PROMISE ME❣[Myanmar Fic]

By phoenix_x08

13.1K 570 37

Promise me that you won't leave me, my baby❣ start date: 18.4.2024 end date: 2.6.2024 Both Unicode and Zawgyi... More

Please Read
Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Characters
A/N
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26 [FINAL]

Chapter 3

510 15 1
By phoenix_x08

Unicode>>>

တစ်ပတ်ဆိုတဲ့အချိန်က ခဏတာအတွင်းကုန်သွားသည်။ Rey နဲ့ သုတတို့နှစ်ယောက်လည်း ကိုးလ်တို့သုံးယောက်နဲ့ ရင်းနှီးလာပေမယ့် နေ့လည်စာကိုတော့ အမြဲအပြင်ထွက်စားနေဆဲ.... တစ်ပတ်အတွင်း ကိုးလ် ထိုနှစ်ယောက်အား အာရုံစိုက်နေမိသည်။

"ကိုးလ် ဘာဖြစ်လို့လဲ စားလို့မကောင်းဘူးလား"

ဗိုက်ဆာနေပြီဟု ပြောခဲ့သော ကိုးလ်မှာ ယခုအချိန်တွင်တော့ ဟုတ်တိပတ်တိမစား၍ ဆက်မေးလိုက်တော့ မဒီကပါ ကြည့်လာသည်။

"အာ ကောင်းပါတယ် ရုတ်တရက်ကြီး မစားချင်တော့လို့"

ထိုသို့ပြောတော့ မဒီက

"ကိုးလ် ငါမေးမယ် နင်အမှန်အတိုင်းဖြေ"

"အင်း ဘာမေးမလို့လဲ"

"နင် Rey ကို ကြိုက်နေတယ်မလား"

ကိုးလ်ဘာမှမဖြေခင်မှာ ဆက်က

"ဟာ နင်ကလည်း ပေါက်ကရ ကိုးလ်က ကြိုက်စရာလား"

".............."

ကိုးလ်တစ်ခွန်းမှမဖြေဘဲ မျက်နှာလေးမှိုင်ကျသွားတော့ ဆက်လန့်သွားကာ

"..ကိုးလ် တကယ်ကြီးလား"

"..........."

"ကိုးလ် ငါတို့က နင့်သူငယ်ချင်းတွေလည်း တစ်ခုခုဆိုတာနဲ့ တိုင်ပင်ရမှာပေါ့ ဟုတ်တယ်မလား တစ်ယောက်တည်း မြိုသိပ်ထားတာ မကောင်းဘူးနော်"

"အင်းး ငါသိပါတယ် ဒါပေမယ့် ငါကိုယ့်ဟာကိုယ်တောင် သိပ်မသေချာသေးလို့ပါ"

"အင်း အဲ့တာကတော့ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ရမှာပေါ့ သေချာရင် ငါတို့ကိုပြော ဟုတ်ပြီလား နင်ကဘယ်လိုပဲဖြစ်ဖြစ် အမြဲငါတို့ baby လေးပဲ"

ကိုးလ်က ထိုနှစ်ယောက်ထက် လပိုင်းလောက်ငယ်၍ ပြောလိုက်တော့ ကိုးလ်က ရယ်လာသည်။

"အဲ့လိုလေးပဲနေပါ ကိုးလ်ရဲ့ နင်မှိုင်နေတာ ငါတို့မကြည့်ရက်ဘူး"

"အင်းပါ စားတော့ ပြီးရင် သွားရအောင် class စတော့မယ်"
.
.
.
ကိုးလ်တို့အခန်းထဲပြန်ရောက်တော့ Rey တို့ ရောက်နှင့်နေပြီ
သုတကို ကြည့်လိုက်တော့လည်း တည်တည်ငြိမ်ငြိမ်ထိုင်နေကာ မဒီ့ကိုတွေ့တော့ ပြုံးပြလာသည်။

အင်း Rey နဲ သုတက ဘာမှမဆိုင်လောက်ပါဘူး အပြင်ထွက်စားတာကလည်း တိုက်ဆိုင်တာထင်တယ် ဟုတ်မှာပါ

ကိုးလ်ထိုသို့သာတွေးလိုက်ပြီး ဆက်မတွေးတော့ပဲ ထိုင်ခုံမှာထိုင်လိုက်ကာ project အတွက်ပြန်ကြည့်နေလိုက်သည်။

project ဆိုမှ အရင် project အကြောင်းပြန်တွေးမိသွားသည်။ ထို project မှာ presenter က Rey နဲ့ မဒီ..

