မှော်ကုန်းမြေမှအစားအစာထောက်ပံ...

Por Miracle-101

23.4K 2.2K 36

Author: The Might Of Leaving Blank Genre: Eastern, Fantasy Status: 95 [Completed] Más

Description
Chapter 1
Chapter 2
Chapter 3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
✨️

Chapter 38

176 11 0
Por Miracle-101

အပိုင်း - ၃၈ (အဆင့်သုံးသို့ တိုးမြင့်သွားသော စနစ်)

ယွီမုန့် ညွှန်ပြရာ အရှေ့တွင် လူသာကို ကယ်တင်ရန် သုန့်လင်နှင့် အခြားသူများ ဖြည်းညှင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

“ဒါ…”

လင်းချီ အနည်းငယ် အတွေးများသွားသည်။ “လူသာက ငါတို့ဘက်က‌လေ သူတို့က သူ့ကို ကယ်ပြီး ခေါ်ထားချင်တယ်လား”

ယွီမုန့် ဂရုမစိုက်‌ပေ။ တကယ်တမ်းပြောရမည်ဆိုလျှင် ကြယ်ငါးပွင့်နတ်ဆိုးသားရဲရှေ့မှောက်၌ အဆင့်မြင့်ဓားသမားတစ်ဦးသည်လည်း အသုံးမဝင်သောကြောင့် လူသာ သူတို့နှင့်အတူရှိမရှိကို သူမ ဂရုမစိုက်နိုင်ပေ။

သို့သော်လည်း သူမ ထိုကဲ့သို့သော ယုံကြည်မှုကိုရရှိရန် လင်းချီ၏ခွန်အား‌အပေါ်၌ အားကိုးထားခြင်းဖြစ်သည်။

"သွားကြရအောင်!"

ယွီမုန့် လင်းချီကို ဆွဲ‌ခေါ်လာသည်။ လင်းချီမှာ သူ့အစောင့်အား အခြားသူတွေ လုယူသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။

တစ်ဖက်၌ သုန့်လင်သည် အရပ်ရှည်ကာ သန်မာသော လူသာကို ကယ်တင်ပြီးနောက် အနည်းငယ် ဘေးကင်းသော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ တခြားသူတွေက “ဒီတစ်ယောက်က ပြိုင်ပွဲဝင်မဟုတ်ဘူးလေ သူ့ကို ငါတို့နဲ့ ပူးပေါင်းခိုင်းရင်ရော?"

“ငါမှတ်မိတာတော့ သူက ဆန်းသစ်လမြို့တော်က လင်းမိသားစု သခင်ငယ်လေးရဲ့ ကိုယ်ရံတော်မလား ငါတို့ ဒီလူကို သူတို့ဆီ ပြန်ပို့‌ပေးရင်ကော"

လူသာ သတိမေ့နေသေးတာကိုတွေ့တော့ သုန့်လင်က ငြင်သာစွာပြောလိုက်သည်။ "အရင်ဆုံး သူပြန်ကောင်းလာပါစေဦး"

အနောက်ဘက်သို့ နေဝင်စပြုလာသည်။

ညဘက်တွင် မိစ္ဆာသားရဲများ အမဲလိုက်ရန် ထွက်လာကြမည်ကို ပြိုင်ပွဲဝင်သူများ ကောင်းစွာသိကြသည်။ ထို့ကြောင့် ထိုကာလတွင် ရှေ့ဆက်သွားရန် မသင့်တော်‌ပေ။ သူတို့ အနားယူရန် လုံခြုံသည့် နေရာတစ်ခုကို ရှာမှရလိမ့်မည်။

လင်းချီသည် ယွီမုန့်အပါအဝင် အခြားသူများနှင့်အတူ ထိုင်‌နေခဲ့သည်။ ကျင်းလင်လင် သူတို့နှင့် ပူးပေါင်းလိုက်တာကြောင့် အစားအသောက်အတွက်တော့ စိတ်ပူစရာ မလို‌တော့ပေ။

တောထဲမှာ ဟင်းချက်ရသည့်တိုင် ချက်ပြုတ်ခြင်းအ‌ပေါ်ထားသည့် ကျင်းလင်လင်၏အချစ်များက လျော့မသွား‌ပေ။ သူမစုဆောင်းထားသော ပါဝင်ပစ္စည်းများကို ဟင်းချက်အိုးထဲသို့ ထည့်လိုက်သည်။ တောထဲတွင် ချက်ပြုတ်ရသည်မှာလည်း အရသာတစ်မျိုးရှိသည်။

မကြာခင်မှာ အရသာရှိသော စွပ်ပြုတ်တစ်အိုး အဆင်သင့်ဖြစ်နေပြီ။ လင်းချီလည်း သူတို့ကို ကန်စွန်းဥနဲ့ အသားကင်တချို့ ပေးလိုက်၏။ ယနေ့ည ဟင်းပွဲတို့က စားရ အလွန်မြိန်သည်။

လင်းချီ အသားကင်အချို့ကို ချက်ပြုတ်ပြီးချိန်တွင် စနစ်မှ အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်။

[ဒင်! လျှာကဝေစနစ်၏ အတွေ့အကြုံအမှတ်များ ပြည့်နေပါသည်။ စနစ်ပိုင်ရှင် အဆင့်တက်ရန် ရွေးချယ်ပါမည်လား။ ]

