အပိုင်း၆-၁
" စု့လူကြီးမင်း "
စူးယွီကျုံးမျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ဝန်ထမ်းလက်ထဲကနေ အိတ်ကိုလှမ်းယူလိုက်တယ်။ တစ်ဖန်တွန်းလှည်းပေါ်က အစားအသောက်တွေကို ကြည့်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ " ဒီဟာတွေကလည်းသူပို့ခိုင်းလိုက်တာလား! "
ဝန်းထမ်းက ပြုံးရင်းနဲ့ပဲ သူ့ကိုခေါင်ညိတ်ပြတယ်။
စူးယွီကျုံး သူ့ကိုသံသယဖြစ်နေတဲ့ အကြည့်တွေနဲ့ကြည့်ရင်း " စု့...... "
သူခဏတန့်သွားပြီး ရုတ်တရက် အဲ့အမျိုးအသားရဲ့နာမည်အပြည့်အစုံကို သူမသိဘူးဆိုတာကို သတိရသွားတယ်။
သူနှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့လိုက်ပြီး ဆက်မေးခွန်းထုတ်ချလိုက်တယ်။ " သူက ငါဒီအခန်းမှာရှိတာကိုဘယ်လိုလုပ်သိလဲ? နောက်ပြီး မင်းကိုတောင် ပစ္စည်းလာပို့ခိုင်းလိုက်သေးတယ်။ "
ဝန်ထမ်းရဲ့အပြုံးတွေက အေးခဲလို့သွားတယ်။
ဒါပေမဲ့ဝန်ထမ်းက ချက်ချင်းတည်တည်ငြိမ်ငြိမ်နဲ့ဆက်ပြီး " ဒါတော့ကျွန်တော်လဲသေချာမသိဘူး။ လူကြီးမင်း၊ဖြေးဖြေးချင်းသုံးဆောင်ပါ။သွားခွင့်ပြုပါဦး။ "
ပြီးတာနဲ့ သူက စူးယွီကျုံးအခန်းထဲကနေထွက်သွားတော့တယ်။ မထွက်သွားခင် သူကအခန်းတံခါးတောင်ပိတ်ပေးသွားသေးတယ်။
စူးယွီကျုံးမျက်မှောင်ကြုတ်လိုက်ပြီး တံခါးဆီသွားသို့သွားတာ ကလစ်ခနဲတံခါးကို လော့ခ်ချပစ်လိုက်တယ်။ အယ်လ်ဖာတစ်ယောက်အနေနဲ့ ဘယ်လိုအန္တရာယ်မှ သူမကြုံနိုင်ဘူးဆိုပေမဲ့လို့ .....
မနေ့ညကပဲ မတော်တဆဖြစ်သွားတယ်မဟုတ်ဘူးလား?
သူတံခါးလော့ခ်ချလိုက်ပြီးတာနဲ့ သူအခန်းထဲကိုပြန်လျှောက်လာပြီး Luxuriousဆန်လှတဲ့ အစားအသောက်တွန်းလှည်းကို လွန်ဆွဲနေတဲ့စိတ်အခြေအနေနဲ့ ငေးကြည့်နေမိတယ်။ နောက်ဆုံးမှာတော့ စိတ်မထိန်းတော့ပဲ ဖုံးကာထားတဲ့ အဖုံးကိုဖွင့်ဖို့ လက်ကိုဆန့်ထုတ်လိုက်တော့တယ်။
အဖုံးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဆွဲဆောင်နိုင်လွန်းလှတဲ့ အရသာရှိတဲ့ အစားအသောက်ရဲ့ရနံ့တွေက ချက်ချင်းလက်ငင်းပင် လေထုထဲမှာ ပျံနှံ့လို့သွားလေတယ်။ ဘယ်လောက်တောင်ဆွဲဆောင်နေလဲဆို စူးယွီကျုံးရဲ့ ဗိုက်ကိုဆာလောင်နေတဲ့အသံ ထွက်လာစေတဲ့အထိပင်။
သူမသိလိုက်မသိဘာသာနဲ့ တံတွေးမျိုချလိုက်ပြီးမှ သူဘယ်လောက်တောင် ဆာလောင်နေလဲဆိုတာကို သတိထားမိသွားတယ်။
