"Sehun.. ....သား...ခဏနေရင်.....Beakhyun တို့အိမ်မှာ Jongin ကို သွားခေါ်ပေးပါဦး....အဖေ ဒီမှာ သူ့ကို ခိုင်းစရာလေးတွေရှိလို့....."
"ဟုတ်ကဲ့ အဖေ....."
Sehun နောက်ဖေးမှာ ထင်းခွဲနေရာမှ ပြန်ဖြေလိုက်၏။ Kai ကို သွားခေါ်ရန် အလုပ်ကို မြန်မြန် လက်စသတ်လိုက်ပြီး အိမ်ကထွက်ခဲ့လိုက်သည်။
Sehun Kai တို့နဲ့အတူတူနေတာ ၂နှစ် ကျော်လာပြီဖြစ်သည်။ Kaiရဲ့အဖေကလည်း သူ့ကို သားအရင်းတစ်ယောက်လို သဘောထားသည်။ ရွာကလူတွေအာလုံးကလည်း Sehun ကို သူတို့ရွာလူကြီးရဲ့ မွေးစားသားအဖြစ် လက်ခံထားကြသည်။ သူ ဒီရွာလေးမှာ နေရတာ ပျော်နေမိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Baekie ငါ့ကို ဟိုပန်းအဖြူလေး လှမ်းပေးပါဦး..."
သောကြာနေ့ဆိုလျှင် ကျွန်တော်အမြဲတမ်း Baekhyun ရဲ့အိမ်ကိုလာပြီး သူ့တူနဲ့တူမလေးကို ကူထိန်းပေးလေ့ရှိသည်။ ခုတော့ ကလေးနှစ်ယောက် အိပ်ပျော်သွားသဖြင့် ဥယျာဉ်ထဲက သစ်ပင်အောက်မှာ နှစ်ယောက်သားထိုင်ရင်း Baekie ရဲ့တူမလေးအတွက် ပန်းသရဖူလေးတွေ လုပ်ပေးနေခြင်းကြဖြစ်သည်။
Baekhyun က ပန်းကိုလှမ်းပေးရင်း.......
"Jongin မင်းနဲ့ မင်းလူကြီး အခြေအနေဘယ်လိုရှိလဲဟင်...."
အဆုံးအစမရှိ မေးလိုက်သော Baekie ရဲ့စကားကြောင့် ကျွန်တော် ကြောင်သွားကာ....
"ဘယ်လူကြီးလဲ......မင့်ဟာက ငါ့ကို အဆုံးမရှိအစမရှိ.....ဘာလဲ"
"ဘာဘယ်လူကြီးရမှာလဲ Jongie မသိချင်ယောင်ဆောင်မနေပါနဲ့ဟာ....."
"ဟမ် ငါက ဘာကို မသိချင်ယောင်ဆောင်ရမှာလဲ...."
"ဟာ....မင်းကလည်း....မင့်လူကြီး Sehun လေကွာ...."
ကျွန်တော် လုပ်ပြီးသွားသော ပန်းခွေလေးကို Baekie ကို ကမ်းပေးလိုက်သည်။
"ဩော်.....နေပါဦး.....သူက ဘာလို့ ငါ့လူကြီးဖြစ်ရမှာလဲ.....ပြီးတော့ သူနဲ့ငါက ဘာဖြစ်နေလို့ ဘယ်အခြေအနေရောက်ရမှာလဲ...."
ကျွန်တော် ပြောလို့သာပြောလိုက်ရတယ်.....ကိုယ့်လိပ်ပြာ ကိုယ်သိပ်မလုံချင်....။ ဒါပေမဲ့ ဘုရားစူးရပါစေရဲ့...သူ နဲ့ ကျွန်တော် ဘာဆိုဘာမှမဟုတ်ရပါဘူး.....။ တစ်ခါတစ်လေ ရင်ခုန်သံတွေ မြန်လာတတ်တာကလွဲလို့ပေါ့....။
"အမလေး ငြင်းမနေပါနဲ့.....မင်းတို့နှစ်ယောက် အဲ့လောက်တတွဲတွဲနဲ့နေတာ ဘယ်အခြေအနေမှ မရောက်ဘူးဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး......."
Baekhyun က ခုနက ပန်းခွေလေးကို ကျွန်တော့်ခေါင်းပေါ် ပြန်တင်ပေးရင်း ပြောလိုက်သည်။
"ဟာ....မဟုတ်ပါဘူးဆိုမှပဲ....."