လင်းချီ အံ့အားသင့်သွားသည်။ ဒီလောက် ခပ်စောစော အဆင့်တက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူချက်ချင်း '‌အတည်ပြုသည်' ကိုနှိပ်ပြီး လေနက်ခံတပ်ထဲတွင် ရရှိခဲ့သောရွှေဒင်္ဂါးများအားလုံးကို သုံးလိုက်သည်။

[ဒင်! ဂုဏ်ယူပါတယ် လျှာကဝေစနစ်အား အဆင့် ၃ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးသွားပါပြီ။ ဟင်းပွဲမီနူးအသစ်များ ရရှိလာသည်- လတ်ဆတ်သော မှော်မှိုများ၊ မြန်နှုန်းမြှင့်သကြားလုံး၊ မှိုပါဝင်သော အဆီရွှမ်းသည့် အမဲသား၊ ညှို့အားပြင်း နံနံပင် ]

[ ဒင်! အဆင့်မြှင့်ခြင်းအတွက် လက်ဆောင်ထုပ်ကို သင်လက်ခံရရှိခဲ့သည်- မြှင့်တင်မှု သကြားလုံး (x1)၊ လတ်ဆတ်သော မှိုပွင့်များ (x100)၊ အမဲသား (x100)၊ ပေါက်ကွဲခြင်းမြက် (x100)၊ ဂီတနတ်ပန်း (x100) ]

အဆင့်မြှင့်ပြီးနောက် လင်းချီသည် ဟင်းပွဲအသစ်များစွာကို သော့ဖွင့်ခဲ့သည်။ သူ အားလုံးကို ခြုံကြည့်ပြီး‌နောက်တွင် ၎င်းတို့အထဲမှ တစ်ခုမှာ သူ့အား ဆွဲဆောင်လျက်ရှိသည်။

[ ဟင်းလျာအမည် : မြန်နှုန်းမြှင့်သကြားလုံး ]

[ ပါဝင်ပစ္စည်းများ- ချိုမြိန်သင်းပျံ့သောပန်း, ပူစီနံ, သစ်ခွရည်, မီးသင်းသကြား, နွားနို့ ]

[အကျိုးသက်ရောက်မှုများ- သုံးစွဲသူ၏အမြန်နှုန်းကို ငါးဆအထိ တိုးမြှင့်နိုင်သည်။ ]

လင်းချီ သည် ထိုကဲ့သို့သော လွတ်မြောက်ရေး မှော်ရတနာမျိုးကို မြန်မြန်ဆန်ဆန်ရရန် မမျှော်လင့်ခဲ့ပေ။ နောင်တွင် သူလွတ်မြောက်ရန် လိုအပ်ပါက အသုံးပြုရန် ထိုကဲ့သို့‌သော သကြားလုံးများကို ကြိုတင်ပြင်ဆင်ထားရလိမ့်မည်။

"ဆရာ!"

ထိုအချိန်တွင် ကျင်းလင်လင်သည် လင်ချီအား စွပ်ပြုတ်ပန်းကန်ကို ဖြည်းညှင်းစွာ ကမ်းပေးကာ ပြောသည်။ "ဆရာ ကျွန်မရဲ့ စွပ်ပြုတ်ကို မြည်းကြည့်ပါလား"

ဒီကလေးမက စွပ်ပြုတ်နဲ့ပတ်သတ်ပြီး သူမအား လိုအပ်သော အကြံဉာဏ်ပေးခိုင်း‌စေချင်ကြောင်း လင်းချီသိတာမို့ သူ မငြင်းခဲ့ပေ။ ၎င်းကို မြည်းစမ်းကြည့်ပြီးနောက် သူပေါ့ပေါ့ပါးပါး ပြောလိုက်သည်။  “အရသာတွေများလွန်းနေတာက အစားအစာတစ်ခုလုံးရဲ့ အရသာကို ထိခိုက်စေတယ်”

“အာ! ဟုတ်ကဲ့!"

အကယ်၍ ထိုစကားကို အခြားသူမှပြောပါက ကျင်းလင်လင် ဒေါသထွက်နေမည်မှာ သေချာပါသည်။ သို့သော်လည်း လင်းချီ ပြောသမျှကို သူမ နှလုံးသားထဲ စွဲမှတ်ထားပြီး ဘောပင်ဖြင့်ပင် ရေးချထားလိုက်သည်။

ကျင်းလင်လင် လင်းချီ‌ဘေး အပူကပ်နေတာကို ယွီမုန့် မြင်တော့ လင်းချီဆီမှ သူ၏ အထူးအစားအစာတချို့ကို တောင်းဆိုရမှာ အလွန်ရှက်နေခဲ့သည်။ ထို့ကြောင့် သူမမှာ အတွေးများကို ထုတ်မပြနိုင်ဘဲ သူတို့နှစ်ယောက်ကို ငေးကြည့်ရုံသာ ကြည့်နေနိုင်ခဲ့သည်။

ထို့နောက် လူးဝစ်က စကားစမြည်ပြောရန် ရောက်လာသည်။

"ယွီမုန့် ငါ့မှာ အစာခြောက်တွေ အများကြီး ကျန်သေးတယ် မင်းထပ်လိုချင်သေးလား?"

“မလိုဘူး! ထွက်သွား!"

