My Winter Story

By jiyeonee

15.7K 1.8K 270

(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံ... More

Part-2
Part-3
Part-4
part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27(Final)

part-1

1.5K 83 1
By jiyeonee

(Zawgyi)




15မိနစ်

မိနစ်30

1နာရီ





1နာရီခွဲ

2နာရီ



နဲ့နွေးထွေးသွားသလို







modelတစ်ယောက်လို

"Nam Woo Hyun"






ဘယ်သူကထင်မှာလဲ


နွေးထွေးမှုမရှိဘူး







တစ်ယောက်လို









အတိအကျပြောရရင်
ကျောင်uးniformအပေါ်အကျီင်္တစ်ထည်

အမှောင်ရိပ်ကျတဲ့နေရာမှာရပ်နေတဲ့အတွက်အကျီင်္ပိုင်ရှင်ကိုတော့သဲသဲကွဲကွဲမမြင်ရ


"ဟင်...မလိုပါဘူး...ရပါ......"


'Kim Myung Soo
Seoul High School'

မှောင်နေသော်လည်းအထင်းသားပေါ်နေသည့်အကျီင်္ပေါ်က နာမည်နဲ့ကျောင်းတံဆိပ်

.............................

~Kyung Hee University~













ထိုင်ဖတ်နေသော သူ


ကြီးငေးကြည့်နေချင်စရာကောင်းတဲ့ရှု ခင်းတစ်ခုလို



"oppa...ဒါလေး"


"onn...ကျေးဇူး"



"onn"


"onn"


"onn"


ကောင်းပုံမပေါ်


...........................

မရှိတော့သောlibrary




တိုက်ခတ်နေကြသည်

နေသလို


သည်

တစ်ခုလို.........



"ဟူး...တော်ပါသေးရဲ့"


