ေလဒီရွဴး-(yaoi story)

By YellowieSwan734

546K 52.4K 1.7K

ကၽြန္ေတာ္ႏွင့္ ကၽြန္ေတာ္ခ်စ္ေသာ ေလဒီရွဴးေကာင္ေလးတစ္ေယာက္အေျကာင္း... ကျွန်တော်နှင့် ကျွန်တော်ချစ်သော လေဒီရှူးက... More

ေလဒီရွဴး-1
ေလဒီရွဴး-2
ေလဒီရွဴး-3
ေလဒီရွဴး-4
ေလဒီရွဴး-5
ေလဒီရွဴး-6
ေလဒီရွဴး-7
ေလဒီရွဴး-8
ေလဒီရွဴး-9
ေလဒီရွဴး-11
ေလဒီရွဴး-12
ေလဒီရွဴ:-13
ေလဒီရွဴ:-14
ေလဒီရွဴး-15
ေလဒီရွဴး-16
ေလဒီရွဴး-17
ေလဒီရွဴး-18
ေလဒီရွဴး-19
ေလဒီရွဴး-20
ေလဒီရွဴး-21
ေလဒီရွဴး-22
ေလဒီရွဴး-23
ေလဒီရွဴး-23
ေလဒီရွဴး-23(2)
ေလဒီရွဴး-24
ေလဒီရွဴး-25
ေလဒီရွဴး-26
ေလဒီရွဴး-27
MY NOTIFICATION
ေလဒီရွဴး-28
ေလဒီရွဴး-29
ေလဒီရွဴး-30{final}
EXTRA-1
အဟမ္း!!!......အဟမ်း!!!
Extra-2
Just my words to Thank U
Book 2!!
Hi❤
ဒီတစ္ေခါက္ အတည္ေနာ္.../ဒီတစ်ခေါက် အတည်နော်...
Book!!
Hi~ Hi~

ေလဒီရွဴး-10

13.5K 1.5K 45
By YellowieSwan734

<zawgyi>

ေလဒီရွဴး-10(yaoi story)

လြယ္အိတ္အျဖဴေလးကိုေကာက္လြယ္ရင္း စဥ္ေပၚက အဝါေရာင္ေလဒီရွဴးေလးကို ယေသာ္ထက္ခ်စီးလိုက္တယ္...

ဒီရက္ပိုင္း ဖိနပ္ေတြက ပ်က္တာရယ္၊
ေပ်ာက္တာရယ္ေျကာင့္ ႏွစ္ရံပဲက်န္ေတာ့တယ္။
သူမ်ားေတြလိုဆိုရင္ေတာ့ အိမ္မွာရွိတဲ႕ အေဖ့ဖိနပ္ကိုေကာက္စီးသြားလို႕ရေပမယ့္ သူကေတာ့ ေလဒီရွဴးပဲစီးတယ္မဟုတ္လား...

ဘာလို႕လဲဆိုေတာ့...ဟူး...
ျပန္ေတာင္မေတြးခ်င္ပါဘူး။
ဒီလိုပဲ...ကိစၥတစ္ခုေျကာင့္လို႕ပါပဲ

လြန္ခဲ႕တဲ႕ႏွစ္ေပါင္းမ်ားစြာကကိစၥကို ျပန္မေတြးမိေအာင္ ေခါင္းကိုခါျပီးေမ့လိုက္ရင္း ဖိနပ္ကိုေသခ်ာထိုင္စီးလိုက္ေတာ့...

''သြားေတာ့မလို႕လား... သား?''
မီးဖိုေခ်ာင္ထဲက ေဖေဖလွမ္းေမးေတာ့...

''ဟုတ္ ေဖေဖ...သား ဒီေန႕နည္းနည္းေနာက္က်မယ္။
အျပန္မွာ ဝင္စရာေလးရွိေသးလို႕''

''ေအး...ေအး...သတ္ိထားသြားဦးေနာ္''

''ဟုတ္''
ေဖေဖေျပာတာကို လွမ္းေျဖရင္း ယေသာ္အိမ္ထဲက ထြက္ခဲ႕တယ္

ဒီေန႕ ဂ်ာနယ္တိုက္ကို ေဆာင္းပါးပို႕စရာရွိတယ္။
အဲ႕ဒီကိစၥကို ကိုလင္းထက္ကိုလည္း ေျပာမေနေတာ့...

ဒါ သူနဲ႕လုပ္ရမယ့္အလုပ္မွ မဟုတ္တာ။
ခါတိုင္းလို လိုက္ကူညီေနတာနဲ႕တင္ အားနာလြန္းေနပါျပီ။
အမကလည္း...ကိုယ္တေယာက္တည္း စိတ္ပူတာနဲဲ႕တင္ အားမရလို႕ ကိုယ့္ေယာက်ာ္းဆီပါ အပ္ထားေသးတယ္။

ဘယ္လိုျဖစ္လို႕ဒီေလာက္ထိ စိတ္ပူေနမွန္းမသိ...
မသိရင္ပဲ လမ္းသြားေနရာကေန ခ်က္ခ်င္းေသသြားမွာ ျကေနတာပဲ...
ဘာေတြအဲ႕ေလာက္စိတ္ပူေနမွန္း ေတြးလို႕ကို မရဘူး။

ကာယကံရွင္ျဖစ္တဲ႕ကိုယ္ေတာင္မွ ေအးေအးေဆးေဆးပါပဲ...
သြားစရာရွိလည္း သြားလိုက္တာပဲကို...

