အပိုင်း ၈၄ [ တစ္ဆေဈေး ] (9)
⟨⟨မျက်စံထဲရှိမျဥ်း⟩⟩
အသိစိတ်ပြန်ရပြီးပေမဲ့ခုနကလင်ပန့်ရှဝေဝါးနေတုန်းပဲ စုန့်ချင်းလော်က "ကိုယ့်ကိုဖွင့်လိုက်" လို့ပြောချိန်မှာတော့မိုးခြိမ်းသလိုမျိုးလင်ပန့်ရှနားထဲပေါက်ကွဲသွားသည်။သူစုန့်ချင်းလော်ဆီကြည့်လိုက်သည်။နှုတ်ခမ်းကလည်းတုန်နေလျက် : "မင်း.......မင်းဘာပြောတာလဲ?"
"ဒါကအကောင်းဆုံးအခွင့်အရေးလေ"စုန့်ချင်းလော်ရဲ့အသံကပေါ့ပါးနေသည်မှာ အရေးမပါတဲ့ကိစ္စကိုပြောနေသကဲ့သို့ "အချိန်ကအရမ်းအရေးကြီးနေပြီ......"
လင်ပန့်ရှ : ".......မင်းဘာပြောနေလဲဆိုတာမင်းသိရဲ့လား?"
စုန့်ချင်းလော် : "အဆင်ပြေတယ် ကိုယ်မနာဘူး"
"ပါးစပ်ပိတ်ထား!!"စုန့်ချင်းလော်ကိုလက်သီးနဲ့ပစ်ထိုးချင်လာတဲ့အထိလင်ပန့်ရှဒေါသထွက်လာသည်။ဒေါသထွက်လွန်းတာကြောင့်တစ်ကိုယ်လုံးတုန်နေလျက် "မင်းနာတာမနာတာငါဂရုမစိုက်ဘူး"
စုန့်ချင်းလော် : "....."
"ဒါပေမဲ့ငါကတော့သောက်ကျိုးနည်းအောင်နာတယ်လေ" လင်ပန့်ရှအံကြိတ်လိုက်သည် "ငါနာတယ်လို့!"
စုန့်ချင်းလော်ကတိတ်နေသည်။
"တခြားနည်းလမ်းမရှိဘူးလား?"လင်ပန့်ရှမှပြောသည် "သေတ္တာရော? အဲ့ဒီအနက်ရောင်သေတ္တာရော? မင်းသွားတိုင်းယူလာတယ်မလား?? အဲ့ဒီဟာကိုသုံးလို့မရဘူးလား?"
စုန့်ချင်းလော် : "အဲ့ဒီသေတ္တာက သတ်မှတ်ထားတဲ့ရိသွမ်းကျစ်းဝုတွေကိုပဲပိတ်သိမ်းလို့ရတာ ဥပမာ ကိုယ်တို့အရင်ကတွေ့ခဲ့တဲ့ ကျောက်တုံး.........တကယ်လို့ရိသွမ်းကျစ်းဝုရဲ့အခြေအနေက ပုံမှန်မဟုတ်ဘူးဆိုရင် ဒါမှမဟုတ် အရမ်းကြီးနေမယ်ဆိုရင် အဲ့ဒီနည်းနဲ့ပိတ်သိမ်းလို့မရဘူး"
လင်ပန့်ရှ : "တခြားနည်းလမ်းမရှိတော့ဘူးလား?"
စုန့်ချင်းလော်မှခေါင်းရမ်းပြသည်။
ကိုယ့်မျက်နှာကိုယ်လင်ပန့်ရှပွတ်လိုက်သည်မှာ တိမ်ထူနေတဲ့သူ့စိတ်အခြေအနေကိုအရမ်းဖော်ပြချင်သလိုမျိုး ဒါပေမဲ့ဘယ်လိုကြိုးစားလုပ်လုပ် လုပ်၍မရပဲ ဌာနထဲက ကုတင်ပေါ်လှဲနေတဲ့စုန့်ချင်းလော်ရဲ့ဗိုက်အဖွင့်ခံရတဲ့ပုံစံကခေါင်းထဲပေါ်လာသည်။အားလုံးကလူပဲဟာကိုဒီလိုဆက်ဆံနေရင်မနာတာဘယ်လိုဖြစ်နိုင်မှာလဲ သူကငတုံးမှမဟုတ်တာ
"ကောင်းပြီ ကောင်းပြီ"အချိန်မရဘူးဆိုတာလင်ပန့်ရှလည်းသိတယ် "ဘယ်လိုလုပ်ရမလဲဆိုတာငါ့ကိုပြောပြ"
လင်ပန့်ရှရှေ့ထိစုန့်ချင်းလော်လျှောက်လာပြီးသူ့ကိုလာဖက်သည်။အစကတော့ကိုယ့်ကိုနှစ်သိမ့်ပေးချင်လို့ထင်ခဲ့တယ် မိမိလက်ခံလို့ရကြောင်းပြောမလို့လုပ်တုန်း စုန့်ချင်းလော်ကအချိန်ဖြုန်းမနေတော့ပဲ အမြန်တိုက်ဖို့လုပ်သည်။ဘယ်သူသိမှာလဲ ကိုယ်သယ်လာတဲ့ဓားမြှောင်ကိုသူ့ကိုင်လိုက်ပြီး သူ့ရဲ့လက်ကိုပါလာကိုင်သည်။
"မင်းသူ့ကိုမြင်ရတယ်မလား?"
"ဟုတ်တယ် ငါမြင်ရတယ်"လင်ပန့်ရှပြန်ဖြေလိုက်သည်။
"သူဘယ်လိုပုံစံရှိလဲ?"
"အရမ်းကြီးတယ် အရမ်းလည်းဖြူတယ်.......အရမ်းကြီးတဲ့ပုရွက်ဆိတ်တစ်ကောင်လိုပဲ အပေါ်မှာလည်းတောင်ပံရှိသေးတယ်"သူအဲ့ဒီဟာကြီးကိုစိုက်ကြည့်ရင်းပြောပြလိုက်သည် "တောင်ပံကအသံထုတ်နိုင်တယ် မင်းမကြားရဘူးမလား? ငါတော့ကြားနေရတယ်.......အရမ်းကြည်လင်နေတဲ့အသံပဲ တူရိယာနဲ့တူတယ်......အင်းဆက်အသံနဲ့လည်းတူနေပြန်တယ်"သူပြောနေတုန်းမှာ စုန့်ချင်းလော်ကိုင်ထားတဲ့သူ့လက်ကခြစ်မိသွားတာကိုခံစားမိလိုက်သည်။အသားကိုလှီးတဲ့ခံစားချက်က လင်ပန့်ရှလက်ပေါ်တွင်ချက်ချင်းပျံ့သွားသည်။သူ့လက်ကိုစုန့်ချင်းလော်ဘာလို့လာကိုင်ထားလဲသဘောပေါက်သွားပြီ--ဒီခံစားချက်ကြောင့်သူ့တုံ့ပြန်မှုအရ လက်လွှတ်မိမှာစိုးလို့
"ဘာမှမဖြစ်ဘူး"စုန့်ချင်းလော်ရဲ့အသံကပိုနူးညံ့သွားသည် "သူ့ပုံစံကိုထပ်ပြောပြ"
ခြောက်ကပ်နေတဲ့နှုတ်ခမ်းကိုလင်ပန့်ရှတစ်ချက်လျက်လိုက်သည်။စနေပြီဆိုတာသူသိတယ် မရက်စက်ရင်အစောကတည်းကပြီးဆုံးသွားလိမ်မယ် : "သူ့......သူ့မှာအစိမ်းရောင်မျက်လုံးတွေအများကြီးရှိတယ် ပိုးစုန်းကြူးလိုပဲ တစ်ချိန်လုံးလင်းနေပြီးအရမ်းလှတယ်......"
လင်ပန့်ရှရဲ့လက်ကိုစုန့်ချင်းလော်ကဆုပ်ကိုင်ထားပြီးဒဏ်ရာကိုပိုနက်အောင်လုပ်လိုက်သည် : "ဆက်ပြော"
လင်ပန့်ရှရဲ့ကိုယ်ကမသိမသာတုန်သွားသည်။အစမှာတော့ဒဏ်ရာရနေသူကစုန့်ချင်းလော်ဖြစ်ပေမဲ့ အခုတော့သူကိုယ်တိုင်အဖြစ်ပြောင်းလဲသွားသည်။သူ့အသံထဲမှာထိန်းချုပ်လို့မရတဲ့ရှိုက်သံပါပါနေသေးတယ် "သူ့ရဲ့အရေပြားက အရမ်းချောမွေ့တယ် အဖြူချည်းပဲ ထိတွေ့ခံစားချက် ထိတွေ့ခံစားချက်ကတော့ ကျောက်စိမ်းလိုမျိုး......အေးစက်ပြီးတော့ တောင့်တင်းတယ် တောင်ပံကတော့........"
ဒီနားရောက်တာနဲ့ ဘာလှုပ်ရှားမှုမှမရှိတဲ့အရှေ့ကအကောင်းကြီးကရုတ်တရက်ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီးတောင်ပံကိုစည်းချက်ညီညီပိုခတ်လာသည်။အစမှာသီချင်းလိုဖြစ်နေတဲ့ အသံကနေ စူးရှရှအော်သံအဖြစ်ပြောင်းလဲသွားသည်။
ဘေးမှာတစ်ချိန်လုံးငြိမ်နေတဲ့လူတွေကလည်းအသက်ရှင်လာသလိုမျိုးသူတို့ကိုလာဝိုင်းသည်။
လင်ပန့်ရှကိုသက်ရောက်မှုရှိမှာစုန့်ချင်းလော်စိုးတာကြောင့် လင်ပန့်ရှရဲ့လက်ကိုပိုတင်းတင်းဆုပ်ကိုင်လိုက်သည် : "သူတို့ကိုဂရုစိုက်မနေနဲ့"
လင်ပန့်ရှအသက်ပြင်းပြင်းရှူလိုက်ပြီး : "တောင်ပံကထွင်းဖောက်မြင်နိုင်တယ် ယင်ကောင်ရဲ့ တောင်ပံလိုပဲ--ခန္ဓာကိုယ်ရဲ့နှစ်ဖက်မှာရှိနေတယ်--"သူဒီအထိပြောပြီးချိန် ရုတ်တရက်ကြီးဘေးမှာအရိပ်တွေပေါ်လာတယ် အဲ့ဒီအရိပ်ကရှိသမျှအလင်းတွေကို စုပ်ယူနေတယ် အနက်ရောင်တွင်းလိုတည်ရှိမှုလိုမျိုး နည်းနည်းလေးကပ်မိတာနဲ့ဝါးမျိုသွားလိမ့်မယ်
အရိပ်မည်းရဲ့လာရင်းက လင်ပန့်ရှရှေ့ကစုန့်ချင်းလော်
စုန့်ချင်းလော်၏ခန္ဓာကိုယ်တွင်အပေါက်အကြီးကြီးတစ်ပေါက်ရှိနေသည်။သူ့ရဲ့ခန္ဓာကိုယ်ကနေအရိပ်မည်းတွေစိမ့်ထွက်လာတာကာ အရပ်လေးမျက်နှာဆီစီးသွားသည်ကိုလင်ပန့်ရှကြည့်နေရသည်။ပိုက်ကွန်ကြီးတစ်ခုအဖြစ်ပြောင်းသွားပြီးလင်ပန့်ရှရှေ့ကရိသွမ်းကျစ်းဝုကိုတဖြေးဖြေးထုပ်ပိုးသွားသည်။
စုန့်ချင်းလော်နဲ့ဒီလောက်အများကြီးအတူတူလုပ်ဖူးပေမဲ့ လင်ပန့်ရှကတော့ဒီလိုမြင်ကွင်းမျိုးကိုပထမဆုံးတွေ့ရခြင်းပဲ စုန့်ချင်းလော်နဲ့ခန္ဓာကိုယ်ချင်းထိတွေ့ဖူးမှအရိပ်ရဲ့တည်ရှိမှုကိုမြင်နိုင်မယ်
အရိပ်မှာဆက်လက်ပျံ့နှံ့နေဆဲ အောက်ကနေရိသွမ်းကျစ်းဝုရဲ့ခန္ဓာကိုယ်ကိုတဖြေးဖြေးဝါးမျိုနေသည်။အော်သံကလည်းပိုပိုကျယ်လာတာကြောင့်လင်ပန့်ရှရဲ့နားစည်ပါနာလာသည်။အစိမ်းရောင်အလင်းမှာလင်ပန့်ရှမျက်စံထဲတွင်လက်လာပြန်သည်။ဘေးရှိတွဲဖက်များစွာမှာလည်းကြောက်ရွံ့မှုပေါ်လာပြီး တဖြေးဖြေးအဝေးသို့ခွာသွားပြန်သည်။စုန့်ချင်းလော်ကိုကြောက်နေသလား လင်ပန့်ရှကိုကြောက်နေသလားမသိတော့
"ဆက်ပြောလေ"စုန့်ချင်းလော်ရဲ့ပျော့ပျောင်းတဲ့အသံက လင်ပန့်ရှရဲ့အသိစိတ်ကိုပြန်ခေါ်လာသည် "ပန့်ရှ သူ့ပုံစံကိုဆက်ပြောပြပါဦး"
လင်ပန့်ရှ : "အင်း.......သူ့အသံကနားစူးစရာဖြစ်လာတယ် သူဆိုလိုတာကိုလည်းငါနားလည်နေတယ် သူအော်နေတာက......မင်းကိုရပ်ဖို့တောင်းဆိုခိုင်းနေတာ........"
