အခန်း (၂၄၉) - ကျန်းဝမ်ယုသည် ကျန်းမိသားစုရဲ့ အာရုံကို ဤကဲ့သို့ ဖမ်းစားလိုက်နိုင်သည် (၁)
ဖန့်ကျွင်းရုံက ကျန်းယာ့ကောအပေါ် အတော့်ကို မျက်နှာသာပေးထားတယ်လို့ ဆိုရပေမည်။ အတုအပရောင်းချတာကို ဖမ်းဆီးမိပြီးပြီးချင်း သူမ ရှေ့မှာ ဘာမှ မဖြစ်သလိုမျိုး ဘယ်တောင် မျက်နှာပြောင်တိုက် ပြုမူချင်နေသေးတာလဲ။
ကျန်းယာ့ကောက သူမခေါင်းကို ငုံ့ပြီး “သမီးတို့၊ သမီးတို့က ဒါကို နိုင်ငံရပ်ခြားမှာ ရောင်းချချင်ရုံပါပဲ။ သမီးတို့က ဒီလိုအရာတွေ ဖြစ်လာလိမ့်မယ်လို့ တကယ် မတွေးခဲ့မိဘူး။”
ဖန့်ကျွင်းရုံရဲ့ နှုတ်ခမ်းတွေက ကွေးညွှတ်သွားသည်၊ “ချယ်ရီပန်းပွင့်ဆေးလုံးတွေကို အလှအပဆေးလုံးအဖြစ် လွှဲပြောင်းပေးတာက တရားမဝင်တဲ့ လုပ်ရပ်တစ်ခုပဲ။”
ဆံပင်အဝါရောင်မိန်းကလေးက သူမကိုယ်သူမ ခုခံကာကွယ်ပြောဆို၏ “ကျွန်မတို့က အဲ့ဒီဆေးလုံးတွေကို တရုတ်တွေကို မဟုတ်ပဲ နိုင်ငံခြားသားတွေကို ရောင်းချတာပါ။ နိုင်ငံခြားသားတွေက အစကတည်းက မကောင်းတဲ့သူတွေပဲ။ အရင်တုန်းက သူတို့က ငါတို့နိုင်ငံကို စတင်ကျူးကျော်ခဲ့တယ်။”
ဖန့်ကျွင်းရုံက ရယ်မောလိုက်သည်။ “မင်းက လိမ်လည်လှည့်ဖြားသူဆို လိမ်လည်လှည့်ဖြားသူလိုပဲ ပြောပါ။ မျိုးချစ်စိတ်ထက်သန်သူအဖြစ် မျက်နှာဖုံး တပ်မထားပါနဲ့။ မင်းက မျိုးချစ်စိတ် ဆိုတဲ့ စကားလုံးကို မလေးမစား ပြုမူနေတာပဲ၊”
အဲ့ဒီနေရာမှာ ရှိနေသည့် သူတွေကို သေသေချာချာ ကြည့်ပြီးနောက်မှာ ဖန့်ကျွင်းရုံက ခပ်တည်တည် ပြောလိုက်၏ “မင်းတို့ ဒီသဘောထားအတိုင်း တရားရုံးမှာလည်း ဆက်ထိန်းထားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။”
