အန္တရာယ်ရှိသော စရိုက် - ဘာသာပ...

By Autumn260103

132K 28.4K 2.6K

Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့်... More

Chapter 1 - စိတ်ဖတ်စွမ်းရည်
Chapter 2- Identity
Chapter 3 - ရောဂါအမည်သတ်မှတ်ခြင်း
Chapter 4- ကွက်လပ်
Chapter 5- ကြောင် အလောင်း
Chapter 6- ဓား
Chapter 7- သံသယ
Chapter 8- ထိပ်တိုက်တွေ့ခြင်း
Chapter 9- ပွဲသိမ်း
Chapter 10- Turning Point
Chapter 11- ကြိုးရာ
Chapter 12- အတည်ပြုခြင်း
Chapter 13- ကောင်လေး
Chapter 14- ငိုသံ
Chapter 15- အမှုဟောင်း
Chapter 16- အတိတ်
Chapter 17- Bar
Chapter 18- အရက်တစ်ခွက်
Chapter 19 - ထိန်းမရတော့ခြင်း
Chapter 20 - လူသတ်မှု
Chapter 21- မျက်နှာချင်းဆိုင်အခန်း
Chapter 22- Cover your ears
Chapter 23- ခြွင်းချက်
Chapter 24- အိပ်မပျော်ခြင်း
Chapter 25- Getting medicine
Chapter 26- အကြံပြုချက်
Chapter 27- လက်အိတ်
Chapter 28- ကုထုံး
Chapter 29- အမှုအကြံပေး
Chapter 30- သံသယတရားခံ
Chapter 31- အိမ်နီးချင်းများ
Chapter 32- ချောင်းကြည့်ခြင်း
Chapter 33- အိမ်ငှား
Chapter 34- လက်စွပ်
Chapter 35- လက်ထောက်အကြံပေး
Chapter 36- အသံ
Chapter 37- Recovery
Chapter 38- အတည်ပြုချက်
Chapter 39 - စုံစမ်းရေး
Chapter 40- တစ်ယောက်ထဲ နေဖြစ်သွားပြီ
Chapter 41- သတိပေးစကား
Chapter 42- Night Visit
Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း
Chapter 44 - အထင်လွဲမှု
Chapter 45- အချိန်ကန့်သတ်ချက်
Chapter 46- ပွဲစား
Chapter 47- လူသတ်မှု
Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း
Chapter 49 - အမှု ပြီးဆုံးခြင်း
Chapter 50- ချောကလက်
Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း
Chapter 52- Night Talk
Chapter 53- Dream Talk
Chapter 54- လမ်းကူးကြမယ်
Chapter 55- ရုပ်ရှင်ရုံ
Chapter 56- တိုက်ပေါ်မှ ပြုတ်ကျ
Chapter 57- ပါပါရာဇီ
Chapter 58- အရူးတစ်ယောက်နဲ့ တွေ့ခဲ့တယ်
Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ
Chapter 60- စိုးရိမ်မှု
Chapter 61- အန္တရာယ်ကြားထဲမှ
Chapter 62- မတော်တဆမှု
Chapter 63- Female Star
Chapter 64- လူနာ
Chapter 65- Photos
Chapter 66- မျက်နှာ
Chapter 67- သန္ဓေသား
Chapter 68- ဓာတ်ပုံဘောင်
Chapter 69- အဆောင်လက်ဖွဲ့ဆိုင်
Chapter 70 - သန္ဓေသားလောင်းမွေးမြူခြင်း
Chapter 71- ယဇ်ပူဇော်သော (ကုမာန်ထုန်)
Chapter 72- အလှည့်အပြောင်း
Chapter 73- နားဆွဲလေးတစ်ဖက်
Chapter 74- ရုပ်ရည်
Chapter 75- နှလုံးခုန်သံ
Chapter 76- လက်တွဲဖော်
Chapter 77- သူ ကြားလိုက်တယ်
Chapter 78- အတည်ပြုချက်
Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်
Chapter 80- ချဉ်းကပ်ခြင်း
Chapter 81- သွေးဆောင်ဖျားယောင်းမြှူဆွယ်ခြင်း
Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ
Chapter 84 - ဖွင့်ဟဝန်ခံခြင်း
Chapter 85- ကိုယ့်ကို စမ်းချစ်ကြည့်လေ
Chapter 86- A Hug
Chapter 87- ချိန်းတွေ့ခြင်း အနုပညာ
Chapter 88- လျှို့ဝှက်အခန်း
Chapter 89 - နှစ်သိမ့်ပေး
Chapter 90- လူသိရှင်ကြား
Chapter 91- သူတို့နှစ်‌ယောက် ဆက်ဆံရေး
Chapter 92- ‌တောင်းဆိုမှု
Chapter 93 - လေတံခွန်
Chapter 94- ကျောင်းသားလေးများ
Chapter 95- ရမှတ်
Chapter 96- စိတ်ခံစားချက်

Chapter 82- နားကပ်

1K 308 31
By Autumn260103

Unicode

ဝူကျိမှာ တစ်ညလုံး အရက်နာကျနေပြီးနောက် မနက်နိုးလာတော့ ရှဲ့လင်ထံမှ ပို့ထားသော စာကို တွေ့လိုက်ရသည်။
" မင်းပေးတဲ့အကြံက အကြံကောင်းပဲကွ"

"..."
ဝူကျိလဲ ဘယ်အကြံကို ပြောမှန်း အတော်ကြာကြာ စဉ်းစားလိုက်ရသည်။

သူပဲ ပေးခဲ့တဲ့အကြံ မဟုတ်ဘူးလား...

ရှဲ့ကော အခုတလော မှတ်ဉာဏ်သိပ်မကောင်းတော့တာပဲ ဖြစ်မယ်...

ထို့နောက် အောက်ဆွဲချတော့ နောက်ထပ်စာတစ်ကြောင်း တွေ့လိုက်ရသည်။
" မနက်ဖြန်ကျရင် မင်း နည်းလမ်းရှာပြီး ရဲစခန်းကို ဖုန်းဆက်လိုက်.. အရာရှိကျိကနေတဆင့် ငါ့လက်ထောက်ကို လှမ်းခေါ်ပေး"

ရှဲ့လင်က ချီချင်းကို အပြင်ခေါ်ထုတ်ရန် နည်းလမ်းရှာနေခြင်းသာ ဖြစ်သည်။ သူတစ်ယောက်ထဲ အပြင်ခေါ်ထုတ်ဖို့က ခက်ခဲနိုင်သည်။ ချီချင်း၏ အကျင့်နှင့်ဆို အပြင်မထွက်ရန် ဖြစ်နိုင်ချေ ပိုများသည်။

လူများနိုင်သလောက် များများ ရှာရပေမည်။

ဝူကျိက ရှဲ့လင်ကို ဖုန်းခေါ်သည်။ သူ့စိတ်ထဲ လူတိုင်း၏ မွေးနေ့များကို ဖယ်ထားလိုက်ရသည်။
" အခုတလော ဘယ်သူ့မွေးနေ့မှ မရှိဘူး.. ပြီးတော့ နိုင်ငံခြားက ပြန်ရောက်လာတဲ့သူတွေ ဘာတွေလဲ မရှိဘူး... ဘာမှမှ လုပ်လို့မရတာ ကျွန်တော်က ဘာအကြောင်းပြပြီး ခေါ်ထုတ်ရမှာလဲ"

ရှဲ့လင် : " မင်းရှာရင် နည်းလမ်းရှာတွေ့မှာ... ဘာပဲဖြစ်ဖြစ် ဒီကိစ္စ မင်းကို လွှဲပေးလိုက်ပြီ"

.......

