Part 41

1K 157 0
                                    

အပိုင်း (၄၁)

အသစ်ဖွဲ့စည်းလိုက်သော မဟာမိတ် တပ်ပေါင်းစုသည် ရှိရင်းစွဲ လူသားအင်အားစုများထံမှ လူများတောင်းယူ၍ ရှေ့တန်းတပ်ဖွဲ့များစွာ ဖွဲ့စည်းခဲ့သည်။ သူတို့သည် နီးကပ်သော အခြေစိုက်စခန်း ကြီးငယ်လတ် မရွေး စုပေါင်း၍ ပတ်ဝန်းကျင်မှ ဇွန်ဘီများကို ရှင်းလင်းရန် တာဝန်ချမှတ်ခဲ့ပြီး လူသားမျိုးနွယ်တို့၏ ပိုင်နက်ကို တိုးချဲ့ရန် ကြံစည်ခဲ့သည်။

ပထမဆုံး ထိုအကြံကို အတော်များများက ဆန့်ကျင်ခဲ့ကြသည်။ အတော်များများက သူတို့၏ အင်အားနှင့် သူတို့စခန်းများကို ကာကွယ်နိုင်သည်ဟု တွေးခဲ့ကြပြိး အခြားသော သူများနှင့် ပူးပေါင်း၍ ဇွန်ဘီရှင်းလင်းရေး မလုပ်လိုကြပေ။

သို့သော် ဂိမ်း တရားဝင် ထည့်ထားသော တရားမျှတမှု ဇာတ်ကောင်များမှ သုံးသပ်ကြသည်မှာ ဤအခြေအနေကို လက်မခံလျှင် လူသားမျိုးနွယ်တို့ ဘယ်သောအခါမှ လူသားချင်းစာနာမှုကို ရှာတွေ့တော့မည်မဟုတ်ကာ ကမ္ဘာပျက်ကပ်မှ လွတ်မြောက်မည် မဟုတ်ပေ။

လူသားမျိုးနွယ်၏ အသက်ရှင်နေထိုင်မှုက တဖြည်းဖြည်းလျော့ကျလာပြီး လူသားများ မျိုးတုန်းသည့် ဖြစ်စဉ်သို့ ဦးတည်သွားမည်ဖြစ်သည်။ ဂိမ်းကမ္ဘာထဲမှ တာဝန်မျိုးစုံ အားလုံးက ဤသမိုင်းကြောင်းကိုသာ ထပ်တလဲလဲ အခြေပြုရှင်းပြထားသည်ဖြစ်သောကြောင့် ကျန်းကျိရင်သည် ဤအကြောင်းကို တစ်ခြားသူများဆီမှ မကြားလျှင်ပင် အကြောင်းအရာအများစုကို သိပြီးသား ဖြစ်နှင့်နေသည်။ ဤသို့ "ဒဏ္ဍာရီလာသမိုင်းဝင်နေ့ရက်"ကြီးတွင် သူကိုယ်တိုင် ပါဝင်လာရလိမ့်မည်ဟု မထင်မှတ်ထားခဲ့သည်သာ ရှိသည်။

စည်းမျဉ်းများအရ အခြေစိုက်စခန်းတစ်ခုချင်းစီတိုင်းသည် စွမ်းအားရှင်တစ်စုကို ရှေ့တန်းသို့ပို့၍ စခန်းကိုယ်စား ရှင်းလင်းရေးလုပ်ရာတွင် အားဖြည့်ပေးရမည်။

ရှေ့တန်းဆိုသည် သေခြင်းရှင်ခြင်း အစိုးမရသော အန္တာရာယ်များလွန်းသည့် နေရာဖြစ်သည်။ ရမည့် အကျိုးရလဒ်များက အလွန်ကောင်းသော်လည်း မည်သူကမှ မသွားချင်ကြပေ။ စခန်းခေါင်းဆောင်သည် ဝမ်ဖုန်းကို စခန်းမှ ထွက်သွားရအောင် လုပ်သည့် ကျန်းကျိရင်ကို အငြှိုးထားပြီး မည်သူမှ မသွားချင်သော ရှေ့တန်းကို တပ်ခွဲလေး အဖွဲ့သုံးကို ချက်ချင်းပို့လိုက်လေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now