𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚...

Por SuuNanChal

1.9M 93.3K 2K

"အချစ်ကို မသိခင်တုန်းကတော့ ငွေကိုဘဲ ကိုးကွယ်ခဲ့ဖူးတယ်!!!" "အခုတော့...ခင်ဗျားကိုဘဲ ကျုပ်ကိုးကွယ်နေမိပြီ" Más

Note
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
Final
ကျေးဇူးတင်လွှာ /ေက်းဇူးတင္လႊာ
Extra - 1
Extra 2
မြူဒေါင်းစိုင်းငယ်/ျမဴေဒါင္းစိုင္းငယ္

Extra - end

6.2K 245 11
Por SuuNanChal

Unicode









အင်းလေးမိုးရာသီက မိုးလေးတဖွဲဖွဲနဲ့ ချမ်းစိမ့်စိမ့်ရယ်သာ။ ကြာပန်းတွေက ရေအိုင်တစ်လျှောက်ပွင့်လန်းနေလိုက်များရှုပျော်လွန်းလို့ပင်။ မိုးစက်တို့က အင်းလေးကန်အတွင်းအပေါက်ပေါက်ကျဆင်းလျက်ရှိ၏။ ရေပေါ်အိမ်ကျယ်ကျယ်လေးအတွင်း မိုးဓာတ်ကိုခံစားရင်း ဟန်ဓနရိုးဟာ စာအုပ်ထူထူကို အာရုံပြုလို့။

သူဒီကိုပြောင်းနေဖြစ်ခဲ့တာ အချိန်ရယ်က 5နှစ်ရှိပြီ။ ကွဲဖူးတဲ့အသည်းဟာလည်း အသစ်ဖြစ်စပြုနေပါပြီ။ မပိုင်နိုင်တဲ့နှလုံးသားကိုမေ့ဖြစ်ဖို့ သူကြိုးစားခဲ့တာဟာ 5နှစ်တောင်ရှိခဲ့ချေပြီ။ ချစ်ခဲ့ဖူးသူကတော့ သူပိုင်ဆိုင်ရာနဲ့သူမို့ ဓနမနှောက်ယှက်လိုတော့ပေ။

သူကိုယ်တိုင်ကလည်း နေသာကျနေပြီဖြစ်လို့ မလွမ်းတော့ပါဘူး။ဒါပေမဲ့အချစ်ဦးမို့ ဘယ်မေ့လွယ်ပါ့မလား အခွင့်ကြုံရင်ကြုံသလိုတော့ အမှတ်ရနေမိတုန်းပါဘဲ။

ဒါအပြင်ဟိုကလေးကိုရော သူသတိရမိပါရဲ့။ မင်းအဆင်မှပြေရဲ့လား ချာတိတ်ရေ။ဒီချိန်ဆို မင်းလည်းလူပျိုပေါက်လေး ဖြစ်ရောပေါ့။ ချစ်သူအသစ်ကောရနေမလားလို့ ကိုယ်ပူမိပေမဲ့။ ကိုယ်တို့ကမစသင့်တဲ့ဇာတ်လမ်းလေးမလို့ ကိုယ်ထပ်လည်းမနာကျင်ချင်တော့ဘူး။ အရွယ်ငယ်ငယ်ကစိတ်ကူးယဥ်ခဲ့တဲ့ကိုယ့်ကို အဲ့ကလေးကတကယ်ချစ်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ပဲလေ။

အခုဓနရိုးကသူလာရာ မိဘမဲ့ဂေဟာလေးဆီမှာဘဲ ငွေကြေးထောက်ပံ့လို့ စာသင်ပေးရင်းဘဝကိုဖြတ်သန်းဖြစ်ပါသည်။နေ့ရက်တိုင်းကတော့ သာသာယာယာပါဘဲ။ တခါတလေ သူ့အစ်ကို မာန်ဝဏ္ဏခြိန်းနဲ့တော့အဆက်အသွယ်ရှိပါရဲ့။ ဖေဖေကတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်ကပဲ လူကြီးရောဂါနဲ့ဆုံးသွားခဲ့သည်။ ဖေဖေရဲ့နောက်ဆုံးခရီးကိုတော့ သူလိုက်ပို့ဖြစ်ခဲ့ပါသည်။

အခု သူ့အစ်ကိုမိသားစုမှာ လသားအရွယ်သားလေးတစ်ယောက်မွေးစားလိုက်တယ်ပြောတယ် ။ အဲ့ကလေး၏မိဘတွေက ကလေး၅လသားအရွယ်မှာဘဲ ကားမတော်တဆဖြစ်ပြီးဆုံးသွားကြတာကြောင့် ဆေးရုံကနေကလေးအကြောင်းကြားသွားတဲ့ မာန်ဝဏ္ဏခြိန်းက ကလေးကိုမြင်ပြီးသနားလို့ မွေးစားခဲ့တာပင်။ နောက်ပြီး သူပြောတာကလေးက ဖေဖေငယ်ငယ်ကပုံနဲ့အတော်တူသည်တဲ့။

မာန်ဝဏ္ဏခြိန်းကတော့ အဲ့ကလေးကိုဖေဖေဝင်စားတယ်လို့ပဲ အသေအချာထင်နေတော့တာမလို့ ဓနရိုးလည်းဘာမှမပြောဘဲထားလိုက်တော့တာ။ ကလေးမွေးစားတယ်ဆိုတာကလည်း ကောင်းတဲ့အရာပါပဲ။

မိုးလည်းတိတ်နေပြီ ဟန်ဓနရိုးလည်းအတွေးခန်းရပ်လိုက်ပြီး ပျင်းကြောဆန့်လိုက်၏။ စာအုပ်စာပွဲပေါ်ကသူ့ဖုန်းလေးမြည်လာတော့ ခပ်သွက်သွက်သွားကိုင်လိုက်သည်။ ခေါ်သူကတော့ သူ့အစ်ကိုပါဘဲ။

''ဟယ်လို......''

''ဟန်ဓနရိုး နောက်၄ရက်နေ့ကျ ငါတို့သားလေးမွေးနေ့ကွ မင်းလာမယ်မလား''

''ကျွန်တော် မလာတော့ပါဘူး လက်ဆောင်ပဲပို့ပေးလိုက်မယ်''

''မရဘူး မင်းလာကိုလာရမယ် ၊ မင်းတူမွေးနေ့တောင်မင်းကမလာဘဲနေရဲတယ်လား''

''ကျွန်တော် တကယ်မလာချင်ဘူး....''

''ဘာလဲ ဟိုစောက်ရူးကောင်ကိုမမေ့နိုင်သေးလို့လား''

''မဟုတ်ပါဘူး.....''

''မဟုတ်ရင် လာခဲ့၊ အဲ့ကောင်ကိုတော့မပူနဲ့ သူကမင်းကိုတောင်သတိမရဘူး သူ့ဟာနဲ့သူသာယာနေတာ''

ထိုသို့ကြားတော့ ဓနရိုးပြုံးလိုက်မိပါသည်။ သူသိတာပေါ့ အစ်ကိုကသူ့ကိုဘယ်သတိရပါ့မလဲ သူကသာချစ်ခဲ့ရသူပဲလေ။

''အဲ့လိုကြားရတော့လည်း ကျွန်တော်ဝမ်းသာပါတယ်''

''မေ့လိုက်စမ်းဘာကွာ၊ မင်းအတွက်ငါစီစဥ်ပေးပါ့မယ်''

''မဟုတ်တာဗျာ.....အစ်ကိုသာ ကိုယ့်မိသားစုကိုယ်ဂရုစိုက်ပါ''

''ငါအဲ့နေ့ကျ အစီစဉ်အကြီးကြီးတစ်ခုပြင်ဆင်ထားလို့ အကုန်လုံးကိုလာစေချင်တာ မမေ့နိုင်တဲ့အမှတ်တရအဖြစ်ပေါ့ကွာ''

''အကုန်လုံး.....?''

''အင်း အကုန်လုံး ''

အကုန်လုံးဆိုတဲ့ စကားကြားတော့ အရင်ဆုံးမြင်မိတာက ခပ်စွာစွာ ကလေးတစ်ယောက် ။ သူမျက်နှာမကောင်းရင်ငိုပြီးမေးတတ်တဲ့ကလေးတစ်ယောက် ။ ကိုယ့်ဘက်ကအရင် အဆက်သွယ်ဖြတ်ခဲ့လို့ မုန်းနေမလားမသိတော့တဲ့ ကလေးတစ်ယောက်ကို ဟန်ဓနရိုး ပြေးမြင်နေမိသည်။ သံယောဇဉ်တွေများ သိပ်ခက်ပါဘိ့။

''အင်း....ကျွန်တော် လာဖြစ်ရင်လာဖြစ်လောက်မှာပါ''

''သေချာပေါက် လာရမှာ၊ မင်းကငါ့ညီဘဲလေ ငါ့မိသားစုဝင်ပေါ့''

ဟန်ဓနရိုး ပြုံးလိုက်ပြီး အင်းတစ်လုံးသာဆို၍ ဖုန်းချလိုက်သည်။ ညီအစ်ကိုအရင်မဟုတ်ပေမဲ့ ညီအစ်ကိုအရင်းတွေလိုပါပဲ။

. . . . . . . .