ယွီမုန့်ဆီမှ အော်ငေါက်ခြင်းခံရတော့ လူးဝစ် အလွန်ကြောက်သွားပြီး စကားမပြောရဲဘဲ နောက်ပြန်ဆုတ်သွားခဲ့သည်။

ကျင်းလင်လင်၏ မျှော်လင့်‌စောင့်စား‌နေသော အမူအရာကိုမြင်တော့ လင်းချီနားလည်သွားပြီး ပြောသည်။ "ငါ့ကိုဒီလို ကြည့်မ‌နေနဲ့"

"ဆရာ ဒီည ဘာလုပ်မှာလဲ"

“ငါ…”

လင်းချီ စနစ်အား ကြည့်လိုက်သည်။ လောလောဆယ် သူ့တွင် မှိုပါဝင်‌သော အဆီရွှမ်းသည့် အမဲသားကို ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများသာ ရှိသော်လည်း ပွင့်ပွင့်လင်းလင်း မထုတ်နိုင်‌ပေ။ သူသည် ဟင်းချက်အိုးထဲသို့ ၎င်းအမဲသားနှင့် မှိုအနည်းငယ်ကိုသာ ထည့်လိုက်နိုင်သည်။

ရေနွေးငွေ့များကို အခွင့်ကောင်းယူပြီး ချက်ခြင်း စနစ်မှ ပါဝင်ပစ္စည်းများကို ထုတ်ကာ အိုးထဲသို့ လောင်းထည့်လိုက်သည်။

ကျင်းလင်လင်သည် အနံ့မွှေးမွှေးလေး မရမိခင်အထိ မည်သည့်ဟင်းခတ်အမွှေးအကြိုင်များထည့်လိုက်မှန်းကိုပင် ရှင်းရှင်းလင်းလင်း မသိလိုက်ပေ။

"အနံ့အရမ်းကောင်းတယ်!"

ယွီမုန့်နှင့် လူးဝစ်တို့သည်လည်း ဟင်းလျာရနံ့၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။

လင်းချီ ပျော်ရွှင်စွာပြောလိုက်သည်။  "မှိုနဲ့ အဆီရွှမ်းတဲ့ အမဲသားလေ မြည်းကြည့်လိုက်"

ကျင်းလင်လင် သူမပန်းကန်လုံးထဲသို့ ထည့်ပြီး သေချာလေး အရသာခံရန် မစောင့်နိုင်တော့ပေ။

"အရမ်းအရသာရှိတာပဲ!"

လင်းချီ ကြားလေ့ရှိနေသော စကားလုံးများကို သူမ ထုတ်ဖော်ပြောလာသည်။

သူ သက်ပြင်းချလိုက်ပြီး “အရသာရှိတယ်မလား”

ကျင်းလင်လင် အရမ်းသိချင်သွားပြီး “သခင်လေး ဘာနည်းစနစ်မှမသုံးဘဲ ဒီလိုအရသာရှိတဲ့အစားအစာတွေကို ဘယ်လိုချက်ပြုတ်နိုင်တာလဲ ဘယ်လိုလုပ်လိုက်တာလဲ?"

လင်းချီသည် စူးစမ်းလိုစိတ်ရှိသော ကျင်းလင်လင်ကို ကြည့်ကာ များများစားစား မတွေးဘဲ ပြောလိုက်သည်။ “ပါဝင်ပစ္စည်းတွေကိုယ်တိုင်ကိုက အရသာရှိတာ နည်းစနစ်တွေက အရမ်းအရေးကြီးပေမယ့် အချို့သောပါဝင်ပစ္စည်း‌တွေကိုက ဘာနည်းစနစ်မှမပါဘဲ အရသာရှိအောင် ချက်လို့ရတယ်”

တကယ်တော့ လင်းချီရဲ့ စနစ်က နည်းစနစ်တွေ မပွင့်သေးပေ။ သူသာ ထိုလုပ်ဆောင်ချက်ကို သော့ဖွင့်နိုင်လျှင် လင်းချီသည် ဟင်းချက်နည်းမျိုးစုံကို သင်ယူနိုင်မည်ဖြစ်၏။

အခု သူ လျှောက်ပြောနေခြင်းဖြစ်သည်။

တစ်ဖက်တွင် လူသာသည် သတိမေ့မြောရာမှ နိုးလာသည်။ သူ မေ့နေသည့်အချိန်တွင် သူ့ဒဏ်ရာများအား ဆေးထည့်ထားသည်ကို တွေ့လိုက်ရသည်။

"ငါ... ငါဘယ်မှာလဲ"

“ရှင် လုံခြုံပါတယ် ရှင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့လို့ ကျွန်မတို့ ခေါ်လာခဲ့တာ"

သုန့်လင် သူ့ဘေးမှ ပြန်ဖြေသည်။ ၎င်းအဖြေက လူသာကို စိတ်ပူသွားစေပြီး ကမန်းကတန်း ထထိုင်လိုက်မိသည်။

“စိတ်မပူပါနဲ့ မြန်မြန်လှဲလိုက် မဟုတ်ရင် ဒဏ်ရာတွေ ပြန်ပွင့်လာလိမ့်မယ်”

“ဒါကို ကျွန်မတို့ဘက်က ကျေးဇူးတုံ့ပြန်တယ်လို့ မှတ်ယူလိုက်ပါ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ ကျောက်ဘီလူးကြီးဆီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

