ပုံပြင်-၁၀

2.2K 256 15
                                    

"Kai.....အချစ်...."

တကယ်တမ်း သွားရတော့မယ်ဆိုတော့ သူ့ချစ်သူလေးကို မခွဲနိုင်....။

"Sehun......."

ဘေးမှာရပ်နေတဲ့ Chanyeolနဲ့Baekhyun ကိုပင် ဂရုမစိုက်ပဲ သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးလာတဲ့ ချစ်သူရဲ့ငွေရောင်ဆံနွယ်များကို တယုတယနမ်းရှိုက်ရင်း ထွေးပွေ့ထားမိသည်။

"သေချာပေါက် ပြန်လာရမယ်နော်...ပြန်လာမယ်မလားဟင်.....ကျွန်တော့်ကို ကတိပေးပြီးသားနော်.....ပျက်လို့မရဘူးဆိုတာ သိတယ်မလား....."

"ကိုယ်ကတိပေးပြီးရင် ဘယ်တုန်းကများပျက်ဖူးလို့လဲ....."

"ပြီးတော့....ပြီးတော့........ကျွန်တော့်ကိုပဲ သတိရရမယ်နော်.....တခြားသူတွေကို မကြည့်ရဘူးနော်...."

Kaiရဲ့ ချစ်စရာသဝန်စကားလေးကို Sehun သဘောကျစွာ ရယ်မောပြီး...

"အချစ်ကလည်း....တခြားသူတွေကို မကြည့်နဲ့ဆိုတော့ ကိုယ်က မျက်လုံးကြီးမှိတ်ပြီးနေနေရမှာလား....ပြော...."

သူ့ကို မျက်စောင်းထိုးပြီး လက်ထဲကရုန်းထွက်ဖို့ကြိုးစားနေတဲ့ ကောင်လေးကို အတင်းပြန်ဖက်ထားရင်း....

"စတာ....စတာ....စိတ်မဆိုးပါနဲ့ အချစ်ရယ်.....ကိုယ်က မင်းကလွဲပြီး...ဘယ်သူ့ကိုမှမမြင်တာ သိသားနဲ့....."

"ကျွန်တော် စောင့်နေမှာ သိတယ်မလား..... ဘယ်လောက်ထိပဲကြာကြာ......
ကျွန်တော့်ဆီ ပြန်လာမယ်ဆိုတဲ့ ယုံကြည်ချက်လေးတစ်ခုတည်းနဲ့ Sehunပြန်လာတဲ့အချိန်ထိ ကျွန်တော်ပြုံးထားမယ်...."

ချစ်သူရဲ့ စကားလေးတစ်ခွန်းက သူ့ကို ပြုစားနိုင်လွန်းသည်။

"ကိုယ် မင်းကို ပြောမပြတတ်အောင် ချစ်တယ်....အချစ်.....ဒါတော့ အကြွင်းမဲ့ယုံပေးပါကွာ....."

Kaiရဲ့ နဖူးပေါ်ဝဲကျနေသော ဆံစနုနုများအား သပ်တင်ပေးရင်း မျက်နှာလှလှလေးနဲ့ မျက်ဝန်းကြည်ကြည်များကို အလွတ်ကျက်နေမိသည်။

"Shixun....သွားရအောင်......နောက်ကျတော့မယ်...."

Chanyeolရဲ့ ခေါ်သံကို မကျေနပ်စွာ ညည်းညူလိုက်တဲ့ သူ့ကို Kaiက အလှပဆုံးပြုံးပြခဲ့ပေမဲ့ မျက်ဝန်းညိုများကတော့ ဝမ်းနည်းမှုကို သိုဝှက်မထားနိုင်ခဲ့ပေ....။

 ဒဏ္ဍာရီ Where stories live. Discover now