၃ရက်မြောက်နေ့ ညနေတွင်....

''ဟွန်း! မင်းလာမယ်ဆိုတာသိသားပဲ''

''ကျွန်တော် မလာရင်လည်း ဟိုအထိလာထိုးမှာမလား''

''ဒါပေါ့ ၊ ကိုကိုရေ ဒီမှာ မောင့်ညီလေးလာပြီ''

''လေသံက ချက်ချင်းပြောင်းတော့တာဘဲနော်၊ မယကကြီးမှန်း သိသာတယ် ''

''ဘာကွ''

''အာ.....ဓနရိုးရောက်ရင်လည်း အိမ်ထဲဝင်လေ အိမ်ရှေ့ကြီးမှာ ၊ မောင်ဘာလုပ်နေတာလဲ အထုပ်တွေ ကူသယ်ပေးလိုက်''

''ဟာ.....ကိုကိုနော် မောင်ကအလုပ်သမားမှ မဟုတ်တာ သယ်စရာလား''

''လျှာမရှည်နဲ့ သယ်ဆိုသယ်လိုက်!''

''ဘာမှလည်း မသိဘူး ၊ လူရှေ့သူရှေ့ဆို တအားအနိုင်ကျင့်တာပဲ''

''ဘာပြောတယ်''

''ဪ.....သယ်လိုက်မယ်လို့ ပြောတာပါ ကိုကိုရယ်၊ ဟဲဟဲ လာလာ ညီလေး''

တကယ်ပါ ဓနရိုးတော့ရီချင်စိတ်ကို မနည်းထိန်းနေရတော့သည်။ သူ့အစ်ကိုမာန်ဝဏ္ဏခြိန်းက တကယ့်မယကကြီး။ကျန်တဲ့လူက စွာရဲတာ ကိုမင်းစစ်နဲ့ကျ အမြှီးကိုကုပ်နေတာပဲ။

''ဟျောင့်.....ရီမနေနဲ့!''

''ကိုယ့်ပါးစပ်နဲ့ကိုယ်ရီတာဘဲဗျာ ဟား ဟား''

''အေးပါ ပြောထား မင်းလည်းတစ်နေ့ကျဝဋ်လည်မှာကြည့်နေ''

''မလည်ချင်လို့ကို လူပျိုကြီး လုပ်မှာဗျာ''

''အဟွန်း! ကြည့်ရသေးတာပေါ့၊ နောက်မှ လူအိုဖြစ်လို့ကတော့ ငါကဗိုက်မှောက်ပြီးကို လှောင်မှာ''

''ဟုတ်ပါပြီဗျာ ဒါနဲ့တူလေးရော''

''အိပ်လို့ကွ၊ ပြီးမှ မင်းကို ပြမယ် ဒယ်ဒီငယ်ငယ်ကအတိုင်းဘဲ''

''အွန်း.....''

ကလေးကိုလည်း လိုက်ပြတော့ တကယ်ပင်ဖေဖေငယ်ငယ်ကသူတို့မြင်ဖူးတဲ့ပုံကအတိုင်း တူနေသည်။ ကလေးက အငြိမ်လေးမလို့ ဓနရိုးတောင် မချီဘဲမနေနိုင်။ ဓနရိုးကိုလည်း ရယ်ပြနေသေးတာများ။ အစ််ကိုပြောတာတော့ ကလေးကအရယ်အပြုံးရှားသည်တဲ့ ကလေးထိန်းတွေမြူရင်တောင်မရယ်ဘဲ ခြိန်းနဲ့မင်းစစ်တို့မြူမှသာ တခစ်ခစ်ရီနေတတ်တာဖြစ်၏။

တကယ်ဘဲ ဓနရိုးတို့ဖေဖေဝင်စားသလားလေ။ ရေစက်ဆုံလို့ကြုံလာရပြီးဘဲ ဒီကလေးက တစ်မိသားစုလုံး၏အချစ်တော်လေးဖြစ်နေတော့၏။ ကလေးနာမည်ကလည်း မာန်စစ်နောင်ထွဋ် တဲ့ ဖေဖေဟန်စိုးထွဋ်က ဓနရိုးတို့ထံ ပြန်လာခဲ့သည်လို့ဘဲ ယုံကြည်လိုက်မိသည်။

ဒီနေ့က မာန်စစ်နောင်ထွဋ်၏ ၆လပြည့်မွေးနေ့ပင်။ အဖေနှစ်ယောက်ရဲ့ ဧည့်သည်တွေနဲ့ တစ်အိမ်လုံး ပြည့်နှက်နေသည်လည်းမမှား။ မာန်ဝဏ္ဏခြိန်းကတော့ မင်းစစ်မသိအောင်ကြိတ်စီစဥ်ထားသည့်အစီအစဥ်အတွက်အလုပ်သမားများကို စီမံလို့နေတယ်။ ဟန်ဓနရိုးကတော့ အသိတချို့ကို နှုတ်ဆက်ရင်းစကားတပြောပြောပါပဲ မင်းစစ်ကတော့ကလေးကိုချီပြီး လူကြီးတွေနဲ့စကားပြောနေသည်။ ကလေးကတော့ခပ်တည်တည်ရယ်သာ လူရှုပ်တာကိုကြိုက်ပုံမရပေမဲ့ တစ်ချက်ကလေးမှမငိုပေ။

ပွဲထဲကို စိုင်းတခေတ်တို့အတွဲဝင်လာတော့ ဓနရိုးတစ်ချက်မျှကြည့်ပြီးသာအကြည့်လွှဲလိုက်မိသည်။ ဒါကိုနှစ်ယောက်လုံးလည်းမြင်ပုံပေ။ မြင်လည်းမတတ်နိုင် ကိုယ်ကအနေက်ရသည်မို့ မျက်နှာချင်းမဆိုင်ချင်ရုံပါ။

''ရောက်လာကြပြီလား''

''ဟုတ် ကိုမင်းစစ်နောက်ကျသွားလို့ sorry ပါနော်''

''ရပါတယ် မြူဒေါင်းရဲ့''

''သားသားက ချစ်စရာလေးဘဲ၊ ကြည့်ပါအုံး လူကြီးလေးကျနေတာဘဲ''

''ဘေဘီရော လိုချင်လို့လား''

''ကိုကိုက မွေးစားမလို့လား''

''မဟုတ်ဘူး ဘေဘီ ဗိုက်ထဲကိုယ့်ကလေးတွေထည့်ပေးမလို့''

လူရှေ့သူရှေ့မရှောင် မရှက်တတ်တဲ့ကိုကိုကြောင့်မြူမှာ ပါးပြင်လေးရဲကနဲ။ စိတ်ပေါက်ပေါက်နဲ့ ခါးကိုလိမ်ဆွဲပစ်လိုက်သည်။ ဒါတောင်ပြုံးစိစိနဲ့ အလကားလူ။ အရှက်ကိုမရှိဘူး။ မင်းစစ်ကပါ ပြုံးစိစိနဲ့ခေါင်းယမ်းနေတော့ မြူမှာရှက်ရလွန်းလို့ပေါက်ကွဲတော့မည်ထင်သည်။

''စိတ်ကိုသိက္ခာနဲ့ထိန်းပါကွာ ငါ့ရှေ့ကြီးတော့မပြောစမ်းပါနဲ့''

''အံမယ် မင်းကရှက်ရတယ်ရှိသေး၊ မင်းစစ် မင်းတို့အတွဲအရှက်မရှိတာတွေ ခဏခဏမြင်နေရတဲ့ငါတို့ကို သနားပါအုံးဟ''

''ဟား ဟား အေးပါကွာ၊ ဒါနဲ့ ဟန်ဓနရိုး ပြန်ရောက်နေတယ်''

''အင်း ငါမြင်ပါတယ်''

''အဆင်ပြေတယ်မလား''

''ပြေပါတယ် ငါ့ဘက်ကမှားခဲ့တာဘဲလေ ညီကတော့ ငါ့ကိုမြင်ချင်ပုံမရဘူး''

''မင်းက စောက်ကျင့်မှမကောင်းတာ''

''လီးကို မကောင်းပါ့လား!''

''ဟား ဟား ဟား ဟား ဟား''

''မောင်မင်းစစ်.....''

