အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

147K 30.6K 2.7K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်
Chapter 97- သဝန်တိုခြင်း
Chapter 98- အတန်း

Chapter 93 - လေတံခွန်

1K 278 38
By Autumn260103

Unicode

" ကွမ်းယွမ် အထက်တန်းကျောင်း.... တန်းခွဲ (၄) ဆုရှောင်းပေါ်"

" ‌ငါးနာရီခွဲဆို ကျောင်းဆင်းပါတယ်.. ကျေးဇူးအများကြီးတင်ပါတယ်"

ထိုနှစ်ခုက ဆုရှောင်းလန် ပေးပို့လိုက်သော အချက်အလက်များ ဖြစ်သည်။

ဆုရှောင်းလန်က ထပ်ပြောပြန်သည်။

" အကြံပေးရှဲ့ရဲ့ ကားလိုင်စင်နံပါတ်ကို သူ့ကို ပြောထားတယ်.. ကားထဲမှာပဲ စောင့်နေပါ.. သူ လာရှာပါလိမ့်မယ်"

ဆုရှောင်းလန်နှင့် အမျိုးမှန်း တန်းသိနိုင်သော နာမည်ပင်။

ညနေဘက် သူတို့နှစ်ယောက် ကျောင်းရှေ့ရောက်လာသည့်အချိန် ကျောင်းတံခါးဖွင့်စပင် ရှိသေးသည်။ ဆုရှောင်းလန်က တူလေးကို ကားနံပါတ်ပေးထားသည်ဆိုသဖြင့် သူတို့ ကားထဲတွင်သာ စောင့်နေကြသည်။ သို့သော် နာရီဝက်အကြာတွင် ကျောင်းတံခါးဝ၌လဲ လူများ အတော်အတန်ကင်းရှင်းသွားသည်။ ကျန်နေသေးသော ကျောင်းသားတချို့သည်ပင် ‌ကျောင်းဝင်းထဲမှ ပြေးထွက်လာကြ၏။

မိနစ်အနည်းငယ်အကြာတွင်တော့ ကျောင်းသားအတော်ပင် နည်းပါးသွားလေသည်။

ကွမ်းယွမ်အထက်တန်းကျောင်းမှာ တောင်ပိုင်း၏ နာမည်ကြီး ကျောင်းများထဲတွင် တစ်ကျောင်းအပါအဝင်ဖြစ်၏။ ကျောင်းဆင်းချိန် ဖြစ်သည့်တိုင်း ကျောင်းသားကျောင်းသူလေးများက အော်ကြီးဟစ်ကျယ် စကားမပြောပဲ တည်တည်ငြိမ်ငြိမ် ရှိကြသည်။

တချို့မိဘများက '‌ဒီကလေး ဘာလို့ ခုထိ ထွက်မလာသေးတာလဲ' 'ဘာများဖြစ်နေလို့လဲ' ဟု တွေးတောပူပန်နေကြချိန် ရှဲ့လင်နှင့် ချီချင်းတို့ကတော့ ကားထဲတွင်သာ အေးအေးဆေးဆေး စောင့်နေကြသည်။ ရှဲ့လင်၏ကားက အတော်မျက်စိပသာဒရှိသည်။ ထို့ကြောင့် ဖြတ်သန်းသွားလာသူများက ကားထဲ အမှတ်မထင် ချောင်းကြည့်ဖြစ်ကြသည်။ ကားထဲမှအမျိုးသားနှစ်ယောက်မှာ ကားရှေ့ခန်းတွင် ယှဉ်လျက်သား ရှိနေကြသည်။ သူတို့ထဲမှ တစ်ယောက်က ကားပြတင်းမှနေ၍ အေးစက်တည်ငြိမ်စွာနှင့် အပြင်ကို ငေးကြည့်နေသည်။ ထိုသူမှာ အင်မတန်ချောမောလှကာ လက်နှစ်ဖက်လုံးကို ဆွယ်တာအင်္ကျီလက်ထဲ ထိုးထည့်ထားသည်။ အသားဖြူလွန်းသောကြောင့် သက်ရှိသတ္တဝါဟုပင် ထင်ရက်စရာ လုံးဝမရှိ။

ကျန်တစ်ယောက်ကတော့ ကားပြတင်းပေါ် လက်တစ်ဖက်တင်ကာ ကျန်တစ်ဖက်က ဖုန်းသုံးနေသည်။

ရှဲ့လင်က ဆုရှောင်းလန်ကို စာပို့နေသည်။
" ခင်ဗျားတူလေးကို ဘယ်တုန်းက စာပို့ထားတာလဲ"

ဆုရှောင်းလန် : " လွန်ခဲ့တဲ့ တစ်နာရီလောက်က"

ရှဲ့လင် : " သူ ခင်ဗျားကို တစ်ခုခု ပြန်ပြောသေးလား"

ဆုရှောင်းလန် : " ဟင့်အင်း"

ရှဲ့လင်က ဆုရှောင်းလန်၏ စာကို ချီချင်းအား ဖတ်ပြနေသည်။
" သူ့ကို စာမပြန်ဘူးတဲ့"

နက်မှောင်နေသော ချီချင်း၏ မျက်ဝန်းလေးများက ကားပြတင်းထက်မှ ရှဲ့လင်ဖုန်းမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာသည်။

သူတို့နှစ်ယောက်လုံး ဆုရှောင်းလန်၏ ပြန်စာကို စိုက်ကြည့်နေကြသည်။

ရှဲ့လင်က ကားမှန်ကို လက်ချောင်းလေးနှင့် ဖိနေသည်။
" လွန်ခဲ့တဲ့တစ်နာရီက အရာရှိဆု ကားနံပါတ် ပို့လိုက်တယ်... အတန်းချိန်ပဲ ရှိဦးမှာဆိုတော့ သူ့တူလေးက စာပြန်မပို့ဘူး.. ဒါပေမဲ့ အရာရှိဆုကလဲ စိတ်မပူသေးဘူး.. သူ့တူလေး ဒီစာကို မြင်လိမ့်မယ်ဆိုတာ သေချာနေလို့.. အဲ့တော့ ကျောင်းဆင်းတိုင်း ဖုန်းကြည့်တတ်တဲ့သူ ဖြစ်လောက်တယ်"

" ကျောင်းတွင်းမှာ ဖုန်းပေးသုံးတဲ့ကျောင်းမှ သိပ်မရှိတာ"
ရှဲ့လင်က ဆက်ပြောသည်။
"ဒါမှမဟုတ် ဒီကျောင်းက ချွင်းချက်များလား"

ချီချင်းက ချွင်းချက်ဆိုသော ဖြစ်နိုင်ချေကို ပယ်ချပစ်လိုက်သည်။
" မဟုတ်ဘူး"

ရှဲ့လင် : " မင်း ဒီကျောင်း တက်ဖူးလို့လား"

ချီချင်း : " လွန်ခဲ့တဲ့ နာရီဝက်က ကျောင်းသားလေးတွေ ကျောင်းပေါက်ဝမှာ ဖုန်းခိုးဖွင့်နေတာ.. ဖုန်းပွင့်ဖို့ ခဏရပ်စောင့်နေကြ‌ရသေးတယ်လေ... အရေးပေါ်သုံးဖို့ ဖုန်းကို ယူသွားကြတယ်ဆိုပေမဲ့ ကျောင်းထဲမှာ မသုံးရဲကြတဲ့ပုံပဲလေ"

ချီချင်းက ရှဲ့လင်ဘက်ကို လှည့်ကြည့်ရင်း ဆက်ပြောနေသည်။
" ကျွန်တော်က ဒီကျောင်းမတက်ဖူးဘူး.. ဒီကျောင်းကို ဝင်ခွင့်ရဖို့ ကျွန်တော့်အတွက် အရမ်းခက်ခဲတယ်လေ"

ရှဲ့လင်မှာ သူ့လက်တွဲဖော်၏ IQ မြင့်မားသည်ကို သိထားသောကြောင့် ဝင်ခွင့်စာမေးပွဲ ကျတာတော့ မဖြစ်နိုင်ဟု ‌တွေးတောနေသည်။

" ကျွန်တော့်အမှတ်က အခုထက် ဆယ်မှတ်လောက် လျော့မယ်ဆိုရင်တော့ ဒီကျောင်း ဝင်ခွင့်ရချင်ရမှာပေါ့လေ"
ချီချင်းက ရိုးသားစွာ ဆက်ပြောသည်။
" ဒါပေမဲ့ ဆယ်မှတ်လျော့ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ"

"..."