ဒီေန႕ညေနလည္း ဟ္ိုလူျကီး ဝသုန္မာ...အဲ...ဝသုန္မာန္ဆိုလားရဲ႕ ေမြးေန႕ရွိလို႕ ဖိတ္ထားေသးတယ္။
သြားခ်င္လြန္းလို႔ေတာ့မဟုတ္ပါ။
က္ုလင္းထက္နဲ႕ခင္ေနတဲ႕အျပင္ ကိုယ္နဲ႕ကလည္း သိေနတဲ႕လူဆိုေတာ့ ျငင္းမေကာင္းလို႕ပါ။

အဲ႕လူျကီးက တမ်ိဳးပဲ...
ဘာတမ်ိဳးလည္းေတာ့ မေျပာတတ္ေပမယ့္ တမ်ိဳးပဲ...

စေတြ႕ကတည္းက ေမးတာ...ဘာတဲ႕ 'မိန္းကေလးလားဟင္?'ဆိုျပီး...
ျပီးေတာ့လည္း ဓာတ္ေလွကားပ်က္တဲ႕ေန႕က ဘာမွမဆိုင္ပဲ ေကာက္ခ်ီသြားေသးတယ္။
တကယ့္အူေျကာင္ျကားျကီး...
အဲ႕တာကို ေခၚေတာ့လည္း မျကိုက္ျပန္ဘူး
ေဘာက္ဆတ္ဆတ္...မႈန္ကုတ္ကုတ္နဲ႕
လူရွိန္ေအာက္လားေတာ့ မသိေပမယ့္ အျမဲရုပ္တည္ျကီးနဲ႕...

ဒါေပမယ့္လည္း သေဘာေတာ့ေကာင္းတယ္ထင္တယ္။
ဟိုတေန႕ကလည္း ေျမာင္းထဲကေနေျကာင္ဆယ္တာ ဝိုင္းကူျပိီး အိမ္ေတာင္ျပန္ပို႕ေပးသြားေသးတယ္
တေယာက္တည္း ေျမာင္းထဲမဆင္းသင့္ဘူးဆိုတာ သိေပမယ့္လည္း ေျကာင္တေကာင္လံုးကို ဒီအတိုင္းေတာ့ မထားခဲ႔ႏိုင္ဘူးေလ...
အဲ႕တာမို႕ ဆင္းကယ္ရာက ဟိုလူျကီးနဲ႕ ထပ္ေတြ႕တာ...

အဲ႕မွာ အဆင္ေျပသြားတယ္...
မေျပတာက ေနာက္ပိုင္းကိစၥ...
သူ႕ကားကို ယေသာ္ထက္စီးတာ ႏွစ္ခါရွိပါျပီ
စီးတိုင္း စိတ္အေႏွာက္အယွက္ျဖစ္ရတာက အဲ႕လူျကီးက တခ်ိန္လံုးမ်က္လံုးျကီးေစြျကည့္တာ...

သူ႕ကားေတြက ျပိဳင္ကားေတြဆိုေတာ့ အေနာက္ခံုမွာသြားထိုင္လို႕လည္းမရ!
(ျပိဳင္ကားက ေနာက္ထိုင္ခံုမပါဘူးေလ)

ဟိုတေန႕က အိမ္ေရာက္ေတာ့လည္း လာေငးေနတာဆိုတာ မ်က္လံုးကလာပဲကပ္ေတာ့မလားမွတ္ရတယ္။
ေတာ္ေသးတာေပါ့...
အဲ႕ေန႕က အေဖရံုးကေန ျပန္မေရာက္ေသးလို႕
မဟုတ္ရင္ အဲ႕လိုျကီးလာျကည့္ေနပံုနဲ႕ ဘယ္လိုေတာင္ရွင္းရမယ္ မသိဘူး။

ျပီးေတာ့လည္း စပ္စုသြားေသးတယ္...
ဘာလို႕ေလဒီရွဴးစီးတာလဲတဲ႕
'ခင္ဗ်ားကေကာ ဘာလို႕ျပိဳင္ကားပဲ စီးတာလဲ'လို႕ ျပန္ေမးလိုက္ခ်င္သား...
ဒါေပမယ့္ သူေလဒီရွဴးစီးတာ သေဘာက်လို႕မဟုတ္၊ျကိုက္လို႔မဟုတ္...
ကိုယ့္အေျကာင္းနဲ႕ကိုယ္သာ...

