ပြန်လည်မွေးဖွားလာသော ယောက္ခမဆ...

By Miracle_Phyu97

40.6K 4.8K 30

199 မှ စတင်သည်။ More

Ch-199
Ch-200
Ch-201
Ch-202
Ch-203
Ch-204
Ch-205
Ch-206
Ch-207
Ch-208
Ch-209
Ch-210
Ch-211
Ch-212
Ch-213
Ch-214
Ch-215
Ch-216
Ch-217
Ch-218
Ch-219
Ch-220
Ch-221
Ch-222
Ch-223
Ch-224
Ch-225
Ch-226
Ch-227
Ch-228
Ch-229
Ch-230
Ch-231
Ch-232
Ch-233
Ch-234
Ch-235
Ch-236
Ch-237
Ch-238
Ch-239
Ch-240
Ch-241
Ch-242
Ch-243
Ch-244
Ch-245
Ch-247
Ch-248
Ch-249
Ch-250

Ch-246

350 50 0
By Miracle_Phyu97

အခန်း (၂၄၆) – "ငါ့မှာ တူမတစ်ယောက်ရှိမှန်း ငါက ဘာလို့မသိရတာလဲ" (၃)

ဖန့်ကျွင်းရုံတစ်ယောက် မျက်နှာပျက်သွားသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး ရဲကို ဖုန်းဆက်ခေါ်လိုက်သည်။

သားကောင်တွေက သူတို့ပိုက်ဆံ မထုတ်ခင်မှာပင် တစ်ခုခု မူမမှန်တာကို သတိပြုမိလိုက်သည့် ဖန့်ကျွင်းရုံက သူမရဲ့ ကိုယ်ရံတော်တွေကို တားမြစ်ခိုင်းပြီး လှည့်စားနေသူကို ရပ်တန့်ခိုင်းခဲ့သည်။

"မင်းတို့ ဘာလုပ်ဖို့ ကြိုးစားချင်နေတာလဲ။"

"အိုး... ဘာမှ မဟုတ်ပါဘူး။ ကျွန်မ ရှင်တို့ကို ကျွန်မနဲ့အတူ ရဲစခန်းကို အလည်အပတ်ခရီးလေး လိုက်စေချင်လို့လေ။" ဖန့်ကျွင်းရုံက တရုတ်လို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူမ ပြောတာကို ကြားသောအခါ ထိုလူ ထိတ်လန့်သွားသည်။ "အခြားသူတွေအတွက် ထုတ်ကုန်တွေ ဝယ်ယူပေးတာ တရားမဝင်တဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး။ မင်း ဒီလို မလုပ်နိုင်ဘူး။ မင်းက ငါတို့ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ချင်နေတာလား။"

သူမက ကျယ်လောင်စွာ အော်ဟစ်ပြီး ထွက်သွားချင်သော်လည်း ထွက်ခွာလို့ရမည့် နေရာတိုင်းကို ပိတ်ဆို့ခံထားရသည်။

ဖန့်ကျွင်းရုံက အေးစက်စွာ ပြောသည်၊ "မင်း ပြောတာ မှန်တယ်။ အခြားသူတွေအတွက် ထုတ်ကုန်တွေ ဝယ်ယူပေးတာ တရားဝင်ပေမယ့် ထုတ်ကုန်အတုတွေ ရောင်းချတာကတော့ တရားမဝင်ဘူး။"

"ငါတို့ရဲ့ ထုတ်ကုန်တွေကို အတုတွေလို့ နင် ဘယ်လို ပြောနိုင်တာလဲ။ ဒါတွေကို တရုတ်ပြည်က စက်ရုံကနေ ဝယ်ဖို့ ငါတို့ အများကြီး ကြိုးစားခဲ့ရတာ။ နင် ငါ့ကို ဒီလိုမျိုး အသရေဖျက်လို့ မရဘူး။"

"ငါ ဒါတွေအားလုံးကို ငါ့အဒေါ် ဖန့်ကျွင်းရုံဆီကနေ ဝယ်ယူခဲ့တာပါ။"