စုန့်ချင်းလော် : "အရမ်းကောင်းတယ်"သူမျက်လုံးမှိတ်လိုက်သည်။သူ့ကိုယ်ထဲကအရိပ်မည်းတွေက လှုံ့ဆော်ခံလိုက်ရသလိုမျိုး ရိသွမ်းကျစ်းဝုကိုအမြန်ပိတ်သိမ်းလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာတင် အဖြူရောင်အကောင်ကြီးကိုအရိပ်မည်းတွေကထုပ်သိမ်းလိုက်သည်။အရိပ်မည်းတွေလှုပ်ရှားနေပုံကပါးစပ်ကနေတစ်ခုခုကိုဝါးနေပုံ အထဲမှာထုပ်ထားတဲ့ပစ္စည်းကိုကြိုးစားဖျက်စီးနေသည်။
"အား!!!"လင်ပန့်ရှရဲ့ခန္ဓာကိုယ်မှာရုတ်တရက်အလွန်နာကျင်လာသည်။ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုခုကိုဆွဲဖြဲလိုက်သလိုပဲ သူ့ရှေ့မှာစုန့်ချင်းလော်ရှိနေ၍တော်သေးသည်။သူ့ကိုတန်းထိန်းလိုက်သည်ကြောင့်မြေကြီးပေါ်ကျမသွား
အဲ့ဒီဟာကြီးကိုအရိပ်မည်းကဖျက်ဆီးသွားပြီးနောက်စုန့်ချင်းလော်ရဲ့ခန္ဓာကိုယ်ထဲဖြေးဖြေးချင်းပြန်ဝင်သွားသည်။
လင်ပန့်ရှကိုယ်ထဲကနာကျင်မှုကလည်းနှေးကွေးလာသည်။သူအသက်ရှူမဝဖြစ်နေတာကြောင့်လဲမကျစေရန်အားမရှိစွာဖြင့် စုန့်ချင်းလော်ရဲ့ပခုံးပေါ်မှီချလိုက်သည်။သူငုံ့ကြည့်လိုက်တော့ အဖွင့်ခံထားရတဲ့စုန့်ချင်းလော်ရဲ့ဗိုက်ကိုမြင်လိုက်ရသည်။နီရဲရဲနဲ့အတွင်းကလီစာတွေပေါ်နေတာများ ဘယ်လောက်တောင်နာလိုက်မလဲ
ဒါပေမဲ့စုန့်ချင်းလော်ကတော့အရင်အတိုင်းမတ်မတ်ရပ်နေဆဲ မျက်နှာဖြူစုတ်နေတာကလွဲလို့ထိခိုက်မှုတစ်စက်မှမရှိသလိုပဲ သူ့ကိုတောင်ထိန်းပေးထားသေးတယ်
လင်ပန့်ရှအတင်းပြုံးလိုက်သည်။ထိခိုက်မှုမရှိဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နေသားကျသွားရုံလေးပါပဲ
နာကျင်မှုကိုချုပ်တည်းရတာကျင့်သားရသွားတာ--ဒီလိုကိစ္စမျိုးကဘယ်နှစ်ခေါက်ကြုံရမှကျင့်သားရမှာများလဲ လင်ပန့်ရှ ထပ်မတွေးရဲတော့
အရိပ်မည်းများဟာ နှေးကွေးတဲ့အရှိန်နဲ့စုန့်ချင်းလော်ရဲ့ဒဏ်ရာကနေ ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ပြန်ပုန်းဝင်သွားကြသည်။လင်ပန့်ရှကိုခေါင်းကိုက်စေတဲ့အော်သံလည်းပျောက်သွားပြီဖြစ်သည်။
ဘေးပတ်လည်မှာလည်းခန္ဓာကိုယ်အများပြုတ်ကျနေတဲ့အသံထွက်နေသည်။သူတို့ကိုတိုက်ခိုက်ဖို့ကြိုးစားနေသူတွေအားလုံးအသိပျောက်သွားပြီးမြေကြီးပေါ်ပြုတ်ကျသွားကြသည်။
လင်ပန့်ရှရဲ့ရင်ဘတ်ကမသိမသာတစ်ချက်ရပ်သွားသည်။ဒီကိစ္စပြီးသွားလို့ပျော်နေတုန်းစုန့်ချင်းလော်ကမေးကိုလာကိုင်ပြီးသူ့မျက်နှာကိုလာပင့်သည်။
စုန့်ချင်းလော်ရဲ့အမူအရာကခန့်ညားနေတာကြောင့်သူနမ်းတော့မယ်လို့လင်ပန့်ရှထင်ခဲ့ပေမဲ့သူ့ကိုမနမ်းပဲ တစ်ခုခုကိုအတည်ပြုသလိုလက်မနဲ့သူ့မျက်လုံးကိုလာဖိသည်။
လင်ပန့်ရှ : "ဘာဖြစ်လို့လဲ?"
"ဘာမှမဖြစ်ဘူး ခဏနေရင်ကိုယ်လီစူးတို့ကိုဆက်သွယ်လိုက်မယ် မင်းသူတို့နဲ့ထိပ်တိုက်မတွေ့စေနဲ့ အိမ်တန်းပြန်နော်"
လင်ပန့်ရှ : "အင်? ဘာလို့လဲ?"သူမေးပြီးတာနဲ့တစ်ခုခုကိုသိလိုက်တာကြောင့်မျက်လုံးကိုတစ်ချက်ပွတ်ကြည့်လိုက်သည် "ငါ့မျက်လုံးထဲမှာဘာရှိနေတာလဲ?"
စုန့်ချင်းလော် : "အဆင်ပြေမှာပါ ပြဿနာအသေးလေးတစ်ခုပါပဲ"သူတစ်ချက်ရပ်လိုက်ပြီး "သွားရအောင်"
လင်ပန့်ရှ : "ကောင်းပြီ....."သူ့ရဲ့ကိုယ်ထဲကနာကျင်မှုပျောက်သွားတာကြောင့်အားပြန်ရှိသွားပြီဖြစ်သည်။ဒီတစ်ခေါက်တော့သတိကြီးကြီးနဲ့စုန့်ချင်းလော်ကိုထိန်းလိုက်သည်။စုန့်ချင်းလော်ရဲ့ကိုယ်အလေးချိန်ကအရမ်းပေါ့တာကိုတွေးမိတာကြောင့် သူ့ကိုကုန်းပိုးမယ်ပြောပေမဲ့စုန့်ချင်းလော်ကငြင်းသည်။
"ရတယ် ကိုယ့်ရဲ့အခုအလေးချိန်က အရင်နေ့တွေနဲ့မတူဘူး"
လင်ပန့်ရှ : "အာ?"
သူ့မျက်နှာတစ်ခုလုံးမယုံဘူးချည်းပြည့်နေတာကြောင့်စုန့်ချင်းလော်မှမျက်ခုံးပင့်လိုက်ကာ "မင်းစမ်းကြည့်မလား?"
စမ်းဆိုတော့လည်းစမ်းကြတာပေါ့ စုန့်ချင်းလော်ရဲ့ခါးကိုဖက်လိုက်သည်။အားတစ်ချက်ထည့်ပြီးသူ့ကိုပွေ့ဖို့လုပ်သည်။ဘယ်သူသိမှာလဲ စုန့်ချင်းလော်ကတစ်စက်တောင်မလှုပ် လင်ပန့်ရှခါးမျက်တော့မတတ်ပဲ : "မင်းကိုယ်ထဲကအဲ့ဒီဟာကအကြောင်းပြချက်လား?"
စုန့်ချင်းလော် : "အင်း......."
လင်ပန့်ရှ : "အရမ်းလေးတာပဲ"
စုန့်ချင်းလော် : "သူကအကြီးကြီးလေ"
ဟုတ်တာပဲ အဲ့လောက်ကြီးတဲ့ဟာကြီးက သေချာပေါက်အရမ်းလေးနေမှာ ဒါပေမဲ့စုန့်ချင်းလော်ရဲ့စွမ်းရည်ကတော့ တကယ်တော်တယ် ဌာနထဲကတွဲဖက်အများစုတောင်သူ့ကိုကြောက်ကြတယ်
နှစ်ယောက်သားအချင်းချင်းထိန်းထားလျက်မြို့ဟောင်းထဲမှထွက်လာကြသည်။မနက်သုံးနာရီထိုးခါနီးပြီဖြစ်တာကြောင့်တာဝန်ကျနေတဲ့ ရဲသားနဲ့ စောင့်ကြည့်သူသာကျန်ခဲ့သည်။
လီစူးကိုတွေ့တော့ စုန့်ချင်းလော်မှလင်ပန့်ရှရဲ့ပခုံးကိုပုတ်ကာအချက်ပြသည်။လင်ပန့်ရှလက်လွှတ်လိုက်ပြီးစုန့်ချင်းလော်နောက်ကနေပဲတိတ်တဆိတ်လိုက်သွားသည်။
"လီစူး"စုန့်ချင်းလော်မှသူ့ကိုအော်ခေါ်လိုက်သည်။
"ဖြေရှင်းပြီးပြီလား?"စုန့်ချင်းလော်ကိုယ်ပေါ်ကသွေးကွက်ကိုမြင်လိုက်တာနဲ့လီစူးသဘောပေါက်လိုက်သည် "မင်းကိုဌာနဆီပို့ဖို့ငါချက်ချင်းစီစဉ်ပေးမယ်"
"ကောင်းပြီ မင်းလည်းအတူလိုက်ခဲ့လေ ဒီဟာကမတည်ငြိမ်ဘူး လမ်းပေါ်မှာမတော်တဆတစ်ခုခုဖြစ်မှာငါစိုးတယ်"
"ရတယ်"လီစူးကလှည့်သွားပြီးကားအသင့်ပြင်နေသည်။
စုန့်ချင်းလော်ကလည်းပြန်လှည့်လာပြီးလင်ပန့်ရှဆီသို့မျက်ရိပ်ပြသည်။လင်ပန့်ရှနားလည်လိုက်တာကြောင့်လီစူးကားထုတ်နေချိန်မှာပဲ ဘေးကနေခိုးထွက်သွားသည်။အားလုံးရဲ့အာရုံကစုန့်ချင်းလော်ကိုယ်ပေါ်ရောက်နေတာကြောင့်လင်ပန့်ရှထွက်သွားတာကိုဘယ်သူမှမသိလိုက်
ကားပေါ်ရောက်တော့မှလီစူးသတိရသွားသည် : "အိုင်း? ပန့်ရှကိုဘာလို့မတွေ့မိတာလဲ? သူအဆင်ပြေရဲ့လား?"
စုန့်ချင်းလော် : "အဆင်ပြေတယ်"
လီစူး : "အထဲမှာပဲရှိနေတုန်းလား?"
စုန့်ချင်းလော် : "သူ့ကိုအနောက်မှာကိုင်တွယ်ခိုင်းထားတယ် အခုလောက်ဆိုရင်အိမ်ပြန်ရောက်လောက်ပြီ"
လီစူး : "သူ့ကိုဌာနမှာမစစ်ခိုင်းတော့ဘူးလား?"
"မလိုဘူး"
စုန့်ချင်းလော်ရဲ့ပြောပြချက်ထဲကနေထူးဆန်းတာကိုလီစူးတွေ့လိုက်ရသည်။သူတစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့နောက်ဆုံးဘာမှမပြောဖြစ်ပဲ ဆံပင်ကိုသာဖွလိုက်သည်။
လစ်ထွက်သွားတာအောင်မြင်ပေမဲ့ မနက်သုံးနာရီပဲရှိသေးကာနေရာကလည်းဝေးနေပြန်သည်။သူ့တစ်ကိုယ်လုံးကအရည်တွေကလည်းဘယ်လိုကြည့်ကြည့်သံသယဖြစ်စရာပင်။နေ့တစ်ဝက်လောက်ရှာပြီးမှ ယွမ်နှစ်ရာကိုတွေ့တာကြောင့်ကားငှားဖို့သာအံကြိတ်ဆုံးဖြတ်လိုက်သည်။
ကားပေါ်ရောက်တော့ ယာဉ်မောင်းကကိုယ့်ကိုတစ်ချိန်လုံးလှည့်ကြည့်နေသည်။သူသည်းမခံနိုင်တော့ပဲ : "ရှစ်းဖူ ခင်ဗျားဘာကြည့်နေတာလဲ?"
လင်ပန့်ရှမေးလိုက်တာနဲ့စတီယာတိုင်ကိုကိုင်ထားတဲ့လက်ပါတုန်သွားကာအသံတိုးတိုးဖြင့်ဆိုသည် : "ကောင်လေး မင်းမျက်လုံးကဘာဖြစ်တာလဲ?"