Rey ရဲ့ english pronunciation က perfect ဖြစ်လွန်းသည်။ native speaker တွေအတိုင်းပြောနိုင်နေပြီး အသံခပ်သြသြနဲ့ ပေါင်းစပ်လိုက်တော့ စိတ်ဝင်စားဖို့အလွန်ကောင်းကာ ကိုးလ်ပင် မေးထောက်ကာ ကြည့်မိသည်။ ထိုစဥ် သုတဘက်ကိုမျက်လုံးရောက်သွားတော့ သူမကလည်း stage ပေါ်ကို မေးထောက်ကာ ပြုံးရိပ်သန်းနေတဲ့မျက်ဝန်းများနဲ့ ကြည့်နေခဲ့သည်မှာ ဘေးလူများပါ မြင်နိုင်သည်အထိ.....

ဟင်းးးးးး ဆက်မတွေးနဲ့တော့ ကိုးလ် overthinking ဖြစ်တာ မကောင်းဘူး လုံးဝပဲ

ထို့နောက်ဆရာမဝင်လာ၍အတွေးပြတ်သွားရသည်။
.
.
.
နောက်တစ်ရက် မနက်ခင်း class မစခင် သုတ မဒီ့ဆီ လျှောက်လာကာ မဒီ့ဘေးက ကျောင်းသူလေးအား

"ဟိုင်း အတန်းဖော် မင်း ကိုယ်နဲ့နေရာလဲပေးလို့ရမလား ကိုယ်ထိုင်တာ ဒုတိယတန်းမှာ"

"အာ. ရပါတယ်"

ထိုကျောင်းသူလေးက မဒီနဲ့လည်း သိပ်မရင်းနီးတာမို့ အလွယ်တကူ နေရာလဲပေးလာသည်။

"သဒ္ဒါ ဘာလို့လဲ ရှေ့တန်းတွေက whiteboard ကို
ပိုတောင်မြင်ရတဲ့ဟာကို"

"အဟမ်း ဇက်နာလို့"

"ဟမ် ဇက်ကဘာလို့နာတာ"

"whiteboard နဲ့ အရမ်းနီးတော့လေ"

"အော်"

မဒီထိုသို့သာပြောနိုင်တော့သည်။ အမှန်ဆို စာသင်ခန်းတွေက ကျယ်ပြီး ဒုတိယတန်းကနေဆိုလျှင် whiteboard နဲ့ ၁၂ ပေလောက်ဝေးသည်မို့...

ထားပါ သူလည်း ကိစ္စရှိလို့နေမှာပေါ့
.
.
.
ကိုးလ် ဒီနေ့စိတ်ကြည်နေသည်။ Rey က lunch ကို အပြင်ထွက်မစားပဲ canteen ၌ သူတို့နှင့်သာစားသည်။ သုတကတော့ အပြင်ထွက်စားသည်။

ကိုးလ် Rey နှင့်အတူ lunch စားရသော်လည်း သိပ်မစားနိုင်။ Rey ကို ထိုင်ကြည့်နေသည်မှာ အစားအသောက်တွေက ဘောင်မဝင်တော့သည့်အလား...