ဒီအမျိုးသမီးရဲ့ ခေါင်းမာမှုသည် ဖန့်ကျွင်းရုံကို အံ့အားသင့်စေခဲ့သည်။ ဒီလိုအချိန်မျိုးမှာတောင် သူမ ဘာအမှားမှ မလုပ်ထားဘူးလို့ အခိုင်အမာ ပြောနေတုန်းပါပဲ။ သူမကိုယ်တိုင် အမှားလုပ်မိတဲ့ ခံစားချက်မျိုးကို မခံစားခဲ့ရရုံသာမက သူမရဲ့ ဆွေမျိုးတစ်ဦးလို့တောင် ပြောလိုက်သေးသည်။

ဖန့်ကျွင်းရုံသည် သူမရဲ့မျက်နှာပေါ်မှ ဖုံးကာထားသည့် ပစ္စည်းတွေကို ဖယ်ရှားလိုက်ပြီး အလွန်အေးစက်စွာ ပြောလိုက်သည်၊ "ငါက ဖန့်ကျွင်းရုံပဲ။ ငါ့မှာ ဘယ်တုန်းက တူမတစ်ယောက် ရှိသွားတာလဲ။ ငါ့ကို ပြောစမ်းပါဦး၊ ဒါတွေကို ဘယ်စက်ရုံကနေ နင် ရခဲ့တာလဲ၊ ဟင်..."

ထိုမိန်းကလေးက လှည့်ကြည့်လိုက်သောအခါ ဖန့်ကျွင်းရုံရဲ့ မျက်နှာကိုမြင်ပြီး ဖြူဖျော့သွားသည်။

ဤနေရာတွင် ဖြစ်ပျက်နေသည့် လှုပ်ရှားမှုက သေးငယ်သည် မဟုတ်ပေ၊ တန်းစီနေသော လူတိုင်းက ဒီနေရာကို တချက်တချက် လှမ်းကြည့်နေကြသည်။ မည်သို့ပင်ဆိုစေ၊ သူတို့က တရုတ်စကားဖြင့် ပြောဆိုနေကြသောကြောင့် သူတို့တွေ ဖန့်ကျွင်းရုံတို့ ပြောနေသော စကားများကို နားလည်နိုင်စွမ်း မရှိပေ။

အစောပိုင်းက ဖန့်ကျွင်းရုံ တားမြစ်လိုက်သော ဝယ်ယူသူသည် သူမရဲ့ ပိုက်ဆံအိတ်ကို တင်းတင်းဆုပ်ကိုင်ပြီး "မင်း အဲ့တာတွေကို ရောင်းသေးလား။ ငါ နှစ်ဗူးလောက် လိုချင်တယ်။" ဟု ပြောသည်။

ဖန့်ကျွင်းရုံက သူမကို ပြောသည်၊ "သူမ ရောင်းချနေတာ ပစ္စည်းတုတွေပါ။ နောက်ကျရင် မင်းမျက်နှာကို ထိခိုက်ပျက်စီးစေနိုင်တယ်။"

မိန်းကလေးရဲ့ မျက်နှာဟာ ဖြူဖျော့သွားသည်။ "သူမက အဲ့ပစ္စည်းတွေကို စက်ရုံကနေ တိုက်ရိုက်ယူလာခဲ့တာလို့ ပြောတယ်။"

ဖန့်ကျွင်းရုံသည် သူမရဲ့ လည်စည်းပဝါကို ဖယ်ရှားလိုက်ပြီး သူမရဲ့ တစ်မျက်နှာလုံးကို ပြသလိုက်သည်။ သူမရဲ့ အသားအရေက ချောမွေ့လွန်းပြီး လင်းလက်တောက်ပနေသဖြင့် လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ဖန့်ကျွင်းရုံက နူးညံ့သိမ်မွေ့သည့် အသံ‌လေးဖြင့် လေးနက်တည်ကြည်စွာ ပြောသည်၊ "ကျွန်မက ဖန့်ကျွင်းရုံပါ။ တရုတ်နိုင်ငံမှာတောင် အလှအပဆေးလုံးနဲ့ ဆံပင်ကြီးထွားဆေးခရင်မ်ကို လက်ဝယ် ရရှိဖို့ မလွယ်ကူသလို လျှော့စျေးပေးတဲ့ အစီအစဥ်ကလည်း မရှိသလောက် ရှားပါတယ်။ သူတို့လက်ထဲမှာ ကုန်ပစ္စည်း အမြောက်အများရှိတယ်၊ စက်ရုံကနေ တိုက်ရိုက်ရလာတာလို့ ပြောတဲ့သူတိုင်းဟာ လူလိမ်တွေပါ။"