ေတြးရင္းနဲ႕ ေလွ်ာက္လာတာ ဘက္စ္ကားမွတ္တိုင္ကိုေတာင္ ေရာက္လာျပီ။
ရံုးဖြင့္ရက္ရဲ႕ မနက္ဆယ္နာရီအခ်ိန္ဆိုေတာ့ လူက တေယာက္စ၊ႏွစ္ေယာက္စသာ...

ကိုယ့္ဖာသာကိုယ္ မွတ္တိုင္ကခံုမွာထိုင္ေနရင္း ရယ္သံလိုလိုျကားလို႔လွည့္ျကည့္ေတာ့ သူ႕ကို ျပံဳးစိစိျကည့္ရင္း တိုးတိုးေျပာေနျကတဲ႕ ေကာင္မေလးႏွစ္ေယာက္...

ဘာအေျကာင္းလဲလို႕ေတြးေနစရာေတာင္မလိုဘူး
ဒီေလဒီရွဴးကိစၥပဲေနမွာေပါ့
လူေတြလည္း ထူးဆန္းပါတယ္...
သူမ်ားကို ဘာလို႕ လိုက္ျကည့္ျပီး ေဝဖန္ခ်င္ေနတာလဲမသိဘူး။

ဒါေပမယ့္လည္း သူ႕အေနနဲ႕ေတာ့ရိုးေနပါျပီ။
ေက်ာင္းကတည္းက အစ,ခံလာရတာေလ
ယေသာ့္မွာ သူငယ္ခ်င္းမရွိတာလည္း ဒီကိစၥေျကာင့္ပဲေလ။
သူငယ္ခ်င္းရွိလည္း ပိုအစ,ခံေနရမွာက္ိုး။
ဘာ...'မိန္းမဖိနပ္စီးတဲ႕ အေျခာက္ဆိုလား'...

ျဖဴေဖ်ာ့တဲ႕အသားအရည္နဲ႕ မိန္းမဆန္တဲဲ႔မ်က္ႏွာရွိျပီး အေဖထက္အမရဲ႕ အုပ္ထိန္းမႈေအာက္မွာ ျကီးျပင္းလာသူမို႕ ေပ်ာ့တိေပ်ာ့ဖတ္ႏိုင္မွန္း ကိုယ့္ကိုကိုယ္သိပါတယ္
ဒါေပမယ့္လည္း ယေသာ္ထက္က ေယာက်ာ္းေလးတေယာက္ပါ...
ဒါ ေသခ်ာတဲ႕ကိစၥပါပဲ။
ကိုယ့္အေျကာင္းကို ကိုယ္သိရင္ရျပီမို႕ ဘာမွျပန္ရွင္းျပေနစရာမလိုဘူးေလ။

စီးရမယ့္ဘက္စ္ကားလာရပ္ေတာ့ ယေသာ္ တက္သြားလိုက္တယ္

''အ...''
တက္တက္ခ်င္္း ဘယ္သူက နင္းမိမွန္းမသိ...
ေျခေထာက္ကိုငံု႕ျကည့္ေနတုန္း တက္နင္းတဲ႕ ဖိနပ္ပိုင္ရွင္က

''sorryေနာ္ညီမေလး...ကိုယ္မျမင္မိလို႕။
ဖိနပ္ေလးကလွတယ္ သိလား...''

ယေသာ့္မ်က္ႏွာ ေဒါသနဲ႕နီရဲသြားရတယ္။
ဘယ္ေလာက္ပဲလ်စ္လွ်ဴရႈရႈ...
ဒါ တမင္လုပ္တာမွန္းသိသာတဲ႕ကိစၥ...

ဟူး...ေတာ္ေတာ့ ယေသာ္ထက္...
ဒီလိုလူမ်ိဳးနဲ႕ျပိဳင္ေျပာမေနနဲ႕

ယေသာ္ ဘာမွမေျပာေတာ႔ပဲ ဘက္စ္ကားေနာက္ခံုမွာ သြားထိုင္လိုက္ေတာ့တယ္။

############

စာမူအပ္ျပီးေတာ့ မုန္႕ဆိုက္တခုမွာဝင္ထိုင္ေနတာ
ေန႕လည္ ၂နာရီေတာင္ထိုးသြားတယ္။
ခ်ိန္းထားတာက ၃နာရီ...
ဘက္စ္ကားစီးရမွာနဲ႕ မထူးပါဘူး
အခုျကိုသြားမွ...

မုန္႕ဆိုင္ကထြက္ျပီး ဘက္စ္ကားနာရီဝက္ေလာက္စီးျပီးေတာ့ ေရာက္ပါျပီ...ဆိုင္ကို...
သြားရမွာက ေလးထပ္။
ဓာတ္ေလွကားမစီးရဲလို႕ ေလွကားကေနတက္လာတာမို႕ အခန္းေရွ႕လည္းေရာက္ေကာ ေမာလိုက္တာ...

ဆိုးပါဘူး...ဆယ္မိနစ္လိုေသးတာပဲ
အဲ႕လိုမွန္းသိ ျဖည္းျဖည္းလာပါတယ္
ေနာက္မက်ခ်င္လို႕ အျမန္လာရာက အလကား ေမာသြားရတာ။
ေရာက္ေတာ့လည္း မထူးတာနဲ႕ျကိုေစာင့္ေနဖို႕ တံခါးဆြဲဖြင့္ေတာ့...