မကြာသေးမီက ရဲတွေထံမှ ဒီပြဿနာက ဘယ်လောက် ပြင်းထန်ကြောင်းကို သိရှိလိုက်ရသည့် ဒီလူတွေဟာ သူမရဲ့စကားကို ကြားလိုက်ရသောအခါတွင် ဖြူဖျော့သွားခဲ့ကြသည်။ ကျန်းယာ့ကောဟာ ဝမ်းနည်းပက်လက် ငိုချလိုက်သည်။ သူမက ဖျော့တော့နေသည့် အသံလေးဖြင့် “ကျေးဇူးပြုပြီး၊ သမီးရဲ့ မိဘတွေ မျက်နှာကို ထောက်ထားပြီး... သူတို့က မင်းနဲ့ တစ်ချိန်တုန်းက ကျောင်းနေဖက်တွေ ဖြစ်ခဲ့ကြတယ်၊ မဟုတ်လား။ သမီး ထောင်ထဲ မသွားချင်ဘူး။ အဟင့်... အဟင့်...” နောက်ဆုံး အသက်ကယ် ကောက်ရိုးမျှင်ကို ဆုပ်ကိုင်ထားချင်သလိုပဲ၊ သူမသည် သူမရဲ့ မိဘတွေအကြောင်းကိုတောင် ထုတ်ပြောလာခဲ့သည်။
ထောင်ထဲသို့ သွားရမယ် ဆိုသည့်အတွေးက သူမကို တုန်လှုပ်သွားစေပြီး အားနည်းသွားစေခဲ့သည်။
ဖန့်ကျွင်းရုံက ဒီကိစ္စကို တရားရုံးသို့ မတင်ခဲ့ရင် သူမ ထောင်ထဲ သွားဖို့ မလိုလောက်ဘူးမလား။
ဖန့်ကျွင်းရုံက သူမကို မယုံနိုင်စွာ ကြည့်လိုက်သည်။ “ငါ မင်းနဲ့ တွေ့တဲ့အချိန်တိုင်း၊ မင်းက ငါ့ကို မင်းရဲ့ အရှက်မဲ့မှု အဆင့်သစ်တစ်ခုနဲ့ အမြဲတမ်း မိတ်ဆက်ပေးနိုင်တယ်နော်။”
“မင်းမှာ ငါ့ကို ဒီလို မေးပိုင်ခွင့် ရှိတယ်လို့များ ထင်နေတာလား။ မင်းက ငါ့မိသားစုကို ပြိုကွဲပျက်စီးသွားအောင် လုပ်ပြီးတာတောင် ဒီလို မေးရဲသေးတယ်ပေါ့လေ။”
“မင်းအဖေအကြောင်းကို ငါ ကောင်းကောင်း မသိပေမယ့် မင်းအမေအကြောင်း ငါ မင်းကို ပြောပြချင်နေတာ တစ်ခုရှိတယ်။”
“အဲ့ဒီအချိန်တုန်းက၊ မင်းအမေက ငါ့ယောက္ခမတွေဆီက လီဝမ့်ကျင်းကို ပေးခိုင်းတဲ့ ပိုက်ဆံတွေကို လက်ခံခဲ့ပြီး သူမအတွက် ပိုက်ဆံဖြတ်ယူထားခဲ့တဲ့အပြင် နှစ်ပေါင်းများစွာ လီဝမ့်ကျင်းကို အရူးလုပ်ခဲ့တယ်။”
“ပြီးတော့ အခု မင်းကိုပဲ ကြည့်လိုက်လေ။ မင်းက တရားမဝင် ငွေရှာပြီး ငါ့ရဲ့ကုန်အမှတ်တံဆိပ်ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးဖို့ ချယ်ရီပန်းပွင့်ဆေးလုံးတွေကို အလှအပဆေးလုံးတွေအဖြစ် ရောင်းချဖို့ မင်း လုပ်ခဲ့တယ်။ အခု မင်းက ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်တာလား။ သေချာတာကတော့ မင်းအမေနဲ့ မင်းကြားမှာ တူညီတဲ့အချက်တွေ အများကြီး ရှိနေတာပဲ။”
