ဥအရှုပ်တော်ပုံ

By piggy_dream

65.9K 6.1K 210

More

မြေးလုကြခြင်း
ကလေးပျောက်ရှာဖွေခြင်းနှင့်ရွာကဇာတ်ဆောင်များ
သူတို့နှစ်ယောက်နှင့် ရွာဦးကျောင်းဆရာတော်
အသုဘရှင်နှင့် အလှူ့ဒကာ
ဥပြသနာနှင့် ဧည့်သည်တစ်ယောက်ရောက်ရှိလာခြင်း
မြို့သားနှင့်ဥခွဲဝေကြခြင်း
မြို့သားနှင့်သူငယ်ချင်းများအားအထင်လွဲခြင်း
သူကြီးအပ်ထားသောဂေါ်လီများ
တရားသူကြီး Baekhyunနှင့် ဥအမှု
ခေါင်းအုံးရိုက်ပွဲ
ParkChanyeolရဲ့ပြသနာ
နတ်ကနားပွဲ

ရွာကသင်္ကြန်

2.6K 410 16
By piggy_dream

ဒီနေ့ မဟာသင်္ကြန်ပေါ့ဗျာ

ရွာမှာကသိပ်တော့မစည်လှဘူး
ရွာဆိုတော့လည်းရွာအလျောက်ပေါ့

သိပ်မစည်ပေမယ့်လည်းတစ်ရွာလုံးမှာဒါပဲရှိတာလေ

ရွာထိပ်မှာမဏ္ဌာပ်ထိုးပြီးတစ်ရွာလုံးဆော့ကြတာ

အတက်ကြွဆုံးကတော့သိတယ်မလားChenလေ
သူ့အနုပညာကိုတစ်ရွာလုံးကိုချပြခွင့်ရတော့မယ်ဆိုပြီးမိုးမလင်းခင်တည်းကအသံစမ်းနေတာ

သူကြီးBaekhyunကတော့ နားဂွမ်းဆို့အိပ်နေတာပဲ

Wuyifanတို့DoKyungsooတို့လည်းတက်ကြွပါတယ်

မနက်လင်းတာနဲ့ မဏ္ဌာပ်ရောက်နေပြီလေ

အချိန်ပြပြီဆိုတာနဲ့အပေါင်ဆုံးဘောင်းဘီနဲ့ရှပ်အကျီင်္ဝတ်ထားတဲ့သူကြီးBaekhyunကမိုက်ဆွဲင်္ပြီးစင်ပေါ်တက်လာတယ်

ဓါတ်ဘူးပိန်ရွာ မဟာသင်္ကြန်စတင်ပါပြီလို့လည်းသူကြော်ငြာရော သူတောင်စင်အောက်မရောက်ဘူးအောက်မှာအသင့်ပြင်ထားတဲ့Chenကစင်ပေါ်ရောက်လာပြီ

"သားChenလေးရဲ့အနုပညာကို အားပေးကျပါခင်ဗျာ"
ဆိုပြီး စင်ပေါ်ကသူကြီးကို တွန်းချလိုက်တယ်
စင်ကမမြင့်လို့မဟုတ်ရင် သူကြီးသွားကျွတ်ပြီ

"ရှာပုံတော်သားChenလေး မဏ္ဌာပ်တကာရောက်ခဲ့ပြီ........."
ဆိုပြီးကွေးနေအောင်ကတာ

သူကတာဘယ်သူမှမကြည့်ဖြစ်ပါဘူး

Chanyeolကိုကြည့်တော့လည်း စိုရွှဲလို့ ရွှဲမှာပေါ့ Wuyifanနဲ့Dokyunsooဝိုင်းလောင်းထားတာလေ

ဒါသင်္ကြန်မို့လို့သူတို့တည့်နေကြတယ်

Sehunနဲ့Luhanကတော့ မုန့်လုံးရေပေါ်ထဲငရုတ်သီးထည့်ဖို့ကြိုးစားနေကြတယ်

ခက်တာကသူတို့လုံးတဲ့မုန့်လုံးရေပေါ်ဘယ်သူမှမစားဘူး
ကျုပ်လည်းမစားဘူး သန့်မှန်းမသိမသန့်မှန်းမသိ
Luhanကငယ်ငယ်ကနှပ်ချေးတွဲလောင်းဖုန်အလိမ်းလိမ်း ပုဆိုးကွင်းသိုင်းနဲ့ပုံကိုပြန်မြင်မိရင် အခုတောင်ကျုပ်ပျို့တက်တယ်
မစားဘူးသူတို့မုန့်လုံးရေပေါ်

