ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

46.9K 5.4K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-246
Ch-248
Ch-249
Ch-250
Ch-251
Ch-252/253/254
Ch-255/256/257
Ch-258/259/260

Ch-247

428 63 0
By Miracle_Phyu97

အခန်း (၂၄၇) – “ကျုံးရီတစ်ဦးတည်းကသာ ငါ့မွေးစားသမီးပဲ” (၁)

တရုတ်နိုင်ငံရှိ သူမရဲ့ ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲသူတွေကိုလည်း မျက်နှာသာပေးရန် လိုအပ်ပြီး မည်သူ့ကိုမှ မျက်နှာသာပိုမပေးသင့်ပါ။

ဖန့်ကျွင်းရုံသည် တရုတ်နိုင်ငံရှိ သူမရဲ့ လက်အောက်ငယ်သားများနှင့် ဗီဒီယိုအစည်းအဝေး ထိုင်ခဲ့ပြီးနောက် ဝီချက်တွင် ကြော်ငြာချက် ထုတ်ပြန်ခဲ့သည် - “မိန်ဖုန့်ကော်ပိုရေးရှင်းမှ အလှအပဆေးလုံးနှင့် ဆံပင်ကြီးထွားဆေးခရင်မ်တို့ကို ယခုလက်ရှိ ဗူးရေ တစ်သောင်းဆီ ဖြန့်ချိရာကနေ ဗူးရေ နှစ်သောင်းအထိ တိုးမြှင့်ဖြန့်ချိပေးမှာဖြစ်ပြီး ကံစမ်းမဲဖြင့် အမြန်ရောင်းချသည့် အစီအစဥ်တွင်လည်း ဗူးရေ နှစ်သောင်းအထိ တိုးမြှင်းရောင်းချပေးမှာပဲ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ဖောက်သည်အသစ်နှင့် အဟောင်းတွေအတွက် လာမည့်နှစ်ပတ်အတွင်း ဝယ်ယူရရှိမည့် မိန်ဖုန့်ကော်ပိုရေးရှင်းရဲ့ ထုတ်ကုန်များကို ၁၀ ရာခိုင်နှုန်း လျှော့စျေးပေးသွားမှာပဲ ဖြစ်သည်။”

ဒီအကျိုးခံစားခွင့်က အလွန်ကောင်းမွန်ပြီး ပြည်တွင်းစျေးဝယ်သူများ၏ နာကြည်းမှုကို အနည်းငယ် ဖြေလျှော့ပေးရာ ရောက်သည်။ နေ့တိုင်း သူမရဲ့ ဝေ့ပေါ်အကောင့်အောက်မှာ လူတော်တော်များများက အဲ့ဒီထုတ်ကုန်နှစ်ခုကို ဝယ်လို့ မရဘူး ကုန်သွားတာ မြန်တယ်လို့ လာရောက် ညည်းညူကြပြီး စတိုးဆိုင်ပေါ်သို့ မြန်မြန်တင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အမြဲလိုလို လာရောက် ညည်းညူကြသည်။ ကြော်ငြာချက် ထုတ်ပြန်ပြီး နှစ်နာရီအကြာမှာတော့ ဖန့်ကျွင်းရုံဟာ မှတ်ချက်များ ဖတ်ရှုရန် လိုင်းပေါ်တက်ခဲ့သည်။ အလွန်အကျူး ချီးကျုးပြောဆိုမည့် စကားများကို မြင်ရမည်ဟု သူမ ထင်ခဲ့သော်လည်း ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုက အနည်းငယ် လွဲချော်သွားပုံပေါ်သည်။

[သူမ ရောက်လာပြီ၊ သူမ ရောက်လာပြီ၊ သူမ ကံစမ်းမဲအစီအစဥ် လုပ်ပေးပြီ။ ငါတို့နိုင်ငံရဲ့ ကံစမ်းမဲ မူဝါဒအောက်မှာ တစ်ကမ္ဘာလုံးမှ လူတွေ တုန်လှုပ်ကြပါစေ။]

[ငါ ကံစမ်းမဲအစီအစဥ် ထပ်လုပ်ပေးလိမ့်မယ်လို့ သိနေတယ်။ ဒါကမှ ဖန့်ကျွင်းရုံပဲလေ။ သူမနေရာကို ဘယ်သူမှ အစားမထိုးနိုင်ဘူး။]