“မင်းခေါင်းထဲက အတွေးဆိုး အတွေးညစ်တွေကို မင်း တစ်နည်းနည်းနဲ့ ဖယ်ရှားနိုင်ပြီး မင်း လူတစ်ယောက်ဖြစ်လာနိုင်ဖို့ ငါ မျှော်လင့်တယ်။”
“မင်း ငါ့ကို ဒီလိုအကြည့်တွေကို ကြည့်နေတာကို ရပ်ပေးနိုင်မလား။ ငါက လီရှစ်ကျီ မဟုတ်ဘူး။ မင်း ဒီလိုပုံစံနဲ့ ငါ့ကို အရူးမလုပ်နိုင်ဘူး။” ကျန်းယာ့ကောနှင့် သူမရဲ့ ဝက်လိုသားအကြား ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူမ မသိသော်လည်း အခုအချိန်တွင် သူက ဒီကို ရောက်မလာသည့်အချက်ကို ကြည့်ပြီး သူမတို့နှစ်ဦးသား လမ်းခွဲထားဖွယ်ရာ ရှိသည်။ ဒါပေမယ့်၊ သူမတို့နှစ်ဦးကြားက အရှုပ်အရှင်းတွေကို ဖြေရှင်းပြီးတဲ့အချိန်ကျရင် သူမတို့နှစ်ယောက်သား တစ်နေ့မှာ ပြန်ဆုံနိုင်ကြမှာပင်။
“ရှစ်ကျီ ဘယ်လိုနေလဲ မသိချင်ဘူးလား။” ကျန်းယာ့ကောက ရှေ့နောက် မစဥ်းစားပဲ ပြောချလိုက်သည်။ သူမမှာ ရှိနေသည့် နောက်ဆုံး မျှော်လင့်ချက် မှန်သမျှကို သူမ ဆုပ်ကိုင်ထားလိမ့်မည်။
ဖန့်ကျွင်းရုံထံမှ သူမ ရရှိခဲ့သော တစ်ခုတည်းသော အဖြေမှာ သူမ နောက်ကျောခိုင်းထွက်ခွာသွားခြင်းပင် ဖြစ်သည်။ အလွန်ပြတ်သားနေပြီး သူမရဲ့ နောက်ဆုံး မျှော်လင့်ချက်အား ဖယ်ရှားပစ်ခဲ့သည်။
ကျန်းယာ့ကောရဲ့ ပါးပြင်ပေါ်သို့ မျက်ရည်စက်များ သွန်းဖြိုးလာခဲ့သည်။ ဖန့်ကျွင်းရုံက သူမကို ဘာဖြစ်လို့ ဒီလို ဆက်ဆံရတာလဲ၊ သူမ တကယ့်ကို ဘာမှ မမှားခဲ့ဘူးလေ။ သူမ လိုချင်သမျှ အရာအားလုံးက ဒီလို အေးစက်တဲ့ မြို့ပေါ်မှာ သူမကိုယ်ပိုင်အိမ်တစ်လုံးနဲ့ နွေးထွေးတဲ့ အမိုးအကာလေးတစ်ခု ရချင်ရုံပါပဲ။ ဖန့်ကျွင်းရုံက အရမ်းချမ်းသာတယ်လေ၊ ဒါပေမယ့် ဘာဖြစ်လို့ သူမအပေါ် နည်းနည်းလောက် ကြင်နာပေးဖို့ကို ငြင်းပယ်ခဲ့ရတာလဲ။ သူမ မိခင်ဖြစ်သူအကြောင်း ပြောနေချိန်မှာ ဖန့်ကျွင်းရုံက သူမကို ကြည့်ခဲ့တဲ့ အထင်သေးတဲ့ အကြည့်တွေကို ပြန်အမှတ်ရမိသည်။
