အချစ်ဦးသည်သာ

By cuttiehsumindooly

102K 9.8K 3.6K

ပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွ... More

Intro - အချစ်​ဦး❣️
အခန်း (၁) - အတိတ်​ပုံပြင်​(နိဒါန်း)
အခန်း (၂) - အတိတ်ပုံပြင် (၁)
အခန်း(၃) - အတိတ်​ပုံပြင်​ (၂ )
အခန်း(၄) - အတိတ်​ပုံပြင်​(၃)
အခန်း(၅) - အတိတ်​ပုံပြင်​(၄)
အခန်း(၆) - အတိတ်​ပုံပြင်​(၅)
အခန်း (၇) - အတိတ်​ပုံပြင်​(၆)
အခန်း(၈) - အတိတ်​ပုံပြင်​(၇)
အခန်း(၉) - အတိတ်​ပုံပြင်​(၈)
အခန်း(၁၀) - အတိတ်​ပုံပြင်​(၉)
အခန်း (၁၁) - အတိတ်​ပုံပြင်​(၁၀)
အခန်း(၁၂) - အတိတ်ပုံပြင် (၁၁)
အခန်း(၁၃) - အတိတ်ပုံပြင် (၁၂)
အခန်း(၁၄) - အတိတ်ပုံပြင် (၁၃) {Birthday Special}
အခန်း(၁၅) - အတိတ်ပုံပြင်(နိဂုံး)
အခန်း(၁၆) - တမ်းတခြင်းနေ့ရက်များ(၁)
အခန်း(၁၇) - သတိရခြင်းနေ့ရက်များ(၂)
အခန်း(၁၈) - မြတ်နိုးခြင်းနေ့ရက်များ(၃)
အခန်း(၁၉) - ကြေကွဲခြင်းနေ့ရက်များ(၄)
အခန်း(၂၀) - ရင်ခုန်ခြင်းနေ့ရက်များ(၅)
အခန်း (၂၁) -မျှော်လင့်ခြင်းနေ့ရက်များ(၆)
အခန်း(၂၂) - ပျော်ရွှင်ခြင်းနေ့ရက်များ(၇)
အခန်း (၂၃) -ကြည်နူးခြင်းနေ့ရက်များ (၈)
အခန်း (၂၄) - စွဲလမ်းခြင်းနေ့ရက်များ (၉)
အခန်း(၂၅) - ချိုမြိန်ခြင်းနေ့ရက်များ (၁၀)
အခန်း (၂၇) - ချစ်မေတ္တာဟူသည် (၂)
အခန်း (၂၈) - ချစ်မေတ္တာဟူသည် (၃) (💝Valentine Day Special💝)
အခန်း (၂၉) - ချစ်မေတ္တာဟူသည် (၄)
အခန်း(၃၀) - ချစ်မေတ္တာဟူသည် (၅)
အချစ်​ဦးသို့
အခန်း (၃၁) - ချစ်မေတ္တာဟူသည် (၆)
အခန်း(၃၂) - ချစ်မေတ္တာဟူသည် (၇)
Note (20.2.2021)
အခန်း(၃၃) - ချစ်မေတ္တာဟူသည် (၈)
အခန်း(၃၄) - ချစ်မေတ္တာဟူသည် (၉)

အခန်း(၂၆) - ချစ်မေတ္တာဟူသည် (၁)

2.3K 253 194
By cuttiehsumindooly

Unicode ‼️

🌹ချစ်ရတဲ့သူ အနားမှာရှိတဲ့ ဤကမ္ဘာ
ပျော်စရာအတိနဲ့သာ
ဖုံးလွှမ်းနေတာ။

🌹တူနှစ်ကိုယ် အပြုံးချင်းဖလှယ်ကာ
ကြည်နူးခြင်းအပြည့်နဲ့
ပန်းတိုင်အဆုံးထိ
ဆက်လျှောက်ချင်တာ။

🌹ထို့နည်းတူစွာ နောင်သံသရာအထိပါ
မင်းရဲ့ လက်ကလေးကို
မဖြုတ်စတမ်း ကိုယ်..ဆွဲကိုင်ထားမှာပါ။

•••••  အချစ်ဦးသည်သာ ••••••


ချစ်တဲ့သူဦးဆောင်၍ ခေါ်ဆောင်သွားရာ နောက်ကို မမောမပန်းစတမ်း လိုက်ခဲ့ပြီး ရည်ရွယ်ရာနေရာသို့ ရောက်ချိန်မှာတော့ မထင်မှတ်စွာပင် များပြားလှသည့် လူအုပ်ကြီးနှင့် ခမ်းနားစွာ ပြင်ဆင်ထားသည့် စင်မြင့်ကြီးကို တအံ့တသြ တွေ့မြင်ခဲ့ရတော့သည်။

ခရီးသွားရာသီမို့ထင်။ ကမ်းခြေသို့ အပန်းဖြေခရီးထွက်လာကြသူများမှာ မနည်းမနော။ ပတ်ဝန်းကျင်တစ်ခုလုံးက တကယ့်ကို အုံးအုံးကြွက်ကြွက် ဆူဆူညံညံ။

ထို့အတူ မကြာခင် ပြုလုပ်သွားမည့် ပြိုင်ပွဲ အစီအစဉ်တွေကို ပြောပြနေသည့် စင်မြင့်ထက်ရှိ MC ရဲ့ အသံကလဲ ကျယ်လောင်ပေမဲ့ နားထဲဝင်တချက် မဝင်တချက်။

အကြောင်းမှာ ချစ်ရသူရဲ့ နွေးထွေးနူးညံ့တဲ့ ဖယောင်းပမာ လက်ဖဝါးနုနုကလေးက အခုချိန်ထိ ကျွန်မလက်ကို လက်တွဲမဖြုတ်စတမ်း ဆုပ်ကိုင်ပေးထားပြီး နေရာကောင်းမြင်ကွင်း ကောင်းရှာရန် လူအုပ်ထဲသို့ တိုးဝှေ့ကာ ခေါ်ဆောင်သွားနေသောကြောင့်။

အတိုင်းအဆမဲ့ တဒုတ်ဒုတ် ခုန်လှုပ်နေတဲ့ ရင်ခုန်မှုတွေကလဲ ဆက်လက်အရှိန်မြှင့်တင်ဆဲ။ ရပ်တန့်သွားရန် အကြောင်းမရှိ။

လူအုပ်ကြားထဲ တိုးဝှေ့ရင်းဖြင့် နောက်ဆုံးတွင်တော့ ရှေ့ဆုံးထိသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိကာ နေရာကောင်းကောင်း ရခဲ့တော့သည်။ ထိုအခါကျမှသာ MC ပြောနေသည့် အကြောင်းအရာများကို သေချာအာရုံစိုက်နိုင်ခဲ့သည်။

"စုံတွဲ ၁၀ တွဲသာ လက်ခံပြီး ပြိုင်ပွဲကျင်းပပေးမှာမို့ ပြိုင်ပွဲဝင်ချင်တဲ့  Couple တွေ စင်ပေါ်မြန်မြန်လေး တက်လာကြမယ်နော်...

ဟောဗျာ....လာပါ...ရှက်မနေကြပါနဲ့လား...

ပြီးမှ လူပြည့်သွားလို့ မပြိုင်ရဖြစ်ပြီး နောင်တရနေမယ်နော့....ဆုတွေကလဲ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးမှာပါခင်ဗျ...နိုင်နိုင် မနိုင်နိုင် ပြိုင်ပွဲဝင်ယုံနဲ့ကို Couple အကျီရပြီမှတ်...

ဟော... ပထမဆု ရရင်တော့လား ကြိုက်နှစ်သက်ရာ နေရာဒေသတစ်ခုကို စုံတွဲအတူခရီးသွားခွင့်ရမှာပါ... ကျွန်တော်တို့ Company က Sponsor ပေးမှာပါခင်ဗျ....

နာမည်ကြီးနေရာဒေသကို စုံတွဲအတူတူ ခရီးထွက်ခွင့်ရမှာဆိုတော့... ဘယ်သွားချင်လဲသာပြော... ဖူးခက်ကမ်းခြေသွားမလား....
ဥရောပဘက်သွားမလား....
ဟာဝိုင်အီသွားမလား ကြိုက်ရာရွေးလို့ရတယ်လေ...

ကျွန်တော်တို့ "Star" ခရီးသွားAgency ကနေ ဒီGwangalli Beach မှာ နှစ်စဉ် ဒီလို Couple ပြိုင်ပွဲလေးတွေ လာလုပ်လေ့ရှိတာကိုသာ လူကြီးမင်းတို့က အမှတ်ရပေးပါလို့ မေတ္တာရပ်ခံပါရစေ....

ဟော.... ပြောရင်းဆိုရင်း ပြိုင်ပွဲဝင်မဲ့ Couple တွေ စင်ပေါ်ကို အလျိုလျို တက်လာကြပြီခဗျာ့....

