ဥအရှုပ်တော်ပုံ

By piggy_dream

65.9K 6.1K 210

More

မြေးလုကြခြင်း
ကလေးပျောက်ရှာဖွေခြင်းနှင့်ရွာကဇာတ်ဆောင်များ
သူတို့နှစ်ယောက်နှင့် ရွာဦးကျောင်းဆရာတော်
အသုဘရှင်နှင့် အလှူ့ဒကာ
မြို့သားနှင့်ဥခွဲဝေကြခြင်း
မြို့သားနှင့်သူငယ်ချင်းများအားအထင်လွဲခြင်း
သူကြီးအပ်ထားသောဂေါ်လီများ
တရားသူကြီး Baekhyunနှင့် ဥအမှု
ရွာကသင်္ကြန်
ခေါင်းအုံးရိုက်ပွဲ
ParkChanyeolရဲ့ပြသနာ
နတ်ကနားပွဲ

ဥပြသနာနှင့် ဧည့်သည်တစ်ယောက်ရောက်ရှိလာခြင်း

3.6K 445 16
By piggy_dream

ဓာတ်ဘူးပိန်ရွာ၏သာယာလှပသောမနက်ခင်း.........

ကျေးငှက်အော်သံ ရွာဦးကျောင်းမှကိုရင်ငယ်တို့၏စာအံသံများဖြင့်ညံစီနေသည်

တချက်တချက် အဖေတူသား အကောင်သေးပြီးအသံပြဲလှသော Doသီဟကုမာရ၏ ခပ်စွာစွာတွန်သံကိုလည်းကြားရ၏

အဖေနဲ့တူတော့ တွန်တာတောင်ခပ်စွာစွာပဲလေ

Doဂျာရစ်နဲ့Wuဂလန်ဂလားကတော့မနက်ခင်းသန့်ရှင်းရေးလုပ်နေကြလေရဲ့

"ဟေ့ကောင် Wuလောရှည် မင်းတံမြက်စည်းလှည်းတာ ငါ့ခြံထဲအမှုန်ဝင်သကွ စည်းနဲ့ကမ်းနဲ့လှည်းစမ်း "

"ဒီမှာ Doဂျာရစ် ငါကငါ့ခြံထဲငါလှည်းတာဘာဖြစ်လဲ!!! မကျေနပ်ရင် မင်းအရပ် ခြံစည်းရိုးတိုင်ကိုမှီတဲ့နေ့လာပြောကွ ><"

"ဘာာာာာာာ ဟေ့ကောင်မင်းလို လူအရပ်မဟုတ်ပဲ ထန်းပင်အရပ်ဖြစ်နေတာမဟုတ်ဘူးကွ မင်းကထန်းပင်တပိုင်းဝက်တပိုင်းကွ"

အဲ့လိုပဲ ရန်ဖြစ်ကြရာက တံမြက်စည်းကိုစွတ်လှည်းကြတာ အဝေးကကြည့်ရင်သူတို့နှစ်ယောက်အိမ်ပဲကွက်ပြီးမုန်တိုင်းတိုက်နေတာကြလို့

ဖုန်တွေတလုံးလုံးနဲ့ရယ်

အဲ့ဒီအချိန်ပဲဗျာ

ကျုပ်တို့ရွာရဲ့သူကြီး မှေးBaekhyunအဲ့ByunBaekhyunပြောပါတယ်

သူ့အဘိုးဆီကအမွေရထားတဲ့တောင်ရှည်ကို မြေတရွတ်ဆွဲအောင်ခါးပတ်ပတ်ဝတ်

မရှိမဲ့ရှိမဲ့ဆံပင်မွှေးကိုထုံး

သူ့အမေဆီကရထားတဲ့အပေါင်ဆုံးတိုက်ပုံကိုဝတ်ပြီး ကော့ကော့ ကော့ကော့နဲ့ရွာလည်လမ်းတလျှောက်ပဲများအဲ့မှားလို့ ရွာကိုလှည့်လည်ကြည့်ရှုတာပေါ့ဗျာ