"အဟမ်း ကိုးလ် ငါ့ကောင်ရေ စားပါဦးဟ ငါတောင် မင်းကိုကြည့်ပြီး မြိုမကျတော့ဘူး"

"အေးပါ ငါစားနေတာပဲကို"

ထို့နောက် Rey က စားလို့ပြီးတော့

"ငါသွားတော့မယ် စားလို့ပြီးပြီ"

ထိုသို့ဆိုကာ ထွက်သွားတော့ ကိုးလ်ကလည်း အနော​က်လိုက်ရန်အလုပ် မဒီက ကိုးလ်လက်ကို လှမ်းဆွဲထားကာ

"ကိုးလ် နေအုံး နင်သေချာသွားပြီလား"

ထိုသို့မေးလိုက်တော့ ကိုးလ်မျက်နှာရဲရဲနှင့်

"အင်း ငါသူ့ကိုကြိုက်တယ်"

"ဟုတ်ပြီ အဲ့တာဆို နင်ဘာဆက်လုပ်မှာလဲ"

"ဟမ် ဘာဆက်လုပ်ရမှာလဲ ဒီတိုင်းပဲလေ"

"ဟဲ့ နင်ပဲ ကြိုက်တယ်ဆို လိုက်လေ"

"ဟာနင်ကလည်း မလိုက်ချင်ပါဘူး ပြောလည်းမပြောချင်ဘူး"

"ဘာလဲနင်က တစ်သက်လုံး မပြောဘဲ ဘေးနားကနေပဲ ထိုင်ကြည့်နေတော့မှာပေါ့ ဟုတ်လား"

"မရဘူးလား အဲ့လို"

ကိုးလ်က အူကြောင်ကြောင်နဲ့ ပြောလိုက်တော့ မဒီစိတ်မရှည်ဖြစ်လာကာ

ဖြန်း!

ကိုးလ်အား ရိုက်လိုက်တော့သည်။

"အား နာတယ်ဟ"

"ဟင်း နင်ကလည်း ကြိုက်ရင်လိုက်လေဟာ ငါအသည်းယားလာပြီ ပြောရဆိုရခက်တယ်နော်"

"............"

ကိုးလ်ဘာမှပြန်မဖြေတော့ ဆက်က

"မယ်မင်းကြီးမရေ ကိုးလ်က introvert လေ မေ့နေပြီလား
နင်မြင်ဖူးတဲ့ introvert ဘယ်နှယောက်က ကြိုက်တဲ့သူကို ပေါ်တင်လိုက်ဖူးလို့လဲ"

"ဟင်း အဲ့တာလည်း ဟုတ်တာပဲ ငါစိတ်ညစ်တယ်နော်..."

"ငါကဒီတိုင်း သဘောပဲကျနေချင်တာ သူမသိလည်းဖြစ်ပါတယ်"

"မရပါဘူး ငါတို့သူငယ်ချင်းကို အဲ့လိုမဖြစ်စေချင်ဘူး နင့်ဆုံးဖြတ်ချက်ကို လေးစားပေမယ့် ကြိုးစားကြည့်တာအရှုံးမရှိဘူးလေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ခံစားချက်ကို သူသိသွားတာပေါ့"

"ငါကဘယ်ကနေဘယ်လို စလုပ်ရမှာလဲ"

"နေအုံးငါစဥ်းစားအုံးမယ်....................... အိုကေ သိပြီ လောလောဆယ်တော့ သူမသိအောင်လိုက် နောက်ကျမှ.."

မဒီ့စကားမဆုံးသေး ဆက်က

"ဟဲ့ မသိအောင်ဘယ်လိုလိုက်မှာတုန်း နင်ကလည်း ပြောလိုက်ရင် အဆန်းကြီးပဲ"

"မဟုတ်ဘူးလေဟာ ပြောတာဆုံးအောင်နားထောင် ဒီလိုဟာ အစောပိုင်း သူမသိအောင် သူ့စားပွဲပေါ်မှာ မုန့်ဖြစ်ဖြစ်တစ်ခုခု သွားထား အစပိုင်းတော့ ယူချင်မှယူလိမ့်မယ် ဒါပေမယ့် နောက်ပိုင်းကျရင် သူသတိထားမိလာမှာပဲ အဲ့ကျမှ အခြေအနေကြည့်ပြီး ပြောလိုက်"

"သူသတိမထားမိရင်ရော"