လင်ပန့်ရှ : "အင်?"သူနောက်ကြည့်မှန်ကနေကြည့်ကြည့်တော့ကိုယ့်မျက်လုံးကမူမှန်မနေ မျက်စံလယ်မှာ အစိမ်းရောင်မျဉ်းတစ်ကြောင်းရှိနေတယ် ကားထဲမှာလက်နေတာက ကြောင်ရဲ့ဒေါင်လိုက်မျက်စံနဲ့တူနေတယ် သူ့ကိုအိမ်တန်းပြန်ခိုင်းတဲ့စုန့်ချင်းလော်ကိုနားလည်လို့ရတယ်
"ဘာမှမဖြစ်ပါဘူး"လင်ပန့်ရှမျက်လုံးကိုပွတ်လိုက်ပြီး တည်ငြိမ်စွာနဲ့ယာဉ်မောင်းကိုရှင်းပြလိုက်သည် "ကျွန်တော်မျက်ကပ်မှန်တပ်ထားတာ"
ကားသမားကအော်ဟုသံရှည်ဆွဲပြောလာသည်။ယုံမယုံတော့မသိပေမဲ့အသံထပ်ထွက်မလာတော့
နာရီအနည်းငယ်ကြာပြီးနောက် လင်ပန့်ရှအိမ်ထဲရောက်လာသည်။အိမ်တံခါးဖွင့်ပြီးမှသူသက်ပြင်းချနိုင်သည်။အခန်းထဲတွင်အတော်လေးတိတ်ဆိတ်နေပြီးရှောင်ဟွားနဲ့ရှောင်ခူးတို့ကအိပ်ပျော်နေပြီဖြစ်သည်။သူရေချိုးခန်းထဲတန်းသွားလိုက်သည်။နံရံကပ်မီးအိမ်ကိုဖွင့်ပြီးနောက်မှန်ထဲကကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်သည်။
မှန်ထဲတွင် စိမ်းသက်နေသည့်လူငယ်တစ်ဦးရှိနေသည်။ဒီမျက်နှာပဲဖြစ်ပေမဲ့မျက်လုံးထဲကဒေါင်လိုက်မျဉ်းစိမ်းက ဒီမျက်နှာကိုပိုဖြူစေပြီးဆွဲဆောင်မှုရှိစေသည်။လူမဟုတ်ပုံလည်းပေါ်သည်။သူတွေ့ဖူးတဲ့ရိသွမ်းကျစ်းဝုလိုမျိုး--လက်ဆန့်ထုတ်လိုက်ပြီးမှန်မျက်နှာပြင်ကိုဖြေးဖြေးချင်းထိကြည့်လိုက်သည်။မှန်ရဲ့အေးစက်တဲ့အထိအတွေ့က သူ့လက်ချောင်းတွေဆီရိုက်ခတ်တော့မှ ဒီလိုခံစားချက်ထဲကနေထွက်လာနိုင်သည်။
လင်ပန့်ရှခေါင်းငုံ့လိုက်ပြီးအသက်ပြင်းပြင်းရှူလိုက်ကာရေနွေးကိုနှိပ်လိုက်သည်။
တစ်ကိုယ်လုံးကအစွန်းအထင်းတွေကိုသန့်စင်ပြီးနောက် ရေချိုးခန်းထဲမှဖြေးညှင်းစွာထွက်လာသည်။စိုနေတဲ့ခေါင်းကိုသုတ်ရင်း မီးဖိုချောင်ထဲသွားကာရေခဲစိမ်ထားတဲ့ဘီယာကိုထုတ်လိုက်သည်။ဝရံတာမှာရပ်နေရင်းသောက်လိုက်နားလိုက်လုပ်နေသည်။စုန့်ချင်းလော်စာပို့ထားတာလဲမရှိ သူအရင်တစ်ခေါက်ကလိုအခြေအနေနဲ့တွေ့နေပြီထင်တယ်
လင်ပန့်ရှယောက်ယက်ခတ်သွားသည်။ဘီယာဗူးကိုတင်းတင်းဖိကိုင်ထားတာကြောင့်သူ့လက်ကြားကနေစိမ့်ထွက်လာသည်။သို့ပေမဲ့သူမခံစားရ
"ကောကော"ရုတ်တရက်ရှောင်ဟွားရဲ့အသံကအနောက်မှထွက်လာသည်။လင်ပန့်ရှရဲ့စိတ်ကိုအတင်းဖိနှိပ်လိုက်ပြီးသူလှည့်ကြည့်လိုက်သည်။ရှောင်ဟွားကနံရံဘေးမှာရပ်နေပြီး မျက်နှာတစ်ဝက်ကိုသာဖော်ထားသည်။အကြည့်ထဲမှာလည်းသတိထားမှုများပါဝင်နေသည်။
ရှောင်ဟွားရဲ့ဒီလိုပုံစံကိုတွေ့ရခဲတာကြောင့်လင်ပန့်ရှခေါ်လိုက်သည် : "ရှောင်ဟွား? မအိပ်သေးဘူးလား?"
ရှောင်ဟွား : "ကောကောမပျော်ဘူးမလား?"
လင်ပန့်ရှ : "ကောကော မပျော်တာမဟုတ်ပါဘူး"
"ကောကောမပျော်တာရှောင်ဟွားသိတယ်"
လင်ပန့်ရှတိတ်သွားပြီးတုံ့ပြန်သံမထွက်တော့ ရှောင်ဟွားရှေ့လျှောက်သွားပြီးသူမကိုဖက်လိုက်သည်။ရှောင်ဟွားကငယ်ငယ်တုန်းကနဲ့တစ်ပုံစံထဲပဲ မျက်နှာပဲဖြစ်ဖြစ် အရပ်ပဲဖြစ်ဖြစ်မပြောင်းသွားဘူး
သူမရဲ့မျက်နှာကိုဖြေးဖြေးညှစ်လိုက်သည် : "သွားအိပ်တော့လေ ဒီလောက်နောက်ကျနေပြီကို"
ရှောင်ဟွားကလင်ပန့်ရှရင်ဘတ်ဆီကပ်လာပြီးရှူကြည့်သည် : "ကောကော ကောရဲ့အနံ့ကပြောင်းသွားတယ်........."
လင်ပန့်ရှပြုံးလိုက်သည် : "ဘယ်လိုပြောင်းသွားတာလဲ?"
ရှောင်ဟွား : "ချိုချိုလေး အရမ်းစားကောင်းမယ့်ပုံပဲ"
အင်းပေါ့လေ တစ်ညလုံးစိမ်ထားရတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်အနံ့ကျန်ခဲ့မှာပဲ ကိုယ့်ကိုယ်ရှူကြည့်လိုက်တော့လည်းဘာမှမရ သူ့နှာခေါင်းကအဲ့ဒါကိုရှူတာများသွားလို့မကောင်းတော့တာလားမသိ ဒါမှမဟုတ်ရှောင်ဟွားရဲ့အနံ့အာရုံကကောင်းနေတာလည်းဖြစ်နိုင်တယ်
အိပ်ခန်းထဲကကုတင်ပေါ်အအထိရှောင်ဟွားကိုပို့ပေးလိုက်သည်။လိမ်လိမ်မာမာနဲ့သူမအိပ်ရာဝင်သွားတော့မှဧည့်ခန်းထဲပြန်လှည့်လိုက်သည်။
ကျန်တဲ့တစ်ညလုံးလင်ပန့်ရှအိပ်၍မရပေ။သူပင်ပန်းနေပေမဲ့စိတ်ထဲမှာတော့စုန့်ချင်းလော်ကိုလွမ်းနေတာကြောင့်အိပ်ချင်စိတ်တစ်စက်မျှမဖြစ်ပေ။
မိုးလင်းတော့မယ့်အချိန်ကျမှလင်ပန့်ရှဗိုက်ဆာလာတာကြောင့်ဒလီမှာလိုက်သည်။ဒလီရောက်ပြီးပြီးချင်း ဖုန်းကရုတ်တရက်ထမြည်လာသည်။လင်ပန့်ရှတစ်ချက်ကြည့်လိုက်တော့ လီစူးဖြစ်နေသည်ကြောင့်အမြန်ကိုင်လိုက်သည်။
"ပန့်ရှ မင်းအိမ်မှာရှိလား?"
"အင်း ငါအိမ်မှာ"
"ဒါဆို ငါခဏနေကျရင်စုန့်ချင်းလော်ကိုပြန်လာပို့မယ်"
လင်ပန့်ရှ : "ရတယ် သူအခုအဆင်ပြေရဲ့လား?"
လီစူး : "ကိစ္စကြီးတော့မရှိဘူး ခန္ဓာကိုယ်ကနေလို့သိပ်မကောင်းတာပဲ ငါ့ကားပေါ်မှာအိပ်ပျော်နေတယ်"
"ကောင်းပြီ ငါအိမ်မှာပဲမင်းတို့ကိုစောင့်နေမယ်"
သူပြန်လာမယ်ဆိုတာသိတော့ သန့်စင်ခန်းထဲလင်ပန့်ရှပြန်သွားလိုက်သည်။သူမတတ်နိုင်တာကမျက်လုံးထဲက အစိမ်းရောင်မျဉ်းမပျောက်သေးတာပဲ လီစူးတွေ့ရင်သေချာပေါက်သံသယဝင်မှာပဲ မသုံးဖြစ်တာကြာတဲ့မျက်မှန်ကိုဗီရိုထဲကနေထုတ်လိုက်ကာမျက်နှာပေါ်တွင်တပ်လိုက်သည်။ခဏနေရင်မီးစင်ကြည့်ကရမှာပဲ
ဖုန်းပြောပြီးဘယ်လောက်မှမကြာသေးခင်မှာပဲ တံခါးခေါက်သံထွက်လာသည်။လင်ပန့်ရှတံခါးဖွင့်လိုက်တော့ လီစူးနဲ့သူ့ဘေးမှာရပ်နေတဲ့စုန့်ချင်းလော်ကိုတွေ့လိုက်ရသည်။
စုန့်ချင်းလော်ရဲ့အသားအရေကအစကတိုင်ဖြူပေမဲ့အခုချိန်မှာတော့စက္ကူတစ်ရွက်လိုဖြူစုတ်နေသည်။မနိုးသေးတဲ့ပုံနဲ့မျက်တောင်တစ်ဝက်ချထားသေးသည်။
"မြန်မြန်ဝင်"အမြန်ဝင်လာခိုင်းပြီးလင်ပန့်ရှဖယ်ပေးလိုက်သည်။
စုန့်ချင်းလော်မှဆိုဖာဆီလျှောက်သွားပြီးတန်းလှဲချလိုက်ကာမျက်လုံးမှိတ်သွားသည်။အိပ်ခန်းထဲကကုတင်ပေါ်အိပ်ဖို့သူ့ကိုမခေါ်ရဲတာကြောင့်အသံတိုးလိုက်သည် : "ငါတို့ထွက်ပြောကြမလား?"
"ကောင်းပြီ"လီစူးမှခေါင်းညိတ်ပြသည်။
အဲ့ဒါနဲ့ပဲ ဝရံတာဆီထွက်ခဲ့ကြသည်။စုန့်ချင်းလော်နိုးသွားမှာစိုးတာကြောင့်လင်ပန့်ရှတံခါးပါပိတ်လိုက်သည်။
လီစူးကအိတ်ထဲကနေဆေးလိပ်ထုတ်လိုက်ပြီး : "တစ်လိပ်သောက်မလား?"
လင်ပန့်ရှယူလိုက်ပြီးမီးညှိလိုက်သည်။
အချိန်တစ်ခုလောက်အထိနှစ်ယောက်လုံးစကားမပြောဖြစ်ပဲတိတ်တဆိတ်သာဆေးလိပ်သောက်နေကြသည်။
"မင်းစုန့်ချင်းလော်ရဲ့မိသားစုကိစ္စကိုသိလား?"ရုတ်တရက်လီစူးစကားစလာသည်။
လင်ပန့်ရှ : "တစ်စိတ်တစ်ပိုင်းတော့သိတယ်"
လီစူး : "ဘယ်အပိုင်းလဲ?"
လင်ပန့်ရှ : "သူအရင်ကနေတဲ့နေရာကိုသိတယ်ပြီးတော့.........သူ့မိဘတွေရဲ့ကိစ္စ"
လီစူးကဆေးလိပ်ငွေ့မှုတ်ထုတ်လိုက်ပြီး : "ဒါဆိုစုန့်ချင်းလော်ကဘာလို့စောင့်ကြည့်သူလုပ်လဲဆိုတာရော မင်းသိလား?"
