《Wolf pair》- ဘာသာပြန်

By wishywish0805

43.5K 7.1K 523

Lang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe More

Intro
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84

Chapter - 77

600 123 14
By wishywish0805

Chapter ● 77 ●

ပျန်းနမ် ဤကဲ့သို့ မြေကြီးပေါ် ဒူးထောက်လျက်သားဖြင့် မျက်ဝန်းတွေကို ချိုးယိ၏ပခုံးပေါ် အပ်လျက် မိနစ်အနည်းငယ် ငိုကြွေးနေခဲ့သည်။ ချိုးယိလည်း တုပ်တုပ်မလှုပ်ဘဲ ငြိမ်ပေးနေခဲ့သလို စကားလည်း မပြောချေ။ လက်ကသာ သူ့ပခုံးကို ခပ်ဖွဖွပုတ်ပေးနေသည်။

"ဟမ်း ..."

ပျန်းနမ်တစ်ယောက် ငို၍ဝသွားသည့်အချိန်တွင် ရင်ဝ၌ ဆို့တစ်ပိတ်ကျပ်နေသောခံစားချက်တို့လည်း များစွာ လျော့ပါးသက်သာသွားခဲ့သည်။ သူသည် မျက်နှာကို နှစ်ချက်လောက် ဖြစ်သလို ပွတ်သပ်လိုက်ပြီး အံကြိတ်၍ ဒူးခေါင်းကို အားပြုထောက်ကာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ရင်း -

"ဒူးထောက်လိုက်တာ နာတာရှည်ဒူးနာရောဂါတောင် ရတော့မယ်"

"မင့်ဟာက ဒူးထောက်လို့ မဟုတ်ပါဘူး။ တစ်ညလုံး လေတိုက်ခံထားလို့ ဖြစ်တာနေမှာ"

ချိုးယိလည်း မတ်တတ်ရပ်လိုက်ပြီး ရယ်လိုက်သည်။

ပျန်းနမ် တန့်သွားခဲ့ကာ မျက်လွှာကိုပင့်၍ သူ့အား ကြည့်လိုက်ပြီး -

"ငါလူး မင်းဘယ်လိုသိတုန်း"

"နည်းနည်းပါးပါး စဥ်းစားလိုက်ရုံနဲ့ သိတယ်လေ"

ချိုးယိက သူ့ လက်မောင်းကို ပုတ်ပေးလိုက်ရင်း -

"ဒီအမူအရာ၊ ဒီအချိန်၊ ဒီနေရာ ......"

ပျန်းနမ် နှုတ်ခမ်းကို ဘေးနှစ်ဖက်ဆန့်၍ ရယ်လိုက်ကာ -

"အဲဒါလဲ ဟုတ်ပါတယ်လေ"

"အရင်ဆုံး တစ်ခုခု သွားစားရအောင်"

ချိုးယိက သူ့ပခုံးကို ဖက်ထားလျက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ -

"ငါ ဖြတ်လာတုန်းက ဟိုဘက်နားမှာ မနက်စာဆိုင်တစ်ဆိုင် တွေ့ခဲ့တယ်။ လူမများဘူး"

"အင်း"

ပျန်းနမ် မျက်နှာကို သပ်ပြန်လိုက်၏။ ယခုလောလောဆယ်တွင် သူ ဗိုက်တင်းခြင်း ဗိုက်ဆာခြင်း ခံစားချက်များ လုံးဝမရှိချေ။ အေးသလား မအေးသလားကိုလည်း မသိချေ။ ကိုယ်ပေါ်က ရှိသမျှ ခံစားနိုင်သည့်အာရုံကြောများဟာလည်း ဒီတစ်ညလုံး ကုန်လွန်သွားပြီးနောက် ငုပ်မြုံကုန်သွားဟန်တူသည်။

မနက်စာဆိုင်လေးထဲတွင် လူသိပ်မများချေ။ နှစ်ယောက်သား နံရံနှင့်ကပ်နေသော ဝိုင်းတစ်ဝိုင်း ရှာပြီး ပျန်းနမ် ဝင်ထိုင်လိုက်သည်။

"ဘာစားချင်လဲ"

ချိုးယိ သူ့ကို မေးကာ အစားအသောက်များ သွားယူဖို့ ပြင်သည်။

"မသိဘူး။ မင်းစားတဲ့ဟာကိုပဲ နှစ်ပွဲစာ ယူလာခဲ့လိုက်"

ပျန်းနမ်‌ ပြောသည်။

"ဟုတ်ပါပြီ"

ချိုးယိက သူ့ခေါင်းကို နှစ်ချက်လောက် ဖွလိုက်ပြီး လှည့်ထွက်သွားသည်။

ဆိုင်ထဲတွင် အတော်လေး နွေးထွေးနေသည်။ သူတို့ရွေးလိုက်သည့်စားပွဲမှာ ဆိုင်တံခါးဝရှိ ပန်ကိတ်လုပ်သည့်မီးဖိုကြီးနှင့် တော်တော်နီးသည်ဖြစ်ရာ ရေခဲတုံးလို တစ်ညလုံး အေးခဲနေခဲ့သည့် ပျန်းနမ်၏ခန္ဓာကိုယ်လည်း နည်းနည်းချင်းစီ အရည်ပျော်လာသလိုပင်။

ကိုယ်ပေါ်က အနေရခက်နေသော အာရုံခံစားမှုများသည်လည်း နည်းနည်းချင်းစီ ပြတ်သားသိသာလာသည်။ ဒူးခေါင်းက ထုံကျဥ်နေပြီး ခြေထောက်လည်း ညောင်းညာနေသည်။ ခါးကတောင် တောင့်တင်းနေပြီး ပျန်းရှင်းယွီ၏လက်သည်းနှင့် ခြစ်မိခဲ့သော လည်ပင်းပေါ်က နေရာတွင်လည်း အနည်းငယ် စပ်ဖျင်းဖျင်းဖြင့် နာလာသည်။ မျက်နှာပေါ်တွင် ...... မျက်နှာပေါ်မှာတော့ ဘာမှခံစားချက်ကြီးကြီးမားမားမှ မရှိပေ။ မျက်နှာရဲ့တစ်ခြမ်းလောက်က ထုံနေသလိုတော့ ခံစားရသည်။

အရိုက်ခံလိုက်ရတာ ကိုယ်တစ်ခြမ်း သေသွားတာလား ......

ချိုးယိက ဂျုံမုန့်၊ ပေါက်စီ၊ အီကြာကွေး၊ တို့ဖူးနောင်း၊ နွားနို့နှင့်ဖျော်ထားသော ပဲနို့ အစသဖြင့် အစားအသောက် စုံလင်စွာ ယူလာပြီး စားပွဲပေါ် တင်လိုက်သည်။

"မင်း ဒီလောက်တောင် ဗိုက်ဆာနေတာလား"

ပျန်းနမ် ရယ်ပြီးမေးသည်။

"မင်း စား။ စားလို့မကုန်ရင် ပါဆယ်ပြန်ထုပ်သွားလို့ရတာပဲ"

ချိုးယိက သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"ချိုးယိ"

ပျန်းနမ်သည် အီကြာကွေးတစ်ချောင်း ယူပြီး လက်ထဲတွင် ကိုင်ထားရင်း -

"မနေ့ညတုန်းက ......"

"အစား အရင်စားလိုက်"

ချိုးယိ၏အသံက အလွန်တိုးဖျော့ကာ -

"စားပြီးမှ ပြောကြမယ်။ ငါ ခဏနေကျရင် ဖုန်းဆက်ပြီး မနက်ပိုင်းဂိုက်အချိန် ဖျက်လိုက်မယ်။ အချိန်ရှိတယ်။ မလောဘူး"

"ဟင့်အင်း။ မဖျက်နဲ့"

ပျန်းနမ် ခေါင်းငုံ့ကာ အီကြာကွေးကို တစ်ကိုက်ကိုက်လိုက်ပြီး -

"မင်းဘာသာမင်း စာသင်စရာရှိတာ သွားသင်။ ငါ ခဏနေ အလုပ်သွားမှာ"

"ဟင်"

ချိုးယိ ကြောင်သွားသည်။

"ကြီးကြီးကျယ်ကျယ်ပြဿနာမှ မဟုတ်တာ။ မလိုဘူး"

ပျန်းနမ် ပဲနို့တစ်ငုံ သောက်လိုက်ပြန်သည်။

"သေချာလား"

ချိုးယိ သူ့ကို ကြည့်နေသည်။

"အင်း"

ပျန်းနမ် ခေါင်းညိတ်ပြလိုက်သည်။

သူ ဘာကြောင့် ဒီလိုလုပ်မိနေသလဲဆိုတာ ပျန်းနမ် သေချာမသိပါ။ စိတ်မာကြောင်း သန်မာကြောင်းကို ဟန်လုပ်ပြီး ကြွားတာမတော့ဟုတ်ပါ။ သို့သော်ငြား ချိုးယိကို စိတ်မပူစေချင်၍လည်း မဟုတ်နေပြန်ချေ။ သူ့ကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း သူ့အဖေကို သိမြင်စေချင်၍လည်း မဟုတ်လောက်ပါ။ ...... အဖြစ်နိုင်ဆုံးကတော့ တစ်ခုခုမလုပ်စရာမရှိဘဲ အားအားလပ်လပ် မနေရဲ၍ကြောင့် ဖြစ်ပါလိမ့်မည်။