''ဟာ....အစ်ကိုကြီးတို့ ရောက်လာပြီလား''

''ဖိတ်ထားမှတော့ လာဖြစ်အောင်လာရမှာပေါ့ဗျာ''

ဦးဗညားဝေတို့လင်မယားက မင်းစစ်တို့ဘေးအိမ်ကပြောင်းလာတာသိပ်မကြာသေးပေ။ မိသားစု သုံးယောက်အေးအေးချမ်းချမ်းနဲ့မို့ မင်းစစ်တို့နဲ့ခဏလေးအတွင်း ရင်းနှီးခဲ့ကြတာ မိတ်ရင်းတွေအတိုင်းပါဘဲ။ ဒေါ်သီသီမြက သူမရဲ့သားကိုမင်းစစ်ရှေ့တိုးပေးလိုက်ပြီး။

''သား....မင်းညီလေးအတွက် မွေးနေ့လက်ဆောင်ပေးလိုက်ပါအုံးကွယ်''

''ဟုတ် မာမီ''

ဥာဏ်ရှင်းသန့်ဝေက လက်ထဲရှိလက်ဆောင်ဗူးလေးကို မင်းစစ်ကိုပေးလိုက်ပြီး သွားစွယ်လေးတွေ ပေါ်သည်အထိရီပြ၏။ မင်းစစ်က ရှင်းသန့်ရဲ့ပါးဖောင်းဖောင်းလေးကို ဆွဲညစ်လိုက်တော့သည်။ ၅နှစ်အရွယ်ပဲရှိသေးသည့် ဥာဏ်ရှင်းသန့်ဝေက ကလေးအလိမ္မာလေးမို့ မင်းစစ်တို့ကပါ သည်းသည်းလှုပ်ချစ်ကြသည်လေ။ စိတ်မရှည်တတ်တဲ့ မာန်ဝဏ္ဏခြိန်းလိုလူကတောင် မချစ်ဘဲမနေနိုင်သည့်ကလေးပေ။

''ဦးဦး.....ညီလေးက လုံးလုံးကစ်ကစ်လေးနဲ့ ချစ်စရာလေးနော် သားကိုင်ကြည့်လို့ရမလားဟင်''

''ရတာပေါ့ကွယ်''

ရှင်းသန့်က ဝမ်းသာအားရနဲ့ ကလေး၏ပါးလေးအား တို့ကြည့်ရုံရှိသေး တစ်ချိန်လုံးငြိမ်နေခဲ့တဲ့ကလေးက ထငိုတော့သည်။

''အူဝဲ.....အူငဲ''

''အဟင့် ညီလေးက သားကိုသဘောမကျဘူးထင်တယ်''

ရုတ်တရက်ကြီးထငိုတဲ့ကလေးကြောင့် သူ့ကိုသဘောမကျဘူးထင်သွားတဲ့ရှင်းသန့်ကပါ ချက်ချင်း မျက်ရည်တွေ ဝဲတက်လာတော့သည်။ ထိုမှသာ ငိုနေတဲ့ကလေးကအငိုတိတ်သွားပြီး သူ့လက်ပုတိုတိုလေးတွေနဲ့ ရှင်းသန့်ဆီလက်လှမ်းလာ၏။ ရှင်းသန့်မျက်နှာကိုလှမ်းဆွဲချင်နေပုံပေါက်တာကြောင့် ရှင်းသန့်လည်းသူ့ပါးကို ကလေးနားကပ်ပေးလိုက်တော့ ကလေးကပါးကိုကိုင်ပြီး တခစ်ခစ်ရီနေပြန်သည်။

''ဟယ်တော့ ဒီကလေးအမျိုးမျိုးဘဲတော်...''

ဒေါ်သီသီမြ သဘောကျကြီးကျကာ ပြောတော့အကုန်လုံးကပါ တဟားဟားနဲ့သဘောတကျလိုက်ရီကြသည်။

''အားလုံးဘဲ ကျွန်တော့်သားလေးရဲ့ ၆လပြည့်မွေးနေ့လေးကို တက်ရောက်လာကြတဲ့ မိဘပြည်သူများကို ကျွန်တော်က အထူးဘဲကျေးဇူးတင်ရှိပါတယ်၊

ကျွန်တော့်သားက ကျွန်တော်နဲ့ မင်းစစ်ကုဋေတို့ရဲ့ တရားဝင်မွေးစားလိုက်တဲ့သားဆိုပေမဲ့ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ သားအရင်းတစ်ယောက်လို ချစ်မြတ်နိုးရတဲ့ကလေးပါ၊

နောက်ပြီး ကျွန်တော့်သားရဲ့အထူးနေ့မြတ်လေးဖြစ်တဲ့အတွက် ကျွန်တော့် companyတွေက ရောင်းကုန်ပစ္စည်းတွေကို ဒီတစ်လလုံးလုံး 25%ထိ လျော့ချပြီး ရောင်းချပေးသွားမှာပါ၊

နောက်တစ်ခုကတော့ ကျွန်တော့်သားရဲ့မွေးနေ့လေးမှာဘဲ မင်းစစ်ကုဋေကို လက်ထပ်ခွင့်တောင်းဆိုချင်ပါတယ်၊ ကျွန်တော့်ဘဝမှာ ကိုကိုနဲ့သားသာလျှင် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ရတနာလေးတွေပါပဲ''

ခြိန်းရဲ့စကားသံကြောင့် ပွဲထဲရှိပရိတ်သတ်တွေအကုန်လုံးက တဝိုးဝိုးအသံတွေနဲ့ အားပေးလက်ခုပ်တီးလာကြသည်။ မီဒီယာတွေနဲ့ပါ တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့် သူတို့နှစ်ယောက်ရဲ့အကြောင့် တစ်ကမ္ဘာလုံး အသိဖြစ်သွားရသည်။ မင်းစစ်မှာတော့ ကလေးလေးကိုချီပွေ့လျက် မျက်ရည်တွေ အပြည့်။ သူကအခု တိုင်းသိပြည်သိကို ခြိန်းရဲ့တန်ဖိုးထားခြင်းခံလိုက်ရသည်လေ။

''ကိုကို......မောင်ပထမတစ်ခါ လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ မင်းကို ပြည့်စုံအောင်မလုပ်ပေးနိုင်ခဲ့ဘူး

ကိုယ်တစ်ချိန်လုံးကြိုးစားနေခဲ့တာ ဒီအခြေအနေထိရောက်နိုင်ဖို့''

''မင်းကို အရာအားလုံးထက်သာအောင် ကိုယ်ထားချင်ခဲ့တာ ကိုယ့်ဘဝတစ်ခုလုံးကိုပါ ပုံအပ်ပြီးတော့ အခုလိုလူသိရှင်ကြား ကိုကို့ကို လက်ထပ်ခွင့်တောင်းနိုင်ဖို့အတွက်''

''မောင့်ဘဝက ကိုကို့အပိုင်ဖြစ်သလို၊ ကိုကို့ဘဝကိုရော မောင့်ကို ပိုင်ဆိုင်ခွင့်ပေးနိုင်မလားဟင်''

''ကိုယ်တို့ရဲ့ နောက်ဆုံးအချိန်ထိ ကိုယ်မင်းလက်ကိုဘဲ ဆွဲထားခွင့်ရှိနိုင်မလား''

ခြိန်းက ပွဲကျင်းပရာခုံပေါ်ကနေ ဒူးထောက်ပြီး မင်းစစ်အား အရင်ကထက်ပိုတန်ဖိုးကြီးသည့် လက်စွပ်ဗူးနဲ့အတူ လက်ထပ်ခွင့်ပန်နေခဲ့သည်။

မင်းစစ်ပျော်လွန်းလို့ ငိုပဲငိုနေမိတာ ၊ကလေးကိုချီပြီး တစ်လှမ်းချင်း ခြိန်းရှိရာဆီ လျှောက်လာခဲ့ပြီးမှ ခြိန်းအား အလှဆုံးပြုံးပြကာ.....

''အရင်ကလည်းငါကမင်းအပိုင်ဖြစ်သလို၊ အခုလည်းမင်းအပိုင်ပါပဲ နောက်လည်းမင်းရဲ့အပိုင်ဘဲ ဖြစ်နေအုံးမှာပါ မောင်၊ မင်းငါ့ကို မတွန်းထုတ်ခင်အချိန်ထိ မင်းအနားမှာဘဲ ငါရှိနေမှာပါ မောင်ရယ် ငါလက်ခံပါတယ်''

ရေးးးးး နမ်းပါဗျို့! နမ်းကြပါဗျို့!

