ဥအရှုပ်တော်ပုံ

By piggy_dream

65.9K 6.1K 210

More

မြေးလုကြခြင်း
ကလေးပျောက်ရှာဖွေခြင်းနှင့်ရွာကဇာတ်ဆောင်များ
သူတို့နှစ်ယောက်နှင့် ရွာဦးကျောင်းဆရာတော်
အသုဘရှင်နှင့် အလှူ့ဒကာ
ဥပြသနာနှင့် ဧည့်သည်တစ်ယောက်ရောက်ရှိလာခြင်း
မြို့သားနှင့်ဥခွဲဝေကြခြင်း
မြို့သားနှင့်သူငယ်ချင်းများအားအထင်လွဲခြင်း
သူကြီးအပ်ထားသောဂေါ်လီများ
တရားသူကြီး Baekhyunနှင့် ဥအမှု
ရွာကသင်္ကြန်
ခေါင်းအုံးရိုက်ပွဲ
နတ်ကနားပွဲ

ParkChanyeolရဲ့ပြသနာ

2.9K 426 24
By piggy_dream

ကျုပ်တို့ရွာမယ် ခုတလောငြိမ်းအေးနေသဗျ

ငြိမ်းအေးနေတယ်ဆိုတာကရွာသားတွေမဟုတ်ဘူးကျုပ်

အစားမှားလို့ နတ်ဆေးရုံရောက်သွားတာလေ

ပြောရမယ်ဆို ဒီကိစ္စက ဟိုနှစ်ကောင်မှာတာဝန်ရှိတယ်
သိတယ်မလား ဟိုနှစ်ကောင်ကဘယ်သူတွေလဲဆိုတာ
သူတို့ဥပေါက်အောင် ... အဲ ကျုပ်ပြောတာ သူတို့မြေးကြက်ဥကိုပြောတာ

ဟိုWuဂလန်ဂလားက လာပို့သွားတာက ကော်ဖီနဲ့မုန့် သူကမြေးမလေးလိုချင်တာတဲ့ သူ့လိုလှတပတတဲ့
ပြောလို့ပြောတာမဟုတ်ဘူး သူကလှတယ်ဆိုတော့လေ
တဖြည်းဖြည်းဝပြဲလာတာကြာရင် ဓါတ်တိုင်ကနေ ငှက်ပျောပင်တုတ်တုတ်ကြီးလိုဖြစ်တော့မှာ
စိတ်တွေကုန်တယ် ကျုပ်ကနတ်ပေမယ့် နှလုံးကသိပ်ကောင်းတာမဟုတ်ဘူးဗျ
သူ့ကော်ဖီကလဲ ဘာတွေပါတယ်မသိပါဗျာ ရင်တွေတုန်လိုက်တာပြောမနေပါနက်
တကယ်က ကျုပ်ရင်တုန်တာသူ့ကော်ဖီကြောင့်မဟုတ်ဘူးသူ့ကြောင့် !
"ရွာစောင့်နတ်ကို ကော်ဖီတိုက်တယ်နော် သမီးလေးမွေးရင်မွေး မမွေးရင် နတ်ကွန်းမီးရှို့မှာ ဒါပဲ ရွာစောင့်နတ်က လိမ္မာပါတယ်နော် မိန်းကလေးဖြစ်အောင်ကူညီ အေးမဖြစ်လို့ကတော့ ခင်ဗျားလည်းဘုံပျောက်ပြီမှတ်" တဲ့

စဉ်းစားကြည့်ပါဗျာ စားလိုက်သောက်လိုက်ရတဲ့ကော်ဖီနဲ့မှမတန် ခြိမ်းခြောက်တာလား ဂျီကျတာလားမသဲကွဲဘူးရယ်
အဲ့မှာမပြီးသေးဘူး
နောက်တစ်ယောက် Doဂျာရစ်ရောက်လာပြန်ရော
သူကယူလာတာဂျယ်လီကိတ်တဲ့ မြို့ကတကူးတကမှာထားဆိုပဲ :3
အဲ့ဂျယ်လီလဲကျုပ်မှာစားပေးရတယ်ဗျာ