လူသာ ရုတ်တရက် ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရပြီး ချက်ချင်း မျက်တောင်ခတ်လိုက်ကာ "ဟုတ်သားပဲ ကျုပ်ပြန်သွားပြီး သခင်လေးလင်းကို သွားရှာရဦးမယ်"

"ရှင်က လင်းမိသားစုရဲ့ အစောင့်မလား စိတ်မပူပါနဲ့ ဒီမှာ တစ်ည‌လောက်နေလိုက် မနက်ဖြန် ကျွန်မတို့ ပြန်ပို့‌ပေးမယ်"

သုန့်လင်၏ နူးနူးညံ့ညံ့ စကားလုံး‌တွေကိုကြားတော့ လူသာ မျက်နှာနီမြန်းသွားသည်။ သူ ခေါင်းကုတ်ပြီး ပြောသည်။ "ဒါ... ဒါက အားနာစရာကြီး"

“ရပါတယ် ရှင် ကျွန်မတို့ကို ကယ်ခဲ့တာပဲ ကျေးဇူးပါ"

လူသာသည် လင်းလုံမြို့တော်မှလူများကို ဤမျှ‌လောက် ကျေးဇူးတင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့မှာ တစ်ညလုံး အဖော်ပြုပေးမည့် ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်တောင် ရှိ‌နေသေးသည်။

'ငါမပြန်ရင်...'

'သခင်လေးက ငါမရှိဘဲနဲ့လည်း အဆင်ပြေမှာပါ ဟုတ်တယ်မလား?'

တစ်ဖက်တွင်တော့ လင်းချီမှာ အစောကတည်းက အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။ လုံခြုံရေးအရ သူတို့အားလုံး သုံးနာရီတိုင်း ညကင်းကို အလှည့်ကျ စောင့်ကြပ်ကြရသည်။ သို့သော်လည်း ဤသည်က အလွန်အန္တရာယ်များသည့်နေရာဖြစ်နေဆဲ။

အခု စောင့်ကြည့်နေရသူမှာ ကျင်းလင်လင် ဖြစ်သည်။ ယွီမုန့် နှင့် လူးဝစ်တို့က သစ်ပင်ဘေးတွင် အနားယူနေကြပြီး လင်းချီကတော့ ကျင်းလင်လင်၏ ပခုံးပေါ်၌ မှီအိပ်နေလေသည်။

"ဆရာ... ဆရာ ကျွန်မဆံပင်ကို ဖိမိ‌နေတယ်"

လင်းချီသည် နူးညံ့သောအသံလေးကြောင့် နိုးလာခဲ့သည်။ သူက ခေါင်းကို ဖြည်းညှင်းစွာ မလိုက်ပြီး “တောင်းပန်ပါတယ် ငါက အိပ်ရင် တစ်ခုခုကို မှီပြီးမှ အိပ်တတ်လို့”

ကျင်းလင်လင်က မထူးခြားနားဟန်ဖြင့် ပြောသည်။ "ရပါတယ် ကျွန်မတို့နှစ်ယောက်ကပ်‌နေရင် ပိုနွေးတာပေါ့"

ထိုအချိန်တွင် လင်းချီသည် တစ်ရှဲရှဲမြည်သံကို ကြားလိုက်ရသည်။ သူက ချက်ချင်း မျက်ခုံးပင့်ကာ ပတ်ပတ်လည်ကို သတိနှင့် ကြည့်လိုက်သည်...