သူမ၏ တူလေးကို ရုံးချုပ်မှ အကြံပေးနှစ်ယောက် ဝေဖန်နေကြသည့်အကြောင်းအား ဆုရှောင်းလန် မသိရှာ။ သူမပေးထားသည့် အချက်အလက်နည်းနည်းလေးနှင့် အကြံပေးနှစ်ယောက်က တူလေး၏အကြောင်းကို အကြိတ်အနယ် ဆွေးနွေးနေကြသည်။

ချီချင်း : " ကျောင်းသားတော်တော်များများ မေးခွန်းစာရွက်တွေကိုင်ပြီး ထွက်လာကြတာ"

ရှဲ့လင် : " ကျောင်းဝင်ခွင့်စာမေးပွဲကို ဖြေပြီးတာ မကြာသေးဘူး.. ကြည့်ရတာ သူ့တူလေးက ဖုန်းလဲ ‌စွဲစွဲမြဲမြဲ သုံးတတ်တဲ့ပုံပဲ... ဆရာမတွေက သူ စာမေးပွဲကျလို့ ခေါ်ဆူနေတာလဲ ဖြစ်နိုင်တယ်"

ကျောင်းဂိတ်ဝအဟောင်းကြီးက သူတို့ရှေ့တွင် မားမားမတ်မတ် ရပ်လျက်ရှိသည်။ ရှဲ့လင်က ကားထဲမှ ထွက်ကာ ကျောင်းသားလေးတစ်ဦးကိုတား၍ အထက်‌တန်း ပထမနှစ် တန်းခွဲ၄ ဘယ်နားမှာရှိလဲ မေးလိုက်သည်။

အတားခံလိုက်ရသော ကျောင်းသားလေးမှာ မျက်မှန်ထူထူတပ်ကာ လမ်းလျှောက်ရင်းနှင့်ပင် အင်္ဂလိပ်မီးနင်းများ ကျက်လျက်ရှိသည်။ လက်ထဲတွင် မီးနင်းစာအုပ်ကိုင်ထားရင်းက ရိုရိုသေသေ ပြန်ဖြေသည်။
" ဂိတ်ဝကနေ တန်းတန်းသွား.. ကျောင်းဆောင်နံပါတ် ၃ က ‌အထက်တန်းပထမနှစ်တွေ ရှိတဲ့အဆောင်ပဲ.. မြေညီထပ်မှာက တန်းခွဲ၃ အထိပဲ ရှိတာ တန်းခွဲ၄ ဆိုရင် ဒုတိယထပ်မှာ ‌ရှိတယ်"

သူတို့နှစ်ယောက်လဲ ရွေးချယ်စရာမရှိတော့ပဲ ကျောင်းသားလေးကို ကျေးဇူးတင်စကားပြော၍ ကျောင်းထဲ ကိုယ်တိုင်သွားကြိုရန် ကျောင်းစောင့်ကို ခွင့်တောင်းလိုက်ရသည်။

ဘွဲ့ရပြီးနောက် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ကျောင်းဝန်းထဲ ခြေမချဖူးသေးသော လူနှစ်ယောက်အတွက် ကျောင်းပတ်ဝန်းကျင်မှာ ထူးဆန်းသော်လဲ ရင်းနှီးနေသယောင်ရှိသည်။ ဆရာများဆောင်ကို ဖြတ်လာတော့ ငယ်ရွယ်သည့် ဆရာ ဆရာမများကို တွေ့ခဲ့ရသည်။

ကျောင်းဆောင် ၃ ထဲတွင် လူသိပ်မကျန်တော့။

ဆရာရုံးခန်းက အထပ်တိုင်း၏ ထောင့်နားတွင်ရှိကာ တံခါး ခပ်ဟဟလေး ပွင့်နေသည်။

ချီချင်းက တံခါးရှေ့တွင် ရပ်ကာ အသင့်ပါလာသော လက်အိတ်စွပ်သည်။ ရှဲ့လင်က ချီချင်းလက်အိတ်ဝတ်ပြီးသည်အထိ စောင့်ပြီးမှ တံခါးခေါက်၏။

ရုံးခန်းထဲရှိ အခြေအနေက သူတို့မျှော်လင့်ထားသည့်အတိုင်းပင်။ ဆရာမ၏ မျက်နှာထားက အေးစက်တင်းမာလျက်ရှိသည်။ သူမ၏ ဘေးတွင်တော့ ကျောင်းဝတ်စုံ ဝတ်ထားသော လူငယ်လေးတစ်ယောက် မတ်တပ်ရပ်နေ၏။ လူငယ်လေးက အရပ်သိပ်မရှည် မျက်လုံးများကတော့ ဆုရှောင်းလန်နှင့် ခပ်ဆင်ဆင်တူသည်။ အဆူခံနေရသည့်တိုင် မျက်လုံးများက တောရောက်တောင်ရောက်နှင့် တခြားသူများကို လိုက်ကြည့်နေ၏။ အဆူခံနေရသည့်အတွက် စိတ်ဖိအားများလွန်းကာ ဟိုကြည့်သည်ကြည့် လုပ်နေဟန်တူ၏။

လေထုကို အကဲခတ်ခြင်းအားဖြင့် ပထမလပတ်စာမေးပွဲ ဖြေပြီးချိန် ဖြစ်လောက်သည်။ ဆရာမမှာ အစွမ်းကုန်သုံး၍ အေးစက်စက်အငွေ့အသက်များ ဖန်တီးနေဟန်ရှိသည်။

အဆိုပါလေထုနှင့်အတူ ရုံးခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။

ရလဒ်အနေဖြင့် ရှဲ့လင်တွန်းလိုက်သော တံခါးသံတကျွိကျွိမှာ အကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

ဆုရှောင်းပေါ်၏ တောင်ကြည့်မြောက်ကြည့် မျက်လုံးများမှာ အသံလာရာ တံခါးဝဆီ ရောက်ရှိလာသည်။ တံခါးဝတွင် သူ မသိသော ယောက်ျားတစ်ဦးရပ်နေကာ သူ့ကို ပြုံးပြနေသည်အား တွေ့လိုက်ရ၏။
" တောင်းပန်ပါတယ်ဗျာ.. ကျောင်းတောင် ဆင်းနေပြီ ဆရာမရဲ့အချိန်တွေ ထပ်ဖြုန်းစေမိပါပြီ.. ဒီကလေးက စာမှာ အာရုံကို မရှိတာပါ.. ကျောင်းစတက်ထဲက ‌အမှတ်တွေ အားရလောက်အောင် မတက်လာဘူး.. အမြဲတမ်း ဆုံးမပေးနေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ"

ရှဲ့လင်က အထဲဝင်လာသည်နှင့် ယဉ်ကျေးစွာ ဆက်ပြောနေသည်။

ဆရာမဖြစ်သူမှာ ရှဲ့လင်ကို ကြောင်အအကြည့်ရင်း ရိုကျိုးသော စကားများကို ကျေကျေနပ်နပ် နားထောင်နေသည်။ ထို့အပြင် ဝင်လာသော ထိုသူမှာ ဆုရှောင်းပေါ်၏ စာတိုးတက်မှု အခြေအနေကို ကောင်းမွန်စွာ သိနေသည့်အပြင် အတိအကျ ဝေဖန်ပေးတတ်သေးသည်။ တစ်ဖက်လူက တိတိကျကျကြီး ပြောနေတော့မှတော့ သူမလဲ ထပ်ပြောရန် မေ့လျော့သွားတော့သည်။ ဒီလူက ဆုရှောင်းပေါ် စာမေးပွဲကျသည်ကို ဘယ်လိုများ သိသွားပါလိမ့်။

နှစ်မိနစ် သုံးမိနစ်အကြာတွင် စကားဝိုင်းက အာပေါင်အားရင်းသန်သော ရှဲ့လင်၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ကျရောက်သွားကာ ဆရာမကတော့ ရှဲ့လင်စကားကို ထောက်ခံရင်း ခေါင်းညိတ်နေရတော့သည်။ ဘယ်လောက်မှ မကြာလိုက်။ ဆရာမ၏ မျက်နှာပေါ်တွင် အပြုံးနုနု ပေါ်လာခဲ့သည်။
" ဟုတ်ပါပြီ.. အခု အချိန်လဲ နောက်ကျနေပြီ... အိမ်စောစော ပြန်တော့... ဒီနေ့ရဲ့ သင်ခန်းစာက အိမ်စာတွေအားလုံးကို ဂရုတစိုက်လုပ်ဖို့ မမေ့ရဘူးနော်"

ဆရာမမှာ စကားဆုံးအောင်ပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွား၏။
" ပြီးတော့..."

ချီချင်းက စိတ်မရှည်နိုင်တော့ပဲ ဖြတ်ပြောလိုက်သည်။
" ဖုန်း.."

" ကျောင်းတက်နေရင်း ဖုန်းသုံးတာ တကယ်ဆိုးရွားတဲ့ လုပ်ရပ်ပဲ"
လက်အိတ်အမည်းဝတ်ထားသော ပုဂ္ဂိုလ်က ဆရာမကို စိုက်ကြည့်ရင်း ပြောနေသည်။
" အိမ်ပြန်ရောက်တာနဲ့ သူ့ကို သေသေချာချာ ဆုံးမလိုက်ပါ့မယ်"

ဆရာမ : "???"

