အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

132K 28.4K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 82- နားကပ်
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ

1.2K 330 28
By Autumn260103

Unicode

ချီချင်း စကားပြောနေသည်ကိုကြည့်ရင်း ရှဲ့လင် ပြုံးနေသည်။

ချီချင်း၏ 'ကျွန်တော် ဖျားနေလားလို့တောင် ထင်တယ်' ဟူသော စကားအဆုံးတွင်တော့ ရှဲ့လင်၏အပြုံးက ထိန်းမရ သိမ်းမရတော့ပေ။

ချီချင်း : " ဘာတွေ အဲ့လောက် ရယ်စရာကောင်းနေလို့လဲ"

ရှဲ့လင်က ချီချင်းခေါင်းကို လက်နှင့်ပုတ်လိုက်သည်။ ချီချင်းမှာ သူ့ထက်အရပ်ပုသဖြင့် ဖြည်းဖြည်းချင်း ကိုယ်ကိုကိုင်းရင်း နူးနူးညံ့ညံ့ပြောနေသည်။
" အရူးလေး"

ချီချင်း နားမလည်နိုင်၍ တတွတ်တွတ်ပြောနေသော ခံစားချက်များမှာ ရှဲ့လင် စိတ်ပင်မကူးရဲခဲ့သည့် ခံစားချက်များသာဖြစ်၏။

ချီချင်း၏ စကားများကို ရှဲ့လင်၏ ခေါင်းထဲတွင် အဓိပ္ပါယ်ပြနိလိုက်သည်မှာ "သူလဲ ငါ့ကို သဘောကျနေတာပဲ" ဟူ၍ ဖြစ်သည်။

ထိုစကားလုံးများကို သဘောပေါက်ပြီးနောက် ရှဲ့လင်အတွက် သူ့စိတ်ခံစားချက်များကို ထုတ်ပြောရန် ခက်ခဲလာသည်။

အံ့ဩစရာတစ်ခုပြီးတစ်ခု ပေါ်လာသည့်အတွက် စိတ်ဆန္ဒများလဲ တစ်ခုပြီးတစ်ခု လျှံထွက်လာခဲ့သည်။

သူ ချီချင်းနှင့် ရည်းစားတွေ ဖြစ်ချင်သည်။ အချိန်တိုင်း အတူရှိချင်သည်။ အသားလေးကို ထိကိုင်ခွင့်ရချင်သည်။ ကိုယ်လုံးလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားချင်သည်....

နောက်ဆုံးတော့လဲ ချီချင်း သူ့ကို ကြောက်ပြီး ထွက်ပြေးသွားမည်စိုးသောကြောင့် ခေါင်းလေးကိုသာ ဖွဖွလေး ပွတ်နေမိသည်။

ချီချင်းကတော့ ထိုကဲ့သို့ အ‌ထိအတွေ့များကို နားမလည်နိုင်။ ရှဲ့လင်၏ စကားအသုံးအနှုန်းကို သူ မနှစ်မြို့ခြင်း မရှိတာကိုတော့ သူ ခံစားမိသည်။ သို့တိုင်အောင် ‌ရှဲ့လင်ပြောချင်သည့်စကားကို နားမလည်သေး။ ထို့ကြောင့် မျက်မှောင်ကျုံ့ရင်း ရှဲ့လင်လက်ကို ရှောင်သည်။
" ကျွန်တော် အတည်ပြောနေတာကို.. ခင်ဗျား ကျွန်တော့်ကို ဘာစကားပြောတာလဲ"

"မဟုတ်ပါဘူး"
ရှဲ့လင်က ပျာပျာသလဲ ရှင်းပြရသည်။
" မင်းကို အရူးလေးလို့ခေါ်တာက တကယ့်အရူးလို့ပြောတာ မဟုတ်ဘူးလေကွာ.. တစ်ခါတစ်လေ အဲ့လိုအသုံးအနှုန်းမျိုးက အရမ်းချစ်ဖို့ကောင်းတာပဲလို့လဲ သုံးလို့ရတယ်"

ချီချင်း : " ကျွန်တော့်ကို တရုတ်စာသင်တန်းမတက်ဖူးဘူးလို့များ ထင်နေလား"

ရှဲ့လင် : "..."

ချီချင်း တကယ်ပင် တရုတ်စာသင်တန်း တက်ခဲ့ဖူးပါ၏။ သို့သော် လူသိများသော အချစ်စာပေများကို ဖတ်ထားသည့် အတွေ့အကြုံမျိုးတော့ မရှိ။ လူအချင်းချင်း စနောက်ကြသည့်စကားများကို သူ နားမလည်။ ချစ်စနိုးသုံးသည့် အခေါ်အဝေါ်များကိုတော့ သူ ဘယ်တော့မှ သုံးခဲ့ဖူးသည်မဟုတ်။

အရင်တုန်းကဆို သူနှင့် စကားပြောဖို့ အသာထား သူ့အနားကပ်ရဲသူပင် တစ်ယောက်မှ မရှိ။

လူမှုဆက်ဆံရေးနှင့် ပတ်သက်လာပါက ချီချင်းတွင် လိုအပ်ချက်များစွာ ရှိသည်။

အကယ်၍ ကျိမင်ရွေ့သာ သူ့ကို အရူးလို့ လာခေါ်ပါက ချက်ချင်းဆွဲထိုးမိမည်လားမသိ။

သို့သော် ကြိုးစားပမ်းစား ရှင်းပြနေသော ရှဲ့လင်ကိုကြည့်ရင်း ချီချင်းလဲ ထိုစကားကို ခက်ခက်ခဲခဲ လက်ခံလိုက်ရသည်။ သူကိုယ်တိုင်သည်လဲ သူ့ကို အရူးဟုခေါ်သော ရှဲ့လင်ကို ဘာလို့ နည်းနည်းလေးပင် စိတ်မဆိုးသည်ကိုတော့ မသိသေး။

နောက်ဆုံး ရှဲ့လင်က ချီချင်းကို မြတ်မြတ်နိုးနိုးကြည့်ရင်း ကောက်ချက်ချသည်။
" မင်း ပုံမှန်မဟုတ်တာလဲ မဟုတ်ဘူး... ရောဂါတစ်ခုခုရှိနေတာလဲ မဟုတ်ဘူး"

" မင်း အဲ့လိုဖြစ်နေတာ ဘာလို့လဲဆိုတော့..."
ရှဲ့လင် ခဏရပ်လိုက်သည်။
" မင်းလဲ ကိုယ့်ကို သဘောကျနေလို့"

ချီချင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ မျှော်လင့်ထားသည့်အတိုင်း မယုံနိုင်သလို ဖြစ်နေသည်။ သူပြောသည့်စကားကို ဘယ်နေရာကနေ စဉ်းစား၍ ရှဲ့လင် ဘယ်လိုကောက်ချက်ချလိုက်လဲ သူ မ‌တွေးတတ်။ သို့သော် ငြင်းပယ်ရန် စိတ်ကူး၍ နှုတ်ခမ်းဟလိုက်သည့်တိုင် ငြင်းရမည့်စကားတစ်ခွန်းမှ ထွက်မလာ။
"အဲ့ဒါက..."

မဖြစ်နိုင်ပါဘူးဟူ၍တော့ ရှဲ့လင်ကို သူ ပြန်မပြောနိုင်။

ကျွန်တော် ခင်ဗျားကို သဘောမကျပါဘူးဟု သူ လုံးဝ ပြန်မပြောနိုင်။

‌လော့ဂျစ်ကျကျစဉ်းစားရင်း ဖြစ်နိုင်ချေမရှိသည့် အရာများကို တစ်ခုချင်း ပယ်ထုတ်ပြီးသွားတော့ နောက်ဆုံးကျန်သည့်ဖြစ်‌နိုင်ချေတစ်ခုက မယုံကြည်နိုင်စရာ ဖြစ်နေခဲ့သည်။

နောက်ဆုံး ချီချင်းထံမှ စကားသံ ထွက်လာသည်။
" အဲ့ဒါကို ဘယ်က ဘယ်လို ကောက်ချက်ချလိုက်တာလဲ"

ချီချင်း ခေါင်းပေါ် ဖွဖွတင်ထားသော ရှဲ့လင်လက်တစ်ဖက်က ဖြည်းဖြည်းချင်း အောက်ရွှေ့ကာ ချီချင်း၏ လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။ ထို့နောက် သူ့ရင်ဘတ် ငါးခုမြောက် နံရိုးကြားကို ထိကပ်ထားလိုက်သည်။ ထိုနေရာက သူတို့ပထမဆုံး သိကျွမ်းကြသည့်အမှုဖြစ်သည့် ကြောင်သတ်မှုတွင် ဓားနှင့်အထိုးခံထားရသော နေရာဖြစ်၏။

ရှဲ့လင်၏ လက်က အေးစက်နေသည်။ သူ့ကိုယ်သူ ချီချင်းရှေ့ ကြည့်ကောင်းစေရန် အင်္ကျီပါးပါးလေး ဝတ်ထားရသည့်အတွက်ကြောင့်ဖြစ်နိုင်သည်။

သို့သော် အေးစက်သော လက်များနှင့် ဆန့်ကျင်စွာ ရှဲ့လင်နှလုံးခုန်သံတို့က တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ‌ဆောက်တည်ရာမရ။

ကြိမ်နှုန်းမြင့် နှလုံးခုန်သံတို့ကို ချီချင်းလက်ဖဝါးမှ တဆင့် ခံစားနေရသည်။ တစ်ချိန်ထဲတွင် သူ့နှလုံးခုန်သံသည်လဲ ထိုအတိုင်း ထပ်တူကျနေသည်ကို ချီချင်း ခံစားလာရ၏။

