အပိုင်း ၄-၃
စု့ချန်းရဲ့အတွေးများက ပြတ်တောက်လို့သွားတယ်။
ခပ်မှိန်ဖျော့ဖျော့အလင်းထဲကနေပြီး သွားတော့မယ်ဆိုပြီးထွက်သွားတဲ့လူရိပ်က ရုတ်တရက်ကြီးပြန်လှည့်လာပြီး သူ့ဘက်ကိုခုန်အုပ်လာတာကိုမြင်လိုက်ရတယ်။
စူးယွီကျုံးက သူကိုယ်တိုင်တောင်ဘာလုပ်လို့လုပ်မိနေတယ်ဆိုတာကို မသိတော့ပေ။
သူရှေ့မှာရှိနေတဲ့ ယောကျ်ားဆီကလာတဲ့ မွှေးပြီးချိုမြနေတဲ့ သစ်အယ်ရနံ့ကိုအနံ့ခံရင်းနဲ့ သူအရမ်းဆာလောင်နေတယ်လို့ပဲ ခံစားနေရတယ်။ သူ(ယွီကျုံး)သူ့ကို(စု့ချန်း)ဖတ်ထားရတာက အရမ်းသက်သောင့်သက်ဖြစ်တယ်လို့ခံစားရပေမယ့် ထူးထူးဆန်းဆန်း တစ်ခုခုကသူ့ဆီကနေပြီး လွတ်ထွက်နေသလိုမျိုးလဲခံစားနေရပြန်တယ်။
" ကျွန်တော်နေရခက်တယ်........"
သူတိုးတိုး,တိုးတိုးနဲ့ ညည်းနေရင်း ဗီဇရဲ့ ဦးဆောင်ထိန်းချုပ်မှုအောက်ကနေပြီး သူ့ရဲ့သွားစွယ်နဲ့ ထိုယောက်ျားရဲ့လည်းဂုတ်ကိုဖြေးဖြေးချင်းကိုက်ခဲကာ နှုတ်ခမ်းများနဲ့ ညှင်ညှင်သာသာ ဖိကပ်လို့ ပွတ်သပ်နေလေတယ်။
စု့ချန်းသူ့မျက်နှာကိုလှည့်လိုက်တယ်။ နှုတ်ခမ်းပါးများကတော့မြောက်တက်လျက် လှောင်ပြောင်သရော်နေဟန်။
သူတကယ်ကြီးကိုအခုလေးတင် ဒီအယ်လ်ဖာကောင်ကို ယုံစားလိုက်မိတယ်တဲ့။
သို့သော်သူ့ကိုပိုလို့စိတ်ပျက်ပြီး ဝမ်းနည်းစေသည်မှာ အသိစိတ်ရှိနေပါရက်နဲ့ သူပေါ်မှာရှိနေတဲ့သူကို တွန်းထုတ်ဖို့ သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်လို့မရခြင်းကိုပေ။ ဆန့်ကျင့်ဘက်အနေနဲ့ သူ့နဲ ပေါင်းစပ်သွားသလိုမျိုး ပိုလို့တောင်သက်သောင့်သက်သာဖြစ်လာသေးတယ်။
သူတို့ဖယ်ရိုမုန်းတွေက အချင်းချင်းရစ်ပတ်နှောင်ဖွဲ့လို့တောင်နေနေပြီ။
အစာဆက်ကွင်းရဲ့ ထိပ်ဆုံးသောနေရာမှာရပ်တည်နေတဲ့ အယ်လ်ဖာတွေအနေနဲ့ သူတို့ရဲ့ ဖယ်ရိုမုန်းတွေက အိုမီဂါတွေအဖို့တော့ သဘာဝအလျောက်ကို အညံ့ခံလာအောင် ဖိနှိပ်နိုင်စွမ်းရှိလို့နေတယ်။ အထူးသဖြင့် ထိပ်ဆုံးရဲ့ထိပ်မှာရှိနေတဲ့ dominant alpha တွေပေါ့။
လူငယ်လေး သူ့ရဲ့လည်ဂုတ်ကို တတိတိကိုက်ရင်းကြိတ်ချေနေတာကိုခံစားရင်း စု့ချန်းခေါင်းထဲမှာအတွေးတစ်ခု ပေါ်လို့လာတယ်။
သူ (စူးယွီကျုံး)သူ့(စု့ချန်း)ကို ယာယီအမှတ်အသားပြုတာလောက်တော့ ရလောက်ပါတယ်.....