ဆရာမ ဘာမှပင် ပြောခွင့်မရလိုက်။ ဆုရှောင်းပေါ်၏ အုပ်ထိန်းသူဟု ထင်ရသူနှစ်ယောက်ကချည်း ဦးအောင် ပြောသွားခဲ့သည်။

ဆုရှောင်းပေါ်သည်လဲ အတော် အံ့အားသင့်နေ၏။

ထိုလူနှစ်ယောက် အခန်းထဲ ဝင်လာချိန်ထဲက ခိုးကြည့်နေသော်လဲ သူ့ကို လာကြိုမည့်သူများဟုတော့ မထင်မှတ်ခဲ့။

သို့သော်...

သူ့အန်တီလေးပင် သူ ဒီနေ့စာမေးပွဲရှိသည်ကိုရော ကျသည်ကိုပါ မသိ။

ဆုရှောင်းပေါ်လဲ သူတို့နှစ်ယောက်နောက်မှ အသံတိတ် လိုက်လာကာ ကပ်ဘေးမှသီသီလေးလွတ်လာသည့်အလား ဆရာမရုံးခန်းတံခါးဝကို အောင်မြင်စွာ ဖြတ်ကျော်ရင်း သူတို့နှစ်ယောက်ကို တရင်းတနှီးမေးလိုက်သည်။
" ကိုကြီးတို့နှစ်ယောက်က ကျွန်တော့်ကို စောင့်ရှောက်ဖို့ အန်တီလေး လွှတ်လိုက်တဲ့ သူတွေလား"

ချီချင်းမှာ ထိုကောင်လေးကို သိပ်ကြည့်မရ။ လက်အိတ်နှစ်ဖက်ကို သေသေချာချာ နေရာပြင်ပြီးတော့မှ ထပ်မေးလိုက်သည်။
" မင်း တရုတ်စာ ဘယ်နှမှတ်ရလဲ"

‌ဆုရှောင်းပေါ် : " ဒီလ ၅၆ မှတ်"

ချီချင်း : " ထင်သားပဲ.. လွှတ်လိုက်တာနဲ့ အကူအညီတောင်းတာကိုတောင် ကွဲကွဲပြားပြား မသိတာ"

ဆုရှောင်းပေါ် : "??"

အိမ်အပြန် လမ်းတွင်တော့ ဆုရှောင်းပေါ်တစ်ယောက် ဒီနေ့ဖြစ်ခဲ့သည့် အဖြစ်အပျက်များ ဆုရှောင်းလန်ကြားပါက မည်သို့ တုန့်ပြန်မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူ့ကိုလာကြိုသူနှစ်ယောက်နှင့် ကောင်းကောင်းပေါင်းသွားရန် တွေးနေသည်။
" ကိုကြီးတို့ကလဲဗျာ.. အဆင့်တွေ စာမေးပွဲတွေက သာမန်ပါပဲဗျာ.. လူတိုင်း ပထမရဖို့က ဖြစ်မှမဖြစ်နိုင်တာ.. နောက်ဆုံးရတဲ့လူလဲ ရှိဦးမှပေါ့.. တခြားသူတွေ မခံနိုင်တဲ့ဖိအားမျိုးကို ကျွန်တော်က ကိုယ်စားခံပေးတာပါဗျာ.. အဲ့ဒါ သတ္တိရှိတယ်လို့ မခေါ်ဘူးလား"

ရှဲ့လင်က ကားမောင်းနေရင်း စကားစသည်။
" ငါ့ကို ကောလို့ မခေါ်စမ်းပါနဲ့"

ဆုရှောင်းပေါ် : " ဘာလို့လဲဗျ"

ရှဲ့လင် : " ငါက တစ်ယောက်ထဲရဲ့ ကောပဲ ဖြစ်ချင်တာ.. ကျန်တဲ့သူတွေ ခေါ်လို့မရဘူးကွ"

ချီချင်း၏ မျက်နှာတွင်တော့ 'ငါ့ကို စကားလာမပြောနဲ့ .. ငါ မင်းနဲ့ မရင်းနှီးဘူး' ဟု ရေးထားသည်။ ထိုစကားကြားရပြီးနောက်တွင်တော့ 'တစ်ယောက်ထဲ' ဆိုသော စကားရပ်မှာ သူ့ကို ရည်ညွှန်းမှန်း သိသဖြင့်ခဏတဖြုတ် စိတ်ပျော်သွားပုံရ၏။

ရှဲ့လင်ကို စောင်းငဲ့ကြည့်မိတော့ သူ့ကို ‌ခိုးကြည့်နေသော မျက်လုံးတစ်စုံနှင့် တန်းတန်းတိုးသွားသည်။

ဆုရှောင်းပေါ်ကတော့ စုံတွဲနှစ်ယောက်၏ လျှို့ဝှက်စကားရပ်များကို မသိရှာ။

စိတ်ထဲတွင်တော့ ခေါ်လို့မရရင်လဲ မခေါ်တော့ဘူးကွာဟု တိုးတိုးရေရွတ်လျက် အခေါ်အဝေါ် ပြောင်းလိုက်ရသည်။
" ဦးလေးတို့"

" တကယ်တော့လေ.. ကျွန်တော်က အဆိုးဆုံးမဟုတ်ပါဘူးဗျ.. တရုတ်စာမှာ ၅၄ရတဲ့သူတောင် ရှိတယ်"

ရှဲ့လင် : " အဖြေလွှာ မှားသွားတာမဟုတ်ဘူးလား"

ဆုရှောင်းပေါ် နင်သွားသည်။
" အယ်.. ဘယ်လိုတောင်သိ"

ချီချင်းက လူအများ၏ စိတ်ခံစားချက် အတက်အကျကို သေချာနားမလည်။ သူ ပြောချင်သည့်စကားကို ပွင့်ပွင့်လင်းလင်းသာ ပြောတတ်သည်။ ခေါင်းစဉ်တစ်ခုက စကားတစ်ခွန်းထဲနှင့် ပြီးပြတ်နိုင်သည်ဆိုပါက နောက်တစ်ခွန်း ထပ်မပြောသော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရှဲ့လင်၏ စကားကို ယူကာ ဆက်ပြောပေးလိုက်၏။
" ဘာလို့လဲ‌ဆိုတော့ တစ်မြို့လုံးရဲ့ အတော်ဆုံးကျောင်းမှာ တရုတ်စာ အမှတ်၆၀ အောက်ရတဲ့ကျောင်းသား နှစ်‌ယောက်မရှိနိုင်လို့လေ"

ဆုရှောင်းပေါ် ပါးစပ်ပိတ်သွား၏။

သို့သော် ခဏမျှသာ ကြာသည်။

" ဦးလေးရယ်.. ရောမကို သွားတဲ့လမ်းက ‌တစ်လမ်းထဲရှိတာမှ မဟုတ်တာဗျာ... စာပဲတော်နေလို့ မဖြစ်ဘူးလေ "

ချီချင်းတစ်ယောက် အိမ်မှ အမွှေးလုံးလေးကို လွမ်းသလိုလို ရှိလာသည်။

‌ဆုရှောင်းလန်၏ တူလေးနှင့်ယှဉ်ကြည့်ပါက ‌အမွှေးလုံးလေးက ပို၍ပင် ချစ်ဖို့ကောင်းသည်ဟု ထင်ရသည်။

ချီချင်း : " ရောမကိုသွားဖို့ လမ်းအများကြီးရှိတာ မှန်တယ်.. ဒါပေမဲ့ မင်းရဲ့ပညာအရည်အချင်းနဲ့ဆို ရောမမြို့ ဘယ်နားနေမှန်းတောင် မသိမှာ စိုးရတယ်"

"..."

ဆုရှောင်းပေါ်မှာ ချီချင်း၏ ပညာပေးခြင်းကို တစ်ချီပြီးတစ်ချီ လှိမ့်ခံနေရသည်။ ထို့ကြောင့် လက်အိတ်အမည်းဝတ်ထားသော ကိုကိုနှင့် စကားပြောခြင်းကို ပညာသားပါပါ ရပ်ဆိုင်း၍ ပေါင်းရသင်းရ လွယ်ဟန်တူသော တစ်ယောက်‌ဆီ မြားဦးလှည့်လိုက်သည်။

" ဦးလေး"
ဆုရှောင်းပေါ်က ပြောနေသည်။
" ဒီဘက်က ဦးလေးက ကျွန်တော့်ကို ပညာမတတ်ဘူးဆိုပြီး လှောင်နေတယ်"

သို့သော် ရှဲ့လင်မှာ ပေါင်းရသင်းရ လွယ်ကူဟန်ရှိသော်လဲ ဆုရှောင်းပေါ် ခေါင်းပေါ်ကို ရေအေးတစ်ပုံးလောင်းချလိုက်သည့်အလား အေးစက်စက်စကားဆိုလာသည်။
" ကောင်လေး.. မင်း တိုင်‌ချင်တောချင်တယ်ဆိုရင်တော့ လူမှားလာပြီကွ.. မင်းဘေးက ဦးလေးကြီး ဘာပြောပြော ငါ့အတွက် အမှန်ချည်းပဲကွာ"

ဆုရှောင်းပေါ် : "..."

