အပိုင်း (89)
ကျန်းကျိရင်၏ နေရာရွှေ့ပြောင်းလိုက်သော တည်နေရာက ကျပမ်းဖြစ်နေသည်။ သူကလည်း ဒေါက်တာဝိုင်၏ အခြေစိုက်စခန်းသို့ ရောက်သွားမည်ဖြစ်ကြောင်း အာမခံချက် ရှိပြီးသားဖြစ်သည်။ သို့သော် နေရာအတိအကျကိုမူ မသိနိုင်ချေ။ ဒီတစ်ကြိမ်တွင် သူက ရင်းနှီးကျွမ်းဝင်သော နေရာတစ်ခုဖြစ်သည့် ပစ္စည်းအသစ်တစ်ခုဖြင့် လုပ်ထားသော အဖြူရောင်ဂိတ်က ပိတ်နေသည့်လမ်းရှေ့သို့ ရောက်သွားသည်။
ယခင်နေရာများနည်းတူ ထိုဂိတ်၏ အနောက်တွင်လည်း အဝေးတစ်နေရာသို့ ဆက်သွားနိုင်သည့် လမ်းကြောင်းရှည်ကြီး ရှိနေပေလိမ့်မည်။
ကျန်းကျိရင်ကလည်း သူပထမဦးဆုံးအကြိမ် ယင်ညန်၏ အခြေစိုက်စခန်းသို့ လာသောအချိန်က ကြောင်အဖြစ်နှင့်ဖြစ်ကြောင်း မှတ်မိသေးသည်။ သူက မည်သည့်ကြောက်လန့်မှုမှမရှိဘဲ သူ၏ ကြောင်ပုံစံနှင့် လျှောက်သွားနေကျဖြစ်သည်။ ထို့နောက် သူက ဒီနေရာသို့ ရောက်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် သူ၏ ကြောင်ခန္ဓာကိုယ်က သေးငယ်လွန်းသဖြင့် တံခါးကို မဖွင့်နိုင်ခဲ့ချေ။ သူက တံခါး၏ အရှေ့တွင် အချိန်အကြာကြီး သွားလိုက်လေသော အချိန်တွင် ယင်ညန်က ဖမ်းမိသွားခဲ့ခြင်းဖြစ်သည်။
ယင်ညန်ကသူ့ကို လက်မောင်ထဲတွင် ချီပွေ့ထားပြီး ကြင်နာစွာ ပြောခဲ့သည့် စကားကို မှတ်မိနေသေးသည်။
"မီမီ မင်းအဲဒီနေရာကို သွားလို့မရဘူး"
ကလေးများ၏ အိပ်ရာဝင် ပုံပြင်ဖြစ်သည့် "မုတ်ဆိတ်ပြာနှင့် ဇနီး၇ယောက်" အထဲကအတိုင်း ဖြစ်နေသည်။
ကျန်းကျိရင်က ဂရုမစိုက်ဘဲ တံခါးကို တွန်းဖွင့်လိုက်သည်။ သူက ထိုသို့ ဖွင့်လိုက်သည့်အချိန်တွင် အတွင်းမှ ရုတ်တရက် ထိန်လင်းလာသော အလင်းရောင်ကြောင့် မျက်စိကျိန်းသွားသည်။
ကျန်းကျိရင်က အလျင်စလို ညာဘက်လက်ကို မြှောက်ကာ မျက်လုံးကို အုပ်လိုက်ရသည်။ ထို့နောက် ၃စက္ကန့်ခန့် ကြာပြီးမှသာ ပြန်ချလိုက်သည်။ တံခါး၏ အဟကြားမှတစ်ဆင့် အပြာရောင်အလင်းများ ရောင်ပြန်ဟပ်နေသည့် ဖောက်ထွင်းမြင်ရနိုင်အောင် ကြည်လင်သော ကြီးမားသည့် ရေခဲသလင်းတုံးကြီးကို မြင်လိုက်ရသည်။ တစ်ခန်းလုံး အေးစိမ့်သော လေထုက ပြည့်နှက်နေသည်။ ထို့အပြင် ထိုရေခဲသလင်းတုံး၏ အထဲတွင် ခဲထားသည့် အနီရောင်တောက်ပလွန်းသော နှင်းဆီပန်းစည်းကို မြင်လိုက်ရသည်။
