ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.4K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-247
Ch-249
Ch-250

Ch-248

313 55 0
By Miracle_Phyu97

အခန်း (၂၄၈) – “ကျုံးရီတစ်ဦးတည်းကသာ ငါ့မွေးစားသမီးပဲ” (၂)

အဆိုပါ ဖြစ်ရပ်သည် လီဝမ့်ကျင်းနှင့် ကျန်းမိသားစုတို့၏ ရိဖန် ကော်ပိုရေးရှင်းနှစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ ဝယ်ယူသုံးစွဲသူများ၏ ဒေါသကို ဖြေဖျောက်နိုင်ရန်အတွက် ချယ်ရီပန်းပွင့်ဆေးလုံး အားလုံးကို ပြန်လည်သိမ်းဆည်းခဲ့ပြီး သူတို့အားလုံးကို ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ ချယ်ရီပန်းပွင့်ဆေးဗူး တစ်ဗူးလေး‌တောင် မကျန်ခဲ့ဘူး။

အခု ချယ်ရီပန်းပွင့်ဆေးလုံးတွေက စျေးကွက်မှာ ပြန်လည်ထွက်ပေါ်လာသဖြင့် တစ်ခုမဟုတ် တစ်ခုတော့ မှားနေခဲ့ပြီ။ တစ်ယောက်ယောက်ရဲ့ လက်ထဲတွင် ချယ်ရီပန်းပွင့်ဆေးလုံးဖော်မြူလာကို လက်ဝယ် ပိုင်ဆိုင်ထားပြီး ဤကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်သည် ကျန်းမိသားစုနှင့် မထူးမခြားနားပေ။

သို့မဟုတ် သူတို့သည် သူတို့ထုတ်ပြန်ကြေညာထားသည့်အတိုင်း ချယ်ရီပန်းပွင့်ဆေးလုံးများကို မဖျက်ဆီးတာလည်း ဖြစ်နိုင်သည်။

သူမမှာ ထင်မြင်ယူဆချက် များစွာ ရှိပေမယ့် သူမမှာ စောင့်ကြည့်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိသေးပေ။

***

ရဲတွေက သူမ မျှော်လင့်ထားသည့်ထက် ပိုမို မြန်ဆန်စွာ အရေးယူနိုင်ခဲ့ပြီး သူတို့ ဖမ်းဆီးရမိသူများထံမှ စကားဝှက်ကို ရယူပြီးနောက် ဝယ်ယူသုံးစွဲသူအဖြစ် ဟန်ဆောင်ပြီး ဆက်သွယ်ခဲ့သည်။ ငွေလဲလှယ်သည့်နေရာ၌ နောက်ထပ် လူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကုန်ပစ္စည်းအတု ပြုလုပ်သည့် နေရာတစ်ခုလုံးကို အောင်မြင်စွာ စီးနင်းနိုင်ခဲ့သည်။

ဖန့်ကျွင်းရုံသည် ရဲတွေထံမှ ထိုသတင်းကို ရရှိပြီးနောက် ချက်ချင်းပင် ရဲစခန်းသို့ အပြေးအလွှား သွားခဲ့သည်။ ဖန့်ကျွင်းရုံသည် ဘာဖြစ်နေတာလဲ ဆိုတာကို သိချင်နေခဲ့သည်။

သူမ ရောက်သွားတော့ ရဲတွေက ဖမ်းဆီးရမိသူတွေကို ညွှန်ပြခဲ့သည်။ သူတို့က ဒါဇင်ချီတဲ့ အုပ်စုကြီးတစ်ခုလို့ အစတုန်းက ထင်မြင်ယူဆခဲ့ကြပေမယ့် အဲ့ဒီ ကုန်ပစ္စည်းအတုလုပ်သည့်အဖွဲ့ဟာ ထင်မှတ်မထားလောက်အောင် သေးငယ်ပါသည်။ ဖန့်ကျွင်းရုံက ထိုအုပ်စုကို လှမ်းကြည့်လိုက်တော့ စုစုပေါင်းမှ လူငါးယောက်ကိုသာ တွေ့ရှိခဲ့သည်။ သူမနှင့် အဝေးဆုံးနေရာမှာ ထိုင်နေတဲ့ အမျိုးသမီးသည် အလွန်ဆံပင်ရှည်ပြီး ဆံပင်တွေက သူမမျက်နှာကို လုံခြုံနေအောင် ဖုံးအုပ်ထားသည်။ သူမရဲ့ ခန္ဓာကိုယ်ပုံပန်းကို ကြည့်ရတာ ရင်းနှီးသည့် အသွင်ရှိသည်။