ဟုတ်ကဲ့... အခုဆိုရင် စုံတွဲ ၅ တွဲရှိပါပြီ ... အဲ ... ၆ တွဲဖြစ်သွားပါပြီ .... ဟုတ်ကဲ့ခဗျ .... ၉ တွဲအထိ စင်မြင့်ပေါ် နေရာယူပြီးကြပါပီ.... တစ်တွဲပဲ ကျန်ပါတော့တယ် .... "

တောက်လျှောက် မနားစတမ်း အာပေါင်အာရင်းသန်သန်နဲ့ ပြောသွားတဲ့ MC ရဲ့နောက်ဆုံး စကားတစ်ခွန်း အပြီးမှာတော့ သူနဲ့ကျွန်မ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်တူကြည့်မိကြသလို ခုထိ မလွှတ်ရသေးတဲ့ သူ့ရဲ့ လက်ကလေးကလဲ ကျွန်မလက်ကို ခပ်တင်းတင်းလေး လာဆုပ်ကိုင်လေတယ်။

ထိုအခိုက်မှာ

"ဟော ဟိုရှေ့က လက်ချင်းတွဲထားတဲ့ စုံတွဲလေး။ Mask အုပ်ထားတဲ့ ညီလေး နဲ့ ဘေးက အရမ်းချောတဲ့ ညီမလေးတို့စုံတွဲ လာပြိုင်လှည့်ပါလားလို့... တစ်တွဲပဲကျန်တော့တာခင်ဗျ... လူစုံရင် ပြိုင်ပွဲလေး စရအောင်လို့ပါ "

တကယ်ကို MC ခေါ်ထိုက်ပြီး အပြောကောင်းသလို မျက်လုံးပါလျင်တဲ့ MC ကြီး သူလက်ညိုးညွှန်ပြီး ပြောနေတာ ကျွန်မတို့ နှစ်ယောက်ကို။

လူတွေကလဲ သူပြောမှ သတိထားမိပြီး ကျွန်မတို့နှစ်ယောက်ကို ဝိုင်းကြည့်ကုန်ကြပြီ ။

"အား ... ရှက်လိုက်တာနော် ..."

Jimin ကတော့ ကျွန်မကို လှည့်ကြည့်ရင်း ရယ်နေသလိုပဲ သူ့ပုံစံလေးက။ Mask အုပ်ထားပေမဲ့ မျက်လုံးလေးတွေက တချက်တချက် မှေးမှေးသွားတာကိုတော့ မြင်ရတယ်လေ။

"ဟုတ်ကဲ့ ကျွန်တော်တို့ နှစ်ယောက် ပြိုင်မှာပါ"

ဘုရားရေ ....ဒါ .... သူ့အသံ ...။

လက်လေးမြှောက်ပြရင်း လှမ်းပြောနေတာ သူကပြိုင်မယ်တဲ့လား!! ဘယ်လိုလုပ်ရပါ့ ။

"ဆုယောင်း , ကိုယ်တို့ နှစ်ယောက် ဟိုတုန်းကလိုမျိုး ပြိုင်ကြည့်ရအောင်နော် "

မပြိုင်ရဲဘူးဆိုပြီး ငြင်းမယ်လို့ အားခဲထားပေမဲ့ ကျွန်မကို နူးညံစွာကြည့်ပြီး နားနားကပ်ကာပြောရင်း တောင်းဆိုသယောင်ပြုလာတဲ့ သူ့စကားသံချိုချိုလေး အောက်မှာတော့ အယောင်ယောင်အမှားမှားနဲ့ ခေါင်းက ငြိမ့်မိလျက်သား။

ဘယ်လိုတောင် တဖက်သားကို စကားနာခံချင်လာအောင် ပြောတတ်ရတာလဲ၊ လူကို ပုတ်သင်ညိုလို ခေါင်းပဲငြိမ့်ပြတာ တစ်ခုတည်းသိတော့အောင် ဘာလို့ ညို့အားတွေ ပြင်းနေရတာလဲ ချစ်တဲ့သူရယ်။

တကယ်ဆို လူသူကင်းမဲ့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို သွားပြီး ချစ်ရသူမျက်နှာလေးကို တ၀ကြီးငေးကာ သူ့ကို ဘယ်လောက်သတိရတဲ့အကြောင်းတွေ၊ ဖုန်းထဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ သူ့ပုံရိပ်လေးထက် အပြင်ကသူ့သွင်ပြင်ဟာ ဘယ်လောက်တောင် ပိုခန့်ညားချောမောပြီး ချစ်စရာကောင်းတယ်ဆိုတဲ့အကြောင်းတွေ ၊ စသည်စသည်ဖြင့် တထောင့်တညပုံပြင်လို ပြောမကုန်မဲ့ အရာတွေကို စီကာပတ်ကုံးပြီး ပြောပြချင်တာပေါ့ ။

ဒါပေမဲ့ ခုလောလောဆယ်တော့ ချစ်ရသူလေး အဖြစ်ချင်ဆုံးဆန္ဒက အတိတ်ကအမှတ်တရများထဲကလို Couple Game လေး ဝင်ပြိုင်ချင်တယ်ဆိုတော့လဲ ကျွန်မဘက်ကနေပြီး ချစ်ရသူဆန္ဒဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားယုံသာ။

နောက်ဆုံးတွင်တော့လည်း
Game ကစားကျွမ်းကျင်သည့် သူ့ကိုသာ ဟိုတုန်းကလို ယုံကြည်အားကိုးကာ သူ့လက်လေးကို ခပ်တင်းတင်းဆွဲကိုင်ထားရင်း စင်မြင်ပေါ်သို့ တက်ခဲ့သည်။

"ဒီက ညီလေး Mask လေး ချွတ်ထားပေးလို့ရမလား"

စင်ပေါ်ရောက်သည်နှင့် စီးကာမေးသည့် MC စကား။

"ဟို ....."

သူက ဂုတ်ကိုသာ လက်နဲ့အသာပွတ်ရင်း ဖြေရှင်းရန်အတွက် စဉ်းစားခန်းဝင်နေသော်ငြား။ အချိန်ကြာသည်အထိ ဘာအဖြေမှ ထွက်မလာ။

ထို့ကြောင့် ကျွန်မပဲ သွက်သွက်လက်လက်နှင့် ချက်ကျလက်ကျ ဝင်ပြောလိုက်မိတာက

"အချစ်ကလေ နှုတ်ခမ်းနားမှာ အနာဖြစ်နေလို့ အာ့ပိုးတွေဘာတွေဝင်မှာစိုးတာကြောင့် mask အုပ်ထားရတာပါ ချွတ်လို့မရဘူး"

ဂျီမင်း ရဲ့ အံ့သြမှုအရိပ်အရောင်အပြည့်ပါတဲ့ အကြည့်တွေက ကျွန်မဆီ ချက်ချင်း။

ထိုအခါမှ ကျွန်မစကားကို ကျွန်မ ပြန်သတိထားမိတာ။

ကျွန်မ ပါးစပ်ကနေ အဲ့လို မုသားလှလှပါတဲ့ စကားထွက်သွားလိမ့်မယ်လို့ တွေးတောင်တွေးမကြည့်ခဲ့ဖူးဘူး။ ဦးနှောက်က အလိုအလျောက် လုပ်ဆောင်သွားတာမျိုး။

ပြီးတော့ ဘာတဲ့ "အချစ်" !!

အား.....သူဘယ်လို ထင်သွားမလဲ မသိဘူး ရှက်လိုက်တာ။

ရှက်ရှက်နဲ့ သူ့ကိုလဲ မကြည့်ရဲတော့ဘဲ ခေါင်းကိုသာ သွင်သွင်ငုံ့ထားမိနေတုန်းမှာ

"ဟုတ်တယ် ကျွန်တော့်ကောင်မလေး ပြောသလိုပဲ နှုတ်ခမ်းမှာ အနာရှိနေလို့ပါ"

ရယ်သံလေးစွက်ရင်း သူပြောလိုက်တဲ့စကားက
"ကျွန်တော့် ကောင်မလေး" တဲ့လား။

သူတော့ မသိဘူး ၊ ဒီကတော့ အဲ့စကားလေးသာ နားထဲအထပ်ထပ်ကြားယောင်နေရင်း ရင်ဘတ်ကြီးထဲ လိပ်ပြာအကောင်တစ်ရာလောက် ရုတ်တရက် ထပျံသွားသလိုမျိုး လှုပ်ခတ်နေခဲ့တော့သည်။

ချစ်ရသူနှုတ်က သီကျူးလိုက်တဲ့
စကားလေးတစ်ခွန်း
နိဗ္ဗာန်ဘုံအထိ ခေါ်ဆောင်သွားနိုင်တယ်။

Mask တပ်ထားသည်ကို ခွင့်ပြုပြီးနောက် ပြိုင်ပွဲဝင်၁၀ဖွဲ့ စုံညီသွားပြီဖြစ်၍ ပြိုင်ပွဲစတင်ရန်အတွက် MC က အစီအစဉ်အသေးစိတ်ကို ပြန်ရှင်းပြလေသည်။