ဟင္!သံုးေယာက္လံုးေရာက္ေနပါလား...

အဲ႕ေတာ့လည္း ယေသာ္ထက္အခန္းထဲဝင္သြားျပီး ေတြ႕တဲ႕ခံုမွာဝင္ထိုင္ျပီး ေရပဲေကာက္ေသာက္လိုက္တယ္။

''ဟိတ္ေကာင္...ဘယ္လိုျဖစ္လာတာလဲ။
မင္းပံုစံက က်ားလိုက္လို႕ေျပးလာရတဲ႕ပံုနဲ႕''
လင္းထက္ေမးေတာ့...

''ျသ...ေနာက္က်မွာစိုးလို႕ေလဗ်ာ...
ကိုလင္းတို႕က လူေတာင္စံုေနျပီ''

''ဟ ငါတို႕ကျကိုေရာက္ေနတာပါကြ...
မင္းကလည္း...ျဖည္းျဖည္းလာတာမဟုတ္ဘူး''
လင္းထက္ေျပာရင္းနဲ႕ လက္ကအက်င့္အတိုင္း ယေသာ့္ပခံုးကို ပုတ္လိုက္မိတယ္။

ပုတ္ျပီးေတာ့မွ သတိဝင္ျပီး လွည့္ျကည့္လိုက္ေတာ့...

ယေသာ္ထက္စဝင္လာကတည္းက ထိုင္ေငးျကည့္ေနတဲ႕ဝသုန္မာန္...အခုျကေတာ့ စိမ္းစိမ္းျကီး မ်က္ေမွာင္ျကဳတ္ျပီး လာျကည့္လို႕...

ဟင့္ေနာ္ ေသခ်င္ပါတယ္...အက်င့္ပါေနလို႕ပါဆိုမွ
ဘယ္လိုျဖစ္လို႕ လာျကည့္ေနလဲမသိဘူး
ကူလည္း ကူညီေပးရေသးတယ္
မယံုသကၤာနဲ႕။

''ေအး...မွာေလကြာ...ဘာစားမလဲ''
လင္းထက္ စကားဆက္ရင္း အျကည့္လႊဲလိုက္ရတယ္။

''အင္း။ဒါနဲ႕ေလ...သူက ဘာျဖစ္ေနတာလဲဟင္?
ေမြးေန႕ရွင္ျဖစ္ျပီးေတာ့...''

''အဲ.........''
လင္းထက္ ဘာေတာင္ေျပာရမလဲမသိ...
ျဖစ္ေနတဲ႕ရုပ္က အလြယ္ေခၚရရင္ ေသခါနီးရုပ္...
ဘာမွမေျပာပဲ ထိုင္ျကည့္ေနတာ...စကားေမးလည္းမရ...

ေတာ္ေသးတာေပါ့...
အစက သူ႕ကို ယေသာ္ထက္နဲ႕ႏွစ္ေယာက္တည္း ဖြင့္ေျပာဖို႕ လႊတ္ေပးမလို႕...
သူက ငါ ဘာေျပာရမွန္းမသိလို႕ လိုက္ခဲ႕ျကပါလားဆိုျပီးေခၚလာလို႕သာေပါ့ေလ...
(လင္းထက္စိတ္မခ်တာက အျခားမဟုတ္ပါ...
တေယာက္တည္းေတာင္မေျပာရဲလို႕ သူနဲ႕ထြန္းကို,ကို ေခၚလာေသးတာပဲေလ။
မေျပာရဲလို႕ဆိုျပီး ဒီလိုျကီး ထိုင္ေနတာနဲ႕ အရူးအထင္ခံရျပၤီး ရြာသာျကီးကို ဖုန္းဆက္ေခၚမွာကိုပါ)

''မွာ...မွာပဲမွာလ္ိုက္ပါကြာ''
ထြန္းကို ေျပာျပီးေတာ့ waiterေခၚတဲ႕ ဘဲလ္ကိုေကာက္ႏွိပ္လိုက္တယ္။

waiterဝင္လာျပီးေတာ့ ယေသာ္ထက္မွာတဲ႔အခ်ိန္မွာေတာ့ ဒင္းမ်က္ႏွာက ျပန္ေပ်ာ့လာလို႕ေတာ္ေသး

ျသ...ျကည့္...
အခုစားေတာ့လည္း စားစရာရွိတာမစားဘူး
ယေသာ္ထက္ကိုပဲ ထိုင္ျကည့္ေနျပန္ျပီ။

ဟိုက သတ္ိမထားမိတာလား...မသိခ်င္ေယာင္ ေဆာင္ေနတာပဲလား?