“ရှူး! တိုးတိုး တစ်စုံတစ်ခု ငါတို့ဆီကို လာနေတဲ့ပုံပဲ!”

~~~

အပိုင္း - ၃၈ (အဆင့္သုံးသို႔ တိုးျမင့္သြားေသာ စနစ္)

ယြီမုန႔္ ၫႊန္ျပရာ အေရွ႕တြင္ လူသာကို ကယ္တင္ရန္ သုန႔္လင္ႏွင့္ အျခားသူမ်ား ျဖည္းညႇင္းစြာ ေလွ်ာက္လာသည္ကို ေတြ႕လိုက္ရသည္။

“ဒါ…”

လင္းခ်ီ အနည္းငယ္ အေတြးမ်ားသြားသည္။ “လူသာက ငါတို႔ဘက္က‌ေလ သူတို႔က သူ႔ကို ကယ္ၿပီး ေခၚထားခ်င္တယ္လား”

ယြီမုန႔္ ဂ႐ုမစိုက္‌ေပ။ တကယ္တမ္းေျပာရမည္ဆိုလွ်င္ ၾကယ္ငါးပြင့္နတ္ဆိုးသားရဲေရွ႕ေမွာက္၌ အဆင့္ျမင့္ဓားသမားတစ္ဦးသည္လည္း အသုံးမဝင္ေသာေၾကာင့္ လူသာ သူတို႔ႏွင့္အတူရွိမရွိကို သူမ ဂ႐ုမစိုက္ႏိုင္ေပ။

သို႔ေသာ္လည္း သူမ ထိုကဲ့သို႔ေသာ ယုံၾကည္မႈကိုရရွိရန္ လင္းခ်ီ၏ခြန္အား‌အေပၚ၌ အားကိုးထားျခင္းျဖစ္သည္။

"သြားၾကရေအာင္!"

ယြီမုန႔္ လင္းခ်ီကို ဆြဲ‌ေခၚလာသည္။ လင္းခ်ီမွာ သူ႔အေစာင့္အား အျခားသူေတြ လုယူသြားသည္ကိုသာ ၾကည့္ေနႏိုင္ခဲ့သည္။

တစ္ဖက္၌ သုန႔္လင္သည္ အရပ္ရွည္ကာ သန္မာေသာ လူသာကို ကယ္တင္ၿပီးေနာက္ အနည္းငယ္ ေဘးကင္းေသာ ေနရာသို႔ ေခၚေဆာင္သြားခဲ့သည္။ တျခားသူေတြက “ဒီတစ္ေယာက္က ၿပိဳင္ပြဲဝင္မဟုတ္ဘူးေလ သူ႔ကို ငါတို႔နဲ႔ ပူးေပါင္းခိုင္းရင္ေရာ?"

“ငါမွတ္မိတာေတာ့ သူက ဆန္းသစ္လၿမိဳ႕ေတာ္က လင္းမိသားစု သခင္ငယ္ေလးရဲ႕ ကိုယ္ရံေတာ္မလား ငါတို႔ ဒီလူကို သူတို႔ဆီ ျပန္ပို႔‌ေပးရင္ေကာ"

လူသာ သတိေမ့ေနေသးတာကိုေတြ႕ေတာ့ သုန႔္လင္က ျငင္သာစြာေျပာလိုက္သည္။ "အရင္ဆုံး သူျပန္ေကာင္းလာပါေစဦး"

အေနာက္ဘက္သို႔ ေနဝင္စျပဳလာသည္။

ညဘက္တြင္ မိစာၦသားရဲမ်ား အမဲလိုက္ရန္ ထြက္လာၾကမည္ကို ၿပိဳင္ပြဲဝင္သူမ်ား ေကာင္းစြာသိၾကသည္။ ထို႔ေၾကာင့္ ထိုကာလတြင္ ေရွ႕ဆက္သြားရန္ မသင့္ေတာ္‌ေပ။ သူတို႔ အနားယူရန္ လုံၿခဳံသည့္ ေနရာတစ္ခုကို ရွာမွရလိမ့္မည္။

လင္းခ်ီသည္ ယြီမုန႔္အပါအဝင္ အျခားသူမ်ားႏွင့္အတူ ထိုင္‌ေနခဲ့သည္။ က်င္းလင္လင္ သူတို႔ႏွင့္ ပူးေပါင္းလိုက္တာေၾကာင့္ အစားအေသာက္အတြက္ေတာ့ စိတ္ပူစရာ မလို‌ေတာ့ေပ။

ေတာထဲမွာ ဟင္းခ်က္ရသည့္တိုင္ ခ်က္ျပဳတ္ျခင္းအ‌ေပၚထားသည့္ က်င္းလင္လင္၏အခ်စ္မ်ားက ေလ်ာ့မသြား‌ေပ။ သူမစုေဆာင္းထားေသာ ပါဝင္ပစၥည္းမ်ားကို ဟင္းခ်က္အိုးထဲသို႔ ထည့္လိုက္သည္။ ေတာထဲတြင္ ခ်က္ျပဳတ္ရသည္မွာလည္း အရသာတစ္မ်ိဳးရွိသည္။

မၾကာခင္မွာ အရသာရွိေသာ စြပ္ျပဳတ္တစ္အိုး အဆင္သင့္ျဖစ္ေနၿပီ။ လင္းခ်ီလည္း သူတို႔ကို ကန္စြန္းဥနဲ႔ အသားကင္တခ်ိဳ႕ ေပးလိုက္၏။ ယေန႔ည ဟင္းပြဲတို႔က စားရ အလြန္ၿမိန္သည္။

လင္းခ်ီ အသားကင္အခ်ိဳ႕ကို ခ်က္ျပဳတ္ၿပီးခ်ိန္တြင္ စနစ္မွ အေၾကာင္းၾကားခ်က္တစ္ခု ထြက္ေပၚလာသည္။

[ဒင္! လွ်ာကေဝစနစ္၏ အေတြ႕အႀကဳံအမွတ္မ်ား ျပည့္ေနပါသည္။ စနစ္ပိုင္ရွင္ အဆင့္တက္ရန္ ေ႐ြးခ်ယ္ပါမည္လား။ ]