" ကျွန်တော်က စာလုပ်ရတာ တကယ်ကို မကြိုက်တာပါဗျာ"
ဆုရှောင်းပေါ်က စိတ်ပျက်လက်ပျက် ထိုင်ချရင်း သက်ပြင်းချနေသည်။
" အထက်တန်းကျောင်းက စာတွေ တကယ်ခက်တာ.. အလယ်တန်းကျောင်းကစာတွေနဲ့ တခြားစီပဲ..  အလယ်တန်းတုန်းက ကျွန်တော်ဆို ကြက်ခေါင်းလိုပဲ ရှေ့က လန်းလန်း လန်းလန်းနဲ့.. အခုကျတော့လဲ ဇာမဏီအမြီးလို နောက်ဆုံးက‌ တန်းလန်း တန်းလန်းလေး... လူပဲဗျာ ဘဝမှာ ပျော်ရွှင်မှုလေးတော့ ရှာမှ ရမှာပေါ့.. စာသင်ရတာ‌တောင် ဒီလောက်ခက်ခဲတာ.. ဦးလေးတို့ ကျွန်တော့်အန်တီလေးကို မပြောလို့ မရဘူးလားဗျာ"

စကားပြောရင်းနှင့် ‌ဆုရှောင်းပေါ်မှာ ကားအပြင်ဘက်ကို ကူရာမဲ့စွာ ကြည့်လိုက်သည်။

သူ့မျက်ဝန်းထဲတွင် အပြင်ဘက်က ရှုခင်းသည်ပင် ကြည့်စရာ တစ်ကွက်မှ မရှိ။

မည်းမှောင်နေသော ကောင်းကင်ကြီး .. လူသူနည်းပါးသော လမ်းမ...

ထိုအချိန်တွင် ကားမောင်းလာသည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ ကျောင်းဝင်းကို ကျော်လာနေပြီဖြစ်၏။ ထိုလမ်း၏ လမ်း‌ဆုံညာဘက်ထောင့်ချိုးတွင် ကွမ်းယွမ်နှင့် ခပ်ဆင်ဆင်တူသော ကျောင်းတစ်ကျောင်းလဲ ရှိနေသည်။

အာ....

စိတ်ပျက်စရာ ကျောင်း နောက်တစ်‌ကျောင်း....

ဆုရှောင်းပေါ်က ကျောင်းကို ကြည့်ရင်း စိတ်ပျက်ဝမ်းနည်းနေသည်။

ထိုကျောင်းကို တစ်ချက်လှမ်းကြည့်မိတော့ ‌ကျောင်းအနောက်ဘက်တွင် ခြံစည်းရိုးနှင့် ကာထားသော သစ်တောအုပ်လေးတစ်ခုပင် ရှိနေသေးသည်။ တောအုပ်လေး၏ သစ်ပင်ကြီးပေါ်တွင် အနီနှင့်အနက်ရောင် စွန် (လေတံခွန်)ကြီးတစ်ခု ကပ်ငြိနေ၏။

" ဒီကျောင်းက ကျောင်းသားတွေ‌ကတော့ စွန်လွှတ်ချိန် ရတဲ့ပုံပဲ"
ဆုရှောင်းပေါ်က စိတ်ပျက်လက်ပျက် ပြောနေသည်။
" ကျွန်တော်တို့ကျောင်းမှာလဲ စွန်လွှတ်ပွဲလေး ဘာလေး စီစဉ်ပေးရင် ကောင်းမှာပဲ"

" ဒါပေမဲ့ ဒီစွန်ပုံစံကြီးက ကြည့်ရတာ...."

ဆုရှောင်းပေါ် စကားဆုံးသည်နှင့် သူစီးလာသောကားက ရုတ်တရက် ထိုးရပ်သွားသည်။

ကျောပိုးအိတ်ကြိုးကို တင်းတင်းဆွဲလျက် ရင်ဘတ်ကိုဖိရင်း ဆုရှောင်းပေါ် အာရုံစိုက် ကြည့်နေသည်။
" ဒါကြီးက.. အကြီး.. ကြီး.. ဦးလေးတို့ ဘာလို့ ကားရပ်လိုက်တာလဲဗျ"

ဆုရှောင်းပေါ် အမှတ်တမဲ့ ပြောလိုက်သောစကားကြောင့် အရှေ့တွင်လဲ လမ်းဆုံမီးပွိုင့်ကို တွေ့လိုက်ရသော ရှဲ့လင်မှာ ကားကို တစ်လှိမ့်ချင်း လှိမ့်ရင်း ကျောင်းထဲတစ်ချက် လှည့်ကြည့်မိသည်။ ထိုခဏ၌...

တောအုပ်လေးက ‌ရွက်ဟောင်းများကြွေကာ ရွက်သစ်ဖူးစဖြစ်သည့်အတွက် ‌အရာအားလုံး ရှင်းလင်းနေသည်။ အဆိုပါ ရှင်းလင်းနေသော တောအုပ်လေးထဲတွင် တန်းလန်းချိတ်နေသော ထိုအရာက အထင်းသား။ သစ်ပင်ကြီးပေါ်တွင် ချိတ်လျက်သား ရှိသော စွန်ကြီးမှာ 'အမြီး' နှစ်ခု တွဲလောင်းကျကာ လေအဝှေ့တွင် ယိမ်းထိုးလျက်ရှိနေသည်။

သို့သော် အနီးကပ်လှမ်းကြည့်ပါက အဆိုပါတွဲလောင်းကျနေသော အရာနှစ်ခုမှာ လေတံခွန်(စွန်) မှ အမြီးနှစ်ခု မဟုတ်။

" အဲ့ဒါ စွန်မဟုတ်ဘူး"
ရှဲ့လင်က ဘရိတ်ဖိနင်းရင်း ပြောလိုက်သည်။
" အဲ့ဒါ လူ.. အနီနဲ့ အနက်‌က ဒီကျောင်းရဲ့ ဝတ်စုံလေ"

........
End of part 93
Thank you all

Zawgyi

" ကြမ္းယြမ္ အထက္တန္းေက်ာင္း.... တန္းခြဲ (၄) ဆုေရွာင္းေပၚ"

" ‌ငါးနာရီခြဲဆို ေက်ာင္းဆင္းပါတယ္.. ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

ထိုႏွစ္ခုက ဆုေရွာင္းလန္ ေပးပို႔လိုက္ေသာ အခ်က္အလက္မ်ား ျဖစ္သည္။

ဆုေရွာင္းလန္က ထပ္ေျပာျပန္သည္။

" အႀကံေပးရွဲ႕ရဲ႕ ကားလိုင္စင္နံပါတ္ကို သူ႕ကို ေျပာထားတယ္.. ကားထဲမွာပဲ ေစာင့္ေနပါ.. သူ လာရွာပါလိမ့္မယ္"

ဆုေရွာင္းလန္ႏွင့္ အမ်ိဳးမွန္း တန္းသိနိုင္ေသာ နာမည္ပင္။

ညေနဘက္ သူတို႔ႏွစ္ေယာက္ ေက်ာင္းေရွ႕ေရာက္လာသည့္အခ်ိန္ ေက်ာင္းတံခါးဖြင့္စပင္ ရွိေသးသည္။ ဆုေရွာင္းလန္က တူေလးကို ကားနံပါတ္ေပးထားသည္ဆိုသျဖင့္ သူတို႔ ကားထဲတြင္သာ ေစာင့္ေနၾကသည္။ သို႔ေသာ္ နာရီဝက္အၾကာတြင္ ေက်ာင္းတံခါးဝ၌လဲ လူမ်ား အေတာ္အတန္ကင္းရွင္းသြားသည္။ က်န္ေနေသးေသာ ေက်ာင္းသားတခ်ိဳ႕သည္ပင္ ‌ေက်ာင္းဝင္းထဲမွ ေျပးထြက္လာၾက၏။

မိနစ္အနည္းငယ္အၾကာတြင္ေတာ့ ေက်ာင္းသားအေတာ္ပင္ နည္းပါးသြားေလသည္။

ကြမ္းယြမ္အထက္တန္းေက်ာင္းမွာ ေတာင္ပိုင္း၏ နာမည္ႀကီး ေက်ာင္းမ်ားထဲတြင္ တစ္ေက်ာင္းအပါအဝင္ျဖစ္၏။ ေက်ာင္းဆင္းခ်ိန္ ျဖစ္သည့္တိုင္း ေက်ာင္းသားေက်ာင္းသူေလးမ်ားက ေအာ္ႀကီးဟစ္က်ယ္ စကားမေျပာပဲ တည္တည္ၿငိမ္ၿငိမ္ ရွိၾကသည္။