အောက်ကလူတွေရဲ့ အော်ဟစ်သံတွေအကြား ခြိန်းဟာ မင်းစစ်နဲ့သားလေးကို ပွေ့ဖက်လိုက်ပြီး မင်းစစ်၏နှုတ်ခမ်းတွေကို တရှိုက်မတ်မတ် အနမ်းတွေခြွေတော့သည်။ ပွဲထဲကလူတွေရဲ့ အားပေးသံတွေက ညံစီကုန်သည်။

ဓနရိုးလည်း ခြိန်းတို့မိသားစုအတွက် ဝမ်းသာပီတိဖြစ်မိပါသည်။ ပွဲထဲလူရှုပ်လွန်းသည်မို့ အသိများနဲ့ နှုတ်ဆက်စကားပြောပြီးသား ခြံထဲဆင်းလာခဲ့လိုက်တော့၏။

''သူများပျော်နေကြတယ်နော်၊ ခင်ဗျားရော မပျော်တော့ဘူးလား''

''မင်း! ကေနိုရာ''

''မှတ်မိသားပဲ ''

တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမဆိုဘဲ အကြာကြီးစိုက်ကြည့်ကြမိသည်။ နိုရာက အရပ်ကလေးပိုရှည်လာတာကလွဲရင် အရင်အတိုင်းပဲ ချစ်စရာကောင်းစဲပင်။ အပြုံးတွေက အရင်လောက်အသက်မဝင်တော့ပေမဲ့ သူ့ကိုကြည့်တဲ့အကြည့်တွေက လွမ်းဆွတ်ခြင်းအပြည့်နှင့်။

''ခင်ဗျားက ရက်စက်လိုက်တာ ၊ နိုရာဒီလောက်ထိ ချစ်ကြောင်းဝန်ခံခဲ့တာတောင် လစ်လျူရှုခဲ့ရက်တယ်''

''ကိုယ်......''

''အဲ့လူကို မမေ့နိုင်သေးဘူးလား''

''မဟုတ်ဘူး! ''

''ဒါဆို နိုရာကိုရော မလိုချင်သေးဘူးလား''

''ကိုယ်ထင်ခဲ့တာ မင်းကငယ်သေးလို့ စိတ်ကစားနေတယ်လို့ပဲ''

''အခုရော နိုရာအရွယ်ရောက်လာပြီလေ၊ အဲ့လူကိုမမေ့နိုင်သေးဘူးဆိုရင်တောင် နိုရာကိုအစားထိုးလို့မရဘူးလား''

''မရဘူး!''

''ဒါဆို နိုရာမှာ မျှော်လင့်ချက်မရှိတော့ဘူးဘဲ၊ ခင်ဗျားချစ်လာမလား ချစ်လာမလားနဲ့ စောင့်နေခဲ့မိတာ အခုချိန်ထိ''

''..........''

''ဒါပေမယ့် အခုတော့ ဟာသတွေလိုပါပဲ''

ပြောပြီးနောက်လှည့်ထွက်သွားတဲ့ နိုရာကို ဓနရိုးနောက်ကနေပြေးဖက်လိုက်မိသည်။ တင်းနေအောင် ဘယ်တော့မှ လွတ်ထွက်မသွားအောင်လို့။ သေချာသွားပြီ သူ့နောက်ထပ်တစ်ချိန် ထပ်ချစ်မိပြန်ပြီ ကေနိုရာဆိုတဲ့ ချာတိတ်ကို သူမရည်ရွယ်ပဲနဲ့ထပ်ချစ်မိသွားခဲ့ပြီ။

''မဟုတ်ဘူး ကိုယ်မင်းကို ဘယ်သူ့နေရာမှအစားမထိုးနိုင်ဘူးနိုရာ၊ ကိုယ်ကမင်းကိုဘဲ ချစ်ချင်တာ!''

''ဟင့်! လူကြီး ''

''ကိုယ်တောင်းပန်ပါတယ်ကွာ မင်းအချစ်တွေကိုကိုယ်မမြင်ခဲ့မိတဲ့အတွက်။ အခု ကိုယ့်ကိုအခွင့်အရေးထပ်ပေးနိုင်မလား''

''ကိုယ့်ကို မင်းဘဝထဲဝင်ခွင့်ပေးနိုင်မလားဟင် ချာတိတ်''

''နိုရာဒီစကားကို ကြားဖို့စောင့်နေခဲ့ရတာ ဘယ်နှစ်နှစ်ရှိပြီလားသိလား သိလားလို့ ဟင့်!''

ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!

ရင်ဘတ်ကို တဘုန်းထုရိုက်နေတဲ့လက်သေးသေးလေးတွေကို ဆုပ်ကိုင်ပြီး နမ်းရှိုက်ပစ်လိုက်သည်။ မျက်ရည်တွေကြားက အပြုံးတွေက ပြန်လည်အသက်ဝင်လာခဲ့တဲ့ကလေး ဒီကလေးက သူ့အပေါ်ဘယ်လောက်ထိချစ်ခဲ့လည်းဆိုတာ သူသံသယဝင်နေစရာမလိုပါဘူး။

မင်းရဲ့မေတ္တာစစ်တွေကြောင့် ကိုယ်ဘက်ကလည်းအချစ်စစ်နဲ့ချစ်မိသွားတယ်ထင်ပါရဲ့ ချာတိတ်ရယ်......။ နောက်ဆုံးအချိန်ထိ ကိုယ့်အချစ်ဟာ ချာတိတ်လေးပါဘဲ.....။ဘယ်ကနေစပြီးချစ်မိသွားလည်း ကိုယ်မသိပေမဲ့ ချာတိတ်က ကိုယ်ရဲ့နောက်ဆုံးသောအချစ်.....။ မင်းကလွဲပြီး ထပ်ရှိလာနိုင်တော့မှာမဟုတ်လို့ မင်းထပ်ပေးတဲ့အခွင့်ရေးလေးကို ကိုယ်တန်ဖိုးထားပါ့မယ်........

.
.
.
.
ပြီးပါပြီ

မာန်စစ်နောင်ထွဋ် နဲ့ ဥာဏ်ရှင်းသန့်ဝေတို့က ဘယ်သူတွေဖြစ်နိုင်မလဲသိကြမှာပါ။ အတိတ်ဘဝက ဇာတ်သိမ်းလေးမလှခဲ့ပေမဲ့ နောက်ဘဝမှာတော့ သူတို့ပေါင်းစည်းနိုင်ကြမှာပါ။
ဟန်လေးကို သနားနေတဲ့သူတွေအတွက်ရော ချာတိတ်နဲ့အတူ ဘဝကိုအေး''ချမ်း''ဖြတ်သန်းနေပါပြီး
ခြိန်းနဲ့မင်းစစ်ဟာလည်း မိသားစုဘဝလေးကကြည်နူးဖို့ကောင်းနေပါပြီ
လူဆိုးကြီး စိုင်းတခေတ်တို့အတွဲကလည်း ပျော်ရွှင်လို့နေပါပြီး အဆုံးထိဖတ်ပေးကြလို့ ဆူးနန်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ဒီficကအရင်က စာအုပ်ထုတ်မယ်လို့အသိပေးထားဖူးပေမဲ့စိတ်မကောင်းစွာနဲ့ဘဲ မထုတ်ဖစ်ခဲ့ပါဘူး စာအုပ်မထုတ်ဖြစ်လည်းအချစ်မလျော့ဘူမလားဟင်။ ဇာတ်းသိမ်းလေးကို သဘောကျမယ်လို့ မျှော်လင့်ပါတယ်။









Zawgiy










အင္းေလးမိုးရာသီက မိုးေလးတဖြဲဖြဲနဲ႕ ခ်မ္းစိမ့္စိမ့္ရယ္သာ။ ၾကာပန္းေတြက ေရအိုင္တစ္ေလွ်ာက္ပြင့္လန္းေနလိုက္မ်ားရႈေပ်ာ္လြန္းလို႔ပင္။ မိုးစက္တို႔က အင္းေလးကန္အတြင္းအေပါက္ေပါက္က်ဆင္းလ်က္ရွိ၏။ ေရေပၚအိမ္က်ယ္က်ယ္ေလးအတြင္း မိုးဓာတ္ကိုခံစားရင္း ဟန္ဓနရိုးဟာ စာအုပ္ထူထူကို အာ႐ုံျပဳလို႔။

သူဒီကိုေျပာင္းေနျဖစ္ခဲ့တာ အခ်ိန္ရယ္က 5ႏွစ္ရွိၿပီ။ ကြဲဖူးတဲ့အသည္းဟာလည္း အသစ္ျဖစ္စျပဳေနပါၿပီ။ မပိုင္နိုင္တဲ့ႏွလုံးသားကိုေမ့ျဖစ္ဖို႔ သူႀကိဳးစားခဲ့တာဟာ 5ႏွစ္ေတာင္ရွိခဲ့ေခ်ၿပီ။ ခ်စ္ခဲ့ဖူးသူကေတာ့ သူပိုင္ဆိုင္ရာနဲ႕သူမို႔ ဓနမႏွောက္ယွက္လိုေတာ့ေပ။