" ဒီနေရာကနေ‌လေ"
ရှဲ့လင်က သူ့မေးခွန်းကို ပြန်၍ အဖြေပေးနေသည်။

စိတ်ကျန်းမာရေးဆေးခန်းတွင် ချီချင်း၏ စိတ်ပညာအကဲဖြတ်ဖိုင်ကို ရှဲ့လင်ဖတ်ခဲ့ဖူးသည်။ အမှုကိစ္စများကို အတူဖြေရှင်းရင်း ချီချင်းနှင့် ကိုယ်တိုင် ထိတွေ့ဆက်ဆံခဲ့ရပြီးနောက်တွင်တော့ ချီချင်း၏ အဓိကပြဿနာမှာ ဖိုင်တွဲထဲ ရေးထားသလို အထိအတွေ့ကို မကြိုက်သည့် သာမန်အသန့်ကြိုက်ရောဂါသက်သက် မဟုတ်သည်ကို သူ သိလာရသည်။ စိတ်ဖတ်စွမ်းရည်၏ အကျိုးသက်ရောက်မှုသည်လဲ အပေါ်ယံသာဖြစ်၍ ချီချင်း၏ စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားခြင်း ဖြစ်ရမည်ဟု သူ သုံးသပ်ထား၏။

ထိုသို့တွေးကြည့်ပါက ရှဲ့လင်မှာ ချီချင်း၏ ရောဂါအကြောင်းကို စိတ်ပညာရှင်ဒေါက်တာဝူထက် ပို၍ အတွင်းကျကျ သိနေသည်။

ရှဲ့လင် : " တကယ်လို့ မင်း မယုံဘူးဆိုရင် ကိုယ်တို့ စမ်းကြည့်လို့ရပါတယ်"

ချီချင်းက မျက်ခုံးလေးများပင့်ကာ မျက်လုံးလေးပြူး၍ ကြည့်နေသည်။
" ဘာကို စမ်းကြည့်မှာလဲ"

" ကိုယ့်ကို စမ်းချစ်ကြည့်လေ"

.......

ထိုစကား....

ထိုစကားကို ပြန်ကြားယောင်တော့ ချီချင်း လက်ရှိလောကနှင့် အဆက်ပြတ်သွားသလိုပင်။

အရင်က သူ တွေ့ခဲ့ဖူးသော စိတ်ရောဂါကု ဆရာဝန်များ၏ စကားတစ်ခွန်းချင်းစီကို ပြန်ကြားယောင်လာရသည်။

.... ခင်ဗျားက ခံစားချက်တွေကို နားမလည်နိုင်ဘူး ...

.... သနားစိတ် ကြောက်စိတ် ပျော်ရွှင်စိတ် ဝမ်းနည်းစိတ် တစ်ခုကိုမှ ကိုယ်တိုင် ခံစားနိုင်မှာ မဟုတ်ဘူး...

ထိုကဲ့သို့သော အခြေခံ ခံစားချက်များကိုတောင် နားမလည်နိုင်တဲ့လူတစ်ယောက်က တစ်စုံတစ်ယောက်ကို သဘောကျဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ...

ချီချင်း ရေမိုးချိုးပြီး အိပ်ရာပေါ် ဝင်လှဲချိန်အထိ ထူးဆန်းသော အိပ်မက်တစ်ခု မက်နေသည်ဟု ထင်မိဆဲပင်။

ကားထဲတွင် ကြားခဲ့ရသော ရှဲ့လင်၏ အသံကိုလဲ အိပ်မက်ယောင်ရင်း ပြောသည့်စကားဟုသာ ထင်၍ စောစောက သူတို့အခန်းရှေ့တွင် ရင်ဖွင့်ခဲ့ကြသည်ကိုလဲ အိပ်မက်ဟုသာ ထင်နေသေးသည်။

သူ ဘာပြန်ပြောခဲ့တာလဲ ....

သူ့ ပါးစပ်က ဘယ်လိုလုပ် "ကောင်းပြီလေ" ဆိုတဲ့စကား ထွက်သွားခဲ့ရတာလဲ...

ဘယ်လိုအကြောင်းကြောင့်နဲ့များ သူ သဘောတူခဲ့တာလဲ...

ချီချင်းတစ်ယောက် အိပ်ရာထဲ လူးလှိမ့်နေသည်။ အမွှေးလုံးလေးကတော့ သူ့တံခါးဝရှေ့တွင် တိတ်ဆိတ်စွာ စောင့်ရင်း တံခါးပွင့်လာမည်ကို မျှော်လင့်ရင်း တံခါးကို တစ်ခါတစ်ခါ လက်နှင့်ဖွဖွ တို့ကြည့်သည်။

တတိယအကြိမ် တို့ထိအပြီးတွင်တော့ ချီချင်း အိပ်ရာထဲမှ ရုတ်တရက် ထလာသည်။ ကြောင်အတွက် အစာထည့်မပေးရသေးသည်ကို သတိရသွားသောကြောင့်ပင်။

ချီချင်းလဲ ကြောင်မွှေးများ မကပ်နိုင်စေရန် လက်အိတ်သေချာဝတ်သည်။ ထို့နောက် အိပ်ရာထဲ ပြန်ဝင်ရန် စိတ်မသန့်မည်စိုး၍ ညအိပ်ဝတ်စုံကို ချွတ်ကာ အိမ်နေရင်းတစ်စုံ ထပ်လဲ၏။ အပြည့်အစုံ ပြင်ဆင်ပြီးသည့်အခါတွင်တော့ တံခါးဖွင့်ကာ အမွှေးလုံးလေးကို မျက်နှာတည်နှင့် တစ်ချက်ကြည့်ရင်း ဝရန်တာသို့ ထွက်ကာ ကြောင်စာထည့်ပေးနေသည်။

အမွှေးလုံးလေးကလဲ ချီချင်းနောက်ကို တစ်လှမ်းချင်း ကပ်လိုက်လာ၏။

တမြောင်မြောင်နှင့် ခပ်တိုးတိုးအော်ရင်း တံခါးဝကိုလဲ လှည့်ကြည့်လှည့်ကြည့် လုပ်သေးသည်။

ဒီအမွှေးလုံးလေး တော်တော် ဉာဏ်ကောင်းသော ကောင်လေးပင်။ ‌မျက်နှာချင်းဆိုင်အိမ်မှ လူကြီးကို ကြောက်သော်လဲ ထိုလူကြီးကသာ သူ့ကို နေ့တိုင်း အစာ လာလာထည့်ပေးနေသည်ကိုတော့ အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ထိုလူကြီး ဒီနေ့ ဘာလို့ ရောက်မလာသည်ကိုလဲ သိချင်နေ၏။

" သွားကြည့်မနေနဲ့"
ချီချင်းမှာ တမြောင်မြောင် လုပ်နေသော အမွှေးလုံး၏ စကားကို နားမလည်။ ထို့ကြောင့် သူ သဘောပေါက်သလိုသာ ပြန်ဖြေသည်။
" သူ မလာဘူး.. မင်း သူ့ကို မုန်းနေတာ မဟုတ်ဘူးလား"

အမွှေးလုံး : " မြောင် " ( ထမင်းကျွေးရင်တော့ အမေခေါ်ရမှာပဲ )

ချီချင်း : " အာ့ဆို သူ့‌အိမ်သွားနေ"

‌အမွှေးလုံး : "မြောင်" ( သူ့ကို ခေါ်လိုက်ပါလား)

ချီချင်း : " ငါ အခု စိတ်‌တွေရှုပ်နေတာ.. အခုတလောတော့ သူနဲ့ မတွေ့ချင်သေးဘူး"

အမွှေးလုံး : " မြောင် မြောင် မြောင်"

ဒီတစ်ခါတော့ အမွှေးလုံး၏ ဆိုလိုရင်းကို ချီချင်း ဘာသာမပြန်တတ်တော့။ စိတ်လဲ မရှည်နိုင်။
" မင်း ပြောတာ ရှည်လွန်းတယ်... နားမလည်ဘူး အော်မနေနဲ့"

အမွှေးလုံး : "..."