[ဟားဟားဟား၊ နိုင်ငံရပ်ခြား ဝယ်ယူသုံးစွဲသူတွေကလည်း ငါတို့နှင့်အတူ အမြန်လုဝယ်ရမယ် ဆိုတဲ့ အတွေးက ငါ့ကို ထူးထူးခြားခြား နှစ်သိမ့်မှု ပေးတယ်။ ဟုတ်တယ်၊ ငါတို့ တစ်ယောက်တည်း စိတ်ဆင်းရဲ မခံနိုင်ဘူး။ သွားကြစို့၊ အမြန်လုဝယ်တဲ့စနစ် ကမ္ဘာ ကျော်သွားပါစေ။]

[အမှန်တရားရဲ့ အချိန်အခါ ရောက်ရှိလာပြီ။ ကံစမ်းမဲ အစီအစဥ်မှာ အမြန်လုဝယ်နိုင်ဖို့အတွက် လောကုတ္တရာနည်းလမ်းများစွာကို ငါ တီထွင်ခဲ့တယ်။ ငါ့ရဲ့ အကြိုက်ဆုံးနည်းလမ်းက ငါ့အတွက် မဲနှိုက်ဖို့ ငါ့ကြောင်လေးရဲ့ ခြေဖဝါးလေးကို အသုံးပြုပြီး ဝယ်ယူရတာကိုပဲ။ အခု ငါ့ကြောင်လေးက ငါ့ကို မြင်တာနဲ့ ပြေးနေခဲ့ပြီ။ ငါတို့ရဲ့ နိုင်ငံရပ်ခြား သူငယ်ချင်းတွေက မဲနှိုက်ပြီး ဝယ်ယူတဲ့ နည်းလမ်းတွေကို ပိုပြီး ဖန်တီးနိုင်မလား ဆိုတာကို ငါ တွေးမိတယ်။]

ဖန့်ကျွင်းရုံ “… …”

ဒီအင်တာနက် အသုံးပြုသူတွေက သူမကို ပိုပြီး ချီးကျူးပြောဆိုကြလိမ့်မယ်လို့ သူမ ထင်ခဲ့ပေမယ့် ဒီလိုတွေက ကံစမ်းမဲ အစီအစဥ် လုပ်ပေးတာကိုပဲ ပိုအာရုံစိုက်မိကြသည်။ ထို့ကြောင့် သူမရဲ့ ထုတ်ပြန်ချက်အသစ်ကို ပြန်လည်အသိပေးလိုစိတ် ပြင်းပြလာခဲ့သည်။ ဒါမှမဟုတ် သူမတို့ရဲ့ မျိုးရိုးစဥ်ဆက် ကွာဟချက်ကြောင့်လား။

အဲ့တာတွေ အားလုံးနှင့် နှိုင်းယှဥ်လျှင် ပစ္စည်းတုတွေကို ဂရုစိုက်တာက ထိပ်တန်း ဦးစားပေးပါပဲ။ အဖမ်းခံခဲ့ရတဲ့ မိန်းကလေးက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သိပ်မရှိတာကြောင့် ကြံရာပါအချို့ကို အမြန်ဝန်ခံခဲ့သည်။ ဝိုင်နိုင်ငံတွင် ကောင်တာအသစ်ကို အခုမှ စတင်ဖွင့်လှစ်တာ ဖြစ်ပြီး အနည်းဆုံး ၁၀ရက် ဝန်းကျင်ခန့်သာ ရှိသေးတာကြောင့် သူတို့ရဲ့ ပစ္စည်းတုတွေကို စျေးကွက်အတွင်း ခြေချဝင်ရောက်နိုင်ဖို့ အခွင့်အရေး မရသေးပေ။

သူတို့ထံမှ သိမ်းဆည်းရရှိထားသည့် ပစ္စည်းများအရ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့ ရောင်းချ၍ ရရှိသည့် ပမာဏသည် ယွမ် ၁၇၀,၀၀၀ ဝန်းကျင်သာ ရှိသေးသည်။