သူ့ကိုယ်သူတော့ဘုရင်တိုင်းခန်းလှည့်လည်နေတယ်ထင်နေတာ တကယ်မြင်ရတဲ့ပုံကဆပ်ကပ်ကမျောက်ဖြူလေးကအကျီင်္ခိုးဝတ်လာသလိုပဲရယ်

ပြန်တော့မပြောနဲ့သူကလူတိုသလို အဲလေ အရပ်တိုတာပြောပါတယ် စိတ်လည်းတိုတယ်

တော်ကြာထိပ်တုံးနဲ့ကျုပ်ညားနေမယ်

သူကြီးနောက်က ကုပ်ချောင်းချောင်းနဲ့ပါလာတာက ကျုပ်တို့ရဲ့ရွှေမင်းသားလေးChenChenပေါ့ဗျာ

ကျည်မထွက်တဲ့သေနတ်ကြီးကိုထမ်းလို့နေကပူတော့ရှုံ့မဲ့ပြီးလိုက်လာတာ

သူ့မြင်ပြီးဘာသွားသတိရလည်းဆိုတော့ကျုပ်တို့ငယ်ငယ်က ဦးစိတ်တိုမျောက်ညိုကာတွန်းထဲကမျောက်ညိုကဦးစိတ်တိုနောက်သေနတ်ထမ်းလိုက်နေသလိုပဲ

ဒါတောင်သူဒီမနက်မှထိပ်တုံးကလွတ်လာတာရယ်

ဟိုနေ့ကပေါ့ သူကြီးကရွာထဲကလူတွေကိုမိန့်ခွန်းပြောမယ်ဆိုပြီး အဲ မိန့်ခွန်းဆိုလို့ကျုပ်တို့သူကြီးကရွာကလူတွေကိုတစ်ပါတ်တစ်ခါ မိန့်ခွန်းပြောသဗျ

သူမောင်းထုခေါ်ပြီဆို တစ်ရွာလုံးဘာလုပ်နေနေထလာရတာ ကုန်ကုန်ပြောမယ်ဗျာ

သမီးရည်းစားကောက်ရိုးပုံမှာအဆင်ပြေနေတုန်းလည်းမရဘူး အိမ်သာတက်နေရင်းတန်းလန်းလဲမရဘူး

ဟက်ဖ်ဖီးလ်ကြီးနဲ့ထသွားရတာပဲ

အေး မသွားပဲနေချင်လား ရတယ်လေ ရွာပြင်က ရှင်းစရာရှိတဲ့ခြုံပုတ်တွေခုတ်စမ်းပဲ အေးမခုတ်ချင်းဘူးလား ရွာဦးကျောင်းမှာအိမ်သာဆေးရသဗျ

သူပြောတော့သာအရည်မရအဖတ်မရ

အိပ်မငိုက်နဲ့ မောင်းထုတဲ့တုတ်နဲ့နဖူးဒေါင်ကနဲ့kissingပေးသွားမယ်

အဲ့လိုသူကြီးကမိန့်ခွန်းပြောဖို့မောင်းထုခိုင်းတာ ဇာတ်ရူးChenက မောင်းကိုထုထုပြီးကတာဗျ

ရွာကလူတွေလည်းမီးလောင်ပြီးဆိုပြီးပြေးကြတာ သူကြီးလည်းမိန့်ခွန်းပြောဖို့အိမ်အောက်ဆင်းရော လားလားးခွေးတစ်ကောင်ကြောင်တမြှီးတောင်မရှိ

အဲ့ဒီမယ် ပေါက်ကွဲပြီးအော်တာ ရွာနောက်ဖက်တောတန်းထဲပုန်းနေတဲ့ရွာသားတွေတောင်ကြားရသဗျ

ကျုပ်တို့သူကြီးကအဲ့လိုအတွင်းအားကောင်းတာ

စိတ်တွေတိုပြီး Chenကိုထိပ်တုံးခတ်ထားတာတစ်ပါတ်ကြာတယ်

သူကတော့ အအော်လွန်လို့မြို့တက်လိပ်ခေါင်းအထူးကုနဲ့ပြနေရတယ်ပြောတာပဲ

Chenကတော့ ၂ရက်လောက်ဘာမှမကြားဘူး နားအူသွားတာလေ

ကဲခုနကကိစ္စဆက်ကြအုန်းစို့ဗျာ

အဲ့ဒီမှာ ဟိုတံမြက်စည်းလှည်းနေတဲ့နှစ်ယောက်ကြားသူကြီးရောက်တော့ သူ့ရဲ့အပေါင်ဆုံးတိုက်ပုံအဖြူကဖုန်တွေကပ်ရောလေ