အစာဖြည့်ရန် ချီချင်း တော်တော်ခက်ခက်ခဲခဲ လုပ်ယူရသည်။ အမွှေးလုံးတစ်ကောင် ဘေးတွင် ခုန်ဆွခုန်ဆွ လုပ်နေ၍ အနှောင့်အယှက် ဖြစ်နေရခြင်းပင်။ ထိုကြောင်မှာ သူ့နား ကပ်ကို ကပ်နိုင်လွန်းသည်။ အစာထည့်ပေးပြီးသောအခါ ခံရခက်သော ကြောင်စာနံ့အပြင် လက်အိတ်ဝတ်ထားသော လက်ကပါ စေးကပ်ကပ် ဖြစ်လာသည်။

ကြောင်စာထပ်ပေးပြီးနောက် ချီချင်း အိပ်ချင်လာသည်။ ထို့ကြောင့် လက်အိတ်ချွတ်၍ ‌ဆိုဖာပေါ် ခဏထိုင်ကာ အမွှေးလုံး အစာစားနေသည်ကို ကြည့်သည်။

ဖုန်းမျက်နှာပြင်က ရုတ်တရက်ကြီး ပွင့်လာကာ ပြန်ပိတ်သွားသည်။

ချီချင်းကတော့ စောစောက အရာအားလုံးကို အိပ်မက်ဟု ထင်နေဆဲပင်။

ကြောင်ကို ခဏကြည့်ပြီးနောက် TV အစီအစဉ် ထိုင်ကြည့်သည်။ နောက်တော့ သတိရသွား၍ ဖုန်းဖွင့်ကြည့်တော့မှ စာများ ဝင်နေသည်ကို တွေ့လိုက်ရသည်။

ရှဲ့လင် : " စောစောအိပ်တော့နော်"

နာရီဝက်ကျော်ကြာသည်အထိ စောစောအိပ်ပါဟု ပြောခဲ့သူကိုယ်တိုင် လုံးလုံး အိပ်မရသေး။

နာရီဝက်အကြာတွင်တော့ ရှဲ့လင်တစ်ယောက် စာ တရစပ် ပို့တော့သည်။

ရှဲ့လင် : " စောစောက စာမှာ တစ်ခုခုလိုနေတယ်လို့ မထင်ဘူးလား"

ချီချင်း ဖုန်းမကြည့်ဖြစ်သည့်အတွက် ရှဲ့လင်မှာ သူ့မေးခွန်းကို သူသာ ပြန်ဖြေရသည်။

" အခေါ်အဝေါ် ပျောက်နေတာလေ"

" ကိုယ့်ကောင်လေး ဒါမှမဟုတ် ကိုယ့်လက်တွဲဖော်လို့ ‌ခေါ်ရမလား"

" နောက်တစ်မျိုး ခေါ်လို့ရသေးတယ် သိလား"

" ကလေးလေး လို့လေ"

ချီချင်း : "????"

ဒီလောက်ကြီးတဲ့ကလေး ရှိလို့လား...

အနှစ်နှစ်ဆယ်ကျော် တစ်ယောက်ထဲ နေလာ‌ရသော ချီချင်းမှာ ကလေးလေးဟု အခေါ်ခံလိုက်ရသည့်အတွက် စိတ်ထဲ အတော်လေး ရှုပ်ထွေးသွား၏။

အစားဝဝလင်လင် စားသောက်ပြီးနောက် အမွှေးလုံးလေးက ချီချင်းခြေထောက်နား လှဲအိပ်ကာ အမြီးလေး ဝှေ့ယမ်းနေသည်။ သူ့ဟာသူ အေးအေးဆေးဆေး ထမင်းလုံး စီနေသည်ကို ချီချင်းက ရုတ်တရက်ကြီး သူ့မျက်နှာနား ဖုန်းထိုးပေးလိုက်တော့ သူ နားမလည်သည့် တရုတ်စာ တုတ်ချောင်းများကို တွေးလိုက်ရသည်။

ချီချင်း :  " ဒီတစ်ယောက် ရူးသွားတာ မဟုတ်ဘူးလား"

အမွှေးလုံး : "???"

ချီချင်းက သူ့ဟာသူ ဆက်ပြောနေသည်။
" ငါ့မှာလဲ ရောဂါတစ်ခုခုရှိနေမလား‌ဆိုတာ သူ စမ်းကြည့်ပေးမယ်တဲ့"

‌အမွှေးလုံး : "???"

ရှဲ့လင်ကတော့ သူ့ကို အရူးဟု ကင်မွန်းတပ်ရင်တောင် စိတ်ဆိုးမည်မဟုတ်။ ချီချင်းဆီသို့ စိတ်ထဲရှိသမျှ ပို့ပြီးသည့်တိုင် အိပ်ရာထဲ ဟိုဘက် သည်ဘက် လူးလှိမ့်ကာ လုံးဝ အိပ်မပျော်သေး။

ဟိုးအရင်က ဝူကျိ ပထမဆုံးအကြိမ် ရည်းစားထား တုန်းကအကြောင်း သူ ရုတ်တရက် သတိရသွားသည်။ သူ့ကို တစ်ခါပြီးတစ်ခါ ဖုန်းခေါ်နေသောကြောင့် ရှဲ့လင် အတော်လေး ဒေါသထွက်ကာ ဆူပူလိုက်၏။
" မင်း ငါ့ကို နောက်တစ်ခါ ဖုန်းခေါ်ရဲခေါ်ကြည့်.. မင်းတို့နှစ်ယောက်ကို နည်းလမ်းပေါင်းစုံသုံးပြီး ခွဲပစ်မှာ"

အခုတော့ ထိုအချိန်ကအတွက် သူ ဝူကျိကို တောင်းပန်ချင်လာသည်။

မနက်ငါးနာရီထိုးခါနီးတော့မှ သူ ခက်ခက်ခဲခဲ အိပ်ပျော်သွားရသော်လဲ ကျင့်သားရနေသော ခန္ဓာကိုယ်က မနက်ရှစ်နာရီအတိတွင် နိုးလာရသည်။

နိုးနိုးချင်း ပထမဆုံး လုပ်သည့်အလုပ်မှာ ဖုန်းဖွင့်၍ တစ်ယောက်သောသူထံမှ ပြန်စာရမရ စစ်ဆေးခြင်းပင်။

ချီချင်းက သူ့ကို စာပိုဒ်အရှည်ကြီး ပြန်ပို့ထားသည်။

ရှဲ့လင် သေသေချာချာ ဖတ်ပြီးနောက် ချီချင်း၏ စာကို အနှစ်ချုပ်လိုက်၏။
" ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ စိတ်အခြေအနေက ပုံမှန်မဟုတ်မှတော့ နှစ်ယောက်ပေါင်းပြီး စမ်းကြည့်မဲ့အစား စိတ်ရောဂါကုဆရာဝန်နဲ့ သွားပြကြည့်ရင် မကောင်းဘူးလား"

ရှဲ့လင် : "..."

သူ သဘောကျနေသူမှာ စိတ်ခံစားချက်ကို နားမလည်သည့် ထူးခြားသူမှန်း သူ သေချာသိ၏။

သို့သော် မနေ့က သူ့ခံစားချက်တွေ ဝန်ခံပြီးသည့်တိုင် ချီချင်းတစ်ယောက် အလေးအနက် စဉ်းစား၍ ဆရာဝန်သွားပြန်ရန် ကောက်ချက်ချလိမ့်မည်လို့တော့ သူ မမျှော်လင့်ခဲ့။

ရှဲ့လင်က ညဝတ်အင်္ကျီ မီးခိုးရောင်ကို ဝတ်ထားကာ ဆံပင်များ အနည်းငယ် ရှုပ်ပွနေသည်။ စာဖတ်ပြီးနောက် မီးဖိုခန်းထဲ ဝင်၍ ရေခဲရေတစ်ခွက် ငှဲ့သည်။ ထို့နောက် ရေခဲရေခွက်ကို သူ့ပါးပေါ်ကပ်ရင်း စောစောကစာကြောင်းဖတ်ကာ ခါးခါးသီးသီး အော်ရယ်လေသည်။

ချီချင်းသည်လဲ အကြာကြီး မအိပ်လိုက်ရ။ ‌တံခါးဝတွင် တမြောင်မြောင်လုပ်နေသော အမွှေးလုံးကြောင့် အိပ်ရာမှထကာ အစာထည့်ပေးရသည်။ မ‌နေ့က ဇာတ်လမ်းတွေ ကြည့်ရင်း စိတ်ခံစားချက်ကို ဦးစားပေးမိ၍သာ ရှဲ့လင်စကားကို သူ သဘောတူလိုက်တာ ဖြစ်သည်။

သို့သော် အကြောင်းအရာကို ယေဘုယျကျကျ ပြန်စဉ်းစားကြည့်သည့်အခါတွင်တော့ ကောက်ချက်နောက်တစ်မျိုး ထွက်လာသည်။

သူရော ရှဲ့လင်ရော နှစ်ယောက်လုံးက ပုံမှန်မဟုတ်သည်မှာ သိသာထင်ရှားသည့်အချက် ဖြစ်၏။ အရူးနှစ်ယောက် အတူစမ်းကြည့်သည့် ကိစ္စက ဖြစ်ရော ဖြစ်သင့်ရဲ့လား...

ချီချင်းက ဆိုဖာပေါ် ထိုင်ကာ လက်အိတ်ချွတ်လိုက်သည်။ အမွှေးလုံး မနက်စာ စားနေသည်နှင့် သူ့အခန်းတံခါးခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

တံခါးဖွင့်လိုက်တော့ ရှဲ့လင်မှာ ညအိတ်ဝတ်စုံပင် မလဲနိုင်ပဲ သူ့အခန်းရှေ့ ရောက်နေသည်။ မျက်တွင်းညိုကာ ပင်ပန်းနေပုံရသည့်အတွက် မနေ့ကလို သွေးဆောင်ဖျားယောင်းသည့် ပုံစံမျိုး မရှိတော့။ ချီချင်းကို တည့်တည့်ကြည့်နေသော်လဲ မျက်နှာသိပ်မကောင်း။

ချီချင်းကတော့ ရှဲ့လင် ကြောင်စာကျွေးရန် ရောက်လာသည်ဟုသာ ထင်နေသည်။
" ကျွန်တော် သူ့ကို..."

ကျွေးပြီးပြီ...

သို့သော် ရှဲ့လင်က သူ့ကို ‌နောက်‌ဆုံးစကားသုံးလုံးကို ပေးမပြော။

ချီချင်း၏ အိမ်တံခါးကို လက်ပြန်နှင့် ပိတ်လိုက်သည်။ ချီချင်းမှာ နံရံကို ကျောပေး၍ ရပ်နေသည့်အတွက် ရှဲ့လင်က ရှေ့တစ်လှမ်းတိုး၍ ချီချင်းနောက်ကျောကို နံရံနှင့် ကပ်ထားလိုက်သည်။ ထို့နောက် နံရံပေါ် လက်ထောက်၍ ခေါင်းငုံ့ကြည့်ရင် မေးလိုက်သည်။
" မင်းစကားက ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ"

ချီချင်း : "???"