တခ်ိဳ႕မိဘမ်ားက '‌ဒီကေလး ဘာလို႔ ခုထိ ထြက္မလာေသးတာလဲ' 'ဘာမ်ားျဖစ္ေနလို႔လဲ' ဟု ေတြးေတာပူပန္ေနၾကခ်ိန္ ရွဲ႕လင္ႏွင့္ ခ်ီခ်င္းတို႔ကေတာ့ ကားထဲတြင္သာ ေအးေအးေဆးေဆး ေစာင့္ေနၾကသည္။ ရွဲ႕လင္၏ကားက အေတာ္မ်က္စိပသာဒရွိသည္။ ထို႔ေၾကာင့္ ျဖတ္သန္းသြားလာသူမ်ားက ကားထဲ အမွတ္မထင္ ေခ်ာင္းၾကည့္ျဖစ္ၾကသည္။ ကားထဲမွအမ်ိဳးသားႏွစ္ေယာက္မွာ ကားေရွ႕ခန္းတြင္ ယွဥ္လ်က္သား ရွိေနၾကသည္။ သူတို႔ထဲမွ တစ္ေယာက္က ကားျပတင္းမွေန၍ ေအးစက္တည္ၿငိမ္စြာႏွင့္ အျပင္ကို ေငးၾကည့္ေနသည္။ ထိုသူမွာ အင္မတန္ေခ်ာေမာလွကာ လက္ႏွစ္ဖက္လုံးကို ဆြယ္တာအကၤ်ီလက္ထဲ ထိုးထည့္ထားသည္။ အသားျဖဴလြန္းေသာေၾကာင့္ သက္ရွိသတၱဝါဟုပင္ ထင္ရက္စရာ လုံးဝမရွိ။

က်န္တစ္ေယာက္ကေတာ့ ကားျပတင္းေပၚ လက္တစ္ဖက္တင္ကာ က်န္တစ္ဖက္က ဖုန္းသုံးေနသည္။

ရွဲ႕လင္က ဆုေရွာင္းလန္ကို စာပို႔ေနသည္။
" ခင္ဗ်ားတူေလးကို ဘယ္တုန္းက စာပို႔ထားတာလဲ"

ဆုေရွာင္းလန္ : " လြန္ခဲ့တဲ့ တစ္နာရီေလာက္က"

ရွဲ႕လင္ : " သူ ခင္ဗ်ားကို တစ္ခုခု ျပန္ေျပာေသးလား"

ဆုေရွာင္းလန္ : " ဟင့္အင္း"

ရွဲ႕လင္က ဆုေရွာင္းလန္၏ စာကို ခ်ီခ်င္းအား ဖတ္ျပေနသည္။
" သူ႕ကို စာမျပန္ဘူးတဲ့"

နက္ေမွာင္ေနေသာ ခ်ီခ်င္း၏ မ်က္ဝန္းေလးမ်ားက ကားျပတင္းထက္မွ ရွဲ႕လင္ဖုန္းမ်က္ႏွာျပင္ေပၚသို႔ ေရာက္ရွိလာသည္။

သူတို႔ႏွစ္ေယာက္လုံး ဆုေရွာင္းလန္၏ ျပန္စာကို စိုက္ၾကည့္ေနၾကသည္။

ရွဲ႕လင္က ကားမွန္ကို လက္ေခ်ာင္းေလးႏွင့္ ဖိေနသည္။
" လြန္ခဲ့တဲ့တစ္နာရီက အရာရွိဆု ကားနံပါတ္ ပို႔လိုက္တယ္... အတန္းခ်ိန္ပဲ ရွိဦးမွာဆိုေတာ့ သူ႕တူေလးက စာျပန္မပို႔ဘူး.. ဒါေပမဲ့ အရာရွိဆုကလဲ စိတ္မပူေသးဘူး.. သူ႕တူေလး ဒီစာကို ျမင္လိမ့္မယ္ဆိုတာ ေသခ်ာေနလို႔.. အဲ့ေတာ့ ေက်ာင္းဆင္းတိုင္း ဖုန္းၾကည့္တတ္တဲ့သူ ျဖစ္ေလာက္တယ္"

" ေက်ာင္းတြင္းမွာ ဖုန္းေပးသုံးတဲ့ေက်ာင္းမွ သိပ္မရွိတာ"
ရွဲ႕လင္က ဆက္ေျပာသည္။
"ဒါမွမဟုတ္ ဒီေက်ာင္းက ခြၽင္းခ်က္မ်ားလား"

ခ်ီခ်င္းက ခြၽင္းခ်က္ဆိုေသာ ျဖစ္နိုင္ေခ်ကိဳ ပယ္ခ်ပစ္လိုက္သည္။
" မဟုတ္ဘူး"

ရွဲ႕လင္ : " မင္း ဒီေက်ာင္း တက္ဖူးလို႔လား"

ခ်ီခ်င္း : " လြန္ခဲ့တဲ့ နာရီဝက္က ေက်ာင္းသားေလးေတြ ေက်ာင္းေပါက္ဝမွာ ဖုန္းခိုးဖြင့္ေနတာ.. ဖုန္းပြင့္ဖို႔ ခဏရပ္ေစာင့္ေနၾက‌ရေသးတယ္ေလ... အေရးေပၚသုံးဖို႔ ဖုန္းကို ယူသြားၾကတယ္ဆိုေပမဲ့ ေက်ာင္းထဲမွာ မသုံးရဲၾကတဲ့ပုံပဲေလ"

ခ်ီခ်င္းက ရွဲ႕လင္ဘက္ကို လွည့္ၾကည့္ရင္း ဆက္ေျပာေနသည္။
" ကြၽန္ေတာ္က ဒီေက်ာင္းမတက္ဖူးဘူး.. ဒီေက်ာင္းကို ဝင္ခြင့္ရဖို႔ ကြၽန္ေတာ့္အတြက္ အရမ္းခက္ခဲတယ္ေလ"

ရွဲ႕လင္မွာ သူ႕လက္တြဲေဖာ္၏ IQ ျမင့္မားသည္ကို သိထားေသာေၾကာင့္ ဝင္ခြင့္စာေမးပြဲ က်တာေတာ့ မျဖစ္နိုင္ဟု ‌ေတြးေတာေနသည္။

" ကြၽန္ေတာ့္အမွတ္က အခုထက္ ဆယ္မွတ္ေလာက္ ေလ်ာ့မယ္ဆိုရင္ေတာ့ ဒီေက်ာင္း ဝင္ခြင့္ရခ်င္ရမွာေပါ့ေလ"
ခ်ီခ်င္းက ရိုးသားစြာ ဆက္ေျပာသည္။
" ဒါေပမဲ့ ဆယ္မွတ္ေလ်ာ့ရဖို႔ဆိုတာ လြယ္တဲ့ကိစၥမွ မဟုတ္တာ"

"..."

သူမ၏ တူေလးကို ႐ုံးခ်ဳပ္မွ အႀကံေပးႏွစ္ေယာက္ ေဝဖန္ေနၾကသည့္အေၾကာင္းအား ဆုေရွာင္းလန္ မသိရွာ။ သူမေပးထားသည့္ အခ်က္အလက္နည္းနည္းေလးႏွင့္ အႀကံေပးႏွစ္ေယာက္က တူေလး၏အေၾကာင္းကို အႀကိတ္အနယ္ ေဆြးေႏြးေနၾကသည္။

ခ်ီခ်င္း : " ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား ေမးခြန္းစာ႐ြက္ေတြကိုင္ၿပီး ထြက္လာၾကတာ"

ရွဲ႕လင္ : " ေက်ာင္းဝင္ခြင့္စာေမးပြဲကို ေျဖၿပီးတာ မၾကာေသးဘူး.. ၾကည့္ရတာ သူ႕တူေလးက ဖုန္းလဲ ‌စြဲစြဲၿမဲၿမဲ သုံးတတ္တဲ့ပုံပဲ... ဆရာမေတြက သူ စာေမးပြဲက်လိဳ႕ ေခၚဆူေနတာလဲ ျဖစ္နိုင္တယ္"

ေက်ာင္းဂိတ္ဝအေဟာင္းႀကီးက သူတို႔ေရွ႕တြင္ မားမားမတ္မတ္ ရပ္လ်က္ရွိသည္။ ရွဲ႕လင္က ကားထဲမွ ထြက္ကာ ေက်ာင္းသားေလးတစ္ဦးကိုတား၍ အထက္‌တန္း ပထမႏွစ္ တန္းခြဲ၄ ဘယ္နားမွာရွိလဲ ေမးလိုက္သည္။