အရင်ကလင်ပန့်ရှမသိပေမဲ့အခုတော့သိသင့်ပြီထင်ပါရဲ့ စောင့်ကြည့်သူလုပ်တာက စုန့်ချင်းလော်လုပ်ချင်လို့မလုပ်ပဲ သူကရိသွမ်းကျစ်းဝုတစ်ခုရဲ့တွဲဖက်ဖြစ်နေလို့ပဲ ပိုင်လုကျယ်လိုမျိုး ဌာနထဲမှာလွတ်လပ်မှုမရှိပဲပိတ်ခံထားရတာပဲဖြစ်စေ စွန့်စားရတာပဲဖြစ်စေ ရိသွမ်းကျစ်းဝုကိုဖြေရှင်းရတဲ့စောင့်ကြည့်သူဖြစ်လာရမည်။
"မင်းရောက်မလာခင်တုန်းက စုန့်ချင်းလော်မှာပိုက်ဆံတစ်ပြားမှမကျန်ဘူး ရှိသမျှပိုက်ဆံတွေအကုန်လုံးကို ရှေးဟောင်းပစ္စည်းတွေဝယ်ဖို့ယူသွားတာလေ အစစ်အတုအကုန်ဝယ်တယ် ပြောင်ကျတဲ့အထိကိုသုံးပစ်တာ တစ်ခါတလေကျရင်ထမင်းစားရမှာကိုတောင်ပြဿနာတက်နေတတ်တာ.......မင်းသိပါတယ် လူတစ်ယောက်မှာအနာဂတ်အတွက်မျှော်လင့်ချက်ရှိနေသေးရင်သေချာပေါက်ကြိုပြင်ထားမှာ"သူနံရံပေါ်မှီလိုက်ပြီးပျင်းရိစွာဖြင့်ဆက်ပြောသည် : "ဒါပေမဲ့သူ့မှာတစ်စက်မှမရှိဘူး"
လင်ပန့်ရှ : "........."
"ဒါပေမဲ့ငါလည်းနားလည်ပါတယ် ဒါကိုလုပ်နေရတဲ့ငါတို့က သေဖို့ရူးဖို့အရမ်းလွယ်တယ်လေ တစ်ရက်နှစ်ရက်မတွေ့လိုက်တာနဲ့အဲ့ဒီလူမရှိတော့တာဖြစ်နိုင်တယ် ငါနဲ့သူသိတာဆယ်နှစ်ပြည့်တော့မယ် သူခုနစ် နှစ်ကတည်းက ဌာနထဲရောက်နေတာလေ ငါ့ထက်ငါးနှစ်တောင်စောတယ်"
လင်ပန့်ရှစိတ်ထဲဂနာမငြိမ်ဖြစ်နေပေမဲ့သူအသံမထွက်ပဲ ဆေးလိပ်ကိုသာဆက်တိုက်သောက်နေမိသည်။
"ခုနစ်နှစ်ကလေးကဘယ်လိုအသက်ရှင်လာလဲကို ငါအခုမတွေးရဲတော့ဘူး သူစကားပြောရတာမကြိုက်ဘူး ရင်းနှီးတဲ့လူလည်းမရှိဘူး ဌာနထဲကလူတွေအားလုံးလည်းသူ့ကိုကြောက်ကြတယ် တကယ်တော့.......ငါလည်းကြောက်တယ်"
လင်ပန့်ရှလီစူးကိုကြည့်လိုက်သည်။
"စောင့်ကြည့်သူဖြစ်ဖို့အတွက် အဲ့ဒီဟာနဲ့ပတ်သက်မှုရှိရမယ် ငါမင်းကိုတောင်းပန်စကားပြောရမယ် တကယ်လို့ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့်မဟုတ်ရင် မင်းလည်းဝင်လာမှာမဟုတ်ဘူး"အဲ့ဒီအချိန်တုန်းကစုန့်ချင်းလော်ရဲ့တွဲဖက်လုပ်ဖို့လင်ပန့်ရှကိုသူတိုက်တွန်းခဲ့တာ
လင်ပန့်ရှရဲ့ကိုယ်ပိုင်ဆန္ဒဆိုရင်တောင်သူကကြိုးကိုင်သူလေ
"မဟုတ်ပါဘူး"လင်ပန့်ရှရယ်လိုက်ကာ"ဒီကိစ္စကငါမင်းကိုကျေးဇူးတင်သင့်တာ"လီစူးသာမရှိရင် သူစုန့်ချင်းလော်နဲ့ဒါတွေကြုံရမှာမဟုတ်ဘူး နှစ်ယောက်လုံးဒီနေ့ဆိုတာကိုရောက်လာမှာမဟုတ်ဘူး သူ့မှာမိသားစုမရှိတာမလို့စုန့်ချင်းလော်နဲ့တူနေတယ်လေ ဒါကြောင့်လဲတစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားကြတာ
ဒါကလင်ပန့်ရှတန်ဖိုးထားရတဲ့ဆက်ဆံရေးတဲ့
လီစူး : "တကယ်တော့ငါမင်းကိုကိစ္စတစ်ခုပြောပြချင်လို့"
လင်ပန့်ရှ : "ဘာကိစ္စလဲ?"
လီစူး : "စုန့်ချင်းလော်ကတစ်ချိန်လုံးပစ္စည်းတစ်ခုကိုရှာနေခဲ့တာ အဲ့ဒါကဘာလဲတော့ငါလည်းမသိဘူး သူ့ကိုလည်းမမေးရဲဘူး.......ငါတို့ကမင်းတို့ကြားလောက်မရင်းနှီးတော့ ငါပြောတာကိုမင်းနားလည်တယ်မလား?"
လင်ပန့်ရှနားလည်တာပေါ့
"အဲ့ဒါကဘာလဲဆိုတာငါမသိပေမဲ့သေချာပေါက်အန္တရာယ်များတယ် အဲ့ဒီနှစ်တုန်းကအဲ့ဒီပစ္စည်းကပဲစုန့်ချင်းလော်ကိုတွဲဖက်အဖြစ်ပြောင်းပစ်လိုက်တာ သူ့ရဲ့မိဘတွေကိုအန္တရာယ်ပေးခဲ့တယ်"
"အဲ့ဒီပစ္စည်းကပိတ်သိမ်းမခံရသေးဘူးလား??"
အန္တရာယ်ရှိတဲ့အရာဆိုပေမဲ့ဖြစ်ပြီးသွားတာနှစ်နှစ်ဆယ်ကျော်သွားပြီးတာတောင်မဖြေရှင်းရသေးဘူးလား?!
"ဟင့်အင်း တစ်ခါတုန်းကတော့ငါတို့ပိတ်သိမ်းတာအောင်မြင်သွားပြီလို့ထင်ခဲ့တယ် ဒါပေမဲ့လုံးဝဟုတ်မနေဘူး သူအပြင်မှာပဲရှိသေးတယ် သူ့ရဲ့တွဲဖက်ကိုပါဆက်ပြီးတည်ဆောက်နေသေးတယ်"
လင်ပန့်ရှ : "စုန့်ချင်းလော်က.......အဲ့ဒီထဲကတစ်ယောက်လား?"
"အင်း ငါမင်းကိုဘယ်လိုရှင်းပြရမလဲ အဲ့ဒီအရာကပုံမှန်ရိသွမ်းကျစ်းဝုတွေနဲ့မတူဘူး သူ့တည်ရှိမှုကအရမ်းထူးခြားတယ် သူကတန်းကူးစက်သွားတာမဟုတ်ပဲ ကူးစက်မှုရဲ့လာရင်းအဖြစ်ပြောင်းသွားတာ"
လင်ပန့်ရှ : ".......မင်းဆိုလိုတာက သူကရိသွမ်းကျစ်းဝုကိုတည်ဆောက်နေတာပေါ့??"
"အဲ့သဘောမျိုးပဲ သေတော့မသေချာဘူး အိုင်းယား ဘာလို့မင်းကိုရှင်းပြနေရတာလဲ ထားတော့ထားတော့ မင်းစုန့်ချင်းလော်ကိုပဲကိုယ်တိုင်သွားမေးကြည့်လိုက် သူငါ့ထက်ပိုသိတယ်"
လင်ပန့်ရှ : "ကျေးဇူးပဲ"
"ရတယ် ဒါဆိုငါအရင်ပြန်ပြီနော်"
"အင်း လုံခြုံရေးကိုဂရုစိုက်"လင်ပန့်ရှဆေးလိပ်မီးသတ်လိုက်သည်။
"မင်းဆက်နားတော့လေ ငါ့ဘာသာပဲပြန်လိုက်တော့မယ်"
"ဟုတ်ပြီ"လင်ပန့်ရှအတင်းမပြောတော့
လီစူးထွက်သွားတော့မှ ဘာလို့နေကာမျက်မှန်တပ်ထားလဲမမေးတာကိုသတိထားမိလိုက်သည်။သူတစ်ခုခုကိုသိပုံရပေမဲ့သူတို့အတွက်ဖုံးပေးဖို့ကိုရွေးချယ်လိုက်သည်။ကျေးဇူးတင်စွာဖြင့်ဝရံတာတွင်ရပ်လျက်လီစူးကိုကြည့်နေလိုက်သည်--ကျေးဇူးတင်စိတ်က ဆယ်မိနစ်လောက်မှပြန်ဆုတ်သွားသည်။ဆယ်မိနစ်ကြာပြီးနောက်လင်ပန့်ရှဧည့်ခန်းထဲပြန်ဝင်လာသည်။ဧည့်ခန်းစားပွဲပေါ်ရှိအသားကင်မှာတစ်ယောက်ယောက်ယူသွားပြီဖြစ်သည်။
လင်ပန့်ရှ : "......." ဖာ့ခ်ပဲ လီစူးဘာလို့လိုက်မပို့ခိုင်းတာလဲသိပြီ လတ်စသတ်တော့ ငါ့အလစ်ကိုစောင့်နေတာကိုး!
စာရေးသူမှာပြောစရာရှိပါသည် :
လျှပ်စစ်ဆိုင်ကယ်စီးလာတဲ့လီစူး : အချိန်ပိုင်းအလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး မှာထားတာကိုခိုးယူလိုက်မှဘဝရဲ့ပုံစံကိုထိန်းသိမ်းနိုင်မှာ
လင်ပန့်ရှ : ????
စုန့်ချင်းလော် : ငါနိုးလာတော့မှမင်းနဲ့ဖြေးဖြေးချင်းပြောကြတာပေါ့
__________________
တရုတ်မှာကဒလီပို့ရင်ပုံထဲကလိုလျှပ်စစ်ဆိုင်ကယ်နဲ့ပို့တာကွာ လျှပ်စစ်ဆိုင်ကယ်စီးလာတဲ့လီစူးကအချိန်ပိုင်းအလုပ်မလုပ်ပဲလင်ပန့်ရှမှာထားတာကိုခိုးလိုက်တော့မှဒလီသမားပုံစံကိုထိန်းသိမ်းနိုင်မယ်ပေါ့
ဝမ်းနည်းနေတုန်းလီစူးကဟာသပြဇာတ်တိုဝင်ကသွားပါတယ်ကျယ်မေ့တို့ရေ!
Zawgyi
အပိုင္း ၈၄ [ တေစၦေဈး ] (9)
⟨⟨မ်က္စံထဲရွိမ်ဥ္း⟩⟩
အသိစိတ္ျပန္ရၿပီးေပမဲ့ခုနကလင္ပန႔္ရွေဝဝါးေနတုန္းပဲ စုန႔္ခ်င္းေလာ္က "ကိုယ့္ကိုဖြင့္လိုက္" လို႔ေျပာခ်ိန္မွာေတာ့မိုးၿခိမ္းသလိုမ်ိဳးလင္ပန႔္ရွနားထဲေပါက္ကြဲသြားသည္။သူစုန႔္ခ်င္းေလာ္ဆီၾကည့္လိုက္သည္။ႏႈတ္ခမ္းကလည္းတုန္ေနလ်က္ : "မင္း.......မင္းဘာေျပာတာလဲ?"
"ဒါကအေကာင္းဆုံးအခြင့္အေရးေလ"စုန႔္ခ်င္းေလာ္ရဲ႕အသံကေပါ့ပါးေနသည္မွာ အေရးမပါတဲ့ကိစၥကိုေျပာေနသကဲ့သို႔ "အခ်ိန္ကအရမ္းအေရးႀကီးေနၿပီ......"
လင္ပန႔္ရွ : ".......မင္းဘာေျပာေနလဲဆိုတာမင္းသိရဲ႕လား?"
စုန႔္ခ်င္းေလာ္ : "အဆင္ေျပတယ္ ကိုယ္မနာဘူး"
"ပါးစပ္ပိတ္ထား!!"စုန႔္ခ်င္းေလာ္ကိုလက္သီးနဲ႔ပစ္ထိုးခ်င္လာတဲ့အထိလင္ပန႔္ရွေဒါသထြက္လာသည္။ေဒါသထြက္လြန္းတာေၾကာင့္တစ္ကိုယ္လုံးတုန္ေနလ်က္ "မင္းနာတာမနာတာငါဂ႐ုမစိုက္ဘူး"
စုန႔္ခ်င္းေလာ္ : "....."
"ဒါေပမဲ့ငါကေတာ့ေသာက္က်ိဳးနည္းေအာင္နာတယ္ေလ" လင္ပန႔္ရွအံႀကိတ္လိုက္သည္ "ငါနာတယ္လို႔!"
စုန႔္ခ်င္းေလာ္ကတိတ္ေနသည္။
"တျခားနည္းလမ္းမရွိဘူးလား?"လင္ပန႔္ရွမွေျပာသည္ "ေသတၱာေရာ? အဲ့ဒီအနက္ေရာင္ေသတၱာေရာ? မင္းသြားတိုင္းယူလာတယ္မလား?? အဲ့ဒီဟာကိုသုံးလို႔မရဘူးလား?"