ဖန့်ကျွင်းရုံက သူမကို သူမ မိခင်ဖြစ်သူရဲ့ သမီးဖြစ်နေတာကြောင့် သူမကို မကြိုက်တာလား။ ဒါပေမယ့် အဲ့တာက အရင်မျိုးဆက်က ကိစ္စရပ်တွေ ဖြစ်ပြီး သူမနဲ့ ဘာမှ မဆိုင်ဘူးလေ။ သူမက အပြစ်ကင်းပါတယ်။
ဖန့်ကျွင်းရုံထံမှ လီရှစ်ကျီရဲ့ နာမည်ကို ကြားလိုက်ရသည့်အခါမှာ သူမ နာကျင်သွားမိသည်။ သူမသည် ဖန့်ကြွယ်မင်အား ဆေးဖက်ဝင်ဆေးခရင်မ်ကို ခွဲပေးဖို့ မလုပ်ခဲ့ရင် လီရှစ်ကျီနဲ့ လမ်းခွဲခဲ့မှာ မဟုတ်ဘူး၊ ဖန့်ကြွယ်မင်နဲ့ ရင်းနှီးအောင် မလုပ်ခဲ့ရင် ဒီနေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက ကွဲပြားသွားနိုင်မလား။
သူမသည လီရှစ်ကျီရဲ့ ကောင်မလေး ဖြစ်နေသေးလျှင် သူမ အဖမ်းခံရရင်တောင်မှ ဖန့်ကျွင်းရုံက ရှစ်ကျီရဲ့ မျက်နှာထောင်ပြီး သူမကို နည်းနည်းလောက် ငဲ့ညှာပေးလောက်မလား။
ကျန်းယာ့ကောသည် သူမကို အခြားသူတွေ ဘယ်လို ကြည့်နေကြလဲ ဆိုတာကို သတိမပြုမိပဲ အရမ်းဝမ်းနည်းနေခဲ့သည်။
***
Zawgyi
အခန္း (၂၄၉) - က်န္းဝမ္ယုသည္ က်န္းမိသားစုရဲ႕ အာ႐ုံကို ဤကဲ့သို႔ ဖမ္းစားလိုက္ႏိုင္သည္ (၁)
ဖန္႔ကြၽင္း႐ုံက က်န္းယာ့ေကာအေပၚ အေတာ့္ကို မ်က္ႏွာသာေပးထားတယ္လို႔ ဆိုရေပမည္။ အတုအပေရာင္းခ်တာကို ဖမ္းဆီးမိၿပီးၿပီးခ်င္း သူမ ေ႐ွ႕မွာ ဘာမွ မျဖစ္သလိုမ်ိဳး ဘယ္ေတာင္ မ်က္ႏွာေျပာင္တိုက္ ျပဳမူခ်င္ေနေသးတာလဲ။
က်န္းယာ့ေကာက သူမေခါင္းကို ငုံ႔ၿပီး “သမီးတို႔၊ သမီးတို႔က ဒါကို ႏိုင္ငံရပ္ျခားမွာ ေရာင္းခ်ခ်င္႐ုံပါပဲ။ သမီးတို႔က ဒီလိုအရာေတြ ျဖစ္လာလိမ့္မယ္လို႔ တကယ္ မေတြးခဲ့မိဘူး။”
ဖန္႔ကြၽင္း႐ုံရဲ႕ ႏႈတ္ခမ္းေတြက ေကြးၫႊတ္သြားသည္၊ “ခ်ယ္ရီပန္းပြင့္ေဆးလုံးေတြကို အလွအပေဆးလုံးအျဖစ္ လႊဲေျပာင္းေပးတာက တရားမဝင္တဲ့ လုပ္ရပ္တစ္ခုပဲ။”