"အခု ပထမဆုံးယှဉ်ပြိုင်ရမဲ့ Game ကတော့ ပြိုင်ပွဲဝင်ကောင်လေးက ကောင်မလေးကို ပွေ့ချီထားပြီး ပြုတ်မကျစေဘဲ ထိုင်ထ အကြိမ်ကြိမ်အခါခါ လုပ်ရမှာပါ "

ထိုအခိုက် တီးတိုး တီးတိုးပြောတဲ့ ပွစိပွစိ အသံလေးတွေက ထွက်လာကြသည်။

MC က ထိုဆူညံသံတွေကို လွှမ်းအောင် အသံမြှင့်ပြီး

"အဖွဲ့ ၁၀ဖွဲ့ထဲကမှ ထိုင်ထ အချိန်ကြာကြာလုပ်နိုင်ပြီး နောက်ဆုံးကျန်ရစ်ခဲ့မဲ့ အဖွဲ့ ၃ ဖွဲ့ကသာ နောက်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရမှာပါ ခင်ဗျာ "

ပွစိပွစိအသံတွေက ပိုကာညံလာသည်။ အကြောင်းမှာ ခပ်ဝတ အမျိုးသမီးများ ပါလေတော့ သူ့တို့ကို ပွေ့ချီရမည့် သူတွေမှာ မပြိုင်ခင်ကပင် အရှုံးပေးချင်နေသည်အလား တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောဆို ငြင်းခုံရင်း သူတို့ထံမှ ကြွက်စိကြွက်စိ အသံများ ထွက်လာခြင်းပင်။

ထို့ကြောင့် ကျွန်မလဲ စိတ်ပူအားနာစွာဖြင့်
ဂျီမင်း ကို ကြည့်လိုက်တော့
ယုံကြည်ချက်အပြည့်ဖြင့် ပေါ့ပေါ့ပါးပါးအသွင်။

ထို့အပြင် သူက ကျွန်မဘက်လှည့်ကြည့်ပြီး မျက်လုံးတဖက် မှိတ်ကာ wink ပါ ချစ်စဖွယ်ကောင်းစွာ လုပ်ပြလိုက်သေးတော့ သူ့ကိုကြည့်ရင်း စိတ်က အလိုလိုပေါ့ပါးလာမိသည်။

သူက အမြဲ Gym ဆော့နေကျမို့ ခန္ဓာကိုယ်က အချိုအစားကျကာ သန်မာကျစ်လစ်ပြီး အားကိုးချင်စရာ ကောင်းလှသည်မဟုတ်လား။

ထို့ကြောင့် သူ့ကိုသာငေးကာ ပြုံးနေမိရင်း
ပထမဆုံး စတင်ယှဉ်ပြိုင်ရမဲ့ ပြိုင်ပွဲကလဲ
အခုလို တကယ့် Couple Style မျိုး ဖြစ်နေသည်ဆိုတော့ ပိုမိုရင်ခုန်ရင်း သူနှင့်ဆော့ကစားခဲ့သည့် အတိတ်ကနေ့ရက်လေးကိုပါ ပြေးမြင်မိရင်း အတွေးအစုံ ကွန့်မြူးကာ ရင်တုန် စိတ်လှုပ်ရှားမှုတွေကတော့ တရိပ်ရိပ် တိုးလို့သာ နေပါတော့သည်။

ချစ်ရသူရဲ့ ရင်အုပ်ကျယ်ကျယ်နားမှာ ခိုဝင်နားရင်း ကျွန်မရဲ့ ရင်ခုန်သံတွေဆိုတာ အတိုင်းအဆမဲ့ ။ ထို့အတူ သူ့ရဲ့ ရင်ခုန်သံကိုပါ ကျွန်မနားထဲဝယ် အတိုင်းသားကြားနေသည့်အလား။ နှစ်ကိုယ်ကြားမှာ နီးကပ်လွန်းလှသည်မဟုတ်လား ။

ကိုယ်အရမ်းမြတ်နိုးခဲ့ရတဲ့ အချစ်ဦးတဖြစ်လဲ Idol တစ်ယောက်က ကိုယ့်ကို အခုလိုမျိုးပွေ့ဖက်ချီယူထားတယ်ဆိုတာ အိမ်မက်တစ်ခုကဲ့သို့ပင်။

အခုလို ချစ်ရသူနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တယ်ဆိုတာကလဲ
မယုံကြည်နိုင်စရာ။

ဒူးခေါက်ကွေးကနေ ပွေ့ချီထားတဲ့ လက်တစ်စုံရယ် ခါးနားမှာ သိုင်းဖက်ကာထားတဲ့ သူ့ရဲ့အထိအတွေ့ကြား ဒီလူ့ရဲ့ ရင်ခုန်သံက အယောင်ယောင်အမှားမှား။

အဲ့အချိန် ရယ်သံလေးညှင်းညှင်းနဲ့ တိုးတိုးလေး သူပြောလာတာက

"ဆုယောင်း က အရင်ကလောက် မပေါ့တော့ဘူးပဲ ... ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ အရင်ကလိုပါပဲ"

သူ့စကားလေးကြားပြီး ကျွန်မ ရှက်ပြုံးလေး ပြုံးပြမိလိုက်မည်မှာ အသေအချာ။

တကယ်ဆို ဟိုတုန်းကလို သူရယ်ကျွန်မရယ်က ငယ်ရွယ်နုနယ်သေးတဲ့ ကျောင်းသူကျောင်းသားအရွယ်တွေ မဟုတ်တော့ဘူးဆိုတာ သူမေ့နေသလားလေ ။

ကျွန်မတို့နှစ်ယောက် ဝေးကွာသွားခဲ့တာပဲ ၅ နှစ်ကျော်ခဲ့ပြီ မဟုတ်လား။ ဒါကြောင့် အရင်လိုတော့ ဘယ်ဟုတ်ပါတော့မလဲ ချစ်ရသူရယ်။

ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အရင်ကလိုပါပဲ ဆိုတဲ့စကားလေးကတော့ ကျွန်မ စိတ်နှလုံးကို တကယ် အေးချမ်းအောင် နှစ်သိမ့်ပေးသလို ခံစားရပါတယ်။

သို့သော်လည်း သူက အခုဆို ပျိုမဒီတိုင်း နှစ်သက်စွဲလမ်းရတဲ့ Idol တစ်ယောက်လေ။

ထို့အတွက်ကြောင့် စိတ်ထဲဝယ်
အရင်လို မလွတ်လပ်ပဲ စိတ်တင်းကျပ်ကာ အတန်ငယ်တော့ သူ့ကိုရှိန်နေခဲ့မိသည်မှာအမှန်။

ဒါပေမဲ့ ရင်ခုန်သံတွေကတော့ ဟိုတုန်းကအတိုင်း လတ်ဆတ်နေစဲဖြစ်သလို

အခုလိုမျိုး သူ့ရဲ့ပြုမူပြောဆိုပုံတွေကလဲ သူစိမ်းမဆန်ပဲ အို့တို့အမ်းတန်း မဖြစ်စေဘဲ အရင်တုန်းကကဲ့သို့ပင် နွေးထွေးနေလေတော့

ယခုကဲ့သို့ နှလုံးသားချင်း ရင်းနှီးမှုပြန်လည် ရယူနိုင်ခဲ့တဲ့အဆုံးမှာ ကျွန်မရဲ့ အပြုံးတို့လဲ ပိုမိုအသက်ဝင်နိုင်ခဲ့ပြီ ထင်ပါတယ်။

••••••••••••

"Ready!! 1.... 2 ...3 ရွှီး"

MC က ပြိုင်ပွဲစတင်ရန် ဝစီမှုတ်လိုက်သည်နှင့် တပြိုင်နက် ပြိုင်ပွဲဝင် ၁၀ ဖွဲ့ စလုံး သတ်မှတ်ထားသည့်နေရာတွင် ပွေ့ချီထားလျက်အသင့်အနေအထားမှ စတင်ကာ ယှဉ်ပြိုင်ရလေတော့သည်။

ဒီလိုနဲ့ ကျွန်မကို ပွေ့ချီထားရင်း ထိုင်ထလုပ်နေလေသောသူ။

ပွေ့ချီလျက်ဖြင့် ထိုင်ထလုပ်တဲ့ အချိန်ဆို ပိုပို နီးကပ်ကာသွားသည့် မျက်နှာလေး။ ကြည်လင်တောက်ပတဲ့ မျက်ဝန်းလဲ့လဲ့လေး။

Mask အုပ်ပေးထား၍သာ တော်တော့သည်။ မဟုတ်ရင် ကျွန်မတော့ သူ့မျက်နှာလေးကို အနီးကပ်ငေးကြည့်ရင်း အသက်တောင်ကောင်းကောင်းရှူနိုင်မည်မထင်။

ပိုမိုနီးကပ်သွားချိန်တိုင်းမှာ နှာခေါင်းထဲတိုးဝင်လာတာက သင်းသင်းလေးနဲ့ မွှေးတဲ့ သူ့ရဲ့ ကိုယ်သင်းနံ့လေး။