ချိုးယိနှင့် အတူတူအချိန်ဖြုန်းရမည်ဆိုလျှင်တောင် သူ မနေဝံ့ပါ။ အားလပ်နေလျှင် သူ့စိတ်ထဲ ရတက်မအေးဖြစ်မှာကို စိုး၍ ဖြစ်သည်။

မနေ့ညတုန်းက အိမ်ကနေ ထိုသို့ ပြေးထွက်လာခဲ့ပြီးနောက် အိမ်တွင် ယခု ဘယ်လိုအခြေအနေဖြစ်နေမလဲဆိုတာတောင် သူ မသိနေချေ။ အိမ်ပြန်သွားလျှင် ဘာကို ရင်ဆိုင်ရမလဲဆိုတာလည်း သူ များများစားစား မတွေးရဲပေ။

အချုပ်အားဖြင့်ဆိုရလျှင် ယခုကိစ္စမတိုင်ခင်က ဖြတ်သန်းနေထိုင်နေသည့် ဘဝစည်းချက်အတိုင်းဖြစ်အောင် ကြိုးစား၍ ထိန်းညှိကာ မဆိုစလောက်လေးသော တည်ငြိမ်သည့်စိတ်လုံခြုံမှုကို ဖမ်းဆုပ်ထားခြင်းသာ။

ဤစိတ်လုံခြုံမှုထဲတွင် သူ့နေ့စဥ်အလုပ်ဖြစ်သော တင်းနစ်ကလပ်နှင့် သူ့ကို နေ့စဥ်နှုတ်ဆက်သော ချိုးယိတို့ ပါဝင်သည်။

ပျန်းနမ် ခေါင်းငုံ့လျက် မနက်စာကို များစွာ စားလိုက်သည်။ တို့ဟူးနောင်းတစ်ပန်းကန်နှင့် နွားနို့တစ်ခွက်လည်း ထပ်တိုးလိုက်သေးကာ နောက်ဆုံးမတော့ လေချဥ်တက်လိုက်သည်။

"လခွမ်း။ စားတာများသွားပြီထင်တယ်"

ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်သည်။

"မင်းအဖေ မင်းကို ထိုးလိုက်တာလား"

ချိုးယိက လက်ထဲတွင် အီကြာကွေးကိုင်ထားကာ အစမှအဆုံးအထိ တစ်ကိုက်သာ ကိုက်ထားသည်။

"အင်း"

ပျန်းနမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ -

"ပွက်လောကို ရိုက်သွားတာပဲ။ ပျန်းရှင်းယွီက ချစ်သူများနေ့ကတည်းက စိတ်မကြည်နေဘူးမလား။ သူ့အစ်ကိုရဲ့ လူကိုနှစ်သိမ့်တဲ့စွမ်းရည်ကလဲ ညံ့လွန်းလို့။ မင်းနဲ့ငါ ချစ်သူများနေ့မှာ သွားလည်တာကို ဥပမာ သွားပေးတာလေ ...... ရလဒ်ကတော့ ပျန်းရှင်းယွီ သူ့ဘာသာသူ မှန်းလို့ရသွားတာ"

"ပြီးတော့ရော"

ချိုးယိ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"ပြီးတော့ ငါ ဝန်ခံလိုက်တယ်လေ။ အပြစ်တင် အကြိမ်းမောင်းခံလိုက်ရတယ်ပေါ့။ ပျန်းနမ် နင်က နင့်အမေလိုပဲ ......"

ပျန်းနမ် ရယ်လိုက်ပြီး စားပွဲပေါ်တင်ထားသည့်လက်နှစ်ဖက်ကိုလည်း အတူတကွ ဆုပ်ကိုင်ဖျစ်ညှစ်လိုက်ကာ -

"ငါ့အဖေ ငါ့ကို ပါးတစ်ချက် လွှဲရိုက်လိုက်တယ်။ ပြီးတော့ ငါ ထွက်လာခဲ့တယ်။ အခု ဘယ်လိုဖြစ်နေမလဲဆိုတာ မသိဘူး"

"မင်း ဒီကို ပြေးလာပြီး ဘာလာလုပ်တာလဲ"

ချိုးယိက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းများကို ညှစ်ကာ တစ်ချောင်းနှင့်တစ်ချောင်း တင်းနေအောင် ဆုပ်ထားသော လက်ချောင်းများကို ဖြေပေးလိုက်၏။

"မသိဘူး။ စိတ်လွတ်ကိုယ်လွတ်နဲ့ ထွက်လာတာ ဒီကို ရောက်လာပြီး တစ်ညလုံး ထိုင်ဖြစ်သွားတာပဲ။ ထွက်သွားမယ်လုပ်တော့ ငါ့ ...... အမေနဲ့ ဆုံတယ် ......။ ဒါက မသိစိတ်ကြောင့်လား။ နာကျင်ခံစားရတော့ မအေကို တ,တာလို့ခေါ်မလား"

ပျန်းနမ် အကြံအိုက်စွာ ရယ်နေပြီး အသံလည်း အနည်းငယ် တုန်နေကာ -

"ဒါနဲ့ သူက ငါ့ကို ...... ရွံဖို့ကောင်းတယ်တဲ့"

ချိုးယိ ဘာမှမဆိုဘဲ လက်တွေကိုရုပ်ကာ ပျန်းနမ်၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

"အခုလောလောဆယ် အခြေအနေကတော့ ဒါပဲ။ ကျန်တာတွေကတော့ ငါ ညနေ အလုပ်ဆင်းလို့ အိမ်ပြန်တော့မှ သိတော့မယ်"

ပျန်းနမ် ပြောသည်။

"ညနေကျရင် ငါ မင်းနဲ့ အိမ်လိုက်ပြန်မယ်လေ"

ချိုးယိ သူ့ကို ကြည့်နေရင်း -

"ငါ ......"

"မလိုက်နဲ့"

ပျန်းနမ် ခေါင်းခါပြလိုက်ရင်း -

"အခုတော့ မလိုသေးဘူး။ ငါ အိမ်ပြန်ရင် အခြေအနေကို အကဲခတ်ကြည့်ပြီးတော့မှ ဘယ်လိုလုပ်မလဲ ပြောကြမယ်လေ။ အခု မင်းကို အိမ်ခေါ်သွားရင် မီးလောင်ရာလေပင့်သလို ဖြစ်နေမှာစိုးလို့။ ငါ့အဖေက ငါ ဆန္ဒပြတယ်လို့တောင် ထင်သွားအုံးမှာ"

"အဲဒီလိုလဲ ရတာပဲ"

ချိုးယိ ခဏ စဥ်းစားလိုက်ပြီးနောက် -

"ဟုတ်ပါပြီ။ ဒါနဲ့ ......"

"တစ်ခုခုဆိုရင် မင်းကို ပြောပြရမယ်။ ဟုတ်တယ်မလား။ သိပါပြီ"

ပျန်းနမ် ရယ်လျက် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီးနောက် -

"စကားများလိုက်တာ လွန်ရော"

မနက်စာ စားပြီး၍ ထွက်လာချိန်တွင် ချိုးယိ၏ဂိုက်စာသင်ချိန်နှင့်ပျန်းနမ်၏ရုံးတက်ချိန် နီးနေခဲ့ပြီ။ နောက်မကျစေရန်အတွင် နှစ်ယောက်သား ကိုယ်စီ ကားငှားပြီး ကိုယ့်လမ်းကိုယ်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။

ပျန်းနမ် ကားပေါ်တက်ပြီး ထိုင်လိုက်သည့်အချိန်တွင် လမ်းဘေး၌ ရပ်နေသည့် ချိုးယိကို တစ်ချက် လှမ်းကြည့်လိုက်တော့ အားပြင်းလှသော မသွားရက်ဘဲ နှမြောသည့်ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။ ကားပေါ်ကနေ ခုန်ဆင်း၍ ချိုးယိအား ငါတို့နှစ်ယောက် 'ပျင်းလိုက်တာ'မှာ တစ်နေကုန် သွားခိုနေရအောင်လို့ သွားပြောဖို့ နည်းနည်းသာ လိုတော့သည်။

"ဘာဖြစ်လို့လဲ"

ချိုးယိက ကားပြတင်းပေါက်ဘေးသို့ ရောက်လာ၍ မေးသည်။

"ဘာမှမဟုတ်ပါဘူး"

ပျန်းနမ် ရယ်လိုက်ကာ -

"မင်း ကားမြန်မြန်ငှားတော့"

"အင်း"

ချိုးယိ ခေါင်းညိတ်ကာ ခြေတစ်လှမ်းဆုတ်၍ ထပ်ပြောလာသည်။

"ကလပ်ကိုရောက်ရင် ကုဝေရဲ့ဖုန်းနဲ့ ငါ့ဆီ ဖုန်းဆက်လာခဲ့အုံး။ မဟုတ်ရင် ဒီနေ့ တစ်နေကုန် မင်းဆီ ဆက်သွယ်လို့မရတော့ဘူး"

ပျန်းနမ် အသံထွက်အောင် ရယ်လိုက်ကာ -

"ကောင်းပါပြီ"

"ပြီးတော့ ဆေးဆိုင်ရှာပြီး အအေးမိဆေး ဝယ်သောက်ထားလိုက်"

ချိုးယိ ပြောပြန်သည်။

"ဟမ်း ..."