အတားခံလိုက္ရေသာ ေက်ာင္းသားေလးမွာ မ်က္မွန္ထူထူတပ္ကာ လမ္းေလွ်ာက္ရင္းႏွင့္ပင္ အဂၤလိပ္မီးနင္းမ်ား က်က္လ်က္ရွိသည္။ လက္ထဲတြင္ မီးနင္းစာအုပ္ကိုင္ထားရင္းက ရိုရိုေသေသ ျပန္ေျဖသည္။
" ဂိတ္ဝကေန တန္းတန္းသြား.. ေက်ာင္းေဆာင္နံပါတ္ ၃ က ‌အထက္တန္းပထမႏွစ္ေတြ ရွိတဲ့အေဆာင္ပဲ.. ေျမညီထပ္မွာက တန္းခြဲ၃ အထိပဲ ရွိတာ တန္းခြဲ၄ ဆိုရင္ ဒုတိယထပ္မွာ ‌ရွိတယ္"

သူတို႔ႏွစ္ေယာက္လဲ ေ႐ြးခ်ယ္စရာမရွိေတာ့ပဲ ေက်ာင္းသားေလးကို ေက်းဇူးတင္စကားေျပာ၍ ေက်ာင္းထဲ ကိုယ္တိုင္သြားႀကိဳရန္ ေက်ာင္းေစာင့္ကို ခြင့္ေတာင္းလိုက္ရသည္။

ဘြဲ႕ရၿပီးေနာက္ ႏွစ္ေပါင္းမ်ားစြာ ၾကာသည့္တိုင္ ေက်ာင္းဝန္းထဲ ေျခမခ်ဖဴးေသးေသာ လူႏွစ္ေယာက္အတြက္ ေက်ာင္းပတ္ဝန္းက်င္မွာ ထူးဆန္းေသာ္လဲ ရင္းႏွီးေနသေယာင္ရွိသည္။ ဆရာမ်ားေဆာင္ကို ျဖတ္လာေတာ့ ငယ္႐ြယ္သည့္ ဆရာ ဆရာမမ်ားကို ေတြ႕ခဲ့ရသည္။

ေက်ာင္းေဆာင္ ၃ ထဲတြင္ လူသိပ္မက်န္ေတာ့။

ဆရာ႐ုံးခန္းက အထပ္တိုင္း၏ ေထာင့္နားတြင္ရွိကာ တံခါး ခပ္ဟဟေလး ပြင့္ေနသည္။

ခ်ီခ်င္းက တံခါးေရွ႕တြင္ ရပ္ကာ အသင့္ပါလာေသာ လက္အိတ္စြပ္သည္။ ရွဲ႕လင္က ခ်ီခ်င္းလက္အိတ္ဝတ္ၿပီးသည္အထိ ေစာင့္ၿပီးမွ တံခါးေခါက္၏။

႐ုံးခန္းထဲရွိ အေျခအေနက သူတို႔ေမွ်ာ္လင့္ထားသည့္အတိုင္းပင္။ ဆရာမ၏ မ်က္ႏွာထားက ေအးစက္တင္းမာလ်က္ရွိသည္။ သူမ၏ ေဘးတြင္ေတာ့ ေက်ာင္းဝတ္စုံ ဝတ္ထားေသာ လူငယ္ေလးတစ္ေယာက္ မတ္တပ္ရပ္ေန၏။ လူငယ္ေလးက အရပ္သိပ္မရွည္ မ်က္လုံးမ်ားကေတာ့ ဆုေရွာင္းလန္ႏွင့္ ခပ္ဆင္ဆင္တူသည္။ အဆူခံေနရသည့္တိုင္ မ်က္လုံးမ်ားက ေတာေရာက္ေတာင္ေရာက္ႏွင့္ တျခားသူမ်ားကို လိုက္ၾကည့္ေန၏။ အဆူခံေနရသည့္အတြက္ စိတ္ဖိအားမ်ားလြန္းကာ ဟိုၾကည့္သည္ၾကည့္ လုပ္ေနဟန္တူ၏။

ေလထုကို အကဲခတ္ျခင္းအားျဖင့္ ပထမလပတ္စာေမးပြဲ ေျဖၿပီးခ်ိန္ ျဖစ္ေလာက္သည္။ ဆရာမမွာ အစြမ္းကုန္သုံး၍ ေအးစက္စက္အေငြ႕အသက္မ်ား ဖန္တီးေနဟန္ရွိသည္။

အဆိုပါေလထုႏွင့္အတူ ႐ုံးခန္းထဲတြင္ တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိ၏။

ရလဒ္အေနျဖင့္ ရွဲ႕လင္တြန္းလိုက္ေသာ တံခါးသံတကြၽိကြၽိမွာ အက်ယ္ႀကီး ထြက္ေပၚလာခဲ့သည္။

ဆုေရွာင္းေပၚ၏ ေတာင္ၾကည့္ေျမာက္ၾကည့္ မ်က္လုံးမ်ားမွာ အသံလာရာ တံခါးဝဆီ ေရာက္ရွိလာသည္။ တံခါးဝတြက္ သူ မသိေသာ ေယာက္်ားတစ္ဦးရပ္ေနကာ သူ႕ကို ၿပဳံးျပေနသည္အား ေတြ႕လိုက္ရ၏။
" ေတာင္းပန္ပါတယ္ဗ်ာ.. ေက်ာင္းေတာင္ ဆင္းေနၿပီ ဆရာမရဲ႕အခ်ိန္ေတြ ထပ္ျဖဳန္းေစမိပါၿပီ.. ဒီကေလးက စာမွာ အာ႐ုံကို မရွိတာပါ.. ေက်ာင္းစတက္ထဲက ‌အမွတ္ေတြ အားရေလာက္ေအာင္ မတက္လာဘူး.. အၿမဲတမ္း ဆုံးမေပးေနတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်ာ"

ရွဲ႕လင္က အထဲဝင္လာသည္ႏွင့္ ယဥ္ေက်းစြာ ဆက္ေျပာေနသည္။

ဆရာမျဖစ္သူမွာ ရွဲ႕လင္ကို ေၾကာင္အအၾကည့္ရင္း ရိုက်ိဳးေသာ စကားမ်ားကို ေက်ေက်နပ္နပ္ နားေထာင္ေနသည္။ ထို႔အျပင္ ဝင္လာေသာ ထိုသူမွာ ဆုေရွာင္းေပၚ၏ စာတိုးတက္မႈ အေျခအေနကို ေကာင္းမြန္စြာ သိေနသည့္အျပင္ အတိအက် ေဝဖန္ေပးတတ္ေသးသည္။ တစ္ဖက္လူက တိတိက်က်ႀကီး ေျပာေနေတာ့မွေတာ့ သူမလဲ ထပ္ေျပာရန္ ေမ့ေလ်ာ့သြားေတာ့သည္။ ဒီလူက ဆုေရွာင္းေပၚ စာေမးပြဲက်သည္ကို ဘယ္လိုမ်ား သိသြားပါလိမ့္။

ႏွစ္မိနစ္ သုံးမိနစ္အၾကာတြင္ စကားဝိုင္းက အာေပါင္အားရင္းသန္ေသာ ရွဲ႕လင္၏ ထိန္းခ်ဳပ္မႈေအာက္တြင္ လုံးလုံးလ်ားလ်ား က်ေရာက္သြားကာ ဆရာမကေတာ့ ရွဲ႕လင္စကားကို ေထာက္ခံရင္း ေခါင္းညိတ္ေနရေတာ့သည္။ ဘယ္ေလာက္မွ မၾကာလိုက္။ ဆရာမ၏ မ်က္ႏွာေပၚတြင္ အၿပဳံးႏုႏု ေပၚလာခဲ့သည္။
" ဟုတ္ပါၿပီ.. အခု အခ်ိန္လဲ ေနာက္က်ေနၿပီ... အိမ္ေစာေစာ ျပန္ေတာ့... ဒီေန႕ရဲ႕ သင္ခန္းစာက အိမ္စာေတြအားလုံးကို ဂ႐ုတစိုက္လုပ္ဖို႔ မေမ့ရဘူးေနာ္"

ဆရာမမွာ စကားဆုံးေအာင္ေျပာၿပီးေနာက္ တစ္စုံတစ္ခုကို သတိရသြား၏။
" ၿပီးေတာ့..."

ခ်ီခ်င္းက စိတ္မရွည္နိုင္ေတာ့ပဲ ျဖတ္ေျပာလိုက္သည္။
" ဖုန္း.."

" ေက်ာင္းတက္ေနရင္း ဖုန္းသုံးတာ တကယ္ဆိုး႐ြားတဲ့ လုပ္ရပ္ပဲ"
လက္အိတ္အမည္းဝတ္ထားေသာ ပုဂၢိဳလ္က ဆရာမကို စိုက္ၾကည့္ရင္း ေျပာေနသည္။
" အိမ္ျပန္ေရာက္တာနဲ႕ သူ႕ကို ေသေသခ်ာခ်ာ ဆုံးမလိုက္ပါ့မယ္"

ဆရာမ : "???"