''ျသ...ခင္ဗ်ားက ျကိုမေျပာေတာ့ လက္ေဆာင္ေတာင္မဝယ္လာရဘူး''
ယေသာ္စားေနရင္းနဲ႕ ပလုတ္ပေလာင္းေျပာတယ္

သူ႕ျကည့္ေနတာကို လက္ေဆာင္မေပးလို႕ ျကည့္ေနတယ္မ်ားထင္တာလား?

''ဒီေန႕လည္း ဘယ္မွသိပ္မေရာက္ျဖစ္လို႕...''

''ငါ မင္းကိုခ်စ္တယ္''
ဝသုန္႕ရဲ႕ပထမဆံုးစကား...

''ဖူးးးး...''
လင္းထက္ေသာက္ေနတဲ႕ေရေတြ ထြန္းကို,ကို အကုန္စိုကုန္တယ္။

ထြန္းကို ေရမသုတ္အားေသး...
ဝသုန္မာန္က္ို တအံ႕တျသ ျကည့္ေနမိတယ္။

မေျပာရဲဘူးတဲ႕...
ဘာေျပာရမယ္မွန္းမသိဘူးတဲ႕...
ျပီးေတာ့ တခ်ိန္လံုးထိုင္ျကည့္ျပီး ျငိမ္ေနရာကေန...
ေျပာေတာ့လည္း ခ်က္ခ်င္းျကီး!!!

''မျဖစ္သင့္မွန္းသိေပမယ့္...ဟုတ္တယ္။
ငါ မင္းကိုခ်စ္တယ္''