ဆံပင်အဝါရောင် ဆိုးထားသည့် အသက်နှစ်ဆယ်ဝန်းကျင်လောက် ရှိသော အမျိုးသမီးတစ်ယောက်က ဝမ်းနည်းနာကျင်နေသော အသံဖြင့် မကျေမနပ် ပြောဆိုသည်၊ “ကျွန်မတို့က သူတို့ကို ချယ်ရီပန်းပွင့်ဆေးလုံးတွေကိုပဲ ရောင်းချခဲ့တာပါ။ ကိုယ်စားဝယ်ယူပေးသူတွေက ချယ်ရီပန်းပွင့်ဆေးလုံးတွေကို သူတို့ဖာသာ အလှအပဆေးလုံးတွေအဖြစ် နိုင်ငံခြားသားတွေကို ရောင်းချခဲ့တာ။ အဲ့တာက ဘယ်လိုလုပ်ပြီး ကျွန်မတို့အမှာ ဖြစ်နိုင်မှာလဲ။ ကျွန်မ ပြောတာ မှန်တယ်မလား၊ ယာ့ကော နင် ပြောလိုက်ပါဦး။”

သူမက ဘေးနားမှာ ထိုင်နေသော အမျိုးသမီးကို လှည့်ကြည့်ပြီး‌ မေးလိုက်သည်။

ယာ့ကောလား။

တစ်စုံတစ်ရာက ဖန့်ကျွင်းရုံအတွေးထဲ ချဥ်းနင်းဝင်ရောက်လာသည်။ ကျန်းယာ့ကောလား။

အစွန်ဘေးနားမှာ ထိုင်နေသော အမျိုးသမီးကို သူမက အေးဆေးတည်ငြိမ်စွာ လှမ်းမေးသည်၊ “အဲ့တာ မင်းလား၊ ယာ့ကော”

တစ်ချိန်လုံး နှုတ်ဆိတ်နေသော ကျန်းယာ့ကောသည် ခေါင်းငုံ့နေရာမှ မော့ကြည့်လိုက်သည်။ သူမသည် ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့နေပုံပေါ်ပေမယ့် အလွန်စိတ်ဆိုးနေပုံလည်း ရသည်။

ကျန်းယာ့ကောသည် မိမိကိုယ်မိမိ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း သူမသည် ဖန့်ကျွင်းရုံနှင့် ထပ်မံတွေ့ဆုံသည့်အခါတွင် သူမရဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားသည့်စိတ်ဟာ သူမတို့ ပထမဆုံး စတွေ့ဆုံသည့်အချိန်ကလိုပင် သူ့အလိုလိုနေရင်း သိမ်ငယ်စိတ်ဝင်လာခဲ့သည်။ သူမသည် ဖန့်ကြွယ်မင်နှင့် လမ်းခွဲပြီးနောက် တစ်ချိန်က သူမရဲ့ အချစ်အသိုက်အမြုံကို စွန့်ခွာခဲ့ရသည်။ ဖန့်ကြွယ်မင်သည် အကြင်နာတရား ကင်းမဲ့သူဖြစ်ပြီး သူက ထိုတိုက်ခန်းကို ချက်ချင်း ရောင်းချပြီး ထွက်ခွာသွားခဲ့သည်။ ကျန်းယာ့ကောနှင့် ပြန်တွဲဖို့ လုံးဝ အစီအစဥ်မရှိပဲ နောက်ပြန်လှည့်မကြည့်စမ်း ချန်ရစ်ခဲ့သည်။ ကျန်းယာ့ကောသည် သူမအသိစိတ် တစ်ခုလုံး ပျောက်ဆုံးကုန်ပြီး သူမတို့ရဲ့ ဆက်ဆံရေးအကြောင်းကို အွန်လိုင်းပေါ်တွင်တင်ပြီး သူ့ကို ဖိအားပေးဖို့ ကြံစည်ခဲ့သည်။ သို့ရာတွင် သူမ ပို့စ်တင်ပြီးသည်နှင့် သူမဟာ ကြယ်ပွင့်နောက်ကို လိုက်ရင်း စိတ်ကူးယဥ်လောကထဲမှာ ပိတ်မိနေတယ်လို့ပင် အလှောင်ပြောင်ခံလိုက်ရသည်။ သူမသည် ဖန့်ကြွယ်မင်နှင့် တစ်ချိန်တုန်းက ချိန်းတွေ့ဖူးတယ်လို့ ပြောတာကို မည်သူမျှ မယုံကြည်နိုင်ကြသည့်အပြင် ဟိုးယခင်ကပင် သူမလက်ကိုင်ဖုန်းထဲမှ သူတို့အတူ ရိုက်ထားသော ဓာတ်ပုံများကို ဖန့်ကြွယ်မင်မှ ဖျက်ပစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