ချီချင်းတစ်ယောက် ဧည့်ခန်းထဲ ထိုင်ရင်း စာဖတ်နေသည်။ ထိုအချိန် သူနှင့် စကားပင် သေချာမပြောဖူးသော ရှဲ့လင်၏ သူငယ်ချင်း ဝူကျိဆိုသူက သူ့ကို စာနှင့် ဆက်သွယ်လာ၏။

ဝူကျိ : "ဟဲလို"

ချီချင်း : "ကိစ္စရှိလို့လား"

ရှဲ့လင်၏ ခြိမ်းခြောက်မှုကြောင့် ဝူကျိလဲ မရိုက်ချင် ရိုက်ချင်နှင့် စာရိုက်လိုက်ရသည်။
" ဒီနေ့... လွန်ခဲ့တဲ့ ရက်ပေါင်းတစ်ထောင်က ဒီနေ့မှာ.. ကျွန်တော် အချစ်ကို ပထမဆုံး ရှာတွေ့ခဲ့တာဗျ... ဒီပထမဆုံးအချစ်ကို အမြဲအမှတ်ရနေဖို့ ကျွန်တော် ပါတီလေးတစ်ခု လုပ်ချင်ပါတယ်.. အဲ့ဒါ ခင်ဗျားရယ် အရာရှိကျိနဲ့ တခြားသူတို့ ကျွန်တော့်ပါတီကို အတူလာဖို့ ဖိတ်ခေါ်လိုက်ရတာပါဗျ"

ချီချင်းက ဝူကျိကို တိုက်ရိုက်ပြန်မပြောပဲ ရှဲ့လင်ထံသို့ forward လုပ်၍ ပို့လိုက်သည်။
" ခင်ဗျားသူငယ်ချင်း ခေါင်းတစ်ခုခု ဖြစ်နေလားမသိဘူး"

ရှဲ့လင်သည်လဲ ဝူကျိဒီလောက်ထိ ပေါက်ကရ လျှောက်လုပ်လိမ့်မည်ဟု မထင်ထား။ စိတ်ရှိသလို ဆင်ခြေရှာဖို့ပြောလိုက်သော်လဲ တွေ့ကရာဆင်ခြေကို ပေါ့ပေါ့တန်တန် ရှာပစ်လိုက်သည်။ အဖွားအိုကို လမ်းကူးဖို့ ကူနေ၍ အလုပ်နောက်ကျသည်ဟူသော ဆင်ခြေထက် ပိုဆိုးနေသည်။

သို့သော် ဝူကျိနှင့် သူ အသိအကျွမ်းမဟုတ်ဟု ပြန်ပြော၍ မရသည့်အတွက် ဒီအတိုင်းသာ ပြန်ပြောလိုက်ရသည်။
ရှဲ့လင် : " သူ့ခေါင်းတစ်ခုခု ဖြစ်လို့လား"

ချီချင်း : " ဆေးခန်းသွားရတော့မယ်နဲ့တူတယ်"

ချီချင်းက နားမလည်နိုင်သော ခေါင်းစဉ်နှင့် ပါတီတက်ရန် စိတ်ကူးမရှိ။ သို့‌သော် အမှတ်မထင် ကျိမင်ရွေ့နှင့် တွေ့မိတော့ ကျိမင်ရွေ့က ထိုပါတီကို အထူးစိတ်ဝင်စားနေသည်။ ကျန်သူအားလုံးကလဲ ထိုပါတီတက်ရန် တညီတညွတ်ထဲ ဆုံးဖြတ်လိုက်ကြသည့်အတွက် ချီချင်းကိုပါ မရအရ ခေါ်ခဲ့ကြသည်။

ပါတီတက်မည့်သူများက ရဲအရာရှိများ ဖြစ်ကြသည့်အတွက် ဝူကျိက ‌အပြင်အဆင်ကို တော်တော်လေး အားစိုက်ထားသည်။ "နယ်မြေရဲစခန်း" ဟု ဆိုင်းဘုတ်မတပ်ရုံတမယ်သာ။ ချီချင်းနှင့် တခြားသူများ သီးသန့်ခန်းထဲ ဝင်သွားတော့ ပထမဆုံးကြားရသော သီချင်းမှာ "မျှော်လင့်ချက်နယ်မြေထဲမှာ"ဟူ၍ ဖြစ်သည်။

" မျှော်လင့်ချက် နယ်မြေထဲက သူရဲကောင်းကြီးတွေ...."

" ကောက်ပဲသီးနှံများဟာ လယ်သမားများရဲ့ သွေး‌ ချွေးများသာ"

ဝူကျိက ဆိုဖာတွင်ထိုင်ရင်း ရှဲ့လင်ကို တိတ်တဆိတ် စာပို့နေသည်။
" အကုန်လုံး ရောက်နေကြပြီ... ရှဲ့ကော ဘာလို့ ဒီလောက် နောက်ကျနေတာလဲ"

ကျိမင်ရွေ့ကတော့ သီချင်းကိုကြည့်၍ လန့်နေသည်။
" ဒီလောက်ထိလဲ မလိုပါ..."

ဝူကျိက ဖုန်းချကာ ပြုံးပြသည်။
" ကျွန်တော် သဘောကျလို့ပါဗျာ... အမိမြေကို ဂုဏ်ယူတဲ့ သီချင်းကို ဆိုရင်း ခင်ဗျားတို့ကိုပါ ဂုဏ်ပြုတာ.. ကျွန်တော်တို့ တစ်နယ်လုံး အေးအေးချမ်းချမ်း နေနိုင်တာ ခင်ဗျားတို့အားလုံးရဲ့ ကြိုးစားမှုရလဒ်တွေကြောင့်ပါ"

ဝူကျိက သူ့ရှေ့မှ လက်ဖက်ရည်ခွက်ကို ရှေ့တိုးလိုက်သည်။
" သောက်ကြပါဦး"

KTV ထဲရောက်နေကြသော်လဲ ဝိုင်တစ်ပုလင်းပင် မရှိ။ အနီရောင်လက်ဖက်ရည်ရဲရဲလေးများသာ စားပွဲပေါ် ပြည့်နှက်နေသည်။

ချီချင်းမှာ ဝူကျိဦးနှောက်ပျက်နေသည်ကို နောက်တစ်ကြိမ် အတည်ပြုလိုက်သည်။

ကျိမင်ရွေ့မှာ ရဲအရာရှိတစ်ယောက်ဖြစ်သော်လဲ ရှားရှားပါးပါးရသော ပိတ်ရက်လေးတွင် အချိန်ပိုဆင်းနေရသကဲ့သို့ ပျင်းရိငြီးငွေ့စရာကောင်းသည့် ပါတီများ မတက်နိုင်။
" တကယ် မလိုပါဘူးဗျာ"

ဆုရှောင်းလန် : " ရှင် ကျွန်မတို့ကို နားလည်မှု လွဲနေတဲ့ပုံပဲ"

သူတို့အားလုံးထဲတွင် ကျန်းယွီတစ်ယောက်ထဲသာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်သည်။
" လက်ဖက်ရည်က တော်တော်ကောင်းတာပဲ"

ခဏနေတော့ သူတို့ သီချင်းရွေးနေကြသည်။ ချီချင်းက ဆိုဖာအစွန်းတွင်ထိုင်၍ မဖွင့်ရသေးသော ရေသန့်ဘူးကို ကောက်ကိုင်သည်။

လက်အိတ်ကိုင်ထားသော လက်နှင့် ရေသန့်ဘူးအဖုံးဖွင့်ရင်း စကားဆိုသည်။
" ခင်ဗျားရဲ့... ပထမဆုံးအချစ်ကို နှစ်ပတ်လည်နေ့ လုပ်တာပေါ့"

ဝူကျိက ခေါင်းညိတ်သည်။
" ဟုတ်ပါတယ်"

ချီချင်း : " ဒါ နှစ်တိုင်း ကျင်းပတာလား"

ဝူကျိလဲ သူ့စိတ်သူ အားတင်းရင်း ခေါင်းတွင်တွင် ညိတ်သည်။

ချီချင်းက ရေတစ်ငုံသောက်ရင်း ဆက်ပြောသည်။
" နောက်နှစ် ဒီ‌လိုနေ့ရောက်ရင် ဒီကနေ မီတာတစ်ထောင်ဝေးတဲ့နေရာကို သွားပါလားဗျ.. အဲ့ဒါ ခင်ဗျားအတွက် ပိုအကျိုးရှိမှာ"

ဝူကျိလဲ ချီချင်းပြောသော မီတာတစ်ထောင်အ‌ကွာအဝေးကို ရှာလိုက်တော့ ပေါ်လာသည်က "စိတ်ကျန်းမာရေး အထူးကုဆေးရုံ" ဖြစ်နေသည်။

ဝူကျိ : "..."

ဒါကြီးကတော့ နည်းနည်းမလွန်ဘူးလားလို့...

ချီချင်းက တကယ်တော့ ထိုအကြောင်းပြောချင်တာမဟုတ်။ ဝူကျိက ရှဲ့လင်သူငယ်ချင်းအရင်းကြီး ဖြစ်ပါလျက်နှင့် ရှဲ့လင် ဘာလို့ရှိမနေလဲဆိုသည်ကို မေးချင်ခြင်းသာ ဖြစ်၏။ သို့သော် သူ့စိတ်ထဲ ရှိနေသည်ဟု အထင်လွဲမှာ စိုး၍သာ စကားလမ်းကြောင်း ပြောင်းလိုက်ရခြင်းပင်။

သူ လာမယ်ဆိုရင် ငါ့ကို စာပို့သင့်တာမဟုတ်ဘူးလား...

သူနဲ့ အခုတလော စကားတွေအများကြီး ပြောဖြစ်နေတာပဲလေ..

