အပိုင်း (87)
မြို့တံခါးမပိတ်ခင် ကျန်းကျိရင်က လူအုပ်ထဲသို့ ပြန်ဝင်လိုက်သည်။ သူကလည်း တိမ်ကောင်းကင်မဟာမိတ်အဖွဲ့မှ လာမည့်သူများကို အရူးလုပ်ရန် နည်းလမ်းတစ်ခု စဥ်းစားရဦးပေမည်။
ထိုအကြောင်းအရာကို တွေးမိပြီးချိန်တွင်ပင် ညခင်းမြူထုကို ကျော်ဖြတ်ပြီး တားမြစ်ဒေသ၏ သတ္ထုဂိတ်ထံ တည့်တည့်လာနေသော ကားတစ်စီးကို မြင်လိုက်ရသည်။
ထိုကားက အနီးနားတွင် ရပ်သွားပြီးနောက် လူနှစ်ယောက်က ခုန်ဆင်းလာသည်။ နှစ်ယောက်လုံးက တိမ်ကောင်းကင်မဟာမိတ်အဖွဲ့၏ ယူနီဖောင်းကို ဝတ်ထားကြသည်။ ထိုအခြေအနေကြောင့် သူတို့က ယွင်ချူဘက်မှ လူဖြစ်ကြောင်း သိသာလေသည်။ ကျန်းကျိရင်တို့ကလည်း ထိုနှစ်ယောက်ကို ရင်းနှီးကြောင်း သိလိုက်၏။ သူတို့က အရင်ဆုံး သာ့တောင့်ကို မှတ်မိသွားပြီး ပြောလိုက်သည်။
"ချင်တုံး ဌာန၅က ငါတို့ဆီက အကူအညီလာတောင်းတဲ့ ညီအစ်ကိုနှစ်ယောက် မဟုတ်လား"
ကျန်းကျိရင်က ပြန်ဖြေကြောင်း မြင်သောအခါ သူက ဂရုစိုက် သတိပေးသည်။
"ခေါင်းဆောင် ဌာန၃က လူတွေပျောက်သွားတဲ့အချိန်က ခေါင်းဆောင်နဲ့ ဒုတာဝန်ခံ ရှန်းတို့က ငါတို့ကို ကူညီပြီး သူတို့ကို ကယ်ဆယ်ပေးခဲ့တာပါ"
နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်တိုင်အောင် သူတို့က ကျန်းကျိရင်၏ အရှေ့တွင် ရှန်းစစ်၏ သေဆုံးမှုကို ရှောင်ကာ ပြောကြသေးသည်။
ကျန်းကျိရင်ကလည်း ရုတ်တရက် ထိုညီအစ်ကိုနှစ်ယောက်ကို မှတ်မိသွားသည်။ သူတို့က ချီရှင်းနှင့် ချီလုံဖြစ်လောက်သည်။
ထိုနှစ်ယောက်က ကျန်းကျိရင်ဟာ သူတို့ကို မှတ်မိသွားကြောင်း မြင်သောအခါ အကြောင်းအရာများကို ဆက်မပြောတော့ချေ။ တိုက်ရိုက်သာ ပြောလာသည်။
"ခေါင်းဆောင်ကျန်း ပေါ်လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါတို့ ညီအစ်ကိုတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က ယွင်ချူရဲ့ အစောင့်အဖွဲ့ထဲကို ပြောင်းရွှေ့ပေးခံခဲ့ရတာနဲ့ ဒီနေ့ ဒီနေရာကိုလာပြီး ခေါင်းဆောင်ကို လာရောက်သတိပေးတာပါ၊ ယွင်ချူနဲ့ သူ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေက စီမံမှုတွေ လုပ်ပြီးသွားပြီ၊ ဒီစီမံကိန်းနဲ့အတူ မိုးကြိုးအဖွဲ့က ရှင်သန်နိုင်တော့မှာမဟုတ်ဘူး၊ ခေါင်းဆောင်ကျန်း ကျေးဇူးပြုပြီး အကြံတွေကို စောစော စသင့်ပါတယ်"