ငြင်းနေရင်း ကျွန်တော့်မျက်နှာလေး နွေးလာတာခံစားမိလိုက်သည်။ Baekie က ကျွန်တော့်ကို ကြည့်ရင်း ရယ်လိုက်၏။
"ဟော....ပြောရင်းဆိုရင်းလာပါပြီ....ဟိုမှာ.....
အသက်တော့ရှည်ဦးမယ်....."
Baekhyun က ကျွန်တော့်အနောက်ကိုကြည့်ရင်း မေးငေါ့ပြလေတော့ ကျွန်တော်လည်း အနောက်ကို လှည့်ကြည့်လိုက်သည်။
ကျွန်တော်တို့နှစ်ယောက်ရှိရာကို တည့်တည့်ကြီးလျှောက်လာသော Sehun.......။
"ဘာတွေပြောနေကြတာလဲ.....မဟုတ်မှလွဲရော Baekhyun မင်း ငါ့အတင်းပြောနေတာမလား......"
Sehun က ကျွန်တော်တို့ကို ငုံ့ကြည့်ရင်း မေးလိုက်သည်။
"ငါ က ဘာလို့ မင့်အတင်းပြောရမှာလဲ အားနေလို့လား...."
"အင်းလေ မင်းက အမြဲတမ်းအားနေတာပဲ...."
"ဘာပြောတယ်.....အေး...ဘာဖြစ်လဲ ငါ့ဟာငါ အားတာ....ဒါမဲ့....ငါ အားတာနဲ့ ဘာလို့ မင်းအကြောင်းမှ ရွေးပြောရမှာလဲ........
ပြောစရာလူတွေမှအများကြီး....."
"အော်....ဒါဆို.....အတင်းပြောတာတော့ ဝန်ခံတယ်ပေါ့နော်......."
"yahhh...!Sehun.. ..! ငါ့ကို စိတ်တိုအောင် လာမလုပ်နဲ့နော်....."
"........."
"........."
စိတ်မတိုတိုအောင် စ နေသော Sehun နဲ့ ကတ်ကတ်လန်အောင် ရန်ပြန်တွေ့နေသော Baekhyun ကို ကျွန်တော် ကြည့်ရင်းသာ ရယ်နေမိသည်။
"ကဲပါ...တော်ပါတော့....Sehun ကလည်း မစပါနဲ့တော့...."
"မစပါဘူး....ကိုယ်က အမှန်တိုင်းပြောပြတာကို"
"Sehun....!"
ပြဲလန်အောင် အော်လိုက်သော Baekhyun ရဲ့အသံ....။ သူကတော့ ကျေနပ်ပြုံးကြီးပြုံးလို့....။
"တော်ပါပြီဆိုမှ....ဒါနဲ့ ဒီကို ဘာလာလုပ်တာလဲ"
"အဖေက မင်းကို လာခေါ်ခိုင်းလို့.....ခိုင်းစရာရှိလို့တဲ့..."
"စောစောက မပြောဘူး.....သွားစို့ အဲ့တာဆို..."
ကျွန်တော်ပြောရင်း ကျွန်တော့်ဆွဲထူရန် လက်ကမ်းပေးလိုက်သည့်အတွက် Sehun က ကျွန်တော့်လက်ကို ဆွဲရင်း ထူပေးခဲ့သည်။
"တာ့တာ Baekie.. .."
"အင်း နောက်မှတွေ့မယ်နော်....."
"သွားမယ်နော် Baekie "
Sehun က နောက်သလို ပြောင်သလို နှုတ်ဆက်လိုက်တော့......
"သွား သွား မြန်မြန်သွား ပြန်မလာလေ ကောင်းလေပဲ....."
Sehun ကရယ်လျက် ကျွန်တော့်ကိုဆွဲကာ ထွက်ခဲ့တော့သည်။
ပြန်လာတာ လမ်းတစ်ဝက် ရောက်တဲ့အထိ Sehun က ကျွန်တော့်လက်ကို မလွှတ်သေးပေ.....။
တွဲထားတဲ့ ကျွန်တော်တို့လက်တွေကို ကြည့်ရင်း ရင်ခုန်သံတွေမြန်သွားတာတော့ ကျွန်တော် တစ်ယောက်ပဲ သိလိုက်သည်။
"လက်ကို လွှတ်ဦးလေ...."