''ခၽြင္...''
ဒုတ္ိယတစ္ခါထပ္ေျပာလိုက္တဲ႕ ဝသုန္႕စကားအဆံုးမွာ ယေသာ္ထက္ လက္ထဲက ခက္ရင္းေလး...
စားပြဲေအာက္ျပဳတ္က်သြားရတယ္

~~~~~~~~~~~~~
by Y.S

<Unicode>


လေဒီရှူး-10(yaoi story)

လွယ်အိတ်အဖြူလေးကိုကောက်လွယ်ရင်း စဉ်ပေါ်က အဝါရောင်လေဒီရှူးလေးကို ယသော်ထက်ချစီးလိုက်တယ်...

ဒီရက်ပိုင်း ဖိနပ်တွေက ပျက်တာရယ်၊
ပျောက်တာရယ်ကြောင့် နှစ်ရံပဲကျန်တော့တယ်။
သူများတွေလိုဆိုရင်တော့ အိမ်မှာရှိတဲ့ အဖေ့ဖိနပ်ကိုကောက်စီးသွားလို့ရပေမယ့် သူကတော့ လေဒီရှူးပဲစီးတယ်မဟုတ်လား...

ဘာလို့လဲဆိုတော့...ဟူး...
ပြန်တောင်မတွေးချင်ပါဘူး။
ဒီလိုပဲ...ကိစ္စတစ်ခုကြောင့်လို့ပါပဲ

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကိစ္စကို ပြန်မတွေးမိအောင် ခေါင်းကိုခါပြီးမေ့လိုက်ရင်း ဖိနပ်ကိုသေချာထိုင်စီးလိုက်တော့...

''သွားတော့မလို့လား... သား?''
မီးဖိုချောင်ထဲက ဖေဖေလှမ်းမေးတော့...

''ဟုတ် ဖေဖေ...သား ဒီနေ့နည်းနည်းနောက်ကျမယ်။
အပြန်မှာ ဝင်စရာလေးရှိသေးလို့''

''အေး...အေး...သတိထားသွားဦးနော်''

''ဟုတ်''
ဖေဖေပြောတာကို လှမ်းဖြေရင်း ယသော်အိမ်ထဲက ထွက်ခဲ့တယ်

ဒီနေ့ ဂျာနယ်တိုက်ကို ဆောင်းပါးပို့စရာရှိတယ်။
အဲ့ဒီကိစ္စကို ကိုလင်းထက်ကိုလည်း ပြောမနေတော့...

ဒါ သူနဲ့လုပ်ရမယ့်အလုပ်မှ မဟုတ်တာ။
ခါတိုင်းလို လိုက်ကူညီနေတာနဲ့တင် အားနာလွန်းနေပါပြီ။
အမကလည်း...ကိုယ်တယောက်တည်း စိတ်ပူတာနဲ့တင် အားမရလို့ ကိုယ့်ယောကျာ်းဆီပါ အပ်ထားသေးတယ်။

ဘယ်လိုဖြစ်လို့ဒီလောက်ထိ စိတ်ပူနေမှန်းမသိ...
မသိရင်ပဲ လမ်းသွားနေရာကနေ ချက်ချင်းသေသွားမှာ ကြနေတာပဲ...
ဘာတွေအဲ့လောက်စိတ်ပူနေမှန်း တွေးလို့ကို မရဘူး။

ကာယကံရှင်ဖြစ်တဲ့ကိုယ်တောင်မှ အေးအေးဆေးဆေးပါပဲ...
သွားစရာရှိလည်း သွားလိုက်တာပဲကို...

ဒီနေ့ညနေလည်း ဟိုလူကြီး ဝသုန်မာ...အဲ...ဝသုန်မာန်ဆိုလားရဲ့ မွေးနေ့ရှိလို့ ဖိတ်ထားသေးတယ်။
သွားချင်လွန်းလို့တော့မဟုတ်ပါ။
က်ုလင်းထက်နဲ့ခင်နေတဲ့အပြင် ကိုယ်နဲ့ကလည်း သိနေတဲ့လူဆိုတော့ ငြင်းမကောင်းလို့ပါ။

အဲ့လူကြီးက တမျိုးပဲ...
ဘာတမျိုးလည်းတော့ မပြောတတ်ပေမယ့် တမျိုးပဲ...

စတွေ့ကတည်းက မေးတာ...ဘာတဲ့ 'မိန်းကလေးလားဟင်?'ဆိုပြီး...
ပြီးတော့လည်း ဓာတ်လှေကားပျက်တဲ့နေ့က ဘာမှမဆိုင်ပဲ ကောက်ချီသွားသေးတယ်။
တကယ့်အူကြောင်ကြားကြီး...
အဲ့တာကို ခေါ်တော့လည်း မကြိုက်ပြန်ဘူး
ဘောက်ဆတ်ဆတ်...မှုန်ကုတ်ကုတ်နဲ့
လူရှိန်အောက်လားတော့ မသိပေမယ့် အမြဲရုပ်တည်ကြီးနဲ့...

ဒါပေမယ့်လည်း သဘောတော့ကောင်းတယ်ထင်တယ်။
ဟိုတနေ့ကလည်း မြောင်းထဲကနေကြောင်ဆယ်တာ ဝိုင်းကူပြီး အိမ်တောင်ပြန်ပို့ပေးသွားသေးတယ်
တယောက်တည်း မြောင်းထဲမဆင်းသင့်ဘူးဆိုတာ သိပေမယ့်လည်း ကြောင်တကောင်လုံးကို ဒီအတိုင်းတော့ မထားခဲ့နိုင်ဘူးလေ...
အဲ့တာမို့ ဆင်းကယ်ရာက ဟိုလူကြီးနဲ့ ထပ်တွေ့တာ...

အဲ့မှာ အဆင်ပြေသွားတယ်...
မပြေတာက နောက်ပိုင်းကိစ္စ...
သူ့ကားကို ယသော်ထက်စီးတာ နှစ်ခါရှိပါပြီ
စီးတိုင်း စိတ်အနှောက်အယှက်ဖြစ်ရတာက အဲ့လူကြီးက တချိန်လုံးမျက်လုံးကြီးစွေကြည့်တာ...

သူ့ကားတွေက ပြိုင်ကားတွေဆိုတော့ အနောက်ခုံမှာသွားထိုင်လို့လည်းမရ!
(ပြိုင်ကားက နောက်ထိုင်ခုံမပါဘူးလေ)