ဖန့်ကျွင်းရုံသည် သူမရဲ့ ကိုယ်ပိုင်ရှေ့နေ့အဖွဲ့နှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံရဲ့ ဥပဒေအရ သူတို့ကို ထောင်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်ပြီး ဒဏ်ငွေမှာ အရောင်းပမာဏ၏ ငါးဆယ် ရာခိုင်နှုန်းကနေ နှစ်ဆအထိ ကောက်ခံနိုင်သည်။

အဲ့ဒီလူတွေ သူမရှေ့မှာ ဘယ်လောက်ပဲ နောင်တရပါတယ် ပြောပြော ဖန့်ကျွင်းရုံက သူတို့ကို သနားကြင်နာခြင်း မရှိပေ။ သူမသာ သူတို့ကို မတွေ့ခဲ့ရင် သူမကုမ္ပဏီရဲ့ နာမည်ပျက်သွားလိမ့်မည်။ ထို့နောက် သူမတို့ရဲ့ ထုတ်ကုန် အမှတ်တံဆိပ် နာမည်ဂုဏ်သတင်းကို ပြန်လည်တည်ဆောက်ရန် ငွေကြေးပမာဏ တစ်ခုအထိ ကုန်ကျလိမ့်မည် ဖြစ်သည်။

ပိုအရေးကြီးတာက ဒီပစ္စည်းအတုတွေကို ဘယ်က ရရှိခဲ့တာလဲ။ ဒီပစ္စည်းတုတွေရဲ့ ကုန်စည် အရင်းအမြစ်က တရုတ်နိုင်ငံကနေ ရရှိတာဖြစ်ပြီး သူတို့မှာ ကိုယ်ပိုင်ကုန်သွယ်မှု တည်နေရာတွေ ရှိကြသည်။ သူတို့ ပြောဆိုခဲ့တာတွေအရ သူတို့ဟာ ယခင်က ကိုယ်စား စျေးဝယ်ပေးသူတွေအဖြစ် လုပ်ကိုင်ခဲ့ကြပြီး အလှအပဆေးလုံးနှင့် ဆံပင်ကြီးထွားဆေးခရင်မ်တွေရဲ့ အမြတ်ငွေက မနည်းတဲ့အတွက်ကြောင့် ဒါကို စိတ်ဝင်စားလာကြသည်။ သူတို့ သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာ တစ်ယောက်ယောက်က သူတို့ဆီ အလှအပဆေးလုံးနှင့် ဆင်တူတဲ့ စျေးသက်သာတဲ့ ကုန်ပစ္စည်းရှိကြောင်း ကမ်းလှမ်း အသိပေးလာခဲ့သည်။ ဒါက နိုင်ငံခြားက ဖောက်သည်တွေကို လှည့်စားဖို့ လုံလောက်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြသည်။ ကုန်ပစ္စည်းတုက ယွမ် ၂၀၀သာ ကျသင့်ပြီး သူတို့ကို ယွမ် ၈၀၀နဲ့ ရောင်းချနိုင်သည်။ ထိုသို့သော အမြတ်အစွန်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူတို့က စွန့်စားကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

သူတို့သည် ထိုလုပ်ရပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး နှစ်ရက်အကြာမှာ ဖန့်ကျွင်းရုံနှင့် ပတ်ပင်း တိုးလိမ့်မည်ဟု မထင်ခဲ့ကြပေ။

ဒီအဖြစ်အပျက်ကြောင့် ဝိုင်နိုင်ငံမှာ ရက်အနည်းငယ်လောက် ထပ်နေဖို့ မူလက စီစဥ်ထားတဲ့ ဖန့်ကျွင်းရုံက သူမရဲ့ လေယာဥ်လက်မှတ်ကို ပြောင်းပြီး အိမ်စောစောပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။

ဖန့်ကျွင်းရုံသည် သူမ လေယာဥ်ပေါ်မှ ဆင်းဆင်းချင်းမှာပင် သတင်းတစ်ခု လက်ခံရရှိခဲ့သည်။