ပျန်းနမ် လက်ကို ဝှေ့ယမ်းလိုက်သည်။ စောစောတုန်းက ချိုးယိ ဆေးဆိုင် ရှာ၍ ဆေးဝယ်ချင်နေခဲ့သော်လည်း ဝမ်းနည်းစရာကောင်းစွာ ယခုအချိန်တွင် ဆေးဆိုင်များ မဖွင့်ကြသေးရာ -

"သိပါပြီ သိပါပြီ"

"ဟုတ်ပြီ သွားတော့"

ချိုးယိက လူသွားစင်္ကြံပေါ် နောက်ဆုတ်လိုက်ကာ ကားစထွက်သည့်အချိန်တွင် ထပ်၍ အော်ပြောလာပြန်သည်။

"မင်းအဲဒီမျက်နှာကို ဟိုရောက်ရင် တစ်ခုခုလိမ်းလိုက်အုံး"

"ဟေ့ ——"

ပျန်းနမ်က ကားပြတင်းပေါက်နေ ခေါင်းပြူထုတ်လိုက်ကာ -

"သိပါပြီ ဘွားဘွားလေးချိုး"

ကျန်ဖေးကလပ်ရှေ့နား ရောက်သည့်အချိန်တွင် လမ်းဘေး၌ ဆေးဆိုင်တစ်ဆိုင်ရှိတာကို ပျန်းနမ် တွေ့လိုက်ရတော့ ကားဆရာကို ကားအမြန်ရပ်ခိုင်းလိုက်ပြီး အအေးမိဆေးတစ်ဘူး သွားဝယ်လိုက်ကာ အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။

သူကတော့ သူ ဘာမှမဖြစ်ဘူးလို့ ထင်သည်။ အအေးမိလောက်မှာမဟုတ်ပေ။ သို့သော် ကြိုတင်ကာကွယ်ထားဖို့တော့ ဆုံးဖြတ်လိုက်ပါသည်။ ယခုအချိန်တွင် အခြေအနေအားလုံးက ဘာမှန်းမသိဖြစ်နေ၍ ဖျားသွားလျှင် ပြဿနာတက်မည်။

လမ်းတစ်လျှောက်အတိုင်း ခေါင်းငုံ့လျှောက်လာရင်း ကျန်ဖေးအပေါက်ဝသို့ ရောက်သည့်အချိန်တွင် တစ်ယောက်ယောက်က သူ့ကို ခေါ်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်ရာ ရှစ်ကျန်းဖြစ်နေခဲ့၏။

"ရှစ်ကော မင်္ဂလာပါ"

ကျန်ဖေးတွင် အလုပ်လုပ်နေသည့် ဒီတစ်လောအတွင်း သူ ရှစ်ကျန်းနှင့် အတော်အသင့် ရင်းနှီးသွားခဲ့သည်။ ရှစ်ကျန်းဆိုသည့်လူမှာ မရင်းနှီးခင်တုန်းက မျက်နှာတည်ပြီး အေးစက်သည်။ ရင်းနှီးပြီးနောက်တွင် ...... မျက်နှာတည်နေဆဲပင်။ သို့သော် စကားပြောလျှင်တော့ သတိထားပြီး ပြောစရာမလိုတော့ဘဲ များစွာ ပေါ့ပါးသွားသည်။

"မနက်စာ သွားစားဖို့လား"

"စားပြီးပြီ"

ရှစ်ကျန်းက သူ့မျက်နှာနှင့်လည်ပင်းပေါ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားကာ -

"ရန်ဖြစ်ခဲ့တာလား"

"မဟုတ်ပါဘူး"

ပျန်းနမ် သူ့မျက်နှာကို သပ်လိုက်သည်။ ခဏနေလျှင် မှန်ရှာပြီး တစ်ချက်သွားကြည့်ကြည့်ရမည်။ ဘယ်လိုဖြစ်လို့ လူတိုင်းက တစ်ချက်ကြည့်တာနဲ့ အားလုံး သိနေကြတာလဲ။

"ပျန်းနမ်"

ရှစ်ကျန်းမှာ မျက်မှောင်ကြုတ်ထားဆဲဖြစ်ကာ -

"ကျန်ဖေးက ဝန်ထမ်းတွေ ခိုက်ရန်ဖြစ်ပွားတဲ့အခြေအနေ ရှိခဲ့တာကို သိတာနဲ့ တန်းပြီး အလုပ်ထုတ်ပစ်တယ်။ နောက်ဆိုမဖြစ်စေရပါဘူးဆိုတဲ့ အခွင့်အရေးတောင် မပေးတတ်ဘူး"

"အာ တကယ်မဟုတ်ပါဘူး"

ပျန်းနမ် လန့်သွားခဲ့ကာ ရှစ်ကျန်းရှေ့ကို အမြန်တိုးကပ်သွားပြီး -

"ဒါက ...... ကျွန်တော့်အဖေ ရိုက်ခဲ့တာ"

"မင်းအဖေက ... မင်းကို ရိုက်တယ် ဟုတ်လား"

ရှစ်ကျန်း အနည်းငယ် အံ့အားသင့်နေကာ -

"သားရဲ့အသက်အရွယ်ကဖြင့် ဒီလောက်ကြီးနေပြီကို ဆုံးမတာ လက်ပါသေးတယ်လား"

"ဒေါသထွက်လွန်းလို့ပေါ့ဗျာ"

ပျန်းနမ် ပြုံးဖြီးပြလိုက်ရင်း -

"တကယ်ကြီး ရန်ဖြစ်တာ မဟုတ်ရပါဘူး"

"မင်းအဖေ မင်းကို ကုတ်လဲ ကုတ်သေးတာလား"

ရှစ်ကျန်းက သူ့လည်ပင်းကို လက်ညှိုးညွှန်လိုက်ကာ -

"ဘယ်လို တိုက်ကွက်မျိုးလဲ ......"

"လက်သည်းနဲ့ ခြစ်မိတာ။ ရှစ်ကော ထပ်မမေးပါနဲ့တော့လား"

ပျန်းနမ် ခေါင်းငုံ့သွားကာ စိတ်ညစ်ညစ်ဖြင့် -

"တော်တော် စိတ်ညစ်ဖို့ကောင်းတာ"

"ဟုတ်ပါပြီ မမေးတော့ဘူး။ ရန်ဖြစ်တာမဟုတ်ရင် ပြီးရော။ မြန်မြန်ဝင်သွားတော့။ ဒီနေ့ မင်းတို့အတန်းက စောစောရောက်တဲ့သူရှိတယ်။ လေ့တောင်ကျင့်နေပြီ"

ရှစ်ကျန်းပြောသည်။

ပျန်းနမ် ပြေးဝင်သွားကာ အဝတ်လဲခန်းထဲ ဝင်လာခဲ့သည်။ အင်္ကျီလဲသည့်အချိန်တွင် မှန်ကို ဖျတ်ခနဲ ကြည့်လိုက်တော့ မျက်နှာကို အုပ်လျက် ကြက်သေသေသွားသည်။

"လခွမ်း"

သူ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ ဒီလိုမှန်းသာ စောစောကသိလျှင် အလုပ်မလာတော့ဘူး၊ ဒီလောက် မော်ကြွားနေတာ။

သူ့အဖေဆီမှ လက်ဝါးတစ်ချက် အရိုက်ခံလိုက်သည့်နေရာမှာ သိပ်မကြီးပါ။ မျက်နှာတခြမ်းတောင် မပြည့်ပေ။ သို့သော် နီမြန်းရောင်ကိုင်းနေတာတော့ တော်တော်သိသာနေသည်။ လည်ပင်းပေါ်က အနီတောက်တောက် သွေးစွန်းကြောင်းကိုပါ ထည့်ပေါင်းလိုက်သော် ...... ကုန်စုံဆိုင်ပိုင်ရှင်က သူ့ကို မြင်တော့ ဝရမ်းပြေးလို့ မှတ်သွားတာလည်း အဆန်းမဟုတ်တော့ပါ။ ရဲမတိုင်တာကိုပဲ ကျေးဇူးတင်သင့်နေပြီ။

"မင်း ရန်ဖြစ်ခဲ့တာလား"

ကုဝေ အဝတ်လဲခန်းထဲ ဝင်လာပြီး သူ့ကို မြင်တော့ တစ်ခွန်း အော်မေးလာသည်။

"ဟာ မဟုတ်ဘူး မဟုတ်ပါဘူး။ ခုနတုန်းက နည်းပြရှစ်တောင် ကျွန်တော့်ကို မေးနေသေးတယ်။ ကျွန်တော့်အဖေ ထိုးလိုက်တာ ......"