ဆံပင္အဝါေရာင္မိန္းကေလးက သူမကိုယ္သူမ ခုခံကာကြယ္ေျပာဆို၏ “ကြၽန္မတို႔က အဲ့ဒီေဆးလုံးေတြကို တ႐ုတ္ေတြကို မဟုတ္ပဲ ႏိုင္ငံျခားသားေတြကို ေရာင္းခ်တာပါ။ ႏိုင္ငံျခားသားေတြက အစကတည္းက မေကာင္းတဲ့သူေတြပဲ။ အရင္တုန္းက သူတို႔က ငါတို႔ႏိုင္ငံကို စတင္က်ဴးေက်ာ္ခဲ့တယ္။”
ဖန္႔ကြၽင္း႐ုံက ရယ္ေမာလိုက္သည္။ “မင္းက လိမ္လည္လွည့္ျဖားသူဆို လိမ္လည္လွည့္ျဖားသူလိုပဲ ေျပာပါ။ မ်ိဳးခ်စ္စိတ္ထက္သန္သူအျဖစ္ မ်က္ႏွာဖုံး တပ္မထားပါနဲ႔။ မင္းက မ်ိဳးခ်စ္စိတ္ ဆိုတဲ့ စကားလုံးကို မေလးမစား ျပဳမူေနတာပဲ၊”
အဲ့ဒီေနရာမွာ ႐ွိေနသည့္ သူေတြကို ေသေသခ်ာခ်ာ ၾကည့္ၿပီးေနာက္မွာ ဖန္႔ကြၽင္း႐ုံက ခပ္တည္တည္ ေျပာလိုက္၏ “မင္းတို႔ ဒီသေဘာထားအတိုင္း တရား႐ုံးမွာလည္း ဆက္ထိန္းထားႏိုင္မယ္လို႔ ငါ ေမွ်ာ္လင့္ပါတယ္။”
မၾကာေသးမီက ရဲေတြထံမွ ဒီျပႆနာက ဘယ္ေလာက္ ျပင္းထန္ေၾကာင္းကို သိ႐ွိလိုက္ရသည့္ ဒီလူေတြဟာ သူမရဲ႕စကားကို ၾကားလိုက္ရေသာအခါတြင္ ျဖဴေဖ်ာ့သြားခဲ့ၾကသည္။ က်န္းယာ့ေကာဟာ ဝမ္းနည္းပက္လက္ ငိုခ်လိုက္သည္။ သူမက ေဖ်ာ့ေတာ့ေနသည့္ အသံေလးျဖင့္ “ေက်းဇူးျပဳၿပီး၊ သမီးရဲ႕ မိဘေတြ မ်က္ႏွာကို ေထာက္ထားၿပီး... သူတို႔က မင္းနဲ႔ တစ္ခ်ိန္တုန္းက ေက်ာင္းေနဖက္ေတြ ျဖစ္ခဲ့ၾကတယ္၊ မဟုတ္လား။ သမီး ေထာင္ထဲ မသြားခ်င္ဘူး။ အဟင့္... အဟင့္...” ေနာက္ဆုံး အသက္ကယ္ ေကာက္႐ိုးမွ်င္ကို ဆုပ္ကိုင္ထားခ်င္သလိုပဲ၊ သူမသည္ သူမရဲ႕ မိဘေတြအေၾကာင္းကိုေတာင္ ထုတ္ေျပာလာခဲ့သည္။
ေထာင္ထဲသို႔ သြားရမယ္ ဆိုသည့္အေတြးက သူမကို တုန္လႈပ္သြားေစၿပီး အားနည္းသြားေစခဲ့သည္။
ဖန္႔ကြၽင္း႐ုံက ဒီကိစၥကို တရား႐ုံးသို႔ မတင္ခဲ့ရင္ သူမ ေထာင္ထဲ သြားဖို႔ မလိုေလာက္ဘူးမလား။
ဖန္႔ကြၽင္း႐ုံက သူမကို မယုံႏိုင္စြာ ၾကည့္လိုက္သည္။ “ငါ မင္းနဲ႔ ေတြ႕တဲ့အခ်ိန္တိုင္း၊ မင္းက ငါ့ကို မင္းရဲ႕ အ႐ွက္မဲ့မႈ အဆင့္သစ္တစ္ခုနဲ႔ အၿမဲတမ္း မိတ္ဆက္ေပးႏိုင္တယ္ေနာ္။”