"ahhhhhhhhhhhhh"

~~~~~~~~~~~~~~~~


(Unicode)

ဆောင်းဝင်ကာစနိုဝင်ဘာညတစ်ည

မီးရောင်မှိန်မှိန်နဲ့လူခြေတိတ်နေတဲ့လမ်းကလေး

အေးစက်စက်လေညှင်းတွေကြောင့်ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့အခိုက်အတန့်

15မိနစ်

မိနစ်30

1နာရီ

1နာရီနီးပါးရပ်စောင့်ထားရတာကြောင့်ခြေထောက်ပင်ကောင်းကောင်းမရပ်နိုင်တော့

ဝတ်ထားတဲ့အနွေးထည်ပါးပါးကလည်းအအေးဒဏ်ကို ဆက်ကာကွယ်နိုင်မယ့်ပုံမပေါ်တော့

ဖုန်းဆက်ပြန်တော့လည်းမကိုင်

ဒါကတစ်ကြိမ်နှစ်ကြိမ်မှမဟုတ်တော့တာ မိုးရွာထဲမှာဘဲဖြစ်ဖြစ် နေပူထဲမှာဘဲဖြစ်ဖြစ် ကျွန်မသူ့ကိုအကြိမ်ပေါင်းများစွာစောင့်လာခဲ့တာဘဲ
စောင့်ဆိုင်းရခြင်းကသူ့ကိုချစ်မိခဲ့တာကြောင့်ကျွန်မရလိုက်တဲ့ပြစ်ဒဏ်တွေထဲကတစ်ခုဘဲလေ ကျွန်မခံနိုင်ရည်ရှိပါတယ်

1နာရီခွဲ

2နာရီ

ဟော...ရောက်လာပါပြီ...ကျွန်မရဲ့မင်းသားလေး

မှောင်နေတဲ့လမ်းဟာသူဝင်လာလိုက်တာနဲ့လင်းထိန်သွားသလို

ချမ်းအေးနေတဲ့ပတ်ဝန်းကျင်ဟာသူရောက်လာတာနဲ့နွေးထွေးသွားသလို

စောင့်ခဲ့ရတဲ့အချိန်2နာရီဟာ2စက္ကန့်
့လောက်တောင်မကြာတော့သလို

သူ့ကိုမြင်လိုက်ရုံနဲ့ အရာရာဟာကျွန်မအတွက်လှပသွားခဲ့တယ်

နဖူးထိဖုံးကျနေတဲ့အညို ရောင်ဆံပင်လေးတွေ

စူးရှလွန်းတဲ့သူ့အကြည့်တွေ

ပဟေဋ္ဌိဆန်တဲ့သူ့အပြုံ းတွေ

ပြီးတော့ အရမ်းမရှည်အရမ်းမပုဘဲကြည့်ကောင်းတဲ့အရပ်နဲ့အချိ ု းအစားကျတဲ့ခန္ဓာကိုယ်

အမြဲတမ်းstyleကျကျဝတ်တတ်စားတတ်တဲ့သူဟာမသိရင်modelတစ်ယောက်လို

တစ်ကျောင်းလုံးကမိန်းကလေးတွေ
တမ်းတမ်းစွဲဖြစ်နေရတဲ့ကျောင်းရဲ့king
"Nam Woo Hyun"

အထက်တန်းကျောင်းသူဘဝတုန်းကစာတွေမကျက်နိုင် စာမေးပွဲတွေမဖြေနိုင်ရလောက်အောင်အသေအလဲကြိုက်ခဲ့ရတဲ့idolတွေထက် dramaတွေကြည့်ရင်းအရမ်းကို
စွဲမက်ခဲ့ရတဲ့ရုပ်ရှင်မင်းသားတွေထက် သူဟာကျွန်မကိုပိုရူးသွပ်အောင်လုပ်နိုင်ခဲ့တယ်

ကျွန်မတစ်ဖက်သတ်ချစ်ခဲ့ရတဲ့seniorတစ်ယောက်

တစ်ချိန်ကသူဟာကျွန်မမျှော်လင့်လို့မရတဲ့အိပ်မက်တစ်ခု

အခုတော့သူဟာကျွန်မပိုင်ဆိုင်ထားတဲ့ကျွန်မရဲ့ချစ်သူ

စဉ်းစားကြည့်ရင်ယုံချင်စရာမရှိတဲ့ပုံပြင်တစ်ပုဒ်လိုဘဲ

ဘယ်သူကထင်မှာလဲ
နှစ်နှစ်နီးပါးကြိတ်ကြွေနေရတဲ့crushကကျွန်မအပေါ်မှာလည်းခံစားချက်ရှိနေလိမ့်မယ်လို့

အဲ့ဒီနေ့ကအရမ်းပျော်ခဲ့ရတာ
ကျွန်မအကြိုက်ဆုံးအဖြူ ရောင်နှင်းဆီပန်းတွေနဲ့သူဖွင့်ပြောခဲ့တုန်းက ကမ္ဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်လိုက်ရသလိုပဲ
တကယ်ပဲ ကျွန်မရဲ့အချစ်ဇာတ်လမ်းဟာနတ်သမီးပုံပြင်တွေထက်ကိုဆန်းကြယ်ခဲ့တာ

ဒါပေမယ့် သူ့ရဲ့အချစ်တွေဟာကျွန်မထင်ထားသလောက်မချိ ု မြိန်ခဲ့ဘူး ကျွန်မတို့နှစ်ယောက်ရဲ့ပတ်သက်မှုဟာသိပ်ပြီးနွေးထွေးမှုမရှိဘူး
သူဟာကျွန်မနဲ့ပတ်သက်လာရင်သိပ်အလေးအနက်မထားတတ်ဘူး ကျွန်မကိုသိပ်ဂရုစိုက်လေ့မရှိဘူး တခါတလေကျရင်သူကျွန်မကိုချစ်ရောချစ်ရဲ့လားလို့တောင်သံသယဝင်မိတယ်

ဘာပဲဖြစ်ဖြစ်ပါ ကျွန်မသူ့နားမှာရှိခွင့်ရရုံ ကျွန်မဟာသူ့ရဲ့မိန်းကလေးဖြစ်ခွင့်ရရုံနဲ့တင် ကျေနပ်တယ် သူ့အတွက်အရာရာကိုပေးဆပ်နေချင်တယ် ကျွန်မအတွက် ပျော်ရွှင်မှုဆိုတာကိုသူကပဲဖန်ဆင်းပေးနိုင်တယ်