သူဖွင့်လိုက်တဲ့ ဟင်းပွဲက ပင်လယ်စာRisottoဖြစ်ပြီး S ဟိုတယ်ရဲ့ ထိပ်တန်းစားဖိုမှူးလက်ရာဖြစ်တဲ့အလျောက် အနံ့အရသာမှာ ပြောစရာမလိုအောင်ပင် ပြည့်စုံလွန်းလှတယ်။ ကြည့်ရုံနဲ့တင်ကိုလူကို သရေယိုစေတယ်။
( Risotto က တကယ်က ထမင်းပေါင်းနဲ့ ဆင်သလိုလိုရှိပေမဲ့ လည်းမဟုတ်ပြန်ဘူးရယ်။ သူ့ကို လန်ဖန့် (Lan Fan )လို့လည်းခေါ်တယ် ပျင်းရိခြင်းနဲ့ ထမင်းဆိုတာကို အတူတွဲထားတာ။ တကယ်ကတော့ ရှိသမျှဟင်းနဲ့ အကုန်ရောပြီးချက်ထားတာမျိုးရယ်။ ဟင်းအနှစ်လေးနဲ့ ဆိုတော့ ကာလီထမင်းလိုမျိုးနဲ့ ဆင်မယောင်ယောင်လေးလည်းရှိတယ်။ ရန်ကုန်ထမင်းပေါင်းနဲ့ လည်းဆင်သယောင်ယောင်လေးပဲ။)
သူတစ်နေ့လုံးမှ သစ်အယ်သီးလှော်နှစ်ပေါင်ပဲစားထားတော့ ဗိုက်ကအစောကတည်းက ပြန်ဆာနေပြီဖြစ်တယ်။ ဒီလိုအနံ့နဲ့ ထပ်ဆွဲဆောင်ခံလိုက်ရတော့ ဗိုက်ထဲမှာရှိတဲ့ ပိုးကောင်လေးတွေက ပိုလို့တောင်လှုပ်ရွလှုပ်ရွဖြစ်လို့လာတယ်။
စူးယွီကျုံးကျန်နေသေးတဲ့ အဖုံးတွေကို ဆက်ပြီးဖွင့်လိုက်တယ်။
ပင်လယ်စာ Risottoအပြင်ကိုမှ အမဲသားကင်၊ ကညွှတ်ဘေကွန်လိပ်၊ အသီးအရွက်သုပ် ၊ ပြောင်းဖူးနှစ်ဟင်းချိုနဲ့ Black Forest ကိတ်တို့ပါပါသေးတယ်။ နောက်ပြီးတော့ ရွှေအိုရောင်သန်းနေတဲ့ အလွန်ဆွဲဆောင်မှုရှိတဲ သကြားအုပ်ပူတင်းကိုပါ တွေ့လိုက်ရတယ်။
ညစာအနေနဲ့ဆိုရင် ဒါကြီးကအရမ်းကိုကြွယ်ဝနေလွန်းတယ်။
" ဂွီဂွီ.....။ "
ဗလာဖြစ်နေတဲ့ အစာအိမ်က ထပ်ပြီး သံစုံတီးဝိုင်းလိုမျိုးမြည်လာပြန်တယ်။
စူးယွီကျုံးချက်ချင်းမလှုပ်ရှားသေးပဲ အရင်တွေးလိုက်သေးတယ်။ တကယ်တော့သူနည်းနည်းလွန်ဆွဲနေသေးတယ်။ ပြောရရင် ဒါကဟိုတယ်ဝန်ထမ်းပို့လာတာဆိုပေမဲ့လည်း သိပ်ပြီးတော့မလုံခြုံသေးဘူးလို့ ခံစားနေရတယ်။ုးံ့့့
တကယ်လို့ဘာမှအန္တရာယ်မရှိဘူးဆိုရင်တောင်မှ အဲ့ဒီစု့လူကြီးမင်းက ဘာရည်ရွယ်ချက်နဲ့ ညစာကိုပို့လိုက်မှန်းသူသေချာမသိပေ။
မဟုတ်မှ သူအခုထိများလက်မလျော့သေးတာများလား?
စူးယွီကျုံးဒီအတွေးတွေကိုတွေးမိတာနဲ့ ရုတ်တရက်နှလုံးခုန်မြန်သွားတယ်။ သူမသိလိုက်ပဲ တစ်ခါလက်ဆန့်ပြီးကျောကိုသွားပွတ်မိပြန်တယ်။
နောက်ကျောကနည်းနည်းနေလို့ပြန်အဆင်ပြေလာတာကလွှဲရင် တစ်နေ့လုံးအနားယူပြီးတာတောင်မှ အဲ့ဒီနေရာတဆစ်ဆစ်နဲ့ နာနေတုန်းပင်။
သူနှုတ်ခမ်းတွေကိုမဲ့လိုက်ပြီး စိတ်ထဲမှာတော့ စု့ချန့်ကိုတွေးလေမကျေနပ်လေဖြစ်နေလေတယ်။
သူလည်းနောက်ပိုင်း .....