ပျန်းနမ်မှာ ကုဝေ၏မျက်နှာအမူအရာကို မြင်သည်နှင့် ချက်ချင်းပင် စကားတစ်ခွန်း ထပ်ဖြည့်ပြောလေသည်။

"မမေးနဲ့"

"မမေးဘူး"

ကုဝေ ရယ်လိုက်ပြီး -

"နည်းပြနားနေခန်းမှာ ရေခဲတုံးတွေရှိတယ်။ ခဏ ကပ်လိုက်အုံး။ အဆင်မပြေဘူးဆိုရင် ဆေးပေးခန်းမှာ သွားပြလိုက်"

ပျန်းနမ် ဆေးပေးခန်းကိုတော့ မသွားခဲ့ပေ။ နားနေခန်းထဲသွားပြီး ရေခဲသေတ္တာထဲကနေ ရေခဲတုံးအနည်းငယ် ရှာယူ၍ တဘက်တစ်ထည်ယူကာ ထုပ်လိုက်ပြီးနောက် မျက်နှာပေါ်တွင် လှိမ့်ကပ်လိုက်သည်။ နောက်ဆုံးတွင် သူ့အိတ်ထဲကနေ နှာခေါင်းစည်းတစ်ခု ရှာထုတ်ကာ မျက်နှာပေါ် တပ်လိုက်၏။

ကုဝေက သူ့ကို အတော်လေး ဂရုစိုက်ပေးရှာသည်။ ယနေ့တွင် သူ့အား နှာခေါင်းစည်းချွတ်ရန် လိုအပ်သော တင်းနစ်အဖော်ရိုက်ပေးရသည့်အလုပ် မခိုင်းဘဲ ဘောလုံးကျွေး (ဘောလုံးပစ်) သည့်အလုပ်သာ လုပ်ခိုင်းသည်။ ထို့ပြင် တောက်တိုမည်ရ အလုပ်လေးတွေ ပြေးလုပ်ခိုင်းသည်။ ပျန်းနမ် အတော်လေး ကျေးဇူးတင်မိသည်။ ကုဝေ၏ဖုန်းကို ငှားပြီး ချိုးယိကို ဖုန်းဆက်သည့်အချိန်တွင် နောက်ထပ်ရက်အနည်းငယ်ကြာလျှင် ကုဝေ၏ဖုန်းထဲကို ဖုန်းဘေအနည်းငယ် တိတ်တဆိတ် ဖြည့်ပေးဖို့ တွေးလိုက်သည်။

ဒါကို တွေးမိတော့ သူ မျောင်ယွမ်ဆီ ဖုန်းဆက်ပြီး ကုဝေ၏ ကြီးမြတ်လှသော ခင်မင်ရင်းနှီးလိုစိတ်ကို အသိပေးဖို့ အာရုံမစိုက်ရသေးတာကို သတိရသွားသည်။

ဖုန်းဘေအနေဖြင့် ရည်းစားကောင်မလေးတစ်ယောက် လက်ဆောင်ပေး၍ရလျှင်လည်း အကောင်းသား။

ညနေပိုင်းမှာ မျောင်ယွမ်၏အနှီသူငယ်ချင်းမလေးနှစ်ယောက်လည်း တက်နေသော အတန်းတွင် လေ့ကျင့်ပေးရသည်။ ကုဝေမှာ အတော်လေး လေးနက်တည်ကြည်စွာ လေ့ကျင့်သင်ကြားပေးနေ၏။ ပျန်းနမ်က ဘာမှလုပ်စရာမရှိ၍ ဘေးနားတစ်ဖက်တွင် ထိုင်၍ နားထောင်နေသည်။ ခါတိုင်းဆိုလျှင် ကုဝေ သင်ကြားရှင်းပြတာကို ဤမျှအထိ အသေးစိတ် နားထောင်လေ့မရှိပါ။ သို့သော် ဒီနေ့တော့ မတူပေ။ အားလပ်သည်နှင့်တပြိုင်နက် သူ့အတွေးတွေက ချက်ချင်းပင် သပွတ်အူလို ရှုပ်ထွေးကာ ကမောက်ကမ ဖြစ်လာသည်။ ရင်ထဲ ဟာတာတာဖြင့် အနေရခက်သည်။

ယနေ့သည် သူ ကျန်ဖေးတွင် အလုပ်သင် လာလုပ်ပြီးနောက်ပိုင်း စိတ်နှစ်ကိုယ်နှစ် အဖြစ်ဆုံးသော ရက်တစ်ရက်ပင် ဖြစ်တော့သည်။

ညနေ ရုံးဆင်းချိန် ရောက်ခါနီးတွင်တော့ ပျန်းနမ် အချိန်ကိုတောင် မကြည့်ရဲတော့ချေ။ ကုဝေ၏ဖုန်းက ထိုင်ခုံပေါ်မှာလေးတင် တင်ထားသော်ငြား သူ ယူပြီး အချိန်ကြည့်ကြည့်ဖို့ မဝံ့ရဲပေ။

အလုပ်ဆင်းသည်နှင့် အိမ်ပြန်ရမည်။ ထို့ပြင် မဖြစ်မနေ ပြန်မှကိုဖြစ်မည်။ မဖြစ်မနေ ပြန်သွားပြီး ပြဿနာကို ရှင်းလင်းသွားအောင် ဖြေရှင်းရမည်။

သူသည် ငယ်စဥ်ကတည်းက ဤသို့သော ဖိအားမျိုးကို တစ်ခါမှ ရင်မဆိုင်ဖူးချေ။ ဒီအဖြစ်က ရီပို့ကတ် အိမ်ယူပြန်လာပြီး လည်တိုင်လေးဆန့်လျက် ဆဲဆိုကျိမ်းမောင်းခံရတာနှင့် တူညီသော ဖိအားလယ်ဗယ်တစ်ခုတည်းတွင် လုံးဝ မရှိနေချေ။

"သွားရအောင်။ ဘာမှ မရှိတော့ဘူး"

ကုဝေက မနက်ဖြန်၏လေ့ကျင့်ရေးအချိန်ဇယားကို သင်တန်းသားအား ရှင်းပြပေးပြီးနောက် သူ့နားရောက်လာပြီး ဖွဖွပုတ်ရိုက်လာကာ -

"အလုပ်ဆင်းတော့။ ဟုတ်သားပဲ မနက်ဖြန်ကို ညနေပိုင်းမှ လေ့ကျင့်ဖို ရှိမယ်။ မင်း တကယ်လို့ မလာနိုင်ရင် ......"

"လာနိုင်တယ်။ လာလို့ရတယ်"

ပျန်းနမ် ချက်ချင်း ပြန်ပြောလိုက်သည်။

"အေးပါ"

ကုဝေက အနွေးထည်ကို ဝတ်လိုက်ပြီး -

"ငါ ရေလေးသွားချိုးလိုက်အုံးမယ်။ မင်း ပြန်ရင် ပြန်တော့"

"အင်း"

ပျန်းနမ်တစ်ယောက် စိတ်မပါစွာပင် ကွင်းထဲကနေ ဖြည်းဖြည်းလေးလေး ထွက်လာသည်။

ကွင်းကနေ ကျန်ဖေး တံခါးပေါက်ဝ၏အပြင်ဘက်အထိ လျှောက်လာခဲ့သော မိနစ်ပိုင်းအချိန်အတွင်း သူ့ခေါင်းထဲမှာတော့ ပေါက်ကွဲထွက်လာသည့်နှယ် အိမ်ပြန်ပြီးနောက် ကြုံရနိုင်သည့် မြင်ကွင်းများ အဖြစ်သနစ်မျိုးစုံတို့ကို အစအဆုံးတစ်ကြိမ် စိတ်ကူးယဥ်ကြည့်လိုက်သည်။

ချွေးတောင် ကျလာသည်။

ပြန်လှည့်သွားပြီး ကုဝေနှင့်လိုက်သွားကာ ရေသွားချိုးချင်စိတ်တောင် ဖြစ်လာရသည်။

ဘတ်စ်ကားမှတ်တိုင်ရှိရာဆီ စိတ်မချမ်းမြေ့စွာ လျှောက်သွားသည့်အချိန်တွင် လမ်းဘေး ပန်းခင်းဘောင်ပေါ်၌ လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရကာ ဘယ်သူဖြစ်ကြောင်း သေချာမြင်လိုက်ရသည့်အခါမှာတော့ သူ ခပ်တောင့်တောင့် ဖြစ်သွားခဲ့သည်။

အံ့အားသင့်မှု ပြီးဆုံးသွားပြီးနောက် ဝမ်းသာကြည်ရွှင်မှုမှာ နှလုံးသားထဲကနေတဆင့် တစ်ကိုယ်လုံးအနှံ့ဆီသို့ ရုတ်ခြည်းပင် ဖြန့်ကျက်ကူးစက်သွားပါတော့သည်။ ပျန်းနမ်တစ်ယောက် ရယ်ပြုံးမိလွန်း၍ နှာခေါင်းစည်းတောင် တွန့်သွားကုန်ပြီဟု ထင်သွားရကာ -

"မင်းက စိတ်မနှံ့တဲ့အရူးလား။ ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာရတာလဲ"

"စိတ်မချလို့ပေါ့"

ချိုးယိ မတ်တတ်ရပ်လိုက်ကာ -

"ပျန်းရှင်းယွီ ဒီနေ့ အလုပ်မလာဘူး။ အဲဒါနဲ့ မင်းကိုပဲ အိမ်ပြန်လိုက်ပို့လိုက်မယ်လေဆိုပြီး တွေးမိတာ။ ငါ အိမ်အပြင်မှာ စောင့်နေလိုက်မယ်။ ဘာမှမဖြစ်ခဲ့ရင် အိမ်ပြန်လိုက်မယ်။ တစ်ခုခု ဖြစ်လာရင်တော့ ငါ ......"