နူးညံ့လှသည့် ပန်းပွင့်များက ရေခဲကြောင့် အပိတ်ခံထားရသဖြင့် အလှပဆုံး အလန်းဆန်းဆုံး တစ်ကဏ္ဍတွင်သာ တည်ရှိနေကြသည်။ ပွင့်ချပ်တစ်ခုချင်းဆီပေါ်မှ ရေစက်များကိုပင် ထင်ထင်ရှားရှား မြင်နိုင်နေသေးသည်။ ပန်းပွင့်၏ ရိုးတံများကို လှပလွန်းသော ရွှေရောင်နှင့် ငွေရောင် နှစ်ရောင်တွဲ ဖဲပြားဖြင့် ခမ်းနားစွာ ချည်ထားလေသည်။ အပေါ်တွင်လည်း " ထူးခြားတဲ့မင်းအတွက် ချီးရှီပွဲတော်က အထူးချစ်ခြင်း၊ မနက်ဖြန်ရဲ့ အထူးသီးသန့် အချစ်ရဆုံး နှင်းဆီပန်း"။
ဒါက ချီးရှီပွဲတော်အတွက် ထိုနှစ်က အထူးလုပ်ပေးခဲ့သည့် တာဝန်မှ နှင်းဆီပန်းဖြစ်ပြီး သူက အင်အားအများကြီး စိုက်ထုတ်ကာ ရအောင်ယူလျက် ယင်ညန်ကို ပေးခဲ့သည်။
ထို့ကြောင့် ယင်ညန်က သူမသိအောင် ဒီနေရာတွင် ဖုံးကွယ်ထားခြင်း ဖြစ်လောက်သည်။
ကျန်းကျိရင်က တစ်ခဏခန့် မှင်တက်သွားပြီးနောက် အနည်းငယ်သော အေးစက်မှုကို ခံစားလိုက်ရသည်။ ထို့နောက် အလွန်အမင်း ရင်းနှီးသော အသံက နောက်မှ ထွက်လာသည်။
"မင်းက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ၊ ဒါက မင်းရှိသင့်တဲ့ နေရာမဟုတ်ဘူး"
အတွေ့ကြုံအများကြီး ရရှိပြီးနောက် ကျန်းကျိရင်ကလည်း တစ်ဖက်သူက ပြောသောစကားကို ကြားလိုက်ရုံဖြင့် သိူ့ကို လွန်ဆွဲချင်စိတ် ဖြစ်လာသည်။ သူ၏အတွေးများကြားတွင် ကျန်းကျိရင်က လျှင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။
သူက သူပြင်ဆင်ထားသော စကားကို စွန့်လွှတ်လိုက်ပြီး အမူအယာကိုပြောင်းကာ တည်ငြိမ်ချင်ယောင် ဆောင်သည်။
"ငါဒီနေရာကို လာတာက မင်းကို လာနှုတ်ဆက်တာ"
ယင်ညန်က တိတ်တဆိတ် ရပ်နေသည်။ သူက စကားပြောမလာခဲ့ပေ။ ကျန်းကျိရင်က ဆက်ပြောသည်။
"ယင်ညန် အခု မင်းအရမ်းအဆင်ပြေနေတယ်လို့ ငါထင်တယ် ၊ ငါတို့က မတူတဲ့ မျိုးစိတ်တွေပါ၊ ငါတို့အတူ မရှိသင့်ဘူး၊ ငါနဲ့အတူ ရှိခြင်းအားဖြင့် မင်းကမင်းရဲ့ မသိစိတ်နဲ့သဘာဝကို အတိုက်အခံလုပ်နေရလိမ့်မယ်၊ ဒီတော့ ဒီတိုင်း ဒီနေရာမှာပဲ အဆုံးသတ်လိုက်ရအောင်၊ ငါ့ကိုလည်း မသတ်ပါနဲ့၊ ငါ ငါ့ရဲ့လောကကို ပြန်လိုက်မယ်၊ ငါနောက် ဘယ်တော့မှ ပြန်မလာတော့ဘူး"