ထိုသို့အတွေးနှင့် ချီချင်း သူ့ဖုန်းသူ ငုံ့ကြည့်လိုက်သည်။ မဖတ်ရသေးသော စာတစ်စောင်မှ မရှိ။

သူ ဖုန်းပြန်ချလိုက်သည့်အချိန် ကျိမင်ရွေ့တစ်ယောက် မိုကိကောက်ကိုင်ကာ သီချင်းဆိုရန် လည်ချောင်းရှင်းနေသောကြောင့် ချီချင်းမျက်လုံးများက ကျိမင်ရွေ့ကိုကျော်၍ အမှောင်ထဲမှ တံခါးဝဆီ ရောက်သွားသည်။

ထိုတံခါးမှ သူ့အကြည့်ကို အာရုံခံမိသည့်အလား ခဏအကြာတွင် ပွင့်လာခဲ့သည်။

" အရာရှိကျိ"
နောက်ကျမှ ရောက်လာသော ရှဲ့လင်က တံခါးကိုမှီရင်း နှုတ်ဆက်စကားဆိုသည်။
" ခင်ဗျားက အရည်အချင်းတွေ လျှိုထားတာကိုးဗျ"

တကယ်တော့ ကျိမင်ရွေ့သီချင်းဆိုသံက နားထောင်၍ သိပ်မကောင်း။ အားကုန်အော်သည့်အတွက် သံစဉ်မညီသော်လဲ မာန်တော့နည်းနည်းပါသည်။ " Awaking time" သီချင်း ပထမပိုဒ်ကို ဆိုပြီးသည့်အချိန်ဖြစ်၏။
" မဟုတ်ပါဘူးဗျာ.. ကျွန်တော်က ရဲစခန်းတစ်ခုလုံးမှာ အကောင်းဆုံးအဆိုတော်ဖြစ်ရုံလေးတင်ပါ"

ကျိမင်ရွေ့က ရှဲ့လင်ကို အချိန်ယူ၍ ပြန်ပြောပြီးနောက် သီချင်းဆက်ဆိုသည်။

သို့သော် အားကြိုးမာန်တက်ဆိုနေသည့် သူ့ကို အရေးလုပ်သူ မရှိ။

တံခါးဝတွင် ရှဲ့လင်ပေါ်လာပြီးသည့်အချိန်မှစ၍ အားလုံး၏မျက်လုံးများက ရှဲ့လင်ပေါ် အလိုအလျောက် ရွှေ့သွားကြသည်။

ဝူကျိတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာ ပြန်စေ့လို့မရတော့။
" သေစမ်း"

ရှဲ့လင် နောက်ကျနေရသည့်အကြောင်းကို သူ အခုမှ သိသည်။ အဝတ်အစားရွေးနေရ၍ နောက်ကျခြင်း။

ပုံမှန်အားဖြင့် စမတ်ကျကျ ဝတ်စားတတ်သော ရှဲ့လင်မှာ ဆံပင်ကို စပရေးတစ်ခုခုနှင့် ဖြန်းပြီးနောက် ကုတ်အင်္ကျီတစ်ထည် ထပ်ဝတ်ကာ နာရီတစ်လုံး ပတ်လိုက်သည်။ နေ့စဉ် ထိုကဲ့သို့ ရိုးရှင်းစွာ ဝတ်တတ်သူသာ ဖြစ်သည်။ သို့သော် ဒီနေ့အဝတ်အစားက ‌အတော်လေး အသေးစိတ်ဆန်သည်။ ပုံမှန်သေသေသပ်သပ် ပြင်တတ်သောဆံပင်ကို နိုက်ကလပ်တွင် သွားကဲသည့် သခင်လေးများကဲ့သို့ ပြင်လာသည်။

ဆံပင်တစ်ခြမ်းကို ပိပြားနေအောင် နောက်လှန်ပို့ကာ ကျန်တစ်ခြမ်းကို ခပ်လျော့လျော့ ဖြီးထား၏။ လျော့ရဲနေသော ဆံပင်တို့က မျက်လုံးတစ်ခြမ်းကိုပါ ဖုံးနေသည်။ အရင်ကလို အောက်တွင် ရှပ်အင်္ကျီခံမဝတ်ပဲ တီရှပ်အဖြူနှင့် ပေါ့ပါးနေသေး၏။ ထို့နောက် သူ့လက်တွင် လက်စွပ်နှစ်ကွင်းဝတ်ထားသည်။

ဝူကျိစိတ်ထဲမှ ထိုသို့တွေးနေသည်။
.... ဒါ နိုက်ကလပ်က ဗရုတ်သုတ်ခတွေရဲ့ ပုံစံလေ.. ရှဲ့ကော မျက်နှာရော ရပါတော့မလား...

ထိုအမျိုးသားမှာ တံခါးကို မှီရပ်ရင်း စားပွဲထိုးကို တစ်ခုခု မှာနေသည်။ ခဏအကြာတွင် လက်လေးနှစ်ချောင်းကို ဝှေ့ယမ်းကာ စားပွဲထိုးကို ပြန်လို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။

အခန်းထဲ ဝင်လာပြီးနောက် ရှဲ့လင်က ချီချင်းဘေးတွင် ဝင်ထိုင်သည်။ ကျိမင်ရွေ့နှင့် တခြားသူများ မှာထားသည့် ဘီယာကို မျက်မှောင်ကျုံ့ကြည့်ရင်း ချီချင်းကို မေးလိုက်၏။
" မင်း ဘာသောက်ထားသေးလဲ"

ချီချင်းက သူ့နားသူ လက်ညိုးထိုး၍ သီချင်းသံကြောင့် ဆူညံနေကြောင်း ပြောလိုက်သည်။

ထို့နောက် ရှဲ့လင်က အနားတိုးကာ ထပ်မေးလိုက်သည်။
" ကိုယ်မေးနေတာ.. မင်း ဘာသောက်ထားသေးလဲလို့"

ဒီတစ်ခါတော့ ချီချင်း သေသေချာချာ ကြားလိုက်ရသည်။ သို့သော် ပြန်ဖြေရမှာ ပျင်းသောကြောင့် သူ့ရှေ့မှ ရေဘူးကို လက်ညိုးထိုးပြသည်။

ရှဲ့လင် သေချာကောက်ကိုင်ကြည့်ရင်း ရိုးရိုးရေသန့်ဘူးဖြစ်သည်ကို အတည်ပြုပြီးတော့မှ စိတ်သက်သာရာရသွားသည်။

" ကိုယ်က မင်းကို ဘာသောက်စရာမှ မပေးထားဘူးထင်လို့"
ရှဲ့လင် ရေသန့်ဘူးကို ပြန်ချလိုက်သည်။
" မင်းကို အတင်း ဝိုင်းတိုက်ကြမှာပဲ စိုးရိမ်တာ"

အရက်သောက်ပြီးသည့်အခါတိုင်း ချီချင်း သူ့ကို ကပ်တွယ်နေတတ်သော်ံလဲ ချီချင်းနေရခက်နေသည်ကို သိနေသည့်အတွက် အရက်ကို မထိသည်က ပိုကောင်းလိမ့်မည်။

စောစောက မေးခွန်းနှစ်ခုပြီးနောက် ရှဲ့လင်မှာ သီးသန့်ခန်း၏ အကျိုးသက်ရောက်မှုကို သဘောကျကာ ချီချင်းကို ခဏခဏ စကားသွားပြောတော့သည်။ အသံဆူနေ၍ ချီချင်းနားနားတိုးကပ်ကာ ရောက်နေတာဘယ်လောက်ကြာပြီလဲ လာမယ်ဆို ဘာလို့ သူ့ကို ဖုန်းမခေါ်တာလဲ လိုက်ပို့မှာပေါ့ဘာညာနှင့် မေးနေသည်။

သူပြောသည့်စကားတိုင်းမှာ အဓိပ္ပါယ်မရှိ တွေ့ကရာ ပြောနေတာဖြစ်သော်လဲ တိုးကပ်လာတိုင်း ရတတ်သည့် ကိုယ်သင်းရနံ့၏ အသက်ရှူသံသဲ့သဲ့ကို ရှောင်လွှဲမရ။

ချီချင်းလဲ တခြားကို ထပ်တိုးသွားသည်။
" ခင်ဗျားက တကယ်စိတ်ရှုပ်ဖို့ကောင်းတာပဲ"

ရှဲ့လင်က ကြားချင်သည့်စကားကိုသာ ကြား၍ တစ်ခါတစ်ရံ နားမကြားတတ်။
" ဒီမှာအရမ်းဆူနေလို့ မင်း ဘာတွေပြောနေတာလဲ"

"..."

ရှဲ့လင်က ထပ်မေးပြန်သည်။
" မင်း ဗိုက်ဆာနေပြီလား.. ကိုယ် တစ်ခုခု မှာပေးရမလား"

ချီချင်းမှာ တိတ်တိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ဝူကျိက ရှဲ့လင်အင်္ကျီကို လာဆွဲသည်။
"ရှဲ့ကော ကျွန်တော်လဲ ဗိုက်ဆာတယ်"

ရှဲ့လင်က ဝူကျိကို တစ်ချက်စိုက်ကြည့်ရင်း ခံစားချက်မရှိသလို ပြန်ပြောသည်။
" ဗိုက်ဆာရင် ကိုယ့်ဟာကိုယ်မှာလေ.. ငါ့ကိုလာပြောတော့ ဘာလုပ်ပေးရမှာလဲ"

ဝူကျိ : "..."