"မင်းဘိုးအေ"

ပျန်းနမ် အနားတိုးသွား၍ သူ့အား သိမ်းကြုံး ဖက်လိုက်ပြီး -

"ဒီလောက်လေးကို ငါ မဖြေရှင်းနိုင်ဘူးလို့ မင်း ဒီလောက်တောင် ထင်နေတာလား"

"ဒီနှစ်ခုက မတူဘူးလေ"

ချိုးယိ ရယ်လိုက်သည်။

ချိုးယိ သူနှင့်အတူ ဘတ်စ်ကားပေါ် တက်၍ မြေအောက်ရထားလည်း အတူတကွ တိုးစီးခဲ့သည်။

လမ်းတစ်လျှောက်လုံး သူတို့နှစ်ယောက် ဘေးချင်းကပ်လျက် ယှဥ်ရပ်လာကြပြီး စကားတော့ တစ်ခွန်းမှ မပြောဖြစ်ချေ။ အိမ်ပြန်ရောက်ပြီးလျှင် ဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲဆိုတာ ချိုးယိ သူ့ကို မမေးလာပါ။ သူ့ဒဏ်ရာအကြောင်းလည်း မမေးခဲ့သလို သူ အအေးမိသွားသလားဆိုတာလည်း မမေးလာချေ။

ပျန်းနမ်ကတော့ ဒီလိုလည်း ကောင်းသားပဲဟု ထင်သည်။ အကယ်၍ ချိုးယိသာ တစ်ခုခုပြောလာခဲ့လျှင် ထိုပြောလာသည့်အကြောင်းအရာက ယခုဤကိစ္စနှင့် တစ်စွန်းတစ်စပင် မသက်ဆိုင်ဘူးဆိုလျှင်တောင် သူ့အား တုန်လှုပ်စေပါသည်။

ယခုလို သူ့ဘေးတွင် တိတ်တိတ်ဆိတ်ဆိတ် ရှိပေးနေလျှင်ပဲ ရပြီ။

အိမ်ရာထဲ ဝင်လာသည့်အချိန်တွင် ပျန်းနမ် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နှလုံးခုန်နှုန်းကလည်း ကသိုက်ကရိုက်ဖြင့် မြန်ဆန်လာသည်။

သူသည် သူတို့အိမ်ရှိရာလမ်း၏ထောင့်ချိုးရှိ ကော်ဖီဆိုင်လေးကို ညွှန်ပြလိုက်ရင်း -

"မင်း အဲဒီဆိုင်မှာ ခဏဝင်နေနေလိုက်ပါလား။ နွေးတယ်"

"အင်း။ ငါ့ကို စိတ်ထဲမထားနဲ့"

ချိုးယိက သူ့ပခုံးပေါ်တွင် ဖျစ်ညှစ်လိုက်ကာ -

"ပြောစရာရှိတာကို ကောင်းကောင်းပြော၊ စိတ်မလောနဲ့။ စိတ်လောလေ စကားပြောတာ မရှင်းမလင်း ပိုဖြစ်လေပဲ"

ပျန်းနမ်ခေါင်းညိတ်ပြလိုက်ပြီးနောက် လမ်းတစ်လျှောက်အတိုင်း သူ့အိမ်ရှိရာဆီ လှည့်ထွက်သွားသည်။

အိမ်ထဲတွင် မီးဖွင့်ထားဆဲဖြစ်ကာ တံခါးအပြင်မှ ဘာလှုပ်ရှားမှု အသံဗလံမှ မကြားရနိုင်ချေ။ သို့သော် အဖေနှင့်ပျန်းဟောက်တို့၏ကားများအားလုံး ကားဂိုဒေါင်ထဲတွင် ရပ်ထားသဖြင့် တစ်မိသားစုလုံး အိမ်တွင် ရှိနေဟန်တူသည်။

ပျန်းနမ် သော့ယူထုတ်လိုက်ပြီး သော့ချောင်းကို သော့ပေါက်ထဲ ထိုးလိုက်သည်နှင့်တပြိုင်နက်တည်းမှာပင် တံခါးကို တစ်ယောက်ယောက်က ဖွင့်လာလေသည်။ အန်တီက တံခါး၏အထဲဘက်တွင် ရပ်နေသည်။

"...... အန်တီ"

ပျန်းနမ်က ခေါင်းကို ငုံ့လျက် ခေါ်ဆိုနှုတ်ဆက်လိုက်သည်။

"အင်း"

အန်တီ ခေါင်းညိတ်ပြသည်။ မျက်နှာကတော့ နွမ်းနယ်ရိပ်သန်းနေကာ ကြည့်ရတာ ကောင်းကောင်း အိပ်မပျော်ဟန် တူပြီး -

"ခဏနေ ထမင်းတော့မယ်။ အပေါ်တက်ပြီး ကိုယ်လက်ဆေးလိုက်နော်"

"ကျွန်တော့်အဖေ စာကြည့်ခန်းထဲမှာလား"

ပျန်းနမ် ဖိနပ်လဲလိုက်ရင်း ဧည့်ခန်းထဲတွင် ဘယ်မှ မရှိနေသည်ကို မြင်၍ တစ်ခွန်းလှည့်မေးလိုက်ခြင်း ဖြစ်သည်။

"အင်း စာကြည့်ခန်းမှာ"

အန်တီ သူ့ကို ကြည့်နေကာ မျက်နှာထားကိုတော့ အဓိပ္ပါယ်မဖော်တတ် ဖြစ်နေကာ -

"မင်း ...... တက်သွားလေ"

ပျန်းနမ် အပေါ်ထပ်သို့ တစ်လှမ်းချင်းစီ တက်နေသည်။ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း ...... သူ ဤအိမ်တွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့သည့်တိုင် လှေကားက ဘယ်နှထစ်ရှိကြောင်းကို တစ်ခါမျှ မရေတွက်ခဲ့ဖူးသေးချေ။

သို့သော်ငြား စာကြည့်ခန်းအပေါက်ဝရှေ့ ရောက်သည့်အချိန်အထိ သူ ဘယ်နှထစ် ရေတွက်ပြီးခဲ့သလဲဆိုတာကို မေ့သွားခဲ့ပြီဖြစ်သည်။ နဂိုကတည်းက သေသေချာချာသိအောင် မရေတွက်ခဲ့တာလည်း ဖြစ်နိုင်ပါသည်။

သူ တံခါးကို ခေါက်လိုက်ပြီး တိုးလျစွာ ခေါ်လိုက်သည်။

"အဖေ"

အခန်းအတွင်းထဲမှ ခြေသံ ထွက်ပေါ်လာပြီး တံခါးပွင့်လာသည်။

ပျန်းဟောက်နှင့်အဖေတို့က နှစ်ယောက်စလုံး စာကြည့်ခန်းထဲရှိနေကြကာ မိုးချုပ်နေပြီဖြစ်သော်လည်း မီးလည်း မဖွင့်ထားချေ။ စာကြည့်ခန်းတစ်ခန်းလုံးတွင် ဆေးလိပ်မီးခိုးများဖြင့် ဖုံးလွှမ်းအုံ့မှိုင်းနေကာ ပျန်းနမ်တစ်ယောက် စကားတောင် မပြောရသေးမီ မီးခိုးသီးကာ ချောင်းဆိုးသွားတော့သည်။

"မင်း အိမ်ပြန်မလာတော့ဘူးလို့တောင် မှတ်နေတာ"

ဆေးလိပ်မီးခိုးထုများကြား ဆိုဖာပေါ်ထိုင်နေသည့် အဖေက တစ်ခွန်းပြောလာသည်။

"မဟုတ်ပါဘူး"

ပျန်းနမ်က စာကြည့်ခန်းထဲ ဝင်သွားပြီး -

"ကျွန်တော် အလုပ်သွားနေတာပါ"