သူကိုယ္တိုင္ကလည္း ေနသာက်ေနၿပီျဖစ္လို႔ မလြမ္းေတာ့ပါဘူး။ဒါေပမဲ့အခ်စ္ဦးမို႔ ဘယ္ေမ့လြယ္ပါ့မလား အခြင့္ႀကဳံရင္ႀကဳံသလိုေတာ့ အမွတ္ရေနမိတုန္းပါဘဲ။

ဒါအျပင္ဟိုကေလးကိုေရာ သူသတိရမိပါရဲ႕။ မင္းအဆင္မွေျပရဲ႕လား ခ်ာတိတ္ေရ။ဒီခ်ိန္ဆို မင္းလည္းလူပ်ိဳေပါက္ေလး ျဖစ္ေရာေပါ့။ ခ်စ္သူအသစ္ေကာရေနမလားလို႔ ကိုယ္ပူမိေပမဲ့။ ကိုယ္တို႔ကမစသင့္တဲ့ဇာတ္လမ္းေလးမလို႔ ကိုယ္ထပ္လည္းမနာက်င္ခ်င္ေတာ့ဘူး။ အ႐ြယ္ငယ္ငယ္ကစိတ္ကူးယဥ္ခဲ့တဲ့ကိုယ့္ကို အဲ့ကေလးကတကယ္ခ်စ္ဖို႔ဆိုတာ ျဖစ္မွမျဖစ္နိုင္ပဲေလ။

အခုဓနရိုးကသူလာရာ မိဘမဲ့ေဂဟာေလးဆီမွာဘဲ ေငြေၾကးေထာက္ပံ့လို႔ စာသင္ေပးရင္းဘဝကိုျဖတ္သန္းျဖစ္ပါသည္။ေန႕ရက္တိုင္းကေတာ့ သာသာယာယာပါဘဲ။ တခါတေလ သူ႕အစ္ကို မာန္ဝဏၰၿခိန္းနဲ႕ေတာ့အဆက္အသြယ္ရွိပါရဲ႕။ ေဖေဖကေတာ့ လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္ကပဲ လူႀကီးေရာဂါနဲ႕ဆုံးသြားခဲ့သည္။ ေဖေဖရဲ႕ေနာက္ဆုံးခရီးကိုေတာ့ သူလိုက္ပို႔ျဖစ္ခဲ့ပါသည္။

အခု သူ႕အစ္ကိုမိသားစုမွာ လသားအ႐ြယ္သားေလးတစ္ေယာက္ေမြးစားလိုက္တယ္ေျပာတယ္ ။ အဲ့ကေလး၏မိဘေတြက ကေလး၅လသားအ႐ြယ္မွာဘဲ ကားမေတာ္တဆျဖစ္ၿပီးဆုံးသြားၾကတာေၾကာင့္ ေဆး႐ုံကေနကေလးအေၾကာင္းၾကားသြားတဲ့ မာန္ဝဏၰၿခိန္းက ကေလးကိုျမင္ၿပီးသနားလို႔ ေမြးစားခဲ့တာပင္။ ေနာက္ၿပီး သူေျပာတာကေလးက ေဖေဖငယ္ငယ္ကပုံနဲ႕အေတာ္တူသည္တဲ့။

မာန္ဝဏၰၿခိန္းကေတာ့ အဲ့ကေလးကိုေဖေဖဝင္စားတယ္လို႔ပဲ အေသအခ်ာထင္ေနေတာ့တာမလို႔ ဓနရိုးလည္းဘာမွမေျပာဘဲထားလိုက္ေတာ့တာ။ ကေလးေမြးစားတယ္ဆိုတာကလည္း ေကာင္းတဲ့အရာပါပဲ။

မိုးလည္းတိတ္ေနၿပီ ဟန္ဓနရိုးလည္းအေတြးခန္းရပ္လိုက္ၿပီး ပ်င္းေၾကာဆန့္လိုက္၏။ စာအုပ္စာပြဲေပၚကသူ႕ဖုန္းေလးျမည္လာေတာ့ ခပ္သြက္သြက္သြားကိုင္လိုက္သည္။ ေခၚသူကေတာ့ သူ႕အစ္ကိုပါဘဲ။

''ဟယ္လို......''

''ဟန္ဓနရိုး ေနာက္၄ရက္ေန႕က် ငါတို႔သားေလးေမြးေန႕ကြ မင္းလာမယ္မလား''

''ကြၽန္ေတာ္ မလာေတာ့ပါဘူး လက္ေဆာင္ပဲပို႔ေပးလိုက္မယ္''

''မရဘူး မင္းလာကိုလာရမယ္ ၊ မင္းတူေမြးေန႕ေတာင္မင္းကမလာဘဲေနရဲတယ္လား''

''ကြၽန္ေတာ္ တကယ္မလာခ်င္ဘူး....''

''ဘာလဲ ဟိုေစာက္႐ူးေကာင္ကိုမေမ့နိုင္ေသးလို႔လား''

''မဟုတ္ပါဘူး.....''

''မဟုတ္ရင္ လာခဲ့၊ အဲ့ေကာင္ကိုေတာ့မပူနဲ႕ သူကမင္းကိုေတာင္သတိမရဘူး သူ႕ဟာနဲ႕သူသာယာေနတာ''

ထိုသို႔ၾကားေတာ့ ဓနရိုးၿပဳံးလိုက္မိပါသည္။ သူသိတာေပါ့ အစ္ကိုကသူ႕ကိုဘယ္သတိရပါ့မလဲ သူကသာခ်စ္ခဲ့ရသူပဲေလ။

''အဲ့လိုၾကားရေတာ့လည္း ကြၽန္ေတာ္ဝမ္းသာပါတယ္''

''ေမ့လိုက္စမ္းဘာကြာ၊ မင္းအတြက္ငါစီစဥ္ေပးပါ့မယ္''

''မဟုတ္တာဗ်ာ.....အစ္ကိုသာ ကိုယ့္မိသားစုကိုယ္ဂ႐ုစိုက္ပါ''

''ငါအဲ့ေန႕က် အစီစဥ္အႀကီးႀကီးတစ္ခုျပင္ဆင္ထားလို႔ အကုန္လုံးကိုလာေစခ်င္တာ မေမ့နိုင္တဲ့အမွတ္တရအျဖစ္ေပါ့ကြာ''

''အကုန္လုံး.....?''

''အင္း အကုန္လုံး ''

အကုန္လုံးဆိုတဲ့ စကားၾကားေတာ့ အရင္ဆုံးျမင္မိတာက ခပ္စြာစြာ ကေလးတစ္ေယာက္ ။ သူမ်က္ႏွာမေကာင္းရင္ငိုၿပီးေမးတတ္တဲ့ကေလးတစ္ေယာက္ ။ ကိုယ့္ဘက္ကအရင္ အဆက္သြယ္ျဖတ္ခဲ့လို႔ မုန္းေနမလားမသိေတာ့တဲ့ ကေလးတစ္ေယာက္ကို ဟန္ဓနရိုး ေျပးျမင္ေနမိသည္။ သံေယာဇဥ္ေတြမ်ား သိပ္ခက္ပါဘိ့။

''အင္း....ကြၽန္ေတာ္ လာျဖစ္ရင္လာျဖစ္ေလာက္မွာပါ''

''ေသခ်ာေပါက္ လာရမွာ၊ မင္းကငါ့ညီဘဲေလ ငါ့မိသားစုဝင္ေပါ့''

ဟန္ဓနရိုး ၿပဳံးလိုက္ၿပီး အင္းတစ္လုံးသာဆို၍ ဖုန္းခ်လိဳက္သည္။ ညီအစ္ကိုအရင္မဟုတ္ေပမဲ့ ညီအစ္ကိုအရင္းေတြလိုပါပဲ။

. . . . . . . .

၃ရက္ေျမာက္ေန႕ ညေနတြင္....

''ဟြန္း! မင္းလာမယ္ဆိုတာသိသားပဲ''

''ကြၽန္ေတာ္ မလာရင္လည္း ဟိုအထိလာထိုးမွာမလား''

''ဒါေပါ့ ၊ ကိုကိုေရ ဒီမွာ ေမာင့္ညီေလးလာၿပီ''

''ေလသံက ခ်က္ခ်င္းေျပာင္းေတာ့တာဘဲေနာ္၊ မယကႀကီးမွန္း သိသာတယ္ ''

''ဘာကြ''

''အာ.....ဓနရိုးေရာက္ရင္လည္း အိမ္ထဲဝင္ေလ အိမ္ေရွ႕ႀကီးမွာ ၊ ေမာင္ဘာလုပ္ေနတာလဲ အထုပ္ေတြ ကူသယ္ေပးလိုက္''

''ဟာ.....ကိုကိုေနာ္ ေမာင္ကအလုပ္သမားမွ မဟုတ္တာ သယ္စရာလား''

''လွ်ာမရွည္နဲ႕ သယ္ဆိုသယ္လိုက္!''