ဖန့်ကျွင်းရုံသည် သူမရဲ့ နားထင်တွေကို ပွတ်သပ်လိုက်ရင်း လေးနက်စွာ မေးမြန်းသည်၊ “သူတို့ ရောင်းချတဲ့ ကုန်ပစ္စည်းတုတွေက လီဝမ့်ကျင်း အစောပိုင်းက ထုတ်လုပ်ခဲ့တဲ့ ချယ်ရီပန်းပွင့်ဆေးလုံးတွေနဲ့ အတူတူပဲလို့ မင်း ပြောလိုက်တာလား။” သူမရဲ့ လောကသေးထဲမှ စိမ့်စမ်းရေ မပါဝင်သောကြောင့် ထိုထုတ်ကုန်တွေက လူတွေကို ဘေးဥပဒ် ဖြစ်စေခဲ့တယ် မဟုတ်ပါလား။

***

Zawgyi

အခန္း (၂၄၇) – “က်ံဳးရီတစ္ဦးတည္းကသာ ငါ့ေမြးစားသမီးပဲ” (၁)

တ႐ုတ္ႏိုင္ငံ႐ွိ သူမရဲ႕ ထုတ္ကုန္ေတြကို ဝယ္ယူသုံးစြဲသူေတြကိုလည္း မ်က္ႏွာသာေပးရန္ လိုအပ္ၿပီး မည္သူ႕ကိုမွ မ်က္ႏွာသာပိုမေပးသင့္ပါ။

ဖန္႔ကြၽင္း႐ုံသည္ တ႐ုတ္ႏိုင္ငံ႐ွိ သူမရဲ႕ လက္ေအာက္ငယ္သားမ်ားႏွင့္ ဗီဒီယိုအစည္းအေဝး ထိုင္ခဲ့ၿပီးေနာက္ ဝီခ်က္တြင္ ေၾကာ္ျငာခ်က္ ထုတ္ျပန္ခဲ့သည္ - “မိန္ဖုန္႔ေကာ္ပိုေရး႐ွင္းမွ အလွအပေဆးလုံးႏွင့္ ဆံပင္ႀကီးထြားေဆးခရင္မ္တို႔ကို ယခုလက္႐ွိ ဗူးေရ တစ္ေသာင္းဆီ ျဖန္႔ခ်ိရာကေန ဗူးေရ ႏွစ္ေသာင္းအထိ တိုးျမႇင့္ျဖန္႔ခ်ိေပးမွာျဖစ္ၿပီး ကံစမ္းမဲျဖင့္ အျမန္ေရာင္းခ်သည့္ အစီအစဥ္တြင္လည္း ဗူးေရ ႏွစ္ေသာင္းအထိ တိုးျမႇင္းေရာင္းခ်ေပးမွာပဲ ျဖစ္တယ္။ ကြၽႏ္ုပ္တို႔ရဲ႕ ေဖာက္သည္အသစ္ႏွင့္ အေဟာင္းေတြအတြက္ လာမည့္ႏွစ္ပတ္အတြင္း ဝယ္ယူရ႐ွိမည့္ မိန္ဖုန္႔ေကာ္ပိုေရး႐ွင္းရဲ႕ ထုတ္ကုန္မ်ားကို ၁၀ ရာခိုင္ႏႈန္း ေလွ်ာ့ေစ်းေပးသြားမွာပဲ ျဖစ္သည္။”

ဒီအက်ိဳးခံစားခြင့္က အလြန္ေကာင္းမြန္ၿပီး ျပည္တြင္းေစ်းဝယ္သူမ်ား၏ နာၾကည္းမႈကို အနည္းငယ္ ေျဖေလွ်ာ့ေပးရာ ေရာက္သည္။ ေန႔တိုင္း သူမရဲ႕ ေဝ့ေပၚအေကာင့္ေအာက္မွာ လူေတာ္ေတာ္မ်ားမ်ားက အဲ့ဒီထုတ္ကုန္ႏွစ္ခုကို ဝယ္လို႔ မရဘူး ကုန္သြားတာ ျမန္တယ္လို႔ လာေရာက္ ညည္းညဴၾကၿပီး စတိုးဆိုင္ေပၚသို႔ ျမန္ျမန္တင္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း အၿမဲလိုလို လာေရာက္ ညည္းညဴၾကသည္။ ေၾကာ္ျငာခ်က္ ထုတ္ျပန္ၿပီး ႏွစ္နာရီအၾကာမွာေတာ့ ဖန္႔ကြၽင္း႐ုံဟာ မွတ္ခ်က္မ်ား ဖတ္႐ႈရန္ လိုင္းေပၚတက္ခဲ့သည္။ အလြန္အက်ဴး ခ်ီးက်ဳးေျပာဆိုမည့္ စကားမ်ားကို ျမင္ရမည္ဟု သူမ ထင္ခဲ့ေသာ္လည္း ပရိသတ္ေတြရဲ႕ အာ႐ုံစူးစိုက္မႈက အနည္းငယ္ လြဲေခ်ာ္သြားပုံေပၚသည္။