သေလိုက်စမ်း!!

သူ့ဘေးတွင် ရှဲ့လင်ရှိနေသည့်အတွက် ချီချင်းလဲ စောစောကထက် သက်တောင့်သက်သာ ရှိလာသည်။ သို့သော် နားအေးသွားသည်မှ သုံးစက္ကန့်ပင် မကြာသေး။ ဘေးမှ စကားသံ ထပ်ထွက်လာသည်။
" မင်းလက် ခဏပေးလေ"

ရှဲ့လင် ဘာလုပ်ချင်လဲ ချီချင်းမသိ။

လက်ဖြန့်ပေးလိုက်တော့ ရှဲ့လင်က အင်္ကျီအိတ်ကပ်ထဲမှ ငွေရောင်နားကပ်တစ်ဖက်ထုတ်ကာ ချီချင်းလက်ထဲ ထည့်ပေးလိုက်သည်။

လက်အိတ်အနက်ပေါ်တွင် ငွေရောင်နားကပ်က ပို၍ပင် လိုက်ဖက်နေသည်။

ရှဲ့လင် : " ကိုယ် အလောတကြီးထွက်လာခဲ့မိလို့.. နားကပ်ဝတ်ဖို့မေ့နေတာ.. ကိုယ့်ကို ပန်ပေးပါဦး"

ရှဲ့လင် နားကပ်ပန်တတ်သည်ကို ချီချင်း တစ်ခါမှ မမြင်ဖူးခဲ့။
" ခင်ဗျား နားပေါက်ရှိလို့လား"

အရည်အချင်းပြည့်မှီသော မြေခွေးလေး ရှဲ့လင်တွင် နားပေါက်များစွာ ရှိသည်။
" ကိုယ် ကျောင်းတက်တုန်းက ဖောက်ထားတာ.. ဒါပေမဲ့ ပုံမှန်ဆို နားကပ်မပန်ဘူး... အဲ့ဒါ တခြားအပေါက်တွေအကုန် ပိတ်ကုန်တာ တစ်ပေါက်ပဲ ကျန်ခဲ့တယ်လေ"
ပြောရင်းဆိုရင်း အမှောင်ထဲတွင် ချီချင်းလက်ကို ကိုင်၍ သူ့နားရွက်ကို ထိခိုင်းနေသည်။

လက်အိတ်ဝတ်ထားသော ချီချင်းမှာ ထိလို့မရသော်လဲ ရှဲ့လင်နားရွက်ကို သူထိကြည့်နေသေးသည်။

ချီချင်း : " အရင်နေ့တွေက မဝတ်ဘူးဆိုတော့ ဒီနေ့လဲ မဝတ်နဲ့တော့"

ရှဲ့လင် : "..."

မင်းကို မြှူဆွယ်ဖို့ တမင်သက်သက် ဝယ်လာပါတယ်ဆိုမှ.. ဒီနားကပ်ကို အချိန်ပေးပြီး ရွေးခဲ့ရတာကို.. မဝတ်ရဘူးဆိုတော့....

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ရှဲ့လင် လက်လွှတ်မခံနိုင်။

" ကိုယ် ထွက်မလာခင် မင်းကြောင်လေးကို အစာကျွေးခဲ့သေးတယ်"
ရှဲ့လင်က ဆက်ပြောသည်။
" အခု နားကပ်လေး ပန်ခိုင်းတဲ့ဟာကို မပန်ပေးဘူးဆိုတော့ မင်း ကိုယ်ချင်းစာတရား မရှိဘူးလား"

ရှဲ့လင်ကို အကူအညီတောင်းရမည့်ကိစ္စရှိသည်ကို ချီချင်း မေ့နေခဲ့သည်။

ကြောင်စာကျွေးရန် ရှဲ့လင်ကို လိုအပ်သည်။

ချီချင်းလဲ သူ့လက်ဝါးပေါ်မှ နားကပ်ကိုကြည့်ရင်း ပြန်ပြောလိုက်သည်။
" ရပြီ ပါးစပ်ပိတ်တော့.. ကျွန်တော် ပန်ပေးမယ်"

သီးသန့်ခန်း၏ အမှောင်ရိပ်ထဲတွင် နားကပ်ပန်ပေးရန် အတော်ခက်ခဲလှသည်။ လက်နှင့် စမ်းမှသာ ရမည်မို့ ချီချင်းလဲ ချီတုံချတုံနှင့် လက်အိတ်ချွတ်လိုက်ရသည်။ ရှဲ့လင်က လက်နှစ်ဖက်လုံးကို ဆိုဖာစွန်းပေါ် တင်ကာ ချီချင်းနားတိုးကပ်လာသည်။

ရေမွှေးဆွတ်ထားသည့်အတွက် သစ်တောနံ့သင်းသင်းလေး ရနေသည်။ ဟိုနေ့က ရှဲ့လင်အိမ်ရေချိုးခန်းထဲမှ ရခဲ့သော အနံ့နှင့် ခပ်ဆင်ဆင်တူသည်။

ချီချင်းက လက်ဖျားလေးနှင့် ရှဲ့လင်နဖူးပေါ်မှ ဆံစလေးများကို နားရွက်နောက်သို့ မထိတထိ ထိုးထည့်ကာ နားရွက်ဖျားကို ထိလိုက်သည်။

သီချင်းဆိုနေသည့်နေရာတွင် ကျိမင်ရွေ့လက်ထဲမှ မိုက်ကို ဆုရှောင်းလန်က လုယူသွားခဲ့သည်။ မိန်းကလေးနှင့် ယောက်ျားလေးတို့၏ အကြိုက်က သိပ်မတူ။ ဆုရှောင်းလန်က အချစ်သီချင်းအေးအေးလေး ဖွင့်လိုက်သည်။ သူမ၏အသံက အော်ဟစ်မနေသည့်အချိန်တွင် တကယ်နူးညံ့နေသည်။
" မိုးသည်းထန်စွာ ရွာနေတဲ့အချိန် မင်းကို တွေ့ခဲ့တယ်"

သီးသန့်ခန်းထဲတွင် မီးရောင်သိပ်မရှိသည့်အပြင် ရှိသည့်အလင်းရောင်မှာလဲ လူရိပ်များကြောင့် အရိပ်ချင်းထပ်နေသည်။

ချီချင်းမှာ ရှဲ့လင်နားရွက်ကို အချိန်အတော်ကြာတော့မှ ထိကိုင်နိုင်သည်။ ထို့နောက် ကျန်လက်တစ်ဖက်နှင့် နားကပ်ကို အပေါက်ထဲထိုးထည့်ရင်း တဖြည်းဖြည်း လှည့်နေသည်။

ရှဲ့လင်က မျက်နှာတစ်ခြမ်းစောင်းရင်း ချီချင်း၏ တုံ့ပြန်မှုကို တိတ်ဆိတ်စွာနှင့် အကဲခတ်နေသည်။

ထို့နောက် ဆိုဖာပေါ် တင်ထားသောလက်ကို ဖြည်းဖြည်းချင်း မြှောက်၍ ချီချင်းနားရွက်မှ ဆံပင်များကို သပ်တင်ရင်း နားရွက်လေးကို လက်နှင့် ဖိညှစ်လိုက်သည်။ ချီချင်းလက်တုန်သွားသည့်အတွက် နားကပ်နေရာလွဲသွား၍ အသားနည်းနည်းထိုးမိသွား၏။

ရှဲ့လင် ကျစ်ခနဲ စုတ်သပ်မိလိုက်သည်။

ချီချင်း : " ခင်ဗျား ထပ်လှုပ်ရင် အသားထဲထပ်ထိုးမှာနော်"

ရှဲ့လင်လဲ ချီချင်း၏ ချောမွတ်နေသည့် နားရွက်လေးကို ဖြည်းဖြည်းချင်း ပွတ်သပ်၍ လွှတ်ပေးရင်း ရှင်းပြသည်။
" မင်း နားဖောက်ထားသေးလား စမ်းကြည့်တာပါ"

ချီချင်းတွင် နားပေါက် ဖောက်ထားခြင်းမရှိ။ လက်တောင် ပေးမကိုင်သည့် ချီချင်းကို နားရွက်ကိုင်ဖို့ဆိုတာ ‌အတော်လေး ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ်ပင်။

.......
End of part 82
Thank you all


Zawgyi

ဝူက်ိမွာ တစ္ညလုံး အရက္နာက်ေနၿပီးေနာက္ မနက္နိုးလာေတာ့ ရွဲ႕လင္ထံမွ ပို႔ထားေသာ စာကို ေတြ႕လိုက္ရသည္။
" မင္းေပးတဲ့အႀကံက အႀကံေကာင္းပဲကြ"

"..."
ဝူက်ိလဲ ဘယ္အႀကံကို ေျပာမွန္း အေတာ္ၾကာၾကာ စဥ္းစားလိုက္ရသည္။

သူပဲ ေပးခဲ့တဲ့အႀကံ မဟုတ္ဘူးလား...