ထိုအာရုံ အတွေ့အထိ နဲ့ အနံ့တွေကြားမျောပါသွားလိုက်တာ Game ပြိုင်ပွဲကစားနေတယ်ဆိုတာကိုပါ မေ့လျော့သွားသည်အထိ။

သတိပြန်ဝင်လာချိန်မှာတော့ တခဲနက်အားပေးနေကြသည့် ပရိတ်သတ်အသံကို ဦးစွာကြားလိုက်မိသည်။

အကြောင်းက ထိုင်ထလုပ်ရင်း ယှဉ်ပြိုင်နေကြသည့် စုံတွဲတွေထဲမှ ဆက်မပြိုင်နိုင်တော့ဘဲ အလံဖြူပြကာ အရှုံးပေးသွားသူများကြောင့် အခုဆို အားမာန်အပြည့်နဲ့ ကျန်ရှိနေသူများမှာ ကျွန်မတို့စုံတွဲအပါအဝင် ၄ ဖွဲ့သာ ကျန်ရှိတော့သောကြောင့်။

ထို့ကြောင့် ခုနေချိန် တစ်ဖွဲ့သာ ထပ်မံအရှုံးပေးသွားပါက သုံးဖွဲ့သာ ကျန်ရစ်ခဲ့တော့မည်ဖြစ်ပြီး ထို သုံးဖွဲ့သာ နောက်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ခွင့်ရမည်မို့ ပရိတ်သတ်ရဲ့ အားပေးသံမှာ ပိုမိုကျယ်လောင်လာခြင်းပင်။

သူ့ကို သေချာကြည့်လိုက်တော့လဲ မောပန်းခြင်း အလျဉ်းမရှိ။ သူပွေ့ချီထားသည့် ကျွန်မကို ပလတ်စတစ် အရုပ်တစ်ရုပ်ဟုသာ ထင်မှတ်နေလေသလား တကယ့်ကို ပေါ့ပေါ့ပါးပါးပင် ကစားနေတော့ သူ့အတွက် ထိုသို့သော လေ့ကျင့်ခန်းတွေက မည်မျှတောင် ပြုလုပ်နေကျမို့ ဒီလောက်တောင် အေးအေးဆေးဆေး ဖြစ်နေသလဲဟု အတွေးဝင်မိတော့ Idol တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ချစ်ရသူ အရမ်းပင်ပန်းခဲ့မှာပဲ ဟူသည့်စိတ်ကြောင့် ပိုကာသနား ကြင်နာပြီး ချစ်မြတ်နိုးသည့်စိတ်တွေက တဖွားဖွား။

"ဟုတ်ကဲ့ အခုဆိုရင်တော့ မိနစ် ၂၀ ကျော်လာပါပြီ ဒီအချိန်မှာ ၄ ဖွဲ့ကျန်ရှိနေပြီး ကျားကုတ်ကျားခဲနဲ့ ပြိုင်နေကြစဲ ဖြစ်ပေမဲ့ တချို့အဖွဲ့တွေကတော့ အားလျော့စပြုနေပါပြီ၊
ဒါပေမဲ့ နောက်ဆုံးပိတ်ပြိုင်ပွဲဝင်ဖြစ်တဲ့ နံပါတ်၁၀ စုံတွဲကို ချီးကျူးချင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ကောင်လေးက ခုထိ မောပန်းဟန်မရှိဘဲ ပွေ့ချီထားကာ ထိုင်ထလုပ်နိုင်စဲပါပဲ ။ ကြည့်ရတာ ဒီစုံတွဲက ပွေ့ချီနေကျဖြစ်မယ်နဲ့ တူတယ် ခင်ဗျ "

MC ရဲ့ အရွှန်းဖောက်ကာ ကြေငြာမှုအဆုံးမှာ ပရိတ်သတ်ရဲ့ ရယ်သံက ဝေေ၀ဆာဆာ။

ကျွန်မမှာတော့ ခပ်ရှက်ရှက်နဲ့ သူ့ရင်ခွင်ထဲ မျက်နှာအပ်ကာပဲ ခိုပုန်းရတော့မလိုလို ။

ဒါပေမဲ့

ပွေ့ချီနေကျဖြစ်ဖို့ နေနေသာသာ ဝေးကွာနေတဲ့သူ နှစ်ဦး အခုမှ ပြန်တွေ့ဆုံခွင့်ရခဲ့တာပါ ဆိုတဲ့အကြောင်းကို သူတို့တွေ သိများသိနိုင်ခဲ့ရင် ခုလို ရယ်ပေးနိုင်ကြပါဦးမလားလေ။

"ဟော .....ဟော ကျွန်တော်ကြေငြာနေစဲမှာပဲ နံပါတ် ၅ အဖွဲ့က စုံတွဲက ဘယ်လိုမှ ပြန်မထနိုင်တော့ဘဲ အရှုံးပေးလိုက်ပါပြီ ခင်ဗျာ"

"ဟုတ်ကဲ့ အခုဆိုရင်တော့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရတဲ့ အဖွဲ့ ၃ ဖွဲ့ကတော့ နံပါတ် ၂ ၊ နံပါတ် ၈ နဲ့ နံပါတ် ၁၀ တို့ပဲ ဖြစ်ပါတယ်"

ထိုကဲ့သို့ ဆက်လက်ယှဉ်ပြိုင်ရမဲ့ အဖွဲ့တွေထဲမှာ ကျွန်မတို့ ပါဝင်နိုင်ခဲ့တော့ အားပေးကြတဲ့ လက်ခုပ်ထောပနာသံတွေကြား ဝမ်းသာအားရပြုံးပြီး သူ့လည်ပင်းကို သိုင်းဖက်ထားလျက်သားနဲ့ သူနဲ့ကျွန်မ အကြည့်ချင်းဆုံနေမိခဲ့တာ

MC က "အဟမ်း အဟမ်း ပြိုင်ပွဲပြီးပြီမို့ ကောင်မလေးကို မချီပဲ ချထားလို့ရပါပြီလို့ " ဆိုကာ တမင်စနောက်လေမှပဲ နှစ်ယောက်သား သတိပြန်ဝင်လာကြသည်အထိ။

ပျော်ရွှင်ခြင်း ဟူသည်မှာလဲ
သူပါဝင်နေမှသာ
ပိုသက်ဝင်မှုရှိတယ်ဆိုတာယုံ ။


"ပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ဆော့ကစားရမည် ဖြစ်သလို တစ်ပွဲကို ၁၀ မှတ် နဲ့ ၃ ပွဲပေါင်း အမှတ် ၃၀ ပေးပြီး အဲ့အထဲကမှ အမှတ်အများဆုံးအဖွဲ့ တစ်ဖွဲ့တည်းကိုသာ ပထမဆု ချီးမြှင့်ပေးမှာ ဖြစ်ပါတယ် "

အစီအစဉ်ကို MC မှ သေချာပြန်ပြောပြနေသည့် အချိန်အထိ ကစားပွဲနှင့်ပက်သက်ပြီး ချစ်ရသူလေး ဂျီမင်း ကို ယုံကြည်လွန်းမိသောကြောင့်ထင် စိတ်ထဲဝယ် တကယ့်ကို ပေါ့ပေါ့ပါးပါးသာ။

သို့သော်

ယှဉ်ပြိုင်ကစားရမည့် ကစားနည်းကို သိခဲ့ရချိန်မှာတော့ !!

မျက်လုံးပြူးမျက်ဆံပြူးနဲ့ အလန့်ထညက်ဖြစ်ကာ ကျွန်မတို့နှစ်ဦးအကြား ဘာလုပ်လို့ လုပ်ရမှန်းမသိတော့အောင် အံ့သြမှုနဲ့ မထင်မှတ်ထားခြင်းတွေသာ ကြီးစိုးခဲ့တော့သည်။

မရည်ရွယ်တာတွေလဲ ဖြစ်တတ်တယ်
မမျှော်မှန်းတာတွေလဲ ဖြစ်လာတယ်
သို့ပေမဲ့ ချစ်ရသူ ...
မင်းနဲ့ပက်သက်သမျှ
နှလုံးသားထဲအထိ
အမှတ်တရအဖြစ် ရှိနေမှာတော့ တကယ်။


အချစ်ဦးသည်သာ
Written By
Cuttiehsumindooly🌸

❣️❣️❣️

Zawgyi ‼️

🌹ခ်စ္ရတဲ့သူ အနားမွာရိွတဲ့ ဤကမ႓ာ
ေပ်ာ္စရာအတိနဲ႔သာ
ဖံုးလႊမ္းေနတာ။

🌹တူႏွစ္ကိုယ္ အၿပံဳးခ်င္းဖလွယ္ကာ
ၾကည္ႏူးျခင္းအျပၫ့္နဲ႔
ပန္းတိုင္အဆံုးထိ
ဆက္ေလ်ွာက္ခ်င္တာ။

🌹ထို႔နည္းတူစြာ ေနာင္သံသရာအထိပါ
မင္းရဲ့ လက္ကေလးကို
မျဖဳတ္စတမ္း ကိုယ္..ဆြဲကိုင္ထားမွာပါ။