"soeunah...miyan...စောင့်ရတာကြာသွားလား ကိုယ်အိပ်ပျော်သွားလို့"

"ဟင့်အင်း...ခုနကမှရောက်တာ"

ဟုတ်တယ် အကြာကြီးစောင့်လိုက်ရတယ် 2နာရီလောက်ရှိနေပြီ

အဲ့လိုအမှန်အတိုင်းပြောပြီးစိတ်ဆိုးစိတ်ကောက်သင့်ပေမယ့်ကျွန်မ သူ့ကို နည်းနည်းလေးမှတောင်အပြစ်မတင်ရက်ခဲ့ဘူး

သူ့ကိုအဲ့လောက်တောင်ပဲချစ်နေခဲ့မိတာလား

ကျွန်မနဲ့ဆန့်ကျင်ဘက် သူကတော့အနွေးထည်အထပ်ထပ်အပြင်သိုးမွေးခေါင်းစွပ်နဲ့ရောက်ချလာတယ် အခုလိုကျတော့လည်းသူဟာဘာမှမသိတဲ့ကလေးလေးတစ်ယောက်လို

"ahh...နိုဝင်ဘာဘဲရှိသေးတာကို အရမ်းအေးတာဘဲနော်"

dramaကားတွေထဲလိုမင်းသမီးအေးနေလို့မင်းသားကသူ့အပေါ်အင်္ကျီချွတ်ပြီးမင်းသမီးကိုပေးသလိုများလုပ်ပေးမလားဆိုတဲ့စိတ်ကူးနဲ့ကျွန်မသူ့ကိုပြောလိုက်တယ်

"အဲ့ဒါဆိုပြန်လိုက်တော့လေ...မှောင်လည်းမှောင်နေပြီ နောက်နေ့မှတွေ့ကြရအောင်...ကိုယ်ဖုန်းဆက်လိုက်မယ်"

ကျွန်မဆီကအဖြေကိုတောင်မစောင့်ဘဲပြောချင်တာပြောပြီးသူလှည့်ထွက်သွားခဲ့တယ်

သေလိုက်ပါတော့လားsoeunရယ်
aigoo......ပြောမိတဲ့ငါ့အမှား
တကယ်ဆိုရင်"Oppa...မသွားပါနဲ့"
ဆိုပြီးကျွန်မသူ့ကိုဆွဲထားခဲ့သင့်တာ
ဟူး......2နာရီနီးပါးစောင့်ရကျိ ု းမနပ်လိုက်တာ

သူထွက်သွားမှလေတွေပိုတိုက်လာသလို ပိုအေးလာသလို

လှည့်ထွက်သွားတဲ့သူ့ရဲ့ကျောပြင်တဖြည်းဖြည်းမှုန်ဝါးပြီးမြင်ကွင်းကနေပျောက်ကွယ်သွားတဲ့အထိငေးကြည့်နေခဲ့မိတယ်

တောင့်နေတဲ့ခြေထောက်တွေကိုမနည်းပြန်လှုပ်ရှားပြီးအိမ်ပြန်ဖို့အလုပ်......အဲ့ဒီအချိန်......ရုတ်တရပ် ကျွန်မကျောပေါ်လွှမ်းခြုံ လိုက်တဲ့အနွေးထည်တစ်ထည်

အတိအကျပြောရရင်
ကျောင်းuniformအပေါ်အကျီၤတစ်ထည်

အမှောင်ရိပ်ကျတဲ့နေရာမှာရပ်နေတဲ့အတွက်အကျီၤပိုင်ရှင်ကိုတော့သဲသဲကွဲကွဲမမြင်ရ

"noonaနောက်ဆိုအနွေးထည်ထူထူဝတ်ခဲ့ပါ အပြင်မှာအရမ်းအေးတယ်"

"ဟင်...မလိုပါဘူး...ရပါ......"

သူပြောလို့ပြီးတာနဲ့ထိုကောင်လေးချက်ချင်းပြေးထွက်သွားခဲ့တယ်...ကျွန်မတောင်စကားဆုံးအောင်မပြောလိုက်ရဘူး

'Kim Myung Soo
Seoul High School'

မှောင်နေသော်လည်းအထင်းသားပေါ်နေသည့်အကျီၤပေါ်က နာမည်နဲ့ကျောင်းတံဆိပ်

.............................

~Kyung Hee University~

ကျောင်းထဲဝင်လိုက်တယ်ဆိုရင်ဘဲတချိ ု့သောမိန်းကလေးများကျွန်မကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်

ထူးထူးခြားခြားပြင်ဆင်ထားခြင်းမရှိတဲ့မျက်နှာ

အနက်ရောင်အဖြောင့်အရှည်ဆံပင်ပုံစံတုံးတုံး

ရိုးရှင်းလွန်းတဲ့ခပ်မှိုင်းမှိုင်းအရောင်အင်္ကျီနဲ့စကတ်

မိတ်ကပ်အဖွေးသားcolourရောင်စုံနဲ့ကျော့မော့နေအောင်ဝတ်စားထားကြတဲ့ကျောင်းသူများနဲ့ယှဉ်လိုက်ရင်ကျွန်မဟာတကယ့်ကိုတောဂိုက်စတိုင်

ဘယ်သူမှကျွန်မအကြောင်းကိုစိတ်မဝင်စားခဲ့ကြ
အခုတော့'Kang So Eun'လို့ပြောလိုက်ရင်မသိတဲ့သူမရှိတော့...ကောင်းသောကျော်ကြားခြင်းနဲ့တော့မဟုတ်

"seniorကသူ့ကိုဘယ်နေရာကြည့်ပြီးကြို က်လဲမသိဘူး"

"woohyunနဲ့တန်ကိုမတန်တာပါဟယ်"

"ငါတို့woohyunနဲ့တွဲရအောင်သူ့ကိုယ်သူဘာမှတ်နေလဲမသိဘူး"

စသဖြင့်စသဖြင့်သောဂုဏ်ပုဒ်များနှင့်ကျော်ကြားခြင်းသာ

Nam woohyunရဲ့fanများအားလုံးဟာကျွန်မရဲ့