''ဘာမွလည္း မသိဘူး ၊ လူေရွ႕သူေရွ႕ဆို တအားအနိုင္က်င့္တာပဲ''

''ဘာေျပာတယ္''

''ဪ.....သယ္လိုက္မယ္လို႔ ေျပာတာပါ ကိုကိုရယ္၊ ဟဲဟဲ လာလာ ညီေလး''

တကယ္ပါ ဓနရိုးေတာ့ရီခ်င္စိတ္ကို မနည္းထိန္းေနရေတာ့သည္။ သူ႕အစ္ကိုမာန္ဝဏၰၿခိန္းက တကယ့္မယကႀကီး။က်န္တဲ့လူက စြာရဲတာ ကိုမင္းစစ္နဲ႕က် အျမႇီးကိုကုပ္ေနတာပဲ။

''ေဟ်ာင့္.....ရီမေနနဲ႕!''

''ကိုယ့္ပါးစပ္နဲ႕ကိုယ္ရီတာဘဲဗ်ာ ဟား ဟား''

''ေအးပါ ေျပာထား မင္းလည္းတစ္ေန႕က်ဝဋ္လည္မွာၾကည့္ေန''

''မလည္ခ်င္လို႔ကို လူပ်ိဳႀကီး လုပ္မွာဗ်ာ''

''အဟြန္း! ၾကည့္ရေသးတာေပါ့၊ ေနာက္မွ လူအိုျဖစ္လို႔ကေတာ့ ငါကဗိုက္ေမွာက္ၿပီးကို ေလွာင္မွာ''

''ဟုတ္ပါၿပီဗ်ာ ဒါနဲ႕တူေလးေရာ''

''အိပ္လို႔ကြ၊ ၿပီးမွ မင္းကို ျပမယ္ ဒယ္ဒီငယ္ငယ္ကအတိုင္းဘဲ''

''အြန္း.....''

ကေလးကိုလည္း လိုက္ျပေတာ့ တကယ္ပင္ေဖေဖငယ္ငယ္ကသူတို႔ျမင္ဖူးတဲ့ပုံကအတိုင္း တူေနသည္။ ကေလးက အၿငိမ္ေလးမလို႔ ဓနရိုးေတာင္ မခ်ီဘဲမေနနိုင္။ ဓနရိုးကိုလည္း ရယ္ျပေနေသးတာမ်ား။ အစ္္ကိုေျပာတာေတာ့ ကေလးကအရယ္အၿပဳံးရွားသည္တဲ့ ကေလးထိန္းေတြျမဴရင္ေတာင္မရယ္ဘဲ ၿခိန္းနဲ႕မင္းစစ္တို႔ျမဴမွသာ တခစ္ခစ္ရီေနတတ္တာျဖစ္၏။

တကယ္ဘဲ ဓနရိုးတို႔ေဖေဖဝင္စားသလားေလ။ ေရစက္ဆုံလို႔ႀကဳံလာရၿပီးဘဲ ဒီကေလးက တစ္မိသားစုလုံး၏အခ်စ္ေတာ္ေလးျဖစ္ေနေတာ့၏။ ကေလးနာမည္ကလည္း မာန္စစ္ေနာင္ထြဋ္ တဲ့ ေဖေဖဟန္စိုးထြဋ္က ဓနရိုးတို႔ထံ ျပန္လာခဲ့သည္လို႔ဘဲ ယုံၾကည္လိုက္မိသည္။

ဒီေန႕က မာန္စစ္ေနာင္ထြဋ္၏ ၆လျပည့္ေမြးေန႕ပင္။ အေဖႏွစ္ေယာက္ရဲ႕ ဧည့္သည္ေတြနဲ႕ တစ္အိမ္လုံး ျပည့္ႏွက္ေနသည္လည္းမမွား။ မာန္ဝဏၰၿခိန္းကေတာ့ မင္းစစ္မသိေအာင္ႀကိတ္စီစဥ္ထားသည့္အစီအစဥ္အတြက္အလုပ္သမားမ်ားကို စီမံလို႔ေနတယ္။ ဟန္ဓနရိုးကေတာ့ အသိတခ်ိဳ႕ကို ႏႈတ္ဆက္ရင္းစကားတေျပာေျပာပါပဲ မင္းစစ္ကေတာ့ကေလးကိုခ်ီၿပီး လူႀကီးေတြနဲ႕စကားေျပာေနသည္။ ကေလးကေတာ့ခပ္တည္တည္ရယ္သာ လူရႈပ္တာကိုႀကိဳက္ပုံမရေပမဲ့ တစ္ခ်က္ကေလးမွမငိုေပ။

ပြဲထဲကို စိုင္းတေခတ္တို႔အတြဲဝင္လာေတာ့ ဓနရိုးတစ္ခ်က္မွ်ၾကည့္ၿပီးသာအၾကည့္လႊဲလိုက္မိသည္။ ဒါကိုႏွစ္ေယာက္လုံးလည္းျမင္ပုံေပ။ ျမင္လည္းမတတ္နိုင္ ကိုယ္ကအေနက္ရသည္မို႔ မ်က္ႏွာခ်င္းမဆိုင္ခ်င္႐ုံပါ။

''ေရာက္လာၾကၿပီလား''

''ဟုတ္ ကိုမင္းစစ္ေနာက္က်သြားလို႔ sorry ပါေနာ္''

''ရပါတယ္ ျမဴေဒါင္းရဲ႕''

''သားသားက ခ်စ္စရာေလးဘဲ၊ ၾကည့္ပါအုံး လူႀကီးေလးက်ေနတာဘဲ''

''ေဘဘီေရာ လိုခ်င္လို႔လား''

''ကိုကိုက ေမြးစားမလို႔လား''

''မဟုတ္ဘူး ေဘဘီ ဗိုက္ထဲကိုယ့္ကေလးေတြထည့္ေပးမလို႔''

လူေရွ႕သူေရွ႕မေရွာင္ မရွက္တတ္တဲ့ကိုကိုေၾကာင့္ျမဴမွာ ပါးျပင္ေလးရဲကနဲ။ စိတ္ေပါက္ေပါက္နဲ႕ ခါးကိုလိမ္ဆြဲပစ္လိုက္သည္။ ဒါေတာင္ၿပဳံးစိစိနဲ႕ အလကားလူ။ အရွက္ကိုမရွိဘူး။ မင္းစစ္ကပါ ၿပဳံးစိစိနဲ႕ေခါင္းယမ္းေနေတာ့ ျမဴမွာရွက္ရလြန္းလို႔ေပါက္ကြဲေတာ့မည္ထင္သည္။

''စိတ္ကိုသိကၡာနဲ႕ထိန္းပါကြာ ငါ့ေရွ႕ႀကီးေတာ့မေျပာစမ္းပါနဲ႕''

''အံမယ္ မင္းကရွက္ရတယ္ရွိေသး၊ မင္းစစ္ မင္းတို႔အတြဲအရွက္မရွိတာေတြ ခဏခဏျမင္ေနရတဲ့ငါတို႔ကို သနားပါအုံးဟ''

''ဟား ဟား ေအးပါကြာ၊ ဒါနဲ႕ ဟန္ဓနရိုး ျပန္ေရာက္ေနတယ္''

''အင္း ငါျမင္ပါတယ္''

''အဆင္ေျပတယ္မလား''

''ေျပပါတယ္ ငါ့ဘက္ကမွားခဲ့တာဘဲေလ ညီကေတာ့ ငါ့ကိုျမင္ခ်င္ပုံမရဘူး''

''မင္းက ေစာက္က်င့္မွမေကာင္းတာ''

''လီးကို မေကာင္းပါ့လား!''

''ဟား ဟား ဟား ဟား ဟား''

''ေမာင္မင္းစစ္.....''