[သူမ ေရာက္လာၿပီ၊ သူမ ေရာက္လာၿပီ၊ သူမ ကံစမ္းမဲအစီအစဥ္ လုပ္ေပးၿပီ။ ငါတို႔ႏိုင္ငံရဲ႕ ကံစမ္းမဲ မူဝါဒေအာက္မွာ တစ္ကမ႓ာလုံးမွ လူေတြ တုန္လႈပ္ၾကပါေစ။]

[ငါ ကံစမ္းမဲအစီအစဥ္ ထပ္လုပ္ေပးလိမ့္မယ္လို႔ သိေနတယ္။ ဒါကမွ ဖန္႔ကြၽင္း႐ုံပဲေလ။ သူမေနရာကို ဘယ္သူမွ အစားမထိုးႏိုင္ဘူး။]

[ဟားဟားဟား၊ ႏိုင္ငံရပ္ျခား ဝယ္ယူသုံးစြဲသူေတြကလည္း ငါတို႔ႏွင့္အတူ အျမန္လုဝယ္ရမယ္ ဆိုတဲ့ အေတြးက ငါ့ကို ထူးထူးျခားျခား ႏွစ္သိမ့္မႈ ေပးတယ္။ ဟုတ္တယ္၊ ငါတို႔ တစ္ေယာက္တည္း စိတ္ဆင္းရဲ မခံႏိုင္ဘူး။ သြားၾကစို႔၊ အျမန္လုဝယ္တဲ့စနစ္ ကမ႓ာ ေက်ာ္သြားပါေစ။]

[အမွန္တရားရဲ႕ အခ်ိန္အခါ ေရာက္႐ွိလာၿပီ။ ကံစမ္းမဲ အစီအစဥ္မွာ အျမန္လုဝယ္ႏိုင္ဖို႔အတြက္ ေလာကုတၱရာနည္းလမ္းမ်ားစြာကို ငါ တီထြင္ခဲ့တယ္။ ငါ့ရဲ႕ အႀကိဳက္ဆုံးနည္းလမ္းက ငါ့အတြက္ မဲႏိႈက္ဖို႔ ငါ့ေၾကာင္ေလးရဲ႕ ေျခဖဝါးေလးကို အသုံးျပဳၿပီး ဝယ္ယူရတာကိုပဲ။ အခု ငါ့ေၾကာင္ေလးက ငါ့ကို ျမင္တာနဲ႔ ေျပးေနခဲ့ၿပီ။ ငါတို႔ရဲ႕ ႏိုင္ငံရပ္ျခား သူငယ္ခ်င္းေတြက မဲႏိႈက္ၿပီး ဝယ္ယူတဲ့ နည္းလမ္းေတြကို ပိုၿပီး ဖန္တီးႏိုင္မလား ဆိုတာကို ငါ ေတြးမိတယ္။]

ဖန္႔ကြၽင္း႐ုံ “… …”

ဒီအင္တာနက္ အသုံးျပဳသူေတြက သူမကို ပိုၿပီး ခ်ီးက်ဴးေျပာဆိုၾကလိမ့္မယ္လို႔ သူမ ထင္ခဲ့ေပမယ့္ ဒီလိုေတြက ကံစမ္းမဲ အစီအစဥ္ လုပ္ေပးတာကိုပဲ ပိုအာ႐ုံစိုက္မိၾကသည္။ ထို႔ေၾကာင့္ သူမရဲ႕ ထုတ္ျပန္ခ်က္အသစ္ကို ျပန္လည္အသိေပးလိုစိတ္ ျပင္းျပလာခဲ့သည္။ ဒါမွမဟုတ္ သူမတို႔ရဲ႕ မ်ိဳး႐ိုးစဥ္ဆက္ ကြာဟခ်က္ေၾကာင့္လား။