မစားလို့လည်းမရဘူး နတ်ဆိုတာပေးတာယူကျွေးတာစားရတာလေ :3
သူများရွာတွေတော့မသိဘူး
ကျုပ်တို့ရွာမှာဒီလိုပဲ

သူကလည်းပြောသွားတယ်
"ရွာစောင့်နတ် ကျုပ်ကတကူးတကမြို့ကမှာပြီးကျွေးတာနော် စားအခုစား နောက်မှမစားနဲ့အခုချက်ချင်းစား ပြီးရင် ကျုပ်သားနဲ့တူတဲ့မြေးယောကျာ်းလေးရအောင် လုပ်ပေး လျှာမရှည်နဲ့နော် ကျုပ်ကယောကျာ်းလေးဆိုယောကျာ်းလေးလိုက် ဟိုဂလန်ဂလားပြောတဲ့မိန်းကလေး မွေးလာရင် ခင်ဗျားနတ်ကွန်းကျုပ်ဖြိုမှာ မယုံစမ်းကြည့် ခုတော့ ဂျယ်လီကိတ်စားအုန်း အေး မိန်းကလေးဆိုခင်ဗျားလည်းဘုံပျောက်ပြီမှတ်တော့"

စဉ်းစားကြည့် သူကကျုပ်ကို လာခြိမ်းခြောက်သွားတာအာဋ္ဌာဝကလေသံနဲ့ ကျုပ်မှာဗျာ
မိန်းကလေးဖြစ်အောင်ကူမိလည်း ပြသနာ ယောကျာ်းလေးဆိုလည်းကျုပ်ဘဝကမတွေးရဲ
ရှိတာမှဥကလည်းတစ်လုံးတည်း
ဟုတ်တယ်ဗျာ တကယ်ပဲ အထီးဖြစ်တာအမဖြစ်တာကျုပ်နဲ့ဆိုင်မလား
biologicalကျကျတွေးကြည့် အဲ့ဒါကျုပ်နဲ့မဆိုင်ဘူး Doဂျာရစ် သားနဲ့ပဲဆိုင်တာ
အဲ့ဒါကိုဟိုကောင့်မပြောပဲကျုပ်လာပြောစရာလား
မတာတေ :3 နတ်တွေဆဲလားမမေးနဲ့ နတ်လဲစိတ်ညစ်ရင်ဆဲတယ်
လုပ်ပေးရအောင် ဟိုဂလန်ဂလားရဲ့ကြက်မကလည်းဥပါ့လား၂လုံး အာ့ဆိုလည်းကျုပ်ကူလို့ရသေး
ဒါမယ့် သူတို့ကျွေးတာတွေစားပြီးကျုပ်အစာအဆိပ်သင့်သွားတယ် နတ်ဆေးရုံတက်လိုက်ရတယ်ဗျာ ဒါနဲ့လည်းရွာနဲ့အဆက်အသွယ်ပျက်ကုန်တာ :3
ကျုပ်ဘဝလေးတော့အေးချမ်းတာပေါ့
ရာထူးတိုးစာမေးပွဲကလည်းရက်ရွှေ့တယ်ဗျာ
ကျုပ်မှာဒီရွာမှာဒီကောင်တွေနဲ့သောင်တင်အုန်းမယ်ထင်ရ :3

ကျုပ်အိမ်ပြန်ရောက် အဲ ...တိတိကျကျဆိုကျုပ်နတ်ကွန်းပေါ့ဗျာ
နားတောင်မနားရသေးပါဘူး တရွာလုံးအုန်းအုန်းအုန်းအုန်းဆိုတော့ ထကြည့်ရပြန်ရော
သိတယ်မလား တာဝန်နဲ့ဝတ္တရားလေ
ရန်ဖြစ်တာလားပွဲလုပ်တာလား မသိဘူး
အင်း ပွဲလုပ်တယ်ဆိုလည်းနောက်ဆုံးရန်ပွဲနဲ့ဆုံးတာပါပဲလေ
သိတယ်မလား ကျုပ်တို့ရွာလေ
နှယ်နှယ်ရ ရမှတ်လို့ ဘာလို့နှယ်နှယ်ရရမဟုတ်လဲမမေးနဲ့ကျုပ်လဲမသိဘူး