သူတို့နှစ်ယောက်ကြားထဲမှ အကွာအဝေး နီးကပ်လွန်းသောကြောင့် ချီချင်း တုံ့ပြန်ချိန်မရလိုက်။

ရှဲ့လင် မျက်လုံးများကို မှိတ်လိုက်သည်။ သူ့ခံစားချက်တွေ အားလုံးက ချီချင်းကြောင့်သာ ပေါ်လာရခြင်း ဖြစ်၏။ မနေ့က ပျော်လွန်း၍ တစ်ညလုံးပင် အိပ်မရခဲ့။ သို့သော် ခဏလေးပဲ အိပ်ပြီး ပြန်နိုးလာတော့ လောကကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြန်သည်။ ရှဲ့လင် စိတ်ခံစားချက်များကို မျိုသိပ်ကာ အံကြိတ်ရင်း မေးလိုက်သည်။
" မင်း နောင်တရ‌နေတာလား"

" မနေ့က ကိုယ်တို့ စမ်းချစ်ကြည့်ဖို့ ကတိပေးခဲ့ပြီးတော့.. ဒီနေ့ကျတော့ ဆရာဝန်သွားပြရမယ်ဆိုတော့"

"..."

ချီချင်းက သူ့ဖုန်းကို အိမ်ဝင်ပေါက်ရှိ စင်ပေါ် တင်ထားခဲ့သည်။ အချိန်ကိုက်ပင် ဖုန်းမြည်လာတော့ ရှဲ့လင် တစ်ချက်လှမ်းကြည့်လိုက်၏။ ဖုန်းမျက်နှာပြင်ပေါ်တွင် "ဒေါက်တာဝူ" ဟူသော စာလုံးသုံးလုံး ပေါ်နေလေသည်။

ဒေါက်တာဝူ : " ဟဲလို.. ချီချင်းလား.. မနေ့ညက ပို့ထားတဲ့စာ ကျွန်တော် အခုမှ ဖတ်မိလို့ဗျာ.. ကျွန်တော် ဒီနေ့ အချိန်ရပါတယ်... ခင်ဗျားဘက်က စပြီးတော့ ကုသမှုကို ကမ်းလှမ်းတဲ့အတွက် ကျွန်တော်လဲ ဝမ်းသာရပါတယ်.. ဒီနေ့ အ‌ချိန်ရမယ်ဆိုရင် မနက် ဆယ်နာရီလောက် ကျွန်တော် အဆင်ပြေ..."

ဒေါက်တာဝူမှာ ချီချင်းနှင့် အချိန်ညှိရန် အားကြိုးမာန်တက် ကြိုးစားနေသည်။ သို့သော် သူ့စကား မဆုံးသေးခင် တစ်စုံတစ်ယောက်၏ ပျင်းတွဲတွဲလေသံ ထွက်လာသည်။
" အချိန်မရှိဘူး.. အဆင်မပြေဘူး"

ထို့နောက် ချက်ချင်းပင် ဖုန်းကျသွားသည်။

ဒေါက်တာဝူမှာ တစ်ယောက်ထဲကျန်ခဲ့သော ဖုန်းကို ကြည့်ကာ ကြောင်သွား၏။
... ဘာတွေဖြစ်နေတာလဲ...

ပြီးတော့ အသံက ချီချင်းအသံနဲ့လဲ မတူပါဘူး...

တစ်ဖက်တွင်တော့ ရှဲ့လင်က ချီချင်းဖုန်းကို သူ့သဘောနှင့်သူ ယူကာ ဒေါက်တာဝူကို ငြင်းပယ်လိုက်သည်။ ထို့နောက် ဖုန်းချပြီးသည်နှင့် ဖုန်းကို စောစောက နေရာပေါ် ပြန်ပစ်တင်ကာ ချီချင်းကို ပြန်စိုက်ကြည့်သည်။
" ဖြေလေ"

ချီချင်းအတွက် ရှဲ့လင်နှင့် နေထိုင်သည့် အကွာအဝေးမှာ တခြားသူများထက် အများကြီးနီးကပ်သည်ဆိုသော်လဲ ဒီ‌လောက်ထိ မျက်နှာချင်း ကပ်နေရလောက်အောင် နီးကပ်သည့် အနေအထားမျိုး မကြုံရသေး။

နောက်ဆုတ်လို့လဲ မရသော ‌အနေအထားတွင် ချီချင်းတစ်ယောက် မနေ့ကအတိုင်း နှလုံးခုန် မြန်လာသည်။

မနေ့ညက သူ့ဘက်မှလဲ ဝန်ခံစကားပြောပြီးနောက် ပြန်ရုပ်သိမ်းချင်ခဲ့သည်။ သို့သော် အခု နှစ်မိနစ်ကြာအောင် စဉ်းစားပြီးနောက် ပြန်မရုပ်သိမ်းနိုင်တော့။

ဘယ်လောက်ပဲ အချိန်ပေး စဉ်းစား စဉ်းစား ... သူ့ဘက်က ဘယ်လိုအကြောင်းပြချက်တွေ ဘယ်လိုလော့ဂျစ်တွေ သုံးသုံး သူ့ရှေ့မှ လူကို မတွဲချင်ပါဘူးဟု ပြောမထွက်။ ကျိုးကြောင်းဆင်ခြင်နိုင်မှုများအားလုံး တစစီ ပြိုကွဲသွားပြန်သည်။

ထိုအရာက သူ့ကမ္ဘာတွင် ပထမဆုံးအဖြစ်အပျက် ဖြစ်၏။

" နောင်တ.. မရဘူး"

" ကျွန်တော်  လက်တွဲဖော်တို့.. ကောင်လေးတို့.. ကလေးလေးတို့ တစ်ခုမှ မကြိုက်ဘူး"
ချီချင်းက နားရွက်တစ်ခုလုံး ရဲတက်လာသည်အထိ ရှက်ရွံ့နေသော်လဲ စိတ်တင်းထားရင်း ဆက်ပြောနေသည်။
" တကယ်လို့ တစ်ခုခု ခေါ်မှဖြစ်မယ်ဆိုရင်... တခြားတစ်ခုခု စဉ်းစား"

.........
End of part 85
Thank you all

Zawgyi

ခ်ီခ်င္း စကားေျပာေနသည္ကိုၾကည့္ရင္း ရွဲ႕လင္ ၿပဳံးေနသည္။

ခ်ီခ်င္း၏ 'ကြၽန္ေတာ္ ဖ်ားေနလားလို႔ေတာင္ ထင္တယ္' ဟူေသာ စကားအဆုံးတြင္ေတာ့ ရွဲ႕လင္၏အၿပဳံးက ထိန္းမရ သိမ္းမရေတာ့ေပ။

ခ်ီခ်င္း : " ဘာေတြ အဲ့ေလာက္ ရယ္စရာေကာင္းေနလို႔လဲ"

ရွဲ႕လင္က ခ်ီခ်င္းေခါင္းကို လက္ႏွင့္ပုတ္လိုက္သည္။ ခ်ီခ်င္းမွာ သူ႕ထက္အရပ္ပုသျဖင့္ ျဖည္းျဖည္းခ်င္း ကိုယ္ကိုကိုင္းရင္း ႏူးႏူးညံ့ညံ့ေျပာေနသည္။
" အ႐ူးေလး"

ခ်ီခ်င္း နားမလည္နိုင္၍ တတြတ္တြတ္ေျပာေနေသာ ခံစားခ်က္မ်ားမွာ ရွဲ႕လင္ စိတ္ပင္မကူးရဲခဲ့သည့္ ခံစားခ်က္မ်ားသာျဖစ္၏။

ခ်ီခ်င္း၏ စကားမ်ားကို ရွဲ႕လင္၏ ေခါင္းထဲတြင္ အဓိပၸါယ္ျပနိလိုက္သည္မွာ "သူလဲ ငါ့ကို သေဘာက်ေနတာပဲ" ဟူ၍ ျဖစ္သည္။

ထိုစကားလုံးမ်ားကို သေဘာေပါက္ၿပီးေနာက္ ရွဲ႕လင္အတြက္ သူ႕စိတ္ခံစားခ်က္မ်ားကို ထုတ္ေျပာရန္ ခက္ခဲလာသည္။

အံ့ဩစရာတစ္ခုၿပီးတစ္ခု ေပၚလာသည့္အတြက္ စိတ္ဆႏၵမ်ားလဲ တစ္ခုၿပီးတစ္ခု လွ်ံထြက္လာခဲ့သည္။

သူ ခ်ီခ်င္းႏွင့္ ရည္းစားေတြ ျဖစ္ခ်င္သည္။ အခ်ိန္တိုင္း အတူရွိခ်င္သည္။ အသားေလးကို ထိကိုင္ခြင့္ရခ်င္သည္။ ကိုယ္လုံးေလးကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားခ်င္သည္....