သူ့ခမျာသူ့အမေကိုမနည်းပြောပြီးဝတ်လာရတာလေ

အခုဖုန်တွေကပ်ကုန်ပြီ

သူကြီးပေါက်ကွဲပါရောလား

"ဟေ့ကောင်တွေ!!!!!!!!!!!!!!!"

အော်ထည့်လိုက်တဲ့အသံက ဟို၂ကောင်နားကိုအူရောပဲ

"ဟာ Baekhyunသဂျီး သဂျီး Baekhyun နေကန်းလား အဟီးးးး"

ဟို၂ကောင်ကသွားဖြဲနဲ့ဖားတယ်

"မကောင်းဘူးကွ ငါဒီမှာငှားဝတ် အဲ ဝတ်လာတဲ့တိုက်ပုံဖုန်တွေကပ်ကုန်ပြီငနာတွေရဲ့"

"အာာာ သူကြီးကလဲ ဖုန်ကပ်တာများဝတ်မနေနဲ့ အလကားလိုက်တာလည်းမဟုတ်ဘူး ထုံးသုတ်ထားတဲ့တိုင် ပိတ်ဖြူစပတ်ထားသလိုပဲ ကြည့်မကောင်းဘူး"

WuYifanကအဲ့ဒီလိုမြှောက်တော့ဘေးခြံကDoKyungsooကလည်းအားကျမခံ

"အေ့လေ သူကြီးကလည်းတန်ရာတန်ရာမဝတ်ဘူး ကိုယ့်ဥပဓိနဲ့လိုက်အောင် ကျောင်းစိမ်းဝတ်ပြီးသျှောင်ပေစူးလေးစည်းစမ်းပါ မရှိတဲ့အမွှေးထုံးထားသေး မလိုက်မဖက်တွေကို"

"ဟေ့ကောင်တွေ Wuyifan DoKyungsoo မင်းတို့ထိပ်တုံးနဲ့လက်ထပ်ချင်သလား"

ဒါပဲလေဒါပဲ တစ်ရွာလုံးကသူ့စကားဆိုရွာကနတ်ကတော်ဒေါ်သာစံစကားလောက်တောင်အဖက်လုပ်တာမဟုတ်ဘူး

နတ်ကတော်စကားတောင် နတ်ကိုင်လိမ့်မယ်ဆိုကြောက်ရင်ကြောက်မယ်သူကြီးစကားကတော့ ထိပ်တုံးဆိုတာမပါလာမချင်းအဖက်ကိုမလုပ်ကြတာ

ဟို၂ကောင်ဆိုတာတိတ်ကျသွားတာပဲ

သူတို့တိတ်သွားမှသူကြီးBaekက အိမ်မြှောင်ပိုးကောင်ရတဲ့အပြုံးမျိုးနဲ့မိန့်မိန့်ကြီးပြုံးလိုက်တယ်

"Chen!! ငါ့ နှစ်လုံးပြူးသေနတ်သေချာထမ်းထားနော်"

အာဏာပြတာပေါ့လေ ဟို၂ကောင်ရှေ့မှာ တကယ်တော့သူ့ဟို၂ကောင်ကအဖက်ကိုမလုပ်တာရယ်

အားရပါးရပြောပေမယ့် Chenကတော့သူ့ကိုကြောင်စီစီပြန်ကြည့်ပြီး စပ်ဖြဲဖြဲရယ်ပြတယ်

ရယ်ဆိုသူမှသူကြီးပြောတာမကြားတာ

နားထဲဂွမ်းဆို့ပြီးကိုသူကြီးနောက်လိုက်တာလေ

Chenဆိုတာမျိုးကလည်းတခါသေဘူးပျဉ်ဖိုးတင်မကကူးတို့ခဖိုးပါနားလည်တဲ့ကောင်လေ

ရွာမှာကကူးတို့ခဈေးကြီးတယ် သူများကတစ်မတ် ရွာမှာငါးကျပ် ဘာလို့ဈေးကြီးလဲမမေးနဲ့ ကျုပ်တို့ရွာမို့လိုကိုဈေးကြီးတာ