ကျုပ်ကိုတာဝန်လွှဲပေးသွားတဲ့ရွာစောင့်နတ် 2ယောက် Donghaeနဲ့Eunhyukပြောသွားတာ
သူတို့ကိုမေးတော့သူတို့လည်းမသိဘူး
အရင်နတ်ပြောသွားတာတဲ့
အဲ့တော့ဗျာ ဒီလိုပဲမှတ်ထား ဒီရွာကနှယ်နှယ်ရရမဟုတ်ဘူး

ဒါမယ့် ကျုပ် ရောက်တော့ ရှေးဟောင်းပေစာတွေမှာဖတ်ကြည့်တာတော့ ဒီရွာက မင်းတုန်းမင်းမယားပါသားရဲ့ ...အဲမင်းတုန်းမင်းမှာမယားပါသားရှိလားမမေးနဲ့နော်
သူယူထားတဲ့မိန်းမတွေအများကြီး အဲ့တော့ တစ်ယောက်ယောက်မှာ သားရှိချင်ရှိမပေါ့
အဲ့င်္ဒီ မင်းတုန်းမင်းမယားပါသားရဲ့ ငါးယောက်မြောက်မြေးရဲ့ ဦးလေးရဲ့ ယောက်ဖရဲ့ မိန်းမရဲ့ ခုနှစ်ယောက်မြောက် မောင်တဝမ်းကွဲက ဒီရွာမှာနေဖူးတယ်တဲ့

အာ့တော့ဆွေကြီးမျိုးကြီးတွေနေတယ်မှတ်ထား နှယ်နှယ်ရရမဟုတ်ဘူး

ထားပါ ဟိုကောင်တွေပွက်လောရိုက်တဲ့နေရာကိုသွားကြည့်တော့ သူကြီးအိမ်

သူကြီးက ကွပ်ပျစ်မှာ မိန့်မိန့်ကြီးဆောင့်ကြောင့်ထိုင်လို့
သူကြည့်ရတာတော်တော်စိတ်ညစ်နေပုံရတယ်

ရွာကလူတွေကတော့ ဖျာကိုယ်စီခင်းပြီး နေရာလုနေကြတယ်
ငွေတိုးချေးစားတဲ့Suhoတောင် ရေခဲရေမရောင်းတော့ဘူး တစ်ရာတန်ဘာလီရည်ရောင်းနေပြီ
Sehunနဲ့Luhanကြည့်တော့လည်း စိတ်ပျက်လက်ပျက်ငုတ်တုတ်လေးတွေထိုင်လို့ :3

သိလိုက်ပြီလေ ဒီလောက်ဆို :3
ပြသနာရှာထားတဲ့ကောင်တွေကတော့သိတယ်မလား ကျုပ်တို့ဇာတ်လိုက်ကျော်တွေပေါ့

အဲ့ အခုမှမြင်တယ်
အိမ်ရှေ့မှာ ငိုနေတဲ့Chanyeol...
ငိုနေတာလားဘာလားတော့လည်းမသိဘူး
မျက်နှာလေးကတော့ငယ်လို့
ကတောက်စ် ကိုယ့်ရွာလာတဲ့ဧည့်သည်ကို ကြင်ကြင်နာနာမဆက်ဆံကြဘူး
ငါနတ်ကွန်းခေါ်ထားလိုက်ရ :3
တနေ့တနေ့ရှင်းလိုက်ရတဲ့သူတို့ပြသနာဆိုတာမှလေ

ဒီတစ်ခေါက်ရောဘာတဲ့လဲ
ဟိုနှစ်ကောင်ကတော့ ဟိုဘက်ဒီဘက်စောင်နေတာအိန္ဒိယနဲ့ပါကစ္စတန်အလားပဲ

သူကြီးခမျာ စပြောရှာတယ်

"Wuyifan Dokyungsoo မင်းတို့တလှည့်စီခေါ်ထားမယ်ဆို ဘာဖြစ်ကြပြန်ပြီလဲ"