ကျန်းယာ့ကောသည် သူမမှာ သွားစရာ နေရာ မရှိသည့်အပြင် လီရှစ်ကျီထံ ပြန်သွားဖို့ရန်အတွက်လည်း မဝံ့မရဲ ဖြစ်နေသောကြောင့် သူမဖာသာ တိုက်ခန်းငှားနေရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ သူမ လက်ထဲတွင် ပိုက်ဆံနည်းနည်း ရှိပေမယ့် ပိုက်ဆံကုန်သွားမှာကို စိုးရိမ်ရသဖြင့် သူမ အလုပ်တစ်ခု ရှာဖွေဖို့ လိုအပ်သည်။ ချမ်းချမ်းသာသာ နေထိုင်ရာကနေ ဆင်းဆင်းရဲရဲ ဘဝသို့ ပြန်ပြီး နေထိုင်ရတာ ခက်ခဲလှသည်။ ဒါ့အပြင်၊ ကောလိပ်မှ ထွက်သူ တစ်ဦးအနေဖြင့် အလုပ်တစ်ခု ရရှိရန် အလွန်ခက်ခဲပြီး စားပွဲထိုးဖြစ်ဖို့ပင် မလွယ်ကူပေ။

အလှအပဆေးလုံးနှင့် ဆံပင်ကြီးထွားဆေးခရင်မ်တို့ဟာ နိုင်ငံရပ်ခြားတွင် နာမည်ကြီး လူကြိုက်များနေတာကို မြင်လိုက်ရသောအခါ သူမသည် ကိုယ်စား ဝယ်ယူပေးသူ ဖြစ်လာရန် စိတ်ကူးရှိခဲ့သည်။ သို့ရာတွင် သူမမှာ နိုင်ငံတွင်းမှ ထွက်ခွာဖို့ ဗီဇာရှိရန် လိုအပ်ပြီး သူမရဲ့ လက်ရှိအခြေအနေတွင် ဗီဇာအမြန်ရဖို့ တတ်နိုင်သည့် အခြေအနေ မရှိပေ။ သူမသည် ချယ်ရီပန်းပွင့်ဆေးလုံးများအကြောင်း အမှတ်ရပြီး ကျန်းပိထံ ဖုန်းခေါ်ခဲ့သည်။

ကျန်းပိက သူမ ဖုန်းခေါ်တော့ ဖုန်းချဖို့ လုပ်ပေမယ့် အံ့သြစရာကောင်းစွာပင် သူမကို ချယ်ရီပန်းပွင့်ဆေးလုံးတွေ အကုန်လုံးကို အခမဲ့ပေးဖို့ သဘောတူညီခဲ့သည်။