ရွဲ႕ေကာ အခုတေလာ မွတ္ဉာဏ္သိပ္မေကာင္းေတာ့တာပဲ ျဖစ္မယ္...

ထို႔ေနာက္ ေအာက္ဆြဲခ်ေတာ့ ေနာက္ထပ္စာတစ္ေၾကာင္း ေတြ႕လိုက္ရသည္။
" မနက္ျဖန္က်ရင္ မင္း နည္းလမ္းရွာၿပီး ရဲစခန္းကို ဖုန္းဆက္လိုက္.. အရာရွိက်ိကေနတဆင့္ ငါ့လက္ေထာက္ကို လွမ္းေခၚေပး"

ရွဲ႕လင္က ခ်ီခ်င္းကို အျပင္ေခၚထုတ္ရန္ နည္းလမ္းရွာေနျခင္းသာ ျဖစ္သည္။ သူတစ္ေယာက္ထဲ အျပင္ေခၚထုတ္ဖို႔က ခက္ခဲနိုင္သည္။ ခ်ီခ်င္း၏ အက်င့္ႏွင့္ဆို အျပင္မထြက္ရန္ ျဖစ္နိုင္ေခ် ပိုမ်ားသည္။

လူမ်ားနိုင္သေလာက္ မ်ားမ်ား ရွာရေပမည္။

ဝူက်ိက ရွဲ႕လင္ကို ဖုန္းေခၚသည္။ သူ႕စိတ္ထဲ လူတိုင္း၏ ေမြးေန႕မ်ားကို ဖယ္ထားလိုက္ရသည္။
" အခုတေလာ ဘယ္သူ႕ေမြးေန႕မွ မရွိဘူး.. ၿပီးေတာ့ နိုင္ငံျခားက ျပန္ေရာက္လာတဲ့သူေတြ ဘာေတြလဲ မရွိဘူး... ဘာမွမွ လုပ္လို႔မရတာ ကြၽန္ေတာ္က ဘာအေၾကာင္းျပၿပီး ေခၚထုတ္ရမွာလဲ"

ရွဲ႕လင္ : " မင္းရွာရင္ နည္းလမ္းရွာေတြ႕မွာ... ဘာပဲျဖစ္ျဖစ္ ဒီကိစၥ မင္းကို လႊဲေပးလိုက္ၿပီ"

.......

ခ်ီခ်င္းတစ္ေယာက္ ဧည့္ခန္းထဲ ထိုင္ရင္း စာဖတ္ေနသည္။ ထိုအခ်ိန္ သူႏွင့္ စကားပင္ ေသခ်ာမေျပာဖူးေသာ ရွဲ႕လင္၏ သူငယ္ခ်င္း ဝူက်ိဆိုသူက သူ႕ကို စာႏွင့္ ဆက္သြယ္လာ၏။

ဝူက်ိ : "ဟဲလို"

ခ်ီခ်င္း : "ကိစၥရွိလို႔လား"

ရွဲ႕လင္၏ ၿခိမ္းေျခာက္မႈေၾကာင့္ ဝူက်ိလဲ မရိုက္ခ်င္ ရိုက္ခ်င္ႏွင့္ စာရိုက္လိုက္ရသည္။
" ဒီေန႕... လြန္ခဲ့တဲ့ ရက္ေပါင္းတစ္ေထာင္က ဒီေန႕မွာ.. ကြၽန္ေတာ္ အခ်စ္ကို ပထမဆုံး ရွာေတြ႕ခဲ့တာဗ်... ဒီပထမဆုံးအခ်စ္ကို အၿမဲအမွတ္ရေနဖို႔ ကြၽန္ေတာ္ ပါတီေလးတစ္ခု လုပ္ခ်င္ပါတယ္.. အဲ့ဒါ ခင္ဗ်ားရယ္ အရာရွိက်ိနဲ႕ တျခားသူတို႔ ကြၽန္ေတာ့္ပါတီကို အတူလာဖို႔ ဖိတ္ေခၚလိုက္ရတာပါဗ်"

ခ်ီခ်င္းက ဝူက်ိကို တိုက္ရိုက္ျပန္မေျပာပဲ ရွဲ႕လင္ထံသို႔ forward လုပ္၍ ပို႔လိုက္သည္။
" ခင္ဗ်ားသူငယ္ခ်င္း ေခါင္းတစ္ခုခု ျဖစ္ေနလားမသိဘူး"

ရွဲ႕လင္သည္လဲ ဝူက်ိဒီေလာက္ထိ ေပါက္ကရ ေလွ်ာက္လုပ္လိမ့္မည္ဟု မထင္ထား။ စိတ္ရွိသလို ဆင္ေျခရွာဖို႔ေျပာလိုက္ေသာ္လဲ ေတြ႕ကရာဆင္ေျခကို ေပါ့ေပါ့တန္တန္ ရွာပစ္လိုက္သည္။ အဖြားအိုကို လမ္းကူးဖို႔ ကူေန၍ အလုပ္ေနာက္က်သည္ဟူေသာ ဆင္ေျခထက္ ပိုဆိုးေနသည္။

သို႔ေသာ္ ဝူက်ိႏွင့္ သူ အသိအကြၽမ္းမဟုတ္ဟု ျပန္ေျပာ၍ မရသည့္အတြက္ ဒီအတိုင္းသာ ျပန္ေျပာလိုက္ရသည္။
ရွဲ႕လင္ : " သူ႕ေခါင္းတစ္ခုခု ျဖစ္လို႔လား"

ခ်ီခ်င္း : " ေဆးခန္းသြားရေတာ့မယ္နဲ႕တူတယ္"

ခ်ီခ်င္းက နားမလည္နိုင္ေသာ ေခါင္းစဥ္ႏွင့္ ပါတီတက္ရန္ စိတ္ကူးမရွိ။ သို႔‌ေသာ္ အမွတ္မထင္ က်ိမင္ေ႐ြ႕ႏွင့္ ေတြ႕မိေတာ့ က်ိမင္ေ႐ြ႕က ထိုပါတီကို အထူးစိတ္ဝင္စားေနသည္။ က်န္သူအားလုံးကလဲ ထိုပါတီတက္ရန္ တညီတၫြတ္ထဲ ဆုံးျဖတ္လိုက္ၾကသည့္အတြက္ ခ်ီခ်င္းကိုပါ မရအရ ေခၚခဲ့ၾကသည္။

ပါတီတက္မည့္သူမ်ားက ရဲအရာရွိမ်ား ျဖစ္ၾကသည့္အတြက္ ဝူက်ိက ‌အျပင္အဆင္ကို ေတာ္ေတာ္ေလး အားစိုက္ထားသည္။ "နယ္ေျမရဲစခန္း" ဟု ဆိုင္းဘုတ္မတပ္႐ုံတမယ္သာ။ ခ်ီခ်င္းႏွင့္ တျခားသူမ်ား သီးသန႔္ခန္းထဲ ဝင္သြားေတာ့ ပထမဆုံးၾကားရေသာ သီခ်င္းမွာ "ေမွ်ာ္လင့္ခ်က္နယ္ေျမထဲမွာ"ဟူ၍ ျဖစ္သည္။

" ေမွ်ာ္လင့္ခ်က္ နယ္ေျမထဲက သူရဲေကာင္းႀကီးေတြ...."

" ေကာက္ပဲသီးႏွံမ်ားဟာ လယ္သမားမ်ားရဲ႕ ေသြး‌ ေခြၽးမ်ားသာ"

ဝူက်ိက ဆိုဖာတြင္ထိုင္ရင္း ရွဲ႕လင္ကို တိတ္တဆိတ္ စာပို႔ေနသည္။
" အကုန္လုံး ေရာက္ေနၾကၿပီ... ရွဲ႕ေကာ ဘာလို႔ ဒီေလာက္ ေနာက္က်ေနတာလဲ"

က်ိမင္ေ႐ြ႕ကေတာ့ သီခ်င္းကိုၾကည့္၍ လန႔္ေနသည္။
" ဒီေလာက္ထိလဲ မလိုပါ..."

