Part 46

898 143 0
                                    

အပိုင်း (၄၆)

ထို ဝိုးတဝါးမှန်းဆချက်က ထပ်မံပြီး ပေါ်လာပြန်သည်။ သို့သော် သူက ထိုအကြောင်းကို နက်နက်နဲနဲကြီး မတွေးဝံ့ပေ။ ကျန်းကျိရင် စခန်းဆီသို့ တိတ်တိတ်လေး ပြန်ပြေးသွားပြီး ကန်တင်းမှ ဆရာဝမ်ကို ရှန်းရှီအတွက် နံရိုးစွတ်ပြုတ်အပိုတစ်ပွဲ ချန်ထားဖို့ သွားပြောခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ထိုစက်ရုံကို သူတို့ အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခဲ့ရာ ၎င်းကို သေးငယ်သော စွမ်းဆောင်မှုတစ်ခုအဖြစ် သတ်မှတ်နိင်သည်။

ထို့ကြောင့် အထွေထွေမန်နေဂျာက သူတို့ကို ဆုချသည့်အနေနှင့် နံရိုးစွပ်ပြုတ်ကို တစ်ယောက်လျှင် အပိုတစ်ပွဲစီ စားခွင့်ပေးခဲ့သည်။ ကျန်းကျိရင် အခန်းသို့ပြန်ပြီး အနားယူလိုက်သည်။ သူပြန်နိုးလာချိန်တွင် တကယ့်ကမ္ဘာအစစ်သို့ ပြန်ရောက်နေပြီဖြစ်သည်။

လုပ်ငန်းလျော့ပါးသော အချိန်ဖြစ်သောကြောင့် ဤရက်ပိုင်းတွင် သူအချိန်ပိုမဆင်းရပေ။ ကျန်းကျိရင် အိမ်ကို ခြောက်နာရီတွင် ပြန်ရောက်သည်။ သူသည် လုပ်နေကျအတိုင်း ဂိမ်းထဲသို့ ဝင်လိုက်ရာ ဂိမ်းက အပ်ဒိတ်အသစ်ပေးနေသည်ကို တွေ့လိုက်သည်။

ထို့ကြောင့် ဖိုရမ်သို့သွား၍ ဂိမ်းမှ အကြောင်းအရာအသစ်တိုးလာသော ဆောင်းပါးများကို သွားဖတ်သည်။ လူတိုင်းသိသည့်အတိုင်း ပြဇာတ်တို့ ကာတွန်းကားတို့ ဇာတ်ကားတို့ကို ရှည်လိုလျှင် ဗီလိန်များများသာ ထည့်လိုက်ရင်ရပြီဖြစ်သည်။ ဂိမ်းများသည်လည်း ဤသဘောတရားအတိုင်းပင်။ ဂိမ်းကို လူဆော့များပြီး ကြာရှည်စွာ တည်တံ့လိုလျှင် ဗီလိန်ဇာတ်ရုပ်များ ထပ်ထည့်ရန်သာ လိုသည်။

final boss သည် ဒေါက်တာဝိုင် ဖြစ်ပြီး အကယ်၍ ဒေါက်တာဝိုင်ကိုသာ လွယ်လွယ်နှင့် အောင်နိုင်လျှင် ဤဂိမ်းသည် စိတ်ဝင်စားစရာမကောင်းတော့ပေ။ ယခုတွင် ဂိမ်းသည် ဈေးကွက်တွင် အလွန်လူကြိုက်များသော ဂိမ်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။

၁၂၃အချစ်ဇာတ်လမ်းများက ဤဂိမ်းကို လက်လွှဲယူလိုက်ကတည်းက သူတို့သည် ဂိမ်းကို သူတို့လက်ထဲတွင် ပို၍ နာမည်ကျော်လာအောင်နှင့် ရောင်းချနိုင်မည့် ဈေးကွက်များကို အဆက်မပြတ်ကြည့်ပြီး အသစ်အသစ်များ ထပ်ဖြည့်မည်မှာ သေချာသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now