ဟိုတနေ့က အိမ်ရောက်တော့လည်း လာငေးနေတာဆိုတာ မျက်လုံးကလာပဲကပ်တော့မလားမှတ်ရတယ်။
တော်သေးတာပေါ့...
အဲ့နေ့က အဖေရုံးကနေ ပြန်မရောက်သေးလို့
မဟုတ်ရင် အဲ့လိုကြီးလာကြည့်နေပုံနဲ့ ဘယ်လိုတောင်ရှင်းရမယ် မသိဘူး။

ပြီးတော့လည်း စပ်စုသွားသေးတယ်...
ဘာလို့လေဒီရှူးစီးတာလဲတဲ့
'ခင်ဗျားကကော ဘာလို့ပြိုင်ကားပဲ စီးတာလဲ'လို့ ပြန်မေးလိုက်ချင်သား...
ဒါပေမယ့် သူလေဒီရှူးစီးတာ သဘောကျလို့မဟုတ်၊ကြိုက်လို့မဟုတ်...
ကိုယ့်အကြောင်းနဲ့ကိုယ်သာ...

တွေးရင်းနဲ့ လျှောက်လာတာ ဘက်စ်ကားမှတ်တိုင်ကိုတောင် ရောက်လာပြီ။
ရုံးဖွင့်ရက်ရဲ့ မနက်ဆယ်နာရီအချိန်ဆိုတော့ လူက တယောက်စ၊နှစ်ယောက်စသာ...

ကိုယ့်ဖာသာကိုယ် မှတ်တိုင်ကခုံမှာထိုင်နေရင်း ရယ်သံလိုလိုကြားလို့လှည့်ကြည့်တော့ သူ့ကို ပြုံးစိစိကြည့်ရင်း တိုးတိုးပြောနေကြတဲ့ ကောင်မလေးနှစ်ယောက်...

ဘာအကြောင်းလဲလို့တွေးနေစရာတောင်မလိုဘူး
ဒီလေဒီရှူးကိစ္စပဲနေမှာပေါ့
လူတွေလည်း ထူးဆန်းပါတယ်...
သူများကို ဘာလို့ လိုက်ကြည့်ပြီး ဝေဖန်ချင်နေတာလဲမသိဘူး။

ဒါပေမယ့်လည်း သူ့အနေနဲ့တော့ရိုးနေပါပြီ။
ကျောင်းကတည်းက အစ,ခံလာရတာလေ
ယသော့်မှာ သူငယ်ချင်းမရှိတာလည်း ဒီကိစ္စကြောင့်ပဲလေ။
သူငယ်ချင်းရှိလည်း ပိုအစ,ခံနေရမှာကိုး။
ဘာ...'မိန်းမဖိနပ်စီးတဲ့ အခြောက်ဆိုလား'...

ဖြူဖျော့တဲ့အသားအရည်နဲ့ မိန်းမဆန်တဲ့မျက်နှာရှိပြီး အဖေထက်အမရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာသူမို့ ပျော့တိပျော့ဖတ်နိုင်မှန်း ကိုယ့်ကိုကိုယ်သိပါတယ်
ဒါပေမယ့်လည်း ယသော်ထက်က ယောကျာ်းလေးတယောက်ပါ...
ဒါ သေချာတဲ့ကိစ္စပါပဲ။
ကိုယ့်အကြောင်းကို ကိုယ်သိရင်ရပြီမို့ ဘာမှပြန်ရှင်းပြနေစရာမလိုဘူးလေ။

စီးရမယ့်ဘက်စ်ကားလာရပ်တော့ ယသော် တက်သွားလိုက်တယ်

''အ...''
တက်တက်ချင်း ဘယ်သူက နင်းမိမှန်းမသိ...
ခြေထောက်ကိုငုံ့ကြည့်နေတုန်း တက်နင်းတဲ့ ဖိနပ်ပိုင်ရှင်က

''sorryနော်ညီမလေး...ကိုယ်မမြင်မိလို့။
ဖိနပ်လေးကလှတယ် သိလား...''

ယသော့်မျက်နှာ ဒေါသနဲ့နီရဲသွားရတယ်။
ဘယ်လောက်ပဲလျစ်လျှူရှုရှု...
ဒါ တမင်လုပ်တာမှန်းသိသာတဲ့ကိစ္စ...

ဟူး...တော်တော့ ယသော်ထက်...
ဒီလိုလူမျိုးနဲ့ပြိုင်ပြောမနေနဲ့

ယသော် ဘာမှမပြောတော့ပဲ ဘက်စ်ကားနောက်ခုံမှာ သွားထိုင်လိုက်တော့တယ်။

############

စာမူအပ်ပြီးတော့ မုန့်ဆိုက်တခုမှာဝင်ထိုင်နေတာ
နေ့လည် ၂နာရီတောင်ထိုးသွားတယ်။
ချိန်းထားတာက ၃နာရီ...
ဘက်စ်ကားစီးရမှာနဲ့ မထူးပါဘူး
အခုကြိုသွားမှ...

မုန့်ဆိုင်ကထွက်ပြီး ဘက်စ်ကားနာရီဝက်လောက်စီးပြီးတော့ ရောက်ပါပြီ...ဆိုင်ကို...
သွားရမှာက လေးထပ်။
ဓာတ်လှေကားမစီးရဲလို့ လှေကားကနေတက်လာတာမို့ အခန်းရှေ့လည်းရောက်ကော မောလိုက်တာ...

ဆိုးပါဘူး...ဆယ်မိနစ်လိုသေးတာပဲ
အဲ့လိုမှန်းသိ ဖြည်းဖြည်းလာပါတယ်
နောက်မကျချင်လို့ အမြန်လာရာက အလကား မောသွားရတာ။
ရောက်တော့လည်း မထူးတာနဲ့ကြိုစောင့်နေဖို့ တံခါးဆွဲဖွင့်တော့...

ဟင်!သုံးယောက်လုံးရောက်နေပါလား...

အဲ့တော့လည်း ယသော်ထက်အခန်းထဲဝင်သွားပြီး တွေ့တဲ့ခုံမှာဝင်ထိုင်ပြီး ရေပဲကောက်သောက်လိုက်တယ်။

''ဟိတ်ကောင်...ဘယ်လိုဖြစ်လာတာလဲ။
မင်းပုံစံက ကျားလိုက်လို့ပြေးလာရတဲ့ပုံနဲ့''