ဝူက်ိက ဖုန္းခ်ကာ ၿပဳံးျပသည္။
" ကြၽန္ေတာ္ သေဘာက်လိဳ႕ပါဗ်ာ... အမိေျမကို ဂုဏ္ယူတဲ့ သီခ်င္းကို ဆိုရင္း ခင္ဗ်ားတို႔ကိုပါ ဂုဏ္ျပဳတာ.. ကြၽန္ေတာ္တို႔ တစ္နယ္လုံး ေအးေအးခ်မ္းခ်မ္း ေနနိုင္တာ ခင္ဗ်ားတို႔အားလုံးရဲ႕ ႀကိဳးစားမႈရလဒ္ေတြေၾကာင့္ပါ"

ဝူက်ိက သူ႕ေရွ႕မွ လက္ဖက္ရည္ခြက္ကို ေရွ႕တိုးလိုက္သည္။
" ေသာက္ၾကပါဦး"

KTV ထဲေရာက္ေနၾကေသာ္လဲ ဝိုင္တစ္ပုလင္းပင္ မရွိ။ အနီေရာင္လက္ဖက္ရည္ရဲရဲေလးမ်ားသာ စားပြဲေပၚ ျပည့္ႏွက္ေနသည္။

ခ်ီခ်င္းမွာ ဝူက်ိဦးေႏွာက္ပ်က္ေနသည္ကို ေနာက္တစ္ႀကိမ္ အတည္ျပဳလိုက္သည္။

က်ိမင္ေ႐ြ႕မွာ ရဲအရာရွိတစ္ေယာက္ျဖစ္ေသာ္လဲ ရွားရွားပါးပါးရေသာ ပိတ္ရက္ေလးတြင္ အခ်ိန္ပိုဆင္းေနရသကဲ့သို႔ ပ်င္းရိၿငီးေငြ႕စရာေကာင္းသည့္ ပါတီမ်ား မတက္နိုင္။
" တကယ္ မလိုပါဘူးဗ်ာ"

ဆုေရွာင္းလန္ : " ရွင္ ကြၽန္မတို႔ကို နားလည္မႈ လြဲေနတဲ့ပုံပဲ"

သူတို႔အားလုံးထဲတြင္ က်န္းယြီတစ္ေယာက္ထဲသာ လက္ဖက္ရည္ခြက္ကို ေကာက္ကိုင္သည္။
" လက္ဖက္ရည္က ေတာ္ေတာ္ေကာင္းတာပဲ"

ခဏေနေတာ့ သူတို႔ သီခ်င္းေ႐ြးေနၾကသည္။ ခ်ီခ်င္းက ဆိုဖာအစြန္းတြင္ထိုင္၍ မဖြင့္ရေသးေသာ ေရသန႔္ဘူးကို ေကာက္ကိုင္သည္။

လက္အိတ္ကိုင္ထားေသာ လက္ႏွင့္ ေရသန႔္ဘူးအဖုံးဖြင့္ရင္း စကားဆိုသည္။
" ခင္ဗ်ားရဲ႕... ပထမဆုံးအခ်စ္ကို ႏွစ္ပတ္လည္ေန႕ လုပ္တာေပါ့"

ဝူက်ိက ေခါင္းညိတ္သည္။
" ဟုတ္ပါတယ္"

ခ်ီခ်င္း : " ဒါ ႏွစ္တိုင္း က်င္းပတာလား"

ဝူက်ိလဲ သူ႕စိတ္သူ အားတင္းရင္း ေခါင္းတြင္တြင္ ညိတ္သည္။

ခ်ီခ်င္းက ေရတစ္ငုံေသာက္ရင္း ဆက္ေျပာသည္။
" ေနာက္ႏွစ္ ဒီ‌လိုေန႕ေရာက္ရင္ ဒီကေန မီတာတစ္ေထာင္ေဝးတဲ့ေနရာကို သြားပါလားဗ်.. အဲ့ဒါ ခင္ဗ်ားအတြက္ ပိုအက်ိဳးရွိမွာ"

ဝူက်ိလဲ ခ်ီခ်င္းေျပာေသာ မီတာတစ္ေထာင္အ‌ကြာအေဝးကို ရွာလိုက္ေတာ့ ေပၚလာသည္က "စိတ္က်န္းမာေရး အထူးကုေဆး႐ုံ" ျဖစ္ေနသည္။

ဝူက်ိ : "..."

ဒါႀကီးကေတာ့ နည္းနည္းမလြန္ဘူးလားလို႔...

ခ်ီခ်င္းက တကယ္ေတာ့ ထိုအေၾကာင္းေျပာခ်င္တာမဟုတ္။ ဝူက်ိက ရွဲ႕လင္သူငယ္ခ်င္းအရင္းႀကီး ျဖစ္ပါလ်က္ႏွင့္ ရွဲ႕လင္ ဘာလို႔ရွိမေနလဲဆိုသည္ကို ေမးခ်င္ျခင္းသာ ျဖစ္၏။ သို႔ေသာ္ သူ႕စိတ္ထဲ ရွိေနသည္ဟု အထင္လြဲမွာ စိုး၍သာ စကားလမ္းေၾကာင္း ေျပာင္းလိုက္ရျခင္းပင္။

သူ လာမယ္ဆိုရင္ ငါ့ကို စာပို႔သင့္တာမဟုတ္ဘူးလား...

သူနဲ႕ အခုတေလာ စကားေတြအမ်ားႀကီး ေျပာျဖစ္ေနတာပဲေလ..

ထိုသို႔အေတြးႏွင့္ ခ်ီခ်င္း သူ႕ဖုန္းသူ ငုံ႕ၾကည့္လိုက္သည္။ မဖတ္ရေသးေသာ စာတစ္ေစာင္မွ မရွိ။

သူ ဖုန္းျပန္ခ်လိဳက္သည့္အခ်ိန္ က်ိမင္ေ႐ြ႕တစ္ေယာက္ မိုကိေကာက္ကိုင္ကာ သီခ်င္းဆိုရန္ လည္ေခ်ာင္းရွင္းေနေသာေၾကာင့္ ခ်ီခ်င္းမ်က္လုံးမ်ားက က်ိမင္ေ႐ြ႕ကိုေက်ာ္၍ အေမွာင္ထဲမွ တံခါးဝဆီ ေရာက္သြားသည္။

ထိုတံခါးမွ သူ႕အၾကည့္ကို အာ႐ုံခံမိသည့္အလား ခဏအၾကာတြင္ ပြင့္လာခဲ့သည္။

" အရာရွိက်ိ"
ေနာက္က်မွ ေရာက္လာေသာ ရွဲ႕လင္က တံခါးကိုမွီရင္း ႏႈတ္ဆက္စကားဆိုသည္။
" ခင္ဗ်ားက အရည္အခ်င္းေတြ လွ်ိုထားတာကိုးဗ်"

တကယ္ေတာ့ က်ိမင္ေ႐ြ႕သီခ်င္းဆိုသံက နားေထာင္၍ သိပ္မေကာင္း။ အားကုန္ေအာ္သည့္အတြက္ သံစဥ္မညီေသာ္လဲ မာန္ေတာ့နည္းနည္းပါသည္။ " Awaking time" သီခ်င္း ပထမပိုဒ္ကို ဆိုၿပီးသည့္အခ်ိန္ျဖစ္၏။
" မဟုတ္ပါဘူးဗ်ာ.. ကြၽန္ေတာ္က ရဲစခန္းတစ္ခုလုံးမွာ အေကာင္းဆုံးအဆိုေတာ္ျဖစ္႐ုံေလးတင္ပါ"

က်ိမင္ေ႐ြ႕က ရွဲ႕လင္ကို အခ်ိန္ယူ၍ ျပန္ေျပာၿပီးေနာက္ သီခ်င္းဆက္ဆိုသည္။

သို႔ေသာ္ အားႀကိဳးမာန္တက္ဆိုေနသည့္ သူ႕ကို အေရးလုပ္သူ မရွိ။

တံခါးဝတြင္ ရွဲ႕လင္ေပၚလာၿပီးသည့္အခ်ိန္မွစ၍ အားလုံး၏မ်က္လုံးမ်ားက ရွဲ႕လင္ေပၚ အလိုအေလ်ာက္ ေ႐ႊ႕သြားၾကသည္။

ဝူက်ိတစ္ေယာက္ ပါးစပ္အေဟာင္းသားျဖစ္ကာ ျပန္ေစ့လို႔မရေတာ့။
" ေသစမ္း"

ရွဲ႕လင္ ေနာက္က်ေနရသည့္အေၾကာင္းကို သူ အခုမွ သိသည္။ အဝတ္အစားေ႐ြးေနရ၍ ေနာက္က်ျခင္း။

ပုံမွန္အားျဖင့္ စမတ္က်က် ဝတ္စားတတ္ေသာ ရွဲ႕လင္မွာ ဆံပင္ကို စပေရးတစ္ခုခုႏွင့္ ျဖန္းၿပီးေနာက္ ကုတ္အကၤ်ီတစ္ထည္ ထပ္ဝတ္ကာ နာရီတစ္လုံး ပတ္လိုက္သည္။ ေန႕စဥ္ ထိုကဲ့သို႔ ရိုးရွင္းစြာ ဝတ္တတ္သူသာ ျဖစ္သည္။ သို႔ေသာ္ ဒီေန႕အဝတ္အစားက ‌အေတာ္ေလး အေသးစိတ္ဆန္သည္။ ပုံမွန္ေသေသသပ္သပ္ ျပင္တတ္ေသာဆံပင္ကို နိုက္ကလပ္တြင္ သြားကဲသည့္ သခင္ေလးမ်ားကဲ့သို႔ ျပင္လာသည္။