•••••  အခ်စ္ဦးသည္သာ ••••••

ခ်စ္တဲ့သူဦးေဆာင္၍ ေခၚေဆာင္သြားရာ ေနာက္ကို မေမာမပန္းစတမ္း လိုက္ခဲ့ၿပီး ရည္ရြယ္ရာေနရာသို႔ ေရာက္ခ်ိန္မွာေတာ့ မထင္မွတ္စြာပင္ မ်ားျပားလွသၫ့္ လူအုပ္ႀကီးႏွင့္ ခမ္းနားစြာ ျပင္ဆင္ထားသၫ့္ စင္ျမင့္ႀကီးကို တအံ့တၾသ ေတြ့ျမင္ခဲ့ရေတာ့သည္။

ခရီးသြားရာသီမို႔ထင္။ ကမ္းေျခသို႔ အပန္းေျဖခရီးထြက္လာၾကသူမ်ားမွာ မနည္းမေနာ။ ပတ္ဝန္းက်င္တစ္ခုလံုးက တကယ့္ကို အံုးအံုးႂကြက္ႂကြက္ ဆူဆူညံညံ။

ထို႔အတူ မၾကာခင္ ျပဳလုပ္သြားမၫ့္ ၿပိဳင္ပြဲ အစီအစဉ္ေတြကို ေျပာျပေနသၫ့္ စင္ျမင့္ထက္ရိွ MC ရဲ့ အသံကလဲ က်ယ္ေလာင္ေပမဲ့ နားထဲဝင္တခ်က္ မဝင္တခ်က္။

အေၾကာင္းမွာ ခ်စ္ရသူရဲ့ ေနြးေထြးႏူးညံ့တဲ့ ဖေယာင္းပမာ လက္ဖဝါးႏုႏုကေလးက အခုခ်ိန္ထိ ကြၽန္မလက္ကို လက္တြဲမျဖဳတ္စတမ္း ဆုပ္ကိုင္ေပးထားၿပီး ေနရာေကာင္းျမင္ကြင္း ေကာင္းရွာရန္ လူအုပ္ထဲသို႔ တိုးေဝ႔ွကာ ေခၚေဆာင္သြားေနေသာေၾကာင့္။

အတိုင္းအဆမဲ့ တဒုတ္ဒုတ္ ခုန္လႈပ္ေနတဲ့ ရင္ခုန္မႈေတြကလဲ ဆက္လက္အရိွန္ျမႇင့္တင္ဆဲ။ ရပ္တန႔္သြားရန္ အေၾကာင္းမရိွ။

လူအုပ္ၾကားထဲ တိုးေဝ႔ွရင္းျဖင့္ ေနာက္ဆံုးတြင္ေတာ့ ေရ႔ွဆံုးထိသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ရိွကာ ေနရာေကာင္းေကာင္း ရခဲ့ေတာ့သည္။ ထိုအခါက်မွသာ MC ေျပာေနသၫ့္ အေၾကာင္းအရာမ်ားကို ေသခ်ာအာရံုစိုက္ႏိုင္ခဲ့သည္။

"စံုတြဲ ၁၀ တြဲသာ လက္ခံၿပီး ၿပိဳင္ပြဲက်င္းပေပးမွာမို႔ ၿပိဳင္ပြဲဝင္ခ်င္တဲ့  Couple ေတြ စင္ေပၚျမန္ျမန္ေလး တက္လာၾကမယ္ေနာ္...

ေဟာဗ်ာ....လာပါ...ရွက္မေနၾကပါနဲ႔လား...

ၿပီးမွ လူျပၫ့္သြားလို႔ မၿပိဳင္ရျဖစ္ၿပီး ေနာင္တရေနမယ္ေနာ့....ဆုေတြကလဲ ထိုက္ထိုက္တန္တန္ဆုခ်ီးျမႇင့္ေပးမွာပါခင္ဗ်...ႏိုင္ႏိုင္ မႏိုင္ႏိုင္ ၿပိဳင္ပြဲဝင္ယံုနဲ႔ကို Couple အက်ီရၿပီမွတ္...

ေဟာ... ပထမဆု ရရင္ေတာ့လား ႀကိဳက္ႏွစ္သက္ရာ ေနရာေဒသတစ္ခုကို စံုတြဲအတူခရီးသြားခြင့္ရမွာပါ... ကြၽန္ေတာ္တို႔ Company က Sponsor ေပးမွာပါခင္ဗ်....

နာမည္ႀကီးေနရာေဒသကို စံုတြဲအတူတူ ခရီးထြက္ခြင့္ရမွာဆိုေတာ့... ဘယ္သြားခ်င္လဲသာေျပာ... ဖူးခက္ကမ္းေျခသြားမလား....
ဥေရာပဘက္သြားမလား....
ဟာဝိုင္အီသြားမလား ႀကိဳက္ရာေရြးလို႔ရတယ္ေလ...

ကြၽန္ေတာ္တို႔ "Star" ခရီးသြားAgency ကေန ဒီGwangalli Beach မွာ ႏွစ္စဉ္ ဒီလို Couple ၿပိဳင္ပြဲေလးေတြ လာလုပ္ေလ့ရိွတာကိုသာ လူႀကီးမင္းတို႔က အမွတ္ရေပးပါလို႔ ေမတၲာရပ္ခံပါရေစ....

ေဟာ.... ေျပာရင္းဆိုရင္း ၿပိဳင္ပြဲဝင္မဲ့ Couple ေတြ စင္ေပၚကို အလ်ိဳလ်ိဳ တက္လာၾကၿပီခဗ်ာ့....

ဟုတ္ကဲ့... အခုဆိုရင္ စံုတြဲ ၅ တြဲရိွပါၿပီ ... အဲ ... ၆ တြဲျဖစ္သြားပါၿပီ .... ဟုတ္ကဲ့ခဗ် .... ၉ တြဲအထိ စင္ျမင့္ေပၚ ေနရာယူၿပီးၾကပါပီ.... တစ္တြဲပဲ က်န္ပါေတာ့တယ္ .... "

ေတာက္ေလ်ွာက္ မနားစတမ္း အာေပါင္အာရင္းသန္သန္နဲ႔ ေျပာသြားတဲ့ MC ရဲ့ေနာက္ဆံုး စကားတစ္ခြန္း အၿပီးမွာေတာ့ သူနဲ႔ကြၽန္မ တစ္ေယာက္နဲ႔ တစ္ေယာက္ ၿပိဳင္တူၾကၫ့္မိၾကသလို ခုထိ မလႊတ္ရေသးတဲ့ သူ႔ရဲ့ လက္ကေလးကလဲ ကြၽန္မလက္ကို ခပ္တင္းတင္းေလး လာဆုပ္ကိုင္ေလတယ္။

ထိုအခိုက္မွာ

"ေဟာ ဟိုေရ႔ွက လက္ခ်င္းတြဲထားတဲ့ စံုတြဲေလး။ Mask အုပ္ထားတဲ့ ညီေလး နဲ႔ ေဘးက အရမ္းေခ်ာတဲ့ ညီမေလးတို႔စံုတြဲ လာၿပိဳင္လွၫ့္ပါလားလို႔... တစ္တြဲပဲက်န္ေတာ့တာခင္ဗ်... လူစံုရင္ ၿပိဳင္ပြဲေလး စရေအာင္လို႔ပါ "

တကယ္ကို MC ေခၚထိုက္ၿပီး အေျပာေကာင္းသလို မ်က္လံုးပါလ်င္တဲ့ MC ႀကီး သူလက္ညိုးၫႊန္ၿပီး ေျပာေနတာ ကြၽန္မတို႔ ႏွစ္ေယာက္ကို။

လူေတြကလဲ သူေျပာမွ သတိထားမိၿပီး ကြၽန္မတို႔ႏွစ္ေယာက္ကို ဝိုင္းၾကၫ့္ကုန္ၾကၿပီ ။

"အား ... ရွက္လိုက္တာေနာ္ ..."