အဲ့ဒါနဲ့ပဲTaoနဲ့Layရဲ့ကြာဆံကြော်ကိုကြည့်မိတော့ အိုးမည်းဝိုင်းသုတ်ပြီးစကြလို့ မျက်ရည်တရွှဲရွှဲ နှပ်တညှစ်ညှစ်နဲ့ ငိုလိုက် ကြာဇံကြော်ဖို့အရွက်လှီးလိုက်နဲ့

နေပါစေတော့ကျုပ်အငတ်ပဲခံတော့မယ်

အဲ့ ဖျော်ဖြေရေးစင်ပေါ်Wuyifanတက်သွားတယ်ျ

မိုက်ဆွဲပြီးသီချင်းဆိုတော့ကျုပ်ငိုချင်သွားတယ်

စိတ်ဆင်းရဲစရာများဒီနေရာတွင်စတင်ပါပြီခင်ဗျာပေါ့

"အဟမ်းးး Hello လိုဟယ် ဟိုလို ဒီလို အဲလေ ခုတခါဖျော်ဖြေမှာကတော့ရွာရဲ့ကာလသားခေါင်း ဥစ္စာချောရုပ်ပေါ အဲ့ဥစ္စာပေါရုပ်ချော ကျွန်တော်Wuyifanဖြစ်ပါတယ်ခညာ့"

အဲ့လိုကြော်ငြာသံလည်းကြားရော DoKyungsooက လက်ခုပ်တီးသဗျ

ကျုပ်မှာအံ့သြမိတာ အဆန်းတွေဖြစ်နေတာ

"အတာသဘင်ဒီပွဲ မြူးမြူးကြွကြွ စည်တိုသံညံမဆစဲနှစ်ကူးတန်ခူးလ လောကကြီးမှာပျော်တယ် ဗျ Dokyungsooညီ ငါနဲ့ရ ချောချောမောမော လှလှပပ က က ယောက်ဖကိုယ်တိုင်က"

အဲ့လိုဆိုပြီးအောက်ကသူ့ဘာသူကနေတဲ့Dokyungsooကိုပြောင်ပြပြီးဆင်းပြေးတာပဲ

သူကံမကောင်းရှာတာက အောက်ကသူ့ညီSehunကအမြင်ကတ်ပုဒ်မနဲ့ခြေထိုးခံတာ ဘုန်းကနဲပဲ

အဲ့ဒါနဲ့ရှုံ့မဲ့မဲ့Chanyeolနားရောက်တော့ ဘယ်ကတည်းကြည့်မရနေလည်းမသိတဲ့Chanyeolကပါ လက်ထဲကလင်ဗန်းနဲ့အုန်းခနဲချတာ

"အင့် ဟာ အင့်ဟာ သေသေ Dokyungsooညီလိုချင်တယ်ဟလား ဆုတောင်းလေ သေပါလားသေ"

Wuyifanခဗျာ နှစ်ဆင့်အချခံလိုက်ရတော့ ကုပ်ချောင်းချောင်းနဲ့ ငွေတိုးချေးစားတဲ့Suhoနဲ့သွားထိုင်တယ်

ဟိုကပ်စီးနည်းက သူ့တွန်းလွှတ်လို့နောက်ဆုံးDokyungsooနားပြန်ရောက်သွားတယ်

ဟိုကသူ့မျက်စောင်းထိုးပြီးကလက်စဆက်ကနေတယ်လေ

နေကပူပူ ရေကစိုစိုနဲ့ နောက်နေ့ရွာဆေးခန်းလူစည်အုန်းမှာမြင်ယောင်သေး

စင်ပေါ်DokyungSooတက်သွားပြန်ရောဗျ

ဟိုကမိုက်ကိုင်တုန်းပဲရှိသေး ဝုန်းဆို Wuyifanကရေလာလောင်းတယ်

ဒါလည်းအဖက်မလုပ်ပါဘူး

" "အတာသဘင်ဒီပွဲ မြူးမြူးကြွကြွ စည်တိုသံညံမဆစဲနှစ်ကူးတန်ခူးလ လောကကြီးမှာပျော်တယ် ဗျ ParkChanyeolနဲ့ငါနဲ့ရ ချောချောမောမော လှလှပပ က က Wuကတုံးကိုယ်တိုင်က"