"တကယ်လို့ မင်းတို့ အတုအပပစ္စည်းကို ဝယ်ယူမိရင် မင်းတို့ရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။"

ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတိုင်းဟာ စျေးသက်သာတာကို သဘောကျနှစ်ခြိုက်ကြသည်။ ဒါက လူသားတွေရဲ့ သဘောသဘာဝပါပင်။ ဒါပေမယ့် သူတို့ လိုချင်တာက ပစ္စည်းစစ်မှန်ပြီး စျေးသက်သာတာမျိုးကို လိုချင်ကြတာပါ။ အထူးသဖြင့် အလှအပဆေးလုံး ကဲ့သို့သော ထုတ်ကုန်၏ အတုအပ ပစ္စည်းများကို မည်သူမှ မဝယ်ချင်ကြပေ။ အတုအပ ပစ္စည်းများသည် သုံးစွဲသူတွေရဲ့ ကျန်းမာရေး ပြဿနာများကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ တန်းစီရပ်နေသူများသည် ချက်ချင်းပင် အံ့သြတုန်လှုပ်သွားကြသည်။

"အိုး... ဘုရားရေ၊ သူမ ဘာဖြစ်လို့ ဒီလို လုပ်နိုင်ရတာလဲ။"

"သူမ စောစောကလေးတင် ကျွန်မကို ပစ္စည်းတုရောင်းဖို့ လုပ်သေးတယ်။ ပစ္စည်းစျေးက အရမ်းကွာနေလို့ ကံကောင်းထောက်မပြီး ငါ မဝယ်လိုက်မိတာ။"

"ဒီလိုလူမျိုးကို ထောင်ထဲပို့ပြီး အရိုက်ခံသင့်တယ်။"

အခုတော့ ဒီလူတွေဟာ လူလိမ်တွေကို သက်တော်စောင့်တွေ မတားမြစ်ရင်တောင်မှ ထွက်သွားခွင့်မပြုဘူး။

သိပ်မကြာခင်မှာပဲ၊ ရဲတွေ ရောက်ရှိလာပြီး အဲ့ဒီအမျိုးသမီးကို ဖမ်းခေါ်သွားခဲ့သည်။
ဒီအဖြစ်အပျက် အပြီးမှာတော့ ဖန့်ကျွင်းရုံဟာ စိတ်အခြေအနေ သိပ်မကောင်းတော့ဘူး။ သူမက တရုတ်နိုင်ငံသို့ ဖုန်းဆက်ပြီး ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ဒီပစ္စည်းတုတွေက သူ့ကောင်တာရှေ့ကိုပင် ရောက်ရှိလာခဲ့သည်။ ဒါက မျက်နှာပြောင်တိုက်တဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီနိုင်ငံခြားတွေက မိုက်မဲပြီး သူတို့ရဲ့ ပစ္စည်းတုတွေကို ဝယ်ယူမိရင် သူမ ခက်ခက်ခဲခဲ တည်ဆောက်ထားရသည့် ထုတ်ကုန်အမှတ်တံဆိပ်ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးသွားစေလိမ့်မည်။

ဒါကို သေချာ စစ်ဆေးကြည့်ရမယ်။ ငွေကြေးပိုက်ဆံ အကုန်ကျခံပြီးတော့ကို နောက်ကွယ်မှလူကို ဖမ်းဆီးရမည်။

ဖန့်ကျွင်းရုံသည် ရဲကို ဖုန်းဆက်တိုင်ကြားပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် နိုင်ငံခြားဝဘ်ဆိုက်တွင် အကောင့်တစ်ခု အမြန်စာရင်းသွင်း ဖွင့်လှစ်ခဲ့ပြီး မာတီရာက သူမအတွက် ကြော်ငြာပေးခဲ့သည်။ ထို့နောက် သူမသည် နိုင်ငံ အိတ်စ်နှင့် ဝိုင်တွင် တရားဝင်ဝဘ်ဆိုက်များ ဖွင့်ထားမည် ဖြစ်ကြောင်းနှင့် အဆိုပါ နှစ်နိုင်ငံနေထိုင်သူများသည် ယင်းဝဘ်ဆိုက်မှုမှတဆင့် သူတို့ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ကြော်ငြာဗီဒီယိုတစ်ခု တင်ခဲ့သည်။ ကောင်တာမှာ နေ့တိုင်း ဗူးရေ ၂၀၀ ဝယ်ယူနိုင်မည့် အပြင် ဝဘ်ဆိုက်တွင် အပတ်တိုင်း ဗူးရေ တစ်ထောင် နှင့် ကံစမ်းမဲ အစီအစဥ်ဖြင့် ဗူးရေ တစ်ထောင် ပါ ဝယ်ယူနိုင်မည် ဖြစ်သည်။