“မင္းမွာ ငါ့ကို ဒီလို ေမးပိုင္ခြင့္ ႐ွိတယ္လို႔မ်ား ထင္ေနတာလား။ မင္းက ငါ့မိသားစုကို ၿပိဳကြဲပ်က္စီးသြားေအာင္ လုပ္ၿပီးတာေတာင္ ဒီလို ေမးရဲေသးတယ္ေပါ့ေလ။”
“မင္းအေဖအေၾကာင္းကို ငါ ေကာင္းေကာင္း မသိေပမယ့္ မင္းအေမအေၾကာင္း ငါ မင္းကို ေျပာျပခ်င္ေနတာ တစ္ခု႐ွိတယ္။”
“အဲ့ဒီအခ်ိန္တုန္းက၊ မင္းအေမက ငါ့ေယာကၡမေတြဆီက လီဝမ့္က်င္းကို ေပးခိုင္းတဲ့ ပိုက္ဆံေတြကို လက္ခံခဲ့ၿပီး သူမအတြက္ ပိုက္ဆံျဖတ္ယူထားခဲ့တဲ့အျပင္ ႏွစ္ေပါင္းမ်ားစြာ လီဝမ့္က်င္းကို အ႐ူးလုပ္ခဲ့တယ္။”
“ၿပီးေတာ့ အခု မင္းကိုပဲ ၾကည့္လိုက္ေလ။ မင္းက တရားမဝင္ ေငြ႐ွာၿပီး ငါ့ရဲ႕ကုန္အမွတ္တံဆိပ္ရဲ႕ နာမည္ဂုဏ္သတင္းကို ဖ်က္ဆီးဖို႔ ခ်ယ္ရီပန္းပြင့္ေဆးလုံးေတြကို အလွအပေဆးလုံးေတြအျဖစ္ ေရာင္းခ်ဖို႔ မင္း လုပ္ခဲ့တယ္။ အခု မင္းက ငါ့ကို ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုခ်င္တာလား။ ေသခ်ာတာကေတာ့ မင္းအေမနဲ႔ မင္းၾကားမွာ တူညီတဲ့အခ်က္ေတြ အမ်ားႀကီး ႐ွိေနတာပဲ။”
“မင္းေခါင္းထဲက အေတြးဆိုး အေတြးညစ္ေတြကို မင္း တစ္နည္းနည္းနဲ႔ ဖယ္႐ွားႏိုင္ၿပီး မင္း လူတစ္ေယာက္ျဖစ္လာႏိုင္ဖို႔ ငါ ေမွ်ာ္လင့္တယ္။”
“မင္း ငါ့ကို ဒီလိုအၾကည့္ေတြကို ၾကည့္ေနတာကို ရပ္ေပးႏိုင္မလား။ ငါက လီ႐ွစ္က်ီ မဟုတ္ဘူး။ မင္း ဒီလိုပုံစံနဲ႔ ငါ့ကို အ႐ူးမလုပ္ႏိုင္ဘူး။” က်န္းယာ့ေကာႏွင့္ သူမရဲ႕ ဝက္လိုသားအၾကား ဘာေတြ ျဖစ္ပ်က္ခဲ့သည္ကို သူမ မသိေသာ္လည္း အခုအခ်ိန္တြင္ သူက ဒီကို ေရာက္မလာသည့္အခ်က္ကို ၾကည့္ၿပီး သူမတို႔ႏွစ္ဦးသား လမ္းခြဲထားဖြယ္ရာ ႐ွိသည္။ ဒါေပမယ့္၊ သူမတို႔ႏွစ္ဦးၾကားက အ႐ႈပ္အ႐ွင္းေတြကို ေျဖ႐ွင္းၿပီးတဲ့အခ်ိန္က်ရင္ သူမတို႔ႏွစ္ေယာက္သား တစ္ေန႔မွာ ျပန္ဆုံႏိုင္ၾကမွာပင္။
“႐ွစ္က်ီ ဘယ္လိုေနလဲ မသိခ်င္ဘူးလား။” က်န္းယာ့ေကာက ေ႐ွ႕ေနာက္ မစဥ္းစားပဲ ေျပာခ်လိုက္သည္။ သူမမွာ ႐ွိေနသည့္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ မွန္သမွ်ကို သူမ ဆုပ္ကိုင္ထားလိမ့္မည္။