စုန႔္ခ်င္းေလာ္ : "အဲ့ဒီေသတၱာက သတ္မွတ္ထားတဲ့ရိသြမ္းက်စ္းဝုေတြကိုပဲပိတ္သိမ္းလို႔ရတာ ဥပမာ ကိုယ္တို႔အရင္ကေတြ႕ခဲ့တဲ့ ေက်ာက္တုံး.........တကယ္လို႔ရိသြမ္းက်စ္းဝုရဲ႕အေျခအေနက ပုံမွန္မဟုတ္ဘူးဆိုရင္ ဒါမွမဟုတ္ အရမ္းႀကီးေနမယ္ဆိုရင္ အဲ့ဒီနည္းနဲ႔ပိတ္သိမ္းလို႔မရဘူး"
လင္ပန႔္ရွ : "တျခားနည္းလမ္းမရွိေတာ့ဘူးလား?"
စုန႔္ခ်င္းေလာ္မွေခါင္းရမ္းျပသည္။
ကိုယ့္မ်က္ႏွာကိုယ္လင္ပန႔္ရွပြတ္လိုက္သည္မွာ တိမ္ထူေနတဲ့သူ႔စိတ္အေျခအေနကိုအရမ္းေဖာ္ျပခ်င္သလိုမ်ိဳး ဒါေပမဲ့ဘယ္လိုႀကိဳးစားလုပ္လုပ္ လုပ္၍မရပဲ ဌာနထဲက ကုတင္ေပၚလွဲေနတဲ့စုန႔္ခ်င္းေလာ္ရဲ႕ဗိုက္အဖြင့္ခံရတဲ့ပုံစံကေခါင္းထဲေပၚလာသည္။အားလုံးကလူပဲဟာကိုဒီလိုဆက္ဆံေနရင္မနာတာဘယ္လိုျဖစ္ႏိုင္မွာလဲ သူကငတုံးမွမဟုတ္တာ
"ေကာင္းၿပီ ေကာင္းၿပီ"အခ်ိန္မရဘူးဆိုတာလင္ပန႔္ရွလည္းသိတယ္ "ဘယ္လိုလုပ္ရမလဲဆိုတာငါ့ကိုေျပာျပ"
လင္ပန႔္ရွေရွ႕ထိစုန႔္ခ်င္းေလာ္ေလွ်ာက္လာၿပီးသူ႔ကိုလာဖက္သည္။အစကေတာ့ကိုယ့္ကိုႏွစ္သိမ့္ေပးခ်င္လို႔ထင္ခဲ့တယ္ မိမိလက္ခံလို႔ရေၾကာင္းေျပာမလို႔လုပ္တုန္း စုန႔္ခ်င္းေလာ္ကအခ်ိန္ျဖဳန္းမေနေတာ့ပဲ အျမန္တိုက္ဖို႔လုပ္သည္။ဘယ္သူသိမွာလဲ ကိုယ္သယ္လာတဲ့ဓားေျမႇာင္ကိုသူ႔ကိုင္လိုက္ၿပီး သူ႔ရဲ႕လက္ကိုပါလာကိုင္သည္။
"မင္းသူ႔ကိုျမင္ရတယ္မလား?"
"ဟုတ္တယ္ ငါျမင္ရတယ္"လင္ပန႔္ရွျပန္ေျဖလိုက္သည္။
"သူဘယ္လိုပုံစံရွိလဲ?"
"အရမ္းႀကီးတယ္ အရမ္းလည္းျဖဴတယ္.......အရမ္းႀကီးတဲ့ပု႐ြက္ဆိတ္တစ္ေကာင္လိုပဲ အေပၚမွာလည္းေတာင္ပံရွိေသးတယ္"သူအဲ့ဒီဟာႀကီးကိုစိုက္ၾကည့္ရင္းေျပာျပလိုက္သည္ "ေတာင္ပံကအသံထုတ္ႏိုင္တယ္ မင္းမၾကားရဘူးမလား? ငါေတာ့ၾကားေနရတယ္.......အရမ္းၾကည္လင္ေနတဲ့အသံပဲ တူရိယာနဲ႔တူတယ္......အင္းဆက္အသံနဲ႔လည္းတူေနျပန္တယ္"သူေျပာေနတုန္းမွာ စုန႔္ခ်င္းေလာ္ကိုင္ထားတဲ့သူ႔လက္ကျခစ္မိသြားတာကိုခံစားမိလိုက္သည္။အသားကိုလွီးတဲ့ခံစားခ်က္က လင္ပန႔္ရွလက္ေပၚတြင္ခ်က္ခ်င္းပ်ံ႕သြားသည္။သူ႔လက္ကိုစုန႔္ခ်င္းေလာ္ဘာလို႔လာကိုင္ထားလဲသေဘာေပါက္သြားၿပီ--ဒီခံစားခ်က္ေၾကာင့္သူ႔တုံ႔ျပန္မႈအရ လက္လႊတ္မိမွာစိုးလို႔
"ဘာမွမျဖစ္ဘူး"စုန႔္ခ်င္းေလာ္ရဲ႕အသံကပိုႏူးညံ့သြားသည္ "သူ႔ပုံစံကိုထပ္ေျပာျပ"
ေျခာက္ကပ္ေနတဲ့ႏႈတ္ခမ္းကိုလင္ပန္႔ရွတစ္ခ်က္လ်က္လိုက္သည္။စေနၿပီဆိုတာသူသိတယ္ မရက္စက္ရင္အေစာကတည္းကၿပီးဆုံးသြားလိမ္မယ္ : "သူ႔......သူ႔မွာအစိမ္းေရာင္မ်က္လုံးေတြအမ်ားႀကီးရွိတယ္ ပိုးစုန္းၾကဴးလိုပဲ တစ္ခ်ိန္လုံးလင္းေနၿပီးအရမ္းလွတယ္......"
လင္ပန႔္ရွရဲ႕လက္ကိုစုန႔္ခ်င္းေလာ္ကဆုပ္ကိုင္ထားၿပီးဒဏ္ရာကိုပိုနက္ေအာင္လုပ္လိုက္သည္ : "ဆက္ေျပာ"
လင္ပန႔္ရွရဲ႕ကိုယ္ကမသိမသာတုန္သြားသည္။အစမွာေတာ့ဒဏ္ရာရေနသူကစုန႔္ခ်င္းေလာ္ျဖစ္ေပမဲ့ အခုေတာ့သူကိုယ္တိုင္အျဖစ္ေျပာင္းလဲသြားသည္။သူ႔အသံထဲမွာထိန္းခ်ဳပ္လို႔မရတဲ့ရႈိက္သံပါပါေနေသးတယ္ "သူ႔ရဲ႕အေရျပားက အရမ္းေခ်ာေမြ႕တယ္ အျဖဴခ်ည္းပဲ ထိေတြ႕ခံစားခ်က္ ထိေတြ႕ခံစားခ်က္ကေတာ့ ေက်ာက္စိမ္းလိုမ်ိဳး......ေအးစက္ၿပီးေတာ့ ေတာင့္တင္းတယ္ ေတာင္ပံကေတာ့........"
ဒီနားေရာက္တာနဲ႔ ဘာလႈပ္ရွားမႈမွမရွိတဲ့အေရွ႕ကအေကာင္းႀကီးက႐ုတ္တရက္ခႏၶာကိုယ္ကိုလွည့္လိုက္ၿပီးေတာင္ပံကိုစည္းခ်က္ညီညီပိုခတ္လာသည္။အစမွာသီခ်င္းလိုျဖစ္ေနတဲ့ အသံကေန စူးရွရွေအာ္သံအျဖစ္ေျပာင္းလဲသြားသည္။
ေဘးမွာတစ္ခ်ိန္လုံးၿငိမ္ေနတဲ့လူေတြကလည္းအသက္ရွင္လာသလိုမ်ိဳးသူတို႔ကိုလာဝိုင္းသည္။
လင္ပန႔္ရွကိုသက္ေရာက္မႈရွိမွာစုန႔္ခ်င္းေလာ္စိုးတာေၾကာင့္ လင္ပန႔္ရွရဲ႕လက္ကိုပိုတင္းတင္းဆုပ္ကိုင္လိုက္သည္ : "သူတို႔ကိုဂ႐ုစိုက္မေနနဲ႔"
လင္ပန႔္ရွအသက္ျပင္းျပင္းရွဴလိုက္ၿပီး : "ေတာင္ပံကထြင္းေဖာက္ျမင္ႏိုင္တယ္ ယင္ေကာင္ရဲ႕ ေတာင္ပံလိုပဲ--ခႏၶာကိုယ္ရဲ႕ႏွစ္ဖက္မွာရွိေနတယ္--"သူဒီအထိေျပာၿပီးခ်ိန္ ႐ုတ္တရက္ႀကီးေဘးမွာအရိပ္ေတြေပၚလာတယ္ အဲ့ဒီအရိပ္ကရွိသမွ်အလင္းေတြကို စုပ္ယူေနတယ္ အနက္ေရာင္တြင္းလိုတည္ရွိမႈလိုမ်ိဳး နည္းနည္းေလးကပ္မိတာနဲ႔ဝါးမ်ိဳသြားလိမ့္မယ္
အရိပ္မည္းရဲ႕လာရင္းက လင္ပန႔္ရွေရွ႕ကစုန႔္ခ်င္းေလာ္
စုန႔္ခ်င္းေလာ္၏ခႏၶာကိုယ္တြင္အေပါက္အႀကီးႀကီးတစ္ေပါက္ရွိေနသည္။သူ႔ရဲ႕ခႏၶာကိုယ္ကေနအရိပ္မည္းေတြစိမ့္ထြက္လာတာကာ အရပ္ေလးမ်က္ႏွာဆီစီးသြားသည္ကိုလင္ပန႔္ရွၾကည့္ေနရသည္။ပိုက္ကြန္ႀကီးတစ္ခုအျဖစ္ေျပာင္းသြားၿပီးလင္ပန႔္ရွေရွ႕ကရိသြမ္းက်စ္းဝုကိုတေျဖးေျဖးထုပ္ပိုးသြားသည္။
စုန႔္ခ်င္းေလာ္နဲ႔ဒီေလာက္အမ်ားႀကီးအတူတူလုပ္ဖူးေပမဲ့ လင္ပန႔္ရွကေတာ့ဒီလိုျမင္ကြင္းမ်ိဳးကိုပထမဆုံးေတြ႕ရျခင္းပဲ စုန႔္ခ်င္းေလာ္နဲ႔ခႏၶာကိုယ္ခ်င္းထိေတြ႕ဖူးမွအရိပ္ရဲ႕တည္ရွိမႈကိုျမင္ႏိုင္မယ္
အရိပ္မွာဆက္လက္ပ်ံ႕ႏွံ႔ေနဆဲ ေအာက္ကေနရိသြမ္းက်စ္းဝုရဲ႕ခႏၶာကိုယ္ကိုတေျဖးေျဖးဝါးမ်ိဳေနသည္။ေအာ္သံကလည္းပိုပိုက်ယ္လာတာေၾကာင့္လင္ပန႔္ရွရဲ႕နားစည္ပါနာလာသည္။အစိမ္းေရာင္အလင္းမွာလင္ပန႔္ရွမ်က္စံထဲတြင္လက္လာျပန္သည္။ေဘးရွိတြဲဖက္မ်ားစြာမွာလည္းေၾကာက္႐ြံ႕မႈေပၚလာၿပီး တေျဖးေျဖးအေဝးသို႔ခြာသြားျပန္သည္။စုန႔္ခ်င္းေလာ္ကိုေၾကာက္ေနသလား လင္ပန႔္ရွကိုေၾကာက္ေနသလားမသိေတာ့
"ဆက္ေျပာေလ"စုန႔္ခ်င္းေလာ္ရဲ႕ေပ်ာ့ေပ်ာင္းတဲ့အသံက လင္ပန႔္ရွရဲ႕အသိစိတ္ကိုျပန္ေခၚလာသည္ "ပန႔္ရွ သူ႔ပုံစံကိုဆက္ေျပာျပပါဦး"
လင္ပန႔္ရွ : "အင္း.......သူ႔အသံကနားစူးစရာျဖစ္လာတယ္ သူဆိုလိုတာကိုလည္းငါနားလည္ေနတယ္ သူေအာ္ေနတာက......မင္းကိုရပ္ဖို႔ေတာင္းဆိုခိုင္းေနတာ........"