''ဟာ....အစ္ကိုႀကီးတို႔ ေရာက္လာၿပီလား''

''ဖိတ္ထားမွေတာ့ လာျဖစ္ေအာင္လာရမွာေပါ့ဗ်ာ''

ဦးဗညားေဝတို႔လင္မယားက မင္းစစ္တို႔ေဘးအိမ္ကေျပာင္းလာတာသိပ္မၾကာေသးေပ။ မိသားစု သုံးေယာက္ေအးေအးခ်မ္းခ်မ္းနဲ႕မို႔ မင္းစစ္တို႔နဲ႕ခဏေလးအတြင္း ရင္းႏွီးခဲ့ၾကတာ မိတ္ရင္းေတြအတိုင္းပါဘဲ။ ေဒၚသီသီျမက သူမရဲ႕သားကိုမင္းစစ္ေရွ႕တိုးေပးလိုက္ၿပီး။

''သား....မင္းညီေလးအတြက္ ေမြးေန႕လက္ေဆာင္ေပးလိုက္ပါအုံးကြယ္''

''ဟုတ္ မာမီ''

ဥာဏ္ရွင္းသန့္ေဝက လက္ထဲရွိလက္ေဆာင္ဗူးေလးကို မင္းစစ္ကိုေပးလိုက္ၿပီး သြားစြယ္ေလးေတြ ေပၚသည္အထိရီျပ၏။ မင္းစစ္က ရွင္းသန့္ရဲ႕ပါးေဖာင္းေဖာင္းေလးကို ဆြဲညစ္လိုက္ေတာ့သည္။ ၅ႏွစ္အ႐ြယ္ပဲရွိေသးသည့္ ဥာဏ္ရွင္းသန့္ေဝက ကေလးအလိမၼာေလးမို႔ မင္းစစ္တို႔ကပါ သည္းသည္းလႈပ္ခ်စ္ၾကသည္ေလ။ စိတ္မရွည္တတ္တဲ့ မာန္ဝဏၰၿခိန္းလိုလူကေတာင္ မခ်စ္ဘဲမေနနိုင္သည့္ကေလးေပ။

''ဦးဦး.....ညီေလးက လုံးလုံးကစ္ကစ္ေလးနဲ႕ ခ်စ္စရာေလးေနာ္ သားကိုင္ၾကည့္လို႔ရမလားဟင္''

''ရတာေပါ့ကြယ္''

ရွင္းသန့္က ဝမ္းသာအားရနဲ႕ ကေလး၏ပါးေလးအား တို႔ၾကည့္႐ုံရွိေသး တစ္ခ်ိန္လုံးၿငိမ္ေနခဲ့တဲ့ကေလးက ထငိုေတာ့သည္။

''အူဝဲ.....အူငဲ''

''အဟင့္ ညီေလးက သားကိုသေဘာမက်ဘဴးထင္တယ္''

႐ုတ္တရက္ႀကီးထငိုတဲ့ကေလးေၾကာင့္ သူ႕ကိုသေဘာမက်ဘဴးထင္သြားတဲ့ရွင္းသန့္ကပါ ခ်က္ခ်င္း မ်က္ရည္ေတြ ဝဲတက္လာေတာ့သည္။ ထိုမွသာ ငိုေနတဲ့ကေလးကအငိုတိတ္သြားၿပီး သူ႕လက္ပုတိုတိုေလးေတြနဲ႕ ရွင္းသန့္ဆီလက္လွမ္းလာ၏။ ရွင္းသန့္မ်က္ႏွာကိုလွမ္းဆြဲခ်င္ေနပုံေပါက္တာေၾကာင့္ ရွင္းသန့္လည္းသူ႕ပါးကို ကေလးနားကပ္ေပးလိုက္ေတာ့ ကေလးကပါးကိုကိုင္ၿပီး တခစ္ခစ္ရီေနျပန္သည္။

''ဟယ္ေတာ့ ဒီကေလးအမ်ိဳးမ်ိဳးဘဲေတာ္...''

ေဒၚသီသီျမ သေဘာက်ႀကီးက်ကာ ေျပာေတာ့အကုန္လုံးကပါ တဟားဟားနဲ႕သေဘာတက်လိဳက္ရီၾကသည္။

''အားလုံးဘဲ ကြၽန္ေတာ့္သားေလးရဲ႕ ၆လျပည့္ေမြးေန႕ေလးကို တက္ေရာက္လာၾကတဲ့ မိဘျပည္သူမ်ားကို ကြၽန္ေတာ္က အထူးဘဲေက်းဇူးတင္ရွိပါတယ္၊

ကြၽန္ေတာ့္သားက ကြၽန္ေတာ္နဲ႕ မင္းစစ္ကုေဋတို႔ရဲ႕ တရားဝင္ေမြးစားလိုက္တဲ့သားဆိုေပမဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးရဲ႕ သားအရင္းတစ္ေယာက္လို ခ်စ္ျမတ္နိုးရတဲ့ကေလးပါ၊

ေနာက္ၿပီး ကြၽန္ေတာ့္သားရဲ႕အထူးေန႕ျမတ္ေလးျဖစ္တဲ့အတြက္ ကြၽန္ေတာ့္ companyေတြက ေရာင္းကုန္ပစၥည္းေတြကို ဒီတစ္လလုံးလုံး 25%ထိ ေလ်ာ့ခ်ၿပီး ေရာင္းခ်ေပးသြားမွာပါ၊

ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ့္သားရဲ႕ေမြးေန႕ေလးမွာဘဲ မင္းစစ္ကုေဋကို လက္ထပ္ခြင့္ေတာင္းဆိုခ်င္ပါတယ္၊ ကြၽန္ေတာ့္ဘဝမွာ ကိုကိုနဲ႕သားသာလွ်င္ တန္ဖိုးမျဖတ္နိုင္တဲ့ အဖိုးတန္ရတနာေလးေတြပါပဲ''

ၿခိန္းရဲ႕စကားသံေၾကာင့္ ပြဲထဲရွိပရိတ္သတ္ေတြအကုန္လုံးက တဝိုးဝိုးအသံေတြနဲ႕ အားေပးလက္ခုပ္တီးလာၾကသည္။ မီဒီယာေတြနဲ႕ပါ တိုက္ရိုက္ထုတ္လႊင့္ေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕အေၾကာင့္ တစ္ကမၻာလုံး အသိျဖစ္သြားရသည္။ မင္းစစ္မွာေတာ့ ကေလးေလးကိုခ်ီေပြ႕လ်က္ မ်က္ရည္ေတြ အျပည့္။ သူကအခု တိုင္းသိျပည္သိကို ၿခိန္းရဲ႕တန္ဖိုးထားျခင္းခံလိုက္ရသည္ေလ။

''ကိုကို......ေမာင္ပထမတစ္ခါ လက္ထပ္ခြင့္ေတာင္းခဲ့ေပမဲ့ မင္းကို ျပည့္စုံေအာင္မလုပ္ေပးနိုင္ခဲ့ဘူး

ကိုယ္တစ္ခ်ိန္လုံးႀကိဳးစားေနခဲ့တာ ဒီအေျခအေနထိေရာက္နိုင္ဖို႔''

''မင္းကို အရာအားလုံးထက္သာေအာင္ ကိုယ္ထားခ်င္ခဲ့တာ ကိုယ့္ဘဝတစ္ခုလုံးကိုပါ ပုံအပ္ၿပီးေတာ့ အခုလိုလူသိရွင္ၾကား ကိုကို႔ကို လက္ထပ္ခြင့္ေတာင္းနိုင္ဖို႔အတြက္''

''ေမာင့္ဘဝက ကိုကို႔အပိုင္ျဖစ္သလို၊ ကိုကို႔ဘဝကိုေရာ ေမာင့္ကို ပိုင္ဆိုင္ခြင့္ေပးနိုင္မလားဟင္''

''ကိုယ္တို႔ရဲ႕ ေနာက္ဆုံးအခ်ိန္ထိ ကိုယ္မင္းလက္ကိုဘဲ ဆြဲထားခြင့္ရွိနိုင္မလား''

ၿခိန္းက ပြဲက်င္းပရာခုံေပၚကေန ဒူးေထာက္ၿပီး မင္းစစ္အား အရင္ကထက္ပိုတန္ဖိုးႀကီးသည့္ လက္စြပ္ဗူးနဲ႕အတူ လက္ထပ္ခြင့္ပန္ေနခဲ့သည္။

မင္းစစ္ေပ်ာ္လြန္းလို႔ ငိုပဲငိုေနမိတာ ၊ကေလးကိုခ်ီၿပီး တစ္လွမ္းခ်င္း ၿခိန္းရွိရာဆီ ေလွ်ာက္လာခဲ့ၿပီးမွ ၿခိန္းအား အလွဆုံးၿပဳံးျပကာ.....

''အရင္ကလည္းငါကမင္းအပိုင္ျဖစ္သလို၊ အခုလည္းမင္းအပိုင္ပါပဲ ေနာက္လည္းမင္းရဲ႕အပိုင္ဘဲ ျဖစ္ေနအုံးမွာပါ ေမာင္၊ မင္းငါ့ကို မတြန္းထုတ္ခင္အခ်ိန္ထိ မင္းအနားမွာဘဲ ငါရွိေနမွာပါ ေမာင္ရယ္ ငါလက္ခံပါတယ္''

ေရးးးးး နမ္းပါဗ်ိဳ႕! နမ္းၾကပါဗ်ိဳ႕!