ဆံပင္တစ္ျခမ္းကို ပိျပားေနေအာင္ ေနာက္လွန္ပို႔ကာ က်န္တစ္ျခမ္းကို ခပ္ေလ်ာ့ေလ်ာ့ ၿဖီးထား၏။ ေလ်ာ့ရဲေနေသာ ဆံပင္တို႔က မ်က္လုံးတစ္ျခမ္းကိုပါ ဖုံးေနသည္။ အရင္ကလို ေအာက္တြင္ ရွပ္အကၤ်ီခံမဝတ္ပဲ တီရွပ္အျဖဴႏွင့္ ေပါ့ပါးေနေသး၏။ ထို႔ေနာက္ သူ႕လက္တြင္ လက္စြပ္ႏွစ္ကြင္းဝတ္ထားသည္။

ဝူက်ိစိတ္ထဲမွ ထိုသို႔ေတြးေနသည္။
.... ဒါ နိုက္ကလပ္က ဗ႐ုတ္သုတ္ခေတြရဲ႕ ပုံစံေလ.. ရွဲ႕ေကာ မ်က္ႏွာေရာ ရပါေတာ့မလား...

ထိုအမ်ိဳးသားမွာ တံခါးကို မွီရပ္ရင္း စားပြဲထိုးကို တစ္ခုခု မွာေနသည္။ ခဏအၾကာတြင္ လက္ေလးႏွစ္ေခ်ာင္းကို ေဝွ႕ယမ္းကာ စားပြဲထိုးကို ျပန္လို႔ရၿပီျဖစ္ေၾကာင္း အခ်က္ျပလိုက္သည္။

အခန္းထဲ ဝင္လာၿပီးေနာက္ ရွဲ႕လင္က ခ်ီခ်င္းေဘးတြင္ ဝင္ထိုင္သည္။ က်ိမင္ေ႐ြ႕ႏွင့္ တျခားသူမ်ား မွာထားသည့္ ဘီယာကို မ်က္ေမွာင္က်ဳံ႕ၾကည့္ရင္း ခ်ီခ်င္းကို ေမးလိုက္၏။
" မင္း ဘာေသာက္ထားေသးလဲ"

ခ်ီခ်င္းက သူ႕နားသူ လက္ညိုးထိုး၍ သီခ်င္းသံေၾကာင့္ ဆူညံေနေၾကာင္း ေျပာလိုက္သည္။

ထို႔ေနာက္ ရွဲ႕လင္က အနားတိုးကာ ထပ္ေမးလိုက္သည္။
" ကိုယ္ေမးေနတာ.. မင္း ဘာေသာက္ထားေသးလဲလို႔"

ဒီတစ္ခါေတာ့ ခ်ီခ်င္း ေသေသခ်ာခ်ာ ၾကားလိုက္ရသည္။ သို႔ေသာ္ ျပန္ေျဖရမွာ ပ်င္းေသာေၾကာင့္ သူ႕ေရွ႕မွ ေရဘူးကို လက္ညိုးထိုးျပသည္။

ရွဲ႕လင္ ေသခ်ာေကာက္ကိုင္ၾကည့္ရင္း ရိုးရိုးေရသန႔္ဘူးျဖစ္သည္ကို အတည္ျပဳၿပီးေတာ့မွ စိတ္သက္သာရာရသြားသည္။

" ကိုယ္က မင္းကို ဘာေသာက္စရာမွ မေပးထားဘူးထင္လို႔"
ရွဲ႕လင္ ေရသန႔္ဘူးကို ျပန္ခ်လိဳက္သည္။
" မင္းကို အတင္း ဝိုင္းတိုက္ၾကမွာပဲ စိုးရိမ္တာ"

အရက္ေသာက္ၿပီးသည့္အခါတိုင္း ခ်ီခ်င္း သူ႕ကို ကပ္တြယ္ေနတတ္ေသာ္ံလဲ ခ်ီခ်င္းေနရခက္ေနသည္ကို သိေနသည့္အတြက္ အရက္ကို မထိသည္က ပိုေကာင္းလိမ့္မည္။

ေစာေစာက ေမးခြန္းႏွစ္ခုၿပီးေနာက္ ရွဲ႕လင္မွာ သီးသန႔္ခန္း၏ အက်ိဳးသက္ေရာက္မႈကို သေဘာက်ကာ ခ်ီခ်င္းကို ခဏခဏ စကားသြားေျပာေတာ့သည္။ အသံဆူေန၍ ခ်ီခ်င္းနားနားတိုးကပ္ကာ ေရာက္ေနတာဘယ္ေလာက္ၾကာၿပီလဲ လာမယ္ဆို ဘာလို႔ သူ႕ကို ဖုန္းမေခၚတာလဲ လိုက္ပို႔မွာေပါ့ဘာညာႏွင့္ ေမးေနသည္။

သူေျပာသည့္စကားတိုင္းမွာ အဓိပၸါယ္မရွိ ေတြ႕ကရာ ေျပာေနတာျဖစ္ေသာ္လဲ တိုးကပ္လာတိုင္း ရတတ္သည့္ ကိုယ္သင္းရနံ႕၏ အသက္ရႉသံသဲ့သဲ့ကို ေရွာင္လႊဲမရ။

ခ်ီခ်င္းလဲ တျခားကို ထပ္တိုးသြားသည္။
" ခင္ဗ်ားက တကယ္စိတ္ရႈပ္ဖို႔ေကာင္းတာပဲ"

ရွဲ႕လင္က ၾကားခ်င္သည့္စကားကိုသာ ၾကား၍ တစ္ခါတစ္ရံ နားမၾကားတတ္။
" ဒီမွာအရမ္းဆူေနလို႔ မင္း ဘာေတြေျပာေနတာလဲ"

"..."

ရွဲ႕လင္က ထပ္ေမးျပန္သည္။
" မင္း ဗိုက္ဆာေနၿပီလား.. ကိုယ္ တစ္ခုခု မွာေပးရမလား"

ခ်ီခ်င္းမွာ တိတ္တိတ္ေနရန္သာ ဆုံးျဖတ္လိုက္သည္။

ဝူက်ိက ရွဲ႕လင္အကၤ်ီကို လာဆြဲသည္။
"ရွဲ႕ေကာ ကြၽန္ေတာ္လဲ ဗိုက္ဆာတယ္"

ရွဲ႕လင္က ဝူက်ိကို တစ္ခ်က္စိုက္ၾကည့္ရင္း ခံစားခ်က္မရွိသလို ျပန္ေျပာသည္။
" ဗိုက္ဆာရင္ ကိုယ့္ဟာကိုယ္မွာေလ.. ငါ့ကိုလာေျပာေတာ့ ဘာလုပ္ေပးရမွာလဲ"

ဝူက်ိ : "..."

ေသလိုက္စမ္း!!

သူ႕ေဘးတြင္ ရွဲ႕လင္ရွိေနသည့္အတြက္ ခ်ီခ်င္းလဲ ေစာေစာကထက္ သက္ေတာင့္သက္သာ ရွိလာသည္။ သို႔ေသာ္ နားေအးသြားသည္မွ သုံးစကၠန႔္ပင္ မၾကာေသး။ ေဘးမွ စကားသံ ထပ္ထြက္လာသည္။
" မင္းလက္ ခဏေပးေလ"

ရွဲ႕လင္ ဘာလုပ္ခ်င္လဲ ခ်ီခ်င္းမသိ။

လက္ျဖန႔္ေပးလိုက္ေတာ့ ရွဲ႕လင္က အကၤ်ီအိတ္ကပ္ထဲမွ ေငြေရာင္နားကပ္တစ္ဖက္ထုတ္ကာ ခ်ီခ်င္းလက္ထဲ ထည့္ေပးလိုက္သည္။

လက္အိတ္အနက္ေပၚတြင္ ေငြေရာင္နားကပ္က ပို၍ပင္ လိုက္ဖက္ေနသည္။

ရွဲ႕လင္ : " ကိုယ္ အေလာတႀကီးထြက္လာခဲ့မိလို႔.. နားကပ္ဝတ္ဖို႔ေမ့ေနတာ.. ကိုယ့္ကို ပန္ေပးပါဦး"

ရွဲ႕လင္ နားကပ္ပန္တတ္သည္ကို ခ်ီခ်င္း တစ္ခါမွ မျမင္ဖူးခဲ့။
" ခင္ဗ်ား နားေပါက္ရွိလို႔လား"

အရည္အခ်င္းျပည့္မွီေသာ ေျမေခြးေလး ရွဲ႕လင္တြင္ နားေပါက္မ်ားစြာ ရွိသည္။
" ကိုယ္ ေက်ာင္းတက္တုန္းက ေဖာက္ထားတာ.. ဒါေပမဲ့ ပုံမွန္ဆို နားကပ္မပန္ဘူး... အဲ့ဒါ တျခားအေပါက္ေတြအကုန္ ပိတ္ကုန္တာ တစ္ေပါက္ပဲ က်န္ခဲ့တယ္ေလ"
ေျပာရင္းဆိုရင္း အေမွာင္ထဲတြင္ ခ်ီခ်င္းလက္ကို ကိုင္၍ သူ႕နား႐ြက္ကို ထိခိုင္းေနသည္။

လက္အိတ္ဝတ္ထားေသာ ခ်ီခ်င္းမွာ ထိလို႔မရေသာ္လဲ ရွဲ႕လင္နား႐ြက္ကို သူထိၾကည့္ေနေသးသည္။

ခ်ီခ်င္း : " အရင္ေန႕ေတြက မဝတ္ဘူးဆိုေတာ့ ဒီေန႕လဲ မဝတ္နဲ႕ေတာ့"

ရွဲ႕လင္ : "..."