အဲ့တာေတြ အားလုံးႏွင့္ ႏိႈင္းယွဥ္လွ်င္ ပစၥည္းတုေတြကို ဂ႐ုစိုက္တာက ထိပ္တန္း ဦးစားေပးပါပဲ။ အဖမ္းခံခဲ့ရတဲ့ မိန္းကေလးက စိတ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈ သိပ္မ႐ွိတာေၾကာင့္ ၾကံရာပါအခ်ိဳ႕ကို အျမန္ဝန္ခံခဲ့သည္။ ဝိုင္ႏိုင္ငံတြင္ ေကာင္တာအသစ္ကို အခုမွ စတင္ဖြင့္လွစ္တာ ျဖစ္ၿပီး အနည္းဆုံး ၁၀ရက္ ဝန္းက်င္ခန္႔သာ ႐ွိေသးတာေၾကာင့္ သူတို႔ရဲ႕ ပစၥည္းတုေတြကို ေစ်းကြက္အတြင္း ေျခခ်ဝင္ေရာက္ႏိုင္ဖို႔ အခြင့္အေရး မရေသးေပ။

သူတို႔ထံမွ သိမ္းဆည္းရ႐ွိထားသည့္ ပစၥည္းမ်ားအရ လြန္ခဲ့သည့္ ရက္အနည္းငယ္အတြင္း သူတို႔ ေရာင္းခ်၍ ရ႐ွိသည့္ ပမာဏသည္ ယြမ္ ၁၇၀,၀၀၀ ဝန္းက်င္သာ ႐ွိေသးသည္။

ဖန္႔ကြၽင္း႐ုံသည္ သူမရဲ႕ ကိုယ္ပိုင္ေ႐ွ႕ေန႔အဖြဲ႕ႏွင့္ တိုင္ပင္ေဆြးေႏြးခဲ့သည္။ တ႐ုတ္ႏိုင္ငံရဲ႕ ဥပေဒအရ သူတို႔ကို ေထာင္ဒဏ္ ႏွစ္ႏွစ္ထိ ခ်မွတ္ႏိုင္ၿပီး ဒဏ္ေငြမွာ အေရာင္းပမာဏ၏ ငါးဆယ္ ရာခိုင္ႏႈန္းကေန ႏွစ္ဆအထိ ေကာက္ခံႏိုင္သည္။

အဲ့ဒီလူေတြ သူမေ႐ွ႕မွာ ဘယ္ေလာက္ပဲ ေနာင္တရပါတယ္ ေျပာေျပာ ဖန္႔ကြၽင္း႐ုံက သူတို႔ကို သနားၾကင္နာျခင္း မ႐ွိေပ။ သူမသာ သူတို႔ကို မေတြ႕ခဲ့ရင္ သူမကုမၸဏီရဲ႕ နာမည္ပ်က္သြားလိမ့္မည္။ ထို႔ေနာက္ သူမတို႔ရဲ႕ ထုတ္ကုန္ အမွတ္တံဆိပ္ နာမည္ဂုဏ္သတင္းကို ျပန္လည္တည္ေဆာက္ရန္ ေငြေၾကးပမာဏ တစ္ခုအထိ ကုန္က်လိမ့္မည္ ျဖစ္သည္။