ေနာက္ဆုံးေတာ့လဲ ခ်ီခ်င္း သူ႕ကို ေၾကာက္ၿပီး ထြက္ေျပးသြားမည္စိုးေသာေၾကာင့္ ေခါင္းေလးကိုသာ ဖြဖြေလး ပြတ္ေနမိသည္။

ခ်ီခ်င္းကေတာ့ ထိုကဲ့သို႔ အ‌ထိအေတြ႕မ်ားကို နားမလည္နိုင္။ ရွဲ႕လင္၏ စကားအသုံးအႏႈန္းကို သူ မႏွစ္ၿမိဳ႕ျခင္း မရွိတာကိုေတာ့ သူ ခံစားမိသည္။ သို႔တိုင္ေအာင္ ‌ရွဲ႕လင္ေျပာခ်င္သည့္စကားကို နားမလည္ေသး။ ထို႔ေၾကာင့္ မ်က္ေမွာင္က်ဳံ႕ရင္း ရွဲ႕လင္လက္ကို ေရွာင္သည္။
" ကြၽန္ေတာ္ အတည္ေျပာေနတာကို.. ခင္ဗ်ား ကြၽန္ေတာ့္ကို ဘာစကားေျပာတာလဲ"

"မဟုတ္ပါဘူး"
ရွဲ႕လင္က ပ်ာပ်ာသလဲ ရွင္းျပရသည္။
" မင္းကို အ႐ူးေလးလို႔ေခၚတာက တကယ့္အ႐ူးလို႔ေျပာတာ မဟုတ္ဘူးေလကြာ.. တစ္ခါတစ္ေလ အဲ့လိုအသုံးအႏႈန္းမ်ိဳးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲလို႔လဲ သုံးလို႔ရတယ္"

ခ်ီခ်င္း : " ကြၽန္ေတာ့္ကို တ႐ုတ္စာသင္တန္းမတက္ဖူးဘူးလို႔မ်ား ထင္ေနလား"

ရွဲ႕လင္ : "..."

ခ်ီခ်င္း တကယ္ပင္ တ႐ုတ္စာသင္တန္း တက္ခဲ့ဖူးပါ၏။ သို႔ေသာ္ လူသိမ်ားေသာ အခ်စ္စာေပမ်ားကို ဖတ္ထားသည့္ အေတြ႕အႀကဳံမ်ိဳးေတာ့ မရွိ။ လူအခ်င္းခ်င္း စေနာက္ၾကသည့္စကားမ်ားကို သူ နားမလည္။ ခ်စ္စနိုးသုံးသည့္ အေခၚအေဝၚမ်ားကိုေတာ့ သူ ဘယ္ေတာ့မွ သုံးခဲ့ဖူးသည္မဟုတ္။

အရင္တုန္းကဆို သူႏွင့္ စကားေျပာဖို႔ အသာထား သူ႕အနားကပ္ရဲသူပင္ တစ္ေယာက္မွ မရွိ။

လူမႈဆက္ဆံေရးႏွင့္ ပတ္သက္လာပါက ခ်ီခ်င္းတြင္ လိုအပ္ခ်က္မ်ားစြာ ရွိသည္။

အကယ္၍ က်ိမင္ေ႐ြ႕သာ သူ႕ကို အ႐ူးလို႔ လာေခၚပါက ခ်က္ခ်င္းဆြဲထိုးမိမည္လားမသိ။

သို႔ေသာ္ ႀကိဳးစားပမ္းစား ရွင္းျပေနေသာ ရွဲ႕လင္ကိုၾကည့္ရင္း ခ်ီခ်င္းလဲ ထိုစကားကို ခက္ခက္ခဲခဲ လက္ခံလိုက္ရသည္။ သူကိုယ္တိုင္သည္လဲ သူ႕ကို အ႐ူးဟုေခၚေသာ ရွဲ႕လင္ကို ဘာလို႔ နည္းနည္းေလးပင္ စိတ္မဆိုးသည္ကိုေတာ့ မသိေသး။

ေနာက္ဆုံး ရွဲ႕လင္က ခ်ီခ်င္းကို ျမတ္ျမတ္နိုးနိုးၾကည့္ရင္း ေကာက္ခ်က္ခ်သည္။
" မင္း ပုံမွန္မဟုတ္တာလဲ မဟုတ္ဘူး... ေရာဂါတစ္ခုခုရွိေနတာလဲ မဟုတ္ဘူး"

" မင္း အဲ့လိုျဖစ္ေနတာ ဘာလို႔လဲဆိုေတာ့..."
ရွဲ႕လင္ ခဏရပ္လိုက္သည္။
" မင္းလဲ ကိုယ့္ကို သေဘာက်ေနလို႔"

ခ်ီခ်င္း၏ ပထမဆုံးတုံ႕ျပန္မႈမွာ ေမွ်ာ္လင့္ထားသည့္အတိုင္း မယုံနိုင္သလို ျဖစ္ေနသည္။ သူေျပာသည့္စကားကို ဘယ္ေနရာကေန စဥ္းစား၍ ရွဲ႕လင္ ဘယ္လိုေကာက္ခ်က္ခ်လိဳက္လဲ သူ မ‌ေတြးတတ္။ သို႔ေသာ္ ျငင္းပယ္ရန္ စိတ္ကူး၍ ႏႈတ္ခမ္းဟလိုက္သည့္တိုင္ ျငင္းရမည့္စကားတစ္ခြန္းမွ ထြက္မလာ။
"အဲ့ဒါက..."

မျဖစ္နိုင္ပါဘူးဟူ၍ေတာ့ ရွဲ႕လင္ကို သူ ျပန္မေျပာနိုင္။

ကြၽန္ေတာ္ ခင္ဗ်ားကို သေဘာမက်ပါဘူးဟု သူ လုံးဝ ျပန္မေျပာနိုင္။

‌ေလာ့ဂ်စ္က်က်စဥ္းစားရင္း ျဖစ္နိုင္ေခ်မရွိသည့္ အရာမ်ားကို တစ္ခုခ်င္း ပယ္ထုတ္ၿပီးသြားေတာ့ ေနာက္ဆုံးက်န္သည့္ျဖစ္‌နိုင္ေခ်တစ္ခုက မယုံၾကည္နိုင္စရာ ျဖစ္ေနခဲ့သည္။

ေနာက္ဆုံး ခ်ီခ်င္းထံမွ စကားသံ ထြက္လာသည္။
" အဲ့ဒါကို ဘယ္က ဘယ္လို ေကာက္ခ်က္ခ်လိဳက္တာလဲ"

ခ်ီခ်င္း ေခါင္းေပၚ ဖြဖြတင္ထားေသာ ရွဲ႕လင္လက္တစ္ဖက္က ျဖည္းျဖည္းခ်င္း ေအာက္ေ႐ႊ႕ကာ ခ်ီခ်င္း၏ လက္ေကာက္ဝတ္ကို ကိုင္လိုက္သည္။ ထို႔ေနာက္ သူ႕ရင္ဘတ္ ငါးခုေျမာက္ နံရိုးၾကားကို ထိကပ္ထားလိုက္သည္။ ထိုေနရာက သူတို႔ပထမဆုံး သိကြၽမ္းၾကသည့္အမႈျဖစ္သည့္ ေၾကာင္သတ္မႈတြင္ ဓားႏွင့္အထိုးခံထားရေသာ ေနရာျဖစ္၏။

ရွဲ႕လင္၏ လက္က ေအးစက္ေနသည္။ သူ႕ကိုယ္သူ ခ်ီခ်င္းေရွ႕ ၾကည့္ေကာင္းေစရန္ အကၤ်ီပါးပါးေလး ဝတ္ထားရသည့္အတြက္ေၾကာင့္ျဖစ္နိုင္သည္။

သို႔ေသာ္ ေအးစက္ေသာ လက္မ်ားႏွင့္ ဆန႔္က်င္စြာ ရွဲ႕လင္ႏွလုံးခုန္သံတို႔က တဒုန္းဒုန္း တဒိုင္းဒိုင္းႏွင့္ ‌ေဆာက္တည္ရာမရ။

ႀကိမ္ႏႈန္းျမင့္ ႏွလုံးခုန္သံတို႔ကို ခ်ီခ်င္းလက္ဖဝါးမွ တဆင့္ ခံစားေနရသည္။ တစ္ခ်ိန္ထဲတြင္ သူ႕ႏွလုံးခုန္သံသည္လဲ ထိုအတိုင္း ထပ္တူက်ေနသည္ကို ခ်ီခ်င္း ခံစားလာရ၏။

" ဒီေနရာကေန‌ေလ"
ရွဲ႕လင္က သူ႕ေမးခြန္းကို ျပန္၍ အေျဖေပးေနသည္။

စိတ္က်န္းမာေရးေဆးခန္းတြင္ ခ်ီခ်င္း၏ စိတ္ပညာအကဲျဖတ္ဖိုင္ကို ရွဲ႕လင္ဖတ္ခဲ့ဖူးသည္။ အမႈကိစၥမ်ားကို အတူေျဖရွင္းရင္း ခ်ီခ်င္းႏွင့္ ကိုယ္တိုင္ ထိေတြ႕ဆက္ဆံခဲ့ရၿပီးေနာက္တြင္ေတာ့ ခ်ီခ်င္း၏ အဓိကျပႆနာမွာ ဖိုင္တြဲထဲ ေရးထားသလို အထိအေတြ႕ကို မႀကိဳက္သည့္ သာမန္အသန႔္ႀကိဳက္ေရာဂါသက္သက္ မဟုတ္သည္ကို သူ သိလာရသည္။ စိတ္ဖတ္စြမ္းရည္၏ အက်ိဳးသက္ေရာက္မႈသည္လဲ အေပၚယံသာျဖစ္၍ ခ်ီခ်င္း၏ စိတ္ပိုင္းဆိုင္ရာမွာ တစ္ခုခုေၾကာင့္ ျပင္းျပင္းထန္ထန္ ထိခိုက္ထားျခင္း ျဖစ္ရမည္ဟု သူ သုံးသပ္ထား၏။

ထိုသို႔ေတြးၾကည့္ပါက ရွဲ႕လင္မွာ ခ်ီခ်င္း၏ ေရာဂါအေၾကာင္းကို စိတ္ပညာရွင္ေဒါက္တာဝူထက္ ပို၍ အတြင္းက်က် သိေနသည္။

ရွဲ႕လင္ : " တကယ္လို႔ မင္း မယုံဘူးဆိုရင္ ကိုယ္တို႔ စမ္းၾကည့္လို႔ရပါတယ္"

ခ်ီခ်င္းက မ်က္ခုံးေလးမ်ားပင့္ကာ မ်က္လုံးေလးျပဴး၍ ၾကည့္ေနသည္။
" ဘာကို စမ္းၾကည့္မွာလဲ"

" ကိုယ့္ကို စမ္းခ်စ္ၾကည့္ေလ"

.......