စုန႔္ခ်င္းေလာ္ : "အရမ္းေကာင္းတယ္"သူမ်က္လုံးမွိတ္လိုက္သည္။သူ႔ကိုယ္ထဲကအရိပ္မည္းေတြက လႈံ႕ေဆာ္ခံလိုက္ရသလိုမ်ိဳး ရိသြမ္းက်စ္းဝုကိုအျမန္ပိတ္သိမ္းလိုက္သည္။မ်က္ေတာင္တစ္ခတ္အတြင္းမွာတင္ အျဖဴေရာင္အေကာင္ႀကီးကိုအရိပ္မည္းေတြကထုပ္သိမ္းလိုက္သည္။အရိပ္မည္းေတြလႈပ္ရွားေနပုံကပါးစပ္ကေနတစ္ခုခုကိုဝါးေနပုံ အထဲမွာထုပ္ထားတဲ့ပစၥည္းကိုႀကိဳးစားဖ်က္စီးေနသည္။
"အား!!!"လင္ပန႔္ရွရဲ႕ခႏၶာကိုယ္မွာ႐ုတ္တရက္အလြန္နာက်င္လာသည္။ခႏၶာကိုယ္ရဲ႕အစိတ္အပိုင္းတစ္ခုခုကိုဆြဲၿဖဲလိုက္သလိုပဲ သူ႔ေရွ႕မွာစုန႔္ခ်င္းေလာ္ရွိေန၍ေတာ္ေသးသည္။သူ႔ကိုတန္းထိန္းလိုက္သည္ေၾကာင့္ေျမႀကီးေပၚက်မသြား
အဲ့ဒီဟာႀကီးကိုအရိပ္မည္းကဖ်က္ဆီးသြားၿပီးေနာက္စုန႔္ခ်င္းေလာ္ရဲ႕ခႏၶာကိုယ္ထဲေျဖးေျဖးခ်င္းျပန္ဝင္သြားသည္။
လင္ပန႔္ရွကိုယ္ထဲကနာက်င္မႈကလည္းေႏွးေကြးလာသည္။သူအသက္ရွဴမဝျဖစ္ေနတာေၾကာင့္လဲမက်ေစရန္အားမရွိစြာျဖင့္ စုန႔္ခ်င္းေလာ္ရဲ႕ပခုံးေပၚမွီခ်လိုက္သည္။သူငုံ႔ၾကည့္လိုက္ေတာ့ အဖြင့္ခံထားရတဲ့စုန႔္ခ်င္းေလာ္ရဲ႕ဗိုက္ကိုျမင္လိုက္ရသည္။နီရဲရဲနဲ႔အတြင္းကလီစာေတြေပၚေနတာမ်ား ဘယ္ေလာက္ေတာင္နာလိုက္မလဲ
ဒါေပမဲ့စုန႔္ခ်င္းေလာ္ကေတာ့အရင္အတိုင္းမတ္မတ္ရပ္ေနဆဲ မ်က္ႏွာျဖဴစုတ္ေနတာကလြဲလို႔ထိခိုက္မႈတစ္စက္မွမရွိသလိုပဲ သူ႔ကိုေတာင္ထိန္းေပးထားေသးတယ္
လင္ပန႔္ရွအတင္းၿပဳံးလိုက္သည္။ထိခိုက္မႈမရွိဘူးဆိုတာဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ေနသားက်သြား႐ုံေလးပါပဲ
နာက်င္မႈကိုခ်ဳပ္တည္းရတာက်င့္သားရသြားတာ--ဒီလိုကိစၥမ်ိဳးကဘယ္ႏွစ္ေခါက္ႀကဳံရမွက်င့္သားရမွာမ်ားလဲ လင္ပန႔္ရွ ထပ္မေတြးရဲေတာ့
အရိပ္မည္းမ်ားဟာ ေႏွးေကြးတဲ့အရွိန္နဲ႔စုန႔္ခ်င္းေလာ္ရဲ႕ဒဏ္ရာကေန ခႏၶာကိုယ္အတြင္းပိုင္းထဲသို႔ျပန္ပုန္းဝင္သြားၾကသည္။လင္ပန႔္ရွကိုေခါင္းကိုက္ေစတဲ့ေအာ္သံလည္းေပ်ာက္သြားၿပီျဖစ္သည္။
ေဘးပတ္လည္မွာလည္းခႏၶာကိုယ္အမ်ားျပဳတ္က်ေနတဲ့အသံထြက္ေနသည္။သူတို႔ကိုတိုက္ခိုက္ဖို႔ႀကိဳးစားေနသူေတြအားလုံးအသိေပ်ာက္သြားၿပီးေျမႀကီးေပၚျပဳတ္က်သြားၾကသည္။
လင္ပန႔္ရွရဲ႕ရင္ဘတ္ကမသိမသာတစ္ခ်က္ရပ္သြားသည္။ဒီကိစၥၿပီးသြားလို႔ေပ်ာ္ေနတုန္းစုန႔္ခ်င္းေလာ္ကေမးကိုလာကိုင္ၿပီးသူ႔မ်က္ႏွာကိုလာပင့္သည္။
စုန႔္ခ်င္းေလာ္ရဲ႕အမူအရာကခန႔္ညားေနတာေၾကာင့္သူနမ္းေတာ့မယ္လို႔လင္ပန႔္ရွထင္ခဲ့ေပမဲ့သူ႔ကိုမနမ္းပဲ တစ္ခုခုကိုအတည္ျပဳသလိုလက္မနဲ႔သူ႔မ်က္လုံးကိုလာဖိသည္။
လင္ပန႔္ရွ : "ဘာျဖစ္လို႔လဲ?"
"ဘာမွမျဖစ္ဘူး ခဏေနရင္ကိုယ္လီစူးတို႔ကိုဆက္သြယ္လိုက္မယ္ မင္းသူတို႔နဲ႔ထိပ္တိုက္မေတြ႕ေစနဲ႔ အိမ္တန္းျပန္ေနာ္"
လင္ပန႔္ရွ : "အင္? ဘာလို႔လဲ?"သူေမးၿပီးတာနဲ႔တစ္ခုခုကိုသိလိုက္တာေၾကာင့္မ်က္လုံးကိုတစ္ခ်က္ပြတ္ၾကည့္လိုက္သည္ "ငါ့မ်က္လုံးထဲမွာဘာရွိေနတာလဲ?"
စုန႔္ခ်င္းေလာ္ : "အဆင္ေျပမွာပါ ျပႆနာအေသးေလးတစ္ခုပါပဲ"သူတစ္ခ်က္ရပ္လိုက္ၿပီး "သြားရေအာင္"
လင္ပန႔္ရွ : "ေကာင္းၿပီ....."သူ႔ရဲ႕ကိုယ္ထဲကနာက်င္မႈေပ်ာက္သြားတာေၾကာင့္အားျပန္ရွိသြားၿပီျဖစ္သည္။ဒီတစ္ေခါက္ေတာ့သတိႀကီးႀကီးနဲ႔စုန႔္ခ်င္းေလာ္ကိုထိန္းလိုက္သည္။စုန႔္ခ်င္းေလာ္ရဲ႕ကိုယ္အေလးခ်ိန္ကအရမ္းေပါ့တာကိုေတြးမိတာေၾကာင့္ သူ႔ကိုကုန္းပိုးမယ္ေျပာေပမဲ့စုန႔္ခ်င္းေလာ္ကျငင္းသည္။
"ရတယ္ ကိုယ့္ရဲ႕အခုအေလးခ်ိန္က အရင္ေန႔ေတြနဲ႔မတူဘူး"
လင္ပန႔္ရွ : "အာ?"
သူ႔မ်က္ႏွာတစ္ခုလုံးမယုံဘူးခ်ည္းျပည့္ေနတာေၾကာင့္စုန႔္ခ်င္းေလာ္မွမ်က္ခုံးပင့္လိုက္ကာ "မင္းစမ္းၾကည့္မလား?"
စမ္းဆိုေတာ့လည္းစမ္းၾကတာေပါ့ စုန႔္ခ်င္းေလာ္ရဲ႕ခါးကိုဖက္လိုက္သည္။အားတစ္ခ်က္ထည့္ၿပီးသူ႔ကိုေပြ႕ဖို႔လုပ္သည္။ဘယ္သူသိမွာလဲ စုန႔္ခ်င္းေလာ္ကတစ္စက္ေတာင္မလႈပ္ လင္ပန႔္ရွခါးမ်က္ေတာ့မတတ္ပဲ : "မင္းကိုယ္ထဲကအဲ့ဒီဟာကအေၾကာင္းျပခ်က္လား?"
စုန႔္ခ်င္းေလာ္ : "အင္း......."
လင္ပန႔္ရွ : "အရမ္းေလးတာပဲ"
စုန႔္ခ်င္းေလာ္ : "သူကအႀကီးႀကီးေလ"
ဟုတ္တာပဲ အဲ့ေလာက္ႀကီးတဲ့ဟာႀကီးက ေသခ်ာေပါက္အရမ္းေလးေနမွာ ဒါေပမဲ့စုန႔္ခ်င္းေလာ္ရဲ႕စြမ္းရည္ကေတာ့ တကယ္ေတာ္တယ္ ဌာနထဲကတြဲဖက္အမ်ားစုေတာင္သူ႔ကိုေၾကာက္ၾကတယ္
ႏွစ္ေယာက္သားအခ်င္းခ်င္းထိန္းထားလ်က္ၿမိဳ႕ေဟာင္းထဲမွထြက္လာၾကသည္။မနက္သုံးနာရီထိုးခါနီးၿပီျဖစ္တာေၾကာင့္တာဝန္က်ေနတဲ့ ရဲသားနဲ႔ ေစာင့္ၾကည့္သူသာက်န္ခဲ့သည္။
လီစူးကိုေတြ႕ေတာ့ စုန႔္ခ်င္းေလာ္မွလင္ပန႔္ရွရဲ႕ပခုံးကိုပုတ္ကာအခ်က္ျပသည္။လင္ပန႔္ရွလက္လႊတ္လိုက္ၿပီးစုန႔္ခ်င္းေလာ္ေနာက္ကေနပဲတိတ္တဆိတ္လိုက္သြားသည္။
"လီစူး"စုန႔္ခ်င္းေလာ္မွသူ႔ကိုေအာ္ေခၚလိုက္သည္။
"ေျဖရွင္းၿပီးၿပီလား?"စုန႔္ခ်င္းေလာ္ကိုယ္ေပၚကေသြးကြက္ကိုျမင္လိုက္တာနဲ႔လီစူးသေဘာေပါက္လိုက္သည္ "မင္းကိုဌာနဆီပို႔ဖို႔ငါခ်က္ခ်င္းစီစဥ္ေပးမယ္"
"ေကာင္းၿပီ မင္းလည္းအတူလိုက္ခဲ့ေလ ဒီဟာကမတည္ၿငိမ္ဘူး လမ္းေပၚမွာမေတာ္တဆတစ္ခုခုျဖစ္မွာငါစိုးတယ္"
"ရတယ္"လီစူးကလွည့္သြားၿပီးကားအသင့္ျပင္ေနသည္။
စုန႔္ခ်င္းေလာ္ကလည္းျပန္လွည့္လာၿပီးလင္ပန႔္ရွဆီသို႔မ်က္ရိပ္ျပသည္။လင္ပန႔္ရွနားလည္လိုက္တာေၾကာင့္လီစူးကားထုတ္ေနခ်ိန္မွာပဲ ေဘးကေနခိုးထြက္သြားသည္။အားလုံးရဲ႕အာ႐ုံကစုန႔္ခ်င္းေလာ္ကိုယ္ေပၚေရာက္ေနတာေၾကာင့္လင္ပန႔္ရွထြက္သြားတာကိုဘယ္သူမွမသိလိုက္
ကားေပၚေရာက္ေတာ့မွလီစူးသတိရသြားသည္ : "အိုင္း? ပန႔္ရွကိုဘာလို႔မေတြ႕မိတာလဲ? သူအဆင္ေျပရဲ႕လား?"
စုန႔္ခ်င္းေလာ္ : "အဆင္ေျပတယ္"
လီစူး : "အထဲမွာပဲရွိေနတုန္းလား?"
စုန႔္ခ်င္းေလာ္ : "သူ႔ကိုအေနာက္မွာကိုင္တြယ္ခိုင္းထားတယ္ အခုေလာက္ဆိုရင္အိမ္ျပန္ေရာက္ေလာက္ၿပီ"
လီစူး : "သူ႔ကိုဌာနမွာမစစ္ခိုင္းေတာ့ဘူးလား?"
"မလိုဘူး"
စုန႔္ခ်င္းေလာ္ရဲ႕ေျပာျပခ်က္ထဲကေနထူးဆန္းတာကိုလီစူးေတြ႕လိုက္ရသည္။သူတစ္ခုခုေျပာဖို႔လုပ္လိုက္ေပမဲ့ေနာက္ဆုံးဘာမွမေျပာျဖစ္ပဲ ဆံပင္ကိုသာဖြလိုက္သည္။
လစ္ထြက္သြားတာေအာင္ျမင္ေပမဲ့ မနက္သုံးနာရီပဲရွိေသးကာေနရာကလည္းေဝးေနျပန္သည္။သူ႔တစ္ကိုယ္လုံးကအရည္ေတြကလည္းဘယ္လိုၾကည့္ၾကည့္သံသယျဖစ္စရာပင္။ေန႔တစ္ဝက္ေလာက္ရွာၿပီးမွ ယြမ္ႏွစ္ရာကိုေတြ႕တာေၾကာင့္ကားငွားဖို႔သာအံႀကိတ္ဆုံးျဖတ္လိုက္သည္။
ကားေပၚေရာက္ေတာ့ ယာဥ္ေမာင္းကကိုယ့္ကိုတစ္ခ်ိန္လုံးလွည့္ၾကည့္ေနသည္။သူသည္းမခံႏိုင္ေတာ့ပဲ : "ရွစ္းဖူ ခင္ဗ်ားဘာၾကည့္ေနတာလဲ?"