ထိုထုတ်ကုန်တွေကို လက်ဝယ် ရရှိခဲ့သဖြင့် ကျန်းယာ့ကောသည် သူတို့ကို စျေးကောင်းကောင်းဖြင့် ရောင်းချနိုင်မည်ဟု တွေးထင်ခဲ့သည်။ သူမသာ ဒီဆေးလုံးတွေကို အကုန်ရောင်းချနိုင်ရင်၊ မြို့ဆင်ခြေဖုံးရပ်ကွယ်မှ အိမ်တစ်လုံး ဝယ်နိုင်လိမ့်မည်။ အနည်းဆုံးတော့ နောင်အနာဂတ်မှာ သူမမှာ နေစရာ နေရာတစ်ခု ရှိလာလိမ့်မည်။

ဒီလောက် မြန်မြန် အဖမ်းခံရလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ ပြီးတော့ လွန်ခဲ့တဲ့ နာရီဝက်အကြာက သူမကို စစ်ဆေးမေးမြန်းနေသည့်အချိန်မှာ ကျန်းပိအမည်အား ထုတ်ဖော်ခဲ့သည်။ ကျန်းပိသည် ရဲစခန်းသို့ ရောက်လာခဲ့ပြီး ထိုကိစ္စအတွက် သူတို့ ယခင်က ခင်မင်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိုပစ္စည်းများကို အခမဲ့ပေးခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒါတွေကို သူမက ကုန်ပစ္စည်းအတုအဖြစ် နိုင်ငံရပ်ခြားသို့ ရောင်းချလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူးလို့ ဆိုသည်။

ထို့ကြောင့် ကျန်းပိဟာ ထိုကိစ္စမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပြီး သူတို့လူနည်းစုသာ ရဲစခန်းမှာ ကျန်ရစ်ခဲ့သဖြင့် ခြေကုန် လက်ပန်းကျနေခဲ့သည်။

ဖန့်ကျွင်းရုံကို မော့ကြည့်လိုက်သည့် ကျန်းယာ့ကောရဲ့ နှုတ်ခမ်းတွေက အနည်းငယ် လှုပ်ရှားသွားသည်။ ကျန်းယာ့ကောက သူမကို အမေလို့ ရဲရဲတင်းတင်း ခေါ်ချင်နေပုံရသည်။

အဲ့ဒါကို သတိထားလိုက်မိသည့် ဖန့်ကျွင်းရုံက သူမစကားကို ကြားဖြတ်ပြောလိုက်၏ “မင်းကို ဒီထက်ပိုပြီး မနှစ်မြို့အောင် မလုပ်နဲ့။ အဲ့ဒီအသုံးအနှုန်းက မင်းခေါ်ဖို့ မဟုတ်ဘူး။”

“ငါ့မှာ မွေးစားသမီးဆိုလို့ ကျုံးရီတစ်ယောက်ပဲ ရှိတယ်။”

***

Zawgyi

အခန္း (၂၄၈) – “က်ံဳးရီတစ္ဦးတည္းကသာ ငါ့ေမြးစားသမီးပဲ” (၂)

အဆိုပါ ျဖစ္ရပ္သည္ လီဝမ့္က်င္းႏွင့္ က်န္းမိသားစုတို႔၏ ရိဖန္ ေကာ္ပိုေရး႐ွင္းႏွစ္ခုလုံးရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစခဲ့သည္။ ဝယ္ယူသုံးစြဲသူမ်ား၏ ေဒါသကို ေျဖေဖ်ာက္ႏိုင္ရန္အတြက္ ခ်ယ္ရီပန္းပြင့္ေဆးလုံး အားလုံးကို ျပန္လည္သိမ္းဆည္းခဲ့ၿပီး သူတို႔အားလုံးကို ဖ်က္ဆီးခဲ့ေၾကာင္း ေၾကညာခဲ့သည္။ ခ်ယ္ရီပန္းပြင့္ေဆးဗူး တစ္ဗူးေလး‌ေတာင္ မက်န္ခဲ့ဘူး။