သူ အပေါ်က တည်ကြည်စွာပြောခဲ့သမျှ မည်သည့်စကားကမှ အမှန်မဟုတ်ချေ။
သို့သော် သူ၏ စိတ်ထဲတွင်မူ အော်ဟစ်နေမိသည်။
"မင်းမှာ ငါ့ကို ကယ်ဖို့ စွမ်းရည်ရှိရင် ငါ့ကို ဖုတ်ကောင်တွေသာ ပေးနိုင်တဲ့ ငါသိမ်းထားတဲ့ ပန်းတွေကိုတောင် ထိန်းသိမ်းထားသည်။ အဲဒီနောက် ဘာလို့ ငါနဲ့အတူ အိမ်ပြန်မလိုက်ခဲ့တာလဲ"
ရလဒ်အနေဖြင့် ယင်ညန်က သူ့ကို တိတ်တဆိတ်တာ ကြည့်နေပြီး မျက်လွှာကို ချလိုက်ကာ နောက်သို့လှည့်ပြီးထွက်သွားသည်။ ကျန်းကျိရင်၏ အသက်ရှူသံကပင် လည်ပင်းတွင် တစ်သွားသည်။ သူကလည်း ထိုလူဟာ သူ၏မျိုးနွယ်များ၏ ဆွဲဆောင်မှု ပြင်းထန်လွန်းသည့် inte indusကို မြှင့်လိုက်သောကြောင့် ပျိုးပျိုးပျက်ပျက်လက်သည့် မည်သည့် တိမ်ဆိုင်မှုန်များကိုမှ မထုတ်လွှတ်တော့ကြောင်း တွေးလိုက်မိသည်။
ဒါက တကယ်ကို ရက်စက်လွန်းပြီး ကြင်နာမှုမဲ့တာပဲ။
သူက လက်မလျှော့လိုချေ။ ထို့ကြောင့် နောက်ထပ်စကားတစ်ခွန်းကို ထပ်ဖြည့်ပြောသည်။
"နောင်တမရနဲ့"
ထို့နောက် သူက ကူကယ်ရာမဲ့စွာဖြင့် ဒေါက်တာဝိုင်၏ အခြေစိုက်စခန်းထဲမှ ခါးသည်းမှုနှင့် ဝမ်းနည်းမှုများ ခြံရံကာ ထွက်လာခဲ့လိုက်ရသည်။
သူက စိတ်ဓာတ်အားငယ်နေချိန်တွင် တားမြစ်နယ်မြေသို့ နေရာရွှေ့ပြောင်းသွားခဲ့ခြင်း မရှိဘဲ ကျဆုံးခြင်းမြို့၏ အပြင်ဘက်သို့ ဆင်းသက်လိုက်သည်။ ထိုနေရာက အပျက်အစီးနယ်မြေဖြစ်သည်။ လှည့်လည်သွားလာနေသော ဖုတ်ကောင်များသာ ရှိသည်။ ဆိုရိုးစကားအတိုင်း ကံဆိုးမှုက သီးသန့်မလာတတ်ချေ။
ထိုရက်တွင် လီရွှင်ဖုန်းက အနိုင်ရသော အမူအယာမျိုးဖြင့် သီးသန့်နယ်မြေထဲမှ ထွက်ခွာလာခဲ့သည်။ သူက သူ့ကိုယ်သူ အကာကွယ်မထားဘဲ ကျန်းကျိရင်က သူ့ကို ခြေရာခံသောအရာ တပ်ဆင်လိုက်ခြင်းကို ခွင့်ပြုခဲ့သည်။ ဒီနေ့တွင် ကျန်းကျိရင်က ယင်ညန်ကို အလျင်စလို သွားတွေ့သောအခါတွင်လည်း သူ့ကြောင့် သေသွားပြီဖြစ်သည့် လီရွှင်ဖုန်းက သူ့ကို လျှို့ဝှက်စွာဖြင့် တပ်ပေးလိုက်သည့် Eဓာတ်ခွဲခန်းမှ လုပ်ထားသော အထူးခြေရာခံစက်ကိုလည်း သတိမထားမိခဲ့ချေ။