လင်းထက်မေးတော့...

''သြ...နောက်ကျမှာစိုးလို့လေဗျာ...
ကိုလင်းတို့က လူတောင်စုံနေပြီ''

''ဟ ငါတို့ကကြိုရောက်နေတာပါကွ...
မင်းကလည်း...ဖြည်းဖြည်းလာတာမဟုတ်ဘူး''
လင်းထက်ပြောရင်းနဲ့ လက်ကအကျင့်အတိုင်း ယသော့်ပခုံးကို ပုတ်လိုက်မိတယ်။

ပုတ်ပြီးတော့မှ သတိဝင်ပြီး လှည့်ကြည့်လိုက်တော့...

ယသော်ထက်စဝင်လာကတည်းက ထိုင်ငေးကြည့်နေတဲ့ဝသုန်မာန်...အခုကြတော့ စိမ်းစိမ်းကြီး မျက်မှောင်ကြုတ်ပြီး လာကြည့်လို့...

ဟင့်နော် သေချင်ပါတယ်...အကျင့်ပါနေလို့ပါဆိုမှ
ဘယ်လိုဖြစ်လို့ လာကြည့်နေလဲမသိဘူး
ကူလည်း ကူညီပေးရသေးတယ်
မယုံသင်္ကာနဲ့။

''အေး...မှာလေကွာ...ဘာစားမလဲ''
လင်းထက် စကားဆက်ရင်း အကြည့်လွှဲလိုက်ရတယ်။

''အင်း။ဒါနဲ့လေ...သူက ဘာဖြစ်နေတာလဲဟင်?
မွေးနေ့ရှင်ဖြစ်ပြီးတော့...''

''အဲ.........''
လင်းထက် ဘာတောင်ပြောရမလဲမသိ...
ဖြစ်နေတဲ့ရုပ်က အလွယ်ခေါ်ရရင် သေခါနီးရုပ်...
ဘာမှမပြောပဲ ထိုင်ကြည့်နေတာ...စကားမေးလည်းမရ...

တော်သေးတာပေါ့...
အစက သူ့ကို ယသော်ထက်နဲ့နှစ်ယောက်တည်း ဖွင့်ပြောဖို့ လွှတ်ပေးမလို့...
သူက ငါ ဘာပြောရမှန်းမသိလို့ လိုက်ခဲ့ကြပါလားဆိုပြီးခေါ်လာလို့သာပေါ့လေ...
(လင်းထက်စိတ်မချတာက အခြားမဟုတ်ပါ...
တယောက်တည်းတောင်မပြောရဲလို့ သူနဲ့ထွန်းကို,ကို ခေါ်လာသေးတာပဲလေ။
မပြောရဲလို့ဆိုပြီး ဒီလိုကြီး ထိုင်နေတာနဲ့ အရူးအထင်ခံရင်္ပြီး ရွာသာကြီးကို ဖုန်းဆက်ခေါ်မှာကိုပါ)

''မှာ...မှာပဲမှာလိုက်ပါကွာ''
ထွန်းကို ပြောပြီးတော့ waiterခေါ်တဲ့ ဘဲလ်ကိုကောက်နှိပ်လိုက်တယ်။

waiterဝင်လာပြီးတော့ ယသော်ထက်မှာတဲ့အချိန်မှာတော့ ဒင်းမျက်နှာက ပြန်ပျော့လာလို့တော်သေး

သြ...ကြည့်...
အခုစားတော့လည်း စားစရာရှိတာမစားဘူး
ယသော်ထက်ကိုပဲ ထိုင်ကြည့်နေပြန်ပြီ။

ဟိုက သတိမထားမိတာလား...မသိချင်ယောင် ဆောင်နေတာပဲလား?

''သြ...ခင်ဗျားက ကြိုမပြောတော့ လက်ဆောင်တောင်မဝယ်လာရဘူး''
ယသော်စားနေရင်းနဲ့ ပလုတ်ပလောင်းပြောတယ်

သူ့ကြည့်နေတာကို လက်ဆောင်မပေးလို့ ကြည့်နေတယ်များထင်တာလား?

''ဒီနေ့လည်း ဘယ်မှသိပ်မရောက်ဖြစ်လို့...''

''ငါ မင်းကိုချစ်တယ်''
ဝသုန့်ရဲ့ပထမဆုံးစကား...

''ဖူးးးး...''
လင်းထက်သောက်နေတဲ့ရေတွေ ထွန်းကို,ကို အကုန်စိုကုန်တယ်။

ထွန်းကို ရေမသုတ်အားသေး...
ဝသုန်မာန်ကို တအံ့တသြ ကြည့်နေမိတယ်။

မပြောရဲဘူးတဲ့...
ဘာပြောရမယ်မှန်းမသိဘူးတဲ့...
ပြီးတော့ တချိန်လုံးထိုင်ကြည့်ပြီး ငြိမ်နေရာကနေ...
ပြောတော့လည်း ချက်ချင်းကြီး!!!

''မဖြစ်သင့်မှန်းသိပေမယ့်...ဟုတ်တယ်။
ငါ မင်းကိုချစ်တယ်''

''ချွင်...''
ဒုတိယတစ်ခါထပ်ပြောလိုက်တဲ့ ဝသုန့်စကားအဆုံးမှာ ယသော်ထက် လက်ထဲက ခက်ရင်းလေး...
စားပွဲအောက်ပြုတ်ကျသွားရတယ်

~~~~~~~~~~~~~
by Y.S

Continue Reading

You'll Also Like

50.3K 4.9K 14
ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိုယုတၲိမတန္တာကကြၽန္ေတာ့္ဆီမွာ တကယ္ျဖစ္လာေ...
2.2M 148K 104
Doctor Handsome & Medical Student
545K 44.6K 43
အချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး
401K 22.6K 42
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...