"အဲ့တာဆိုလည်း ပြောလိုက်ဟာ ဘာမှမဖြစ်ပါဘူး ဒါပေမယ့် အရင်စမ်းကြည့်လိုက်ပါ သေချာပေါက်သတိထားမိလိမ့်မယ် ဒါပေမယ့် နင်ပေးတဲ့ပစ္စည်းတွေပေါ်မှာ သင်္ကေတတစ်ခုခုတော့ အမြဲပါပစေ အဲ့တာဆို 90 percent သေချာတယ်"

"ဖြစ်ပါ့မလား"

"ဖြစ်တာပေါ့"

"အင်းပါ.."

"မနက်ဖြန်နင် သူ့ကို ဘာပေးမလဲ စဥ်းစားပြီး ယူလာခဲ့ ငါနဲ့ ဆက် ကူညီပေးမယ်"

"အင်းအင်း"
...................................................................................




Zawgyi>>>

တစ္ပတ္ဆိုတဲ့အခ်ိန္က ခဏတာအတြင္းကုန္သြားသည္။ Rey နဲ႕ သုတတို႔ႏွစ္ေယာက္လည္း ကိုးလ္တို႔သုံးေယာက္နဲ႕ ရင္းႏွီးလာေပမယ့္ ေန႕လည္စာကိုေတာ့ အၿမဲအျပင္ထြက္စားေနဆဲ.... တစ္ပတ္အတြင္း ကိုးလ္ ထိုႏွစ္ေယာက္အား အာ႐ုံစိုက္ေနမိသည္။

"ကိုးလ္ ဘာျဖစ္လို႔လဲ စားလို႔မေကာင္းဘူးလား"

ဗိုက္ဆာေနၿပီဟု ေျပာခဲ့ေသာ ကိုးလ္မွာ ယခုအခ်ိန္တြင္ေတာ့ ဟုတ္တိပတ္တိမစား၍ ဆက္ေမးလိုက္ေတာ့ မဒီကပါ ၾကည့္လာသည္။

"အာ ေကာင္းပါတယ္ ႐ုတ္တရက္ႀကီး မစားခ်င္ေတာ့လို႔"

ထိုသို႔ေျပာေတာ့ မဒီက

"ကိုးလ္ ငါေမးမယ္ နင္အမွန္အတိုင္းေျဖ"

"အင္း ဘာေမးမလို႔လဲ"

"နင္ Rey ကို ႀကိဳက္ေနတယ္မလား"

ကိုးလ္ဘာမွမေျဖခင္မွာ ဆက္က

"ဟာ နင္ကလည္း ေပါက္ကရ ကိုးလ္က ႀကိဳက္စရာလား"

".............."

ကိုးလ္တစ္ခြန္းမွမေျဖဘဲ မ်က္ႏွာေလးမွိုင္က်သြားေတာ့ ဆက္လန့္သြားကာ

"..ကိုးလ္ တကယ္ႀကီးလား"

"..........."

"ကိုးလ္ ငါတို႔က နင့္သူငယ္ခ်င္းေတြလည္း တစ္ခုခုဆိုတာနဲ႕ တိုင္ပင္ရမွာေပါ့ ဟုတ္တယ္မလား တစ္ေယာက္တည္း ၿမိဳသိပ္ထားတာ မေကာင္းဘူးေနာ္"

"အင္းး ငါသိပါတယ္ ဒါေပမယ့္ ငါကိုယ့္ဟာကိုယ္ေတာင္ သိပ္မေသခ်ာေသးလို႔ပါ"

"အင္း အဲ့တာကေတာ့ ကိုယ့္ဟာကိုယ္ပဲ ဆန္းစစ္ရမွာေပါ့ ေသခ်ာရင္ ငါတို႔ကိုေျပာ ဟုတ္ၿပီလား နင္ကဘယ္လိုပဲျဖစ္ျဖစ္ အၿမဲငါတို႔ baby ေလးပဲ"