ဆရာမ ဘာမွပင္ ေျပာခြင့္မရလိုက္။ ဆုေရွာင္းေပၚ၏ အုပ္ထိန္းသူဟု ထင္ရသူႏွစ္ေယာက္ကခ်ည္း ဦးေအာင္ ေျပာသြားခဲ့သည္။

ဆုေရွာင္းေပၚသည္လဲ အေတာ္ အံ့အားသင့္ေန၏။

ထိုလူႏွစ္ေယာက္ အခန္းထဲ ဝင္လာခ်ိန္ထဲက ခိုးၾကည့္ေနေသာ္လဲ သူ႕ကို လာႀကိဳမည့္သူမ်ားဟုေတာ့ မထင္မွတ္ခဲ့။

သို႔ေသာ္...

သူ႕အန္တီေလးပင္ သူ ဒီေန႕စာေမးပြဲရွိသည္ကိုေရာ က်သည္ကိုပါ မသိ။

ဆုေရွာင္းေပၚလဲ သူတို႔ႏွစ္ေယာက္ေနာက္မွ အသံတိတ္ လိုက္လာကာ ကပ္ေဘးမွသီသီေလးလြတ္လာသည့္အလား ဆရာမ႐ုံးခန္းတံခါးဝကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္ရင္း သူတို႔ႏွစ္ေယာက္ကို တရင္းတႏွီးေမးလိုက္သည္။
" ကိုႀကီးတို႔ႏွစ္ေယာက္က ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ဖို႔ အန္တီေလး လႊတ္လိုက္တဲ့ သူေတြလား"

ခ်ီခ်င္းမွာ ထိုေကာင္ေလးကို သိပ္ၾကည့္မရ။ လက္အိတ္ႏွစ္ဖက္ကို ေသေသခ်ာခ်ာ ေနရာျပင္ၿပီးေတာ့မွ ထပ္ေမးလိုက္သည္။
" မင္း တ႐ုတ္စာ ဘယ္ႏွမွတ္ရလဲ"

‌ဆုေရွာင္းေပၚ : " ဒီလ ၅၆ မွတ္"

ခ်ီခ်င္း : " ထင္သားပဲ.. လႊတ္လိုက္တာနဲ႕ အကူအညီေတာင္းတာကိုေတာင္ ကြဲကြဲျပားျပား မသိတာ"

ဆုေရွာင္းေပၚ : "??"

အိမ္အျပန္ လမ္းတြင္ေတာ့ ဆုေရွာင္းေပၚတစ္ေယာက္ ဒီေန႕ျဖစ္ခဲ့သည့္ အျဖစ္အပ်က္မ်ား ဆုေရွာင္းလန္ၾကားပါက မည္သို႔ တုန႔္ျပန္မည္ကို စိုးရိမ္ေနသည္။ ထို႔ေၾကာင့္ သူ႕ကိုလာႀကိဳသူႏွစ္ေယာက္ႏွင့္ ေကာင္းေကာင္းေပါင္းသြားရန္ ေတြးေနသည္။
" ကိုႀကီးတို႔ကလဲဗ်ာ.. အဆင့္ေတြ စာေမးပြဲေတြက သာမန္ပါပဲဗ်ာ.. လူတိုင္း ပထမရဖို႔က ျဖစ္မွမျဖစ္နိုင္တာ.. ေနာက္ဆုံးရတဲ့လူလဲ ရွိဦးမွေပါ့.. တျခားသူေတြ မခံနိုင္တဲ့ဖိအားမ်ိဳးကို ကြၽန္ေတာ္က ကိုယ္စားခံေပးတာပါဗ်ာ.. အဲ့ဒါ သတၱိရွိတယ္လို႔ မေခၚဘူးလား"

ရွဲ႕လင္က ကားေမာင္းေနရင္း စကားစသည္။
" ငါ့ကို ေကာလို႔ မေခၚစမ္းပါနဲ႕"

ဆုေရွာင္းေပၚ : " ဘာလို႔လဲဗ်"

ရွဲ႕လင္ : " ငါက တစ္ေယာက္ထဲရဲ႕ ေကာပဲ ျဖစ္ခ်င္တာ.. က်န္တဲ့သူေတြ ေခၚလို႔မရဘူးကြ"

ခ်ီခ်င္း၏ မ်က္ႏွာတြင္ေတာ့ 'ငါ့ကို စကားလာမေျပာနဲ႕ .. ငါ မင္းနဲ႕ မရင္းႏွီးဘူး' ဟု ေရးထားသည္။ ထိုစကားၾကားရၿပီးေနာက္တြင္ေတာ့ 'တစ္ေယာက္ထဲ' ဆိုေသာ စကားရပ္မွာ သူ႕ကို ရည္ၫႊန္းမွန္း သိသျဖင့္ခဏတျဖဳတ္ စိတ္ေပ်ာ္သြားပုံရ၏။

ရွဲ႕လင္ကို ေစာင္းငဲ့ၾကည့္မိေတာ့ သူ႕ကို ‌ခိုးၾကည့္ေနေသာ မ်က္လုံးတစ္စုံႏွင့္ တန္းတန္းတိုးသြားသည္။

ဆုေရွာင္းေပၚကေတာ့ စုံတြဲႏွစ္ေယာက္၏ လွ်ို႔ဝွက္စကားရပ္မ်ားကို မသိရွာ။

စိတ္ထဲတြင္ေတာ့ ေခၚလို႔မရရင္လဲ မေခၚေတာ့ဘူးကြာဟု တိုးတိုးေရ႐ြတ္လ်က္ အေခၚအေဝၚ ေျပာင္းလိုက္ရသည္။
" ဦးေလးတို႔"

" တကယ္ေတာ့ေလ.. ကြၽန္ေတာ္က အဆိုးဆုံးမဟုတ္ပါဘူးဗ်.. တ႐ုတ္စာမွာ ၅၄ရတဲ့သူေတာင္ ရွိတယ္"

ရွဲ႕လင္ : " အေျဖလႊာ မွားသြားတာမဟုတ္ဘူးလား"

ဆုေရွာင္းေပၚ နင္သြားသည္။
" အယ္.. ဘယ္လိုေတာင္သိ"

ခ်ီခ်င္းက လူအမ်ား၏ စိတ္ခံစားခ်က္ အတက္အက်ကိဳ ေသခ်ာနားမလည္။ သူ ေျပာခ်င္သည့္စကားကို ပြင့္ပြင့္လင္းလင္းသာ ေျပာတတ္သည္။ ေခါင္းစဥ္တစ္ခုက စကားတစ္ခြန္းထဲႏွင့္ ၿပီးျပတ္နိုင္သည္ဆိုပါက ေနာက္တစ္ခြန္း ထပ္မေျပာေသာ လူတစ္ေယာက္ ျဖစ္သည္။ ထို႔ေၾကာင့္ ရွဲ႕လင္၏ စကားကို ယူကာ ဆက္ေျပာေပးလိုက္၏။
" ဘာလို႔လဲ‌ဆိုေတာ့ တစ္ၿမိဳ႕လုံးရဲ႕ အေတာ္ဆုံးေက်ာင္းမွာ တ႐ုတ္စာ အမွတ္၆၀ ေအာက္ရတဲ့ေက်ာင္းသား ႏွစ္‌ေယာက္မရွိနိုင္လို႔ေလ"

ဆုေရွာင္းေပၚ ပါးစပ္ပိတ္သြား၏။

သို႔ေသာ္ ခဏမွ်သာ ၾကာသည္။

" ဦးေလးရယ္.. ေရာမကို သြားတဲ့လမ္းက ‌တစ္လမ္းထဲရွိတာမွ မဟုတ္တာဗ်ာ... စာပဲေတာ္ေနလို႔ မျဖစ္ဘူးေလ "

ခ်ီခ်င္းတစ္ေယာက္ အိမ္မွ အေမႊးလုံးေလးကို လြမ္းသလိုလို ရွိလာသည္။

‌ဆုေရွာင္းလန္၏ တူေလးႏွင့္ယွဥ္ၾကည့္ပါက ‌အေမႊးလုံးေလးက ပို၍ပင္ ခ်စ္ဖို႔ေကာင္းသည္ဟု ထင္ရသည္။

ခ်ီခ်င္း : " ေရာမကိုသြားဖို႔ လမ္းအမ်ားႀကီးရွိတာ မွန္တယ္.. ဒါေပမဲ့ မင္းရဲ႕ပညာအရည္အခ်င္းနဲ႕ဆို ေရာမၿမိဳ႕ ဘယ္နားေနမွန္းေတာင္ မသိမွာ စိုးရတယ္"

"..."