တကယ်တော့ ဒီနှစ်နိုင်ငံက လူတွေဟာ တရုတ်နိုင်ငံထက် လူဦးရေ အဆပေါင်းများစွာ နည်းပါးတာကြောင့် သူတို့အတွက် ဖြန့်ချိပေးသည့် အရေအတွက် နည်းပါးတာက ပုံမှန်ပါပဲ။

***

Zawgyi

အခန္း (၂၄၆) – "ငါ့မွာ တူမတစ္ေယာက္႐ွိမွန္း ငါက ဘာလို႔မသိရတာလဲ" (၃)

ဖန္႔ကြၽင္း႐ုံတစ္ေယာက္ မ်က္ႏွာပ်က္သြားသည္။ အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး ရဲကို ဖုန္းဆက္ေခၚလိုက္သည္။

သားေကာင္ေတြက သူတို႔ပိုက္ဆံ မထုတ္ခင္မွာပင္ တစ္ခုခု မူမမွန္တာကို သတိျပဳမိလိုက္သည့္ ဖန္႔ကြၽင္း႐ုံက သူမရဲ႕ ကိုယ္ရံေတာ္ေတြကို တားျမစ္ခိုင္းၿပီး လွည့္စားေနသူကို ရပ္တန္႔ခိုင္းခဲ့သည္။

"မင္းတို႔ ဘာလုပ္ဖို႔ ႀကိဳးစားခ်င္ေနတာလဲ။"

"အိုး... ဘာမွ မဟုတ္ပါဘူး။ ကြၽန္မ ႐ွင္တို႔ကို ကြၽန္မနဲ႔အတူ ရဲစခန္းကို အလည္အပတ္ခရီးေလး လိုက္ေစခ်င္လို႔ေလ။" ဖန္႔ကြၽင္း႐ုံက တ႐ုတ္လို ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။

သူမ ေျပာတာကို ၾကားေသာအခါ ထိုလူ ထိတ္လန္႔သြားသည္။ "အျခားသူေတြအတြက္ ထုတ္ကုန္ေတြ ဝယ္ယူေပးတာ တရားမဝင္တဲ့ ကိစၥရပ္မ်ိဳး မဟုတ္ဘူး။ မင္း ဒီလို မလုပ္ႏိုင္ဘူး။ မင္းက ငါတို႔ရဲ႕ လူ႕အခြင့္အေရးကို ခ်ိဳးေဖာက္ခ်င္ေနတာလား။"

သူမက က်ယ္ေလာင္စြာ ေအာ္ဟစ္ၿပီး ထြက္သြားခ်င္ေသာ္လည္း ထြက္ခြာလို႔ရမည့္ ေနရာတိုင္းကို ပိတ္ဆို႔ခံထားရသည္။

ဖန္႔ကြၽင္း႐ုံက ေအးစက္စြာ ေျပာသည္၊ "မင္း ေျပာတာ မွန္တယ္။ အျခားသူေတြအတြက္ ထုတ္ကုန္ေတြ ဝယ္ယူေပးတာ တရားဝင္ေပမယ့္ ထုတ္ကုန္အတုေတြ ေရာင္းခ်တာကေတာ့ တရားမဝင္ဘူး။"

"ငါတို႔ရဲ႕ ထုတ္ကုန္ေတြကို အတုေတြလို႔ နင္ ဘယ္လို ေျပာႏိုင္တာလဲ။ ဒါေတြကို တ႐ုတ္ျပည္က စက္႐ုံကေန ဝယ္ဖို႔ ငါတို႔ အမ်ားႀကီး ႀကိဳးစားခဲ့ရတာ။ နင္ ငါ့ကို ဒီလိုမ်ိဳး အသေရဖ်က္လို႔ မရဘူး။"