လင္းခ်ီ အံ့အားသင့္သြားသည္။ ဒီေလာက္ ခပ္ေစာေစာ အဆင့္တက္သြားလိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားေပ။ သူခ်က္ခ်င္း '‌အတည္ျပဳသည္' ကိုႏွိပ္ၿပီး ေလနက္ခံတပ္ထဲတြင္ ရရွိခဲ့ေသာေ႐ႊဒဂၤါးမ်ားအားလုံးကို သုံးလိုက္သည္။

[ဒင္! ဂုဏ္ယူပါတယ္ လွ်ာကေဝစနစ္အား အဆင့္ ၃ သို႔ ေအာင္ျမင္စြာ အဆင့္ျမႇင့္တင္ၿပီးသြားပါၿပီ။ ဟင္းပြဲမီႏူးအသစ္မ်ား ရရွိလာသည္- လတ္ဆတ္ေသာ ေမွာ္မႈိမ်ား၊ ျမန္ႏႈန္းျမႇင့္သၾကားလုံး၊ မႈိပါဝင္ေသာ အဆီ႐ႊမ္းသည့္ အမဲသား၊ ညႇိဳ႕အားျပင္း နံနံပင္ ]

[ ဒင္! အဆင့္ျမႇင့္ျခင္းအတြက္ လက္ေဆာင္ထုပ္ကို သင္လက္ခံရရွိခဲ့သည္- ျမႇင့္တင္မႈ သၾကားလုံး (x1)၊ လတ္ဆတ္ေသာ မႈိပြင့္မ်ား (x100)၊ အမဲသား (x100)၊ ေပါက္ကြဲျခင္းျမက္ (x100)၊ ဂီတနတ္ပန္း (x100) ]

အဆင့္ျမႇင့္ၿပီးေနာက္ လင္းခ်ီသည္ ဟင္းပြဲအသစ္မ်ားစြာကို ေသာ့ဖြင့္ခဲ့သည္။ သူ အားလုံးကို ၿခဳံၾကည့္ၿပီး‌ေနာက္တြင္ ၎တို႔အထဲမွ တစ္ခုမွာ သူ႔အား ဆြဲေဆာင္လ်က္ရွိသည္။

[ ဟင္းလ်ာအမည္ : ျမန္ႏႈန္းျမႇင့္သၾကားလုံး ]

[ ပါဝင္ပစၥည္းမ်ား- ခ်ိဳၿမိန္သင္းပ်ံ႕ေသာပန္း, ပူစီနံ, သစ္ခြရည္, မီးသင္းသၾကား, ႏြားႏို႔ ]

[အက်ိဳးသက္ေရာက္မႈမ်ား- သုံးစြဲသူ၏အျမန္ႏႈန္းကို ငါးဆအထိ တိုးျမႇင့္ႏိုင္သည္။ ]

လင္းခ်ီ သည္ ထိုကဲ့သို႔ေသာ လြတ္ေျမာက္ေရး ေမွာ္ရတနာမ်ိဳးကို ျမန္ျမန္ဆန္ဆန္ရရန္ မေမွ်ာ္လင့္ခဲ့ေပ။ ေနာင္တြင္ သူလြတ္ေျမာက္ရန္ လိုအပ္ပါက အသုံးျပဳရန္ ထိုကဲ့သို႔‌ေသာ သၾကားလုံးမ်ားကို ႀကိဳတင္ျပင္ဆင္ထားရလိမ့္မည္။

"ဆရာ!"

ထိုအခ်ိန္တြင္ က်င္းလင္လင္သည္ လင္ခ်ီအား စြပ္ျပဳတ္ပန္းကန္ကို ျဖည္းညႇင္းစြာ ကမ္းေပးကာ ေျပာသည္။ "ဆရာ ကြၽန္မရဲ႕ စြပ္ျပဳတ္ကို ျမည္းၾကည့္ပါလား"

ဒီကေလးမက စြပ္ျပဳတ္နဲ႔ပတ္သတ္ၿပီး သူမအား လိုအပ္ေသာ အႀကံဉာဏ္ေပးခိုင္း‌ေစခ်င္ေၾကာင္း လင္းခ်ီသိတာမို႔ သူ မျငင္းခဲ့ေပ။ ၎ကို ျမည္းစမ္းၾကည့္ၿပီးေနာက္ သူေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။  “အရသာေတြမ်ားလြန္းေနတာက အစားအစာတစ္ခုလုံးရဲ႕ အရသာကို ထိခိုက္ေစတယ္”

“အာ! ဟုတ္ကဲ့!"

အကယ္၍ ထိုစကားကို အျခားသူမွေျပာပါက က်င္းလင္လင္ ေဒါသထြက္ေနမည္မွာ ေသခ်ာပါသည္။ သို႔ေသာ္လည္း လင္းခ်ီ ေျပာသမွ်ကို သူမ ႏွလုံးသားထဲ စြဲမွတ္ထားၿပီး ေဘာပင္ျဖင့္ပင္ ေရးခ်ထားလိုက္သည္။

က်င္းလင္လင္ လင္းခ်ီ‌ေဘး အပူကပ္ေနတာကို ယြီမုန႔္ ျမင္ေတာ့ လင္းခ်ီဆီမွ သူ၏ အထူးအစားအစာတခ်ိဳ႕ကို ေတာင္းဆိုရမွာ အလြန္ရွက္ေနခဲ့သည္။ ထို႔ေၾကာင့္ သူမမွာ အေတြးမ်ားကို ထုတ္မျပႏိုင္ဘဲ သူတို႔ႏွစ္ေယာက္ကို ေငးၾကည့္႐ုံသာ ၾကည့္ေနႏိုင္ခဲ့သည္။

ထို႔ေနာက္ လူးဝစ္က စကားစျမည္ေျပာရန္ ေရာက္လာသည္။

"ယြီမုန႔္ ငါ့မွာ အစာေျခာက္ေတြ အမ်ားႀကီး က်န္ေသးတယ္ မင္းထပ္လိုခ်င္ေသးလား?"

“မလိုဘူး! ထြက္သြား!"