ထိုစကားဟာ အတော်လေး အံ့အားသင့်ဖို့ကောင်းဟန် တူပါသည်။ တစ်လျှောက်လုံး အပျင်းထူပြီး ရည်မှန်းချက်ပန်းတိုင်ကင်းမဲ့ကာ တက်လမ်းမရှိသူ ပျန်းနမ်က ဒီလိုမျိုးအခြေအနေတွင်တောင် အလုပ်သွားသောကြောင့် ပျန်းဟောက်မှာ ဣန္ဒြေတောင် မဆည်နိုင်ဘဲ သူ့ကို တစ်ချက် လှမ်းကြည့်လာသည်။

"ငါ့ကို တွေ့ချင်တာ ဘာကိစ္စလဲ"

အဖေက မေးသည်။

"စကားပြောဖို့ပါ ...... မနေ့တုန်းက ကိစ္စ"

ပျန်းနမ်တစ်ယောက် ထိုင်ရမလား မထိုင်ရဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေသည်။ ယခုအချိန်အထိ သူ့အဖေ ဒေါသမပြေသေးဘဲ ထိုင်လိုက်သည်နှင့် ထပ်၍ အကန်ခံရမှာကို စိုး၍ ဖြစ်သည်။

"မင်း ယောက်ျားလေးတစ်ယောက်နဲ့ မေတ္တာမျှနေတဲ့အကြောင်း ပြောဖို့လား"

အဖေက သရော်သလို ရယ်လိုက်ပြီး -

"ငါနဲ့ ဒီအကြောင်းပြောဖို့ မင်းမှာ အရှက်ရှိသေးတယ်ပေါ့"

ပျန်းနမ် စကားမဆိုချေ။ အဖေ၏ဒေါသက အကယ်၍ ပျန်းရှင်းယွီက မိမိအပေါ် ဒေါသပုံချပေါက်ကွဲသည့်ကိစ္စကြောင့်ဆိုလျှင် ဖြေရှင်း၍ လွယ်ကူသေးသည်။ ယခုတော့ အဖေ၏အာရုံမှာ သူ့ကိစ္စကိုယ်၌အပေါ် ရောက်ရှိလာပြီဖြစ်သည့်အပြင် ထိုကဲ့သို့သော လေသံဖြင့်ပါ ပြောလာသဖြင့် ပျန်းနမ်မှာ ရုတ်တရက် ဘယ်လိုဆက်ပြောရမှန်းတောင် မသိနေတော့ချေ။

"ကျွန်တော် ရေသွားချိုးအုံးမယ်"

ပျန်းဟောက်က စာကြည့်ခန်း၏အပြင်ဘက်ကို ထွက်သွားဖို့ လုပ်သည်။

"မသွားနဲ့"

အဖေက သူ့ကို တားလိုက်ပြီး -

"အိမ်မှာ ဒီယောက်ျားသား သုံးယောက်ပဲ ရှိတာ။ တစ်ခုခုပြောဖို့ရှိရင် အတူတူပြောဆိုကြတာပေါ့။ မင်း သူ့ကိုတောင် စကားကူပြောပေးခဲ့သေးတာပဲမဟုတ်ဘူးလား"

"ကျွန်တော် ဘယ်တုန်းက သူ့ကို စကားကူပြောလို့လဲ"

ပျန်းဟောက်က မျက်မှောင်ကြုတ်ထားလျက် ဆက်၍ -

"ကျွန်တော်က ဒီကိစ္စက ကျွန်တော် ဝင်ပြောလို့မပြီးဘူးလို့ပဲ ပြောတာ။ ကျွန်တော်ကလဲ သူ့အဖေမှ မဟုတ်နေတာ"

"ငါကရော မင်းအဖေ ဟုတ်သလား မဟုတ်ဘူးလား"

အဖေက သူ့ကို ကြည့်ပြီး မေးသည်။

"အဖေက ကျွန်တော့်အဖေဆိုတဲ့အချက်နဲ့ အဖေတို့နှစ်ယောက် ဒီအကြောင်းပြောတာကို ကျွန်တော်နားမထောင်ချင်တဲ့အချက်က ဆိုင်လို့လား"

ပျန်းဟောက်က ဇဝေဇဝါဖြစ်စွာ မေးသည်။

"နှစ်ယောက်စလုံး ထိုင်လိုက်"

အဖေက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး -

"မင်းက လူငယ်ဆိုတော့ မင်းကိုလဲ နားထောင်စေချင်လို့။ ပျန်းနမ်ရဲ့ဒီအတွေးက ဘာတွေ တွေးနေတာလဲဆိုတာ"

ပျန်းဟောက်က ဘာမှ ထပ်မပြောတော့ဘဲ အနည်းငယ် စိတ်မရှည်စွာ ထိုင်ချလိုက်သည်။ ပျန်းနမ်လည်း ထိုင်ခုံတစ်လုံး ဆွဲယူကာ အဖေ၏မျက်နှာချင်းဆိုင်နားလောက်တွင် ဝင်ထိုင်လိုက်၏။

"ဘယ်အချိန်တုန်းက ကြိုက် ...... စခဲ့ကြတာလဲ"

အ‌ဖေက ရေနွေးကရား လှမ်းယူ၍ လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ကာ သောက်နေသည်။

"အကြမ်းဖျင်းကတော့ ...... ပြီးခဲ့တဲ့တစ်ခေါက် ထိန်းသိမ်းခံရတဲ့ကိစ္စမတိုင်ခင်လောက်ကပါ"

ပျန်းနမ် အနည်းငယ် ခက်ခဲစွာ ပြန်ဖြေလိုက်သည်။ တကယ်တော့ ချိုးယိအထိန်းသိမ်းခံရသည့်ကိစ္စကို သူ့အဖေရှေ့တွင် ပျန်းနမ် မပြောလိုသော်ငြား -

"အဲဒီအချိန်လောက် မတိမ်းမယိမ်းပါပဲ"

"မင်း စိတ်ရောဂါရှိနေတာလား"

အဖေက မျက်မှောင်ကြုတ်လျက် လေသံကလည်း စိတ်တိုလာသလိုဖြစ်လာကာ -

"မင်းကို ရည်းစားမထားဖို့ ဘယ်သူမှ မတားထားဘူး။ အရင်က ထားခဲ့ဖူးတဲ့ရည်းစားတွေဆိုတာလဲ ဘယ်တစ်ယောက် ညာတစ်ယောက် ကောင်မလေးတွေချည်းမဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ရုတ်တရက် ဒီလိုဖြစ်ရတာလဲ"

"ကျွန်တော် မသိဘူး"

ပျန်းနမ် နှုတ်ခမ်းကို ကိုက်လိုက်ပြီး -

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဘယ်ကောင်မလေးကိုမှလဲ သူ့အပေါ် သဘောထားသလိုမျိုး ဒီလောက်အထိ ......"

သူ့စကားမှာ သူ့အဖေ ပစ်ပေါက်လိုက်၍ ကွဲကြေသွားသော ဖန်ခွက်အသံကြောင့် အဆက်ပြတ်သွားသည်။

"မင်း ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်နိုင်သေးတာလဲ"

အဖေက သူ့အား ကြည့်နေသည်။

"ကျွန်တော်ဘာဖြစ်လို့ မပြောထွက်နိုင်ရမှာလဲ"

ပျန်းနမ်သည် သူ့အဖေဆီမှ ထိုသို့အမေးခံလိုက်သည်နှင့်တပြိုင်နက် မနေ့က သူ့အမေပြောသော စကားတစ်ခွန်းကို ချက်ချင်း ပြန်လည်သတိရသွားကာ -

"ယုတ်ယုတ်မာမာ မဖွယ်မရာအလုပ်တွေ လုပ်နေတာမှမဟုတ်ဘဲ"

ထိုသို့ ခွန်းတုန့်ပြန် အပြောခံလိုက်ရသဖြင့် သူ့အဖေမှာ အတော်ကြာသည်အထိ ဘာမှ မပြောမထွက်နိုင်ဘဲ စိုက်သာကြည့်နေခဲ့သည်။

"အဖေ ......"

ပျန်းနမ် စကားထပ်ပြောဖို့ သွေးတိုးစမ်းကြည့်သည်။

"ဒီပြဿနာကို မင်း ပြင်လို့ရမရဆိုတာပဲ ဖြေစမ်းပါ"

အဖေက သူ့ကို စိုက်ကြည့်နေကာ မျက်နှာထားလည်း အလွန်ကြည့်ရဆိုးနေသည်။

"ဒါကြီးက ......"