သူ့ဘကြီးဆုံးပြီးတည်းကChenကကူးတို့ခဖိုးပါနားလည်သွားတာလေ

သူကြီးနဲ့အပြင်ထွက်ရမယ်ဆိုတော့နားနှစ်ဖက်လုံးဂွမ်းဆို့ထားပြီးသား

ဆိုတော့ကာ လိပ်ခေါင်းထွက်အောင်သာအော် သူနားထဲမှာနှံပြည်စုတ်လေလည်သလောက်ပဲကြားတယ်

သူပြောတာမကြားလို့ပေါက်ကွဲနေတဲ့သူကြီးကိုမြင်တော့ ဟိုမနေနိုင်တဲ့နှစ်ယောက်ကပေါင်းအော်တယ်

"Chenရေ သူကြီးနှစ်လုံးပြူးသေနတ်တဲ့ဟ!!!"

ခက်တာက Chenဆိုတာကလည်း သူကြားချင်တာပဲကြားတာ

"သူကြီးနှစ်လုံးကသူ့ဆီမှာလေ သူဒေါ်ဘုမအိမ်ကလူလစ်တုန်းခိုးလာတာ"

သူထင်တာက သူကြီးဒေါ်ဘုမအိမ်ကခိုးလာတဲ့ သရက်င်္သီးနှစ်လုံးကိုဟိုနှစ်ကောင်ဝေစုတောင်းနေတယ်ပဲထင်တာ

"မင်းတို့လိုချင်သူကြီးအကျီင်္ထဲရှာကြည့်သူဖွက်ထားတယ် သေချာရှာ"

ဟိုလောရှည်နဲ့ဂျာရစ်ခဗျာပြောတာတခြားကြားတာတလွဲဖြေတာကပေါက်ကရမို့အီလည်လည်နဲ့

သူတို့ထက်ပိုဆိုးတာကသူကြီးမှေးစိန်

သူကလူယုံမွေးတာ အကုန်လျှောက်ဖော်နေလို့စိတ်တွေတိုတာမှဖြူနေတဲ့မျက်နှာက ခရမ်းချဉ်သီးကိုရှော့ခ်ရိုက်ပြီး မီးဖိုထဲထည့်ဖုတ်သလို မည်းပြီးရဲနေတာပဲ

သူကြီးဖြစ်ပြီး သရက်သီးခိုးတာတော့ဘယ်ကောင်းမလဲနော့

ဒါပေမယ့်အကျင့်ဆိုတာပြင်ရခက်သားလား

သူတို့ငယ်ငယ်ကဒေါ်ဘုမအိမ်ကသရက်သီးကိုခိုးခူးဖို့အရေး Wuyifanကအောက်ဆုံးကထမ်း သူ့အပေါ်ကChen အဲ့သူ့အပေါ်က သူကြီးကစလွယ်သိုင်းထားတဲ့ပုဆိုးထဲ သရက်သီးတွေခူးထည့်

အောက်ကDoဂျာရစ်ဆီပစ်ချ

အဲ့ဒေါ်ဘုမများဆဲပြီဆို ပုဆိုးကိုယ်ဆီကွင်းသိုင်းပြီးသရက်သီးတွေသယ်ပြေးကြတာ

အဲတုန်းကတော့စည်းလုံးကြသား

အေးလေ ငတ်ပြတ်တော့လည်း ရန်သူလည်းချစ်သူလုပ်ရတာပ

ထားပါတော့ဒါက

သူကြီးခဗျာစိတ်တွေတိုပြီး အော်ဖို့အပြင် သူဆေးကုထားရတာသတိရပြီး မအီမလည်နဲ့ငြိမ်လိုက်ရတယ်