Jimin ကေတာ့ ကြၽန္မကို လွၫ့္ၾကၫ့္ရင္း ရယ္ေနသလိုပဲ သူ႔ပံုစံေလးက။ Mask အုပ္ထားေပမဲ့ မ်က္လံုးေလးေတြက တခ်က္တခ်က္ ေမွးေမွးသြားတာကိုေတာ့ ျမင္ရတယ္ေလ။

"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ၿပိဳင္မွာပါ"

ဘုရားေရ ....ဒါ .... သူ႔အသံ ...။

လက္ေလးေျမႇာက္ျပရင္း လွမ္းေျပာေနတာ သူကၿပိဳင္မယ္တဲ့လား!! ဘယ္လိုလုပ္ရပါ့ ။

"ဆုေယာင္း , ကိုယ္တို႔ ႏွစ္ေယာက္ ဟိုတုန္းကလိုမ်ိဳး ၿပိဳင္ၾကၫ့္ရေအာင္ေနာ္ "

မၿပိဳင္ရဲဘူးဆိုၿပီး ျငင္းမယ္လို႔ အားခဲထားေပမဲ့ ကြၽန္မကို ႏူးညံစြာၾကၫ့္ၿပီး နားနားကပ္ကာေျပာရင္း ေတာင္းဆိုသေယာင္ျပဳလာတဲ့ သူ႔စကားသံခ်ိဳခ်ိဳေလး ေအာက္မွာေတာ့ အေယာင္ေယာင္အမွားမွားနဲ႔ ေခါင္းက ၿငိမ့္မိလ်က္သား။

ဘယ္လိုေတာင္ တဖက္သားကို စကားနာခံခ်င္လာေအာင္ ေျပာတတ္ရတာလဲ၊ လူကို ပုတ္သင္ညိုလို ေခါင္းပဲၿငိမ့္ျပတာ တစ္ခုတည္းသိေတာ့ေအာင္ ဘာလို႔ ညို႔အားေတြ ျပင္းေနရတာလဲ ခ်စ္တဲ့သူရယ္။

တကယ္ဆို လူသူကင္းမဲ့ တိတ္ဆိတ္တဲ့ေနရာတစ္ခုကို သြားၿပီး ခ်စ္ရသူမ်က္ႏွာေလးကို တ၀ႀကီးေငးကာ သူ႔ကို ဘယ္ေလာက္သတိရတဲ့အေၾကာင္းေတြ၊ ဖုန္းထဲမွာပဲ ျမင္ေတြ့ေနက်ျဖစ္တဲ့ သူ႔ပံုရိပ္ေလးထက္ အျပင္ကသူ႔သြင္ျပင္ဟာ ဘယ္ေလာက္ေတာင္ ပိုခန႔္ညားေခ်ာေမာၿပီး ခ်စ္စရာေကာင္းတယ္ဆိုတဲ့အေၾကာင္းေတြ ၊ စသည္စသည္ျဖင့္ တေထာင့္တညပံုျပင္လို ေျပာမကုန္မဲ့ အရာေတြကို စီကာပတ္ကံုးၿပီး ေျပာျပခ်င္တာေပါ့ ။

ဒါေပမဲ့ ခုေလာေလာဆယ္ေတာ့ ခ်စ္ရသူေလး အျဖစ္ခ်င္ဆံုးဆႏၵက အတိတ္ကအမွတ္တရမ်ားထဲကလို Couple Game ေလး ဝင္ၿပိဳင္ခ်င္တယ္ဆိုေတာ့လဲ ကြၽန္မဘက္ကေနၿပီး ခ်စ္ရသူဆႏၵျဖၫ့္ဆည္းေပးႏိုင္ဖို႔ ႀကိဳးစားယံုသာ။

ေနာက္ဆံုးတြင္ေတာ့လည္း
Game ကစားကြၽမ္းက်င္သၫ့္ သူ႔ကိုသာ ဟိုတုန္းကလို ယံုၾကည္အားကိုးကာ သူ႔လက္ေလးကို ခပ္တင္းတင္းဆြဲကိုင္ထားရင္း စင္ျမင္ေပၚသို႔ တက္ခဲ့သည္။

"ဒီက ညီေလး Mask ေလး ခြၽတ္ထားေပးလို႔ရမလား"

စင္ေပၚေရာက္သည္ႏွင့္ စီးကာေမးသၫ့္ MC စကား။

"ဟို ....."

သူက ဂုတ္ကိုသာ လက္နဲ႔အသာပြတ္ရင္း ေျဖရွင္းရန္အတြက္ စဉ္းစားခန္းဝင္ေနေသာ္ျငား။ အခ်ိန္ၾကာသည္အထိ ဘာအေျဖမွ ထြက္မလာ။

ထို႔ေၾကာင့္ ကြၽန္မပဲ သြက္သြက္လက္လက္ႏွင့္ ခ်က္က်လက္က် ဝင္ေျပာလိုက္မိတာက

"အခ်စ္ကေလ ႏႈတ္ခမ္းနားမွာ အနာျဖစ္ေနလို႔ အာ့ပိုးေတြဘာေတြဝင္မွာစိုးတာေၾကာင့္ mask အုပ္ထားရတာပါ ခြၽတ္လို႔မရဘူး"

ဂ်ီမင္း ရဲ့ အံ့ၾသမႈအရိပ္အေရာင္အျပၫ့္ပါတဲ့ အၾကၫ့္ေတြက ကြၽန္မဆီ ခ်က္ခ်င္း။

ထိုအခါမွ ကြၽန္မစကားကို ကြၽန္မ ျပန္သတိထားမိတာ။

ကြၽန္မ ပါးစပ္ကေန အဲ့လို မုသားလွလွပါတဲ့ စကားထြက္သြားလိမ့္မယ္လို႔ ေတြးေတာင္ေတြးမၾကၫ့္ခဲ့ဖူးဘူး။ ဦးေနွာက္က အလိုအေလ်ာက္ လုပ္ေဆာင္သြားတာမ်ိဳး။

ၿပီးေတာ့ ဘာတဲ့ "အခ်စ္" !!

အား.....သူဘယ္လို ထင္သြားမလဲ မသိဘူး ရွက္လိုက္တာ။

ရွက္ရွက္နဲ႔ သူ႔ကိုလဲ မၾကၫ့္ရဲေတာ့ဘဲ ေခါင္းကိုသာ သြင္သြင္ငံု႔ထားမိေနတုန္းမွာ

"ဟုတ္တယ္ ကြၽန္ေတာ့္ေကာင္မေလး ေျပာသလိုပဲ ႏႈတ္ခမ္းမွာ အနာရိွေနလို႔ပါ"

ရယ္သံေလးစြက္ရင္း သူေျပာလိုက္တဲ့စကားက
"ကြၽန္ေတာ့္ ေကာင္မေလး" တဲ့လား။

သူေတာ့ မသိဘူး ၊ ဒီကေတာ့ အဲ့စကားေလးသာ နားထဲအထပ္ထပ္ၾကားေယာင္ေနရင္း ရင္ဘတ္ႀကီးထဲ လိပ္ျပာအေကာင္တစ္ရာေလာက္ ရုတ္တရက္ ထပ်ံသြားသလိုမ်ိဳး လႈပ္ခတ္ေနခဲ့ေတာ့သည္။

ခ်စ္ရသူႏႈတ္က သီက်ူးလိုက္တဲ့
စကားေလးတစ္ခြန္း
နိဗၺာန္ဘံုအထိ ေခၚေဆာင္သြားႏိုင္တယ္။

Mask တပ္ထားသည္ကို ခြင့္ျပဳျပီးေနာက္ ၿပိဳင္ပြဲဝင္၁၀ဖြဲ႔ စံုညီသြားၿပီျဖစ္၍ ၿပိဳင္ပြဲစတင္ရန္အတြက္ MC က အစီအစဉ္အေသးစိတ္ကို ျပန္ရွင္းျပေလသည္။

"အခု ပထမဆံုးယွဉ္ၿပိဳင္ရမဲ့ Game ကေတာ့ ၿပိဳင္ပြဲဝင္ေကာင္ေလးက ေကာင္မေလးကို ေပြ့ခ်ီထားၿပီး ျပဳတ္မက်ေစဘဲ ထိုင္ထ အႀကိမ္ႀကိမ္အခါခါ လုပ္ရမွာပါ "

ထိုအခိုက္ တီးတိုး တီးတိုးေျပာတဲ့ ပြစိပြစိ အသံေလးေတြက ထြက္လာၾကသည္။

MC က ထိုဆူညံသံေတြကို လႊမ္းေအာင္ အသံျမႇင့္ၿပီး

"အဖြဲ႔ ၁၀ဖြဲ႔ထဲကမွ ထိုင္ထ အခ်ိန္ၾကာၾကာလုပ္ႏိုင္ၿပီး ေနာက္ဆံုးက်န္ရစ္ခဲ့မဲ့ အဖြဲ႔ ၃ ဖြဲ႔ကသာ ေနာက္ပြဲစဉ္ေတြကို ဆက္လက္ယွဉ္ၿပိဳင္ခြင့္ရမွာပါ ခင္ဗ်ာ "

ပြစိပြစိအသံေတြက ပိုကာညံလာသည္။ အေၾကာင္းမွာ ခပ္ဝတ အမ်ိဳးသမီးမ်ား ပါေလေတာ့ သူ႔တို႔ကို ေပြ့ခ်ီရမၫ့္ သူေတြမွာ မၿပိဳင္ခင္ကပင္ အရႈံးေပးခ်င္ေနသည္အလား တစ္ေယာက္နဲ႔တစ္ေယာက္ တီးတိုးေျပာဆို ျငင္းခံုရင္း သူတို႔ထံမွ ႂကြက္စိႂကြက္စိ အသံမ်ား ထြက္လာျခင္းပင္။

ထို႔ေၾကာင့္ ကြၽန္မလဲ စိတ္ပူအားနာစြာျဖင့္
ဂ်ီမင္း ကို ၾကၫ့္လိုက္ေတာ့
ယံုၾကည္ခ်က္အျပၫ့္ျဖင့္ ေပါ့ေပါ့ပါးပါးအသြင္။