ကိုးလ္က ထိုႏွစ္ေယာက္ထက္ လပိုင္းေလာက္ငယ္၍ ေျပာလိုက္ေတာ့ ကိုးလ္က ရယ္လာသည္။

"အဲ့လိုေလးပဲေနပါ ကိုးလ္ရဲ႕ နင္မွိုင္ေနတာ ငါတို႔မၾကည့္ရက္ဘူး"

"အင္းပါ စားေတာ့ ၿပီးရင္ သြားရေအာင္ class စေတာ့မယ္"
.
.
.
ကိုးလ္တို႔အခန္းထဲျပန္ေရာက္ေတာ့ Rey တို႔ ေရာက္ႏွင့္ေနၿပီ
သုတကို ၾကည့္လိုက္ေတာ့လည္း တည္တည္ၿငိမ္ၿငိမ္ထိုင္ေနကာ မဒီ့ကိုေတြ႕ေတာ့ ၿပဳံးျပလာသည္။

အင္း Rey နဲ သုတက ဘာမွမဆိုင္ေလာက္ပါဘူး အျပင္ထြက္စားတာကလည္း တိုက္ဆိုင္တာထင္တယ္ ဟုတ္မွာပါ

ကိုးလ္ထိုသို႔သာေတြးလိုက္ၿပီး ဆက္မေတြးေတာ့ပဲ ထိုင္ခုံမွာထိုင္လိုက္ကာ project အတြက္ျပန္ၾကည့္ေနလိုက္သည္။

project ဆိုမွ အရင္ project အေၾကာင္းျပန္ေတြးမိသြားသည္။ ထို project မွာ presenter က Rey နဲ႕ မဒီ..

Rey ရဲ႕ english pronunciation က perfect ျဖစ္လြန္းသည္။ native speaker ေတြအတိုင္းေျပာနိုင္ေနၿပီး အသံခပ္ၾသၾသနဲ႕ ေပါင္းစပ္လိုက္ေတာ့ စိတ္ဝင္စားဖို႔အလြန္ေကာင္းကာ ကိုးလ္ပင္ ေမးေထာက္ကာ ၾကည့္မိသည္။ ထိုစဥ္ သုတဘက္ကိုမ်က္လုံးေရာက္သြားေတာ့ သူမကလည္း stage ေပၚကို ေမးေထာက္ကာ ၿပဳံးရိပ္သန္းေနတဲ့မ်က္ဝန္းမ်ားနဲ႕ ၾကည့္ေနခဲ့သည္မွာ ေဘးလူမ်ားပါ ျမင္နိုင္သည္အထိ.....

ဟင္းးးးးး ဆက္မေတြးနဲ႕ေတာ့ ကိုးလ္ overthinking ျဖစ္တာ မေကာင္းဘူး လုံးဝပဲ

ထို႔ေနာက္ဆရာမဝင္လာ၍အေတြးျပတ္သြားရသည္။
.
.
.
ေနာက္တစ္ရက္ မနက္ခင္း class မစခင္ သုတ မဒီ့ဆီ ေလွ်ာက္လာကာ မဒီ့ေဘးက ေက်ာင္းသူေလးအား

"ဟိုင္း အတန္းေဖာ္ မင္း ကိုယ္နဲ႕ေနရာလဲေပးလို႔ရမလား ကိုယ္ထိုင္တာ ဒုတိယတန္းမွာ"

"အာ. ရပါတယ္"

ထိုေက်ာင္းသူေလးက မဒီနဲ႕လည္း သိပ္မရင္းနီးတာမို႔ အလြယ္တကူ ေနရာလဲေပးလာသည္။

"သဒ္ဒါ ဘာလို႔လဲ ေရွ႕တန္းေတြက whiteboard ကို
ပိုေတာင္ျမင္ရတဲ့ဟာကို"

"အဟမ္း ဇက္နာလို႔"

"ဟမ္ ဇက္ကဘာလို႔နာတာ"

"whiteboard နဲ႕ အရမ္းနီးေတာ့ေလ"

"ေအာ္"

မဒီထိုသို႔သာေျပာနိုင္ေတာ့သည္။ အမွန္ဆို စာသင္ခန္းေတြက က်ယ္ၿပီး ဒုတိယတန္းကေနဆိုလွ်င္ whiteboard နဲ႕ ၁၂ ေပေလာက္ေဝးသည္မို႔...