ကျန်းကျိရင်က ခေါင်းငုံ့ကာ ဆယ်စက္ကန့်ခန့် လျှောက်နေပြီးနောက် ရုတ်တရက် စွမ်းအင်အားလှိုင်း ဖြာထွက်မှုကို ခံစားလိုက်မိသည်။ အရှေ့ခြေလှမ်း တစ်ရာခန့်အကွာတွင် တခြားသော လူတစ်ယောက်ပေါ်လာသည်။
ထိုလူက အဖြူရောင့ကုတ်ကို ဝတ်ထားပြီး မျက်နှာတွင် အဖြူရောင် သံမဏိမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ထိုမျက်နှာဖုံးတွင် ရှိသော ပါးစပ်မှတစ်ဆင့် ပြုံးနေသလိုမျိုး ကော့နေသလိုအနေအထားမျိုးကို မြင်ရသည်။ မျက်နှာဖုံးနှင့်လူက ပြောသည်။
"ငါက ဒုတိယ ဘုရင်ပဲ၊ ငါဒီနေရာကိုလာပြီး မင်းကိုသတ်တာ"
ကျန်းကျိရင်က နာမည်နှင့်စာသားကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။ သို့ရာတွင် သူက ယခု အဆင့်၉အဆင့်စွမ်းရည်အသုံးပြုသူ ဖြစ်သည်။ ထို့အပြင် ယင်ညန်ကိုယ်တိုင်က လက်ဆောင်ပေးထားသော သဘာဝကို အံတုနိုင် ပစ္စတိုနှင့် ယခင်ခေတ်မှ နတ်ဘုရားဝတ်စုံ တစ်စုံလုံးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူက မိုးကြိုးအဖွဲ့ကို ဦးဆောင်ကာ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့သည်။ သူက ယွင်ချူကဲ့သို့ ယွင်လဲ့ထျန်း၏ အင်အားအများစုကို ပိုင်ဆိုင်ထားသော လူကို တွေ့မည်ဆိုလျှင်ပင် တိုက်ခိုက်နိုင်ရန် ယုံကြည်မှုရှိသေးသည်။
ဒုတိယခေါင်းဆောင်ဆိုသောသူကလည်း ဗီလိန်သေဆုံးမှု၏ နောက်ကွယ်မှ အကြောင်းတရားများကို နားလည်ထားပုံပေါ်ပြီး မည်သည့် စကားမဗ အပိုပြောမလာခဲ့ပဲ တိုက်ရိုက်ပင် ခုတ်လာသည်။
ဒါက သာမန်ဓားမဟုတ်ချေ။ စိတ်စွမ်းအားဖြင့် ဖန်တီထားသော ဓားဖြစ်သည်။ ထိုဓား၏ အထူးတလည် သက်ရောက်နိုင်သော စွမ်းရည်က စိတ်စွမ်းရည်အကာကွယ် လှိုင်းတိုင်းကို ကျော်ဖြတ်နိုင်သည်။ ဥပမာအားဖြင့် ဓားကို ကိုင်ဆွဲသူက အခြားသော စိတ်စွမ်းအင် အသုံးပြုသူက ဖန်တီးထားသည့် ထင်ယောင်ထင်မှား နယ်မြေအတွင်းသို့ ကျရောက်သွားခဲ့ပါက ထိုဓားကြောင့် ထိုပုံရိပ်ယောင်ဒေသက ပျက်စီးပြီး ပျောက်ကွယ်သွားမည်ဖြစ်သည်။
