Part 93

175 22 0
                                    

93 01

အပိုင်း (93)

ဂိမ်းကုမ္ပဏီမှ လူများ၏ လုပ်ဆောင်မှုက အလွန်မြန်ဆန်သည်။ အရုပ်ကို ပေးမည်ဟု ကတိပေးပြီး တစ်ပတ်ပင် မကြာသေးခင် သူ့ဆီ ပို့လိုက်သည်။ နှစ်မီတာခန့်နီးပါး မြင့်သည့် ကြီးမားသော စက္ကူဘူးဖြင့် အရုပ်ကို သေချာ ထည့်ပေးထားသည်။ အမြန်ချောပို့ ညီအစ်ကိုနှစ်ယောက်က ထိုအရုပ်ကြီးကို သူ၏ အိမ်ထဲသို့ ပို့ကာရွှေ့ပေးလာသည်။ ကျန်းကျိရင်က ပရိဘောဂကြီးတစ်ခုကို ဝယ်ခဲ့သည်ဟုပင် သူတို့က ထင်နေကြသေးသည်။

မည်သို့သော ပစ္စည်းမျိုးဖြင့် လုပ်ထားသနည်းဟု သူက သိချင်နေမိသည်။ အကြောင်းမူကား မလိုက်သောအခါ အလွန်လေးနေသောကြောင့် ဖြစ်သည်။ ကျန်းကျိရင်ကလည်း အနည်းဆုံး ၇၀kgလောက်တော့ ရှိနိုင်လောက်သည်ဟု ထင်သည်။ ပို၍ဆိုးသည်မှာ အရေပြားကလည်း နူးညံ့ပြီး ထိကိုင်၍ ကောင်းနေသေးသည်။ ထို့အပြင် ခပ်တိုတို အနက်ရောင် ဆံပင်များကလည်း နူးညံ့ကာ ချောမွေ့နေသည်။ မျက်လုံးများကလည်း အနက်​ရောင် ကျောက်ရိုင်းတုံးများလို ထင်ရသည်။ ကျန်းကျိရင်ကပင် ဖိနှိပ်လိုသော ခံစားချက်မျိုး ပေးစွမ်းနိုင်လောက်အောင် အလွန်အမင်း အသက်ဝင်လွန်းသည့် ပုံစံမျိုးအဖြစ် ပြောင်းလဲကာ ထုတ်ထားခြင်း ဖြစ်လောက်မည်ဟု တွေးထင်မိသည်။

ထိုအရုပ်က လူအစစ်လိုမျိုး ထင်ရသည်။

သာမန်ဝါသနာမျိုး ရှိသော လူငယ်တစ်ယောက်အနေနှင့် ကျန်းကျိရင်ကလည်း ၅နှစ်အရွယ်ကတည်းက ထိုကဲ့သို့သော အရုပ်မျိုးကို စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် ထိုကဲ့သို့သော အရုပ်မျိုးနှင့် ပတ်သက်သည့် ဗဟုသုတမျိုးပင် ရှိမနေခဲ့ချေ။ လူအစစ်နှင့် တူလွန်းသည့် အရုပ်မျိုးကို အိမ်တွင် စုဆောင်းထားတတ်သည့် အခြေအနေမျိုးနှင့် တူသော အဖြစ်မျိုးကို အင်တာနက်ပေါ်တွင် တွေ့ဖူးသည်။ သူ၏ အရုပ်ကမူ အင်တာနက်ပေါ်မှ အစစ်နှင့်တူသော အရုပ်များထက် ပို၍ပင် အနုစိတ်ပြီး အစစ်အမှန် ဆန်သေးသည်။ အကြောင်းမူကား ပစ္စည်းများက ပိုကောင်းသောကြောင့် ဖြစ်လောက်သည်။ ကျန်းကျိရင်က ထိုကဲ့သို့သော နည်းပညာမျိုးကို သူတကယ် အမီမလိုက်နိုင်ကြောင်း တစ်ချက် ညည်းညူလိုက်၏။ မည်သို့ပင်ဆိုစေ ယခုအခါ နည်းပညာများက ထိုမျှအထိ ဖွံ့ဖြိုးတိုးတက် နေပေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now