အခု ခ်ယ္ရီပန္းပြင့္ေဆးလုံးေတြက ေစ်းကြက္မွာ ျပန္လည္ထြက္ေပၚလာသျဖင့္ တစ္ခုမဟုတ္ တစ္ခုေတာ့ မွားေနခဲ့ၿပီ။ တစ္ေယာက္ေယာက္ရဲ႕ လက္ထဲတြင္ ခ်ယ္ရီပန္းပြင့္ေဆးလုံးေဖာ္ျမဴလာကို လက္ဝယ္ ပိုင္ဆိုင္ထားၿပီး ဤကဲ့သို႔ စက္ဆုပ္ဖြယ္ေကာင္းေသာ လုပ္ရပ္သည္ က်န္းမိသားစုႏွင့္ မထူးမျခားနားေပ။

သို႔မဟုတ္ သူတို႔သည္ သူတို႔ထုတ္ျပန္ေၾကညာထားသည့္အတိုင္း ခ်ယ္ရီပန္းပြင့္ေဆးလုံးမ်ားကို မဖ်က္ဆီးတာလည္း ျဖစ္ႏိုင္သည္။

သူမမွာ ထင္ျမင္ယူဆခ်က္ မ်ားစြာ ႐ွိေပမယ့္ သူမမွာ ေစာင့္ၾကည့္႐ုံမွလြဲ၍ အျခားေ႐ြးခ်ယ္စရာ မ႐ွိေသးေပ။

***

ရဲေတြက သူမ ေမွ်ာ္လင့္ထားသည့္ထက္ ပိုမို ျမန္ဆန္စြာ အေရးယူႏိုင္ခဲ့ၿပီး သူတို႔ ဖမ္းဆီးရမိသူမ်ားထံမွ စကားဝွက္ကို ရယူၿပီးေနာက္ ဝယ္ယူသုံးစြဲသူအျဖစ္ ဟန္ေဆာင္ၿပီး ဆက္သြယ္ခဲ့သည္။ ေငြလဲလွယ္သည့္ေနရာ၌ ေနာက္ထပ္ လူတစ္ဦးကို ဖမ္းဆီးႏိုင္ခဲ့ၿပီး ကုန္ပစၥည္းအတု ျပဳလုပ္သည့္ ေနရာတစ္ခုလုံးကို ေအာင္ျမင္စြာ စီးနင္းႏိုင္ခဲ့သည္။

ဖန္႔ကြၽင္း႐ုံသည္ ရဲေတြထံမွ ထိုသတင္းကို ရ႐ွိၿပီးေနာက္ ခ်က္ခ်င္းပင္ ရဲစခန္းသို႔ အေျပးအလႊား သြားခဲ့သည္။ ဖန္႔ကြၽင္း႐ုံသည္ ဘာျဖစ္ေနတာလဲ ဆိုတာကို သိခ်င္ေနခဲ့သည္။

သူမ ေရာက္သြားေတာ့ ရဲေတြက ဖမ္းဆီးရမိသူေတြကို ၫႊန္ျပခဲ့သည္။ သူတို႔က ဒါဇင္ခ်ီတဲ့ အုပ္စုႀကီးတစ္ခုလို႔ အစတုန္းက ထင္ျမင္ယူဆခဲ့ၾကေပမယ့္ အဲ့ဒီ ကုန္ပစၥည္းအတုလုပ္သည့္အဖြဲ႕ဟာ ထင္မွတ္မထားေလာက္ေအာင္ ေသးငယ္ပါသည္။ ဖန္႔ကြၽင္း႐ုံက ထိုအုပ္စုကို လွမ္းၾကည့္လိုက္ေတာ့ စုစုေပါင္းမွ လူငါးေယာက္ကိုသာ ေတြ႕႐ွိခဲ့သည္။ သူမႏွင့္ အေဝးဆုံးေနရာမွာ ထိုင္ေနတဲ့ အမ်ိဳးသမီးသည္ အလြန္ဆံပင္႐ွည္ၿပီး ဆံပင္ေတြက သူမမ်က္ႏွာကို လုံျခဳံေနေအာင္ ဖုံးအုပ္ထားသည္။ သူမရဲ႕ ခႏၶာကိုယ္ပုံပန္းကို ၾကည့္ရတာ ရင္းႏွီးသည့္ အသြင္႐ွိသည္။