anti-fanများဖြစ်လာကြသည် ဒါဟာလည်းသူ့ကိုချစ်မိခြင်းရဲ့ပြစ်ဒဏ်တစ်ခုပါပဲလေ

နံနက်စောစောအချိန်ဖြစ်တာကြောင့်libraryမှာလူသိပ်မရှိ ကျွန်မသူ့ကိုကြာကြာမရှာလိုက်ရပါ

ပြတင်းပေါက်နားကစားပွဲတစ်ခုတွင်အကျအနစာအုပ်ထိုင်ဖတ်နေသော သူ

နေရောင်ကြောင့်အရောင်တောက်နေတဲ့သူ့ဆံပင်လေးတွေ

ဘယ်အချိန်ကြည့်ကြည့်ခန့်ညားလွန်းတဲ့သူ့ပုံစံဟာအကြာကြီးငေးကြည့်နေချင်စရာကောင်းတဲ့ရှုု ခင်းတစ်ခုလို

"yah!အပေါက်ဝမှာပိတ်ရပ်မနေနဲ့ ဝင်မယ်ဆိုလည်းမြန်မြန်ဝင်"

အနောက်ကကျောင်းသားတစ်ယောက်အသံကြောင့်ငမ်းနေတာတွေတောင်ဘယ်ရောက်သွားမှန်းမသိ ခပ်သွက်သွက်ဝင်ပြီးကျွန်မသူ့အရှေ့တွင်ဝင်ထိုင်လိုက်သည်
ဒါပေမယ့်...သူ့အကြည့်တွေကကျွန်မဆီရောက်မလာခဲ့ စာအုပ်မှာရှိစမြဲပဲ

"oppa...ဒါလေး"

သူအရမ်းကြို က်တဲ့ငှက်ပျောသီးနို့ဘူးလေးကိုကျွန်မနေ့တိုင်း သူ့အတွက်ဝယ်လာပေးနေကျ

"onn...ကျေးဇူး"

စာအုပ်ဆီကလုံးဝအကြည့်မလွှဲဘဲကျွန်မလှမ်းပေးသောနို့ဘူးကိုဆွဲယူရင်းဖောက်သောက်လိုက်သည်

"oppaရောက်နေတာကြာပြီလား"

"onn"

"ဒီနေ့အတန်းချိန်တွေအများကြီးရှိလား"

"onn"

"စာအုပ်ကဖတ်လို့ကောင်းလား"

"onn"

ကျွန်မဘာပြောပြောသူ့ဆီက"onn"ဆိုသောစကားမှလွဲ၍ကျန်တာထွက်မလာခဲ့

ကျွန်မဟာသူဖတ်နေတဲ့စာအုပ်လောက်စိတ်ဝင်စားစရာကောင်းပုံမပေါ်

ဘာမှလုပ်စရာမရှိတာနဲ့ဘဲတွေ့တဲ့စာအုပ်ဆွဲယူပြီးငြိမ်ငြိမ်လေးထိုင်ဖတ်နေလိုက်သည်

...........................

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကလူတစ်ယောက်မှမရှိတော့သောlibrary
ဘုရားရေ!ကျွန်မအိပ်ပျော်သွားတာလား!
အချိန်ကိုကြည့်လိုက်တော့6နာရီကျော်နေပြီ

နံနက်8နာရီလောက်ထဲကည6နာရီကျော်တဲ့အထိစားပွဲပေါ်မှာမှောက်လျက်အိပ်ပျော်သွားတဲ့ကိုယ့်ကိုကိုယ်အံ့သြလို့မဆုံးနိုင်ဘူး...အတန်းလည်းတစ်ချိန်မှမတတ်လိုက်ရဘူး Nam woohyunတို့ရက်စက်ချက် နည်းနည်းပါးပါးနှိုးသွားမယ်မရှိဘူး

busကားကိုအကြာကြီးစောင့်လိုက်ရတာကြောင့်ဆင်းရမယ့်မှတ်တိုင်ရောက်တော့အချိန်က7နာရီကျော်လောက်ရှိနေပြီ မှတ်တိုင်ကနေအိမ်အထိအတော်လျှောက်ရဦးမည်

လူခြေတိတ်နေတဲ့လမ်းဟာမှောင်သထက်မှောင်လာသည်

ဆောင်းရာသီရဲ့လေပြင်းတွေဟာလည်းဦးတည်ချက်မဲ့စွာ
တိုက်ခတ်နေကြသည်

ကိုယ့်ခြေလှမ်းသံကိုပြန်ကြားနေရသည်အထိတိတ်ဆိတ်လွန်းတဲ့ပတ်ဝန်းကျင်ဟာသတ္တိမရှိတဲ့ကျွန်မကိုခြောက်လှန့်နေသလို

ရုတ်တရပ်...... ကျွန်မနောက်မှခပ်မြန်မြန်လျှောက်လှမ်းလာတဲ့ခြေလှမ်းတစ်စုံရဲ့အသံကတိတ်ဆိတ်မှုကိုဖြို ခွင်းလိုက်သည်

နောက်လှည့်ကြည့်လိုက်တော့ မသင်္ကာစရာလူတစ်ယောက်ကျွန်မဆီကိုဦးတည်လာနေ
သည်

အခုဖြစ်ပျက်နေတဲ့ပုံစံဟာ ညဘက်လမ်းအမှောင်မှာ တစ်ယောက်တည်းအိမ်ပြန်လာတဲ့မိန်းကလေးကိုလူသတ်သမားကသတ်ဖို့လိုက်လာတဲ့ရုပ်ရှင်ထဲကဇာတ်ဝင်ခန်း
တစ်ခုလို.........

ထိုကြောက်လန့်ဖွယ်အတွေးကကျွန်မခြေလှမ်း
များကိုအရှိန်မြန်လာစေသည် ထိုသူ၏ခြေလှမ်းများမှာလည်းပို၍မြန်ဆန်လာသလို

လမ်းတစ်နေရာအရောက်တွင်ထိုသူအားမတွေ့တော့ ဆက်လိုက်လာသည့်အရိပ်အယောင်လည်းမတွေ့ရတော့

"ဟူး...တော်ပါသေးရဲ့"

သို့သော် ကျွန်မရှေ့သို့ပြန်အလှည့်

"ahhhhhhhhhhhhh"