ပိုအေရးႀကီးတာက ဒီပစၥည္းအတုေတြကို ဘယ္က ရ႐ွိခဲ့တာလဲ။ ဒီပစၥည္းတုေတြရဲ႕ ကုန္စည္ အရင္းအျမစ္က တ႐ုတ္ႏိုင္ငံကေန ရ႐ွိတာျဖစ္ၿပီး သူတို႔မွာ ကိုယ္ပိုင္ကုန္သြယ္မႈ တည္ေနရာေတြ ႐ွိၾကသည္။ သူတို႔ ေျပာဆိုခဲ့တာေတြအရ သူတို႔ဟာ ယခင္က ကိုယ္စား ေစ်းဝယ္ေပးသူေတြအျဖစ္ လုပ္ကိုင္ခဲ့ၾကၿပီး အလွအပေဆးလုံးႏွင့္ ဆံပင္ႀကီးထြားေဆးခရင္မ္ေတြရဲ႕ အျမတ္ေငြက မနည္းတဲ့အတြက္ေၾကာင့္ ဒါကို စိတ္ဝင္စားလာၾကသည္။ သူတို႔ သူငယ္ခ်င္း အသိုင္းအဝိုင္းထဲမွာ တစ္ေယာက္ေယာက္က သူတို႔ဆီ အလွအပေဆးလုံးႏွင့္ ဆင္တူတဲ့ ေစ်းသက္သာတဲ့ ကုန္ပစၥည္း႐ွိေၾကာင္း ကမ္းလွမ္း အသိေပးလာခဲ့သည္။ ဒါက ႏိုင္ငံျခားက ေဖာက္သည္ေတြကို လွည့္စားဖို႔ လုံေလာက္လိမ့္မယ္လို႔ ယုံၾကည္ခဲ့ၾကသည္။ ကုန္ပစၥည္းတုက ယြမ္ ၂၀၀သာ က်သင့္ၿပီး သူတို႔ကို ယြမ္ ၈၀၀နဲ႔ ေရာင္းခ်ႏိုင္သည္။ ထိုသို႔ေသာ အျမတ္အစြန္းေၾကာင့္ ဆြဲေဆာင္ခံလိုက္ရၿပီး သူတို႔က စြန္႔စားၾကည့္ဖို႔ ဆုံးျဖတ္ခဲ့ၾကသည္။

သူတို႔သည္ ထိုလုပ္ရပ္ကို စတင္လုပ္ကိုင္ခဲ့ၿပီး ႏွစ္ရက္အၾကာမွာ ဖန္႔ကြၽင္း႐ုံႏွင့္ ပတ္ပင္း တိုးလိမ့္မည္ဟု မထင္ခဲ့ၾကေပ။

ဒီအျဖစ္အပ်က္ေၾကာင့္ ဝိုင္ႏိုင္ငံမွာ ရက္အနည္းငယ္ေလာက္ ထပ္ေနဖို႔ မူလက စီစဥ္ထားတဲ့ ဖန္႔ကြၽင္း႐ုံက သူမရဲ႕ ေလယာဥ္လက္မွတ္ကို ေျပာင္းၿပီး အိမ္ေစာေစာျပန္ဖို႔ ဆုံးျဖတ္ခဲ့သည္။

ဖန္႔ကြၽင္း႐ုံသည္ သူမ ေလယာဥ္ေပၚမွ ဆင္းဆင္းခ်င္းမွာပင္ သတင္းတစ္ခု လက္ခံရ႐ွိခဲ့သည္။

ဖန္႔ကြၽင္း႐ုံသည္ သူမရဲ႕ နားထင္ေတြကို ပြတ္သပ္လိုက္ရင္း ေလးနက္စြာ ေမးျမန္းသည္၊ “သူတို႔ ေရာင္းခ်တဲ့ ကုန္ပစၥည္းတုေတြက လီဝမ့္က်င္း အေစာပိုင္းက ထုတ္လုပ္ခဲ့တဲ့ ခ်ယ္ရီပန္းပြင့္ေဆးလုံးေတြနဲ႔ အတူတူပဲလို႔ မင္း ေျပာလိုက္တာလား။” သူမရဲ႕ ေလာကေသးထဲမွ စိမ့္စမ္းေရ မပါဝင္ေသာေၾကာင့္ ထိုထုတ္ကုန္ေတြက လူေတြကို ေဘးဥပဒ္ ျဖစ္ေစခဲ့တယ္ မဟုတ္ပါလား။

Continue Reading

You'll Also Like

82.1K 9.4K 122
Name - Jiǎn méi shā shǒu zuò nóng fū English Name - Assassin Farmer Author - Xi Zhen Genre - Fantasy, Martial Arts, Romance, Slice of Life Chapters...
18.2K 1.3K 16
အမျိုးသမီး MC ရှန်းရှသိုင်းစာစဥ်ပါရှင့်
8.3K 460 24
အင်္ဂါနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့
30.5K 2.6K 104
EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတ...