး။
ခုဏကတည်းက လူတွေဝိုင်းကြည့်နေတာ...
အခြားဆိုင်သွားမယ်''
ဝသုန်မာန် ကားကိုကွေ့လိုက်တော့ ဘေးထိုင်ခုံက ကောင်လေး ဘာမှမပြောပဲ ငြိမ်ငြိမ်လေးထိုင်ရင်း လိုက်လာတယ်။
အခု လင်းထက်မပါပဲ နှစ်ယောက်တည်း ဆိုင်သွားရပြီ...
ယသော့်ကို ဖွင့်ပြောခွင့်တောင် ရလိုက်သေးတယ်။
တခါတလေ...
အဆိုးတွေကနေ အကောင်းဖြစ်တတ်တယ်ဆိုတာ ဝသုန်မာန် ယုံလိုက်မိပါတယ်...
~~~~~~~~~~~~~~
by Y.S