မင္းကို ျမႇူဆြယ္ဖို႔ တမင္သက္သက္ ဝယ္လာပါတယ္ဆိုမွ.. ဒီနားကပ္ကို အခ်ိန္ေပးၿပီး ေ႐ြးခဲ့ရတာကို.. မဝတ္ရဘူးဆိုေတာ့....

သို႔ေသာ္ ဘယ္လိုပဲျဖစ္ျဖစ္ ရွဲ႕လင္ လက္လႊတ္မခံနိုင္။

" ကိုယ္ ထြက္မလာခင္ မင္းေၾကာင္ေလးကို အစာေကြၽးခဲ့ေသးတယ္"
ရွဲ႕လင္က ဆက္ေျပာသည္။
" အခု နားကပ္ေလး ပန္ခိုင္းတဲ့ဟာကို မပန္ေပးဘူးဆိုေတာ့ မင္း ကိုယ္ခ်င္းစာတရား မရွိဘူးလား"

ရွဲ႕လင္ကို အကူအညီေတာင္းရမည့္ကိစၥရွိသည္ကို ခ်ီခ်င္း ေမ့ေနခဲ့သည္။

ေၾကာင္စာေကြၽးရန္ ရွဲ႕လင္ကို လိုအပ္သည္။

ခ်ီခ်င္းလဲ သူ႕လက္ဝါးေပၚမွ နားကပ္ကိုၾကည့္ရင္း ျပန္ေျပာလိုက္သည္။
" ရၿပီ ပါးစပ္ပိတ္ေတာ့.. ကြၽန္ေတာ္ ပန္ေပးမယ္"

သီးသန႔္ခန္း၏ အေမွာင္ရိပ္ထဲတြင္ နားကပ္ပန္ေပးရန္ အေတာ္ခက္ခဲလွသည္။ လက္ႏွင့္ စမ္းမွသာ ရမည္မို႔ ခ်ီခ်င္းလဲ ခ်ီတုံခ်တဳံႏွင့္ လက္အိတ္ခြၽတ္လိုက္ရသည္။ ရွဲ႕လင္က လက္ႏွစ္ဖက္လုံးကို ဆိုဖာစြန္းေပၚ တင္ကာ ခ်ီခ်င္းနားတိုးကပ္လာသည္။

ေရေမႊးဆြတ္ထားသည့္အတြက္ သစ္ေတာနံ႕သင္းသင္းေလး ရေနသည္။ ဟိုေန႕က ရွဲ႕လင္အိမ္ေရခ်ိဳးခန္းထဲမွ ရခဲ့ေသာ အနံ႕ႏွင့္ ခပ္ဆင္ဆင္တူသည္။

ခ်ီခ်င္းက လက္ဖ်ားေလးႏွင့္ ရွဲ႕လင္နဖူးေပၚမွ ဆံစေလးမ်ားကို နား႐ြက္ေနာက္သို႔ မထိတထိ ထိုးထည့္ကာ နား႐ြက္ဖ်ားကို ထိလိုက္သည္။

သီခ်င္းဆိုေနသည့္ေနရာတြင္ က်ိမင္ေ႐ြ႕လက္ထဲမွ မိုက္ကို ဆုေရွာင္းလန္က လုယူသြားခဲ့သည္။ မိန္းကေလးႏွင့္ ေယာက္်ားေလးတို႔၏ အႀကိဳက္က သိပ္မတူ။ ဆုေရွာင္းလန္က အခ်စ္သီခ်င္းေအးေအးေလး ဖြင့္လိုက္သည္။ သူမ၏အသံက ေအာ္ဟစ္မေနသည့္အခ်ိန္တြင္ တကယ္ႏူးညံ့ေနသည္။
" မိုးသည္းထန္စြာ ႐ြာေနတဲ့အခ်ိန္ မင္းကို ေတြ႕ခဲ့တယ္"

သီးသန႔္ခန္းထဲတြင္ မီးေရာင္သိပ္မရွိသည့္အျပင္ ရွိသည့္အလင္းေရာင္မွာလဲ လူရိပ္မ်ားေၾကာင့္ အရိပ္ခ်င္းထပ္ေနသည္။

ခ်ီခ်င္းမွာ ရွဲ႕လင္နား႐ြက္ကို အခ်ိန္အေတာ္ၾကာေတာ့မွ ထိကိုင္နိုင္သည္။ ထို႔ေနာက္ က်န္လက္တစ္ဖက္ႏွင့္ နားကပ္ကို အေပါက္ထဲထိုးထည့္ရင္း တျဖည္းျဖည္း လွည့္ေနသည္။

ရွဲ႕လင္က မ်က္ႏွာတစ္ျခမ္းေစာင္းရင္း ခ်ီခ်င္း၏ တုံ႕ျပန္မႈကို တိတ္ဆိတ္စြာႏွင့္ အကဲခတ္ေနသည္။

ထို႔ေနာက္ ဆိုဖာေပၚ တင္ထားေသာလက္ကို ျဖည္းျဖည္းခ်င္း ျမႇောက္၍ ခ်ီခ်င္းနား႐ြက္မွ ဆံပင္မ်ားကို သပ္တင္ရင္း နား႐ြက္ေလးကို လက္ႏွင့္ ဖိညွစ္လိုက္သည္။ ခ်ီခ်င္းလက္တုန္သြားသည့္အတြက္ နားကပ္ေနရာလြဲသြား၍ အသားနည္းနည္းထိုးမိသြား၏။

ရွဲ႕လင္ က်စ္ခနဲ စုတ္သပ္မိလိုက္သည္။

ခ်ီခ်င္း : " ခင္ဗ်ား ထပ္လႈပ္ရင္ အသားထဲထပ္ထိုးမွာေနာ္"

ရွဲ႕လင္လဲ ခ်ီခ်င္း၏ ေခ်ာမြတ္ေနသည့္ နား႐ြက္ေလးကို ျဖည္းျဖည္းခ်င္း ပြတ္သပ္၍ လႊတ္ေပးရင္း ရွင္းျပသည္။
" မင္း နားေဖာက္ထားေသးလား စမ္းၾကည့္တာပါ"

ခ်ီခ်င္းတြင္ နားေပါက္ ေဖာက္ထားျခင္းမရွိ။ လက္ေတာင္ ေပးမကိုင္သည့္ ခ်ီခ်င္းကို နား႐ြက္ကိုင္ဖို႔ဆိုတာ ‌အေတာ္ေလး ခက္ခဲသည့္ စိန္ေခၚမႈတစ္ရပ္ပင္။

.......
End of part 82
Thank you all

Continue Reading

You'll Also Like

20.5K 957 24
*𝒘𝒉𝒊𝒔𝒕𝒍𝒆* "𝑾𝒐𝒓𝒍𝒅 𝒘𝒉𝒆𝒓𝒆 𝒂𝒓𝒆 𝒚𝒐𝒖 ~" "𝑫𝒐𝒏𝒕 𝒌𝒆𝒆𝒑 𝒎𝒆 𝒘𝒂𝒊𝒕𝒊𝒏𝒈. 𝒚𝒐𝒖 𝒌𝒏𝒐𝒘 𝑰 𝒅𝒐𝒏'𝒕 𝒍𝒊𝒌𝒆 𝒊𝒕 " "𝑾𝑶𝑹...
132K 28.4K 96
Title - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်...
13.9K 735 6
"Let's date." "No." Or The five times Jay asks Jungwon on a date and the one time he doesn't.
197K 6.7K 31
Delilah has never truly had a good relationship with anyone. Her father had made it no secret that he did not want her and had not paid her any care...