လင္ပန႔္ရွေမးလိုက္တာနဲ႔စတီယာတိုင္ကိုကိုင္ထားတဲ့လက္ပါတုန္သြားကာအသံတိုးတိုးျဖင့္ဆိုသည္ : "ေကာင္ေလး မင္းမ်က္လုံးကဘာျဖစ္တာလဲ?"
လင္ပန႔္ရွ : "အင္?"သူေနာက္ၾကည့္မွန္ကေနၾကည့္ၾကည့္ေတာ့ကိုယ့္မ်က္လုံးကမူမွန္မေန မ်က္စံလယ္မွာ အစိမ္းေရာင္မ်ဥ္းတစ္ေၾကာင္းရွိေနတယ္ ကားထဲမွာလက္ေနတာက ေၾကာင္ရဲ႕ေဒါင္လိုက္မ်က္စံနဲ႔တူေနတယ္ သူ႔ကိုအိမ္တန္းျပန္ခိုင္းတဲ့စုန႔္ခ်င္းေလာ္ကိုနားလည္လို႔ရတယ္
"ဘာမွမျဖစ္ပါဘူး"လင္ပန႔္ရွမ်က္လုံးကိုပြတ္လိုက္ၿပီး တည္ၿငိမ္စြာနဲ႔ယာဥ္ေမာင္းကိုရွင္းျပလိုက္သည္ "ကြၽန္ေတာ္မ်က္ကပ္မွန္တပ္ထားတာ"
ကားသမားကေအာ္ဟုသံရွည္ဆြဲေျပာလာသည္။ယုံမယုံေတာ့မသိေပမဲ့အသံထပ္ထြက္မလာေတာ့
နာရီအနည္းငယ္ၾကာၿပီးေနာက္ လင္ပန႔္ရွအိမ္ထဲေရာက္လာသည္။အိမ္တံခါးဖြင့္ၿပီးမွသူသက္ျပင္းခ်ႏိုင္သည္။အခန္းထဲတြင္အေတာ္ေလးတိတ္ဆိတ္ေနၿပီးေရွာင္ဟြားနဲ႔ေရွာင္ခူးတို႔ကအိပ္ေပ်ာ္ေနၿပီျဖစ္သည္။သူေရခ်ိဳးခန္းထဲတန္းသြားလိုက္သည္။နံရံကပ္မီးအိမ္ကိုဖြင့္ၿပီးေနာက္မွန္ထဲကကိုယ့္ကိုယ္ကိုယ္ျပန္ၾကည့္လိုက္သည္။
မွန္ထဲတြင္ စိမ္းသက္ေနသည့္လူငယ္တစ္ဦးရွိေနသည္။ဒီမ်က္ႏွာပဲျဖစ္ေပမဲ့မ်က္လုံးထဲကေဒါင္လိုက္မ်ဥ္းစိမ္းက ဒီမ်က္ႏွာကိုပိုျဖဴေစၿပီးဆြဲေဆာင္မႈရွိေစသည္။လူမဟုတ္ပုံလည္းေပၚသည္။သူေတြ႕ဖူးတဲ့ရိသြမ္းက်စ္းဝုလိုမ်ိဳး--လက္ဆန႔္ထုတ္လိုက္ၿပီးမွန္မ်က္ႏွာျပင္ကိုေျဖးေျဖးခ်င္းထိၾကည့္လိုက္သည္။မွန္ရဲ႕ေအးစက္တဲ့အထိအေတြ႕က သူ႔လက္ေခ်ာင္းေတြဆီ႐ိုက္ခတ္ေတာ့မွ ဒီလိုခံစားခ်က္ထဲကေနထြက္လာႏိုင္သည္။
လင္ပန႔္ရွေခါင္းငုံ႔လိုက္ၿပီးအသက္ျပင္းျပင္းရွဴလိုက္ကာေရေႏြးကိုႏွိပ္လိုက္သည္။
တစ္ကိုယ္လုံးကအစြန္းအထင္းေတြကိုသန႔္စင္ၿပီးေနာက္ ေရခ်ိဳးခန္းထဲမွေျဖးညႇင္းစြာထြက္လာသည္။စိုေနတဲ့ေခါင္းကိုသုတ္ရင္း မီးဖိုေခ်ာင္ထဲသြားကာေရခဲစိမ္ထားတဲ့ဘီယာကိုထုတ္လိုက္သည္။ဝရံတာမွာရပ္ေနရင္းေသာက္လိုက္နားလိုက္လုပ္ေနသည္။စုန႔္ခ်င္းေလာ္စာပို႔ထားတာလဲမရွိ သူအရင္တစ္ေခါက္ကလိုအေျခအေနနဲ႔ေတြ႕ေနၿပီထင္တယ္
လင္ပန႔္ရွေယာက္ယက္ခတ္သြားသည္။ဘီယာဗူးကိုတင္းတင္းဖိကိုင္ထားတာေၾကာင့္သူ႔လက္ၾကားကေနစိမ့္ထြက္လာသည္။သို႔ေပမဲ့သူမခံစားရ
"ေကာေကာ"႐ုတ္တရက္ေရွာင္ဟြားရဲ႕အသံကအေနာက္မွထြက္လာသည္။လင္ပန႔္ရွရဲ႕စိတ္ကိုအတင္းဖိႏွိပ္လိုက္ၿပီးသူလွည့္ၾကည့္လိုက္သည္။ေရွာင္ဟြားကနံရံေဘးမွာရပ္ေနၿပီး မ်က္ႏွာတစ္ဝက္ကိုသာေဖာ္ထားသည္။အၾကည့္ထဲမွာလည္းသတိထားမႈမ်ားပါဝင္ေနသည္။
ေရွာင္ဟြားရဲ႕ဒီလိုပုံစံကိုေတြ႕ရခဲတာေၾကာင့္လင္ပန႔္ရွေခၚလိုက္သည္ : "ေရွာင္ဟြား? မအိပ္ေသးဘူးလား?"
ေရွာင္ဟြား : "ေကာေကာမေပ်ာ္ဘူးမလား?"
လင္ပန႔္ရွ : "ေကာေကာ မေပ်ာ္တာမဟုတ္ပါဘူး"
"ေကာေကာမေပ်ာ္တာေရွာင္ဟြားသိတယ္"
လင္ပန႔္ရွတိတ္သြားၿပီးတုံ႔ျပန္သံမထြက္ေတာ့ ေရွာင္ဟြားေရွ႕ေလွ်ာက္သြားၿပီးသူမကိုဖက္လိုက္သည္။ေရွာင္ဟြားကငယ္ငယ္တုန္းကနဲ႔တစ္ပုံစံထဲပဲ မ်က္ႏွာပဲျဖစ္ျဖစ္ အရပ္ပဲျဖစ္ျဖစ္မေျပာင္းသြားဘူး
သူမရဲ႕မ်က္ႏွာကိုေျဖးေျဖးညႇစ္လိုက္သည္ : "သြားအိပ္ေတာ့ေလ ဒီေလာက္ေနာက္က်ေနၿပီကို"
ေရွာင္ဟြားကလင္ပန႔္ရွရင္ဘတ္ဆီကပ္လာၿပီးရွဴၾကည့္သည္ : "ေကာေကာ ေကာရဲ႕အနံ႔ကေျပာင္းသြားတယ္........."
လင္ပန႔္ရွၿပဳံးလိုက္သည္ : "ဘယ္လိုေျပာင္းသြားတာလဲ?"
ေရွာင္ဟြား : "ခ်ိဳခ်ိဳေလး အရမ္းစားေကာင္းမယ့္ပုံပဲ"
အင္းေပါ့ေလ တစ္ညလုံးစိမ္ထားရတာဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္အနံ႔က်န္ခဲ့မွာပဲ ကိုယ့္ကိုယ္ရွဴၾကည့္လိုက္ေတာ့လည္းဘာမွမရ သူ႔ႏွာေခါင္းကအဲ့ဒါကိုရွဴတာမ်ားသြားလို႔မေကာင္းေတာ့တာလားမသိ ဒါမွမဟုတ္ေရွာင္ဟြားရဲ႕အနံ႔အာ႐ုံကေကာင္းေနတာလည္းျဖစ္ႏိုင္တယ္
အိပ္ခန္းထဲကကုတင္ေပၚအအထိေရွာင္ဟြားကိုပို႔ေပးလိုက္သည္။လိမ္လိမ္မာမာနဲ႔သူမအိပ္ရာဝင္သြားေတာ့မွဧည့္ခန္းထဲျပန္လွည့္လိုက္သည္။
က်န္တဲ့တစ္ညလုံးလင္ပန႔္ရွအိပ္၍မရေပ။သူပင္ပန္းေနေပမဲ့စိတ္ထဲမွာေတာ့စုန႔္ခ်င္းေလာ္ကိုလြမ္းေနတာေၾကာင့္အိပ္ခ်င္စိတ္တစ္စက္မွ်မျဖစ္ေပ။
မိုးလင္းေတာ့မယ့္အခ်ိန္က်မွလင္ပန႔္ရွဗိုက္ဆာလာတာေၾကာင့္ဒလီမွာလိုက္သည္။ဒလီေရာက္ၿပီးၿပီးခ်င္း ဖုန္းက႐ုတ္တရက္ထျမည္လာသည္။လင္ပန႔္ရွတစ္ခ်က္ၾကည့္လိုက္ေတာ့ လီစူးျဖစ္ေနသည္ေၾကာင့္အျမန္ကိုင္လိုက္သည္။
"ပန႔္ရွ မင္းအိမ္မွာရွိလား?"
"အင္း ငါအိမ္မွာ"
"ဒါဆို ငါခဏေနက်ရင္စုန႔္ခ်င္းေလာ္ကိုျပန္လာပို႔မယ္"
လင္ပန႔္ရွ : "ရတယ္ သူအခုအဆင္ေျပရဲ႕လား?"
လီစူး : "ကိစၥႀကီးေတာ့မရွိဘူး ခႏၶာကိုယ္ကေနလို႔သိပ္မေကာင္းတာပဲ ငါ့ကားေပၚမွာအိပ္ေပ်ာ္ေနတယ္"
"ေကာင္းၿပီ ငါအိမ္မွာပဲမင္းတို႔ကိုေစာင့္ေနမယ္"
သူျပန္လာမယ္ဆိုတာသိေတာ့ သန႔္စင္ခန္းထဲလင္ပန႔္ရွျပန္သြားလိုက္သည္။သူမတတ္ႏိုင္တာကမ်က္လုံးထဲက အစိမ္းေရာင္မ်ဥ္းမေပ်ာက္ေသးတာပဲ လီစူးေတြ႕ရင္ေသခ်ာေပါက္သံသယဝင္မွာပဲ မသုံးျဖစ္တာၾကာတဲ့မ်က္မွန္ကိုဗီ႐ိုထဲကေနထုတ္လိုက္ကာမ်က္ႏွာေပၚတြင္တပ္လိုက္သည္။ခဏေနရင္မီးစင္ၾကည့္ကရမွာပဲ
ဖုန္းေျပာၿပီးဘယ္ေလာက္မွမၾကာေသးခင္မွာပဲ တံခါးေခါက္သံထြက္လာသည္။လင္ပန႔္ရွတံခါးဖြင့္လိုက္ေတာ့ လီစူးနဲ႔သူ႔ေဘးမွာရပ္ေနတဲ့စုန႔္ခ်င္းေလာ္ကိုေတြ႕လိုက္ရသည္။
စုန႔္ခ်င္းေလာ္ရဲ႕အသားအေရကအစကတိုင္ျဖဴေပမဲ့အခုခ်ိန္မွာေတာ့စကၠဴတစ္႐ြက္လိုျဖဴစုတ္ေနသည္။မႏိုးေသးတဲ့ပုံနဲ႔မ်က္ေတာင္တစ္ဝက္ခ်ထားေသးသည္။
"ျမန္ျမန္ဝင္"အျမန္ဝင္လာခိုင္းၿပီးလင္ပန႔္ရွဖယ္ေပးလိုက္သည္။
စုန႔္ခ်င္းေလာ္မွဆိုဖာဆီေလွ်ာက္သြားၿပီးတန္းလွဲခ်လိုက္ကာမ်က္လုံးမွိတ္သြားသည္။အိပ္ခန္းထဲကကုတင္ေပၚအိပ္ဖို႔သူ႔ကိုမေခၚရဲတာေၾကာင့္အသံတိုးလိုက္သည္ : "ငါတို႔ထြက္ေျပာၾကမလား?"
"ေကာင္းၿပီ"လီစူးမွေခါင္းညိတ္ျပသည္။
အဲ့ဒါနဲ႔ပဲ ဝရံတာဆီထြက္ခဲ့ၾကသည္။စုန႔္ခ်င္းေလာ္ႏိုးသြားမွာစိုးတာေၾကာင့္လင္ပန႔္ရွတံခါးပါပိတ္လိုက္သည္။
လီစူးကအိတ္ထဲကေနေဆးလိပ္ထုတ္လိုက္ၿပီး : "တစ္လိပ္ေသာက္မလား?"