သူတို့က ကျန်းကျိရင်ကို ကြည့်ပြီးနောက် စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့ကလည်း ကျန်းကျိရင်ကို မိုးကြိုးအဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့မှ တိုက်ရိုက်ထွက်ရန် ဖြောင်းဖျလိုကြသည်။ သို့သော် သူတို့က ရင်းရင်းနှီးနှီးလည်း မရှိလေရာ ကိစ္စအများကြီး ပြောမည့်အရေးကို စိုးရိမ်နေသေးလေသည်။ ထို့အပြင် တိမ်ကောင်းကင်မဟာမိတ်အဖွဲ့၏ အင်အားက ကြီးပြင်းလာနေချိန်ဖြစ်လေရာ ထွက်သွားလျှင် အခြား သွားစရာနေရာ မရှိနိုင်တော့ချေ။ ကမ္ဘာကပ်ဘေးတွင် ရှင်သန်ရန်ပင် ခက်ခဲနေလေရာ သူတို့က ထိုမျှသာ ပြောနိုင်လေသည်။
ညီငယ် ချီလုံက အစ်ကိုဖြစ်သူ ပြောပြီးသည်အထိ စောင့်ပြီးနောက် ဆက်ပြောသည်။
"ခေါင်းဆောင်ကျန်းက ဘာလုပ်ဖို့ပဲ ကြံစည်ထား ကြံစည်ထား ၊ ကျေးဇူးပြုပြီး ငါတို့ညီအစ်ကိုကိုတော့ မင်းနဲ့အတူ ခေါ်သွားပေးပါ၊ ငါတို့က ယွင်ချူဆီ မပြန်နိုင်ဘူး၊ ငါတို့ သေသေရှင်ရှင် ငါတို့ ခေါင်းဆောင်ကျန်းရဲ့ စကားကိုပဲ နားထောင်မယ်၊ ဒါက အဲဒီနေ့က ကြင်နာမှုအတွက် ဆုလာဘ်ပဲ"
အခြားသော သူများက တစ်ဖက်က ပေးနေသော သဲလွန်စများကို တွေ့ခဲ့ပြီးသောကြောင့် ဒီအခြေအနေကို ကြားလိုက်ရသည့်အခါ အံ့သြသွားခြင်း မရှိခဲ့ချေ။ ကျန်းကျိရင်က အချိန်အတန်ကြာ တိတ်ဆိတ်သွားခဲ့သည်။ အဖိုးကြီးကျူးတို့ကလည်း စကားမပြောကြချေ။ သူတို့က သူ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။
ကျန်းကျိရင်က တစ်ခဏခန့် တွေးတောပြီးနောက် ပြောသည်။
"ငါတို့ကို ဒုက္ခပေးမှာက ယွင်ချူလည်းမဟုတ်သလို မဟာမိတ်အဖွဲ့တစ်ခုလုံးလည်း မဟုတ်ဘူးလေ၊ ဒါပေမဲ့ ငါတို့အခု ရင်ဆိုင်နေရတာက ယွင်ချူဖြစ်နေပြီး မဟာမိတ်အဖွဲ့ မဟုတ်သေးတော့ စဥ်းစားစရာတွေ ရှိပါတယ်၊ ဒါပေမဲ့အခု ဒီလူတွေကို ဦးဆောင်လာတာက ယွင်ချူဖြစ်နေတယ်၊ သူ့မှာလည်း ပြင်းထန်တဲ့ လွှမ်းမိုးနိုင်စွမ်းအား ရှိတယ်၊ ငါတို့က မပြန်နိုင်ရင် အချိန်တစ်ခု ကြာတဲ့အထိတော့ ရှောင်နေလိုက်တာ အကောင်းဆုံးပဲ"
ယခု သူတို့က ကျဆုံးခြင်း မြို့ထဲတွင် ပိတ်မိနေခြင်းဖြစ်သည်။ သူတို့၏ နောက်တွင် အနက်ရောင် သံမဏိခံတပ်သာရှိသည်။ အရှေ့တွင် မဟာမိတ်၏ အင်အားစု ဖြစ်၏။ ထို့ကြောင့် ပြေးစရာ နယ်မြေမရှိချေ။
ကျန်းကျိရင်က ပြောသည်။
"တားမြစ်နေရာထဲကို ဆုတ်ကြမယ်"
တားမြစ်ဒေသထဲတွင် အမှောင့်အစောင့်များစွာ ရှိပြီး ဒေါက်တာဝိုင်က ချန်ထားရစ်ခဲ့သည့် အမည်မသိရသော ပစ္စည်းများနှင့် အဆောက်အအုံများလည်း ရှိနေသေးသည်။ ထိုအရာများက မဝါမိတ်အတွက် အကျိုးရှိလောက်သည်။ သို့သော် သူ့အတွက်မူ မဟုတ်ချေ။