ထိုစကား....

ထိုစကားကို ျပန္ၾကားေယာင္ေတာ့ ခ်ီခ်င္း လက္ရွိေလာကႏွင့္ အဆက္ျပတ္သြားသလိုပင္။

အရင္က သူ ေတြ႕ခဲ့ဖူးေသာ စိတ္ေရာဂါကု ဆရာဝန္မ်ား၏ စကားတစ္ခြန္းခ်င္းစီကို ျပန္ၾကားေယာင္လာရသည္။

.... ခင္ဗ်ားက ခံစားခ်က္ေတြကို နားမလည္နိုင္ဘူး ...

.... သနားစိတ္ ေၾကာက္စိတ္ ေပ်ာ္႐ႊင္စိတ္ ဝမ္းနည္းစိတ္ တစ္ခုကိုမွ ကိုယ္တိုင္ ခံစားနိုင္မွာ မဟုတ္ဘူး...

ထိုကဲ့သို႔ေသာ အေျခခံ ခံစားခ်က္မ်ားကိုေတာင္ နားမလည္နိုင္တဲ့လူတစ္ေယာက္က တစ္စုံတစ္ေယာက္ကို သေဘာက်ဖိဳ႕ဆိုတာ ဘယ္လိုလုပ္ ျဖစ္နိုင္မွာတဲ့လဲ...

ခ်ီခ်င္း ေရမိုးခ်ိဳးၿပီး အိပ္ရာေပၚ ဝင္လွဲခ်ိန္အထိ ထူးဆန္းေသာ အိပ္မက္တစ္ခု မက္ေနသည္ဟု ထင္မိဆဲပင္။

ကားထဲတြင္ ၾကားခဲ့ရေသာ ရွဲ႕လင္၏ အသံကိုလဲ အိပ္မက္ေယာင္ရင္း ေျပာသည့္စကားဟုသာ ထင္၍ ေစာေစာက သူတို႔အခန္းေရွ႕တြင္ ရင္ဖြင့္ခဲ့ၾကသည္ကိုလဲ အိပ္မက္ဟုသာ ထင္ေနေသးသည္။

သူ ဘာျပန္ေျပာခဲ့တာလဲ ....

သူ႕ ပါးစပ္က ဘယ္လိုလုပ္ "ေကာင္းၿပီေလ" ဆိုတဲ့စကား ထြက္သြားခဲ့ရတာလဲ...

ဘယ္လိုအေၾကာင္းေၾကာင့္နဲ႕မ်ား သူ သေဘာတူခဲ့တာလဲ...

ခ်ီခ်င္းတစ္ေယာက္ အိပ္ရာထဲ လူးလွိမ့္ေနသည္။ အေမႊးလုံးေလးကေတာ့ သူ႕တံခါးဝေရွ႕တြင္ တိတ္ဆိတ္စြာ ေစာင့္ရင္း တံခါးပြင့္လာမည္ကို ေမွ်ာ္လင့္ရင္း တံခါးကို တစ္ခါတစ္ခါ လက္ႏွင့္ဖြဖြ တို႔ၾကည့္သည္။

တတိယအႀကိမ္ တို႔ထိအၿပီးတြင္ေတာ့ ခ်ီခ်င္း အိပ္ရာထဲမွ ႐ုတ္တရက္ ထလာသည္။ ေၾကာင္အတြက္ အစာထည့္မေပးရေသးသည္ကို သတိရသြားေသာေၾကာင့္ပင္။

ခ်ီခ်င္းလဲ ေၾကာင္ေမႊးမ်ား မကပ္နိုင္ေစရန္ လက္အိတ္ေသခ်ာဝတ္သည္။ ထို႔ေနာက္ အိပ္ရာထဲ ျပန္ဝင္ရန္ စိတ္မသန႔္မည္စိုး၍ ညအိပ္ဝတ္စုံကို ခြၽတ္ကာ အိမ္ေနရင္းတစ္စုံ ထပ္လဲ၏။ အျပည့္အစုံ ျပင္ဆင္ၿပီးသည့္အခါတြင္ေတာ့ တံခါးဖြင့္ကာ အေမႊးလုံးေလးကို မ်က္ႏွာတည္ႏွင့္ တစ္ခ်က္ၾကည့္ရင္း ဝရန္တာသို႔ ထြက္ကာ ေၾကာင္စာထည့္ေပးေနသည္။

အေမႊးလုံးေလးကလဲ ခ်ီခ်င္းေနာက္ကို တစ္လွမ္းခ်င္း ကပ္လိုက္လာ၏။

တေျမာင္ေျမာင္ႏွင့္ ခပ္တိုးတိုးေအာ္ရင္း တံခါးဝကိုလဲ လွည့္ၾကည့္လွည့္ၾကည့္ လုပ္ေသးသည္။

ဒီအေမႊးလုံးေလး ေတာ္ေတာ္ ဉာဏ္ေကာင္းေသာ ေကာင္ေလးပင္။ ‌မ်က္ႏွာခ်င္းဆိုင္အိမ္မွ လူႀကီးကို ေၾကာက္ေသာ္လဲ ထိုလူႀကီးကသာ သူ႕ကို ေန႕တိုင္း အစာ လာလာထည့္ေပးေနသည္ကိုေတာ့ အသိအမွတ္ျပဳထားသည္။ ထို႔ေၾကာင့္ ထိုလူႀကီး ဒီေန႕ ဘာလို႔ ေရာက္မလာသည္ကိုလဲ သိခ်င္ေန၏။

" သြားၾကည့္မေနနဲ႕"
ခ်ီခ်င္းမွာ တေျမာင္ေျမာင္ လုပ္ေနေသာ အေမႊးလုံး၏ စကားကို နားမလည္။ ထို႔ေၾကာင့္ သူ သေဘာေပါက္သလိုသာ ျပန္ေျဖသည္။
" သူ မလာဘူး.. မင္း သူ႕ကို မုန္းေနတာ မဟုတ္ဘူးလား"

အေမႊးလုံး : " ေျမာင္ " ( ထမင္းေကြၽးရင္ေတာ့ အေမေခၚရမွာပဲ )

ခ်ီခ်င္း : " အာ့ဆို သူ႕‌အိမ္သြားေန"

‌အေမႊးလုံး : "ေျမာင္" ( သူ႕ကို ေခၚလိုက္ပါလား)

ခ်ီခ်င္း : " ငါ အခု စိတ္‌ေတြရႈပ္ေနတာ.. အခုတေလာေတာ့ သူနဲ႕ မေတြ႕ခ်င္ေသးဘူး"

အေမႊးလုံး : " ေျမာင္ ေျမာင္ ေျမာင္"

ဒီတစ္ခါေတာ့ အေမႊးလုံး၏ ဆိုလိုရင္းကို ခ်ီခ်င္း ဘာသာမျပန္တတ္ေတာ့။ စိတ္လဲ မရွည္နိုင္။
" မင္း ေျပာတာ ရွည္လြန္းတယ္... နားမလည္ဘူး ေအာ္မေနနဲ႕"

အေမႊးလုံး : "..."