ပိုင်မန်အဖွဲ့အစည်းမှ လက်တွေ့ကျကျ သုတေသနလုပ်ထားမှုနှင့် ယှဥ်သော် Eဓာတ်ခွဲခန်းက လူရူးတချို့နှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်။ ကမ္ဘာကပ်ဘေးက မဖြစ်ပျက်လာခဲ့လျှင်လည်း သံသယရှိရန်မလိုလောက်အောင် ဒါက ကျိန်စာတစ်ခု ဖြစ်လာပေလိမ့်မည်။ သူတို့က ပစ္စည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးဝင်ပုံကို လေ့လာကြခြင်း မဟုတ်လေဘဲ လူသားများ၏ မူရင်းဇစ်မြစ်လောကနှင့် တည်ရှိနေသော နိယာမများကို လေ့လာကြခြင်း ဖြစ်သည်။
တစ်စုံတစ်ခု၏ အပိတ်ခံရထားသည့်အတွက် မမြင်နိုင်သော လူများနည်းတူ လောကတွင် ရှိနေသော လူများအလား သူတို့က အင်အားအများကြီး စိုက်ထုတ်ထားကြသော်လည်း သံသယဝင်ရန် မလိုလောက်အောင် မည်သည့်အရာကိုမှ မရှာတွေ့နိုင်ခဲ့ချေ။ သို့သော် အတွေးတစ်ခု အနည်းငယ်တော့ဖြင့် ရရှိနိုင်ကြသေးသည်။ လူတိုင်းတွင်လည်း လောကနှင့် အထူးတလည် ဆက်နွှယ်နေသည့် တစ်စုံတစ်ရာရှိကြောင်း သိလိုက်သည်။ ထိုဆက်နွှယ်မှုကို ဖြတ်တောက်လိုက်လျှင် ထိုလူက ဒီလောကမှ ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော် သူတို့က သီအိုရီအရသာ နားလည်ထားခြင်း ဖြစ်သည်။ ထိုသီအိုရီအရ လူတိုင်းက ဒီလောကနှင့် ပြင်းထန်သည့် ဆက်နွှယ်မှုရှိနေသည်။ လူတစ်ယောက်ကို သတ်ခြင်းထက် ထိုသို့သော ဆက်နွှယ်မှုကို ဖြတ်တောက်ရန် ပို၍ ခက်ခဲလေသည်။ လူပေါင်းများစဃာအတွက် သေဆုံးသွားလျှင်ပင် ဆက်နွှယ်မှုက တည်ရှိနေဦးမည်ဖြစ်သည်။
သို့ရာတွင် အထူးတလည် အခြေအနေမျိုးလည်း ရှိသည်။ ထိုလူက သူတို့၏ ထိပ်ဆုံးရန်သူဖြစ်သည့် ကျန်းကျိရင်ဖြစ်သည်။ သူတို့ကလည်း ကျန်းကျိရင်နှင့် လောက၏ ဆက်နွှယ်မှုက သာမန်လူများထက်ပင် နည်းပါးကြောင်း သိလိုက်ရသည်။ သူက အားနည်းပြီး ပြတ်တောက်ပြတ်တောက် ဖြစ်နေသည့် စိတ်စွမ်းအား ဆက်နွှယ်မှုမျိုးကိုသာ ပိုင်ဆိုင်ထားသည်။ သို့သော် သူတို့က အကြောင်းပြချက်ကို မသိသည့်တိုင်အောင် ကျန်းကျိရင်ကို သတ်ရန်ခက်ကြောင်း သိထားကြသည်။ သို့သော် သူနှင့် လောကကြားမှ ဆက်သွယ်မှုကို ဖြတ်တောက်ရန် လွယ်ကူသည်။
ကျန်းကျိရင်က ဓားကို အလွယ်တကူ ရှောင်သည်။ ထိုဓားက သူ၏မျက်နှာကို လှီးသွား၏။ သို့သော် ဒဏ်ရာ မပေါ်လာခဲ့ချေ။
"?"