သူ့အတွေးတွေကို သူပြန်သတိထားမိတော့ ရုတ်တရက်ကြောင်သွားတယ်။နောက်ဆက်တွဲအနေနဲ့ကတော့ မျက်လုံးတွေကချက်ချင်းနီရဲလာပြီး ဒေါသနဲ့ မကျေမချမ်းဖြစ်မှုတွေက မျက်လုံးထဲမှာဆက်တိုက်ကိုပြည့်နှက်လို့လာတယ်။
သူတကယ်ကြီးကိုအလျော့ပေးလိုက်တယ်!
ဖယ်ရိုမုန်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ သူရဲ့ အောက်ဆုံးလိုင်းကိုကျော်ပြီး ယာယီအမှတ်အသားပေးတာကိုလက်ခံမိလုနီးပါးပင်၊ နောက်ပြီးအဲ့လူက တွေ့တာနှစ်ခါပဲရှိသေးတဲ့ လုံးဝသူစိမ်းအယ်လ်ဖာတစ်ယောက်လေ။
ယာယီအမှတ်အသားပင်ဖြစ်လင့်ကစား ဒီလိုမျိုးပျော့ညံ့လွန်းစွာနဲ့ အညံ့ခံလိုလိုက်တဲ့သူရဲ့ အတွေးတွေက သည်းမခံနိုင်လောက်တဲ့ထိကိုအရှက်ရဒေါသထွက်စေတယ်။
စူးယွီကျုံးတစ်ယောက် စု့ချန်းရဲ့ ဒေါသနဲ့ စိတ်ပျက်မှုတွေကိုလုံးလုံးမှသတိမထားမိပေ။သူ(စု့ချန်း)ရဲ့ မတည်မငြိမ်ဖြစ်နေတဲ့ ဒေါသလှိုင်းတွေကြောင့် သူ့(စူးယွီကျုံး)ကို ဆွဲဆောင်နေတဲ့ သစ်အယ်သီးရနံ့က ပိုလို့တောင်ချိုမွှေးပြီး အရသာရှိလို့ လာတယ်လို့သာ ခံစားနေရလေတယ်။
ဒီအချိန်မှာတော သူရဲ့အခြေခံကျင့်ဝတ်တွေဘာတွေဟာ အသိစိတ်ကနေပြီး လုံးဝကိုထိန်းချုပ်မှုလွတ်ထွက်သွားပြီဖြစ်တယ်။
Dominant Omegaပိုင်ဆိုင်ထားတဲ့ ဖယ်ရိုမုန်းများရဲ့ မှာ စူးယွီကျုံးရဲ့ Rutကာလဟာ ပိုပြီးစောစောဝင်ရောက်လာခဲ့တယ်။
အဝင်ဝမှာရှိနေတဲ့ အသံအာရုံခံစနစ်နဲ့ မီးသီးများက ပိတ်လိုက်ပွင့်လိုက်၊ ပွင့်လိုက်ပိတ်လိုက်နဲ့။ တိတ်ဆိတ်နေတဲ့ညအမှောင်ထဲမှာ အင်္ကျီကိုစုတ်ဖြဲလိုက်လို့ထွက်လာတဲ့အသံများကို ရှင်းရှင်းလင်းလင်းကိုကြားလို့နေရတယ်။
" မင်းကအရမ်းမွှေးနေတာပဲ.... "
( တို့သားရဲ့ ပထမဆုံးနဲ့ နောက်ဆုံးသော မင်းလေးပါ။)
စူးယွီကျုံး စု့ချန်းကိုပွေ့ဖက်ထားပြီး ဩရှရှညည်းသံတိုးတိုးလေးနဲ့ အနားနားကပ်ကာညည်းလို့နေတယ်။ ထိုအမျိုးသားရဲ့လည်ဂုတ်ကို နှုတ်ခမ်းများနဲ့ ခပ်ဖွဖွလေးပွတ်လိုက် သွားများနဲ့ တိတိကိုက်လိုက်နဲ့ လုပ်နေတယ်။ ဘာလို့ဆို ဒီနေရာကမွှေးရနံ့က ပိုပြီး ပေါများကာ လေးလံနေလို့ပင်။
သူကိုယ်တိုင်လဲ အခုချိန်မှာတစ်ခုခုလုပ်သင့်တယ်ဆိုတာကို သိပေမယ့် တကယ်တမ်းဗီဇနဲ့အတူလက်တွေ့ လုပ်ရတော့မယ့်အခါကျတော့ သူခဗျာယောင်တောင်တောင်ဖြစ်နေပြန်ရော _ _ _