ပျန်းနမ်သည် ဒါက ပြဿနာမဟုတ်ဘူးဟူ၍ ပြန်ပြောချင်နေသည်။ သို့သော် သူ့အဖေ ဖန်ခွက် ထပ်ပစ်ခွဲမှာစိုး၍ သူ တန့်လိုက်ပြီး စကားလုံး ပြောင်းလိုက်ကာ -

"ကျွန်တော် ...... ပြင်ဖို့ ...... ခက်လိမ့်မယ်ထင်တယ်"

"အဓိပ္ပာယ်မရှိလိုက်တာ"

အဖေက အော်လိုက်ပြီး -

"အဓိပ္ပာယ်ကို မရှိဘူး။ မင်းက ဒီလိုဆိုမှတော့ ဘာမှ ဆက်ပြောဖို့မရှိတော့ဘူး"

ပျန်းနမ် စကားမဆိုတော့ဘဲ တိတ်နေသည်။

"ဟုတ်ပြီ။ မင်းတို့ သွားလို့ရပြီ"

အဖေက မျက်နှာတည်ဖြင့် လက်ယမ်းပြလိုက်သည်။

"အဖေ၊ ကျွန်တော်ပြောတာကို တစ်ချက်လောက် နားထောင်ပေးလို့ရမလားဟင်"

ဤကဲ့သို့ သုံးလေးခွန်းတည်းနှင့် ပျန်းနမ် ထွက်မသွားချင်ပေ။

"ဘာပြောချင်လို့လဲ"

အဖေက မျက်မှောင်ကုတ်လျက် သူ့အား ကြည့်နေပြီး -

"မင်း ဘာပြောချင်သေးလို့လဲ။ ပျန်းနမ် မင်း ငယ်ငယ်ကတည်းက အခုအထိ အမြဲတမ်း ကလန်ကဆန်နဲ့ တယူသန်လုပ်တယ်။ ငါနဲ့ရော အိမ်ကလူတွေ အားလုံးနဲ့ရောပဲ။ အားလုံး မင်းအပြစ်ချည်းပဲတော့မဟုတ်ဘူးဆိုတာ ငါသိပေမဲ့ နောက်ဆုံးမှာတော့ မင်းငါ့ကို ဒီကိစ္စနဲ့မျိုး ဒီလိုလုပ်လာတယ်။ မင်းငါ့ကို ဘယ်လိုတွေးစေချင်လို့လဲ။ ဘယ်လိုရော လုပ်စေချင်လို့လဲ။ မင်း လက်စသတ်တော့ ဘယ်မှာမှားပြီး ဘာတွေဖြစ်နေတာလဲ"

"ကျွန်တော် လူတစ်ယောက်ကို သဘောကျရုံပါပဲ။ ဘယ်နေရာမှာမှ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော်လဲ တစ်ယောက်ယောက်ကို ရွံစေချင်တဲ့စိတ်၊ စိတ်ဆင်းရဲစေချင်တဲ့စိတ် မရှိဘူး"

ပျန်းနမ် အံကိုကြိတ်၍ -

"ဒီကိစ္စက ဘာဖြစ်လို့ မရရတာလဲ"

"ဘာကြောင့် ရရမှာလဲ"

အဖေက မတ်တတ်ရပ်လာပြီး သူ့ကို လက်ညှိုးထိုးလျက် လက်ကလည်း တုန်နေကာ -

"မင်းက ယောက်ျားလေးတစ်ယောက်နဲ့ မေတ္တာမျှမှာလေ။ ဘာကြောင့် ဖြစ်ရမှာလဲ။ ဒါက အရမ်းခေတ်မီပြီး ဖက်ရှင်ကျနေလို့လား ဒါမှဟုတ် သိပ်ဂုဏ်ရှိနေလို့လား"

ပျန်းနမ်သည် အခြားသူတစ်ယောက်နှင့် အကျိုးသင့်အကြောင်းသင့် ပြောဆိုငြင်းခုံခဲလှသည်။ သူသည် ဒီတိုင်း အကြောင်းရင်းမရှိဘဲ လူတွေနှင့် စနောက်ကျီဆယ်ချိန်တွင် နှုတ်သီးကောင်းလျှာပါးသူဟု ဆိုနိုင်သော်ငြား အတည်အတံ့ကိစ္စအကြောင်း ပြောရမည်ဆိုလျှင် ဆွံ့အနေတတ်သူဖြစ်သည်။ အထူးသဖြင့် သူ့အဖေနှင့် ရင်ဆိုင်ရချိန်တွင် ဖြစ်သည်။ မူလကတည်းက ပြောမထွက်နေခဲ့ရာ ယခုတော့ ပို၍တောင် ပြောဖို့နည်းလမ်းတောင် မရှိတော့ပါ။

အခြားသူတစ်ယောက်သာဆိုလျှင် သူသည် ချောင်ပိတ်ခံရပြီး စိတ်စောလာလျှင် လက်မောင်းဆန့်ပြီး ရန်ပွဲသာ စလိုက်မည်ဖြစ်၏။ သို့သော် ဒါက သူ့အဖေ ဖြစ်နေသည်။ သူ့အဖေကို ကြည့်ရတာလည်း တစ်ညလုံး အိပ်ပျော်ခဲ့ဟန် မတူချေ။ မျက်လုံးအိတ်တောင် နှစ်ထပ်ဖြစ်လာသည့် သူ့အဖေ။

ပျန်းနမ်သည် ရုတ်တရက်ပင် ဘာမှမတတ်နိုင်တော့ဘဲ အင်အားမဲ့သလို ခံစားလာရသည်။ အိမ်နှင့်ရင်ဆိုင်ရသော အတားအဆီးမှာ သူ သူနုံအရိုးစင်းစွာ စိတ်ကူးယဥ်ခဲ့ဖူးသလို လွယ်လွယ်ဖြင့် ကျော်ဖြတ်နိုင်သည့်အတွေးနှင့် အဝေးကြီး ဝေးနေတော့သည်။

"အဖေ"

ပျန်းနမ် ခေါင်းကိုငုံ့ပြီး အသံတိုးတိုးဖြင့် -

"အဖေ ဒါမှမဟုတ်လဲ ...... ကျွန်တော့်ကို ဂရုမစိုက်ဘဲ ဒီအတိုင်း လွှတ်ထားလိုက်ပါတော့လား"

"ပေါက်တတ်ကရတွေ"

အဖေက စိတ်ဆိုးစွာ အော်လိုက်သည်။ အသံက လည်ချောင်းတောင်အနည်းငယ်အက်ကွဲနေကာ တစ်လျှောက်လုံး ပြတင်းပေါက်အပြင်ဘက် လှည့်ကြည့်နေသော ပျန်းဟောက်တောင် လန့်သွားပြီး မတ်တတ်ထခုန်လိုက်သည်။

"သောက်ပေါက်ကရတွေ"

အဖေက ထပ်အော်လိုက်ပြီး အသံက တုန်ခါနေကာ -

"မင်း ဒီလိုစကားပြောတာ ဘာအဓိပ္ပာယ်လဲ။ တကယ်လို့ မင်းကို စိတ်ထဲမထည့်ချင်ရင် ဂရုမစိုက်ချင်ရင် အဲဒီတုန်းက မင်းကို ပြန်တောင် မခေါ်လာခဲ့ဘူး။ ဒီလို ဆယ်နှစ်ကျော်ကျော် မင်းကို အသည်းအသန် မဖြည့်ဆည်းပေးနေဘူး။ ငါက ပညာတတ်လူယဥ်ကျေးမဟုတ်ဘူး။ ဘွင်းဘွင်းနဲ့တဲ့တိုးပဲ လုပ်တတ်တယ်။ ငါ ဘယ်လိုလိုက်ဖြည့်ဆည်းပေးမှပဲ မင်း ငါ့ကို အဖေလို့ သတ်မှတ်မှာလဲတော့ ငါမသိဘူး။ ငါကတော့ မင်းကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်စားနိုင်ဖို့ရယ် ငွေကြေးလုံလောက်အောင်ပေးဖို့ပဲ လုပ်တတ်တယ်။ မင်းကို ဂရုမစိုက်နဲ့ ဟုတ်လား။ အခုတော့ မင်းကို ဂရုမစိုက်စေချင်တော့ဘူးပေါ့လေ။ မင်းမှာ အသိတရားရောရှိသေးရဲ့လား"

"အဖေ"

ပျန်းဟောက် သူ့အဖေနားကို သွား၍ ကျောကို ပုတ်ပေးလိုက်ရင်း -

"အရင်ထိုင်လိုက်ပါ။ စိတ်လေး နည်းနည်းလျှော့"

"ငါ ဘယ်လိုလုပ် စိတ်လျှော့နိုင်မှာလဲ"

အဖေက ပျန်းဟောက်ဘက် လှည့်၍ အော်လိုက်ကာ -

"ငါ ဘယ်လို စိတ်လျှော့ရမှာလဲ မင်းပြောစမ်းပါ။ သူ ငယ်ငယ်ကတည်းက ငါ့ကို စိတ်ချမ်းသာအောင် လုပ်ဖူးသလား။ ကျောင်းကို ကောင်းကောင်းမတက်ဘူး။ ရန်ဖြစ်တယ်။ နေ့တိုင်း အားအားယားယား အလဟဿအချိန်ဖြုန်းနေတယ်။ နောက်ဆုံးတော့ ယောက်ျားလေးနဲ့ ရည်ငံနေပါသတဲ့။ သူ့ကို ဂရုမစိုက်ဖို့ပါ လာပြောနေသေးတယ်။ ငါ ဘယ်လို စိတ်လျှော့ရမလဲ မင်းပြောစမ်း"

ပျန်းဟောက် ဘာမှ ပြန်မပြောနိုင်သေးခင် အဖေက ပျန်းနမ်ဘက် လှည့်လာပြန်ကာ အော်၍ -

"မင်း ဘာကြောင့်လဲ။ ဘာလို့များ ဒီလောက်တောင် ငါ့ကို စိတ်မအေးအောင် လုပ်ရတာလဲ"

"အဖေ ......"