"သူကြီး အဲ့ဒီDoဂျပုက Chanyeolကျွန်တော့်အိမ်မှာနေတုန်း လက်လာဆွဲတယ် သူကြီး အဲ့ဒါလက်ရောက်မှုပါ သူကြီးထိပ်တုံးခတ်ပါ သူ့လက်ကို><"
"ဘာာာ ဒီမှာဓါတ်တိုင်Wu မင်းငါ့အိမ်မှာChanyeolရှိတုန်းက ဖက်နမ်းတာကျတော့ရောကွ သူကြီး ဒါနှာခေါင်းရောက်မှုပါ သူ့နှာခေါင်းကိုထိပ်တုံးခတ် အဲကြာတယ်ဗျာ ဖြတ်ပစ်လိုက် မသန့်ဘူး "

"ဘာာာ ဒီမှာ Do ပုတက် ငါကတမင်နမ်းတာမဟုတ်ဘူး ငါမင်းလောင်းချထားတဲ့ဆီတွေကြောင့် ချော်သွားတာကွ လူယုတ်မာရဲ့ ဒါနဲ့လေပြောလို့ပြောတာမဟုတ်ဘူး Chanyeolပါးလေးကလေအိနေတာပဲသိလား ငိငိ"

"ဟေ့ကောင်!!!!! မင်းကိုချော်ကျပြီး သွားအကပ်လိုက်ထွက်စေချင်လို့ဆီလောင်းချထားတာကွ မင်းကြီးတော်ကြီးမို့လို့Chanyeolပါးကိုချော်နမ်းတာလား!!!"
"aww အဲ့ဒါတော့သူ့ဘာသူချော်သွားတာလေ ငါလည်းမတတ်နိုင်ဘူး ငါတမင်နမ်းတာမဟုတ်ဘူး မယုံChanyeolမေးကြည့် ဟုတ်တယ်နော် yeollieလေး "
အာ့လိုWuyifanကပြောတော့ Chanyeolခဗျာ ငိုမဲ့မဲ့ဖြစ်နေရာကယောင်တောင်ပေါင်တောင်ခေါင်းငြိမ့်တယ်
အေးလေသူလဲတမင်တော့ဘယ်နမ်းပါ့မလဲလေ

"အေးWuyifanမင်းကဒီလိုပြောကြေးဆို မင်းအိမ်ငါလာတုန်းက ငါပြုတ်ကျအောင်တွင်းတူးထားလို့Chanyeolကိုဖမ်းဆွဲမိတာသူပါရောပြုတ်ကျတာပြောလေ"

"arr မင်းအရပ်နဲ့တိုင်းပြီး တူးထားတာ Chanyeolပြုတ်ကျလည်းမမြုပ်ဘူး"

"ဘာာာာာာာာာ Wuဂလန်ဂလားးးးးးးးး မင်းးးးမင်းးးးးး ငါသတ်မိတော့မယ်"

ထပြောပြီး အကျီင်္လက်တွေဆွဲတင် တော့ ကျုပ်တို့သူကြီး အသံက ချစ်စရာကောင်းအောင် ခပ်စူးစူးနဲ့ပြဲကွဲနေအောင်ထွက်လာတယ်

"Wuyifannnnnn DoKyungsooooooo တိတ်ကြစမ်းအခုတိတ် ငါသူကြီးပြောနေတယ်!!!"