"ငါ ဒါေတြအားလုံးကို ငါ့အေဒၚ ဖန္႔ကြၽင္း႐ုံဆီကေန ဝယ္ယူခဲ့တာပါ။"

ဒီအမ်ိဳးသမီးရဲ႕ ေခါင္းမာမႈသည္ ဖန္႔ကြၽင္း႐ုံကို အံ့အားသင့္ေစခဲ့သည္။ ဒီလိုအခ်ိန္မ်ိဳးမွာေတာင္ သူမ ဘာအမွားမွ မလုပ္ထားဘူးလို႔ အခိုင္အမာ ေျပာေနတုန္းပါပဲ။ သူမကိုယ္တိုင္ အမွားလုပ္မိတဲ့ ခံစားခ်က္မ်ိဳးကို မခံစားခဲ့ရ႐ုံသာမက သူမရဲ႕ ေဆြမ်ိဳးတစ္ဦးလို႔ေတာင္ ေျပာလိုက္ေသးသည္။

ဖန္႔ကြၽင္း႐ုံသည္ သူမရဲ႕မ်က္ႏွာေပၚမွ ဖုံးကာထားသည့္ ပစၥည္းေတြကို ဖယ္႐ွားလိုက္ၿပီး အလြန္ေအးစက္စြာ ေျပာလိုက္သည္၊ "ငါက ဖန္႔ကြၽင္း႐ုံပဲ။ ငါ့မွာ ဘယ္တုန္းက တူမတစ္ေယာက္ ႐ွိသြားတာလဲ။ ငါ့ကို ေျပာစမ္းပါဦး၊ ဒါေတြကို ဘယ္စက္႐ုံကေန နင္ ရခဲ့တာလဲ၊ ဟင္..."

ထိုမိန္းကေလးက လွည့္ၾကည့္လိုက္ေသာအခါ ဖန္႔ကြၽင္း႐ုံရဲ႕ မ်က္ႏွာကိုျမင္ၿပီး ျဖဴေဖ်ာ့သြားသည္။

ဤေနရာတြင္ ျဖစ္ပ်က္ေနသည့္ လႈပ္႐ွားမႈက ေသးငယ္သည္ မဟုတ္ေပ၊ တန္းစီေနေသာ လူတိုင္းက ဒီေနရာကို တခ်က္တခ်က္ လွမ္းၾကည့္ေနၾကသည္။ မည္သို႔ပင္ဆိုေစ၊ သူတို႔က တ႐ုတ္စကားျဖင့္ ေျပာဆိုေနၾကေသာေၾကာင့္ သူတို႔ေတြ ဖန္႔ကြၽင္း႐ုံတို႔ ေျပာေနေသာ စကားမ်ားကို နားလည္ႏိုင္စြမ္း မ႐ွိေပ။

အေစာပိုင္းက ဖန္႔ကြၽင္း႐ုံ တားျမစ္လိုက္ေသာ ဝယ္ယူသူသည္ သူမရဲ႕ ပိုက္ဆံအိတ္ကို တင္းတင္းဆုပ္ကိုင္ၿပီး "မင္း အဲ့တာေတြကို ေရာင္းေသးလား။ ငါ ႏွစ္ဗူးေလာက္ လိုခ်င္တယ္။" ဟု ေျပာသည္။

ဖန္႔ကြၽင္း႐ုံက သူမကို ေျပာသည္၊ "သူမ ေရာင္းခ်ေနတာ ပစၥည္းတုေတြပါ။ ေနာက္က်ရင္ မင္းမ်က္ႏွာကို ထိခိုက္ပ်က္စီးေစႏိုင္တယ္။"

မိန္းကေလးရဲ႕ မ်က္ႏွာဟာ ျဖဴေဖ်ာ့သြားသည္။ "သူမက အဲ့ပစၥည္းေတြကို စက္႐ုံကေန တိုက္႐ိုက္ယူလာခဲ့တာလို႔ ေျပာတယ္။"