ဒါတောင်ပါးစပ်ကပဲငြိမ်တာ လက်ကမငြိမ်ဘူး

Chenတင်ပါးကိုလှမ်းကန်တာ ဖုန်းကနဲပဲ

ဟိုကောင်ကအဲ့ဒါတောင်

a"အမယ်မင်း ChenChenလေးကိုလေ ဟင့် ရွှတ် ပြောရတော့မယ်......" လုပ်နေလို့ဟို၂ကောင်မနေနိုင်မထိုင်နိုင်ထွက်လာပြီး ပါးစပ်ဝိုင်းပိတ်လိုက်ရတယ်လေ

ဒါတောင်ဒင်းက ဇာတ်ထဲကလိုတော်လှန်ရေးလုပ်နေတုန်းဂျပန်အဖမ်းခံရတဲ့မင်းသားပုံဖမ်းနေသေးတာ

အဲ့ဒီမှာဗျာ လောရှည်နဲ့ဂျာရစ်တို့အိမ်ကြားကရန်စွာချောင်းကြီးမှာ ကန့်လန့်ဖြတ်တင်နေတဲ့ခြုံပုတ်ရှိသဗျ

သိပ်အကြောမာတာရယ်

ဘယ်လိုသတ်သတ်မသေဘူး အာ့နဲ့ဒီအတိုင်းထားကြတာ

အဲ့အပေါ်မှာ Wuyifanသမီးကဥတစ်လုံးဥထားတာသွားတွေ့ပါရောလား

ဖြစ်ချင်တော့ အဲ့ဒီနေရာကသူတို့နှစ်ယောက်အိမ်ကြားတည့်တည့်နေရာလေ

ရွာကလူတွေကတော့ အိန္ဒိယ-ပါကစ္စတန်နယ်စပ်လို့ခေါ်တယ်

အမြဲမတည့်တဲ့နှစ်ယောက်အိမ်ကြားမို့

ဘယ်လိုမှမတတ်နိုင်ဘူးလေ ဒီဥကပြောရမယ်ဆို Wuyifanသမီးနဲ့DoKyungsooသားရဲ့ကလေး ဆိုတော့ကာ၂ယောက်လုံးနဲ့ဆိုင်တာ

အာ့ဒီမှာတကယ့်ပြသနာကြီးစတာပဲWuyifanကလည်းသူ့မြေး သူမွေးမှာ Dokyungsooကလည်း သူ့နဲ့ဆိုင်တယ်သူယူမှာ

နှစ်ယောက်သားနပမ်းထလုံးလိုက်တာဆိုတာ ပွဲကြီးပွဲကောင်းပဲ

"WuYifanDoKyungsoo မင်းတို့ညီတွေမြို့ကျောင်းကပြန်လာကြပြီဧည့်သည်လဲပါတယ်......"

ရွာသားတစ်ယောက်ကအော်တာကြားတာနဲ့နပမ်းလုံးတာတွေရပ်ပြီး ပြေးကြတာရွာထိပ်ကိုတန်းးနေတာပဲ

သူတို့တင်မဟုတ်တစ်ရွာလုံးပြေးတာ

ပြေးဆိုပြန်လာတာက ရွာရဲ့အသည်းကျော် Ohsehunနဲ့ Luhanတို့နှစ်ယောက်ကိုးးး

အဲ့ ပါလာတဲ့ဧည့်သည်ကောင်လေးကတော့ ........................\\......

တော်ပီဗျာ နားအုန်းမယ်ပြောရတာမောတယ် ကျုပ်လဲဧည့်သည်ကောင်လေးကိုငမ်း အဲ့ကြည့်လိုက်အုန်းမယ် နောက်နေ့ပြန်ပြောဖို့

********* ******** *******

Continue Reading

You'll Also Like

302K 40.1K 46
CHANBAEK FAN FICTION [ UNICODE + ZAWGYI ]
409K 39.1K 32
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapter...
117K 7K 24
ဇာတ်လိုက်မင်းသားဖြစ်တဲ့ရှင့်အနားမှာဇာတ်လိုက်မင်း သမီးများစွာရှိနေမှာပေါ့နော် ဒါပေမယ့် ကျွန်မကဒီဇာတ်လမ်းအတွက်တော့ဗီလိန်တစ် ယောက်ပါ။ အများကမုန်းတီးကြတဲ...