ထားပါ သူလည္း ကိစၥရွိလို႔ေနမွာေပါ့
.
.
.
ကိုးလ္ ဒီေန႕စိတ္ၾကည္ေနသည္။ Rey က lunch ကို အျပင္ထြက္မစားပဲ canteen ၌ သူတို႔ႏွင့္သာစားသည္။ သုတကေတာ့ အျပင္ထြက္စားသည္။

ကိုးလ္ Rey ႏွင့္အတူ lunch စားရေသာ္လည္း သိပ္မစားနိုင္။ Rey ကို ထိုင္ၾကည့္ေနသည္မွာ အစားအေသာက္ေတြက ေဘာင္မဝင္ေတာ့သည့္အလား...

"အဟမ္း ကိုးလ္ ငါ့ေကာင္ေရ စားပါဦးဟ ငါေတာင္ မင္းကိုၾကည့္ၿပီး ၿမိဳမက်ေတာ့ဘူး"

"ေအးပါ ငါစားေနတာပဲကို"

ထို႔ေနာက္ Rey က စားလို႔ၿပီးေတာ့

"ငါသြားေတာ့မယ္ စားလို႔ၿပီးၿပီ"

ထိုသို႔ဆိုကာ ထြက္သြားေတာ့ ကိုးလ္ကလည္း အေနာက္လိုက္ရန္အလုပ္ မဒီက ကိုးလ္လက္ကို လွမ္းဆြဲထားကာ

"ကိုးလ္ ေနအုံး နင္ေသခ်ာသြားၿပီလား"

ထိုသို႔ေမးလိုက္ေတာ့ ကိုးလ္မ်က္ႏွာရဲရဲႏွင့္

"အင္း ငါသူ႕ကိုႀကိဳက္တယ္"

"ဟုတ္ၿပီ အဲ့တာဆို နင္ဘာဆက္လုပ္မွာလဲ"

"ဟမ္ ဘာဆက္လုပ္ရမွာလဲ ဒီတိုင္းပဲေလ"

"ဟဲ့ နင္ပဲ ႀကိဳက္တယ္ဆို လိုက္ေလ"

"ဟာနင္ကလည္း မလိုက္ခ်င္ပါဘူး ေျပာလည္းမေျပာခ်င္ဘူး"

"ဘာလဲနင္က တစ္သက္လုံး မေျပာဘဲ ေဘးနားကေနပဲ ထိုင္ၾကည့္ေနေတာ့မွာေပါ့ ဟုတ္လား"

"မရဘူးလား အဲ့လို"

ကိုးလ္က အူေၾကာင္ေၾကာင္နဲ႕ ေျပာလိုက္ေတာ့ မဒီစိတ္မရွည္ျဖစ္လာကာ

ျဖန္း!

ကိုးလ္အား ရိုက္လိုက္ေတာ့သည္။

"အား နာတယ္ဟ"

"ဟင္း နင္ကလည္း ႀကိဳက္ရင္လိုက္ေလဟာ ငါအသည္းယားလာၿပီ ေျပာရဆိုရခက္တယ္ေနာ္"

"............"

ကိုးလ္ဘာမွျပန္မေျဖေတာ့ ဆက္က

"မယ္မင္းႀကီးမေရ ကိုးလ္က introvert ေလ ေမ့ေနၿပီလား
နင္ျမင္ဖူးတဲ့ introvert ဘယ္ႏွေယာက္က ႀကိဳက္တဲ့သူကို ေပၚတင္လိုက္ဖူးလို႔လဲ"

"ဟင္း အဲ့တာလည္း ဟုတ္တာပဲ ငါစိတ္ညစ္တယ္ေနာ္..."