ခပ်တည်တည်တက်ဆိုပြီးပြန်ဆင်းလာတယ်

သူင်္ကြီးကတော့တော်တော်ပေါက်ကွဲနေပြီ
သူရေတစ်စက်တောင်မစိုသေးဘူးလေ

လောင်းပါစေဆိုပြီးလမ်းသလားပြလဲ ဘယ်သူမှ အဖက်လုပ်ပြီးမပက်ဘူး

Chanyeolခဗျာလည်းစဉ်းစားပါတယ်
WuyifanကLuhanကိုယူမယ်ပြောတာသူသဝန်တိုတာလား
ဒါမှမဟုတ် Luhanကိုမပေးချင်တာလား ဒါပေမယ့်Sehunလည်းမဆိုးပါဘူး Dosooကျတော့လည်းယူမယ်တဲ့ဟီးးရှက်စရာကြီး
Layကလည်းပါးချိုင့်လေးနဲ့ သူကြီးကလည်းချစ်စရာ အင်း တိုင်တော့ပတ်နေပြီ

Luhanတို့Sehunတို့မုန့်လုံးရေပေါ်တစ်ရွာလုံးမစားလို့ဟိုဘက်ရွာပို့လိုက်တယ်လေ

Taoကြာဇံကြော်တော့လှည့်လို့တောင်မကြည့်ကြဘူး

အာ့နဲ့ပဲပေါ့ဗျာ
Dokyungsooစားမယ့်မုန့်ကိုWuyifanယူစားမိတယ်လေ
အစားနဲ့ပတ်သတ်ရင်တော့DoKyungsooကမရဘူး

"ဟေ့ကောင် ဝက်ဓါတ်တိုင် ဒါငါ့မုန့်ကွ"

"ဘာလဲ ကြက်ပုလုံး ငါစားချင်စားမှာပေါ့"

"စားရအောင် မင်းအဘိုးလုပ်ပေးထားတာမို့လို့လား"

"အေးငါ့အဘိုးလုပ်ထားတာတော့မဟုတ်ဘူး ဒါပေမယ့် ငါစားချင်စားမှာပဲ ငါ့ဘာငါငတ်လို့စားတာဘာဖြစ်တုန်းကဲ"

"မင်းဘာမင်းငတ်ရင် ဇရပ်မှာသွားတောင်းစားပါလားကဲ ငါ့မုန့်စားစရာလား"

"မင်းမုန့်မို့စားတာပုလုံးရာဘာဖြစ်တုန်း လူကြည့်တော့မြေမလွတ်ဘူး"

"အေးမင်းကမြေလွတ်လို့လား ကတုံးရဲ့"

သိတယ်မလား နောက်ဆုံးတော့လည်းသင်္ကြန်လည်းမရှောင်ပါဘူးကိုက်ကြတာပါပဲ

"မင်းတို့လို ကပ္ပိယမျိုးမဟုတ်ဘူးကွ"

"ဒီမှာကတုံး ငါကဘုရားတရားနဲ့နေတာ သင်္ကြန်တွုင်းကြီးမင်းကိုသိကြားမင်းမှတ်လိမ့်မယ်"
"ဒီမှာပုလုံးလာစွာမနေနဲ့ ငါတို့ကဥပဓိရုပ်မြင်ရုံနဲ့သိကြားမင်းချစ်တယ်ကွ"

"Wuyifan စပရိန်ကိုလျှပ်စစ်စီးနေတဲ့မင်းလိုရုပ်ကိုဘယ်သိကြားမင်းမှမချစ်ဘူးသိလား"

"အဲ့တော့မင်းကချချင်တာလား"
"အေးစိန်လိက်ြလေ"

"ယားးးးး ယိစ်"
ဆိုပြီးသိုင်းကွက်တွေထုတ်နေတုန်း ကျည်မထွက်တဲ့သေနတ်နဲ့ သူကြီးကခေါင်းခေါက်ပြီး မဏ္ဌာပ်ရှေ့ထိပ်တုံးနဲ့ထားလိုက်တယ်လေ

ဟိုလူကရယ် ဒီလူကဟားနဲ့

ဒါလည်းအမှတ်မရှိကြပါဘူး
လွတ်ရင်ပြန်ချမယ်တဲ့.:3

ကဲကျုပ်ပြောပါတယ် ရွာသင်္ကြန်မစည်ပါဘူးဆို တွေ့ပီမလား ရေလောင်းတာကနည်းနည်းမိုက်ဆွဲတက်ဆိုနေကြတာများများ

ဒါနဲ့လေ ကျုပ်ကရွာစောင့်နတ်သိလား
ကျုပ်ခဗျာ ကြက်အထင်ခံရ သရဲအထင်ခံရနဲ့ ရှေ့မှီနောက်မှီ ရွာစောင့်နတ်ငိုချင်တယ် တကယ်ပါပဲ

တော်ပီဗျာ နတ်လည်းမအားဘူး ဆာတတ်တယ် သွားစားအုန်းမယ် နောက်ကြုံမှ တခြားအကြောင်းအရာလေးတွေဆက်ပြောပြမယ်သိလာုး

Continue Reading

You'll Also Like

477K 16K 16
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
2.6M 252K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...