ဆံပင္အဝါေရာင္ ဆိုးထားသည့္ အသက္ႏွစ္ဆယ္ဝန္းက်င္ေလာက္ ႐ွိေသာ အမ်ိဳးသမီးတစ္ေယာက္က ဝမ္းနည္းနာက်င္ေနေသာ အသံျဖင့္ မေက်မနပ္ ေျပာဆိုသည္၊ “ကြၽန္မတို႔က သူတို႔ကို ခ်ယ္ရီပန္းပြင့္ေဆးလုံးေတြကိုပဲ ေရာင္းခ်ခဲ့တာပါ။ ကိုယ္စားဝယ္ယူေပးသူေတြက ခ်ယ္ရီပန္းပြင့္ေဆးလုံးေတြကို သူတို႔ဖာသာ အလွအပေဆးလုံးေတြအျဖစ္ ႏိုင္ငံျခားသားေတြကို ေရာင္းခ်ခဲ့တာ။ အဲ့တာက ဘယ္လိုလုပ္ၿပီး ကြၽန္မတို႔အမွာ ျဖစ္ႏိုင္မွာလဲ။ ကြၽန္မ ေျပာတာ မွန္တယ္မလား၊ ယာ့ေကာ နင္ ေျပာလိုက္ပါဦး။”

သူမက ေဘးနားမွာ ထိုင္ေနေသာ အမ်ိဳးသမီးကို လွည့္ၾကည့္ၿပီး‌ ေမးလိုက္သည္။

ယာ့ေကာလား။

တစ္စုံတစ္ရာက ဖန္႔ကြၽင္း႐ုံအေတြးထဲ ခ်ဥ္းနင္းဝင္ေရာက္လာသည္။ က်န္းယာ့ေကာလား။

အစြန္ေဘးနားမွာ ထိုင္ေနေသာ အမ်ိဳးသမီးကို သူမက ေအးေဆးတည္ၿငိမ္စြာ လွမ္းေမးသည္၊ “အဲ့တာ မင္းလား၊ ယာ့ေကာ”

တစ္ခ်ိန္လုံး ႏႈတ္ဆိတ္ေနေသာ က်န္းယာ့ေကာသည္ ေခါင္းငုံ႔ေနရာမွ ေမာ့ၾကည့္လိုက္သည္။ သူမသည္ ယခင္ကကဲ့သို႔ ႏူးညံ့သိမ္ေမြ႕ေနပုံေပၚေပမယ့္ အလြန္စိတ္ဆိုးေနပုံလည္း ရသည္။

က်န္းယာ့ေကာသည္ မိမိကိုယ္မိမိ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားခဲ့ေသာ္လည္း သူမသည္ ဖန္႔ကြၽင္း႐ုံႏွင့္ ထပ္မံေတြ႕ဆုံသည့္အခါတြင္ သူမရဲ႕ ကိုယ့္ကိုယ္ကိုယ္ အထင္ႀကီးေလးစားသည့္စိတ္ဟာ သူမတို႔ ပထမဆုံး စေတြ႕ဆုံသည့္အခ်ိန္ကလိုပင္ သူ႕အလိုလိုေနရင္း သိမ္ငယ္စိတ္ဝင္လာခဲ့သည္။ သူမသည္ ဖန္႔ႂကြယ္မင္ႏွင့္ လမ္းခြဲၿပီးေနာက္ တစ္ခ်ိန္က သူမရဲ႕ အခ်စ္အသိုက္အျမဳံကို စြန္႔ခြာခဲ့ရသည္။ ဖန္႔ႂကြယ္မင္သည္ အၾကင္နာတရား ကင္းမဲ့သူျဖစ္ၿပီး သူက ထိုတိုက္ခန္းကို ခ်က္ခ်င္း ေရာင္းခ်ၿပီး ထြက္ခြာသြားခဲ့သည္။ က်န္းယာ့ေကာႏွင့္ ျပန္တြဲဖို႔ လုံးဝ အစီအစဥ္မ႐ွိပဲ ေနာက္ျပန္လွည့္မၾကည့္စမ္း ခ်န္ရစ္ခဲ့သည္။ က်န္းယာ့ေကာသည္ သူမအသိစိတ္ တစ္ခုလုံး ေပ်ာက္ဆုံးကုန္ၿပီး သူမတို႔ရဲ႕ ဆက္ဆံေရးအေၾကာင္းကို အြန္လိုင္းေပၚတြင္တင္ၿပီး သူ႕ကို ဖိအားေပးဖို႔ ၾကံစည္ခဲ့သည္။ သို႔ရာတြင္ သူမ ပို႔စ္တင္ၿပီးသည္ႏွင့္ သူမဟာ ၾကယ္ပြင့္ေနာက္ကို လိုက္ရင္း စိတ္ကူးယဥ္ေလာကထဲမွာ ပိတ္မိေနတယ္လို႔ပင္ အေလွာင္ေျပာင္ခံလိုက္ရသည္။ သူမသည္ ဖန္႔ႂကြယ္မင္ႏွင့္ တစ္ခ်ိန္တုန္းက ခ်ိန္းေတြ႕ဖူးတယ္လို႔ ေျပာတာကို မည္သူမွ် မယုံၾကည္ႏိုင္ၾကသည့္အျပင္ ဟိုးယခင္ကပင္ သူမလက္ကိုင္ဖုန္းထဲမွ သူတို႔အတူ ႐ိုက္ထားေသာ ဓာတ္ပုံမ်ားကို ဖန္႔ႂကြယ္မင္မွ ဖ်က္ပစ္ခဲ့သည္မွာ ၾကာၿပီ ျဖစ္သည္။