ယြီမုန္႔ဆီမွ ေအာ္ေငါက္ျခင္းခံရေတာ့ လူးဝစ္ အလြန္ေၾကာက္သြားၿပီး စကားမေျပာရဲဘဲ ေနာက္ျပန္ဆုတ္သြားခဲ့သည္။

က်င္းလင္လင္၏ ေမွ်ာ္လင့္‌ေစာင့္စား‌ေနေသာ အမူအရာကိုျမင္ေတာ့ လင္းခ်ီနားလည္သြားၿပီး ေျပာသည္။ "ငါ့ကိုဒီလို ၾကည့္မ‌ေနနဲ႔"

"ဆရာ ဒီည ဘာလုပ္မွာလဲ"

“ငါ…”

လင္းခ်ီ စနစ္အား ၾကည့္လိုက္သည္။ ေလာေလာဆယ္ သူ႔တြင္ မႈိပါဝင္‌ေသာ အဆီ႐ႊမ္းသည့္ အမဲသားကို ခ်က္ျပဳတ္ရန္ ပါဝင္ပစၥည္းမ်ားသာ ရွိေသာ္လည္း ပြင့္ပြင့္လင္းလင္း မထုတ္ႏိုင္‌ေပ။ သူသည္ ဟင္းခ်က္အိုးထဲသို႔ ၎အမဲသားႏွင့္ မႈိအနည္းငယ္ကိုသာ ထည့္လိုက္ႏိုင္သည္။

ေရေႏြးေငြ႕မ်ားကို အခြင့္ေကာင္းယူၿပီး ခ်က္ျခင္း စနစ္မွ ပါဝင္ပစၥည္းမ်ားကို ထုတ္ကာ အိုးထဲသို႔ ေလာင္းထည့္လိုက္သည္။

က်င္းလင္လင္သည္ အနံ႔ေမႊးေမႊးေလး မရမိခင္အထိ မည္သည့္ဟင္းခတ္အေမႊးအႀကိဳင္မ်ားထည့္လိုက္မွန္းကိုပင္ ရွင္းရွင္းလင္းလင္း မသိလိုက္ေပ။

"အနံ႔အရမ္းေကာင္းတယ္!"

ယြီမုန႔္ႏွင့္ လူးဝစ္တို႔သည္လည္း ဟင္းလ်ာရနံ႔၏ ဆြဲေဆာင္ျခင္းကိုခံလိုက္ရသည္။

လင္းခ်ီ ေပ်ာ္႐ႊင္စြာေျပာလိုက္သည္။  "မႈိနဲ႔ အဆီ႐ႊမ္းတဲ့ အမဲသားေလ ျမည္းၾကည့္လိုက္"

က်င္းလင္လင္ သူမပန္းကန္လုံးထဲသို႔ ထည့္ၿပီး ေသခ်ာေလး အရသာခံရန္ မေစာင့္ႏိုင္ေတာ့ေပ။

"အရမ္းအရသာရွိတာပဲ!"

လင္းခ်ီ ၾကားေလ့ရွိေနေသာ စကားလုံးမ်ားကို သူမ ထုတ္ေဖာ္ေျပာလာသည္။

သူ သက္ျပင္းခ်လိုက္ၿပီး “အရသာရွိတယ္မလား”

က်င္းလင္လင္ အရမ္းသိခ်င္သြားၿပီး “သခင္ေလး ဘာနည္းစနစ္မွမသုံးဘဲ ဒီလိုအရသာရွိတဲ့အစားအစာေတြကို ဘယ္လိုခ်က္ျပဳတ္ႏိုင္တာလဲ ဘယ္လိုလုပ္လိုက္တာလဲ?"

လင္းခ်ီသည္ စူးစမ္းလိုစိတ္ရွိေသာ က်င္းလင္လင္ကို ၾကည့္ကာ မ်ားမ်ားစားစား မေတြးဘဲ ေျပာလိုက္သည္။ “ပါဝင္ပစၥည္းေတြကိုယ္တိုင္ကိုက အရသာရွိတာ နည္းစနစ္ေတြက အရမ္းအေရးႀကီးေပမယ့္ အခ်ိဳ႕ေသာပါဝင္ပစၥည္း‌ေတြကိုက ဘာနည္းစနစ္မွမပါဘဲ အရသာရွိေအာင္ ခ်က္လို႔ရတယ္”

တကယ္ေတာ့ လင္းခ်ီရဲ႕ စနစ္က နည္းစနစ္ေတြ မပြင့္ေသးေပ။ သူသာ ထိုလုပ္ေဆာင္ခ်က္ကို ေသာ့ဖြင့္ႏိုင္လွ်င္ လင္းခ်ီသည္ ဟင္းခ်က္နည္းမ်ိဳးစုံကို သင္ယူႏိုင္မည္ျဖစ္၏။

အခု သူ ေလွ်ာက္ေျပာေနျခင္းျဖစ္သည္။

တစ္ဖက္တြင္ လူသာသည္ သတိေမ့ေျမာရာမွ ႏိုးလာသည္။ သူ ေမ့ေနသည့္အခ်ိန္တြင္ သူ႔ဒဏ္ရာမ်ားအား ေဆးထည့္ထားသည္ကို ေတြ႕လိုက္ရသည္။

"ငါ... ငါဘယ္မွာလဲ"

“ရွင္ လုံၿခဳံပါတယ္ ရွင္ ဒဏ္ရာ ျပင္းျပင္းထန္ထန္ ရခဲ့လို႔ ကြၽန္မတို႔ ေခၚလာခဲ့တာ"

သုန႔္လင္ သူ႔ေဘးမွ ျပန္ေျဖသည္။ ၎အေျဖက လူသာကို စိတ္ပူသြားေစၿပီး ကမန္းကတန္း ထထိုင္လိုက္မိသည္။

“စိတ္မပူပါနဲ႔ ျမန္ျမန္လွဲလိုက္ မဟုတ္ရင္ ဒဏ္ရာေတြ ျပန္ပြင့္လာလိမ့္မယ္”

“ဒါကို ကြၽန္မတို႔ဘက္က ေက်းဇူးတုံ႔ျပန္တယ္လို႔ မွတ္ယူလိုက္ပါ ရွင့္ေၾကာင့္သာ မဟုတ္ရင္ ကြၽန္မတို႔ ေက်ာက္ဘီလူးႀကီးဆီကေန လြတ္ေျမာက္ႏိုင္မွာ မဟုတ္ဘူး”