ဖယ်ရိုမုန်းတွေကိုတောင် ဘယ်လိုထိန်းချုပ်ရမလဲမသိတဲ့ သူ့အတွက် ကိုယ်ပိုင်ဖယ်ရိုမုန်းတွေကိုအသုံးပြုပြီး အိုမီဂါတစ်ယောက်ရဲ့ ကိုယ်ထဲကို ဘယ်လိုထိုးသွင်းပြီး အမှတ်အသားပြုရတယ်ဆိုတာကို ပိုလို့တောင်မသိနေခဲ့ပေ။
" စားချင်တယ်...... "
လေထဲမှာ သကြားနဲ့သစ်အယ်သီးအတူရောလှော်ထာသလိုမျိုး မွှေးရနံ့များက နေရာအနှံပျံလွင့်လို့နေတယ်။ အနံ့ကိုမွှေးကြည့်ရုံနဲ့တင်ကို ချိုးမွှေးပြီးနူးညံ့နေတဲ့ အရသာကိုရလို့နေတယ်။ တစ်လုံးလောက်စားကြည့်လိုက်တာ ဘယ်တော့မှရပ်တန့်ဖို့မဖြစ်နိုင်တော့သလိုမျိုး စားလေ,ပိုစားချင်လေ ဖြစ်လာစေတယ်။
စူးယွီကျုံးတံတွေးတွေကိုမျိုချလိုက်တယ်။ သူပိုပိုပြီးတောင် တောင်းတလို့လာတယ်။
သူစု့ချန်းကိုဖက်ထားပြီး နောက်ထပ်တစ်ဆင့်ထပ်တက်ဖို့မလုပ်ပဲ နှုတ်ခမ်းအစုံနဲ့ထိမိရာ နေရာတိုင်းကိုသာသွားများနဲ့ တတိတိလျှောက်ကိုက်နေတယ်။ တကယ်တော့ စူးယွီကျုံးတစ်ယောက် Rutဝင်နေတာကြောင့်အသိစိတ်လွတ်နေပြီး မသိစိတ်ကဦးဆောင်နေတာတောင်မှ သူ့ရှေ့မှာရှိနေတဲ့ လူသားကိုသူဘာလုပ်လို့ရတယ်ဆိုတာကို ကောင်းကောင်းနားမလည်သေးပေ။
တစ်ဖက်လူကအိုမီဂါဖြစ်နေတဲ့အလျောက် ဖယ်ရိုမုန်းများက သူ့အတွက်တော့ဆွဲဆောင်မှုအပြည့်နဲ့ ယစ်မူးဖွယ်ဖြစ်နေခဲ့တယ်။
အပိုင်း ၄-၄
သို့သော်ညား စု့ချန်းကတော့ ဒီအချက်ကိုသဘောမပေါက်ခဲ့ပေ။
ပြင်းထန်လွန်းလှတဲ့ဒေါသနဲ့ အရှက်ခွဲခံရတယ်ဆိုတဲ့အတွေးတွေက သူ့အသိစိတ်တစ်ခုလုံးကို လွှမ်းမိုးလို့သွားလေတယ်။
ဒီပြင်းထန်လှတဲ့စိတ်ခံစားချက်တွေကြောင့်လည်းဖြစ်နိုင်သလို၊ ထိန်းချုပ်ဆေးဟာ နောက်ဆုံးမှာအပြည့်အဝအကျိုးသက်ရောက်သွားကြောင့်လည်းဖြစ်နိုင်လှတယ်။ အယ်လ်ဖာဖယ်ရိုမုန်းတွေအောက်မှာ ဖိနိုပ်ခံထားရတဲ့ သူရဲ့ခန္ဓာကိုယ်လေးက ခွန်းအားတွေက တဖြေးဖြေးချင်းအံ့ဖွယ် ပြန်လည်ရရှိလာခဲ့တယ်။
သူဒါကိုသတိထားမိလိုက်တာနဲ့ချက်ချင်း စု့ချန်းတစ်ယောက်ဘာကိုမှမစဉ်းစားနေတော့ပဲ စူးယွီကျုံရဲ့လက်ကောက်ဝတ်နှစ်ခုကိုဆွဲကိုင်လိုက်ပြီး ဒေါသတကြီးနဲ့ အထက်အောက်လှန်လိုက်ပြီး ကြမ်းပြင်ပေါ်မှာသူ့ကိုသိပ်ချပစ်ပြီး ဖိထားလိုက်တယ်။
" ဘုန်း!"
မာကျောပြီးအေးစက်နေတဲ့ ကြမ်းပြင်နဲ့ ကျောပြင်ကနေဆောင့်တက်လာတဲ့နာကျင်မှုကြောင့် စူးယွီးကျုံးအသိစိတ်မျှင်မျှင်လေးပြန်ရောက်လာခဲ့တယ်။
သူမျက်လုံးကိုခပ်မှေးမှေးလေးဖွင့်ကြည့်လိုက်တော့ သူ့ကိုအပေါ်စီးကနေငုံမိုးပြီးကြည့်နေတဲ့ အမျိုးသားကိုတွေ့လိုက်ရတယ်။ တောက်လောင်နေတဲ့မီးစများနဲ့ အနက်ရောင်မျက်ဝန်းတစ်စုံက သူ့ကိုစိုက်ကြည့်လို့နေတာကိုတွေ့တော့ သူ့နှလုံးသားလေးကမတက်နိုင်စွာနဲ့ တုန်လှုပ်လို့သွားတယ်။
ထိုအမျိုးသားက သူ့လက်ကောက်ဝတ်ကိုကြမ်းပြင်ပေါ်မှာခပ်ပြင်းပြင်းဖိကပ်ထားပြီး အပေါ်စီးကနေတဖြေးဖြေးငုံကိုင်းလာကာ အကြည့်တွေထဲမှာလည်းဒေါသနဲ့ အကြမ်းဖက်လိုမှုအပြည့်နဲ့ပေ။
" မင်းလောက်အဆင့်နဲ့များငါ့ကိုထိန်းချုပ်ချင်တယ်ပေါ့လေ? အယ်လ်ဖာကောင် !"
" ငါ့ကိုအညံ့ပေးနာခံစေချင်တာလား? "
စု့ချန်းအခုချိန်မှာတော့ဒေါသအထွက်လွန်ပြီး အသိစိတ်လွတ်နေပြီဖြစ်တယ်။ ငယ်ရွယ်တဲ့ ကလေးဘဝကနေပြီး အရွယ်ရောက်တဲ့အချိန်အထိအယ်လ်ဖာတွေရဲ့ ထိပါးရိပါးလုပ်ခြင်းခံခဲ့ရတယ်။ ပတ်ဝန်းကျင်ရဲ့မမျှတတဲ့ဖိနှိပ်မှုတွေကနေ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့ လောလောလတ်လတ်လေးတင်ပူပူနွေးနွေးခံစားလိုက်ရတဲ့ စိတ်ပျက်မှုတို့ပေါင်းစည်းကာ
ဒေါသအထွတ်အထိပ်သို့ရောက်ရှိသွားလေတယ်။
ဒီအချိန် သူ့အသိစိတ်နှလုံးထဲမှာ တစ်စစီဖြစ်အောင်ဖျက်စီးလိုတဲ့ခံစားချက်များနဲ့သာ ပြည့်နှက်လို့နေတယ်။
" ဒါဆို မင်းအထိန်းချုပ်ခံရပြီး အဆုံးစွန်းထိအနိုင်ယူခံရတာ ဘယ်လိုခံစားချက်ဆိုတာကို မင်းမြည်းစမ်းကြည့်စမ်း! "သူ့အောက်မှာရှိနေတဲ့ အယ်လ်ဖာကိုအေးစက်စက်အကြည့်နဲ့စိုက်ကြည့်ရင်း ကြမ်းကြမ်းတမ်းတမ်းပြောလိုက်တယ်။
နှစ်ရှည်လများစွာခံစားခဲ့ရတဲ့ လိင်အမျိုးအစားခွဲခြားမှုကြောင့်ခံစားခဲ့တဲ့မညီမျှမှု၊ မတရားမှုအမျိုးမျိူးနဲ့ ကြိတ်မှိတ်သည်းခံခဲ့ရတဲ့ သိမ်ငယ်မှုအမျိုးမျိုးတို့က ဒီအချိန်အခိုက်အတန့်မှာပဲ စိတ်ပျက်ဒေါသတွေနဲ့အတူ အကုန်စင်ပေါက်ကွဲလို့ထွက်လာခဲ့တယ်။