ပျန်းနမ် သူ့အဖေကို ကြည့်လိုက်ရာ သူ့အဖေ၏မျက်ဝန်းများတွင် မျက်ရည်တို့ ဝဲနေတာကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

"ဒီကိစ္စက ငါ့ဆီမှာတော့ လုံးဝ မကျော်သွားနိုင်ဘူး။ လုံးဝပဲ။ စဥ်းတောင် မစဥ်းစားလေနဲ့"

အဖေက လက်ဝှေ့ယမ်းလိုက်ပြီး -

"မင်းလဲ ငါနဲ့ ထပ်မပြောနဲ့တော့။ မင်း ဒီလို ထပ်ပြီးခေါင်းမာနေအုံးမယ်ဆိုရင် မင်းကို အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ခိုင်းတော့မှ ငါ့ကို အပြစ်မတင်နဲ့"

ပျန်းနမ် စိတ်ထဲ ချက်ချင်းလေးလံကျသွားပြီး အသက်ရှူလည်း ကျပ်သွားသည်။

"ဟုတ်ပြီ၊ မပြောနဲ့တော့။ အရင်ဆုံး မပြောတော့ဘူး"

ပျန်းဟောက်က အဖေ့အား ဆိုဖာပေါ် ပြန်ထိုင်အောင် တွန်းလိုက်ကာ -

"ဒီလောက် ဒေါသထွက်နေတာ ဘယ်လိုဆက်ပြောအုံးမှာလဲ။ ပျန်းနမ် မင်း အခု အခန်းအရင်ပြန်လိုက်။ ခဏနေ ထမင်းအရင်စားလိုက်မယ်"

"ဘာထမင်းစားမှာလဲ။ ဘာထမင်း စားအုံးမှာလဲ"

အဖေက ပျန်းဟောက်၏လက်ကို ခါထုတ်လိုက်သည်။

"ဒါဆို တခြား ဘယ်လိုလုပ်အုံးမလဲ၊ အဖေ ပြောလေ"

ပျန်းဟောက် မျက်မှောင်ကြုတ်ထားရင်း -

"ထမင်းမစား ညမအိပ်ဘဲ ဒီအတိုင်း ဆက်ပြီးကျိန်းမောင်းသွားမှာလား။ အခု သူ့ဒီအချိုးကို အဖေက သေအောင် ရိုက်သတ်လိုက်ချင်တာလား ဒါမှမဟုတ် ဘယ်လိုလုပ်မှာလဲ"

"မင်း သူ့ကို ကူပြောပေးဖို့မလိုဘူး"

အဖေက ပျန်းဟောက်ကို တစ်ချက်တွန်းလိုက်သည်။

နဂိုက တည်ငြိမ်အေးဆေးစွာ စကားပြောနေသေးသည့်ပျန်းဟောက်မှာ အဖေက ထိုသို့ တွန်းထုတ်လိုက်တာကြောင့် ကြမ်းပေါ် ဖင်ထိုင်လျက် လဲကျသွားသည်။ သူ မတ်တတ်ပြန်ရပ်ပြီး ကော်ဖီစားပွဲကို ဖြန်းခနဲတစ်ချက် ရိုက်လိုက်ကာ -

"ကျွန်တော် သူ့ဘက်က ကူပြောပေးနေတာမဟုတ်ဘူး။ ဒီကိစ္စက ဘယ်သူ့ဘက်ကို ကူပြောပေးလိုက်ရင်ပဲ ဖြေရှင်းနိုင်တဲ့ပြဿနာမို့လို့လား"

အဖေ စကားမဆိုဘဲ မျက်နှာကတော့ သုန်မှုန်နေဆဲဖြစ်သည်။

"ကျွန်တော် ဘယ်သူ့ကိုမှ ကူပြောပေးချင်စိတ်မရှိဘူး။ အိမ်ကို အေးအေးချမ်းချမ်း ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြစ်စေချင်တဲ့စိတ်ပဲရှိတယ်"

ပျန်းဟောက်က မျက်မှောင်ကြုတ်လျက် ပျန်းနမ်အား လက်ညှိုးထိုးကာ -

"ကျွန်တော် ငယ်ငယ်ကတည်းက သူ့ကို မြင်ရင် စိတ်ရှုပ်တယ်။ သူ့ကို အိမ်ကို ခေါ်လာခဲ့ဖို့ကိစ္စနဲ့ စကားများကြတာက မလုံလောက်သေးလို့လား။ ကျွန်တော် အဲဒါကို တွေးမိတာနဲ့ တစ်ကိုယ်လုံး တုန်လာတယ်။ အိမ်မှာ ဒီလို သဘောထားကွဲပြီး စကားများတာမျိုး ထပ်မဖြစ်စေချင်ရုံပဲ။ တော်လောက်ပြီ"

အဖေက တိတ်ဆိတ်နေသည်။

"သူ ၁၈ နှစ်ပြည့်ပြီ။ အရွယ်ရောက်နေပြီ။ သူ လုပ်ချင်တဲ့ဟာ၊ ကြိုက်ချင်တဲ့သူ၊ ကြိုက်တာက မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ် ခွေးဖြစ်ဖြစ်၊ ဘာမဆို သူ့ကိုယ်ပိုင်ကိစ္စပဲ"

ပျန်းဟောက်က ဆက်၍ -

"တကယ်လို့ သူ လူသွားသတ်မယ်ဆိုလျှင်တောင် အဲဒါလဲ ဖြစ်လာမယ့်အကျိုးဆက်ကို သူ့ဘာသာသူ တာဝန်ယူရမှာပဲ။ သူ့ကြောင့်နဲ့ ဒီမိသားစုကို ကမောက်ကမဖြစ်ကုန်တာမျိုး ထပ်မလုပ်ပါနဲ့တော့"

ပျန်းဟောက် ထိုစကားများကို ပြောပြီးသည်နှင့် ထိုင်ခုံဘက်ကို တစ်ချက်ကန်လိုက်ပြီးနောက် စာကြည့်ခန်းထဲကနေ လှည့်ထွက်သွားသည်။

စာကြည့်ခန်းကတော့ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားတော့သည်။

ပျန်းဟောက်ပြောသွားသောစကားများကို စကားလုံးတိုင်း ပျန်းနမ် သေချာ ကြားလိုက်ရသည်။ ပြောသွားလိုက်တာ နည်းနည်းလေးတောင် ယဥ်ကျေးအားနာသမှု မရှိချေ။ သူ့ဘက်ကို ကူပြောခဲ့ခြင်းမဟုတ်တာလည်း သေချာသည်။ သို့သော် ထိုစကားများ ပြောထွက်လာပြီးနောက် ပျန်းနမ်မှာ ရုတ်တရက်ပင် စိတ်သက်သာရာရစွာ အသက်ရှူချောင်သွားသည်။

အဖေက ဆေးလိပ်တစ်လိပ် မီးညှိလိုက်ပြီး သုံးလေးဖွာ သောက်လိုက်ပြီးနောက် သူ့ရှေ့ လျှောက်လာခဲ့ကာ -

"မင်းကို နောက်တစ်ခါ ထပ်မေးမယ်။ မင်း ပြင်မှာလား မပြင်ဘူးလား"

"အမှားလုပ်ထားမှ ကျွန်တော် ပြင်လို့ရမှာပေါ့"

ပျန်းနမ် ပြောသည်။

"ကောင်းပြီ"

အဖေ၏မျက်နှာပေါ်တွင် မချင့်မရဲအရိပ်သန်းသော အပြုံးတစ်ရပ် ဖြတ်ပြေးသွားပြီး သူ့အား လက်မ ထောင်ပြလာရင်း -

"ထွက်သွား"

***

(ဆက်ရန်)

22 Apr 2024

Continue Reading

You'll Also Like

276K 8.1K 54
Aurelia Cruz is a well respected club owner and madame in London, but she has things she holds very sacred and sacred things that hold her. Thomas Sh...
1.1M 59.6K 38
Millie Ripley has only ever known one player next door. Luke Dawson. But with only a couple months left before he graduates and a blackmailer on th...
38.1K 3.9K 60
I do not own anything. Translate from English to Myanmar. Original Title: Restricted Area Original Author: 空菊 Status: Completed (62 chapters + 4 ext...
43.2K 4.7K 12
Kim Seokjin has recently landed an enviable job opportunity, or maybe not! As he quickly learned, working as a stylist/personal assistant for a world...