က်န္းယာ့ေကာသည္ သူမမွာ သြားစရာ ေနရာ မ႐ွိသည့္အျပင္ လီ႐ွစ္က်ီထံ ျပန္သြားဖို႔ရန္အတြက္လည္း မဝံ့မရဲ ျဖစ္ေနေသာေၾကာင့္ သူမဖာသာ တိုက္ခန္းငွားေနရန္မွလြဲ၍ အျခား ေ႐ြးခ်ယ္စရာ မ႐ွိေပ။ သူမ လက္ထဲတြင္ ပိုက္ဆံနည္းနည္း ႐ွိေပမယ့္ ပိုက္ဆံကုန္သြားမွာကို စိုးရိမ္ရသျဖင့္ သူမ အလုပ္တစ္ခု ႐ွာေဖြဖို႔ လိုအပ္သည္။ ခ်မ္းခ်မ္းသာသာ ေနထိုင္ရာကေန ဆင္းဆင္းရဲရဲ ဘဝသို႔ ျပန္ၿပီး ေနထိုင္ရတာ ခက္ခဲလွသည္။ ဒါ့အျပင္၊ ေကာလိပ္မွ ထြက္သူ တစ္ဦးအေနျဖင့္ အလုပ္တစ္ခု ရ႐ွိရန္ အလြန္ခက္ခဲၿပီး စားပြဲထိုးျဖစ္ဖို႔ပင္ မလြယ္ကူေပ။

အလွအပေဆးလုံးႏွင့္ ဆံပင္ႀကီးထြားေဆးခရင္မ္တို႔ဟာ ႏိုင္ငံရပ္ျခားတြင္ နာမည္ႀကီး လူႀကိဳက္မ်ားေနတာကို ျမင္လိုက္ရေသာအခါ သူမသည္ ကိုယ္စား ဝယ္ယူေပးသူ ျဖစ္လာရန္ စိတ္ကူး႐ွိခဲ့သည္။ သို႔ရာတြင္ သူမမွာ ႏိုင္ငံတြင္းမွ ထြက္ခြာဖို႔ ဗီဇာ႐ွိရန္ လိုအပ္ၿပီး သူမရဲ႕ လက္႐ွိအေျခအေနတြင္ ဗီဇာအျမန္ရဖို႔ တတ္ႏိုင္သည့္ အေျခအေန မ႐ွိေပ။ သူမသည္ ခ်ယ္ရီပန္းပြင့္ေဆးလုံးမ်ားအေၾကာင္း အမွတ္ရၿပီး က်န္းပိထံ ဖုန္းေခၚခဲ့သည္။