စူးယွီကျုံး သူပြောနေတဲ့စကားတွေကိုနားမလည်နိုင်ပေမယ့် ရှေ့ဆက်ဖြစ်ပွားမယ့်အရာကတော့ သေချာပေါက် သူ့အတွက်တစ်သက်မမေ့နိုင်စရာပင်။
မှောင်မိုက်နေတဲ့အခန်းငယ်လေးထဲမှာတော့ သူ(စူးယွီကျုံး)ရဲ့ စိတ်ဓာတ်ကျပြီးငိုနေတဲ့အသံတွေ ပလုံစီလို့ထွက်ပေါ်လာခဲ့တယ်။
အသံအာရုံခံစနစ်နဲ့မီးသီးကတော့ လင်းလိုက်ပိတ်လိုက်၊လင်းလိုက်ပိတ်လိုက်နဲ့ ။
အလင်းအမှောင်အရိပ်များကြားထဲမှာ လူငယ်လေးရဲ့လက်နှစ်ဖက်က တင်းတင်းကြပ်ကြပ်ချုပ်ထားခြင်းခံရပြီး နီးမြန်းနေတဲ့မျက်နှာနုနုလေးပေါ်မှာတော့နာကျင်မှုတွေနဲ့ မဟုတ်ပဲစွပ်စွဲအနိုင်ကျင့်ခံနေရပါတယ်ဆိုတဲ့ စိတ်ရှုပ်ထွေးများအပြည့်နှင့်ပင်။
အဆုံးသတ်ရဲ့နောက်ဆုံးမှာတော့ စူးယွီကျုံးကြမ်းပြင်ပေါ်မှာပျော့ခွေပြီးလဲကျလို့နေတယ်။
စု့ချန်းဖြေးဖြေးချင်းကိုအသက်ကိုရှူထုတ်လိုက်တယ်။
ဒီအချိန်မှာတော့သူ့ဒေါသတွေက ပျောက်ကွယ်သွားပြီးဖြစ်တယ်။ ဆင်ခြင်တွေးတောနိုင်တဲ့အသိစိတ်နဲ့အတူတည်ငြိမ်မှုတို့က သူ့ခန္ဓာကိုယ်ထဲကို တဖြေးဖြေးချင်းပြန်လည်ရောက်ရှိလာခဲ့တယ်။
ခပ်မှိန်မှိန်အလင်းရောင်လေးရဲ့အကူအညီနဲ့ မျက်လုံးတွေမှိတ်ထားတဲ့သတိလစ်သွားတဲ့ အယ်လ်ဖာကို သူအံ့ဩစွာနဲ့ကြောင်လို့ငေးကြည့်နေမိတယ်။
အချိန်အတော်ကြာပြီးမှ အမျိုးသားကတွန့်ဆုတ်စွာနဲ့ လက်ကိုဆန့်ထုတ်လိုက်ပြီး လူငယ်လေးရဲ့ပါးပြင်ကိုညင်သာပွတ်သပ်လိုက်တယ်။
လက်ချောင်းများက စိုစွတ်ပြီးအေးစက်စက်အရည်များကိုသွားထိလိုက်မိသွားတယ်။
သူ့ကိုယ်ကိုအနည်းငယ်ကိုင်းချလိုက်တယ်။ လျှာဖျားထိပ်မှာ ခပ်ငန်ငန်အရသာတစ်ခုကိုရလိုက်တယ်။ သေချာတာကတော့အဲ့တာကမျက်ရည်ရဲ့အရသာမျိုးပင်။
( ကိုယ်စာပြန်မစစ်ထားရသေးပါဘူး။ နောက်updateကတော့ ၁၆ရက်နေ့မှလာပါတော့မယ်နော်။ )
Main_Z01 :အယ်လ်ဖာတစ်ယောက်အနေနဲ့ ကိုယ့်အကောင်ပေါက်လေးက နည်းနည်းကျရှုံးတယ်လို့ခံစားနေရတယ် ။ ဒီကမ္ဘာမှာ ဆယ့်ရှစ်နှစ်တောင်နေလာခဲ့တာအပြင်ကိုယ်က ရိုးရိုးအယ်လ်ဖာတောင်မဟုတ်တဲ့ဟာကို၊ဖြစ်နိုင်တာ Dominant Omega ရဲ့အစွမ်းများလား?