Part 28

1.1K 196 3
                                    

28 01

အပိုင်း (၂၈) အဲဒီလူ

ကျန်းကျိရင် ဤသို့သော အခြေအနေမျိုးကို လုံးဝ မျှော်လင့်မထားခဲ့ပေ။ ပျံသန်းခြင်းအဆောင်က သုံးစွဲသူ လိုချင်သည့် နေရာရောက်အောင် ပို့ပေးနိုင်သည်။ ပျံသန်းခြင်းအဆောင်သည် ကျန်းကျိရင်ကို သယ်၍ ထောင်ချီနေသော ဇွန်ဘီများပေါ်မှ ဖြတ်ပျံသွားကာ စခန်း၏ အမြင့်ဆုံးသော အဆောက်အဦးပေါ်သို့ ပို့ပေးလေသည်။

ဖြစ်ချင်တော့ ထိုနေရာက အဖွဲ့ခေါင်းဆောင်၏ ဘေးတွင် ဖြစ်သွားသည်။ ခေါင်းဆောင်သည် သူ၏ ဖိအားတို့ ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ဘေးသို့ လှည့်ကြည့်လိုက်ရာ သူ့ဘေးတွင် ရေခဲနံရံတစ်ခု ဖန်ဆင်း၍ ရပ်နေသော ကျန်းကျိရင်ကို မြင်လိုက်လေသည်။

မလှုပ်နိုင်တော့သလို ဖြစ်သွားကာ အသက်ရှူရပ်သွားတော့မလို ခံစားလာရသည်။၊ ဤသို့သော အရေးကြီးနေသော အခိုက်အတန့်တွင် ကျန်းကျိရင် မည်သို့ အသက်ရှင်လာသည်ကို မမေးနေတော့ပေ။ ထိုအစား အသက်ပြင်းပြင်းရှိုက်လိုက်ပြီး

"ရှောင်ကျန်း မင်းကို မြင်လိုက်ကတည်းက မင်းက ရဲဘော်ရဲဘက်ကောင်းဆိုတာ အစ်ကိုသိလိုက်ပြီးသား"

မည်သည့် သာမန်အခြေအနေမျိုးတွင်မဆို ဤသည်မှာ ဂိမ်း၏ မရေးထားဘဲ သိနေရမည့် စည်းမျဉ်းစည်းကမ်းဖြစ်သည်။ သာမန်ကစားသမားတစ်ယောက်က ဘော့စ်ကို ဘယ်သောအခါမှ တစ်ယောက်တည်း မတိုက်ခိုက်ပေ။ ကစားသမားက လယ်ဗယ် ရှစ်ဆယ်ဖြစ်နေလျှင်ပင် လယ်ဗယ် နှစ်ဆယ် ဘော့စ်ကို အနိုင်ရရန် မလွယ်ပေ။ နိုင်နိင်ခဲ့လျှင်လည်း ဂိမ်းရေးဆွဲသူများက ထိုဘော့စ်ကို ကစားသမားနှင့် ဘိုင်ဝမ်းချရန် ရေးဆွဲထားသောကြောင့်သာ ဖြစ်မည်။

ဤအချိန်တွင် သူတို့ကို လာတိုက်ခိုက်သော ဘော့စ်နှစ်ယောက်မှာ ပုံပန်းသွင်ပြင်အရဆိုလျှင် အနည်းဆုံး အဆင့် လေး ဖြစ်လောက်သည်။ သူတို့သည် လူပေါင်းများစွာ ဝိုင်းတိုက်ခိုက်နေကြသည်ကိုဆောင် မမှုကြပေ။ ခေါင်းဆောင်နှင့် တစ်ခြားသူများသည် ဤကျူးကျော်မှုကို အသက်နှင့်ရင်း၍ ခုခံရန် တွေးထားကြသည်။ အထူးသဖြင့် ခေါင်းဆောင်ကြီးဖြစ်သည်။ ခေါင်းဆောင်သည် ပစ်လွတ်တော့မည့် မြှားတစ်စင်းကဲ့သို့ အစွမ်းကုန် တက်ကြွစွာ တိုက်ခိုက်နေခဲ့သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now