"Sehun.. ....သား...ခဏနေရင်.....Beakhyun တို့အိမ်မှာ Jongin ကို သွားခေါ်ပေးပါဦး....အဖေ ဒီမှာ သူ့ကို ခိုင်းစရာလေးတွေရှိလို့....."
"ဟုတ်ကဲ့ အဖေ....."
Sehun နောက်ဖေးမှာ ထင်းခွဲနေရာမှ ပြန်ဖြေလိုက်၏။ Kai ကို သွားခေါ်ရန် အလုပ်ကို မြန်မြန် လက်စသတ်လိုက်ပြီး အိမ်ကထွက်ခဲ့လိုက်သည်။
Sehun Kai တို့နဲ့အတူတူနေတာ ၂နှစ် ကျော်လာပြီဖြစ်သည်။ Kaiရဲ့အဖေကလည်း သူ့ကို သားအရင်းတစ်ယောက်လို သဘောထားသည်။ ရွာကလူတွေအာလုံးကလည်း Sehun ကို သူတို့ရွာလူကြီးရဲ့ မွေးစားသားအဖြစ် လက်ခံထားကြသည်။ သူ ဒီရွာလေးမှာ နေရတာ ပျော်နေမိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Baekie ငါ့ကို ဟိုပန်းအဖြူလေး လှမ်းပေးပါဦး..."သောကြာနေ့ဆိုလျှင် ကျွန်တော်အမြဲတမ်း Baekhyun ရဲ့အိမ်ကိုလာပြီး သူ့တူနဲ့တူမလေးကို ကူထိန်းပေးလေ့ရှိသည်။ ခုတော့ ကလေးနှစ်ယောက် အိပ်ပျော်သွားသဖြင့် ဥယျာဉ်ထဲက သစ်ပင်အောက်မှာ နှစ်ယောက်သားထိုင်ရင်း Baekie ရဲ့တူမလေးအတွက် ပန်းသရဖူလေးတွေ လုပ်ပေးနေခြင်းကြဖြစ်သည်။
Baekhyun က ပန်းကိုလှမ်းပေးရင်း.......
"Jongin မင်းနဲ့ မင်းလူကြီး အခြေအနေဘယ်လိုရှိလဲဟင်...."
အဆုံးအစမရှိ မေးလိုက်သော Baekie ရဲ့စကားကြောင့် ကျွန်တော် ကြောင်သွားကာ....
"ဘယ်လူကြီးလဲ......မင့်ဟာက ငါ့ကို အဆုံးမရှိအစမရှိ.....ဘာလဲ"
"ဘာဘယ်လူကြီးရမှာလဲ Jongie မသိချင်ယောင်ဆောင်မနေပါနဲ့ဟာ....."
"ဟမ် ငါက ဘာကို မသိချင်ယောင်ဆောင်ရမှာလဲ...."
"ဟာ....မင်းကလည်း....မင့်လူကြီး Sehun လေကွာ...."
ကျွန်တော် လုပ်ပြီးသွားသော ပန်းခွေလေးကို Baekie ကို ကမ်းပေးလိုက်သည်။
"ဩော်.....နေပါဦး.....သူက ဘာလို့ ငါ့လူကြီးဖြစ်ရမှာလဲ.....ပြီးတော့ သူနဲ့ငါက ဘာဖြစ်နေလို့ ဘယ်အခြေအနေရောက်ရမှာလဲ...."
ကျွန်တော် ပြောလို့သာပြောလိုက်ရတယ်.....ကိုယ့်လိပ်ပြာ ကိုယ်သိပ်မလုံချင်....။ ဒါပေမဲ့ ဘုရားစူးရပါစေရဲ့...သူ နဲ့ ကျွန်တော် ဘာဆိုဘာမှမဟုတ်ရပါဘူး.....။ တစ်ခါတစ်လေ ရင်ခုန်သံတွေ မြန်လာတတ်တာကလွဲလို့ပေါ့....။
YOU ARE READING
ဒဏ္ဍာရီ
RandomA story of an emperor and a village boy who fall in love with each other...... Oh Sehun Kim Jongin Sekai Kaihun Chinese historical era