သာ့တောင့်က ပါးစပ်ဖွင့်ပြီး စကားလုံး ၅လုံးကိုသာ ပြောလိုက်နိုင်သည်။
"ခေါင်းဆောင်က သူ့ကို ယုံတာလား"
ထိုလူက အရေးကြီးဆုံးအချိန်တွင် ခေါင်းဆောင်ကို ကယ်ခဲ့သော်လည်း သူနှင့်လည်း ခေါင်းဆောင်က လေးနက်သည့် ဆက်ဆံရေး ရှိလောက်သည့်တိုင်အောင် တားမြစ်ဒေသထဲမှ ဖုတ်ကောင်များကို ခေါင်းဆောင်အတွက် ပေးခဲ့ခြင်းဆိုလျှင်ပင် သာ့တောင့်ကမူ ရှောင်ကျင်းနှင့် အားခုန်းတို့လောက် ရိုမန့်တစ် မဆန်တတ်ချေ။ သူ၏ အမြင်တွင် ထိုလူက အမြဲတစေ ရန်သူဖြစ်ခဲ့သည်။ ကမ္ဘာကပ်ဘေးမှ ကြောက်စရာအကောင်းဆုံးသော တည်ရှိမှုလည်း ဖြစ်နေ၏။ လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ခန့်မှန်းရခက်ခဲလွန်းသည့် မိစ္ဆာတစ်ကောင် ဖြစ်လေရာ သူ့အကြောင်း ထည့်ပြောရုံဖြင့်ပင် လူတိုင်းက တုန်ယင်သွားစေလှသည်။
ကျန်းကျိရင်ကလည်း သာ့တောင့်က ဒေါက်တာဝိုင်အကြောင်း ပြောနေကြောင်း သိသည်။ သူ၏ မျက်လုံးက ကွေးညွတ်သွားလေပြီး အရှေ့မှ အနက်ရောင် ဒေသကို ကြည့်သည်။
"ယုံတယ်"
..........
သူတို့အားလုံးက တားမြစ်ဒေသထဲသို့ ဆုတ်ရန် ဆုံးဖြတ်ခဲ့ပြီးကြလေပြီ။ ထို့ကြောင့် တံခါးကို ဖွင့်ရန် ကြိုးစားသင့်ကြ၏။ အကြောင်းမူကား ထိုအချိန်တွင် တံခါးက ပိတ်သွားသောကြောင့်ဖြစ်သည်။
"ခေါင်းဆောင် ၊ အစီအစဥ်အတိုင်းဆိုရင် မဟာမိတ်အဖွဲ့ရဲ့ ပထမအဖွဲ့တွေက ည၈နာရီလောက် ဒီနေရာကို ရောက်လာလိမ့်မယ်၊ သူတို့မလာခင် ကျွန်တော်တို့ ထွက်သွားနိုင်မှ ဖြစ်မှာပါ"
ချီမိသားစုမှ အစ်ကိုက သတိပေးသည်။
သူတို့ကလည်း ကျန်းကျိရင်ဟာ ဖုတ်ကောင်များကို ပတ်ပြေးအောင် လေ့ကျင့်ပေးထားကြောင်း မမြင်ခဲ့ရချေ။ တားမြစ်ဒေသထဲ ဆုတ်ခိုင်းသည်ဆိုသော ကိစ္စနှင့် ပတ်သက်ပြီး သံသယအချို့ပင် ရှိနေသေးသည်။
ကျန်းကျိရင်က ခေါင်းညိတ်သည်။
"ငါကြိုးစားကြည့်မယ်"
ဖုတ်ကောင်များက သွေးမှတစ်ဆင့် သူ့ကို သခင်အဖြစ် သတ်မှတ်ထားပြီးသားဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။ ထို့အပြင် ယင်ညန်ကလည်း ထိုသို့ လုပ်လေ့လုပ်ထ ရှိ၏။ တံခါးကို ပွင့်ရန်အတွက် မည်သို့သော နည်းလမ်းမျိုးကို ရွေးချယ်ရမည်ဆိုသော အကြောင်းအရာကမူ စဥ်းစားရန် လိုအပ်လာသည်။
သို့ရာတွင် သူကလည်း ခေါင်းဆောင်ယင်နှင့်ပတ်သက်ပြီး ဗဟုသုတအနည်းငယ်တော့ဖြင့် ရှိနေသေးသည်။ ထို့ကြောင့် နှိမ့်ချခြင်းမရှိဘဲ ပြောရမည်ဆိုလျှင် ဒီလောကတွင် သူကသာ တစ်ဖက်သူကို အကောင်းဆုံးသိနေသည်။