ထို႔အျပင္ သူက ကြၽန္မဘက္လွၫ့္ၾကၫ့္ၿပီး မ်က္လံုးတဖက္ မိွတ္ကာ wink ပါ ခ်စ္စဖြယ္ေကာင္းစြာ လုပ္ျပလိုက္ေသးေတာ့ သူ႔ကိုၾကၫ့္ရင္း စိတ္က အလိုလိုေပါ့ပါးလာမိသည္။

သူက အၿမဲ Gym ေဆာ့ေနက်မို႔ ခႏၶာကိုယ္က အခ်ိဳအစားက်ကာ သန္မာက်စ္လစ္ၿပီး အားကိုးခ်င္စရာ ေကာင္းလွသည္မဟုတ္လား။

ထို႔ေၾကာင့္ သူ႔ကိုသာေငးကာ ၿပံဳးေနမိရင္း
ပထမဆံုး စတင္ယွဉ္ၿပိဳင္ရမဲ့ ၿပိဳင္ပြဲကလဲ
အခုလို တကယ့္ Couple Style မ်ိဳး ျဖစ္ေနသည္ဆိုေတာ့ ပိုမိုရင္ခုန္ရင္း သူႏွင့္ေဆာ့ကစားခဲ့သၫ့္ အတိတ္ကေန့ရက္ေလးကိုပါ ေျပးျမင္မိရင္း အေတြးအစံု ကြန႔္ျမဴးကာ ရင္တုန္ စိတ္လႈပ္ရွားမႈေတြကေတာ့ တရိပ္ရိပ္ တိုးလို႔သာ ေနပါေတာ့သည္။

ခ်စ္ရသူရဲ့ ရင္အုပ္က်ယ္က်ယ္နားမွာ ခိုဝင္နားရင္း ကြၽန္မရဲ့ ရင္ခုန္သံေတြဆိုတာ အတိုင္းအဆမဲ့ ။ ထို႔အတူ သူ႔ရဲ့ ရင္ခုန္သံကိုပါ ကြၽန္မနားထဲဝယ္ အတိုင္းသားၾကားေနသၫ့္အလား။ ႏွစ္ကိုယ္ၾကားမွာ နီးကပ္လြန္းလွသည္မဟုတ္လား ။

ကိုယ္အရမ္းျမတ္ႏိုးခဲ့ရတဲ့ အခ်စ္ဦးတျဖစ္လဲ Idol တစ္ေယာက္က ကိုယ့္ကို အခုလိုမ်ိဳးေပြ့ဖက္ခ်ီယူထားတယ္ဆိုတာ အိမ္မက္တစ္ခုကဲ့သို႔ပင္။

အခုလို ခ်စ္ရသူနဲ႔ ျပန္ဆံုေတြ့ႏိုင္ခဲ့တယ္ဆိုတာကလဲ
မယံုၾကည္ႏိုင္စရာ။

ဒူးေခါက္ေကြးကေန ေပြ့ခ်ီထားတဲ့ လက္တစ္စံုရယ္ ခါးနားမွာ သိုင္းဖက္ကာထားတဲ့ သူ႔ရဲ့အထိအေတြ့ၾကား ဒီလူ႔ရဲ့ ရင္ခုန္သံက အေယာင္ေယာင္အမွားမွား။

အဲ့အခ်ိန္ ရယ္သံေလးၫွင္းၫွင္းနဲ႔ တိုးတိုးေလး သူေျပာလာတာက

"ဆုေယာင္း က အရင္ကေလာက္ မေပါ့ေတာ့ဘူးပဲ ... ဒါေပမဲ့ ကိုယ့္စိတ္ထဲမွာေတာ့ အရင္ကလိုပါပဲ"

သူ႔စကားေလးၾကားၿပီး ကြၽန္မ ရွက္ၿပံဳးေလး ၿပံဳးျပမိလိုက္မည္မွာ အေသအခ်ာ။

တကယ္ဆို ဟိုတုန္းကလို သူရယ္ကြၽန္မရယ္က ငယ္ရြယ္ႏုနယ္ေသးတဲ့ ေက်ာင္းသူေက်ာင္းသားအရြယ္ေတြ မဟုတ္ေတာ့ဘူးဆိုတာ သူေမ့ေနသလားေလ ။

ကြၽန္မတို႔ႏွစ္ေယာက္ ေဝးကြာသြားခဲ့တာပဲ ၅ ႏွစ္ေက်ာ္ခဲ့ၿပီ မဟုတ္လား။ ဒါေၾကာင့္ အရင္လိုေတာ့ ဘယ္ဟုတ္ပါေတာ့မလဲ ခ်စ္ရသူရယ္။

ဒါေပမဲ့ သူ႔စိတ္ထဲမွာေတာ့ အရင္ကလိုပါပဲ ဆိုတဲ့စကားေလးကေတာ့ ကြၽန္မ စိတ္ႏွလံုးကို တကယ္ ေအးခ်မ္းေအာင္ ႏွစ္သိမ့္ေပးသလို ခံစားရပါတယ္။

သို႔ေသာ္လည္း သူက အခုဆို ပ်ိဳမဒီတိုင္း ႏွစ္သက္စြဲလမ္းရတဲ့ Idol တစ္ေယာက္ေလ။

ထို႔အတြက္ေၾကာင့္ စိတ္ထဲဝယ္
အရင္လို မလြတ္လပ္ပဲ စိတ္တင္းက်ပ္ကာ အတန္ငယ္ေတာ့ သူ႔ကိုရိွန္ေနခဲ့မိသည္မွာအမွန္။

ဒါေပမဲ့ ရင္ခုန္သံေတြကေတာ့ ဟိုတုန္းကအတိုင္း လတ္ဆတ္ေနစဲျဖစ္သလို

အခုလိုမ်ိဳး သူ႔ရဲ့ျပဳမူေျပာဆိုပံုေတြကလဲ သူစိမ္းမဆန္ပဲ အို႔တို႔အမ္းတန္း မျဖစ္ေစဘဲ အရင္တုန္းကကဲ့သို႔ပင္ ေနြးေထြးေနေလေတာ့

ယခုကဲ့သို႔ ႏွလံုးသားခ်င္း ရင္းႏွီးမႈျပန္လည္ ရယူႏိုင္ခဲ့တဲ့အဆံုးမွာ ကြၽန္မရဲ့ အၿပံဳးတို႔လဲ ပိုမိုအသက္ဝင္ႏိုင္ခဲ့ၿပီ ထင္ပါတယ္။

••••••••••••

"Ready!! 1.... 2 ...3 ရႊီး"

MC က ၿပိဳင္ပြဲစတင္ရန္ ဝစီမႈတ္လိုက္သည္ႏွင့္ တၿပိဳင္နက္ ၿပိဳင္ပြဲဝင္ ၁၀ ဖြဲ႔ စလံုး သတ္မွတ္ထားသၫ့္ေနရာတြင္ ေပြ့ခ်ီထားလ်က္အသင့္အေနအထားမွ စတင္ကာ ယွဉ္ၿပိဳင္ရေလေတာ့သည္။

ဒီလိုနဲ႔ ကြၽန္မကို ေပြ့ခ်ီထားရင္း ထိုင္ထလုပ္ေနေလေသာသူ။

ေပြ့ခ်ီလ်က္ျဖင့္ ထိုင္ထလုပ္တဲ့ အခ်ိန္ဆို ပိုပို နီးကပ္ကာသြားသၫ့္ မ်က္ႏွာေလး။ ၾကည္လင္ေတာက္ပတဲ့ မ်က္ဝန္းလဲ့လဲ့ေလး။

Mask အုပ္ေပးထား၍သာ ေတာ္ေတာ့သည္။ မဟုတ္ရင္ ကြၽန္မေတာ့ သူ႔မ်က္ႏွာေလးကို အနီးကပ္ေငးၾကၫ့္ရင္း အသက္ေတာင္ေကာင္းေကာင္းရႉႏိုင္မည္မထင္။

ပိုမိုနီးကပ္သြားခ်ိန္တိုင္းမွာ ႏွာေခါင္းထဲတိုးဝင္လာတာက သင္းသင္းေလးနဲ႔ ေမႊးတဲ့ သူ႔ရဲ့ ကိုယ္သင္းနံ႔ေလး။

ထိုအာရံု အေတြ့အထိ နဲ႔ အနံ႔ေတြၾကားေမ်ာပါသြားလိုက္တာ Game ၿပိဳင္ပြဲကစားေနတယ္ဆိုတာကိုပါ ေမ့ေလ်ာ့သြားသည္အထိ။

သတိျပန္ဝင္လာခ်ိန္မွာေတာ့ တခဲနက္အားေပးေနၾကသၫ့္ ပရိတ္သတ္အသံကို ဦးစြာၾကားလိုက္မိသည္။