သူကြီးစိတ်ဆိုးပြီးအော်တော့မှ ဇက်တွေပုငြိမ်သွားတယ်
သူကြီးခဗျာလည်းအော်ပြီးမှရေသောက်ရသေး

"မင်းတို့ဒီကိစ္စငါဆုံးဖြတ်မယ် နားထောင်ကြ"

သူကြီးက ပြောပြီး Chanyeolကို တစ်ချက်ကြည့်ရင်း လူယုတ်မာပြုံးပြုံးလိုက်သေး

အင်း တခုခုတော့ဖြစ်တော့မယ် :3

"ငါသူကြီးByunbaekဆုံးဖြတ်မယ်
Wuyifanနဲ့Dokyungsoo ကChanyeolကိုတစ်ယောက်ကခေါင်းကကိုင် တစ်ယောက်ကခြေထောက်ကကိုင်ပြီးဆွဲကြ ရတဲ့လူယူ ဒါပဲ ဘာသံမှမကြားချင်ဘူး ရအောင်လု "

Chanyeolအတွက်ကျုပ်ရင်လေးတယ်
မဟော်သဓာထုံးနှလုံးမူတဲ့သူကြီးက တော့ ခပ်ချေချေပင်

ဟိုနှစ်ကောင်ကတကယ်လုပ်မှာ
သူတို့ကChanyeolအမေမှမဟုတ်တာ
မရမကလုမှာ

သူကြီးပြောလို့ ဟိုနှစ်ကောင်ကChanyeolကို ခြေတဖက်လက်တဖက်ဝိုင်းဆွဲတော့ ငိုပါလေရောလား

"ဗြဲ Ommaရေ သားကို အနိုင်ကျင့်တယ် လူယုတ်မာကြီးတွေ မုန်းတယ် အိမ်ပြန်မယ် အိမ်ကိုပြန်တော့မယ် မုန်းတယ် မုန်းတယ် TT TT"

ဟိုနှစ်ယောက်ခဗျာ ကိုင်ထားတဲ့လက်တွေ လွှတ်ချလိုက်ရတယ်

Chanyeolကသူတို့ကိုမုန်းတယ်တဲ့
နှစ်ယောက်လုံး အူကြောင်ကြောင်လေးတွေဖြစ်သွားလေရဲ့
"ဟိုလေ Chanyeol နေချင်တဲ့နေရာနေနော် ငါတို့ကိုတော့မမုန်းပါနဲ့"
ညှောင်နာနာအသံလေးနဲ့ခုမှ လာပြောနေတယ် လူဆိုးကြီးWuyifanဟွန့်

"ဟုတ်ပါတယ်Chanyeolရာ ငါတို့ကိုတော့မမုန်းပါနဲ့နေချင်တဲ့နေရာမှာနေနော် မင်းသဘောပါ"

ဘာအခုမှကြောက်ပါပြီလဲစိတ်ပုတ်ကြီးDokyungsoo

"အာ့ဆိုပြီးရော မမုန်းတော့ဘူး ခင်ဗျားတို့ကိုလည်းချစ်တယ် ဒီရွာကိုလဲချစ်တယ်"

အဲ့တော့မှ လဒမှိုင်မှိုင်နေတဲ့ရုပ်ကလေးတွေ ပြန်ပြုံးသွားတယ်
Chanyeolကတော့ နှစ်ယောက်လုံးလက်ဆွဲပြီးကော့တော့ကော့တော့ပြန်သွားလေရဲ့
ပြောသွားသေးတယ် နှစ်ယောက်စလုံးကိုချစ်တယ် နှစ်ယောက်စလုံးကလည်းချစ်တယ်တဲ့ :3
သူကြီးကတော့ မိန့်မိန့်ကြီးပြုံးလေရဲ့
ဒီယုန်မြင်လို့ဒီချုံထွင်တာဆိုပဲ သူကတော့

အင်းပါဗျာ တကယ်တော့ ဒီကောင်တွေကိုစိတ်ပူပြီးစိုးရိမ်မိတဲ့ကျုပ်မှားတာပါ
တော်ပြီဗျာ နားတော့မယ် ရွာကကောင်တွေကိုစိတ်နာတယ်

Continue Reading

You'll Also Like

2.6M 252K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
75.9K 5K 27
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
3.6K 695 9
එක් වැසිබර දවසක BTSලාගේ ජීවිතේ සදහටම වෙනස් උනා.. අවුරුදු 5කට පස්සේ ජීසෝ ජන්ග්කුක් මුණ ගැහෙනවා අහම්බෙන්.. ඒත් ඒක අහම්බයක් නෙමෙයි ඒක දෛවය.. මේ දෙන්නට...