အစာျဖည့္ရန္ ခ်ီခ်င္း ေတာ္ေတာ္ခက္ခက္ခဲခဲ လုပ္ယူရသည္။ အေမႊးလုံးတစ္ေကာင္ ေဘးတြင္ ခုန္ဆြခုန္ဆြ လုပ္ေန၍ အေႏွာင့္အယွက္ ျဖစ္ေနရျခင္းပင္။ ထိုေၾကာင္မွာ သူ႕နား ကပ္ကို ကပ္နိုင္လြန္းသည္။ အစာထည့္ေပးၿပီးေသာအခါ ခံရခက္ေသာ ေၾကာင္စာနံ႕အျပင္ လက္အိတ္ဝတ္ထားေသာ လက္ကပါ ေစးကပ္ကပ္ ျဖစ္လာသည္။

ေၾကာင္စာထပ္ေပးၿပီးေနာက္ ခ်ီခ်င္း အိပ္ခ်င္လာသည္။ ထို႔ေၾကာင့္ လက္အိတ္ခြၽတ္၍ ‌ဆိုဖာေပၚ ခဏထိုင္ကာ အေမႊးလုံး အစာစားေနသည္ကို ၾကည့္သည္။

ဖုန္းမ်က္ႏွာျပင္က ႐ုတ္တရက္ႀကီး ပြင့္လာကာ ျပန္ပိတ္သြားသည္။

ခ်ီခ်င္းကေတာ့ ေစာေစာက အရာအားလုံးကို အိပ္မက္ဟု ထင္ေနဆဲပင္။

ေၾကာင္ကို ခဏၾကည့္ၿပီးေနာက္ TV အစီအစဥ္ ထိုင္ၾကည့္သည္။ ေနာက္ေတာ့ သတိရသြား၍ ဖုန္းဖြင့္ၾကည့္ေတာ့မွ စာမ်ား ဝင္ေနသည္ကို ေတြ႕လိုက္ရသည္။

ရွဲ႕လင္ : " ေစာေစာအိပ္ေတာ့ေနာ္"

နာရီဝက္ေက်ာ္ၾကာသည္အထိ ေစာေစာအိပ္ပါဟု ေျပာခဲ့သူကိုယ္တိုင္ လုံးလုံး အိပ္မရေသး။

နာရီဝက္အၾကာတြင္ေတာ့ ရွဲ႕လင္တစ္ေယာက္ စာ တရစပ္ ပို႔ေတာ့သည္။

ရွဲ႕လင္ : " ေစာေစာက စာမွာ တစ္ခုခုလိုေနတယ္လို႔ မထင္ဘူးလား"

ခ်ီခ်င္း ဖုန္းမၾကည့္ျဖစ္သည့္အတြက္ ရွဲ႕လင္မွာ သူ႕ေမးခြန္းကို သူသာ ျပန္ေျဖရသည္။

" အေခၚအေဝၚ ေပ်ာက္ေနတာေလ"

" ကိုယ့္ေကာင္ေလး ဒါမွမဟုတ္ ကိုယ့္လက္တြဲေဖာ္လို႔ ‌ေခၚရမလား"

" ေနာက္တစ္မ်ိဳး ေခၚလို႔ရေသးတယ္ သိလား"

" ကေလးေလး လို႔ေလ"

ခ်ီခ်င္း : "????"

ဒီေလာက္ႀကီးတဲ့ကေလး ရွိလို႔လား...

အႏွစ္ႏွစ္ဆယ္ေက်ာ္ တစ္ေယာက္ထဲ ေနလာ‌ရေသာ ခ်ီခ်င္းမွာ ကေလးေလးဟု အေခၚခံလိုက္ရသည့္အတြက္ စိတ္ထဲ အေတာ္ေလး ရႈပ္ေထြးသြား၏။

အစားဝဝလင္လင္ စားေသာက္ၿပီးေနာက္ အေမႊးလုံးေလးက ခ်ီခ်င္းေျခေထာက္နား လွဲအိပ္ကာ အၿမီးေလး ေဝွ႕ယမ္းေနသည္။ သူ႕ဟာသူ ေအးေအးေဆးေဆး ထမင္းလုံး စီေနသည္ကို ခ်ီခ်င္းက ႐ုတ္တရက္ႀကီး သူ႕မ်က္ႏွာနား ဖုန္းထိုးေပးလိုက္ေတာ့ သူ နားမလည္သည့္ တ႐ုတ္စာ တုတ္ေခ်ာင္းမ်ားကို ေတြးလိုက္ရသည္။

ခ်ီခ်င္း :  " ဒီတစ္ေယာက္ ႐ူးသြားတာ မဟုတ္ဘူးလား"

အေမႊးလုံး : "???"

ခ်ီခ်င္းက သူ႕ဟာသူ ဆက္ေျပာေနသည္။
" ငါ့မွာလဲ ေရာဂါတစ္ခုခုရွိေနမလား‌ဆိုတာ သူ စမ္းၾကည့္ေပးမယ္တဲ့"

‌အေမႊးလုံး : "???"

ရွဲ႕လင္ကေတာ့ သူ႕ကို အ႐ူးဟု ကင္မြန္းတပ္ရင္ေတာင္ စိတ္ဆိုးမည္မဟုတ္။ ခ်ီခ်င္းဆီသို႔ စိတ္ထဲရွိသမွ် ပို႔ၿပီးသည့္တိုင္ အိပ္ရာထဲ ဟိုဘက္ သည္ဘက္ လူးလွိမ့္ကာ လုံးဝ အိပ္မေပ်ာ္ေသး။

ဟိုးအရင္က ဝူက်ိ ပထမဆုံးအႀကိမ္ ရည္းစားထား တုန္းကအေၾကာင္း သူ ႐ုတ္တရက္ သတိရသြားသည္။ သူ႕ကို တစ္ခါၿပီးတစ္ခါ ဖုန္းေခၚေနေသာေၾကာင့္ ရွဲ႕လင္ အေတာ္ေလး ေဒါသထြက္ကာ ဆူပူလိုက္၏။
" မင္း ငါ့ကို ေနာက္တစ္ခါ ဖုန္းေခၚရဲေခၚၾကည့္.. မင္းတို႔ႏွစ္ေယာက္ကို နည္းလမ္းေပါင္းစုံသုံးၿပီး ခြဲပစ္မွာ"

အခုေတာ့ ထိုအခ်ိန္ကအတြက္ သူ ဝူက်ိကို ေတာင္းပန္ခ်င္လာသည္။

မနက္ငါးနာရီထိုးခါနီးေတာ့မွ သူ ခက္ခက္ခဲခဲ အိပ္ေပ်ာ္သြားရေသာ္လဲ က်င့္သားရေနေသာ ခႏၶာကိုယ္က မနက္ရွစ္နာရီအတိတြင္ နိုးလာရသည္။

နိုးနိုးခ်င္း ပထမဆုံး လုပ္သည့္အလုပ္မွာ ဖုန္းဖြင့္၍ တစ္ေယာက္ေသာသူထံမွ ျပန္စာရမရ စစ္ေဆးျခင္းပင္။

ခ်ီခ်င္းက သူ႕ကို စာပိုဒ္အရွည္ႀကီး ျပန္ပို႔ထားသည္။

ရွဲ႕လင္ ေသေသခ်ာခ်ာ ဖတ္ၿပီးေနာက္ ခ်ီခ်င္း၏ စာကို အႏွစ္ခ်ဳပ္လိုက္၏။
" ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးရဲ႕ စိတ္အေျခအေနက ပုံမွန္မဟုတ္မွေတာ့ ႏွစ္ေယာက္ေပါင္းၿပီး စမ္းၾကည့္မဲ့အစား စိတ္ေရာဂါကုဆရာဝန္နဲ႕ သြားျပၾကည့္ရင္ မေကာင္းဘူးလား"

ရွဲ႕လင္ : "..."

သူ သေဘာက်ေနသူမွာ စိတ္ခံစားခ်က္ကို နားမလည္သည့္ ထူးျခားသူမွန္း သူ ေသခ်ာသိ၏။

သို႔ေသာ္ မေန႕က သူ႕ခံစားခ်က္ေတြ ဝန္ခံၿပီးသည့္တိုင္ ခ်ီခ်င္းတစ္ေယာက္ အေလးအနက္ စဥ္းစား၍ ဆရာဝန္သြားျပန္ရန္ ေကာက္ခ်က္ခ်လိမ့္မည္လို႔ေတာ့ သူ မေမွ်ာ္လင့္ခဲ့။

ရွဲ႕လင္က ညဝတ္အကၤ်ီ မီးခိုးေရာင္ကို ဝတ္ထားကာ ဆံပင္မ်ား အနည္းငယ္ ရႈပ္ပြေနသည္။ စာဖတ္ၿပီးေနာက္ မီးဖိုခန္းထဲ ဝင္၍ ေရခဲေရတစ္ခြက္ ငွဲ႕သည္။ ထို႔ေနာက္ ေရခဲေရခြက္ကို သူ႕ပါးေပၚကပ္ရင္း ေစာေစာကစာေၾကာင္းဖတ္ကာ ခါးခါးသီးသီး ေအာ္ရယ္ေလသည္။

ခ်ီခ်င္းသည္လဲ အၾကာႀကီး မအိပ္လိုက္ရ။ ‌တံခါးဝတြင္ တေျမာင္ေျမာင္လုပ္ေနေသာ အေမႊးလုံးေၾကာင့္ အိပ္ရာမွထကာ အစာထည့္ေပးရသည္။ မ‌ေန႕က ဇာတ္လမ္းေတြ ၾကည့္ရင္း စိတ္ခံစားခ်က္ကို ဦးစားေပးမိ၍သာ ရွဲ႕လင္စကားကို သူ သေဘာတူလိုက္တာ ျဖစ္သည္။

သို႔ေသာ္ အေၾကာင္းအရာကို ေယဘုယ်က်က် ျပန္စဥ္းစားၾကည့္သည့္အခါတြင္ေတာ့ ေကာက္ခ်က္ေနာက္တစ္မ်ိဳး ထြက္လာသည္။

သူေရာ ရွဲ႕လင္ေရာ ႏွစ္ေယာက္လုံးက ပုံမွန္မဟုတ္သည္မွာ သိသာထင္ရွားသည့္အခ်က္ ျဖစ္၏။ အ႐ူးႏွစ္ေယာက္ အတူစမ္းၾကည့္သည့္ ကိစၥက ျဖစ္ေရာ ျဖစ္သင့္ရဲ႕လား...