~~~~~~~~~~~~~~~~

wattpadမှာပထမဆုံးအကြိမ်ရေးခြင်းမို့လို့အမှားတွေပါသွားရင်ခွင့်လွှတ်ပေးကြပါနော်
If u enjoy reading,please vote and give feedback what u think:D
Hope you guys like my story^_^

Continue Reading

You'll Also Like

15.7K 1.8K 27
(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံးပျော်နေကြတယ် ခရစ်စမတ်တေးသီချင်းသံတွေနေရ...
2K 137 14
#minkey "ယောက်ျား​လေးတိုင်းကို ငါ ချစ်​တာမဟုတ်​ဘူး​နော်​... ​ Choi Minhoဆိုတဲ့ ​မင်းကိုပဲ ငါ ချစ်​တာပါ ​မောင်​..." "​ကျွန်​​တော့်​ အချစ်​​တွေအားလံ...
10.4K 652 16
ငယ်​ငယ်​တုန်းကခဏခဏ​တွေးခဲ့ဖူးတယ်​ သူမကိုချစ်​မိတဲ့သူကမျက်​စိမ​ကောင်းရုံတင်​မဟုတ်​ ဦး​နှောက်​ပါမ​ကောင်းတဲ့သူပဲဖြစ်​လိမ့်​မယ်​လို့ ​ရွေးတတ်​တဲ့အမြ...