ကျန်းကျိရင်က ရှေ့ကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။ ထို့နောက် တစ်စက္ကန့်တွင် ရင်းနှီးကျွမ်းဝင်သော ငိုက်မြည်းမှုက ပေါ်ထွက်လာသည်။ သို့သော် ဒီတစ်ကြိမ်တွင် ပို၍ပင် သိသာပြီး ပြင်းထန်လွန်းသည်။
ကောင်းကင်က လင်းထိန်နေသေးသည်။ သို့သော် ကြီးမားလွန်းလှသော ပဲစေ့လုံးသဏ္ဍာန်အရွယ်အစားရှိသည့် မိုးစက်များက ကြောက်ရွံ့စွာ မြေပြင်ပေါ် ကျဆင်းလာသည်။
ရယ်စရာကောင်းသော ဝတ်စုံနှင့် ဒုတိယဘုရင်ကလည်း မိုးကြိုးအဖွဲ့မှ အရင်ခေါင်းဆောင်က မြေပြင်ပေါ်သို့ လဲကျသွားပြီး အိပ်ပျော်သွားခြင်းအား ကျေနပ်စွာ ကြည့်နေသည်။ သူ၏ မျက်နှာဖုံးအနောက်မှ မျက်နှာက မျက်နှာဖုံးနှင့်တူသော အပြုံးမျိုးကို ပြုံးနေသည်။
ထို့နောက် တစ်စက္ကန့်တွင် သူက မရယ်နိုင်တော့ချေ။ လည်ပင်းကို ခပ်ကြမ်းကြမ်း အဖမ်းခံရမှုနှင့်အတူ သူ၏မျက်နှာက ရှုတ်ထွေးသော ခံစားချက်များကို ပြလိုက်သည်။ ထိုခံစားချက်များက ကြောက်လန့်မှု၊ ခါးသည်းမှုနှင့် လက်သင့်မခံလိုမှုဖြစ်သည်။ ထို့နောက် ကျန်းကျိရင်နည်းတူ သူက မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော် ခြားနားသည်က သူက ချက်ချင်း သေသွားခြင်း ဖြစ်သည်။
..........
တစ်မိနစ်ခန့်ကြာပြီးနောက် ဒေါက်တာဝိုင်က တိတ်တဆိတ် ပေါ်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားသော လူကိုကြည့်သည်။ သူ၏ မျက်ဝန်းထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက်များရှိနေသည်။
မြေပြင်ပေါ်တွင် လဲနေသော လူ၏ အနက်ရောင်ဆံပင်က မိုးစက်နှင့်ရောနေသော ရွံ့များကြောင့် စိုစွတ်သွားသည်။ သူ၏ အဖြူရောင် တီရှပ်ကိုပင် စွန်းသွားသေးသည်။ မိုးစက်က ပြင်းထန်စွာ ကျသထက် ကျလာပြီး သူ၏ နှုတ်ခမ်းကို ဖြူဖျော့ကာ အသက်မဲ့ယောင် ပေါ်လာစေသည်။
ရင်းနှီးကျွမ်းဝင်သော မျက်ဝန်းတစ်စုံက ပိတ်နေသည်။ မျက်တောင်များက အနည်းငယ် ကော့နေသည်မှာ အိပ်ပျော်ရုံသာ ရှိသေးကြောင်း သိသာလေသည်။
သူကလည်း သူ့ကို လာရှာရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့ပေလိမ့်မည်။ "ငါက နှစ်တစ်သောင်းအထိ ချစ်နေမှာ"ဆိုသော ဒဏ္ဍာရီလာ တီရှပ်ကိုပင် ဝတ်ထားသေးသည်။ ယင်ညန်ကလည်း လဲ့တွန်းကသာ ဖော်ပြသည့် ထိုတီရှပ်၏ အကြောင်းအရာကို ကြားဖူးခြင်း ဖြစ်သည်။ သို့သော် ကျန်းကျိရင်ဝတ်ထားပုံကို တစ်ကြိမ်မှ မမြင်ဖူးသေးချေ။ ထို့ကြောင့် သူက တစ်ချိန်လုံး အနားတွင် သိမ်းထားခြင်းဖြစ်မည့် အခြေအနေကို နားလည်လိုက်သည်။
ယင်ညန်က အချိန်အတန်ကြာ စိုက်ကြည့်နေပြီး တစ်ခဏခန့်ကြာမှသာ အံ့အားသင့်မှုများနှင့်အတူ ထိုအမျိုးသားကို ကောက်ပွေ့လိုက်ပြီး တင်းကြပ်စွာ ဖက်လိုက်သည်။
ကျန်းကျိရင်က "နောင်တမရနဲ့"ဆိုသော စကားလုံးကို ပြောခဲ့ချိန် သူနောင်တရသွားသည်။ သို့သော် သူကလည်း မည်သည့်ခံစားချက်ကို နောင်တဟုခေါ်ကြောင်း မသိချေ။ ဒီအတိုင်း ထိုသို့သော ခံစားချက်မျိုးကို မည်သို့ သိမ်းထားသင့်ကြောင်းလည်း မသိချေ။
36187ပါဝါ အယ်ကိုရစ်သန်နှင့် ဒေတာအများအပြားကို သုံးကာ စက်ကို လည်ပတ်စေပြီးနောက် နောက်ဆုံးတွင် မသိစိတ် သို့မဟုတ် အသိစိတ် သို့မဟုတ် အလားအလာ အစသဖြင့်ဟုခေါ်သော တစ်စုံတစ်ရာနောက်သို့ လိုက်ရန် ဆုံးဖြတ်ချက် ချပြီး နောက်သို့ လိုက်ရှာခြင်း ဖြစ်သည်။
သူကလည်း ဒီနေရာသို့ လာပြီးနောက် မည်သို့ ဆက်လုပ်သင့်ကြောင်း မသိသေးသော်လည်း......