ဆုေရွာင္းေပၚမွာ ခ်ီခ်င္း၏ ပညာေပးျခင္းကို တစ္ခ်ီၿပီးတစ္ခ်ီ လွိမ့္ခံေနရသည္။ ထို႔ေၾကာင့္ လက္အိတ္အမည္းဝတ္ထားေသာ ကိုကိုႏွင့္ စကားေျပာျခင္းကို ပညာသားပါပါ ရပ္ဆိုင္း၍ ေပါင္းရသင္းရ လြယ္ဟန္တူေသာ တစ္ေယာက္‌ဆီ ျမားဦးလွည့္လိုက္သည္။

" ဦးေလး"
ဆုေရွာင္းေပၚက ေျပာေနသည္။
" ဒီဘက္က ဦးေလးက ကြၽန္ေတာ့္ကို ပညာမတတ္ဘူးဆိုၿပီး ေလွာင္ေနတယ္"

သို႔ေသာ္ ရွဲ႕လင္မွာ ေပါင္းရသင္းရ လြယ္ကူဟန္ရွိေသာ္လဲ ဆုေရွာင္းေပၚ ေခါင္းေပၚကို ေရေအးတစ္ပုံးေလာင္းခ်လိဳက္သည့္အလား ေအးစက္စက္စကားဆိုလာသည္။
" ေကာင္ေလး.. မင္း တိုင္‌ခ်င္ေတာခ်င္တယ္ဆိုရင္ေတာ့ လူမွားလာၿပီကြ.. မင္းေဘးက ဦးေလးႀကီး ဘာေျပာေျပာ ငါ့အတြက္ အမွန္ခ်ည္းပဲကြာ"

ဆုေရွာင္းေပၚ : "..."

" ကြၽန္ေတာ္က စာလုပ္ရတာ တကယ္ကို မႀကိဳက္တာပါဗ်ာ"
ဆုေရွာင္းေပၚက စိတ္ပ်က္လက္ပ်က္ ထိုင္ခ်ရင္း သက္ျပင္းခ်ေနသည္။
" အထက္တန္းေက်ာင္းက စာေတြ တကယ္ခက္တာ.. အလယ္တန္းေက်ာင္းကစာေတြနဲ႕ တျခားစီပဲ..  အလယ္တန္းတုန္းက ကြၽန္ေတာ္ဆို ၾကက္ေခါင္းလိုပဲ ေရွ႕က လန္းလန္း လန္းလန္းနဲ႕.. အခုက်ေတာ့လဲ ဇာမဏီအၿမီးလို ေနာက္ဆုံးက‌ တန္းလန္း တန္းလန္းေလး... လူပဲဗ်ာ ဘဝမွာ ေပ်ာ္႐ႊင္မႈေလးေတာ့ ရွာမွ ရမွာေပါ့.. စာသင္ရတာ‌ေတာင္ ဒီေလာက္ခက္ခဲတာ.. ဦးေလးတို႔ ကြၽန္ေတာ့္အန္တီေလးကို မေျပာလို႔ မရဘူးလားဗ်ာ"

စကားေျပာရင္းႏွင့္ ‌ဆုေရွာင္းေပၚမွာ ကားအျပင္ဘက္ကို ကူရာမဲ့စြာ ၾကည့္လိုက္သည္။

သူ႕မ်က္ဝန္းထဲတြင္ အျပင္ဘက္က ရႈခင္းသည္ပင္ ၾကည့္စရာ တစ္ကြက္မွ မရွိ။

မည္းေမွာင္ေနေသာ ေကာင္းကင္ႀကီး .. လူသူနည္းပါးေသာ လမ္းမ...

ထိုအခ်ိန္တြင္ ကားေမာင္းလာသည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ကာ ေက်ာင္းဝင္းကို ေက်ာ္လာေနၿပီျဖစ္၏။ ထိုလမ္း၏ လမ္း‌ဆုံညာဘက္ေထာင့္ခ်ိဳးတြင္ ကြမ္းယြမ္ႏွင့္ ခပ္ဆင္ဆင္တူေသာ ေက်ာင္းတစ္ေက်ာင္းလဲ ရွိေနသည္။

အာ....

စိတ္ပ်က္စရာ ေက်ာင္း ေနာက္တစ္‌ေက်ာင္း....

ဆုေရွာင္းေပၚက ေက်ာင္းကို ၾကည့္ရင္း စိတ္ပ်က္ဝမ္းနည္းေနသည္။

ထိုေက်ာင္းကို တစ္ခ်က္လွမ္းၾကည့္မိေတာ့ ‌ေက်ာင္းအေနာက္ဘက္တြင္ ၿခံစည္းရိုးႏွင့္ ကာထားေသာ သစ္ေတာအုပ္ေလးတစ္ခုပင္ ရွိေနေသးသည္။ ေတာအုပ္ေလး၏ သစ္ပင္ႀကီးေပၚတြင္ အနီႏွင့္အနက္ေရာင္ စြန္ (ေလတံခြန္)ႀကီးတစ္ခု ကပ္ၿငိေန၏။

" ဒီေက်ာင္းက ေက်ာင္းသားေတြ‌ကေတာ့ စြန္လႊတ္ခ်ိန္ ရတဲ့ပုံပဲ"
ဆုေရွာင္းေပၚက စိတ္ပ်က္လက္ပ်က္ ေျပာေနသည္။
" ကြၽန္ေတာ္တို႔ေက်ာင္းမွာလဲ စြန္လႊတ္ပြဲေလး ဘာေလး စီစဥ္ေပးရင္ ေကာင္းမွာပဲ"

" ဒါေပမဲ့ ဒီစြန္ပုံစံႀကီးက ၾကည့္ရတာ...."

ဆုေရွာင္းေပၚ စကားဆုံးသည္ႏွင့္ သူစီးလာေသာကားက ႐ုတ္တရက္ ထိုးရပ္သြားသည္။

ေက်ာပိုးအိတ္ႀကိဳးကို တင္းတင္းဆြဲလ်က္ ရင္ဘတ္ကိုဖိရင္း ဆုေရွာင္းေပၚ အာ႐ုံစိုက္ ၾကည့္ေနသည္။
" ဒါႀကီးက.. အႀကီး.. ႀကီး.. ဦးေလးတို႔ ဘာလို႔ ကားရပ္လိုက္တာလဲဗ်"

ဆုေရွာင္းေပၚ အမွတ္တမဲ့ ေျပာလိုက္ေသာစကားေၾကာင့္ အေရွ႕တြင္လဲ လမ္းဆုံမီးပြိုင့္ကို ေတြ႕လိုက္ရေသာ ရွဲ႕လင္မွာ ကားကို တစ္လွိမ့္ခ်င္း လွိမ့္ရင္း ေက်ာင္းထဲတစ္ခ်က္ လွည့္ၾကည့္မိသည္။ ထိုခဏ၌...

ေတာအုပ္ေလးက ‌႐ြက္ေဟာင္းမ်ားေႂကြကာ ႐ြက္သစ္ဖူးစျဖစ္သည့္အတြက္ ‌အရာအားလုံး ရွင္းလင္းေနသည္။ အဆိုပါ ရွင္းလင္းေနေသာ ေတာအုပ္ေလးထဲတြင္ တန္းလန္းခ်ိတ္ေနေသာ ထိုအရာက အထင္းသား။ သစ္ပင္ႀကီးေပၚတြင္ ခ်ိတ္လ်က္သား ရွိေသာ စြန္ႀကီးမွာ 'အၿမီး' ႏွစ္ခု တြဲေလာင္းက်ကာ ေလအေဝွ႕တြင္ ယိမ္းထိုးလ်က္ရွိေနသည္။

သို႔ေသာ္ အနီးကပ္လွမ္းၾကည့္ပါက အဆိုပါတြဲေလာင္းက်ေနေသာ အရာႏွစ္ခုမွာ ေလတံခြန္(စြန္) မွ အၿမီးႏွစ္ခု မဟုတ္။

" အဲ့ဒါ စြန္မဟုတ္ဘူး"
ရွဲ႕လင္က ဘရိတ္ဖိနင္းရင္း ေျပာလိုက္သည္။
" အဲ့ဒါ လူ.. အနီနဲ႕ အနက္‌က ဒီေက်ာင္းရဲ႕ ဝတ္စုံေလ"

........
End of part 93
Thank you all

Continue Reading

You'll Also Like

OBSESSED By BVRBIEN

Mystery / Thriller

111K 4.7K 28
obsessed
72.6K 2.6K 7
This book is from my What-if's, The story starts during the class poll exam where the Class-C students would need to expel someone, but instead of Y...
149K 940 8
تحذير:-القصة منحرفة +18 (القصة مكتملة)
54.4K 7.1K 77
"Se refiere a la belleza de corta duración de la flor de cerezo" ╰──➢ Advertencias ✧ ⁞ ❏. Omegaverse < SLOW BURN ⁞ ❏. Todoroki Bottom! ⁞ ❏. Smu...