ဖန္႔ကြၽင္း႐ုံထံမွ သူမ ရ႐ွိခဲ့ေသာ တစ္ခုတည္းေသာ အေျဖမွာ သူမ ေနာက္ေက်ာခိုင္းထြက္ခြာသြားျခင္းပင္ ျဖစ္သည္။ အလြန္ျပတ္သားေနၿပီး သူမရဲ႕ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္အား ဖယ္႐ွားပစ္ခဲ့သည္။
က်န္းယာ့ေကာရဲ႕ ပါးျပင္ေပၚသို႔ မ်က္ရည္စက္မ်ား သြန္းၿဖိဳးလာခဲ့သည္။ ဖန္႔ကြၽင္း႐ုံက သူမကို ဘာျဖစ္လို႔ ဒီလို ဆက္ဆံရတာလဲ၊ သူမ တကယ့္ကို ဘာမွ မမွားခဲ့ဘူးေလ။ သူမ လိုခ်င္သမွ် အရာအားလုံးက ဒီလို ေအးစက္တဲ့ ၿမိဳ႕ေပၚမွာ သူမကိုယ္ပိုင္အိမ္တစ္လုံးနဲ႔ ေႏြးေထြးတဲ့ အမိုးအကာေလးတစ္ခု ရခ်င္႐ုံပါပဲ။ ဖန္႔ကြၽင္း႐ုံက အရမ္းခ်မ္းသာတယ္ေလ၊ ဒါေပမယ့္ ဘာျဖစ္လို႔ သူမအေပၚ နည္းနည္းေလာက္ ၾကင္နာေပးဖို႔ကို ျငင္းပယ္ခဲ့ရတာလဲ။ သူမ မိခင္ျဖစ္သူအေၾကာင္း ေျပာေနခ်ိန္မွာ ဖန္႔ကြၽင္း႐ုံက သူမကို ၾကည့္ခဲ့တဲ့ အထင္ေသးတဲ့ အၾကည့္ေတြကို ျပန္အမွတ္ရမိသည္။
ဖန္႔ကြၽင္း႐ုံက သူမကို သူမ မိခင္ျဖစ္သူရဲ႕ သမီးျဖစ္ေနတာေၾကာင့္ သူမကို မႀကိဳက္တာလား။ ဒါေပမယ့္ အဲ့တာက အရင္မ်ိဳးဆက္က ကိစၥရပ္ေတြ ျဖစ္ၿပီး သူမနဲ႔ ဘာမွ မဆိုင္ဘူးေလ။ သူမက အျပစ္ကင္းပါတယ္။
ဖန္႔ကြၽင္း႐ုံထံမွ လီ႐ွစ္က်ီရဲ႕ နာမည္ကို ၾကားလိုက္ရသည့္အခါမွာ သူမ နာက်င္သြားမိသည္။ သူမသည္ ဖန္႔ႂကြယ္မင္အား ေဆးဖက္ဝင္ေဆးခရင္မ္ကို ခြဲေပးဖို႔ မလုပ္ခဲ့ရင္ လီ႐ွစ္က်ီနဲ႔ လမ္းခြဲခဲ့မွာ မဟုတ္ဘူး၊ ဖန္႔ႂကြယ္မင္နဲ႔ ရင္းႏွီးေအာင္ မလုပ္ခဲ့ရင္ ဒီေန႔တြင္ ျဖစ္ပ်က္ခဲ့သည့္ အရာအားလုံးက ကြဲျပားသြားႏိုင္မလား။
သူမသည လီ႐ွစ္က်ီရဲ႕ ေကာင္မေလး ျဖစ္ေနေသးလွ်င္ သူမ အဖမ္းခံရရင္ေတာင္မွ ဖန္႔ကြၽင္း႐ုံက ႐ွစ္က်ီရဲ႕ မ်က္ႏွာေထာင္ၿပီး သူမကို နည္းနည္းေလာက္ ငဲ့ညႇာေပးေလာက္မလား။
က်န္းယာ့ေကာသည္ သူမကို အျခားသူေတြ ဘယ္လို ၾကည့္ေနၾကလဲ ဆိုတာကို သတိမျပဳမိပဲ အရမ္းဝမ္းနည္းေနခဲ့သည္။