Part 21

1.3K 228 1
                                    

21 01

အပိုင်း (၂၁) နည်းဗျူဟာ

ကျန်းကျိရင် တဖြည်းဖြည်းချင်းဖြင့် ဤယွီလင် အခြေစိုက်စခန်းတွင် လူခုနှစ်ရာကျော်ကျော်လောက်သာ ကျန်တော့ကြောင်း သိလာရသည်။ သာမန်စွမ်းရည်ပိုင်ရှင် ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်နှင့် ဒြပ်စင်စွမ်းရည်ပိုင်ဆိုင်သူ စွမ်းအားရှင်မှာ အယောက်နှစ်ဆယ်လောက်သာ ရှိသည်။ သန်သန်မာမာ တိုက်ခိုက်နိုင်သူများသည် ထိုဒြပ်စင်စွမ်းအားရှင်များသာ ဖြစ်ပြီး သူတို့၏ စွမ်းရည်အဆင့်သည်လည်း အမြင့်ဆုံးမှ လယ်ဗယ် နှစ် နှင့် သုံး သာဖြစ်သည်။

ပထမခေါင်းဆောင်မှာ မီးစွမ်းရည်ပိုင်ရှင်ဖြစ်ပြီး အခြေစိုက်စခန်းကို ဦးဆောင်နေရင်း လယ်ဗယ် ငါး အထိ ချိုးဖြတ်နိုင်သွားသူလည်း ဖြစ်သည်။ သူသည် အခြေစိုက်စခန်း၏ ရှေ့တန်းတွင် ရွံ့ရွံ့ချွံချွံ အလုပ်ကြိုးစားခဲ့သည်။ လက်ရှိခေါင်းဆောင်သည် ယခင်က ဤနေရာတွင် အသန်မာဆုံးလူ မဟုတ်ဟု သိရသည်။ ယခု အသစ်တည်ဆောက်ထားသော ယွီလင်အခြေစိုက်စခန်းမတိုင်ခင်က အခြေစိုက်စခန်းတွင် အလွန်တော်ပြီး ကောင်းမွန်လှသော အဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးသည်။

သူတို့ ထွက်ခွာသွားသည့်အချိန်တွင် သူတို့သည် စွမ်းရည် အဆင့် လေး နှင့် အထက် လူများအားလုံးကို ခေါ်သွားမည်ဟု ကြေငြာခဲ့သည်။ ထိုချိန်က ယွီလင်အခြေစိုက်စခန်းတွင် အသန်မာဆုံးဟု သတ်မှတ်နိုင်သော အဆင့်လေး စွမ်းအားရှင်များအားလုံးသည် ထွက်သွားရန် ရွေးချယ်ခဲ့ကြသည်။ ယခု ခေါင်းဆောင်သာ အဆင့်လေး စွမ်းအားရှင် ဖြစ်သွားပါလျက် နေခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် အလိုလျောက် ခေါင်းဆောင်ဖြစ်လာတော့သည်။

ထိုအချိန်မှစ၍ အဆင့်လေးကို ချိုးဖြတ်သွားနိုင်သော စွမ်းအားရှင် တစ်ယောက်စ နှစ်ယောက်စ ပေါ်ထွက်လာသည်။ သို့သော် သူတို့သည်လည်း အခြေအနေအရပ်ရပ်ကြောင့် ထွက်ခွာသွားရန် အကြောင်းဖန်လာခဲ့သည်။ နောက်ပိုင်းတွင် ခေါင်းဆောင်သည်သာ ကျန်ခဲ့တော့သည်။

လက်ရှိ စွမ်းရည်ထောက်လှမ်းခြင်း နည်းပညာသည် အမြွှာစွမ်းရည်ကို မမှန်းဆနိုင်ပေ။ ၎င်းသည် စွမ်းရည်အဆင့် အမြင့်ဆုံးအထိသာ စစ်ဆေးပေးနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်သည် ကျန်းကျိရင်ကို အဆင့်လေး ရေခဲစွမ်းအားရှင်ဟုသာ ထင်နေခဲ့သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now