အေၾကာင္းက ထိုင္ထလုပ္ရင္း ယွဉ္ၿပိဳင္ေနၾကသၫ့္ စံုတြဲေတြထဲမွ ဆက္မၿပိဳင္ႏိုင္ေတာ့ဘဲ အလံျဖဴျပကာ အရႈံးေပးသြားသူမ်ားေၾကာင့္ အခုဆို အားမာန္အျပၫ့္နဲ႔ က်န္ရိွေနသူမ်ားမွာ ကြၽန္မတို႔စံုတြဲအပါအဝင္ ၄ ဖြဲ႔သာ က်န္ရိွေတာ့ေသာေၾကာင့္။

ထို႔ေၾကာင့္ ခုေနခ်ိန္ တစ္ဖြဲ႔သာ ထပ္မံအရႈံးေပးသြားပါက သံုးဖြဲ႔သာ က်န္ရစ္ခဲ့ေတာ့မည္ျဖစ္ၿပီး ထို သံုးဖြဲ႔သာ ေနာက္ပြဲစဉ္ေတြကို ဆက္လက္ယွဉ္ၿပိဳင္ခြင့္ရမည္မို႔ ပရိတ္သတ္ရဲ့ အားေပးသံမွာ ပိုမိုက်ယ္ေလာင္လာျခင္းပင္။

သူ႔ကို ေသခ်ာၾကၫ့္လိုက္ေတာ့လဲ ေမာပန္းျခင္း အလ်ဉ္းမရိွ။ သူေပြ့ခ်ီထားသၫ့္ ကြၽန္မကို ပလတ္စတစ္ အရုပ္တစ္ရုပ္ဟုသာ ထင္မွတ္ေနေလသလား တကယ့္ကို ေပါ့ေပါ့ပါးပါးပင္ ကစားေနေတာ့ သူ႔အတြက္ ထိုသို႔ေသာ ေလ့က်င့္ခန္းေတြက မည္မ်ွေတာင္ ျပဳလုပ္ေနက်မို႔ ဒီေလာက္ေတာင္ ေအးေအးေဆးေဆး ျဖစ္ေနသလဲဟု အေတြးဝင္မိေတာ့ Idol တစ္ေယာက္အျဖစ္ ရပ္တည္ေနတဲ့ခ်စ္ရသူ အရမ္းပင္ပန္းခဲ့မွာပဲ ဟူသၫ့္စိတ္ေၾကာင့္ ပိုကာသနား ၾကင္နာၿပီး ခ်စ္ျမတ္ႏိုးသၫ့္စိတ္ေတြက တဖြားဖြား။

"ဟုတ္ကဲ့ အခုဆိုရင္ေတာ့ မိနစ္ ၂၀ ေက်ာ္လာပါၿပီ ဒီအခ်ိန္မွာ ၄ ဖြဲ႔က်န္ရိွေနၿပီး က်ားကုတ္က်ားခဲနဲ႔ ၿပိဳင္ေနၾကစဲ ျဖစ္ေပမဲ့ တခ်ိဳ႕အဖြဲ႔ေတြကေတာ့ အားေလ်ာ့စျပဳေနပါၿပီ၊
ဒါေပမဲ့ ေနာက္ဆံုးပိတ္ၿပိဳင္ပြဲဝင္ျဖစ္တဲ့ နံပါတ္၁၀ စံုတြဲကို ခ်ီးက်ူးခ်င္ပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ ေကာင္ေလးက ခုထိ ေမာပန္းဟန္မရိွဘဲ ေပြ့ခ်ီထားကာ ထိုင္ထလုပ္ႏိုင္စဲပါပဲ ။ ၾကၫ့္ရတာ ဒီစံုတြဲက ေပြ့ခ်ီေနက်ျဖစ္မယ္နဲ႔ တူတယ္ ခင္ဗ် "

MC ရဲ့ အရႊန္းေဖာက္ကာ ေၾကျငာမႈအဆံုးမွာ ပရိတ္သတ္ရဲ့ ရယ္သံက ေဝေဝဆာဆာ။

ကြၽန္မမွာေတာ့ ခပ္ရွက္ရွက္နဲ႔ သူ႔ရင္ခြင္ထဲ မ်က္ႏွာအပ္ကာပဲ ခိုပုန္းရေတာ့မလိုလို ။

ဒါေပမဲ့

ေပြ့ခ်ီေနက်ျဖစ္ဖို႔ ေနေနသာသာ ေဝးကြာေနတဲ့သူ ႏွစ္ဦး အခုမွ ျပန္ေတြ့ဆံုခြင့္ရခဲ့တာပါ ဆိုတဲ့အေၾကာင္းကို သူတို႔ေတြ သိမ်ားသိႏိုင္ခဲ့ရင္ ခုလို ရယ္ေပးႏိုင္ၾကပါဦးမလားေလ။

"ေဟာ .....ေဟာ ကြၽန္ေတာ္ေၾကျငာေနစဲမွာပဲ နံပါတ္ ၅ အဖြဲ႔က စံုတြဲက ဘယ္လိုမွ ျပန္မထႏိုင္ေတာ့ဘဲ အရႈံးေပးလိုက္ပါၿပီ ခင္ဗ်ာ"

"ဟုတ္ကဲ့ အခုဆိုရင္ေတာ့ ဆက္လက္ယွဉ္ၿပိဳင္ခြင့္ရတဲ့ အဖြဲ႔ ၃ ဖြဲ႔ကေတာ့ နံပါတ္ ၂ ၊ နံပါတ္ ၈ နဲ႔ နံပါတ္ ၁၀ တို႔ပဲ ျဖစ္ပါတယ္"

ထိုကဲ့သို႔ ဆက္လက္ယွဉ္ၿပိဳင္ရမဲ့ အဖြဲ႔ေတြထဲမွာ ကြၽန္မတို႔ ပါဝင္ႏိုင္ခဲ့ေတာ့ အားေပးၾကတဲ့ လက္ခုပ္ေထာပနာသံေတြၾကား ဝမ္းသာအားရၿပံဳးၿပီး သူ႔လည္ပင္းကို သိုင္းဖက္ထားလ်က္သားနဲ႔ သူနဲ႔ကြၽန္မ အၾကၫ့္ခ်င္းဆံုေနမိခဲ့တာ

MC က "အဟမ္း အဟမ္း ၿပိဳင္ပြဲၿပီးၿပီမို႔ ေကာင္မေလးကို မခ်ီပဲ ခ်ထားလို႔ရပါၿပီလို႔ " ဆိုကာ တမင္စေနာက္ေလမွပဲ ႏွစ္ေယာက္သား သတိျပန္ဝင္လာၾကသည္အထိ။

ေပ်ာ္ရႊင္ျခင္း ဟူသည္မွာလဲ
သူပါဝင္ေနမွသာ
ပိုသက္ဝင္မႈရိွတယ္ဆိုတာယံု ။

"ပြဲစဉ္ ၃ ပြဲ ယွဉ္ၿပိဳင္ေဆာ့ကစားရမည္ ျဖစ္သလို တစ္ပြဲကို ၁၀ မွတ္ နဲ႔ ၃ ပြဲေပါင္း အမွတ္ ၃၀ ေပးၿပီး အဲ့အထဲကမွ အမွတ္အမ်ားဆံုးအဖြဲ႔ တစ္ဖြဲ႔တည္းကိုသာ ပထမဆု ခ်ီးျမႇင့္ေပးမွာ ျဖစ္ပါတယ္ "

အစီအစဉ္ကို MC မွ ေသခ်ာျပန္ေျပာျပေနသၫ့္ အခ်ိန္အထိ ကစားပြဲႏွင့္ပက္သက္ၿပီး ခ်စ္ရသူေလး ဂ်ီမင္း ကို ယံုၾကည္လြန္းမိေသာေၾကာင့္ထင္ စိတ္ထဲဝယ္ တကယ့္ကို ေပါ့ေပါ့ပါးပါးသာ။

သို႔ေသာ္

ယွဉ္ၿပိဳင္ကစားရမၫ့္ ကစားနည္းကို သိခဲ့ရခ်ိန္မွာေတာ့ !!

မ်က္လံုးျပဴးမ်က္ဆံျပဴးနဲ႔ အလန႔္ထညက္ျဖစ္ကာ ကြၽန္မတို႔ႏွစ္ဦးအၾကား ဘာလုပ္လို႔ လုပ္ရမွန္းမသိေတာ့ေအာင္ အံ့ၾသမႈနဲ႔ မထင္မွတ္ထားျခင္းေတြသာ ႀကီးစိုးခဲ့ေတာ့သည္။

မရည္ရြယ္တာေတြလဲ ျဖစ္တတ္တယ္
မေမ်ွာ္မွန္းတာေတြလဲ ျဖစ္လာတယ္
သို႔ေပမဲ့ ခ်စ္ရသူ ...
မင္းနဲ႔ပက္သက္သမ်ွ
ႏွလံုးသားထဲအထိ
အမွတ္တရအျဖစ္ ရိွေနမွာေတာ့ တကယ္။

အခ်စ္ဦးသည္သာ
Written By
Cuttiehsumindooly🌸

Continue Reading

You'll Also Like

281K 2.9K 19
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
832K 122K 139
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
164K 20.1K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
297K 7.7K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."