လူသာ ႐ုတ္တရက္ ျဖစ္ပ်က္ခဲ့တာေတြကို ျပန္သတိရၿပီး ခ်က္ခ်င္း မ်က္ေတာင္ခတ္လိုက္ကာ "ဟုတ္သားပဲ က်ဳပ္ျပန္သြားၿပီး သခင္ေလးလင္းကို သြားရွာရဦးမယ္"

"ရွင္က လင္းမိသားစုရဲ႕ အေစာင့္မလား စိတ္မပူပါနဲ႔ ဒီမွာ တစ္ည‌ေလာက္ေနလိုက္ မနက္ျဖန္ ကြၽန္မတို႔ ျပန္ပို႔‌ေပးမယ္"

သုန႔္လင္၏ ႏူးႏူးညံ့ညံ့ စကားလုံး‌ေတြကိုၾကားေတာ့ လူသာ မ်က္ႏွာနီျမန္းသြားသည္။ သူ ေခါင္းကုတ္ၿပီး ေျပာသည္။ "ဒါ... ဒါက အားနာစရာႀကီး"

“ရပါတယ္ ရွင္ ကြၽန္မတို႔ကို ကယ္ခဲ့တာပဲ ေက်းဇူးပါ"

လူသာသည္ လင္းလုံၿမိဳ႕ေတာ္မွလူမ်ားကို ဤမွ်‌ေလာက္ ေက်းဇူးတင္သြားလိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့ေပ။ သူ႔မွာ တစ္ညလုံး အေဖာ္ျပဳေပးမည့္ ေခ်ာေမာလွပတဲ့ မိန္းကေလးတစ္ေယာက္ေတာင္ ရွိ‌ေနေသးသည္။

'ငါမျပန္ရင္...'

'သခင္ေလးက ငါမရွိဘဲနဲ႔လည္း အဆင္ေျပမွာပါ ဟုတ္တယ္မလား?'

တစ္ဖက္တြင္ေတာ့ လင္းခ်ီမွာ အေစာကတည္းက အိပ္ေပ်ာ္သြားခဲ့ၿပီျဖစ္သည္။ လုံၿခဳံေရးအရ သူတို႔အားလုံး သုံးနာရီတိုင္း ညကင္းကို အလွည့္က် ေစာင့္ၾကပ္ၾကရသည္။ သို႔ေသာ္လည္း ဤသည္က အလြန္အႏၲရာယ္မ်ားသည့္ေနရာျဖစ္ေနဆဲ။

အခု ေစာင့္ၾကည့္ေနရသူမွာ က်င္းလင္လင္ ျဖစ္သည္။ ယြီမုန႔္ ႏွင့္ လူးဝစ္တို႔က သစ္ပင္ေဘးတြင္ အနားယူေနၾကၿပီး လင္းခ်ီကေတာ့ က်င္းလင္လင္၏ ပခုံးေပၚ၌ မွီအိပ္ေနေလသည္။

"ဆရာ... ဆရာ ကြၽန္မဆံပင္ကို ဖိမိ‌ေနတယ္"

လင္းခ်ီသည္ ႏူးညံ့ေသာအသံေလးေၾကာင့္ ႏိုးလာခဲ့သည္။ သူက ေခါင္းကို ျဖည္းညႇင္းစြာ မလိုက္ၿပီး “ေတာင္းပန္ပါတယ္ ငါက အိပ္ရင္ တစ္ခုခုကို မွီၿပီးမွ အိပ္တတ္လို႔”

က်င္းလင္လင္က မထူးျခားနားဟန္ျဖင့္ ေျပာသည္။ "ရပါတယ္ ကြၽန္မတို႔ႏွစ္ေယာက္ကပ္‌ေနရင္ ပိုေႏြးတာေပါ့"

ထိုအခ်ိန္တြင္ လင္းခ်ီသည္ တစ္ရွဲရွဲျမည္သံကို ၾကားလိုက္ရသည္။ သူက ခ်က္ခ်င္း မ်က္ခုံးပင့္ကာ ပတ္ပတ္လည္ကို သတိႏွင့္ ၾကည့္လိုက္သည္...

“ရႉး! တိုးတိုး တစ္စုံတစ္ခု ငါတို႔ဆီကို လာေနတဲ့ပုံပဲ!”

~~~

Seguir leyendo

También te gustarán

1.7M 112K 26
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
87.7K 1.8K 16
Your a normal high school named y/n l/n. Your an omega and was fated to a alpha since birth. Right now your not even thing about your soulmate but w...
2.1K 283 63
Title 末世带娃闯天下 Author 柚妃子茶 English Title Surviving the apocalypse with five children English Translator 0003min Ch 151+ Extra 4 (155) MC ဝိန်ရှောင်ရှ...
1.4K 216 8
I don't own this novel. It's a fun translation. All Credit to Original Author and English Translator. Chapter_87+11extra