ခံစားလို့ကောင်းလာတယ်ဆိုပေမယ့်လည်းပေါ့။
အပိုင်း၆-၂
စစချင်းတုန်းက တကယ်ကြီးသေမလလိုနာနေကြီးကို နောက်ကျတော့တဖြေးဖြေးနဲ့ ........။ စူးယွီကျုံးတကယ်ကိုအကူအညီမဲ့သွားတယ်။ မနေ့ညကကိစ္စကိုပြန်မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ်ဖိအားပေးလိုက်တယ်။
သူ(စူးယွီကျုံး)ဝန်ထမ်းက သီးသန့်ပေးထားတဲ့အိတ်ကလေးကိုကောက်ကိုင်လိုက်ပြီး စပ်စပ်စုစုနဲ့ ဖွင့်ပြီးအထဲမှာပါတဲ့ဟာကိုချောင်းကြည့်လိုက်တယ်။
ဒီဟာကရောဘာတုန်း?
ကြည့်ရတာတော့လိမ်းဆေးဗူးလေးနဲ့တူတယ်။
စူးယွီကျုံး ဆေးဗူးကိုထုတ်ယူလိုက်ပြီး ဘေးပတ်လည်မှာရှိတဲ့ ညွှန်ကြားချက်ကိုသေချာဖတ်ကြည့်လိုက်တယ်။ သူဖတ်ရင်းဖတ်ရင်း မျက်နှာလေးပေါ်ကပျောက်ကွယ်စပြုနေတဲ့ ခပ်ရဲရဲအရောင်မှာ တဖြေးဖြေးနဲ့ ပြန်နီရဲလို့လာတယ်။
ဟိုနေရာ......မှာလိမ်းတဲ့ဆေး .....။
ဆေးမှာပါတဲ့အညွှန်းကိုဖတ်ကြည့်ပုံအရတော့ အိုမီဂါသုံးရတဲ့ဟာြဖစ်လောက်လေတယ်။
အတော်လေးကိုသိပြီး ကျွမ်းကျင်နေတာပဲကို။
စူးယွီကျုံးမထိန်းနိုင်ပဲ နှုတ်ခမ်းစူလိုက်မိတယ်။ ရင်ထဲမှာလည်းမကျေနပ်သလိုချဉ်တူးတူးဖြစ်လို့သွားတယ်။
အတော်လေးကြာတော့မှ၊ ဆေးဗူးလေးကိုအိတ်ကပ်ထဲတိတ်တိတ်လေးထည့်လိုက်ပြီး သူခိုးလူမိမှာစိုးသလို ခိုးကြောင်ခိုးဝှက်နဲ့ ရေချိုးခန်းထဲကိုဝင်လို့သွားတယ်။ ဒီအခန်းထဲမှာ သူတစ်ယောက်တည်းနေတာဆိုပေမယ့်လည်း သူရှက်လို့နေသေးဆဲပင်။
" ဝေါ_ _ "
ရေချိုးခန်းထဲကနေပြီးတော့ ရေကျသံတစ်ချို့ ထွက်လို့လာတယ်။
သိပ်မကြာလိုက်ပါပေ။ စူးယွီကျုံးရေချိုးလိုက်ပြီး တစ်လက်စတည်း ဆေးပါတစ်ခါတည်းလိမ်းလိုက်ပြီး ရေချိုးခန်းထဲကနေ ပြန်ထွက်လာခဲ့တယ်။
အဲ့ဆေးကအေးအေးလေးနဲ့ နေရတာလဲ အတော်လေးသက်သောင့်သက်သာရှိတယ်။ တစ်ခုပဲ .... သုံးရတဲ့ နေရာကနည်းနည်းလေးထူးဆန်းနေတာကလွှဲလို့ပေါ့။
စူးယွီကျုံးကိုနှာခေါင်းထိပ်လေးကို ပွတ်လိုက်တယ်။ နားရွက်တွေကတစ်ခါထပ်ပြီးပူလို့လာပြန်တယ်။
သူခေါင်းယမ်းလိုက်ပြီးတော့ တွန်းလှည်းပေါ်ကအစားအသောက်တွေကို တစ်ဖန်ပြန်ထပ်ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ သူတွန်းလှည်းဆီကိုသွားလိုက်ပြီး ဟင်းခွက်တွေကို တစ်ခွက်ချင်းတစ်ခွက်ချင်း စားပွဲပေါ်ကိုရွေ့လိုက်တယ်။ ပြီးတာစားပွဲမှာထိုင်လိုက်ပြီး သူစစားတော့တယ်။
အဆာလွန်နေတာကြောင့်ပေလားမသိ ဒီလောက်ဟင်းပွဲများများကို သူတစ်ယောက်တည်းအကုန်ပြောင်အောင်စားပစ်လိုက်တယ်တဲ့။ ဒါတောင်မှစိတ်ထဲမှာ ဆယ်ပုံပုံ ရှစ်ပုံလောက်ပဲဝသေးတယ်လို့ သူခံစားနေရတယ်။ ( မာဆယ်လ်ဆော့တဲ့ သူအများစုက အသားဓာတ် ဆယ်ပုံပုံခုနစ်ပုံလောက်စားပြီး ကျန်တဲ့ သုံးပုံကိုလေ့ကျင့်ခန်းလုပ်ကြပါတယ်။ တရုတ်မှာ )
သူ့ရဲ့အစားစားချင်စိတ်နဲ့ အစားစားနိုင်နှုန်းက ဘယ်တုန်းက အဲ့လောက်များလာတာတုန်း?