ေအာက္ကလူေတြရဲ႕ ေအာ္ဟစ္သံေတြအၾကား ၿခိန္းဟာ မင္းစစ္နဲ႕သားေလးကို ေပြ႕ဖက္လိုက္ၿပီး မင္းစစ္၏ႏႈတ္ခမ္းေတြကို တရွိုက္မတ္မတ္ အနမ္းေတြေႁခြေတာ့သည္။ ပြဲထဲကလူေတြရဲ႕ အားေပးသံေတြက ညံစီကုန္သည္။

ဓနရိုးလည္း ၿခိန္းတို႔မိသားစုအတြက္ ဝမ္းသာပီတိျဖစ္မိပါသည္။ ပြဲထဲလူရႈပ္လြန္းသည္မို႔ အသိမ်ားနဲ႕ ႏႈတ္ဆက္စကားေျပာၿပီးသား ၿခံထဲဆင္းလာခဲ့လိုက္ေတာ့၏။

''သူမ်ားေပ်ာ္ေနၾကတယ္ေနာ္၊ ခင္ဗ်ားေရာ မေပ်ာ္ေတာ့ဘူးလား''

''မင္း! ေကနိုရာ''

''မွတ္မိသားပဲ ''

တစ္ေယာက္နဲ႕တစ္ေယာက္ ဘာစကားမွမဆိုဘဲ အၾကာႀကီးစိုက္ၾကည့္ၾကမိသည္။ နိုရာက အရပ္ကေလးပိုရွည္လာတာကလြဲရင္ အရင္အတိုင္းပဲ ခ်စ္စရာေကာင္းစဲပင္။ အၿပဳံးေတြက အရင္ေလာက္အသက္မဝင္ေတာ့ေပမဲ့ သူ႕ကိုၾကည့္တဲ့အၾကည့္ေတြက လြမ္းဆြတ္ျခင္းအျပည့္ႏွင့္။

''ခင္ဗ်ားက ရက္စက္လိုက္တာ ၊ နိုရာဒီေလာက္ထိ ခ်စ္ေၾကာင္းဝန္ခံခဲ့တာေတာင္ လစ္လ်ဴရႈခဲ့ရက္တယ္''

''ကိုယ္......''

''အဲ့လူကို မေမ့နိုင္ေသးဘူးလား''

''မဟုတ္ဘူး! ''

''ဒါဆို နိုရာကိုေရာ မလိုခ်င္ေသးဘူးလား''

''ကိုယ္ထင္ခဲ့တာ မင္းကငယ္ေသးလို႔ စိတ္ကစားေနတယ္လို႔ပဲ''

''အခုေရာ နိုရာအ႐ြယ္ေရာက္လာၿပီေလ၊ အဲ့လူကိုမေမ့နိုင္ေသးဘူးဆိုရင္ေတာင္ နိုရာကိုအစားထိုးလို႔မရဘူးလား''

''မရဘူး!''

''ဒါဆို နိုရာမွာ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးဘဲ၊ ခင္ဗ်ားခ်စ္လာမလား ခ်စ္လာမလားနဲ႕ ေစာင့္ေနခဲ့မိတာ အခုခ်ိန္ထိ''

''..........''

''ဒါေပမယ့္ အခုေတာ့ ဟာသေတြလိုပါပဲ''

ေျပာၿပီးေနာက္လွည့္ထြက္သြားတဲ့ နိုရာကို ဓနရိုးေနာက္ကေနေျပးဖက္လိုက္မိသည္။ တင္းေနေအာင္ ဘယ္ေတာ့မွ လြတ္ထြက္မသြားေအာင္လို႔။ ေသခ်ာသြားၿပီ သူ႕ေနာက္ထပ္တစ္ခ်ိန္ ထပ္ခ်စ္မိျပန္ၿပီ ေကနိုရာဆိုတဲ့ ခ်ာတိတ္ကို သူမရည္႐ြယ္ပဲနဲ႕ထပ္ခ်စ္မိသြားခဲ့ၿပီ။

''မဟုတ္ဘူး ကိုယ္မင္းကို ဘယ္သူ႕ေနရာမွအစားမထိုးနိုင္ဘူးနိုရာ၊ ကိုယ္ကမင္းကိုဘဲ ခ်စ္ခ်င္တာ!''

''ဟင့္! လူႀကီး ''

''ကိုယ္ေတာင္းပန္ပါတယ္ကြာ မင္းအခ်စ္ေတြကိုကိုယ္မျမင္ခဲ့မိတဲ့အတြက္။ အခု ကိုယ့္ကိုအခြင့္အေရးထပ္ေပးနိုင္မလား''

''ကိုယ့္ကို မင္းဘဝထဲဝင္ခြင့္ေပးနိုင္မလားဟင္ ခ်ာတိတ္''

''နိုရာဒီစကားကို ၾကားဖို႔ေစာင့္ေနခဲ့ရတာ ဘယ္ႏွစ္ႏွစ္ရွိၿပီလားသိလား သိလားလို႔ ဟင့္!''

ဘုန္း! ဘုန္း! ဘုန္း! ဘုန္း!

ရင္ဘတ္ကို တဘုန္းထုရိုက္ေနတဲ့လက္ေသးေသးေလးေတြကို ဆုပ္ကိုင္ၿပီး နမ္းရွိုက္ပစ္လိုက္သည္။ မ်က္ရည္ေတြၾကားက အၿပဳံးေတြက ျပန္လည္အသက္ဝင္လာခဲ့တဲ့ကေလး ဒီကေလးက သူ႕အေပၚဘယ္ေလာက္ထိခ်စ္ခဲ့လည္းဆိုတာ သူသံသယဝင္ေနစရာမလိုပါဘူး။

မင္းရဲ႕ေမတၱာစစ္ေတြေၾကာင့္ ကိုယ္ဘက္ကလည္းအခ်စ္စစ္နဲ႕ခ်စ္မိသြားတယ္ထင္ပါရဲ႕ ခ်ာတိတ္ရယ္......။ ေနာက္ဆုံးအခ်ိန္ထိ ကိုယ့္အခ်စ္ဟာ ခ်ာတိတ္ေလးပါဘဲ.....။ဘယ္ကေနစၿပီးခ်စ္မိသြားလည္း ကိုယ္မသိေပမဲ့ ခ်ာတိတ္က ကိုယ္ရဲ႕ေနာက္ဆုံးေသာအခ်စ္.....။ မင္းကလြဲၿပီး ထပ္ရွိလာနိုင္ေတာ့မွာမဟုတ္လို႔ မင္းထပ္ေပးတဲ့အခြင့္ေရးေလးကို ကိုယ္တန္ဖိုးထားပါ့မယ္........

.
.
.
.
ၿပီးပါၿပီ

မာန္စစ္ေနာင္ထြဋ္ နဲ႕ ဥာဏ္ရွင္းသန့္ေဝတို႔က ဘယ္သူေတြျဖစ္နိုင္မလဲသိၾကမွာပါ။ အတိတ္ဘဝက ဇာတ္သိမ္းေလးမလွခဲ့ေပမဲ့ ေနာက္ဘဝမွာေတာ့ သူတို႔ေပါင္းစည္းနိုင္ၾကမွာပါ။
ဟန္ေလးကို သနားေနတဲ့သူေတြအတြက္ေရာ ခ်ာတိတ္နဲ႕အတူ ဘဝကိုေအး''ခ်မ္း''ျဖတ္သန္းေနပါၿပီး
ၿခိန္းနဲ႕မင္းစစ္ဟာလည္း မိသားစုဘဝေလးကၾကည္ႏူးဖို႔ေကာင္းေနပါၿပီ
လူဆိုးႀကီး စိုင္းတေခတ္တို႔အတြဲကလည္း ေပ်ာ္႐ႊင္လို႔ေနပါၿပီး အဆုံးထိဖတ္ေပးၾကလို႔ ဆူးနန္းေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။ ဒီficကအရင္က စာအုပ္ထုတ္မယ္လို႔အသိေပးထားဖူးေပမဲ့စိတ္မေကာင္းစြာနဲ႕ဘဲ မထုတ္ဖစ္ခဲ့ပါဘူး စာအုပ္မထုတ္ျဖစ္လည္းအခ်စ္မေလ်ာ့ဘူမလားဟင္။ ဇာတ္းသိမ္းေလးကို သေဘာက်မယ္လို႔ ေမွ်ာ္လင့္ပါတယ္။















Seguir leyendo

También te gustarán

212K 7.8K 25
ဦး ႕ ႕ ႔ လို႕ေခၚရံုနဲ႕ ကြ်န္ေတာ့္မွာလံုျခံဳေႏြးေထြးမႈေတြျပည့္နွက္ေနသည့္ ရင္ခြင္တစ္ခုကို အျမဲခံစားမိသည္႕ ႕ ႕ ဦ ႕ ႕ ႕ လို႕စဥ္းစားရံုနဲ႕ ကြ်န္ေတာ့ အေ...
3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.2M 79.1K 47
အသက်တမျှချစ်ပါသော်လည်း ထုတ်ဖော်မပြတတ် ရင် ကိုယ်ချစ်တဲ့အချစ်က ချစ်ရသူကို နာကျင်မှုတွေသာ ပေးသလိုဖြစ်နေတတ်သည်။ အသက္တမ်ွခ်စ္ပါေသာ္လည္း ထုတ္ေဖာ္မျပတတ္ ရ...