ဖန္႔ကြၽင္း႐ုံသည္ သူမရဲ႕ လည္စည္းပဝါကို ဖယ္႐ွားလိုက္ၿပီး သူမရဲ႕ တစ္မ်က္ႏွာလုံးကို ျပသလိုက္သည္။ သူမရဲ႕ အသားအေရက ေခ်ာေမြ႕လြန္းၿပီး လင္းလက္ေတာက္ပေနသျဖင့္ လူတိုင္းရဲ႕ အာ႐ုံကို ဆြဲေဆာင္သြားခဲ့သည္။

ဖန္႔ကြၽင္း႐ုံက ႏူးညံ့သိမ္ေမြ႕သည့္ အသံ‌ေလးျဖင့္ ေလးနက္တည္ၾကည္စြာ ေျပာသည္၊ "ကြၽန္မက ဖန္႔ကြၽင္း႐ုံပါ။ တ႐ုတ္ႏိုင္ငံမွာေတာင္ အလွအပေဆးလုံးနဲ႔ ဆံပင္ႀကီးထြားေဆးခရင္မ္ကို လက္ဝယ္ ရ႐ွိဖို႔ မလြယ္ကူသလို ေလွ်ာ့ေစ်းေပးတဲ့ အစီအစဥ္ကလည္း မ႐ွိသေလာက္ ႐ွားပါတယ္။ သူတို႔လက္ထဲမွာ ကုန္ပစၥည္း အေျမာက္အမ်ား႐ွိတယ္၊ စက္႐ုံကေန တိုက္႐ိုက္ရလာတာလို႔ ေျပာတဲ့သူတိုင္းဟာ လူလိမ္ေတြပါ။"

"တကယ္လို႔ မင္းတို႔ အတုအပပစၥည္းကို ဝယ္ယူမိရင္ မင္းတို႔ရဲ႕ အသားအေရကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။"

ကမ႓ာတစ္ဝွမ္းလုံး႐ွိ လူတိုင္းဟာ ေစ်းသက္သာတာကို သေဘာက်ႏွစ္ၿခိဳက္ၾကသည္။ ဒါက လူသားေတြရဲ႕ သေဘာသဘာဝပါပင္။ ဒါေပမယ့္ သူတို႔ လိုခ်င္တာက ပစၥည္းစစ္မွန္ၿပီး ေစ်းသက္သာတာမ်ိဳးကို လိုခ်င္ၾကတာပါ။ အထူးသျဖင့္ အလွအပေဆးလုံး ကဲ့သို႔ေသာ ထုတ္ကုန္၏ အတုအပ ပစၥည္းမ်ားကို မည္သူမွ မဝယ္ခ်င္ၾကေပ။ အတုအပ ပစၥည္းမ်ားသည္ သုံးစြဲသူေတြရဲ႕ က်န္းမာေရး ျပႆနာမ်ားကို ဆိုး႐ြားစြာ ထိခိုက္ေစႏိုင္သည္။ တန္းစီရပ္ေနသူမ်ားသည္ ခ်က္ခ်င္းပင္ အံ့ၾသတုန္လႈပ္သြားၾကသည္။

"အိုး... ဘုရားေရ၊ သူမ ဘာျဖစ္လို႔ ဒီလို လုပ္ႏိုင္ရတာလဲ။"

"သူမ ေစာေစာကေလးတင္ ကြၽန္မကို ပစၥည္းတုေရာင္းဖို႔ လုပ္ေသးတယ္။ ပစၥည္းေစ်းက အရမ္းကြာေနလို႔ ကံေကာင္းေထာက္မၿပီး ငါ မဝယ္လိုက္မိတာ။"

"ဒီလိုလူမ်ိဳးကို ေထာင္ထဲပို႔ၿပီး အ႐ိုက္ခံသင့္တယ္။"

အခုေတာ့ ဒီလူေတြဟာ လူလိမ္ေတြကို သက္ေတာ္ေစာင့္ေတြ မတားျမစ္ရင္ေတာင္မွ ထြက္သြားခြင့္မျပဳဘူး။