လင္ပန႔္ရွယူလိုက္ၿပီးမီးညႇိလိုက္သည္။
အခ်ိန္တစ္ခုေလာက္အထိႏွစ္ေယာက္လုံးစကားမေျပာျဖစ္ပဲတိတ္တဆိတ္သာေဆးလိပ္ေသာက္ေနၾကသည္။
"မင္းစုန႔္ခ်င္းေလာ္ရဲ႕မိသားစုကိစၥကိုသိလား?"႐ုတ္တရက္လီစူးစကားစလာသည္။
လင္ပန႔္ရွ : "တစ္စိတ္တစ္ပိုင္းေတာ့သိတယ္"
လီစူး : "ဘယ္အပိုင္းလဲ?"
လင္ပန႔္ရွ : "သူအရင္ကေနတဲ့ေနရာကိုသိတယ္ၿပီးေတာ့.........သူ႔မိဘေတြရဲ႕ကိစၥ"
လီစူးကေဆးလိပ္ေငြ႕မႈတ္ထုတ္လိုက္ၿပီး : "ဒါဆိုစုန႔္ခ်င္းေလာ္ကဘာလို႔ေစာင့္ၾကည့္သူလုပ္လဲဆိုတာေရာ မင္းသိလား?"
အရင္ကလင္ပန႔္ရွမသိေပမဲ့အခုေတာ့သိသင့္ၿပီထင္ပါရဲ႕ ေစာင့္ၾကည့္သူလုပ္တာက စုန႔္ခ်င္းေလာ္လုပ္ခ်င္လို႔မလုပ္ပဲ သူကရိသြမ္းက်စ္းဝုတစ္ခုရဲ႕တြဲဖက္ျဖစ္ေနလို႔ပဲ ပိုင္လုက်ယ္လိုမ်ိဳး ဌာနထဲမွာလြတ္လပ္မႈမရွိပဲပိတ္ခံထားရတာပဲျဖစ္ေစ စြန႔္စားရတာပဲျဖစ္ေစ ရိသြမ္းက်စ္းဝုကိုေျဖရွင္းရတဲ့ေစာင့္ၾကည့္သူျဖစ္လာရမည္။
"မင္းေရာက္မလာခင္တုန္းက စုန႔္ခ်င္းေလာ္မွာပိုက္ဆံတစ္ျပားမွမက်န္ဘူး ရွိသမွ်ပိုက္ဆံေတြအကုန္လုံးကို ေရွးေဟာင္းပစၥည္းေတြဝယ္ဖို႔ယူသြားတာေလ အစစ္အတုအကုန္ဝယ္တယ္ ေျပာင္က်တဲ့အထိကိုသုံးပစ္တာ တစ္ခါတေလက်ရင္ထမင္းစားရမွာကိုေတာင္ျပႆနာတက္ေနတတ္တာ.......မင္းသိပါတယ္ လူတစ္ေယာက္မွာအနာဂတ္အတြက္ေမွ်ာ္လင့္ခ်က္ရွိေနေသးရင္ေသခ်ာေပါက္ႀကိဳျပင္ထားမွာ"သူနံရံေပၚမွီလိုက္ၿပီးပ်င္းရိစြာျဖင့္ဆက္ေျပာသည္ : "ဒါေပမဲ့သူ႔မွာတစ္စက္မွမရွိဘူး"
လင္ပန႔္ရွ : "........."
"ဒါေပမဲ့ငါလည္းနားလည္ပါတယ္ ဒါကိုလုပ္ေနရတဲ့ငါတို႔က ေသဖို႔႐ူးဖို႔အရမ္းလြယ္တယ္ေလ တစ္ရက္ႏွစ္ရက္မေတြ႕လိုက္တာနဲ႔အဲ့ဒီလူမရွိေတာ့တာျဖစ္ႏိုင္တယ္ ငါနဲ႔သူသိတာဆယ္ႏွစ္ျပည့္ေတာ့မယ္ သူခုနစ္ ႏွစ္ကတည္းက ဌာနထဲေရာက္ေနတာေလ ငါ့ထက္ငါးႏွစ္ေတာင္ေစာတယ္"
လင္ပန႔္ရွစိတ္ထဲဂနာမၿငိမ္ျဖစ္ေနေပမဲ့သူအသံမထြက္ပဲ ေဆးလိပ္ကိုသာဆက္တိုက္ေသာက္ေနမိသည္။
"ခုနစ္ႏွစ္ကေလးကဘယ္လိုအသက္ရွင္လာလဲကို ငါအခုမေတြးရဲေတာ့ဘူး သူစကားေျပာရတာမႀကိဳက္ဘူး ရင္းႏွီးတဲ့လူလည္းမရွိဘူး ဌာနထဲကလူေတြအားလုံးလည္းသူ႔ကိုေၾကာက္ၾကတယ္ တကယ္ေတာ့.......ငါလည္းေၾကာက္တယ္"
လင္ပန႔္ရွလီစူးကိုၾကည့္လိုက္သည္။
"ေစာင့္ၾကည့္သူျဖစ္ဖို႔အတြက္ အဲ့ဒီဟာနဲ႔ပတ္သက္မႈရွိရမယ္ ငါမင္းကိုေတာင္းပန္စကားေျပာရမယ္ တကယ္လို႔ငါ့ရဲ႕တစ္ကိုယ္ေကာင္းဆန္စိတ္ေၾကာင့္မဟုတ္ရင္ မင္းလည္းဝင္လာမွာမဟုတ္ဘူး"အဲ့ဒီအခ်ိန္တုန္းကစုန႔္ခ်င္းေလာ္ရဲ႕တြဲဖက္လုပ္ဖို႔လင္ပန႔္ရွကိုသူတိုက္တြန္းခဲ့တာ
လင္ပန႔္ရွရဲ႕ကိုယ္ပိုင္ဆႏၵဆိုရင္ေတာင္သူကႀကိဳးကိုင္သူေလ
"မဟုတ္ပါဘူး"လင္ပန႔္ရွရယ္လိုက္ကာ"ဒီကိစၥကငါမင္းကိုေက်းဇူးတင္သင့္တာ"လီစူးသာမရွိရင္ သူစုန႔္ခ်င္းေလာ္နဲ႔ဒါေတြႀကဳံရမွာမဟုတ္ဘူး ႏွစ္ေယာက္လုံးဒီေန႔ဆိုတာကိုေရာက္လာမွာမဟုတ္ဘူး သူ႔မွာမိသားစုမရွိတာမလို႔စုန႔္ခ်င္းေလာ္နဲ႔တူေနတယ္ေလ ဒါေၾကာင့္လဲတစ္ေယာက္ကိုတစ္ေယာက္တန္ဖိုးထားၾကတာ
ဒါကလင္ပန႔္ရွတန္ဖိုးထားရတဲ့ဆက္ဆံေရးတဲ့
လီစူး : "တကယ္ေတာ့ငါမင္းကိုကိစၥတစ္ခုေျပာျပခ်င္လို႔"
လင္ပန႔္ရွ : "ဘာကိစၥလဲ?"
လီစူး : "စုန႔္ခ်င္းေလာ္ကတစ္ခ်ိန္လုံးပစၥည္းတစ္ခုကိုရွာေနခဲ့တာ အဲ့ဒါကဘာလဲေတာ့ငါလည္းမသိဘူး သူ႔ကိုလည္းမေမးရဲဘူး.......ငါတို႔ကမင္းတို႔ၾကားေလာက္မရင္းႏွီးေတာ့ ငါေျပာတာကိုမင္းနားလည္တယ္မလား?"
လင္ပန႔္ရွနားလည္တာေပါ့
"အဲ့ဒါကဘာလဲဆိုတာငါမသိေပမဲ့ေသခ်ာေပါက္အႏၲရာယ္မ်ားတယ္ အဲ့ဒီႏွစ္တုန္းကအဲ့ဒီပစၥည္းကပဲစုန႔္ခ်င္းေလာ္ကိုတြဲဖက္အျဖစ္ေျပာင္းပစ္လိုက္တာ သူ႔ရဲ႕မိဘေတြကိုအႏၲရာယ္ေပးခဲ့တယ္"
"အဲ့ဒီပစၥည္းကပိတ္သိမ္းမခံရေသးဘူးလား??"
အႏၲရာယ္ရွိတဲ့အရာဆိုေပမဲ့ျဖစ္ၿပီးသြားတာႏွစ္ႏွစ္ဆယ္ေက်ာ္သြားၿပီးတာေတာင္မေျဖရွင္းရေသးဘူးလား?!
"ဟင့္အင္း တစ္ခါတုန္းကေတာ့ငါတို႔ပိတ္သိမ္းတာေအာင္ျမင္သြားၿပီလို႔ထင္ခဲ့တယ္ ဒါေပမဲ့လုံးဝဟုတ္မေနဘူး သူအျပင္မွာပဲရွိေသးတယ္ သူ႔ရဲ႕တြဲဖက္ကိုပါဆက္ၿပီးတည္ေဆာက္ေနေသးတယ္"
လင္ပန႔္ရွ : "စုန႔္ခ်င္းေလာ္က.......အဲ့ဒီထဲကတစ္ေယာက္လား?"
"အင္း ငါမင္းကိုဘယ္လိုရွင္းျပရမလဲ အဲ့ဒီအရာကပုံမွန္ရိသြမ္းက်စ္းဝုေတြနဲ႔မတူဘူး သူ႔တည္ရွိမႈကအရမ္းထူးျခားတယ္ သူကတန္းကူးစက္သြားတာမဟုတ္ပဲ ကူးစက္မႈရဲ႕လာရင္းအျဖစ္ေျပာင္းသြားတာ"
လင္ပန႔္ရွ : ".......မင္းဆိုလိုတာက သူကရိသြမ္းက်စ္းဝုကိုတည္ေဆာက္ေနတာေပါ့??"
"အဲ့သေဘာမ်ိဳးပဲ ေသေတာ့မေသခ်ာဘူး အိုင္းယား ဘာလို႔မင္းကိုရွင္းျပေနရတာလဲ ထားေတာ့ထားေတာ့ မင္းစုန႔္ခ်င္းေလာ္ကိုပဲကိုယ္တိုင္သြားေမးၾကည့္လိုက္ သူငါ့ထက္ပိုသိတယ္"
လင္ပန႔္ရွ : "ေက်းဇူးပဲ"
"ရတယ္ ဒါဆိုငါအရင္ျပန္ၿပီေနာ္"
"အင္း လုံၿခဳံေရးကိုဂ႐ုစိုက္"လင္ပန႔္ရွေဆးလိပ္မီးသတ္လိုက္သည္။
"မင္းဆက္နားေတာ့ေလ ငါ့ဘာသာပဲျပန္လိုက္ေတာ့မယ္"
"ဟုတ္ၿပီ"လင္ပန႔္ရွအတင္းမေျပာေတာ့
လီစူးထြက္သြားေတာ့မွ ဘာလို႔ေနကာမ်က္မွန္တပ္ထားလဲမေမးတာကိုသတိထားမိလိုက္သည္။သူတစ္ခုခုကိုသိပုံရေပမဲ့သူတို႔အတြက္ဖုံးေပးဖို႔ကိုေ႐ြးခ်ယ္လိုက္သည္။ေက်းဇူးတင္စြာျဖင့္ဝရံတာတြင္ရပ္လ်က္လီစူးကိုၾကည့္ေနလိုက္သည္--ေက်းဇူးတင္စိတ္က ဆယ္မိနစ္ေလာက္မွျပန္ဆုတ္သြားသည္။ဆယ္မိနစ္ၾကာၿပီးေနာက္လင္ပန႔္ရွဧည့္ခန္းထဲျပန္ဝင္လာသည္။ဧည့္ခန္းစားပြဲေပၚရွိအသားကင္မွာတစ္ေယာက္ေယာက္ယူသြားၿပီျဖစ္သည္။
လင္ပန႔္ရွ : "......." ဖာ့ခ္ပဲ လီစူးဘာလို႔လိုက္မပို႔ခိုင္းတာလဲသိၿပီ လတ္စသတ္ေတာ့ ငါ့အလစ္ကိုေစာင့္ေနတာကိုး!
စာေရးသူမွာေျပာစရာရွိပါသည္ :
လွ်ပ္စစ္ဆိုင္ကယ္စီးလာတဲ့လီစူး : အခ်ိန္ပိုင္းအလုပ္လုပ္ဖို႔မျဖစ္ႏိုင္ဘူး မွာထားတာကိုခိုးယူလိုက္မွဘဝရဲ႕ပုံစံကိုထိန္းသိမ္းႏိုင္မွာ
လင္ပန႔္ရွ : ????
စုန႔္ခ်င္းေလာ္ : ငါႏိုးလာေတာ့မွမင္းနဲ႔ေျဖးေျဖးခ်င္းေျပာၾကတာေပါ့
__________________
တ႐ုတ္မွာကဒလီပို႔ရင္ပုံထဲကလိုလွ်ပ္စစ္ဆိုင္ကယ္နဲ႔ပို႔တာကြာ လွ်ပ္စစ္ဆိုင္ကယ္စီးလာတဲ့လီစူးကအခ်ိန္ပိုင္းအလုပ္မလုပ္ပဲလင္ပန႔္ရွမွာထားတာကိုခိုးလိုက္ေတာ့မွဒလီသမားပုံစံကိုထိန္းသိမ္းႏိုင္မယ္ေပါ့
ဝမ္းနည္းေနတုန္းလီစူးကဟာသျပဇာတ္ဝင္ကသြားပါတယ္က်ယ္ေမ့တို႔ေရ!