"ငါကဒီတိုင္း သေဘာပဲက်ေနခ်င္တာ သူမသိလည္းျဖစ္ပါတယ္"

"မရပါဘူး ငါတို႔သူငယ္ခ်င္းကို အဲ့လိုမျဖစ္ေစခ်င္ဘူး နင့္ဆုံးျဖတ္ခ်က္ကို ေလးစားေပမယ့္ ႀကိဳးစားၾကည့္တာအရႈံးမရွိဘူးေလ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ခံစားခ်က္ကို သူသိသြားတာေပါ့"

"ငါကဘယ္ကေနဘယ္လို စလုပ္ရမွာလဲ"

"ေနအုံးငါစဥ္းစားအုံးမယ္....................... အိုေက သိၿပီ ေလာေလာဆယ္ေတာ့ သူမသိေအာင္လိုက္ ေနာက္က်မွ.."

မဒီ့စကားမဆုံးေသး ဆက္က

"ဟဲ့ မသိေအာင္ဘယ္လိုလိုက္မွာတုန္း နင္ကလည္း ေျပာလိုက္ရင္ အဆန္းႀကီးပဲ"

"မဟုတ္ဘူးေလဟာ ေျပာတာဆုံးေအာင္နားေထာင္ ဒီလိုဟာ အေစာပိုင္း သူမသိေအာင္ သူ႕စားပြဲေပၚမွာ မုန့္ျဖစ္ျဖစ္တစ္ခုခု သြားထား အစပိုင္းေတာ့ ယူခ်င္မွယူလိမ့္မယ္ ဒါေပမယ့္ ေနာက္ပိုင္းက်ရင္ သူသတိထားမိလာမွာပဲ အဲ့က်မွ အေျခအေနၾကည့္ၿပီး ေျပာလိုက္"

"သူသတိမထားမိရင္ေရာ"

"အဲ့တာဆိုလည္း ေျပာလိုက္ဟာ ဘာမွမျဖစ္ပါဘူး ဒါေပမယ့္ အရင္စမ္းၾကည့္လိုက္ပါ ေသခ်ာေပါက္သတိထားမိလိမ့္မယ္ ဒါေပမယ့္ နင္ေပးတဲ့ပစၥည္းေတြေပၚမွာ သေကၤတတစ္ခုခုေတာ့ အၿမဲပါပေစ အဲ့တာဆို 90 percent ေသခ်ာတယ္"

"ျဖစ္ပါ့မလား"

"ျဖစ္တာေပါ့"

"အင္းပါ.."

"မနက္ျဖန္နင္ သူ႕ကို ဘာေပးမလဲ စဥ္းစားၿပီး ယူလာခဲ့ ငါနဲ႕ ဆက္ ကူညီေပးမယ္"

"အင္းအင္း"
...................................................................................

Continue Reading

You'll Also Like

20.8K 429 8
မုိင္ေတြမ်ားစြာ ကြာေဝးတ့ဲ ဟုိး..အေဝးႀကီးက လမင္းႀကီးရယ္ ေငးၾကည့္ျခင္းန႔ဲ ေနသားတက်ျဖစ္ေနတ့ဲ လူငယ္ေလးတစ္ေယာက္ရယ္ နားဆင္သူမ့ဲတ့ဲ ရင္ဖြင့္သံေတြရယ္ သိပ္ခ်စ...
10.7M 331K 34
As an Omega, the lowest-rank werewolf in any pack, Claire is confident her smoking hot Alpha can't be her mate. But she's wrong -- not just about him...
49.3K 6.6K 55
"ඒයි ඇටිකිච්ච ඔහොම ඉන්නවා" "නේත්‍ර, නේත්‍ර... මගේ නම නේත්‍ර" "මොකද උඹේ කට ඔච්චර සද්දෙ, මට ඔය වයසට වඩා උඩ පනින්න දඟලන ඇටි කිච්චන්ව පේන්න බෑ. ඒ නිසා මට...
56.4K 1.2K 26
.. a story, of a girl who has a condition that could change her life for the greater good. Loni has a medical condition that stopped her from develop...