ကျန်းကျိရင်က ဂိတ်နားသို့ လျှောက်သွားလိုက်ပြီး ရေခဲဓားသွားကို ဆွဲထုတ်လိုက်ကာ သူ၏လက်ညှိုးကို အသာလှီးဖြတ်လိုက်လျက် သွေးကို ဂိတ်ပေါ်သို့ ကျစေသည်။
သိသာစွာပင် အနက်ရောင် သံမဏိတံခါးထံမှ စက်ရုပ်မျက်နှာနှင့် စက်ရုပ်သံက ထွက်လာသည်။
"ကျေးဇူးပြုပြီး လျှို့ဝှက်နံပါတ်ကို ထည့်သွင်းပါ"
ကျန်းကျိရင်က စက်ရုပ်မျက်နှာကြီးကို ကြည့်ပြီး မျက်လုံးလှန်လိုက်သည်။ သူကလည်း တံခါးဖွင့်ရန်အတွက် ထိုသို့သော အမိန့်မျိုး ရှိမည်မှန်း သိထားပြီးသားဖြစ်သည်။ အကြောင်းမူကား သွေးဖြင့် အသိအမှတ်ပြုခြင်းက ယင်ညန်သဘောကျသော စိတ်ကူးယဥ် ဝတ္ထုဖြစ်နေ၏။
"ကလေးဆန်လိုက်တာ"
ကျန်းကျိရင်က ရွေးချယ်စရာမရှိဘဲ ပူးပေါင်းပေးလိုက်ရသည်။
"ကောင်းကင်နဲ့ မြေပြင်က သဘောထားမကြီးဘူး၊ ကောင်းကင်ဘုံက ပြောင်းလဲနိုင်တယ်"
ထိုစကားက အမျိုးသားဇာတ်လိုက်က လျှိူ့ဝှက်ဒေသကို ဖွင့်ရန် သုံးခဲ့ရသော စကားဖြစ်သည်။
မမျှော်လင့်ထားစွာပင် စက်ရုပ်၏ မျက်နှာက ရုက်တရက် နီသွားသည်။
"တိ တိ"
နှစ်ကြိမ်မြည်သံ ထွက်လာပြီးနောက် ပြောသည်။
"လျှို့ဝှက်နံပါတ်က မှားနေပါတယ်၊ ကျေးဇူးပြုပြီး ပြန်ဖြည့်ပေးပါ၊ ဒီနေ့အတွက် နှစ်ကြိမ်ပဲ အခွင့်အရေးရှိပါတယ်"
ကျန်းကျိရင်...
"........."
သူက ဆက်ကြိုးစားကြည့်သည်။
"နှမ်းဖွင့်တာလား"
စက်ရုက်မျက်နှာ...
"လျို့ဝှက်နံပါတ်မှားနေပါတယ်၊ ကျေးဇူးပြုပြီး ပြန်လည် ဖြည့်ပေးပါ၊ ဒီနေ့အတွက် တစ်ကြိမ်ပဲ အခွင့်အရေး ရှိပါတော့တယ်"
ကျန်းကျိရင်က အညံ့ခံလိုက်ချင်သည်။
သူက သူ၏မျက်နှာကို စက်ရုပ်မျက်နှာနားသို့ ကပ်သွားပြီး အသံကို တိုးကာ သုန်မှုန်သော လေသံမျိုးဖြင့် ပြောလိုက်သည်။
"ယင်ညန် ငါမင်းကိုချစ်တယ်၊ ဒါပေါ့ တစ်လောကလုံးမှာ မင်းက အတော်ဆုံးပဲ၊ ငါမင်းမရှိဘဲ မနေနိုင်ဘူး၊ မင်းကငါ့ရဲ့ တစ်ဦးတည်းသော သူပါပဲ"
နတ်ဘုရားမှသာ ထိုစက်က မည်မျှလှည့်စားတတ်ကြောင်း သိပေလိမ့်မည်။ သူက စက်ရုပ်၏ မျက်နှာပေါ်မှ ထူးဆန်းသော အပြုံးကြီးကို မြင်လိိုက်ရ၏။ ထို့နောက် မျက်ဝန်းအတွင်း အစိမ်းရောင်အလင်းက လက်သွားသည်။
"လျှို့ဝှက်နံပါတ်က မှန်ပါတယ်၊ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"
ထိုသို့ဖြင့် စက်ရုပ်သံက ထွက်လာသည်။
ထိုသို့ဖြင့် လေးလံလွန်းသော အနက်ရောင် သတ္ထုတံခါးကြီးက ရုတ်ချည်းဆိုသလို သူတို့၏ အရှေ့မှ ပျောက်ကွယ်သွာသည်။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။