ဒါပေမဲ့ သူက ကျွန်တော့်ကို ဘာမှလဲပြန်မပြော လက်ကိုလည်း မလွှတ်ပဲ စိုက်ကြည့်နေခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"လက်ကို လွှတ်ဦးလေ...."
ဆိုလာတဲ့ အသံလေးကြောင့် သူ လှည့်ကြည့်လိုက်သည်။
၁၆ နှစ်အရွယ် Kai က ချစ်ဖို့ပဲကောင်းတယ်ဆိုလျှင် ၁၈နှစ်အရွယ် Kai က ချောလာတယ်လို့ပြောရမည်။ သူကတော့ ချောလာတယ်ဆိုတာထက် လှတယ်လို့ပိုပြောချင်သည်။ Kai က ယောင်္ကျားလေးတစ်ယောက်ဖြစ်နေပေမဲ့လည်းပေါ့.......။
မျက်ဝန်းညိုများကလည်း ခုထိ ကလေးတစ်ယောက်ရဲ့ မျက်ဝန်းများလို ဖြူစင်နေတုန်း......။
ခါးထိ ရှည်လျားသော ငွေမှင်ရောင်ဆံပင်များက မိန်းကလေးများပင် အားကျမနာလိုရလောက်တဲ့အထိ လှလွန်းသည်။ ငွေရောင် ဆံပင်များပေါ်က အနီရောင်နှင်းဆီပန်းများနဲ့ အဖြူရောင်ပန်းငယ်လေးများ ရောယှက်ထားသည့် ပန်းခွေလေးက Kaiကို လှချင်တိုင်း လှနေစေပြန်သည်။
"ဘာကြည့်နေတာလဲ....လွှတ်ပါဆိုမှ...."
ပြောရင်း နီလာသော Kai ရဲ့ ပါးလေးနှစ်ဖက်ကြောင့် သူ ခပ်ဖွဖွရယ်လိုက်သည်။
"မလွှတ်ချင်ဘူး...."
သူ့စကားကို မျက်လုံးလေးပြူးပြီးပြန်ကြည့်လာခဲ့သည်။
"ဘာကြီး...."
"လက်ကို မလွှတ်ချင်ဘူးလို့...."
"ဘာလို့လဲ...."
"မင်းရဲ့လက်ကိုကိုင်ထားချင်လို့...."
"ဘာလို့လဲ....."
"ချစ်လို့......"
အတည်ပေါက်နဲ့ပြောလိုက်သော သူ့ကို အစတည်းက ပြူးပြီးကြည့်နေသော မျက်ဝန်းများ ပိုမိုဝိုင်းစက်လို့သွားခဲ့သည်။
"အာ....ဘာတွေပြောနေတာလဲ...... ခင်ဗျားကလည်း...."
Kai တစ်ယောက် သူ့လက်များကို Sehun လက်ထဲက အတင်းဆွဲထုတ်ပြီး ထွက်ပြေးသွားခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော် အခန်းထဲကို ပြေးဝင်ပြီး တံခါးပိတ်ကာ ရင်ဘတ်ကိုလက်နဲ့ဖိလျက် ရပ်နေမိသည်။
'ချစ်လို့......'
နားထဲက မထွက်တော့တဲ့ Sehun ရဲ့ အသံ....။
တဖြည်းဖြည်း ပိုမြန်လာတဲ့ ရင်ခုန်နှုန်း.....။
"Jongin....."
ဖေဖေ့ရဲ့ အော်ခေါ်သံကြောင့် လန့်သွားခဲ့သည်။
"ဗျာ ဖေဖေ"
"အဖေ့ကို ဒီစာရင်းလေးတွေ လာကူလုပ်ပေး ပါဦး..."
"ဟုတ် လာပြီ ဖေဖေ..."
ဖေဖေ့ အလုပ်ခန်းထဲရောက်တော့ ဖေဖေ့နားထိုင်နေတဲ့ Sehun.....။
သူ့ကို တွေ့လို့ ခေါင်းငုံ့သွားတဲ့ ကျွန်တော့်ကို ပြုံးတုံ့တုံ့နဲ့ ကြည့်နေလေရဲ့......။
'ဘာလဲကွာ.....ခင်ဗျားက တကယ်ပြောတာလား စတာလား.....ကျွန်တော်ကတော့ ရူးတော့မှာပါ.....'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
A/n- 😁😁 osh နာ့ခလေးကို မစပါနဲ့ 😁😁 feedback please 😚