ပုံပြင်-၂

3K 310 10
                                    

"ဖေဖေ သူ အဆင်ပြေရဲ့လား.... စိုးရိမ်ရသေးလားဟင်....."

ကျွန်တော် ဖေဖေ့ကို တိုးတိတ်စွာမေးလိုက်သည်။

"သား....Kai.. ...သမားတော်က လွန်ခဲ့တဲ့ ငါးရက်လောက်တည်းက မစိုးရိမ်ရတော့ဘူးလို့ပြောသွားတယ်လေ......"

"ဟီး...ဟုတ်သားပဲ မေ့သွားတယ်.. ...."

"ဘာလဲ...ငါ့သားက စိတ်ပူနေတယ်ပေါ့..ဟုတ်​လား "

"အင်းလေ...တော်ကြာ သေသွားရင် ဘယ်လိုလုပ်မလဲ..."

"ဒါပေါ့ ဒါပေါ့....အေးလေ...ကောင်လေး ရုပ်ရည်လေးကြည့်ရတာ ငါ့သား စိတ်ပူလည်း ပူလောက်ပါပေတယ်လေ...."

တွေးတွေးဆဆ ပြောလာသော ဖေဖေ့စကားကို ရုတ်တရက်မို့ သဘောမပေါက်မိလိုက်...။ ပြီးမှ......

"ဟာဗျာ....ဖေဖေ ကလည်း....ဘာတွေပြောနေတာလဲ....."

ဖေဖေကတော့ ကျွန်တော့်ကို ရီ၍သာ အခန်းထဲကထွက်သွားလေသည်။

ကျွန်တော့်မျက်နှာကို ခုချိန်ပြန်သာမြင်ရမည်ဆိုလျှင် ပါးတွေရဲနေမှာ သေချာမည်ဖြစ်သည်။

ဒါပေမဲ့လည်း ဖေဖေ့စကားက သိပ်တော့မမှားလှ.....။

ကျွန်တော် မြစ်ကမ်းဘေးမှာ တွေ့ခဲ့တဲ့ ကောင်လေးကို အိမ်ခေါ်လာပြီး ဆေးကုပေးခဲ့သည်မှာ ဒီနေ့နဲ့ဆို တစ်ပတ် နဲ့ သုံးရက် မြောက်လေပြီ။ တစ်ပတ်လုံး လည်း သတိပြန်ရမလာချေ။ သူ သတိမရတဲ့ အတောအတွင်း ကျွန်တော်ပဲ သူ့ကို သန့်ရှင်းရေးလုပ်ပေး....ဆေးတိုက်ပေး.....ခေါင်းကပတ်တီးလဲပေး......လူနာစောင့်ပေး.......အကုန်လုပ်ပေးခဲ့၏။

"ဒီမှာ.....ခင်ဗျားကတော့ နိုးလာရင် ကျွန်တော် အရင် ကျေးဇူးတင်ရမယ်..သိလား....ဟင့်အင်း မဟုတ်သေးဘူး...Mongu ကို အရင်တင်ရမှာ.....သူ့ကြောင့်မဟုတ်ရင် ကျွန်တော်လည်း ခင်ဗျားကို တွေ့မှာမဟုတ်ဘူး.....သိလား....."

ကျွန်တော် အိပ်ရာပေါ်က ကောင်လေး ကိုရေပတ် တိုက်ပေးရင်း စကားတွေ ပြောနေမိလိုက်သည်။ ဘာကြောင့်မှန်းတော့မသိ.....ကျွန်တော် သူနဲ့ စကားတွေ အများကြီး ပြောချင်မိသည်။ ကောင်လေးရဲ့အသံကိုလည်း ကြားဖူးချင်မိသည်။ ဘယ်တော့များ သတိရလာမလဲဆိုပြီး စောင့်နေမိ၏။

 ဒဏ္ဍာရီ Where stories live. Discover now