သူ Dominant Alpha အဖြစ်ခွဲခြားပြီးနောက်ပိုင်း သူ့ခန္ဓာကိုယ်မှာလဲ အပြောင်းအလဲတစ်ချို့လာနိုင်တယ်လို့ ဆရာဝန်ပြောထားတာကို သတိရသွားတော့ သူတစ်ခါစိတ်အေးသွားပြန်တယ်။
ညနက်နက်မှာ သူဟိုတယ်ရဲ့အပ်ယာပေါ်မှာလဲနေရင်းနဲ့ မျက်နှာကိုပဲ မျက်စီအကြောင်သားနဲ့ ငေးမောလို့ကြည့်နေမိတယ်။ သူခဗျာ အိပ်ချင်စိတ်မှာနည်းနည်းလေးမှရှိမနေခဲ့ပေ။
မျက်လုံးမှိတ်ချလိုက်တာနဲ့ ခေါင်းထဲမှာမနေ့ညက ဖြစ်သွားတဲ့ဖြစ်ရပ်တွေ အစီအရီနဲ့ပြန်မြင်ယောင်လို့လာတယ်။ တွေးလေတွေးလေ ဘာတွေဖြစ်ခဲ့လဲဆိုတာပိုရှင်းလင်းလာလေပင်။ ဖြစ်ခဲ့သမျှတိုင်းကို ကွက်ကွက်ကွင်းကွင်းကိုပြန်လို့ တွေးမိနေတယ်။
သူရှင်းရှင်းလင်းလင်းကိုမှတ်မိလို့နေတယ်။ သူအဲ့အမျိုးသားကိုဇွတ်ဖက်ပြီး တတိတိနဲ့လိုက်ကိုက်နေတာကို နောက်ဆုံးမှာတော့ ဒေါသထွက်နေတဲ့သူ(စု့ချန့်)က သူ့ကို(စူးယွီကျုံး)ပြောင်းပြန်လှန်လိုက်ပြီးကြမ်းပြင်ပေါ်မှာဖိထားတဲ့မြင်ကွင်းပေ။
သူမှတ်မိနေသေးတယ်၊ ထိုအမျိုးသားရဲ့ အမျက်ဒေါသအပြည့်နဲ့ မျက်ဝန်းအစုံကို။ အမှောင်ထဲက အလင်းတစ်စက်လိုမျိုး၊ ဘာနဲ့တူလဲဆိုတော့ တောက်တောက်ပပနဲ့လှောင်မြိုက်နေတဲ့ မီးတောက်ဝန်းနှစ်ခုလိုမျိုး။ အရမ်းကိုတောက်ပလွန်းလှတယ်။ လူကိုထိုးဖောက်ပြီးသွားတော့မတက်ဘဲ။
ဒုတ်, ဒုတ်_ _ _
စူးယွီကျုံးပြင်းပြင်းထန်ထန်ကိုခုန်လို့နေတဲ့ သူ့ရဲ့နှလုံးခုန်သံကို နားထဲမှာပဲ့တင်ထပ်လို့ကြားနေရတယ်။
သူကိုယ်ကိုလှည့်လိုက်ပြီး ဘေးနားရှိနေတဲ့ဖက်ခေါင်းအုံးကို ဆွဲယူပြီးခပ်တင်းတင်းဖက်လို့ထားလိုက်တယ်။
(ကိုယ်စာစစ်မထားရသေးဘူးရယ်။ ညဘက်ဖတ်စေချင်တဲ့စေတနာနဲ့မို့တင်ပေးလိုက်ပါတယ်နော်။ )
MainZ01: ကျုံးကျုံးရယ် ကိုယ့်ကိုလုပ်သွားတဲ့သူနာမည်တောင်အခုထိမသိသေးဘူးတဲ့ကွာ။ အယ်လ်ဖာအနေနဲ့ လိုပါတယ်ကွာ ။
ပင်လယ်စာ Risotto
ကညွှတ်ဘေကွန်လိပ်
အမဲသားကင်
အသီးအရွက်သုပ်
ပြောင်းဖူးနှစ်ဟင်းချို
Black Forest ကိတ်နဲ့ သကြားအုပ်ပူတင်း