က်န္းပိက သူမ ဖုန္းေခၚေတာ့ ဖုန္းခ်ဖို႔ လုပ္ေပမယ့္ အံ့ၾသစရာေကာင္းစြာပင္ သူမကို ခ်ယ္ရီပန္းပြင့္ေဆးလုံးေတြ အကုန္လုံးကို အခမဲ့ေပးဖို႔ သေဘာတူညီခဲ့သည္။

ထိုထုတ္ကုန္ေတြကို လက္ဝယ္ ရ႐ွိခဲ့သျဖင့္ က်န္းယာ့ေကာသည္ သူတို႔ကို ေစ်းေကာင္းေကာင္းျဖင့္ ေရာင္းခ်ႏိုင္မည္ဟု ေတြးထင္ခဲ့သည္။ သူမသာ ဒီေဆးလုံးေတြကို အကုန္ေရာင္းခ်ႏိုင္ရင္၊ ၿမိဳ႕ဆင္ေျခဖုံးရပ္ကြယ္မွ အိမ္တစ္လုံး ဝယ္ႏိုင္လိမ့္မည္။ အနည္းဆုံးေတာ့ ေနာင္အနာဂတ္မွာ သူမမွာ ေနစရာ ေနရာတစ္ခု ႐ွိလာလိမ့္မည္။

ဒီေလာက္ ျမန္ျမန္ အဖမ္းခံရလိမ့္မယ္လို႔ သူမ မထင္ထားခဲ့ဘူး။ ၿပီးေတာ့ လြန္ခဲ့တဲ့ နာရီဝက္အၾကာက သူမကို စစ္ေဆးေမးျမန္းေနသည့္အခ်ိန္မွာ က်န္းပိအမည္အား ထုတ္ေဖာ္ခဲ့သည္။ က်န္းပိသည္ ရဲစခန္းသို႔ ေရာက္လာခဲ့ၿပီး ထိုကိစၥအတြက္ သူတို႔ ယခင္က ခင္မင္ရင္းႏွီးမႈအေပၚ အေျခခံ၍ ထိုပစၥည္းမ်ားကို အခမဲ့ေပးခဲ့တာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ဒါေတြကို သူမက ကုန္ပစၥည္းအတုအျဖစ္ ႏိုင္ငံရပ္ျခားသို႔ ေရာင္းခ်လိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားဘူးလို႔ ဆိုသည္။

ထို႔ေၾကာင့္ က်န္းပိဟာ ထိုကိစၥမွ ကြင္းလုံးကြၽတ္ လြတ္ေျမာက္ခဲ့ၿပီး သူတို႔လူနည္းစုသာ ရဲစခန္းမွာ က်န္ရစ္ခဲ့သျဖင့္ ေျခကုန္ လက္ပန္းက်ေနခဲ့သည္။

ဖန္႔ကြၽင္း႐ုံကို ေမာ့ၾကည့္လိုက္သည့္ က်န္းယာ့ေကာရဲ႕ ႏႈတ္ခမ္းေတြက အနည္းငယ္ လႈပ္႐ွားသြားသည္။ က်န္းယာ့ေကာက သူမကို အေမလို႔ ရဲရဲတင္းတင္း ေခၚခ်င္ေနပုံရသည္။

အဲ့ဒါကို သတိထားလိုက္မိသည့္ ဖန္႔ကြၽင္း႐ုံက သူမစကားကို ၾကားျဖတ္ေျပာလိုက္၏ “မင္းကို ဒီထက္ပိုၿပီး မႏွစ္ၿမိဳ႕ေအာင္ မလုပ္နဲ႔။ အဲ့ဒီအသုံးအႏႈန္းက မင္းေခၚဖို႔ မဟုတ္ဘူး။”

“ငါ့မွာ ေမြးစားသမီးဆိုလို႔ က်ံဳးရီတစ္ေယာက္ပဲ ႐ွိတယ္။”

Continue Reading

You'll Also Like

12.4K 2.1K 26
Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
4.6K 422 15
ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်)
509K 34.2K 31
story description>>>>> start-5/10/2021 end-1/1/2022