ခ်ီခ်င္းက ဆိုဖာေပၚ ထိုင္ကာ လက္အိတ္ခြၽတ္လိုက္သည္။ အေမႊးလုံး မနက္စာ စားေနသည္ႏွင့္ သူ႕အခန္းတံခါးေခါင္းေလာင္းသံ ထြက္ေပၚလာသည္။

တံခါးဖြင့္လိုက္ေတာ့ ရွဲ႕လင္မွာ ညအိတ္ဝတ္စုံပင္ မလဲနိုင္ပဲ သူ႕အခန္းေရွ႕ ေရာက္ေနသည္။ မ်က္တြင္းညိုကာ ပင္ပန္းေနပုံရသည့္အတြက္ မေန႕ကလို ေသြးေဆာင္ဖ်ားေယာင္းသည့္ ပုံစံမ်ိဳး မရွိေတာ့။ ခ်ီခ်င္းကို တည့္တည့္ၾကည့္ေနေသာ္လဲ မ်က္ႏွာသိပ္မေကာင္း။

ခ်ီခ်င္းကေတာ့ ရွဲ႕လင္ ေၾကာင္စာေကြၽးရန္ ေရာက္လာသည္ဟုသာ ထင္ေနသည္။
" ကြၽန္ေတာ္ သူ႕ကို..."

ေကြၽးၿပီးၿပီ...

သို႔ေသာ္ ရွဲ႕လင္က သူ႕ကို ‌ေနာက္‌ဆုံးစကားသုံးလုံးကို ေပးမေျပာ။

ခ်ီခ်င္း၏ အိမ္တံခါးကို လက္ျပန္ႏွင့္ ပိတ္လိုက္သည္။ ခ်ီခ်င္းမွာ နံရံကို ေက်ာေပး၍ ရပ္ေနသည့္အတြက္ ရွဲ႕လင္က ေရွ႕တစ္လွမ္းတိုး၍ ခ်ီခ်င္းေနာက္ေက်ာကို နံရံႏွင့္ ကပ္ထားလိုက္သည္။ ထို႔ေနာက္ နံရံေပၚ လက္ေထာက္၍ ေခါင္းငုံ႕ၾကည့္ရင္ ေမးလိုက္သည္။
" မင္းစကားက ဘာအဓိပၸါယ္နဲ႕ ေျပာတာလဲ"

ခ်ီခ်င္း : "???"

သူတို႔ႏွစ္ေယာက္ၾကားထဲမွ အကြာအေဝး နီးကပ္လြန္းေသာေၾကာင့္ ခ်ီခ်င္း တုံ႕ျပန္ခ်ိန္မရလိုက္။

ရွဲ႕လင္ မ်က္လုံးမ်ားကို မွိတ္လိုက္သည္။ သူ႕ခံစားခ်က္ေတြ အားလုံးက ခ်ီခ်င္းေၾကာင့္သာ ေပၚလာရျခင္း ျဖစ္၏။ မေန႕က ေပ်ာ္လြန္း၍ တစ္ညလုံးပင္ အိပ္မရခဲ့။ သို႔ေသာ္ ခဏေလးပဲ အိပ္ၿပီး ျပန္နိုးလာေတာ့ ေလာကႀကီးတစ္ခုလုံး ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္ကုန္ျပန္သည္။ ရွဲ႕လင္ စိတ္ခံစားခ်က္မ်ားကို မ်ိဳသိပ္ကာ အံႀကိတ္ရင္း ေမးလိုက္သည္။
" မင္း ေနာင္တရ‌ေနတာလား"

" မေန႕က ကိုယ္တို႔ စမ္းခ်စ္ၾကည့္ဖို႔ ကတိေပးခဲ့ၿပီးေတာ့.. ဒီေန႕က်ေတာ့ ဆရာဝန္သြားျပရမယ္ဆိုေတာ့"

"..."

ခ်ီခ်င္းက သူ႕ဖုန္းကို အိမ္ဝင္ေပါက္ရွိ စင္ေပၚ တင္ထားခဲ့သည္။ အခ်ိန္ကိုက္ပင္ ဖုန္းျမည္လာေတာ့ ရွဲ႕လင္ တစ္ခ်က္လွမ္းၾကည့္လိုက္၏။ ဖုန္းမ်က္ႏွာျပင္ေပၚတြင္ "ေဒါက္တာဝူ" ဟူေသာ စာလုံးသုံးလုံး ေပၚေနေလသည္။

ေဒါက္တာဝူ : " ဟဲလို.. ခ်ီခ်င္းလား.. မေန႕ညက ပို႔ထားတဲ့စာ ကြၽန္ေတာ္ အခုမွ ဖတ္မိလို႔ဗ်ာ.. ကြၽန္ေတာ္ ဒီေန႕ အခ်ိန္ရပါတယ္... ခင္ဗ်ားဘက္က စၿပီးေတာ့ ကုသမႈကို ကမ္းလွမ္းတဲ့အတြက္ ကြၽန္ေတာ္လဲ ဝမ္းသာရပါတယ္.. ဒီေန႕ အ‌ခ်ိန္ရမယ္ဆိုရင္ မနက္ ဆယ္နာရီေလာက္ ကြၽန္ေတာ္ အဆင္ေျပ..."

ေဒါက္တာဝူမွာ ခ်ီခ်င္းႏွင့္ အခ်ိန္ညွိရန္ အားႀကိဳးမာန္တက္ ႀကိဳးစားေနသည္။ သို႔ေသာ္ သူ႕စကား မဆုံးေသးခင္ တစ္စုံတစ္ေယာက္၏ ပ်င္းတြဲတြဲေလသံ ထြက္လာသည္။
" အခ်ိန္မရွိဘူး.. အဆင္မေျပဘူး"

ထို႔ေနာက္ ခ်က္ခ်င္းပင္ ဖုန္းက်သြားသည္။

ေဒါက္တာဝူမွာ တစ္ေယာက္ထဲက်န္ခဲ့ေသာ ဖုန္းကို ၾကည့္ကာ ေၾကာင္သြား၏။
... ဘာေတြျဖစ္ေနတာလဲ...

ၿပီးေတာ့ အသံက ခ်ီခ်င္းအသံနဲ႕လဲ မတူပါဘူး...

တစ္ဖက္တြင္ေတာ့ ရွဲ႕လင္က ခ်ီခ်င္းဖုန္းကို သူ႕သေဘာႏွင့္သူ ယူကာ ေဒါက္တာဝူကို ျငင္းပယ္လိုက္သည္။ ထို႔ေနာက္ ဖုန္းခ်ၿပီးသည္ႏွင့္ ဖုန္းကို ေစာေစာက ေနရာေပၚ ျပန္ပစ္တင္ကာ ခ်ီခ်င္းကို ျပန္စိုက္ၾကည့္သည္။
" ေျဖေလ"

ခ်ီခ်င္းအတြက္ ရွဲ႕လင္ႏွင့္ ေနထိုင္သည့္ အကြာအေဝးမွာ တျခားသူမ်ားထက္ အမ်ားႀကီးနီးကပ္သည္ဆိုေသာ္လဲ ဒီ‌ေလာက္ထိ မ်က္ႏွာခ်င္း ကပ္ေနရေလာက္ေအာင္ နီးကပ္သည့္ အေနအထားမ်ိဳး မႀကဳံရေသး။

ေနာက္ဆုတ္လို႔လဲ မရေသာ ‌အေနအထားတြင္ ခ်ီခ်င္းတစ္ေယာက္ မေန႕ကအတိုင္း ႏွလုံးခုန္ ျမန္လာသည္။

မေန႕ညက သူ႕ဘက္မွလဲ ဝန္ခံစကားေျပာၿပီးေနာက္ ျပန္႐ုပ္သိမ္းခ်င္ခဲ့သည္။ သို႔ေသာ္ အခု ႏွစ္မိနစ္ၾကာေအာင္ စဥ္းစားၿပီးေနာက္ ျပန္မ႐ုပ္သိမ္းနိုင္ေတာ့။

ဘယ္ေလာက္ပဲ အခ်ိန္ေပး စဥ္းစား စဥ္းစား ... သူ႕ဘက္က ဘယ္လိုအေၾကာင္းျပခ်က္ေတြ ဘယ္လိုေလာ့ဂ်စ္ေတြ သုံးသုံး သူ႕ေရွ႕မွ လူကို မတြဲခ်င္ပါဘူးဟု ေျပာမထြက္။ က်ိဳးေၾကာင္းဆင္ျခင္နိုင္မႈမ်ားအားလုံး တစစီ ၿပိဳကြဲသြားျပန္သည္။

ထိုအရာက သူ႕ကမာၻတြင္ ပထမဆုံးအျဖစ္အပ်က္ ျဖစ္၏။

" ေနာင္တ.. မရဘူး"

" ကြၽန္ေတာ္  လက္တြဲေဖာ္တို႔.. ေကာင္ေလးတို႔.. ကေလးေလးတို႔ တစ္ခုမွ မႀကိဳက္ဘူး"
ခ်ီခ်င္းက နား႐ြက္တစ္ခုလုံး ရဲတက္လာသည္အထိ ရွက္႐ြံ႕ေနေသာ္လဲ စိတ္တင္းထားရင္း ဆက္ေျပာေနသည္။
" တကယ္လို႔ တစ္ခုခု ေခၚမွျဖစ္မယ္ဆိုရင္... တျခားတစ္ခုခု စဥ္းစား"

.........
End of part 85
Thank you all

Continue Reading

You'll Also Like

62.6K 6.7K 37
Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit to original author & artist.
197K 6.7K 31
Delilah has never truly had a good relationship with anyone. Her father had made it no secret that he did not want her and had not paid her any care...
117K 12.2K 32
Athulya Singhania has spent her entire life in solitude, yearning for the love of a family. Over the years, she mastered the art of concealing her em...
OBSESSED By thisbejaja

Mystery / Thriller

97.3K 4.1K 26
obsessed