သိပ္မၾကာခင္မွာပဲ၊ ရဲေတြ ေရာက္႐ွိလာၿပီး အဲ့ဒီအမ်ိဳးသမီးကို ဖမ္းေခၚသြားခဲ့သည္။
ဒီအျဖစ္အပ်က္ အၿပီးမွာေတာ့ ဖန္႔ကြၽင္း႐ုံဟာ စိတ္အေျခအေန သိပ္မေကာင္းေတာ့ဘူး။ သူမက တ႐ုတ္ႏိုင္ငံသို႔ ဖုန္းဆက္ၿပီး ရဲစခန္းသို႔ တိုင္ၾကားခဲ့သည္။ ဒီပစၥည္းတုေတြက သူ႕ေကာင္တာေ႐ွ႕ကိုပင္ ေရာက္႐ွိလာခဲ့သည္။ ဒါက မ်က္ႏွာေျပာင္တိုက္တဲ့ စိန္ေခၚမႈ တစ္ခုပါပဲ။ ဒီႏိုင္ငံျခားေတြက မိုက္မဲၿပီး သူတို႔ရဲ႕ ပစၥည္းတုေတြကို ဝယ္ယူမိရင္ သူမ ခက္ခက္ခဲခဲ တည္ေဆာက္ထားရသည့္ ထုတ္ကုန္အမွတ္တံဆိပ္ရဲ႕ ဂုဏ္သိကၡာကို ပ်က္စီးသြားေစလိမ့္မည္။

ဒါကို ေသခ်ာ စစ္ေဆးၾကည့္ရမယ္။ ေငြေၾကးပိုက္ဆံ အကုန္က်ခံၿပီးေတာ့ကို ေနာက္ကြယ္မွလူကို ဖမ္းဆီးရမည္။

ဖန္႔ကြၽင္း႐ုံသည္ ရဲကို ဖုန္းဆက္တိုင္ၾကားၿပီးေနာက္ အနည္းငယ္ စိတ္သက္သာရာ ရသြားခဲ့သည္။ သူမသည္ ႏိုင္ငံျခားဝဘ္ဆိုက္တြင္ အေကာင့္တစ္ခု အျမန္စာရင္းသြင္း ဖြင့္လွစ္ခဲ့ၿပီး မာတီရာက သူမအတြက္ ေၾကာ္ျငာေပးခဲ့သည္။ ထို႔ေနာက္ သူမသည္ ႏိုင္ငံ အိတ္စ္ႏွင့္ ဝိုင္တြင္ တရားဝင္ဝဘ္ဆိုက္မ်ား ဖြင့္ထားမည္ ျဖစ္ေၾကာင္းႏွင့္ အဆိုပါ ႏွစ္ႏိုင္ငံေနထိုင္သူမ်ားသည္ ယင္းဝဘ္ဆိုက္မႈမွတဆင့္ သူတို႔ရဲ႕ ထုတ္ကုန္ေတြကို ဝယ္ယူႏိုင္မည္ ျဖစ္ေၾကာင္း ေၾကာ္ျငာဗီဒီယိုတစ္ခု တင္ခဲ့သည္။ ေကာင္တာမွာ ေန႔တိုင္း ဗူးေရ ၂၀၀ ဝယ္ယူႏိုင္မည့္ အျပင္ ဝဘ္ဆိုက္တြင္ အပတ္တိုင္း ဗူးေရ တစ္ေထာင္ ႏွင့္ ကံစမ္းမဲ အစီအစဥ္ျဖင့္ ဗူးေရ တစ္ေထာင္ ပါ ဝယ္ယူႏိုင္မည္ ျဖစ္သည္။

တကယ္ေတာ့ ဒီႏွစ္ႏိုင္ငံက လူေတြဟာ တ႐ုတ္ႏိုင္ငံထက္ လူဦးေရ အဆေပါင္းမ်ားစြာ နည္းပါးတာေၾကာင့္ သူတို႔အတြက္ ျဖန္႔ခ်ိေပးသည့္ အေရအတြက္ နည္းပါးတာက ပုံမွန္ပါပဲ။

Continue Reading

You'll Also Like

4.6K 422 15
ယွင်လင်၊ လုချွမ်း မူရင်းစာရေးသူ - ချင်းယွင်တန့်(သန့်)
78.4K 9.3K 121
Name - Jiǎn méi shā shǒu zuò nóng fū English Name - Assassin Farmer Author - Xi Zhen Genre - Fantasy, Martial Arts, Romance, Slice of Life Chapters...
54.3K 4K 29
အမျိုးသမီးအမြောက်စာကောင်းလေး အဖြစ် ပြန်လည်နိုးထလာခြင်း ။
647K 32.9K 82
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022