ကျန်းကျိရင်ကို ပွေ့ထားရင်း ယင်ညန်က အခြားသော အလောင်းနားသို့ ကပ်သွားလိုက်သည်။ ထိုအလောင်းကမူ အဆင့်၉ ဖြစ်လောက်သည်။ အဆင့်၁၀ စွမ်းရည်အသုံးပြုသူနှင့်လည်း နီးကပ်၏။ သို့သော် သေဆုံးပြီး တစ်ကဏ္ဍတွင် စွမ်းအင်များက ခြောက်ကပ်သွား၏။ ယခုအခါ သာမန်လူထက်ပင် နိမ့်ကျသော အသုံးမကျသည့် အလောင်းတစ်လောင်း ဖြစ်သွားလေပြီ။ ယင်ညန်က မျက်လွှာချလိုက်သည်။
ဒီလောကရှိ မည်သည့်အရာကမှ သူ့ကို မဖုံးကွယ်နိုင်ချေ။ သူက ပြိုင်ဘက်ကင်းသည့် အရှင်သခင်ဖြစ်သည်။ အကြောင်းမူကား သူက ဒီလောကကို ဖန်တီးထားသောကြောင့် ဖြစ်သည်။
..........
Eဓာတ်ခွဲခန်းက ကျဆုံးခြင်းမြို့၏ မြေအောက်ဘက်တွင် တည်ရှိသည်။ ခေါင်းဆောင်ကို ပထမဘုရင်ဟု ခေါ်ကြသည်။ သူက မျက်လုံးကို မှေးကျဥ်းလျက် ပြုံးနေသည်။ သူက ကျန်းကျိရင်ကို သတ်ရန် ညွှန်ကြားချက်သာ ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအရူးက ဒေါက်တာဝိုင်ကို အာရုံဆွဲခေါ်နိုင်ခဲ့သည်။ ထို့ကြောင့် သူတို့က တတ်နိုင်သမျှ အမြန်ဆုံး ဒုတိယဘုရင်ကိုသာ ကိုင်တွယ်လိုက်ရသည်။ သို့သော် ဒုတိယဘုရင်၏ စွမ်းအားများကို ကျေးဇူးတင်ရမည်မှာ သူက ယခု ပို၍ စွမ်းအားကြီးသွားပြီဟု ခံစားလိုက်ရခြင်း ဖြစ်သည်။
စွမ်းအားကြီးမားလွန်းသဖြင့် သူက ဝိုင်ကိုပင် ကြောက်ရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။
ပျောက်နေသော ဒေါက်တာယင်နှင့် မိုးကြိုးအဖွဲ့ကြောင့်သာ မဟုတ်လျှင် သူတို့၏ စွမ်းရည်များကို သူ့ကို ညှာပေးနိုင်ခဲ့လျှင်....ဝိုင်ဆိုလျှင်ပင် သူ့ကို မယှဥ်နိုင်လောက်တော့ချေ။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။